- Последний пост
- 4 февр. 2025 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
လွတ်မြောက်ရာလမ်း _____ အခက်ခဲဆိုတာ နေရာတိုင်းမှာရှိပါတယ် တစ်ချို့လူတွေက အဲ့ဒီ့ အခက်အခဲ ကို ရှောင်ကွင်းလို့ ရမယ်ထင်ကြပြီး ကံတရားကိုဖေးမဖို့အတွက်ဆုတောင်းတယ် တစ်ချို့လူတွေက သူတို့ မလုပ်နိုင်ဘူးဆိုတဲ့ အသိတရားကိုနှလုံးသွင်း တစ်နေရာတည်းမှာ ခြေစုံရပ် ပြီး ကိုယ့်အစွမ်းအစ တွေ ကို တိမ်ကော ပျောက်ကွယ် သွား အောင် လုပ်တတ်တဲ့ ဓလေ့လေးတွေ ရှိတတ်ပါတယ် လူတိုင်းကို မဆိုလိုပါဘူး...လူတစ်ချို့ကိုပါ... စစ်ဖြင့်မတိုက်ရသေးဘူး မြှားကကုန်နေပြီး ရည်ရွယ်ချက်က မဖြစ်မြှောက်သေးဘူး စိတ်ဓာတ်ခွန်အားက ဗလာနတ္ထိ ဖြစ်နေပြီး ကံကြမ္မာဆိုတာ ယုံစားလို့မရတဲ့အရာပါ သူဖြစ်ချင်ရာ ဖြစ်နေတဲ့ အတွက်...ကောင်း တာတွေသယ်လာခဲ့ရင်လည်းဆီးကြိုနေရုံပေါ့ ဆိုးတာတွေကို တော့ ဘယ်သူမှ မျှော်လင့် မထားတတ်တာလည်း လူ့ သဘာဝပါ... ဒါမဖြစ်သင့်ဘူး... အကောင်းဆုံးကိုလက်ခံထားသလို အဆိုးဆုံး ကိုလည်း ကြိုတင်တွေးတောထားဖို့လိုတယ် ဒါမှသာ ဖြစ်ပျက်သမျှကိုခံနိုင်ရည်ရှိပါလိမ့်မယ်။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ အခက်အခဲ ပြဿနာတွေကို ဖြေရှင်း တဲ့ နည်းလမ်းတွေ ရရှိမှသာ အောင်မြင်မှုလမ်း ဆီသို့ ဦးတည် ခြေချနိုင်ပါလိမ့်မယ်... မဟုတ်ရင် ချောင် ပိတ်ရိုက်တာထက် ကို ဆိုးဝါးသွားလိမ့်မယ်...မိတ်ဆွေ... ခွေးတောင် ချောင်ပိတ်ရိုက်ရင်ပြန်ကိုက် တတ်ပါတယ်...ကျနော်တို့က လူတွေပါ အခက်ခဲ ပြဿနာတွေ ဘယ်လောက်ပဲ များစွာ ချောင်ပိတ် ရိုက် ခတ် နေပါစေ ငြိမ်ကုတ်မနေပဲ ပြန်လည်တိုက်ခိုက်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာပဲ မဟုတ်လား.? "မကြိုးစားရသေးပဲ လက်မလျှော့ပါနဲ့ အရာအားလုံးက ဖြစ်နိုင်ချေရှိပါတယ်" စွမ်းဆောင်နိုင်တဲ့ သတ္တိခွန်အားတွေ ရှိနေဖို့တော့ လိုအပ်တာပေါ့... ဘယ်အရာမှ အလွယ်တကူ ရဖို့မမြင်ပါနဲ့ တစ်ခုကို ရယူချင်တယ်ဆိုရင် တစ်ခုကို ပေးဆပ်ရတာ ဓမ္မတာ ပဲ မိတ်ဆွေ... လွယ်လွယ်နဲ့ အချောင်ရဖို့တွေးနေရင် သင့်ဘဝလည်း လွယ်လွယ်နဲ့ ကျရှုံးမှာပဲ လွှတ်မြောက်ရာလမ်းကို ရောက်ဖို့အတွက် အနည်းငယ်တော့ ပေးဆပ်ရလိမ့်မယ်... သင့်ဘဝတစ်ခုလုံးသေသွားတာမှမဟုတ်တာ မေတ္တာဖြင့် ကိုရဲ(Barlarlar)
နိုင်ငံ ခြားကို ရောက်ပြီးဆိုရင်း ကိုယ့်ကျင့် တရား ကောင်း မကောင်းဗီဇာက ပေါ်လာတယ် အဆင်ပြေဖို့ဆို နှစ်တွေ အကြာကြီး ထိန်းသိမ်းစုစည်းရတယ် ပျက်စီးဖို့က ခဏပါဘဲ မျက်စီက နှစ်လုံးပါပေ့မဲ့ ကောင်းတဲ့ဖက်ကို ဖိတ်ထားကြတယ် မကောင်းတဲ့ဖက်ကိုဖွင့်ထားလေရှိကြတယ် နားက နှစ်ခုပါပေမဲ့ ကြားချင်ရာဘဲ ကြားတက်ကြတယ် ပါးစပ်က တခု ပါပေမဲ့လည်း ကိုယ်ကောင်းတာဘဲ ပြောလေ ရှိကြတယ် ကိုယ်ရှာထားတဲ့ ပိုက်ဆံ ကိုတော့ မိသားစုတွေ မျှဝေ စားသောက်ခွင့်ရှိပေမဲ့ ကိုယ်လုပ်ထားတဲ့ အကုသိုလ်ကိုကျတော့ မျှဝေပေးလို့ မရပါဘူး ကိုယ်တစ်ယောက်ထဲဘဲ ခံစားရမည် ကိုယ့်ကိုကိုယ် ပြုပြင်တက်ရင် ပျက်စီးမှု မရှိပါဘူး ကိုယ်လုပ်တာ ကိုယ်ရသလို ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပါဘဲ မျိုး မျိုး
без подписи
"ပညာရှိဆိုတာ" (၁) မျက်စိကြီးရမယ် (၂ ) လျှာတိုရမယ် (၃) နားရွက်ရှည်ရမယ် (၁) မျက်စိကြီးရမယ် ဆိုတာ မျက်လုံးကြီး မျက်လုံးပြူးတာကို ပြောတာမဟုတ် အမြင်ကျယ်ရမယ်။ အကောင်းမြင်စိတ်ရှိရမယ်လို့ ဆိုလိုတာပါ။ (၂) လျှာတိုရမယ်ဆိုတာ ပကတိ လျှာတိုတာကို ပြောတာ မဟုတ်။ မပြောသင့်တာကို မပြောတာ။ နေရာတကာ ဝင်မပါတာ။ စကားကို စည်းကမ်းရှိရှိနဲ့ မှန်ကန်တဲ့ စကားကို ပြောရမယ်လို့ ဆိုလိုတာပါ။ (၃) နားရွက်ရှည်ရမယ် ဆိုတာ တစ်ဖက်သားရဲ့ ပြောစကားကို နားထောင်ပေးရမယ်။ ကိုယ်ပြောချင်တာကို အတင်းဇွတ် ပြောနေတာမျိုး မဟုတ်ပဲ တစ်ဖက်သားရဲ့ အမှားအမှန်စကားကို နားထောင်ပေးတတ်သူ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။ Credit
без подписи
#မင်းသားကြီးအမီတာဘဂျမ်းရေးတဲ့ဆောင်းပါး အိမ်မှာချွေးမ တစ်ယောက်ရှိတယ်။ အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။ သူများကို ပေးစားလိုက်တဲ့ သမီးတစ်ယောက်ရှိတယ်။ အဲဒီအိမ်မှာသူ့ကို ဖူးဖူးမှုတ်ထား စေချင်တယ်။ ကိုယ်လမ်းလျှောက်တုန်းက ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။ ကိုယ်ကားမောင်းပြန်တော့ လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။ သူများဆီမှာ အလုပ်သမား လုပ်တုန်းက အလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့ ပြောဆိုဖူးတယ်။ ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့ အလုပ်သမားတွေ မကြိုးစားဘူးဆိုပြီး ငြူစူပြန်တယ်။ ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို အမြတ်ကြီးစားတယ်၊ လောဘကြီးတယ်ပြောတယ်။ ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့ စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့ ထင်မိပြန်တယ် အမှန်တော့ ကျွန်တော်တို့ အားလုံး မမှားကြပါဘူး။ နေရာချင်းမတူတော့ စဉ်းစားပုံချင်း မတူလိုက္တာပါ။ နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင် အဲလူနေရာ ခဏလောက်ဝင်ခံစားကြည့်ပါ။ မင်းရင်ထဲမှာတစ်ခုခုမြင်လာလိမ့်မယ်။ သူ့ရဲ့လုပ်ဆောင်ချက်နဲ့ ငါရဲ့လုပ်ဆောင်ချက်၊ သူပေးဆပ်မှုနဲ့ ငါပေးဆပ်မှုတူလား။ အဲ့လိုတွေ တွေးတတ်လာတဲ့တစ်နေ့ ကိုယ်ရင်ထဲ ကိုယ်ချင်းစာတရားရှိပြီး ဘယ်နေရာနေနေ နေတတ်လာမှာပါ။ crd#
без подписи
ဒီကလေးလေးရဲ့ မိဘတွေကိုကျနော်လေးစားတယ် ၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်ကလေးကိုလိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့ ကျောင်းလွှတ်လိုက်တဲ့ သတ္တိကိုလည်း ချီးကျုးတယ် ၊ ဒီနေရာမှာ ငါ့သားလေး သူစိမ်းတွေကြားမှာ မျက်နှာငယ်မှာစိုးလို့ဆိုတဲ့ တလွဲအတွေးတွေ ၀င်နေရင် ဒီကလေးရင့်ကျက်မလာတော့ဘူး ၊ လူတောမတိုးရဲတော့ဘူး ၊ KG တန်းမှာ နှစ်ဆင့်ချိုင့်ကို ကိုယ့်ဘာသာကိုဖွင့်ပြီး စားတတ်နေပြီဆိုတာ သူအတွက် ကြီးမားသောအောင်မြင်မှုပါ... ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပေါ်မှာ မူမတည်ဘူး၊ ကြုံလာတဲ့ လောကဓံနဲ့ပဲသက်ဆိုင်ပါတယ် ၊ #ဘဝရဲ့ခရီးသည်မှမျှ😊 fighting Baby 😘😘 crdoriginaluploader
без подписи
နိုင်ငံခြား မလာပါနဲ့ ****** ဒီအချက်တွေ နဲ့ ငြိနေ ရင် လုံးဝ နိုင်ငံခြားမလာပါနဲ့ . °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° 🔺အိပ်ရေး ပျက်တာ မခံ နိုင် ရင် ပြည်ပနိုင်ငံ မလာပါနဲ့.. 🔺သည်းမခံ နိုင် ရင် ပြည်ပနိုင်ငံမလာပါနဲ့ ... 🔺stress မရ ချင် ရင် ပြည်ပနိုင်ငံ မလာပါနဲ့ .... . 🔺အစား အစာ ဂျီး များ လွန်း ရင် ပြည်ပနိင်ငံ မလာပါနဲ့( တခါတလေ otဆင်းရရင် ညနက်အလုပ်ပြန်ရ မြန်မာအစားအစာ ဘယ်မှာ မှန်းမသိပါဘူး ကြက်ဥ မာမား ရေသောက် ဗိုက်မှောက်အိပ်) 🔺ကိုယ့်အိမ်မှာလို ဇိမ်လေးနဲ့ထမင်းစားမှစားတတ်ရင်ထမင်းကိုမြန်မြန်ဆန်ဆန်မစားတတ်ရင် ပြည်ပနိုင်ငံ မလာပါနဲ့ - 🔺ပေါ့ပေါ့ နေ ပေါ့ပေါ့စား လုပ် ချင် ရင် ပြည်ပနိုင်ငံ မလာပါနဲ့ - 🔺မျက်ရည် မကျရင် ပြည်ပနိုင်ငံ မလာပါနဲ့ (ရောက်သူ တိုင်း မျက်ရည် တစ်ခါ လောက် တော့ ကျ ဖူး ကျ လို့ပါ) 🔺. မိဘ ဆွေမျိုး ချစ်သူ ယောက်ကျား/မိန်းမ မခွဲနိုင် ရင် ပြည်ပနိုင်ငံမလာပါနဲ့ .... 🔺. တစ်ယောက်တည်း မရပ်တည် မနေတတ် ရင် ပြည်ပနိုင်ငံမလာပါနဲ့ ( ကိုယ့်အ၀တ် ကိုယ်လျှော် ကိုယ့်ထမင်း ကိုယ်ချက်စား ကိုတစ်ယောက်တည်း ရပ်တည် ရတာ ကို ဆို လို ပါတယ် ဘယ်သူမှ ကိုယ်အလုပ် လာ မလုပ် ပေးပါဘူး ) .🔺မနေတတ် မထိုင်တတ် အမြဲတမ်း ရန်ဖြစ် ချင်ရင် ပြည်ပနိုင်ငံမလာပါနဲ့ ၊ 🔺သူဌေးသား သူဌေး သမီးလို ဘော်ကြော့ နေရမယ် ထင် ရင် ပြည်ပနိုင်ငံမလာပါနဲ့ (အလုပ်ကို ကျွဲလိုနွားလို လုပ်ရလို့ပါ) 🔺လမ်းမြန်မြန် မလျှောက်တတ်ရင် ပြည်ပနိုင်ငံမလာပါနဲ့ (မြန်မြန် လုပ် မြန်မြန် စား အချိန်နဲ့ အလုပ်လုပ်နေရလို့ပါ) 🔺အလုပ် တစ်ခုက မပီးသေးဘူး နောက်ထပ် အလုပ်တစ်ခု ထပ်ခိုင်းတာ မခံနိုင်ရင် ပြည်ပနိုင်ငံ မလာပါနဲ့ 😊 🔺သူများကိုပဲအားကျပီး စိတ်ကူး တေနဲ့မလာပါနဲ့သေချာစဉ်းစားပါ 🔺အမြဲဖုန်းကိုင်ပြီး အင်တာနက်ဖွင့် Fb အမြဲ သုံးခြင်တဲ့ဘ၀မျိုးဆိုမလာပါနဲ့ 🔺( အရေးကြီး ဆုံး အချက် ) လာမယ်ဆိုရင် ဒီအချက်တွေ လုပ်နိုင်ရင်တော့ နိုင်ငံခြားထွက်ဖို့ စဉ်းစားပါ #Credit
без подписи
မိဘဆိုတာ မပြည့်စုံနေရင်တောင် သင့်အတွက်တော့ အပြည့်စုံဆုံးအရာတွေကို ပေးမှာပါ 🥺🫶 #crdphoto
без подписи
“မိန်းမဖြစ်သူက မှန်ထဲမှာ သူ့ကိုသူ ကြည့်ပြီး ခင်ပွန်းဖြစ်သူကို မေးတယ်။ နင်....ငါ့ကိုချစ်သေးလား? လို့ ခင်ပွန်းဖြစ်သူကို လှမ်းမေးတော့ ခင်ပွန်းဖြစ်သူက ပြန်ဖြေတယ် "ချစ်တာပေါ့ မိန်းမရာ" လို့ ဒါပေမယ့် ငါ့ကိုယ်ခန္ဓာက တို့တွေ စတွေ့တုန်းကနဲ့တော့ မတူတော့ဘူး မဟုတ်လား? လို့ ထပ်မေးတော့ "အဲ့လိုလဲ မဟုတ်ဘူး၊ ငါသတိမထားမိဘူး၊ မိန်းမရာ" ယောက်ျားကပြန်ဖြေတယ်။ မိန်းမက သူ့လက်ကို သူ့ဗိုက်ပေါ်တင်ပြီး ခုလို သူ့ခင်ပွန်းကို ပြန်ပြောတယ်၊ "ကြည့်ရတာ ငါ့ဗိုက်က တစ်နေ့တစ်နေ့ ပိုကြီးပြီး ပိုလေးလာလို့ ဗိုက်ပူမကြီး ဖြစ်နေပြီ နော် ငါ့ခြေတံတွေလဲ အရင်လို မချောမွေ့၊ မလှ တော့ဘူး။ မိန်းမသည် ပြောရင်းဆိုရင်း မျက်ရည်များဝဲကာ ခင်ပွန်းဖြစ်သူ အနီးနားသို့ လှမ်းလာပြီး “ဘာအတွက်ကြောင့်များ ခုထိ ငါ့ကို ချစ်နေတာလဲ?"လို့ မေးလိုက်တော့ ခင်ပွန်းဖြစ်သူက ဒီလို ပြန်ဖြေတယ်.... "မင်းရဲ့ခန္ဓာကိုယ်ကို ထိလိုက်တာနဲ့ ငါခံစားရတယ်။ မင်းရဲ့အချစ်၊ မင်းရဲ့ကြင်နာတတ်တဲ့နှလုံးသားကို ငါမြင်ရတယ် မင်းရဲ့ လှပတဲ့ရုပ်ရည်ကို ငါမြင်နိုင်သေးတယ် ပြီးပြည့်စုံတဲ့ ပုံသဏ္ဍာန်ဆိုတာ ငါ ကောင်းကောင်း သိတယ်၊ မင်းကိုချစ်တယ်ကွာ... မင်းရဲ့ ခုပုံစံအပေါ် အာရုံမထားပါနဲ့ နော် ကျေးဇူးပြုပြီး ငါမင်းကို မြင်တဲ့ပုံစံအပေါ် စိတ်ချစွာ ကျေနပ်၊ လက်ခံ ပေးပါကွာ... ပြီးတော့ မင်းကို ချစ်လို့မဝ ရူ့မဝ ဖြစ်နေတုန်း၊ ငါ့ရင်ဘတ်ကြီးနဲ့ ငါ နင့်ကို ခံစားလို့ ရနေတုန်းပဲ။ မင့်ကို ချစ်နေတဲ့ ငါ့မေတ္တာက 'ငါ့ဘဝတစ်ခုလုံး ပုံအပ်ပြီး၊ သစ္စာနဲ့ထပ်ကာ ရိုးမြေကျ အိုမင်းထိတိုင် ရှင်သန် နုပျို လှပနေမယ့် အခ်စ္စစ် မို့လို့ပါ။' ငါ့မျက်စိ(အမြင်)နှင့်မချစ် ရပါ။ နှလုံးသားနဲ့ ဘဝနဲ့ထပ်တူ တန်ဖိုးထား မေတ္တာမျှနေရခြင်းမျိုးပါ။" တဲ့ဗျာ Credit: ကောင်းကင်ထက်က ကြယ်စင် {ကလေး}
без подписи
ကျွန်တော်သိသော အထက်တန်းစား🌿 အထက်တန်းစားဆိုတာ ဇိမ်ခံကားကြီးစီးနေမှ အဆင့်မြင့်တိုက်ကြီး ပေါ်မှာ နေနေမှ နိူင်ငံတကာက ဘွဲ့ဂုဏ်ထူးတွေပွေ့ပိုက်ထားမှ ပိုက်ဆံ တွေ သုံးမကုန်အောင်ရှိနေမှ အဲ့လိုလူမျိုးကိုအထက်တန်းစားလို့ တချို့ တွေက ခေါင်းစဉ်တပ်ကြလေ့ရှိတယ်။ ကျွန်တော်သိတဲ့ အထက်တန်းစားဆိုတာကတော့... 🌿 လူကိုလူလို့မြင်တတ်ကာ ဖေးမကူညီပြီး အကြင်နာတရားထားတတ်တဲ့သူ 🌿 ဆင်းရဲချမ်းသာ မခွဲခြားပဲ ရင်ဘောင်းတန်းပြီး ပေါင်းသင်းဆက်ဆံတတ်တဲ့သူ 🌿ကိုယ့်ကျင့်တရားကို အသက်ထက်တန်ဖိုးထားသောသူ 🌿ကိုယ့်ထက် နိမ့်ကျသူအပေါ် ကိုယ့်ထက်မြှင့်အောင် သွန်သင် လမ်းပြပေးတတ်သောသူ 🌿သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ထုတ်ဖော်လေ့မရှိ သောသူ 🌿မရှိရှိတာကို ဖဲ့ကာ ပေးကမ်းစွန့်ကြဲတတ်သောသူ တွေပဲဖြစ်ပါတယ်။ စိုးဝင့်ကျော် ၁၁.၁၁.၂၂
без подписи
လက်ခုပ်တီးပေးနိုင်မယ့် သူသာဖြစ်ပါစေ လောကမှာလေ လူနှစ်မျိုးပဲရှိတယ် ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေ အောင်မြင်ကျော်ကြားအဆင်ပြေနေတဲ့အခါ ဘေးက ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးပြီး မုဒိတာပွားနိုင်တဲ့သူရယ် လက်ခုတ်တီးပေးဖို့ နေနေသာသာ မခေါ်နိုင်မပြောနိုင်တွေ ဖြစ်သွားပြီး စိတ်ထဲကနေ ကျိတ်မနိုင်ခဲမရတွေဖြစ်ပြီး အဆက်အဆံပြတ်သွားကြတဲ့ Relationshipမျိုးတွေရှိပါတယ် ကျွန်တော် ကိုယ်တိုင်လည်းဒီလိုRelationshipမျိုးတွေနဲ့ မကြာခဏကြုံတွေ့ရတတ်ပါတယ် ကိုယ့်ကိုယ်ကို မို့လို့တော့ ကိုယ်ရည်သွေး ပြောတာမဟုတ်ဘူး ကိုယ့်အပေါင်းအသင်းမိတ်ဆွေထဲက လူတစ်ယောက်ယောက် အမြင့်တစ်နေရာကို ရောက်သွားမယ် ကောင်းစားသွားမယ်ဆို ကူညီပေးဖို့ ဝန်မလေးဘူး တတ်နိုင်သလောက်ကူညီပေးတယ် ကိုယ့်အကူအညီမပါပဲ သူတို့အောင်မြင်သွားကြတယ် အဆင်ပြေသွားကြတယ်ဆိုလည်း လက်ခုတ်တီးဖို့ ဝန်မလေးဘူး ရှေ့ဆုံးကနေ မုဒိတာပွားပေးမယ့်သူက ကိုယ်ပဲ တချို့အပေါင်းအသင်းတွေလည်းရှိပါတယ် သူတို့အောင်မြင်ဖို့ အဆင်ပြေဖို့ ကိုယ်က ဘာမှတော့အကူအညီမပေးနိုင်ခဲ့ဘူး သူတို့ကြိုးစားလို့ဖြစ်စေ ကံကြမ္မာမျက်နှာပေးလို့ကြောင့်ဖြစ် အောင်မြင်လာတယ် အဆင်ပြေလာတဲ့အခါ ကိုယ့်ဆီ ကြွားချင်စိတ်နဲ့ပြန်ရောက်လာတတ်တဲ့သူတွေလည်းရှိတယ် ကိုယ်ကတော့ သူတို့တွေးသလို ဘယ်တော့မတွေးမိဘူး အော် ငါ့သူငယ်ချင်း ငါ့မိတ်ဆွေတွေ အဆင်ပြေနေတာ တွေ့ရတာ စိတ်ထဲကြိတ်ပြီး ပီတိဖြစ်ပေးတယ် မုဒိတာပွားပေးတယ် အကြောင်းမတိုက်ဆိုင်လို့ တကူးတကသွားမပြောဖြစ်တာပဲ ရှိပေမယ့် သူတို့အဆင်ပြေနေရင် ကိုယ်အမြဲဝမ်းသာပေးတယ် ဘာကြောင့် ညာကြောင့်ရယ်မှမဟုတ်ပဲ ကိုယ့်နဲ့အပေါင်းအသင်းဆက်မလုပ်ဖြစ်တော့တဲ့ လူတွေကိုတောင် ကြုံကြိုက်လို့ရှိရင် အမြဲသတိတရမေးတယ် ဟိုတစ်ယောက်ရော အဆင်ပြေရဲ့လား ရန်ကုန်မှာတစ်ယောက်တည်း နေရတာ အခုလိုချိန် ခက်ခဲနေမှာပဲ တတ်နိုင်တာရှိရင် ကူညီကြရအောင်ဟာ ကိုယ်နဲ့ပတ်သက်ဖူးတဲ့လူဆိုရင် အမြဲသတိတရရှိတတ်တယ် အဓိကက လူတစ်ယောက်မှာ မနာလိုစိတ်မရှိဖို့ပဲ မနာလိုစိတ်ရှိတဲ့ သူဘယ်တော့မှလည်းမအောင်မြင်သလို သူများရှေ့လည်း ဘယ်တော့မှမရောက်ဘူး မနာလိုစိတ်ဆိုတဲ့သဘောတရား လူခန္ဓာကိုယ်မှာ စက္ကန့် ၃၀ထက်ပိုပြီး ဖြစ်နေတဲ့ emotionတစ်ခုပဲ ပျော်ရွှင်မှုတစ်ခုက လွဲလို့ တခြား emotionတွေဟာ ခန္ဓာကိုယ်မှာ စွဲကပ်နေပြီဆိုရင် အဲ့လူအတွက်အဆင်မပြေတော့ပါဘူး ကိုယ့်အကြောင်းထက် သူများအကြောင်းပိုတွေးမိနေမယ် ကိုယ်အောင်မြင်ဖို့ထက် သူများအောင်မြင်တာကို မနာလိုစိတ်များပြီး တွေးမိနေမယ် ရှည်ရှည်ဝေးဝေး သွားမကြည့်နဲ့ အခုfacebookမှာပဲ ကြည့်ကြည့်ပါ ဒီDigital platformပေါ်မှာပဲ တစ်ချို့လေးတွေ အဆဲခံအဆိုခံရင်းနဲ့ပဲ လမ်းမှန်ပေါ်ရောက်ပြီး အောင်မြင်လာကြတယ် တိုက်တွေဝယ် ကားတွေစီးနိုင်လာကြတယ် မိဘနဲ့မိသားစုကို ကျွေးမွေးထောက်ပံ့လာနိုင်ကြတယ် အဲ့လိုတွေတွေ့တိုင်း ကျွန်တော်အမြဲပီတိဖြစ်တယ် သူတို့တစ်ယောက်အောင်မြင်ကောင်းစားရုံနဲ့ သူတို့တစ်မိသားစုလုံးအဆင်ပြေသွားကြတယ် နေနိုင်စားနိုင်သွားကြတယ် အဲ့တာဘာလို့လဲဆိုတော့ သူတို့အကြောင်းပဲ သူတို့တွေးလို့ သူများထက်သူတို့ရှေ့ရောက်သွားကြတာ သဘောတရားက ရှင်းရှင်းလေး သူတို့ကိုဆဲနေတဲ့လူတွေကို လိုက်ကြည့်ကြည့် အများစုသော လူတွေက လွန်ခဲ့တဲ့၃နှစ် သူတို့မအောင်မြင်ခင် ဆဲနေတုန်းကလည်း အဲ့နေရာမှာပဲ ဟော အခုသူတို့ဆဲနေတဲ့လူတွေ အောင်မြင်သွားတယ် အပေါ်ရောက်သွားတယ် သူတို့ကတော့ အရင်ဆဲနေကျနေရာမှာပဲ တိုးတက်မလာဘူး ရှေ့ရောက်မလာဘူး ဒုံရင်းကဒုံရင်းပဲ ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းထက် သူများအကြောင်းကို စိတ်ဝင်စားပြီး မုဒိတာစိတ်နည်းလို့ပါ လူတိုင်းမှာအောင်မြင်ဖို့ အခွင့်အရေးရှိပေမယ့် လူတိုင်း မအောင်မြင်တဲ့အကြောင်းအရင်းက မနာလိုစိတ်ကြီးပြီး ကိုယ့်ဘေးကလူတွေ အောင်မြင်သွားတဲ့အခါမှာ လက်ခုပ်တီးပေးပြီး အတုယူဖို့ မစဥ်းစားပဲ အလကားပါကွာ စိုင်ကော်လို့ခြုံပေါ်ရောက်သွားတာ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူသွားတာပါဆိုပြီး အထင်လည်းမကြီးပေး အတုလည်းမယူတတ် မုဒိတာလည်း မပွားပေးနိုင်လို့ လူတိုင်းမအောင်မြင်ကြတာပါ ကိုယ့်ဘေးကလူတွေ အောင်မြင်အဆင်ပြေလာတဲ့အခါ မနာလိုမရှုစိမ့်ဖြစ်ဖို့ထက် လက်ခုပ်တီးပြီး မုဒိတာပွားပေးနိုင် အတုယူနိုင်တဲ့ သူပဲဖြစ်ဖို့အရေးကြီးပါတယ် လောကမှာလူနှစ်မျိုးပဲရှိပါတယ် ကိုယ်အောင်မြင်လာတဲ့အခါ လက်ခုပ်တီးပြီး မုဒိတာပွားပေးနိုင်မယ့်သူနဲ့ နောက်ကျောကနေ တိတ်တိတ်လေး ဓားနဲ့ထိုးပြီး အောက်ဖဲလှန်မယ့်သူရယ်ပါ ဒုတိယလူအမျိုးအစားကို ကိုယ်ကိုယ်တိုင်လည်းမဖြစ်စေနဲ့ အဲ့လိုလူအမျိုးအစား ကိုယ်ဘေးနားမှာရှိနေရင်လည်း အမြန်ဆုံးသာ ခပ်ခွာခွာနေလိုက်ပါ #Min_Thant (Min's Beauty Book)🖤 #Real_Talk_With_MinThant #Relationship_Coaching #Relationship_Coach #Male_Coach
без подписи