စာဖတ်ဝါသနာရှင်များ
Статистикаစာပေနှင့်ပတ်သက်သောအကြောင်းအရာများနှင့်ခွန်အားဖြစ်စေသောအကြောင်းအရာများသာ တင်ဆက်ပေးပါမည်။
- Последний пост
- 20 мая
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
@☆®𝗛𝗮𝗻𝘁𝗲𝗿•®☆√:*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ဆိုတဲ့စိတ်နဲ့ အရိုးသားဆုံး နေထိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်။ *အမြင့်ရောက်ဖို့အတွက် ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး။ ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင် ကိုယ်ဟာ လူပီသတယ် မဟုတ်လား။ *မလာချင်တဲ့သူတွေကို ဘဝထဲ အတင်း မခေါ်ခဲ့သလို မနေချင်တဲ့ သူတွေကိုလည်း မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး။ တကယ်တော့ တစ်ယောက်ထဲနေလို့ အထီးကျန်တယ်ဆိုတာထက် နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက ပို နာ ကျင် ရ တယ် မ ဟုတ် လား။ *အလိမ်အညာတွေ ခံရဖူးတယ်။ အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်။ အထင် အမြင်တွေ လွဲတာခံရဖူးတယ်။ စေတနာတွေ စော်ကားခံရဖူးတယ်။ *မခံမရပ်နိုင်လို့ တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်။ "ဘာမဟုတ်တာလေးနဲ့" တဲ့။ * ဟုတ်ပါတယ် ဘာမဟုတ်တာလေးတွေပါပဲ။ * ဘာမဟုတ်တာလေးတွေ တကယ်ဟုတ်လာတဲ့အခါ တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်။ တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်။ * အတွေ့အကြုံ့က သင်ပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ။ *အပြုံးလှလှလေးတွေကိုလည်း မ တပ် မ က် တော့ သ လို စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး။ မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက် နောက်ကျောက ဓားတွေကို ပိုသတိထားတယ်။ *အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး။ မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး။ မကြိုက်ရင် မကြိုက်ဘူး။ မပေးနိုင်ရင် မပေးနိုင်ဘူး။ မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ။ ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင် ကိုယ့်ကိုကိုယ်တောင် မုန်းတယ်။ *ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ။ ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့ ဘယ်သူဘာပြောပြော ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်။ အ ရေး ကြီးတာ က ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား။ Crd
@꧁🆉꧂ (စာတို)✍️:@꧁🆉꧂ (စာတို)✍️:လူကောင်းတွေရဲ့ ထူးခြားချက်က... သူတို့ရဲ့ သည်းခံခြင်း" ဟာ သမုဒ္ဒရာလို ကျယ်ပြန့်ပေ မယ့် "ပြတ်သားခြင်း" ကတော့ ဓားတစ်စင်း ထက် ပိုထက်မြက်နေတာပါပဲ။ ပေးဆပ်နေတဲ့ အချိန်မှာ သူတို့ဟာ အရူး တစ်ယောက်လို အဆုံးထိ ပေးဆပ်တတ်ကြ တယ်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ မှား မှား၊ ဘယ်လောက်ပဲ လျစ်လျူရှုရှု… သူတို့ ကတော့ အပြုံးမပျက်ဘဲ ခွင့်လွှတ်ခြင်းတွေ နဲ့ အကြိမ်ကြိမ် အခွင့်အရေး ပေးခဲ့လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ ခွင့်လွှတ်ခြင်းတွေကို ခင်ဗျားက "အားနည်းချက်" လို့ ထင်ပြီး ဆက်ပြီး စော်ကား နေမယ်ဆိုရင်တော့... တစ်နေ့မှာ ခင်ဗျား ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ တန်ဖိုးမထားတဲ့ နေရာလို့ သိလိုက်ရတဲ့နေ့ မှာ လူကောင်းတွေဟာ ဘာအငြိုးအတေးမှ မ ထားဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ လှည့်ထွက် သွားတတ်ကြတယ်။ အဲ့ဒီလို ထွက်ခွာခြင်းမျိုး မှာ အသံကျယ်ကျယ် အော်ဟစ်နေတာမျိုး မ ပါသလို၊ ဒုတိယအကြိမ်ဆိုတဲ့ "Opportunity" မျိုးလည်း လုံးဝ မရှိတော့ဘူး။ ခင်ဗျား နောင်တတွေနဲ့ ဘယ်လောက်ပဲ တောင်းပန်နေပါစေ၊ ဆုံးရှုံးသွားတဲ့ လူကောင်း တစ်ယောက်ဟာ သေဆုံးသွားတဲ့ လူတစ် ယောက်လိုပဲ... ခင်ဗျားဘက်က ဘယ်လောက် ပဲ လွမ်းပြပြ၊ သူတို့ကတော့ ခင်ဗျားရဲ့ ကမ္ဘာ ထဲကို ဘယ်တော့မှ ခြေပြန်မချတော့ဘူး။ ဘာ လို့လဲဆိုတော့ လူကောင်းတွေဟာ သူတို့ရဲ့"တန်ဖိုး" ကို သူတို့ သိသွားကြပြီမို့လို့ပဲ။ "မှတ်ထားပါ... လူကောင်းတစ်ယောက်ရဲ့ ကျောခိုင်းခြင်းဟာ ခင်ဗျားအတွက်တော့ ထာဝရ နိဂုံးပါပဲ။" Crd - Original Writer
без подписи
ဘဝကို အရှုံးမပေးနဲ့........ ( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )..... လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိုင်ကို ရောက်အောင် လျှောက်နေသေးသ၍ သင်မှန်တယ်...။ လေတိုက်တိုင်း လွင့်နေရအောင် သစ်ရွက်ခြောက်မှ မဟုတ်တာ....။ အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင် ကိုယ့်မျက်ရည်နဲ့ကိုယ်တောင် ကမ်းမမြင် လမ်းမမြင် လွင့်မျောနေလောက်ပြီ.....။ ချောက်တိုင်း ကြောက်ရရင်လည်း ဒီကမ္ဘာမှာ နေစရာ နေရာတောင် ရှိမှာမဟုတ်တော့သလို ကြောက်တိုင်း ပြေးရရင်လည်း ကမ္ဘာ့အပြင်ဘက်တောင် ရောက်နေလောက်ရောပေါ့.....။ ပုံသေနည်း မရှိတဲ့ဘဝ သမိုင်းစာမျက်နှာပေါ်မှာ အမှားပေါင်း သောင်းခြောက်ထောင် အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ ဒဏ်ရာနဲ့တော့ မကင်းဘူး....။ ဒီလိုပဲ... မှားသွားလိုက် ပြန်ပြင်လိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို လှမ်းကိုင်ကြတာပဲလေ....။ အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့တယ်။ လောကကြီးက နေတတ်အောင် သင်ပေးလိမ့်မယ်။ ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။ ငယ်ငယ်က အကြိမ်ကြိမ် လဲကျခဲ့တာတောင် ပြန်ထပြီး ဒီနေ့အထိရောက်အောင် လျှောက်နိုင်ခဲ့သေးရင် အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။ နောက်နေ့တွေအတွက်.... ဆက်သာလျှောက် လမ်းမပျောက်စေနဲ့ ပန်းတိုင်က ရောက်ကို ရောက်တယ် မင်း ကံ ကောင်းနေဖို့ မလိုဘူး... မင်း ကောင်းနေဖို့ပဲ့ လိုတာပါ... ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့... မင်းကောင်းနေခြင်းက မင်းကံကိုပါ ကောင်းစေပါတယ်.. - ဘာလို့လဲ ဆိုတော့... ကံဘယ်လောက်ကောင်းကောင်း မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင် ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့... စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ... - အေး...ဒါပေမဲ့... ကံဘယ်လောက်ပဲ ဆိုးနေပါစေ... မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ် ရှိနေသေးရင်တော့... - မင်းဘဝရဲ့ စားဝတ်နေရေးကို မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက တာဝန်ယူသွားလိမ့်မယ်... - ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး... - ဒါပေမဲ့... လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက... ကံဆိုတဲ့ မမြင်ရတဲ့ အရာထက် မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်... - ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ... မင်းအပေါ်မှာပဲ့ မူတည်ပါတယ်... ရိုးရိုးလေးပါပဲ.... - မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်... မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်... "ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့ ငြီးငြူမနေပါနဲ့...." - မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ????? တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့... အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး... မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ... - ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့... မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး... အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး... အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့... လူငယ်တွေ မြဲမြဲမှတ်ထားပါ... - မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့... ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး... - မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်... "ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..." မင်းတို့ ဘာလို့ မရလဲ သိလား????? - "မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..." အနာဂတ် မနက်ဖြန်တိုင်းရဲ့ ကံကောင်းခြင်းတွေ လိုချင်ရင်... - ပစ္စုပ္ပန် နေ့ရက်တိုင်းကို အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ... ဘယ်တော့မှ မမေ့ပါနဲ့.... မင်းလိုချင်တဲ့ ကံကောင်းခြင်းကို... မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်... - လူငယ်တွေပြန်လည် မျှဝေပေး - မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ... မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့... ကံကောင်းချင်ရင်... - ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ... လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်... #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် Crd
ကျွန်တော်တို့ ငယ်စဉ်က ညဘက် မီးပျက်တဲ့အခါမျိုးတွေမှာ ရေဝပ်နေတဲ့ မြောင်းငယ်လေးတွေနဲ့ ခြုံပုတ်အနီးတဝိုက်မှာ တလက်လက်တောက်ပပျံသန်းနေတဲ့ ပိုးစုန်းကြူးလေးတွေကို မြင်ဖူးကြမှာပါ အဲ့ဒီတုန်းက သူတို့ဘာလို့ မီးလင်းနေတာလဲဆိုတဲ့ ကလေးသဘာဝ သိချင်စိတ်ကလည်း ရှိခဲ့ကြမှာပါ တကယ်တော့ ပိုးစုန်းကြူးတွေ မီးလင်းတာဟာ ရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုထက် ပိုအရေးပါပါတယ် ဒီအလင်းရောင်ဟာ သူတို့ကိုစားမယ့် သားရဲတိရစ္ဆာန်တွေရဲ့ အန္တ၊ရာယ်ကနေ ကာကွယ်ပေးသလို၊ အချင်းချင်းဆက်သွယ်ရေးမှာလည်း အသုံးပြုပါတယ် အဓိကအားဖြင့်ကတော့ မျိုးပွားဖို့အတွက် အမတွေကို ဆွဲဆောင်တဲ့ မိတ်လိုက်ခြင်း သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ် (ထို့ကြောင့် အိမ်ထောင်ရေးဖောက်၊ပြန်ခြင်းကို ရည်ညွှန်းတဲ့ 'နောက်မီးလင်းတယ်' ဆိုတဲ့ အသုံးအနှုန်းဟာ ဒီပိုးစုန်းကြူးလေးတွေရဲ့ သဘောသဘာဝကနေ ဆင်းသက်လာနိုင်တယ်လို့လည်း တွေးမိပါတယ်) ဒါဆို သူတို့ ဘယ်လို မီးလင်းကြတာလဲ? ပိုးစုန်းကြူးလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ Luciferin လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးရှိပြီး ဒါဟာ အောက်ဆီဂျင်နဲ့ ဆဲလ်ထဲက စွမ်းအင်ဖြစ်တဲ့ ATP (Adenosine Triphosphate) တို့နဲ့ ပေါင်းစပ်ဓာတ်ပြုတဲ့အခါ သူတို့ရဲ့ ဝမ်းဗိုက်နားကနေ အလင်းရောင် ထွက်ပေါ်လာတာဖြစ်ပါတယ် အံ့သြစရာကောင်းတာကတော့ ဒီဓာတ်ပြုမှုကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်ရဲ့ ၁၀၀% နီးပါးဟာ အလင်းစွမ်းအင်ချည်းသက်သက် ဖြစ်ပြီး သာမန် မီးချောင်းတွေလို အပူစွမ်းအင် လုံးဝမပါဝင်ပါဘူး ဒါကြောင့် ဒီအလင်းကို "အလင်းအေး" (Cold Light) လို့ ခေါ်ကြပါတယ် ဒီမှိတ်တုတ်မှိတ်တုတ်အလင်းဟာ သူတို့ရဲ့ ရှင်သန်မှုအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် မိတ်လိုက်ရာမှာပါ ပိုးစုန်းကြူးအထီးတွေရဲ့ အလင်းအချက်ပြပုံ (Pattern) ကို ကြည့်ပြီး အမတွေက မိတ်လိုက်သင့်၊ မသင့် ဆုံးဖြတ်ကြပါတယ် ပြောရရင် "Pattern ကောင်းမှ လင်တော်မယ်" ပေါ့။ ဒါ့အပြင် အခြားအကောင်တွေကို သတိပေးဖို့၊ အစာရှာဖွေဖမ်းဆီးဖို့နဲ့ နယ်မြေကို ကာကွယ်ဖို့အတွက်လည်း ဒီအလင်းရောင်ကို အသုံးပြုကြပါတယ် ဒါပေမဲ့ ဝမ်းနည်းစရာအခြေအနေတစ်ခုကတော့ ပိုးစုန်းကြူးလေးတွေကို နောက်ဆုံး မြင်တွေ့ရမယ့် မျိုးဆက်ထဲမှာ ကျွန်တော်တို့ ပါဝင်နေခြင်းဖြစ်ပါတယ် မြို့ကြီးပြကြီးတွေမှာ လူလုပ်အလင်းရောင်တွေ ပိုတောက်ပလာတာနဲ့အမျှ သဘာဝညအမှောင်ထုက နည်းပါးလာပြီး၊ နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့တဲ့ ဒီအလင်းရောင်ငယ်လေးတွေဟာ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်လာနေပါတယ် သိပ္ပံပညာရှင်တွေက ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ သူတို့ရဲ့ ကျက်စားရာနေရာတွေ ဆုံးရှုံးမှုနဲ့ အဓိကအားဖြင့် လူလုပ်အလင်းရောင်ညစ်ညမ်းမှု (Light Pollution) တို့ကြောင့် ပိုးစုန်းကြူးမျိုးစိတ်တွေ တဖြည်းဖြည်း လျော့နည်းလာနေပြီလို့ သတိပေးထားပါတယ် မကြာခင်မှာ ကလေးဘဝရဲ့ အံ့သြမှုသင်္ကေတတစ်ခုဖြစ်ခဲ့တဲ့ ဒီသေးငယ်တဲ့အလင်းရောင်ဟာ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ထဲမှာပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ် တကယ်တော့ ဒီလို အမှောင်ထုထဲက အလင်းရောင်ငယ်လေးတွေဟာ စကြာဝဠာကြီးထဲမှာ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ဆင်ခြင်သုံးသပ်မိစေနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ် 🥰🥰 #onlyfactsmm
без подписи
မူရင်းရေးသားသူအား လေးစားစွာဖြင့်
ကလေးတိုင်းဟာ မိသားစုကောင်းတိုင်းမှာ ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်... လူဖြစ်လာရင် သားသမီးက ဘယ် မိဘအမျိုးအစားကို မှ အဖေ/အမေ တော်ချင်ပါတယ်လို့ ရွေးချယ်လို့ မရသလို မိဘ တွေက လည်း .. သားသမီး ဆိုတာ ကို ရွေးချယ်ခွင့် မရှိပေမဲ့ သူတို့လက်အောက်ကနေ အရွယ်ရောက်တဲ့ထိ ပြုပြင်ပုံသွင်း ခွင့် တော့ အပြည့်ရှိပါတယ်။ မိဘ နဲ့ သားသမီး အကြောင်း စမပြောခင် ၁/ Qualified Parents ၂/ Un-qualified Parents ဆိုပြီး မိဘ (၂) မျိုး ခွဲလိုက် ပါ့မယ်..။ Qualified Parents ( မိဘ ဖြစ်ဖို့ အရည်အချင်း ပြည်မီတဲ့သူ) တွေကို ဆိုလိုချင်တာပါ ။ သားသမီး စယူကတည်းက အိမ် ဆိုတာ ဘာလဲ ၊ မိသားစု ဆိုတာဘာလဲ ...ချစ်ခြင်းမေတ္တာတွေနဲ့ ဒီ လူ မမယ်ကလေးလေး ကို လူ့လောကထဲ ခေါ်လာဖို့ အသင့်ရှိနေကြတဲ့ သူတွေ ဖြစ်တယ်။ မိဘ နဲ့ သားသမီး ကြားက Un-expected love (မျှော်လင့်ခြင်း ကင်းမဲ့သော ချစ်ခြင်း) နဲ့ အပြည့်အဝ ချစ်နိုင်သူတွေ ဖြစ်ပြီး သားသမီး တွေကို အနာဂတ်မှာ အရည်အချင်းရှိအောင် ၊ စဉ်းစားတွေးခေါ်တတ်အောင် ပုံသွင်းပြုပြင်ယူနိုင်တဲ့ Qualified parentလို့ ဆိုပါမယ်။ Un- qualified Parents( မိဘဖြစ်ရန်အရည်အချင်း မပြည့်မီသူများ) လူဖြစ်အောင် မွေးပေးခဲ့တဲ့ အတွက် မိဘ ကျေးဇူး ဆိုတာရှိပြီးသားပါ။ သိုပေမဲ့ .. ကိုယ့် သားသမီး ၊ ကိုယ့် သွေးသားကို မချစ်တဲ့ မိဘ (Un-qualified Parents) ဆိုတာကလည်း လောကကြီးမှာ ရှိတာပါပဲ လေ ...။ တချို့ကျ ကိုယ့်ဘဝ အတွက် ကိုယ့်သားသမီးအရင်းကို စွန့်ပစ်တယ်၊ တချို့ကျ မွေးပြီးမှ သတ်ပစ်တယ်။ လူ့အသက်ဆိုတာ အဖိုးမတန်သလိုပဲ ဒီကလေးလေးကို ရေမြောင်းထဲ ကောက်ပစ်လိုက်တယ်။ တချို့ကျ စီးပွါးတွက် ခိုင်းစားဖို့ ကလေး မွေးတယ်။ တချို့ကျ မွေးထားတဲ့ ကလေးကို ပိုက်ဆံရဖို့ ရောင်း စားလိုက်တယ်။ တချို့ကျ ကလေး မွေးထားပေမဲ့ အသက်ရှင်ရုံပဲ ထားတယ်။ တချို့ကျ ကလေးအတွက် ကျွေးမွေး၊ ကျောင်းထားပြီး အသင့်တင့် လုပ်ပေးပေမဲ့ မိဘတွေရဲ့ စိတ်ထွက်ပေါက် တခုအဖြစ် အရိုက်ခံ ၊ အနှိပ်စက်ခံ ဘဝတွေနဲ့ ကြီးပြင်းလာရတယ် ။ ဒီလို သားသမီးတွေကျ ဖေဖေ၊ မေမေ သားကို/ သမီးကို ဘာလို့ မချစ်တာလဲ မေးခွင့် မရှိဘူး။ အသက်ရှူရတဲ့ စက္ကန့်တိုင်းမှာ အကြောက်တရားတွေနဲ့ ... ရှင်သန်ရတယ်။ မိဘ မေတ္တာ ဘာလဲ သူတို့ မသိဘူး။ တခြား ကလေး တယောက်ယောက်ကများ နင့် မေမေ နဲ့ ဖေဖေ ဘယ်သူ့ ပိုချစ်လဲ အမေးခံရရင် အူကြောင်ကြောင် ပြန် ကြည့်နေမဲ့ ကလေးမျိုးတွေ ။ မိဘက ချစ်တာ ၊ မချစ်တာ သူတို့ စိတ်မဝင်စားဘူး ၊ ဘယ်နေ့ အထု အထောင်း လွတ်မလဲ ပဲ ကြိုတွေးပြီး လွတ်မြောက်ချင်နေတဲ့ ကလေးတွေ ... ဒီလို သားသမီးလေးတွေဟာ ငယ်တဲ့ အချိန်မှာတော့ မိဘကို ကြောက်တာတစ်ခုပဲ သိမယ်။ နည်းနည်း ကြီးလာရင် မိဘ နဲ့ ဝေးရာ မှာ ခပ်ခွါခွါနေမယ်။ ထပ်ကြီးလာရင် ခပ်ဂျစ်ကန်ကန်နဲ့ ပြန်မပြော နားမထောင် ဖြစ်လာမယ်။ နည်းနည်း ထပ်ကြီးလာရင် ပြန်ခံပြောမယ် ၊ ကလန်ကဆန်နဲ့ ရိုင်းလာမယ်။ အရွယ်ရောက်လာရင် မိဘ ဆိုတာကို ခြေစုံကန်မယ် ။ အိမ်ဆိုတာကနေ ခပ်ဝေးဝေး ကို တနည်းနည်းနဲ့ ထွက်ပြေး သွားမယ်။ မိဘ ကျေးဇူးဆပ်ဖို့ မပြောနဲ့ .. မိဘလို့ သတ်မှတ် ရင်တောင် ... ကံကောင်း အချိန်တန် အိမ်ထောင်ကျလို့ သူတို့ကိုယ်တိုင် မိဘ ပြန်ဖြစ်တဲ့ အခါ ငယ်စဉ် ကလေး ဘဝ နဲ့ သူတို့ရဲ့ ကြီးပြင်းလာမှု ဟာ နောက် Generation တွေ ဖြစ်တဲ့ သူတို့ သားသမီးပေါ်မှာ သွားထပ်ဟပ်နေတာပါပဲ။ Un-qualified Parents လက်အောက်က သားသမီးတွေ မိဘ ပြန်ဖြစ်တဲ့အခါ ငယ်ဘဝ ကြီးပြင်းမှု က ပေးတဲ့ နားကြည်းမှုတွေနဲ့ မိသားစုနဲ့ ပတ်သက်ရင် စိတ်က အရိုင်းဆန်တယ်။ သူစိမ်းအပေါ်ဆို ကောင်းလိုက်တာမှ သားသမီးအပေါ် မချိုသာဘူး ... ဆိုတာမျိုး ။ အိမ်ရောက်ရင် မျက်စိနောက် အလိုလိုဒေါသထွက်ပြီး တခုခုဆို ဆူပူကြိမ်မောင်း ၊ အော်ဟစ်နေတာမျိုး ။ မေတ္တာ မရဖူးတော့ မေတ္တာ မပေးတတ်ဘူး ဆိုသလိုပေါ့။ မိဘတွေရဲ့ အနှိပ်စက်ခံ ဘဝ နဲ့ ကြီးလာတော့ ကိုယ့် ဗီဇ စရိုက်ကပါ ကြမ်းတမ်းလာပြီး ကိုယ့် သွေးသားကို ကိုယ့် ငယ်မူဘဝ အတိုင်း ပြန် ဆက်ဆံတာမျိုး ဆိုတော့ ကလေး တစ်ယောက်ရဲ့ ကြီးပြင်း မှု ဟာ ဘယ်လောက် အရေးပါလဲ ရိပ်မိကြမှာပါ။ အဲ့လို သားသမီးတွေက အောင်မြင်တာရှားသလို လုပ်ရည်ကိုင်ရည်ကျသွားပြီး အရှက်အကြောက်နဲ့ စိုးရိမ်မှု ကြီးပါတယ်။ ခေါင်းဆောင် နိုင်တဲ့ အရည်အချင်း လျော့နည်းသွား သလို အမြဲ တမ်း သူများ ရဲ့ နောက်လိုက်အဖြစ် အရည်အချင်း လျော့ရဲသွားတတ်ကြပါတယ်။ ဒါဟာ အများစု ဖြစ်နိုင်ချေ ပါ။ Un-qualified Parents အောက်က တချို့ ညဏ်ရည် ထက်တဲ့ သားသမီးတွေကတော့ ငယ်ဘဝရဲ့ ကြီးပြင်းမှု နဲ့ မိသားစု ဘဝ ကို သင်ခန်းစာယူပြီး သူတို့ကိုယ်တိုင် က သူတို့ မိဘတွေလို မဖြစ်အောင် ပြန်လည် ကြိုးစားကြရှာပါတယ်။ ချစ်ခြင်း မေတ္တာကို တန်ဖိုး ထားတယ်၊ ကိုယ်ပိုင်မိသားစု ဘဝလေးကို တိတ်တခိုး အားကျပြီး အနာဂတ် သားသမီး တွေအတွက် မေတ္တာ အပြည့် ပေးဖို့ Qualified parents တွေ အဖြစ် ကြိုတင်ပြင်ဆင် နေတဲ့ သူတွေပါ ...
ဥပဒေကျောင်းသားအချို့က ရှေ့နေကိုမေးတယ် ရှေ့နေပညာရပ်ဆိုတာ ဘာလဲဆရာ... ရှေ့နေပြောတယ် ဒါနဲ့ပက်သက်ပြီး ဥပမာတစ်ခု ပေးမယ်... ငါ့ဆီကို လူနှစ်ယောက် လာတယ်... တစ်ယောက်က သန့်ရှင်းပြီး နောက်တစ်ယောက်က ညစ်ပတ်နေတယ်... သူတို့နှစ်ယောက်လုံးကို ရေချိုးခိုင်းလိုက်တယ်... အခုမင်းတို့ဖြေ သူတို့ထဲက ဘယ်သူရေချိုးမလဲ... ကျောင်းသားတစ်ယောက်က ဖြေတယ် ညစ်ပတ်နေတဲ့သူပဲ ရေချိုးမယ်... ရှေ့နေက မဟုတ်ဘူး... သန့်ရှင်းတဲ့သူပဲ ရေချိုးမယ်... ဘာကြောင့်လဲဆိုတော့ သူက သန့်သန့်နေရတာကြိုက်လို့ ညစ်ပတ်တဲ့သူက သန့်ရှင်းမှုရဲ့အနှစ်သာရက ဘာလဲဆိုတာ သူ မသိဘူး.... ရှေ့နေက ပြန်မေးတယ် ခုပြန်ဖြေ ဘယ်သူရေချိုးမလဲ... ကျောင်းသားနောက်တစ်ယောက်က ဖြေတယ် သန့်ရှင်းတဲ့သူ... ရှေ့နေက မဟုတ်ဘူး... ညစ်ပတ်တဲ့သူပဲ ရေချိုးတယ်... ဘာကြောင့်လဲဆိုတော့ သူ့အတွက် သန့်ရှင်းဖို့ လိုအပ်လို့... ပြန်ဖြေ ဘယ်သူရေချိုးမလဲ... အားလုံးပြိုင်တူဖြေတယ် ညစ်ပတ်တဲ့သူပဲ ရေချိုးမယ်... ရှေ့နေက မဟုတ်ဘူး... နှစ်ယောက်လုံး ရေချိုးတယ်... ဘာကြောင့်လဲဆိုတော့ သန့်ရှင်းတဲ့သူက ရေချိုးတဲ့ အကျင့်ရှိပြီး ညစ်ပတ်နေတဲ့သူက ရေချိုးဖို့ လိုအပ်နေလို့... ပြန်ဖြေ ဘယ်သူရေချိုးမလဲ... အားလုံးပြိုင်တူဖြေတယ် နှစ်ယောက်လုံးရေချိုးတယ်... ရှေ့နေက မဟုတ်ဘူး ... မှားတယ်... ဘယ်သူမှ ရေမချိုးဘူး... ဘာကြောင့်လဲဆိုတော့ ညစ်ပတ်တဲ့သူက ရေချိုးတဲ့ အကျင့် မရှိဘူး... သန့်ရှင်းတဲ့သူက ရေချိုးစရာမှ မလိုအပ်တာ... ပြန်ဖြေ ဘယ်သူရေချိုးမလဲ... ကျောင်းသားတစ်ယောက်က ပြောတယ် ဆရာ... အကြိမ်တိုင်း အဖြေကို ပြောင်းပြောင်းပြီးပေးတယ်... အဖြေတိုင်းကလည်း မှန်နေတယ်... မှားတယ်ဆိုပြီး ငြင်းလို့မရဘူး... အဲ့ဒါ အဖြေမှန်ကို သိအောင် ဘယ်လိုလုပ်ရမလဲ... ရှေ့နေက ရှေ့နေပညာရပ်ဆိုတာ ဒါပဲ... မင်းရဲ့ပြောဆိုချက်တွေကို မှန်ကြောင်း... ဘယ်အတိုင်းအတာထိ အထောက်အထား ခိုင်မာအောင် ပြောနိုင်လဲ ဆိုတာပဲ... အဲ့တော့ ခုပြန်ဖြေ ဘယ်သူရေချိုးမလဲ...... ?????
без подписи
လူငယ်ပိုင်းမိန်းခလေးတွေ ပျောက်တာ ခပ်စိပ်စိပ်တွေ့နေရတယ်နော် လူကြီးမိဘများ မိမိခလေး ဖုန်းသုံးပီး ဘယ်ခြေလှမ်း လှမ်းနေသလဲဆိုတာ အမြဲသတိထား စောင့်ကြည့်ဖို့ ထပ်အကြံပေးလိုပါတယ်ခင်ဗျာ
ယနေ့မှစ ကလေးငယ်များကို ဖုန်းဖြတ်မည်မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည် ဖုန်းနဲ့ ငြိမ်တယ် ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။ ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။ Phone, Tablet, Games, TV, ကာတွန်း စသည့် Screen Time ၏ ဆိုးကျိုးများ ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။ လူတွေနဲ့ စကားပြောဆက်သွယ်မှု မလုပ်နိုင်ခြင်း။ မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။ နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။ ထမင်းဟင်း အာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊ လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။ စိတ်ကစင့်ကလျားဖြစ်နေခြင်း။ ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။ ခံစားမှုကို မဖော်ပြတတ်ခြင်း ။ အမြဲ ဂဏာမငြိမ်ခြင်း။ အိပ်စက်နိုင်မှုမရှိခြင်း၊ ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ကလေးအား Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့် ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။ ယနေ့ သင်မအားလပ်မှုသည် သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။ ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။ သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ် နေ့စဉ် သင်ကြားကစားပေးပါ။ ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။ ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။ မိသားစုအတော်များများထဲက ၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့ ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။ ကလေးက စကားသိပ်မပြောဘူး မိဘက မအားလို့ အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့ ကလေးထိန်းနဲ့ပဲထားရလို့ ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့ အကြောင်းပြချက်များစွာသည် ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။ ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။ ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။ ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။ ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။ သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။ သင့်ကလေးကို တကယ်ချစ်သလား။ အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။ သင့်ကလေးကို သင်ချစ်ပေးပါ။ လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ် ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။ တကယ်ချစ်ပေးပါ။❤️ Crd. . Share
без подписи
без подписи
လတ်တလော မိုးလေဝသ သတင်းများကို စောင့်ကြည့်ပီး နေကြဖို့နှင့် သတင်းမှားများကို နားမယောင်မိဖို့ ဂရုစိုက်ကြပါ ။ 💪
သဘာဝဘေးအန္တရာယ်များကြောင့် အသက်အန္တရာယ်ဖြစ်စေခြင်းမှ လျှော့ချပေးနိုင်ရန် တိကျသောကြိုတင်ခန့်မှန်းချက်များ၊ လေ့လာသုံးသပ်ချက်များသည် အရေးကြီးပါသည်။ MMWeather Web-Team မှ android ဖုန်းများပေါ်တွင် လွယ်ကူစွာ ကြည့်ရှုနိုင်ရန် apk file ရယူ၍ install လုပ်ထားနိုင်ပြီ ဖြစ်ပါသည်။ https://updates.mmweather.org/uploads/MMWeather-WUDIC-v1.0.apk အထက်ပါ လင့် သည် ကျနော်ကိုင်တိုင် install လုပ်ပီးမှ တင်ပေးထားခြင်းဖြစ်သောကြောင့် စိတ်ချလက်ချ ဝင်ရောက်ပီး download ပြုလုပ်ပါတယ်ခင်ဗျာ ဦးဝင်းနိုင်မှ တင်ပေးထားတဲ့အတွက် စိတ်ချနိုင်ပါတယ် ။
အိန္ဒိယမိုးလေဝသဌာန(IMD)ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်မှာ - 🔸 မနေ့က အထက်လေပွေလှိုင်း - UACC သည် ဒီနေ့ မနက် ၉ နာရီခွဲ IMD က တိုင်းထွာချက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာကြောင်း၊ 🔸 နောက် ၄၈ နာရီအတွင်း(ဧပြီလ ၈ ရက်အထိ)မြောက်-အနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း)ကို ဆက်လက်ရွေ့လျားမှာဖြစ်ကြောင်း၊ 🔸 ကြိုတင်ခန့်မှန်းရေးမော်ဒယ်အများစုက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေပြီး လက်ဝဲရစ်လေစီးကြောင်းအားကောင်းခြင်းကို လျော့ကျစေတဲ့ Windshear ကြောင့် အခုထက်ပိုပြီး အားကောင်းလာနိုင်မဲ့အခြေအနေမရှိဘူးလို့ ခန့်မှန်းထားပါတယ်။ 🔸 IMD ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းမလာနိုင်သော်လည်း မြောက်ဘက်ကိုဆက်လက်ရွေ့လျားမဲ့ လမ်းကြောင်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ မိုးများနိုင်၊ လေပြင်းတိုက်နိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး model များရဲ့ ၉ ရက်နေ့ ည ၁၁ နာရီမှ ၁၂ ရက် ည ၁၁ နာရီအထိ ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ 💦 မိုးများနိုင်မည့် အခြေအနေက - ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ တွေမှာဖြစ်ပြီး .. ⛈ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။ (ဧပြီ ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်)
တစ်ပိုင်တစ်နိုင် ရေသန့်စင်နည်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲကြုံနေရတယ်လို့ သိရတဲ့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအခက်အခဲကနေ အထိုက်အလျောက် ပြေလည်နိုင်မဲ့ နည်းလမ်းလေးတစ်ခကို ကျနော့်ကိုယ်တွေ့လေးမို့ မျှဝေပေးလိုပါတယ်။ ၂၀၂၂ ခုနှစ် ကျနော် လူငယ်လယ်သမား အစီအစဉ်သင်တန်းကျောင်းမှာ တက်ရောက်စဉ် သင်ကြားအသုံးချခဲ့ရတဲ့ ရေသန့်စင်ပုံလေးပါ။ ကျောင်းမှာရှိတဲ့ ရေတွင်းတွေက ချောင်းနားဘေးကပ်နေပြီး သန့်စင်မှု နိမ့်ကျတာကြောင့် ကျနော်တို့ကိုယ်တိုင် ဒီနည်းအတိုင်း သန့်စင်ပြီး သောက်ခဲ့ပါတယ်။ ကျနော်တို့လုပ်ခဲ့တုန်းကတော့ ပုံးနှစ်ပုံးကို သုံးပြီး မီးသွေး၊ ကျောက်ခဲစ၊ ကျောက်စရစ်၊ သဲ၊ ပိတ်စနဲ့ PVC ပိုက်တွေကို သုံးပြီးလုပ်ခဲ့တာပါ။ ကျနော်တို့ လုပ်ခဲ့တဲ့ ပုံစံအတိုင်းကို လုပ်ဖို့က ပစ္စည်းလိုအပ်ချက်များပြီး လုပ်ရတာ နည်းနည်း လက်ဝင်တာမို့လို့ ကျနော်တို့ လုပ်ခဲ့တဲ့ နည်းလမ်းရယ် ပိုပြီး လွယ်လွယ်ကူကူ လုပ်လို့ရမဲ့ နည်းလမ်းရယ် နှစ်မျိုး ဖော်ပြပေးလိုက်ပါတယ်။ ပထမနည်း (ရေပမာဏ များများသန့်စင်နိုင်) လိုအပ်သော ပစ္စည်းများ ကော်ရေပုံးကြီးကြီး (၄၀ လီတာဝင်နှင့်အထက်) PVC ပိုက်နှင့် ပိုက်ဆက်ခေါင်းများ ကျောက်ခဲစ ( ကြက်ဥအရွယ်ခန့်) ကျောက်စရစ်ခဲ (လောက်စာလုံးအရွယ်ခန့်) သဲနု၊ သဲကြမ်း ပိတ်စ ပြုလုပ်ပုံအဆင့်ဆင့် ၁။ ပထမဆုံးအနေနဲ့ ပုံးရဲ့ အောက်ခြေကို အပေါက်ဖောက်လိုက်ပါ။ ပြီးရင် PVC ပိုက်မှာ လက်ညှိုးလောက်ရှိတဲ့ အပေါက်တွေ ဖောက်ပြီး အပေါက်မှတဆင့် ပုံးထဲ ထည့်လိုက်ပါ။ ရေစိမ့်မထွက်အောင် ပိုက်ဆက်များခံ၍ အပေါက်မှတဆင့် ရေပိုက်ခေါင်းကို ထုတ်ပါ။ ၂။ ပထမဆုံးအလွှာမှာ ကျောက်အပိုင်းအစလေးတွေကို ဆေးကြောပြီးပြီးထည့်ပါ။ ဒုတိယအလွှာမှာ ကျောက်စရစ်ခဲများထည့်ပါ။ ထို့နောက် ပိတ်စ ခံ ပါ။သဲကြမ်းများထည့်ပါ။ ပိတ်စထပ်ခံပါ။ မီးသွေးခဲများကို ထုခြေ၍ ထည့်ပါ။ အပိုင်းအစလေးများ ဖြစ်သွားလျှင် အဆင်ပြေပါပြီ။ အမှုန့်ဖြစ်ရန် မလိုပါ။ ပိတ်စခံပါ။ သဲနုများထည့်ပါ။ ပိတ်စခံပါ။ အပေါ်ဆုံး အလွှာတွင် ကျောက်စများ ပြန်ထည့်တဲ့ နည်းအတိုင်းပြုလုပ်ပြီး စစ်လိုသော ရေထည့်ရန် အပေါ်ဆုံးအလွှာထက်တွင် အနည်းဆုံး ၆ လက်မခန့် နေရာကျန်ပါစေ။ အလွှာ တလွှာချင်းစီကို ၃-၄ လက်မ ဝန်းကျင်ခန့် ထည့်ပေးပါ။ ပိတ်စမရှိလျှင် ရေစိမ့်နိုင်တဲ့ အဝတ်သန့်သန့် သုံးပေးလို့ ရပါတယ်။ ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနဲ့ အထက် စောင့်ရန် လိုပါတယ်။ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။ ဒုတိယနည်း (လိုအပ်သော ပစ္စည်းများ) ၂၀ လီတာဆန့် ရေသန့်ဘူးအကြီး ကျောက်စရစ်ခဲ ကျောက်စများ (လက်မအရွယ်ခန့်) သဲနု မီးသွေး ပြုလုပ်ပုံအဆင့်ဆင့် ရေသန့်ဘူး အောက်ခြေကို ပိုင်းဖြတ်လိုက်ပါ။ အပေါ်ဖုံးကို ဖွင့်၍ ပိတ်စ သို့မဟုတ် ရေစိမ့်နိုင်သော အဝတ်သန့်သန့်နှင့် ပိတ်လိုက်ပါ။ ပထမဆုံးအလွှာတွင် ရေစိမ့်နိုင်သော အဝတ်သန့်သန့်ကို ခေါက်ထည့်ပါ။ ကျောက်စများ ထည့်ပါ။ သဲနုထည့်ပါ။ ကျောက်စရစ်ခဲများ ထည့်ပါ။ သဲကြမ်းထည့်ပါ။ မီးသွေးများ ကြိတ်ချေ၍ ထည့်ပါ။ ကျောက်စရစ်ခဲထည့်ပါ။ တစ်လွှာလျှင် ၂ လက်မခန့် ထူပါစေ။ ရေထည့်ရန် အနည်းဆုံး ၄လက်မခန့်ချန်ထားပါ။ အောက်တွင် ထည့်စရာပုံးခံ၍ စစ်နိုင်ပါပြီ။ ယခင်နည်းအတိုင်း ကနဦး ထွက်လာသော ရေများသည် ကြည်လင်အုံးမည်မဟုတ်ပါ။ ရေများကြည်လင်ရန် ၅နာရီနှင့် အထက် စောင့်ရန် လိုပါတယ်။ ရေများ ကြည်လင်သွားလျှင် စတင်အသုံးပြုနိုင်ပါပြီ။ အကျိုးကျေးဇူးများ မီးသွေးဟာ မသန့်စင်တဲ့ ရေမှာ ပါဝင်နေတဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ခဲလိုမျိုး အဆိပ်သင့်စေတဲ့ သတ္တုဓာတ်တွေ၊ မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူပြီး ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သဲ၊ ကျောက်စရစ်ခဲ စတဲ့ အရာတွေကလဲ ရေထဲမှာပါလာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးမှာမို့လို့ ကြည်လင်သန့်စင်တဲ့ ရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုသတိပြုဖို့က ဒီနည်းလမ်းကို ရေကို အထိုက်အလျောက် သန့်စင်ပေးနိုင်တယ်ဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်း သန့်စင်ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရေထဲမှာ ပါလာတဲ့ ဘက်တီးရီးတွေ ဗိုင်းရပ်စ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် စစ်ထုတ်ပြီး ရလာတဲ့ ရေတွေကို ကျိုချက်ပြီး သောက်သုံးနိုင်ရင်တော့ ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်။ ဒီနည်းလမ်းလေးက လက်တလော သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ခက်ခဲနေတဲ့ ဒေသတွေမှာ အသုံးဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ဒီအခက်ခဲကြီးကနေ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါစေ ခင်ဗျာ။ Credit: မူရင်းရေးသားသူ
без подписи
ကမ္ဘာမှာ Nokia ကျရှုံးသွားတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။...သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့ စကားလေးက သိပ်ကောင်းတယ် ။ ....တွေးစရာလေးပါ.... "ငါတို့ အမှားမလုပ်ခဲ့ဘူး ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။ Rajeev Suri (CEO Nokia) ....တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ဘူး ....။ ....ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။ ....ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ယနေ့ခေတ်ကြီးမှာ ...., " အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို Nokia က သက်သေပြလိုက်တာပဲ အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့ ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့ လိုလာပါပြီ ။ ....ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင် ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။ ....မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး မှောက်သွားမှာပေါ့ ။ .....ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ ကြုံနေရမှာပါပဲ ။ .....ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့ ...နယ်ပယ်တစ်ခုမှာ Pro တစ်ယောက် ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း တိုးအောင် ကြိုးစားဖို့ လိုပါတယ်။ ခင်ဗျားအနေနဲ့ အကုန်သိ အကုန်တတ်နေပြီဆိုရင် သေချာတာကတော့ ကျန်ခဲ့မှာဘဲ ခင်ဗျားမသိတာတွေ အများကြီး ရှိနေပါတယ် Credit