တိုးတက်ရေးစာအုပ်စာပေ၊အထွေထွေဗဟုသုတ၊အတွေးအခေါ်(ဦးနှောက်ဘဏ်)
Статистикаရှေ့ဆက်ရမည့်မနက်ဖြန်များအတွက် ဦးနှောက်ကို တစ်သက်စာလောင်စာလေးများဖြည့်ရင်း ခရီးနှင်ကြပါစို့။
- Последний пост
- 27 мар.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
The owner of this channel has been inactive for the last 11 months. If they remain inactive for the next 7 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
ဒေါသဖြေနည်း ဆေး ******************* ဖတ်ကြည့်နော်… လူတစ်ယောက်က လာမေးတယ်။ လူတစ်ယောက်ကို မြင်တိုင်း အဲဒီလူရဲ့စကားသံကို ကြားရတိုင်း ဒေါသဖြစ်နေတယ်။ အဲဒီဒေါသထွက်နေတဲ့ စိတ်ကို ဘယ်လိုဖျောက်ရမလဲ? အင်း… အဲဒီလူကို ဘာကြောင့် ဒေါသထွက်နေရတာရလဲ ပြောပါဦး။ သူက လေလုံးထွားတယ်။ လက်တွေ့ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်ပဲ နေရာတကာ သူသိ သူတတ် သူသာ ဆရာကြီး လုပ်နေတယ်။ တစ်ကယ်တော့… အဲဒီလူကိုမြင်တိုင်း ဒေါသထွက်နေရတာက သူ့ကို ကိုယ်က သတိထားပြီး ကြည့်မိနေတာ။ သူပြောတဲ့စကားတွေကို အာရုံစိုက်ပြီး နားထောင်နေတတ်တာကြောင့် ဖြစ်ပါတယ်။ သူနဲ့ပတ်သက်ရင် မျက်စိကန်းသလို နားကန်းသလို နေပြီး သူ့ဘာသာ ပြောချင်တာပြော ကိုယ်က အာရုံမစိုက်ပဲ ထားရင် အဲဒီဒေါသထွက်တဲ့စိတ်က ဖြစ်မလာတော့ဘူး။ ဒေါသနဲ့ပတ်သက်လို့ ဆရာကြီး ပါရဂူရေးတဲ့ နိတိပုံပြင် များထဲက… ဒေါသဖြေနည်း ဆေး ဆိုတဲ့ ပုံပြင်လေးကို ပြောပြမယ်။ အမျိုးသမီးတစ်ယောက်ပေါ့… အဲဒီအမျိုးသမီးဟာ ဒေါသ အလွန်ကြီးပါတယ်။ မပြောပလောက်သည့် အကြောင်းနှင့်ဖြစ်စေ ထောင်းခနဲ ဒေါသထွက်လာတတ်တယ်။ ဒေါသထွက်သည့်အခါတိုင်း မကြားဝံ့ မနာသာ အယုတ္တအနတ္တများကို ပြောတတ်တယ်တဲ့။ ဒေါသကြီးသော ထိုအမျိုးသမီးကြောင့် သူ့တစ်အိမ်ထောင်လုံးမျှသာမက တစ်ရပ်ကွက်လုံးပင် စိတ်ညစ်နေကြတယ် လေ။ ထိုအမျိုးသမီးကိုယ်တိုင်ကလည်း ဒေါသကို ထိန်းမထားနိုင်သဖြင့် မကြံတတ် မစည်တတ်ဖြစ်နေတာပေါ့။ ဒေါသပြေပျောက်သွားသည့် အခါတိုင်းလည်း နောင်တတရား ရလာတယ်။ သို့သော်လည်း ဒေါသကို မချုပ်တည်းနိုင်သဖြင့် အကြောင်းပေါ်လာပါက ဝုန်းခနဲ ဒေါသအိုး ပေါက်ကွဲသွားသည်သာ ဖြစ်တယ်တဲ့။ တစ်နေ့သ၌ ရသေ့တစ်ပါးဟာ ထိုအမျိုးသမီးအိမ်သို့ ကြွလာပါတယ်။ အမျိုးသမီးက ရသေ့အား သူ့အကြောင်းကို လျှောက်ထား ပြောပြတာပေါ့။ ရသေ့ကြီး… တပည့်တော်မဟာ ကိုယ့်ဒေါသကိုယ် မထိန်းနိုင်တဲ့အတွက် အလွန်တရာ ဒုက္ခရောက်နေပါတယ်။ ထစ်ခနဲဆိုလျှင် ဒေါသထွက်လာတတ်ပါတယ်။ ဒေါသထွက်လာလျှင်လည်း ဘာကိုမှ မစဉ်းစား မဆင်ခြင်တော့ပါဘူး။ မှားတာတွေ လုပ်မိပါတယ်။ ဒေါသဖြေဖျောက်တဲ့ နည်းလမ်းများရှိလျှင် တပည့်တော်မကို ညွှန်ကြားတော်မူပါဘုရား။ ရသေ့ကြီးက ပြန်ပြောလိုက်ပါတယ်။ ကိစ္စမရှိပါဘူး။ ကျုပ်ဆီမှာ ဒေါသပျောက်ကင်းသွားအောင် လုပ်တဲ့ ဆေး ရှိပါတယ်။ နက်ဖြန်ကျတော့ ယူလာခဲ့မယ်။ စိတ်မပူနဲ့။ နောက်တစ်နေ့တွင် ရသေ့ကြီးသည် ထိုအမျိုးသမီးအိမ်သို့ ရောက်လာတယ်။ ရသေ့ကြီး၏ လက်ထဲတွင်လည်း ဆေးပုလင်းတစ်ပုလင်း ပါလာတယ်တဲ့။ အမျိုးသမီးအား ရသေ့ကြီးက ဆေးပုလင်း ပေးပြီး ပြောပါတယ်။ ဒေါသထွက်လာတဲ့အခါ ဒေါသပျောက်သွားသည် အထိ ဒီပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်း သောက်ပါ။ နောက်တစ်ပတ်ကြာတဲ့အခါမှာ… အကျိုးအကြောင်း သိရအောင် ကျုပ်တစ်ခါ လာခဲ့ပါဦးမယ်။ ယင်းသို့ပြောဆိုပြီး ရသေ့ကြီးဟာ ပြန်ကြွသွားပါတယ်။ ရသေ့ကြီးပေးသွားသော ဆေးပုလင်းကို အမျိုးသမီးက သိမ်းထားပါတယ်။ အကြောင်းတစ်ခုကြောင့် ဒေါသထွက်လာတဲ့အခါ အမျိုးသမီးသည်… ရသေ့ကြီးညွှန်ကြားသည့်အတိုင်း ပုလင်းထဲက ဆေးရည်ကို တစ်စက်ချင်း ဖြည်းဖြည်း သောက်တယ်တဲ့။ နောက်တစ်ပတ်ကြာသောအခါ ရသေ့ကြီး ကြွလာပြန်ပါတယ်။ အမျိုးသမီးက ရသေ့ကြီးအား ရှိခိုးဦးတင်လုပ်လျှက် လျှောက်ထား ပြောပြလိုက်ပါတယ်။ ရှင်ရသေ့ကြီး… ရှင်ရသေ့ကြီးဟာ တပည့်တော်မကို ကယ်တင်လိုက်ပါတယ်ဘုရား။ ရှင်ရသေ့ကြီးပေးတဲ့ဆေးကို သောက်လိုက်တာနဲ့ တပည့်တော်မရဲ့ ဒေါသဟာ ပြေပျောက်သွားပါတယ် ဘုရား။ ဒေါသပြေတဲ့ ဘယ်လိုဆေးမျိုးကို ပေးတယ် ဆိုတာ တပည့်တော်မ သိချင်ပါတယ်ဘုရား။ ရသေ့ကြီးက ရယ်ပြီး ပြောပြပါတယ်။ ပုလင်းထဲမှာ ဘာဆေးမှ မရှိပါဘူး။ ရေပဲ ထည့်ထားတယ်။ ပုလင်းထဲက ရေကို သောက်နေရတဲ့ အတွက် သိပ်စကားပြောချိန် မရဘူး မဟုတ်လား။ ဒေါသကို ပယ်ဖျောက်ပစ်တဲ့ အကောင်းဆုံးဆေးဟာ ပါးစပ်ပိတ်ထားခြင်းပဲ ဖြစ်ပါတယ်။ ပါးစပ်ပိတ်ထားရင်… ဒေါသဟာ သူ့အလိုလို ပျောက်သွားလိမ့်မယ်တဲ့။ မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) Credit>>>🙏🏼
#အဖေဖြစ်သူ ဟာ ••• နွားကို သတ်ပြီး နောက် မီးပုံ ဖို မီးကင် နေရင်း သူ့ သမီးကို ပြောလိုက်တယ် ။ 🔹 " သမီးရေ... အိမ်နီးနားချင်း သူငယ်ချင်းတွေ သွားခေါ်လိုက်... စားပွဲ ကျင်းပရအောင်..." သမီး ဖြစ်သူက လမ်းမပေါ်ကို ထွက်သွားပြီး အော်ပြောလိုက်တယ် ။ 🔸" ကျွန်မတို့ အိမ် မီးလောင်နေလို့ ကူငြှိမ်းပေးကြပါဦး ရှင်..." ခဏ အတွင်းမှာဘဲ လူ အနည်းငယ်သာ ရောက်လာပြီး ကူညီ ကြပေမယ့် ကျန်တဲ့ အများစုကတော့ မကြားချင်ယောင်ဆောင် နေခဲ့ကြ ပါတယ် ။ ရောက်လာတဲ့ လူ အနည်းစုနဲ့သာ ညဉ့်နက်တဲ့ထိ စားသောက် ပျော်ပါး ခဲ့ကြတာပေါ့ ။ အဖေဖြစ်သူက အံ့ဩပြီး သူ့သမီးကို ပြောတယ် ။ 🔹 " လာတာ ဘယ်သူတွေလဲ ❗️ အဖေနဲ့လည်း မသိပါလား❗️ အဖေတို့ မိတ်ဆွေတွေ ရော ဘာလို့ မလာတာလဲ❗️ 🔸 " ခု လာတဲ့ သူတွေ က သမီးတို့အိမ် မီးလောင်နေတယ် ဆိုလို့ ကူညီဖို့ လာကြတာပါ ... ပါတီလုပ်ဖို့ လာတာ မဟုတ်ဘူး... 🔸 အဲ့ဒီ လူတွေက မှ သမီးတို့ ဧည့်ခံ ကျွေးမွေးတာ နဲ့ ထိုက်တန်တာပါ အဖေ ..." နိဂုံးချုပ် မိမိ ဒုက္ခရောက်ချိန် မကူညီခဲ့သူ ဟာ မိမိ အောင်မြင်ချိန် အောင်ပွဲ ခံတဲ့အခါမှာလည်း မလာသင့်သူပါ ။ နိုင်ငံခြား ဆောင်းပါးတစ်ခုအား သင့်တော်သလို ••• ဘာသာပြန် ထားပါသည် ။ စိတ်ခွန်အား ရရှိကြပါစေ #Credit မေတ္တာဖြင့် မျှဝေသည်
၁၉၈၀..ကျော်ကာလ ဘရာဇီးနိုင်ငံမှာ ထားစရာမရှိအောင်ချမ်းသာသူနဲ့ စားစရာမရှိအောင်ဆင်းရဲသူဆိုပြီး.. လူတန်းစား တအား....ကွာဟ နေချိန်ပေါ့။ စားသောက်ဆိုင်ကြီးတစ်ခုထဲ ကားကြီးတစ်စီးဝင်လာတယ်။ ဆိုင်ပေါက်ဝက စုတ်တီးစုတ်ပြက် ကလေး(၃)ယောက်က "သူဌေးကြီး..ဖိနပ်တိုက်ပါရစေ.." ဝိုင်းအော်ကြတယ်။ သူဌေးကြီးဆိုသူလည်း..... ဆိုင်ထဲဝင်ပြီးမှ နောက်ပြန်လှည့်..လို့ အာဟာရချို့တဲ့..နေတဲ့ ကလေးတွေကိုကြည့်ပြီး ပြန်လှည့်လာတယ်။ "ဘယ်လောက်လည်းကွ" အားတတ်သေရာ... "(၂၀၀)ပါခင်ဗျ" "အေး...ဟုတ်ပြီ (၁၀)ဆပေးမယ်ကွာ ဘယ်သူကတိုက်မလဲ? တစ်ယောက်ချင်းဖြေ.." ပထမတစ်ယောက် "ကျွန်တော်..တိုက်မယ်" "မင်းဘာလို့..တိုက်ချင်တာလဲ?" "ကျွန်တော်တနေကုန် ဘာမှ..မစားရသေးလို့ပါ" "အေး...ဟုတ်ပြီ" ဒုတိယတစ်ယောက် "မင်းကရော..? ကျွန်တော်လည်း..မစားရေသးဘူး အိမ်မှာ..အမေကလည်း နေ..မကောင်းဘူးခင်ဗျ" "ဟေ..ဟုတ်လား?..အေးပါ" နောက်ဆုံးတစ်ယောက် "မင်းကရောကွ.! "ကျွန်တော်က ဦးလေးပေးတဲ့ဖိနပ်တိုက်ခကို သူတို့နှစ်ယောက်ကိုပေးချင်လို့ပါ" "ဟေ..မင်းကဘာစားပြီးပြီလဲ?" "ကျွန်တော်က ပေါင်မုန့်နှစ်ချပ်စားထားပါတယ်' "အင်း......ဟုတ်ပြီ ဒါဆို...မင်းတိုက်ကွာ"ဆိုပြီး ငွေ(၂၀၀၀)ထုတ်ပေးလိုက်တယ်။ ကောင်လေးက ချက်ချင်းပဲ သူ့..သူငယ်ချင်းနှစ်ယောက်ကို ပိုက်ဆံ........ခွဲပေး "မင်းတို့ပြန်နှင့်ကြ.."ဆိုပြီး ဝမ်းသာအားရ ဖိနပ်ကုန်းတိုက်ပါလေရော! နောက်တော့ အဲ့ဒီသူဌေးကြီးက သူ့ကို...အလုပ်ပေးတယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီထောင်တယ်။ သူ့ရဲ့ အနစ်နာခံစိတ် ကိုယ်ချင်းစာစိတ်တွေကြောင့် လူချစ် လူခင် ပေါလှပြီး..... ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာ ဘရာဇီးနိုင်ငံရဲ့ (၃၅)ယောက်မြောက် သမ္မတ ဖြစ်လာတယ်။ (Fernando Henrique Cardoso.)တဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်.. ကိုယ့်လောက် အဆင်မပြေဖြစ်နေသူတွေကို အနစ်နာခံပါ။ ကိုယ်ချင်းစာတရားထားပါ။ မေတ္တာ အရင်းခံတဲ့စိတ်ထား ထားရှိရင် ဘဝမှာအောင်မြင်မှုတွေရလာမှာ အသေအချာပါပဲ ...။ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါ။ #Credit_To_Original_Uploader
“ဒါနဲ့ ခင်ဗျားတို့အိမ်က ကပ်ပါးတွေကရော” “ခင်ဗျား ပြောပြလိုက်တဲ့ ပုံပြင်လေးကို နားထောင်ပြီးတော့ ကျွန်တော်လည်း ငါတော့ သစ်ကိုင်းကို ခုတ်ချလိုက်မှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် တိုက်ခန်းကို ရောင်းပစ်လိုက်ပြီးတော့ ကပ်ပါးတွေ အားလုံးကို နှင်ထုတ်လိုက်တယ်။ တောရွာလေးတစ်ရွာမှာ တဲလေးနဲ့ လိုက်နေချင် လိုက်နေ ဆိုတော့ ဘယ်သူမှ လိုက်မနေကြတော့ဘူး။ ခုဆိုရင် လင်မယားနှစ်ယောက်တည်း စိတ်ကိုချမ်းသာလို့။ ခင်ဗျားကို ကျေးဇူးတင်တယ်။ ပင်စင်ထုတ်ပြီးရင် ချစ်တီးဆိုင်မှာ ထမင်းလိုက်ကျွေးမယ်” “ကောင်းပါ့ဗျာ ... ကျွန်တော်တို့ မပျံချင်လည်း ပျံအောင် လုပ်ပေးရမှာနော်။ ဒါကြောင့် ခုတ်သင့် ဖြတ်သင့်တယ် ထင်ရင် ဘယ်တော့မှ ဝန်မလေးနဲ့ဗျ။ အသက်တွေက ရလာပြီ။ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်အောင် ကြိုးစားတော့” “အေးဗျာ ခင်ဗျားဘာကြောင့် အစောကြီးကတည်းက ဓားသွေးနေသလဲဆိုတာ ကျွန်တော် ခုမှ သဘောပေါက် တော့တယ်” “ကျွန်တော်က အကိုင်းလောက်မဟုတ်ဘူးဗျ ... တစ်ပင်လုံးကို လှဲခဲ့ရတာ” တင်ညွန့် #crd
ခုတ်သင့်တာကို ခုတ်လိုက်ပါ ----------------------------- ပင်စင်ထုတ်ရက်တွင် အဘိုးအို ပင်စင်စားကြီးတွေ တွေ့ကြ၊ ဆုံကြ၊ ပြောမဝနိုင်အောင် ဖြစ်နေကြသည်။ “ကိုဘခင် အချိန်ရသေးတာပဲ ... လက်ဖက်ရည်ဆိုင်သွားကြရအောင်” ကျွန်တော်က သူ့ကို တိုးတိုးလေးသွားခေါ်သည်။ “အေး သွားကြတာပေါ့ ... ကျုပ်လည်း ဆာတာတာ” သူတို့နှစ်ယောက် တိတ်တိတ်လေး ထွက်လာကာ လမ်းမကူး လက်ဖက်ရည်ဆိုင်ထဲတွင် ဝင်ထိုင်လိုက်ကြသည်။ “ငါ့ကို ပလိန်းတစ်ခွက် ... ပရီးမီးယားနော်” “ငါ့အတွက်ကတော့ စမူဆာပဲချကွာ” “ကိုဘခင် ခင်ဗျားကြည့်ရတာ ငိုင်တိုင်တိုင်နဲ့ ဘာဖြစ်နေသလဲ” “အေးဗျာ ... ကုန်ဈေးနှုန်းတွေက မြင့်တက်လာ။ ကျွန်တော့်အိမ်မှာ ရှိနေတဲ့ လူအုပ်ကြီးကို တွေးလိုက်တိုင်း စိတ်မချမ်းသာဘူး ဖြစ်နေတယ်” “ခင်ဗျား အိမ်မှာက ခင်ဗျားနဲ့ ခင်ဗျား မိန်းမနှစ်ယောက်တည်းနေတာ မဟုတ်ဘူးလား” “မဟုတ်ဘူးဗျ ... သားအကြီးဆုံးက မွေးထားတဲ့ မြေးတစ်ယောက်။ ကျွန်တော့် မိန်းမ အရက်သမားမောင်က တစ်ယောက်၊ ကျွန်တော့်သမီး အငယ်မကလည်း သူ့ယောက်ျားနဲ့ စိတ်ဆိုးလာသတဲ့။ ခု အိမ်ကိုရောက် နေတယ်။ သူ့မှာလည်း ကလေးနှစ်ယောက်ပါလာသေး။ ပင်စင်လေးထုတ်သွားပြီးရင် ဆန်ဝယ်သွားရမှာနဲ့ တစ်လစာ ဘယ်လို သုံးရမလဲဆိုတာ စဉ်းစားပြီး ညကလည်း အိပ်မပျော်နိုင်လောက်အောင် ဖြစ်နေတာ” “အင်း ... ခင်ဗျားနဲ့ ခင်ဗျားမိန်းမ နှစ်ယောက်ပေါင်း ပင်စင်နဲ့ဆိုရင် နှစ်ယောက်အတွက်ကတော့ ချွေတာစား ပြောစရာ မလိုပါဘူး။ အင်းလေ ကျန်တဲ့ အပိုဆုတွေအတွက်ကတော့ သူတို့က တစ်ပြားမှ မထောက်ကြဘူး လား” “ထောက်ဖို့နေနေသာသာ ... ဟင်းမကောင်းရင်တောင် ပွစိပွစိဖြစ်နေကြတာ” “ခင်ဗျားတို့ကပဲ တာဝန်ယူပြီး ကျွေးမွေးနေရတာပေါ့” “ဟုတ်တယ်ဗျာ ... ဘယ်တော့များမှ အေးအေးချမ်းချမ်းနဲ့ နေနိုင်မယ် မသိတော့ပါဘူး” “ကိုဘခင် ... ကျွန်တော် ခင်ဗျားကို ပုံပြင်လေးတစ်ပုဒ်ပြောမယ်” “ခင်ဗျားဟာလေ ကျောင်းဆရာရယ်လို့ မပြောရဘူး” “ခင်ဗျား အဖြစ်ကို နားထောင်ပြီး သတိရလိုက်လို့ပါ” “ဆိုပါဦး” တစ်နေ့တော့ အိန္ဒိယနိုင်ငံက မဟာရာဂျာတစ်ဦးဟာ အာရေးဗီးယားနိုင်ငံက ပို့လိုက်တဲ့ သိမ်းငှက်နှစ်ကောင် လက်ဆောင်ရသတဲ့။ အဲဒီ သိမ်းငှက်နှစ်ကောင်ဟာ အမဲလိုက်ဖို့ အထူးလေ့ကျင့်ပေးထားတဲ့ သိမ်းငှက်တွေပေါ့။ မဟာရာဂျာကြီးကလည်း အမဲလိုက်တာ ဝါသနာပါတော့ အဲဒီငှက်နှစ်ကောင်ကို ကောင်းစွာ ကျွေးမွေး စောင့်ရှောက်ဖို့ ငှက်ထိန်းကို အပ်တယ်။ သုံးလေးလလောက်အကြာမှာ မဟာရာဂျာကြီးက ဥယျာဉ်ထဲရောက်လာပြီးတော့ သူလက်ဆောင်ရထားတဲ့ သိမ်းငှက်နှစ်ကောင်ရဲ့ အစွမ်းတွေကို ကြည့်ချင်တယ်လို့ ပြောတယ်။ ငှက်ထိန်းက တစ်ကောင်ကို လွှတ်ပေးလိုက်တယ်။ အဲဒီကောင်က ကောင်းကင်ပေါ် ထိုးတက်သွားပြီး ပျံနေတဲ့ ခိုတစ်ကောင်ကို ကိုက်ဆွဲပြီး ပြန်ဆင်းလာတယ်။ မဟာရာဂျာလည်း သဘောကျသွားပြီးတော့ လက်ခုပ် တီးတယ်။ “ကဲ နောက်တစ်ကောင်ကို လွှတ်ပါဦး” လို့ ပြောလိုက်တော့ ငှက်ထိန်းက “အရှင် အဲဒီ အကောင်ဟာ ဘယ်လိုသင်သင် မရပါဘူး။ သူနေတဲ့ အပင်ကကို မခွာဘူး။ စရောက်ကတည်းက အဲဒီ သစ်ကိုင်းမှာပဲနေ၊ သစ်ကိုင်းမှာပဲစား၊ သစ်ကိုင်းပေါ်မှာပဲ အိပ်ပါတယ်။ ဘယ်လိုမှ ခေါ်ထုတ်လို့ မရတဲ့အတွက် သင်ပေးလို့လည်း မရပါဘူး” “မောင်မင်းကို တာဝန်ပေးထားတာ ... အဲဒီကောင်ကို လေ့ကျင့်မပေးနိုင်ရင် မောင်မင်းကို သတ်မယ်” “သတ်ရင်လည်း သေရပါလိမ့်မယ်ဘုရား ... အဲဒီကောင်ဟာ သူ့သစ်ကိုင်းကိုပဲ ခင်တွယ်နေလေတော့ သူ့ကို ဆွဲချရင်တောင် လူကို ရန်ပြုတဲ့အနေအထားမှာ ရှိပါတယ်” သူတို့ ပြောနေတာကို ဘေးက ပေါင်းမြက်တွေ နုတ်နေတဲ့ ဥယျာဉ်စောင့် အဘိုးအိုက ကြားတယ်။ အဘိုးအိုက “ကျွန်တော်မျိုးကို လျှောက်ထားခွင့် ပြုပါဘုရား" “ဘာများလဲ လျှောက်တင်စေ” “ကျွန်တော်မျိုးကို အဲဒီသိမ်းငှက် အပ်ပါဘုရား။ တစ်လအတွင်း ဟိုတစ်ကောင်လို ဖြစ်စေရမယ်ဘုရား” “ကောင်းပြီ ... မောင်မင်းလုပ်နိုင်ရင် ငှက်ထိန်းအဖြစ်ခန့်မယ်” နောက်တစ်လလောက်အကြာမှာ မဟာရာဂျာကြီးက ပြန်လာတယ်။ ဥယျာဉ်ထဲက အဘိုးအိုက ဂုဏ်ယူစွာနဲ့ သူလေ့ကျင့်ပေးထားတဲ့ သိမ်းငှက်ကို အမြင့်ပျံခိုင်းလိုက်တယ်။ အဲဒီ သိမ်းငှက်ဟာ ခုတော့ ကောင်းကင်မှာ ပျံဝဲကာ ခိုတွေကို ထိုးသုတ်နိုင်တဲ့အစွမ်းကို ပြနိုင်တဲ့ သိမ်းငှက်တစ်ကောင် ဖြစ်သွားတယ်။ မဟာရာဂျာကမေးတယ်။ “မောင်မင်း သစ်ကိုင်းကို ကုပ်တွယ်ထားပြီး မပျံချင်တဲ့ကောင်ကို ဘယ်လိုများ လေ့ကျင့်ပေးလိုက်သလဲ” “အလွယ်လေးပါဘုရား ... သူခင်တွယ်နေတဲ့ သစ်ကိုင်းကို ခုတ်ချလိုက်တာပေါ့ဘုရား” ကိုဘခင်က ကျွန်တော်ပြောသည့် ပုံပြင်ကို နားထောင်ပြီး ငိုင်နေသည်။ “ကိုဘခင် ကျွန်တော်ပြောတဲ့ ပုံပြင်လေးကို သဘောပေါက်မယ်ထင်ပါတယ်ဗျာ” ကျွန်တော်တို့ ပိုက်ဆံရှင်းပြီး ထွက်လာကြသည်။ ပင်စင်ကလည်း ရပြီ။ နှစ်ယောက်သား လမ်းခွဲခဲ့ကြသည်။ ကိုဘခင်တစ်ယောက် မတွေ့တာကြာပြီ။ သူက ပင်စင်ကို တစ်လချင်းလာမထုတ်။ နောက် ၆ လကြာမှ သူ့ကို တွေ့ရတော့သည်။ “ကိုဘခင် ပျောက်လှချည်လား” “ပျောက်ဆို ရန်ကုန်မှာ မနေတော့ဘူးဗျ” “ဟုတ်လား ဘယ်ပြောင်းသွားပြီလဲ” “ဟိုး ကျောက်တန်းဘက်မှာ ခြံလေးတစ်ခြံသွားဝယ်ပြီးတော့ လင်မယားနှစ်ယောက် အေးအေးဆေးဆေး သွားနေသဗျ” “ဟို ခင်ဗျား တိုက်ခန်းကရော” “ရောင်းလိုက်ပြီလေ။ အဲဒီရောင်းလိုက်တဲ့ငွေကို လင်မယားနှစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးတော့ အိုစာမင်းစာ ထားလိုက်တယ်”
လိပ်ကလေးတွေ ထံမှ ``သင်ခန်းစာ ======================== မိခင်လိပ်မကြီးက လိပ်ကလေးပေါက်ဖို့ လှိုင်းနဲ့ဝေးတဲ့ သဲသောင်မှာဥ ဥတယ် ပြီးတော့ သဲတွေနဲ့ဥကိုဖုံးပြီး ပင်လယ်ထဲကိုပြန်လာတယ် ဥပေါက်ဖို့အတွက်အဝေးကပဲ မေတ္ထာပို့နေတာ .. ဥကထွက်တာနဲ့ လိပ်ကလေးတွေဟာ တစ်ကောင်ထဲရပ်တည်ရတော့မယ် သူတို့ကို ကူညီမဲ့ သူမရှိဘူး သူတို့ရဲ့အခက်အခဲဟာ အဲဒီအချိန်မှာပဲ စတင်ပါတယ်။ အပေါ်ကိုရောက်ဖို့ သဲတွေကိုစတင်ထိုးဖောက်ရတယ် ပင်လယ်ထဲရောက်ဖို့ သဲသောင်ကနေ တဖြေးဖြေးဖြတ်သန်းရတယ် အဲဒီအချိန်မှာ သူတို့ကိုထိုးချီပြီးစားဖို့ ဌက်တွေကလဲ စောင့်နေလေရဲ့ .. ဌက်တွေကိုကြောက်လို့ သူတို့နောက်ကြောင်း ပြန်မလှည့်ဘူး သူတို့ရဲ့တွင်းထဲမှာပုန်းမနေကြဘူး သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ ပင်လယ်ဆီကို ဦးတည်သွားနေကြတုန်းပဲ အောင်နိုင် သူတွေက ပင်လယ်ထဲရောက်သွားတယ် ပိုတော်တဲ့သူတွေက ဧရာမလိပ်ကြီးတွေအဖြစ် စာရင်းဝင်သွားတာပေါ့။ #ဘဝမှာ... တစ်ယောက်ထဲဆိုပြီး စိတ်ပျက်အားငယ်မနေပါနဲ့ လိပ်ကလေးလိုမျိုး ရှင်သန်ပါ စိတ်ဖိစီးမှု့နဲ့ ဖိနှိပ်ခြင်းကနေ ရုန်းထွက်လိုက်ပါ။ အပေါ်ကဖိထားတဲ့သူတွေကိုရှိသမျှ ခွန်အားတွေနဲ့ တွန်းထုတ်လိုက်ပါ မနာလိုဝန်တိုတဲ့သူတွေ ချောက်တွန်းဖို့ချောင်းနေတဲ့သူတွေကိုသတိထားပါ။ သူတို့ကိုကြောက်ပြီးပုန်းမနေပါနဲ့ သတ္ထိရှိရှိရင်ဆိုင်ပါ သူတို့ကြောင့်သွားမဲ့ဦးတည်ချက်ကို မပြောင်းလဲပါနဲ့ မဆုတ်မနစ်နဲ့ကြိုးစားမယ်ဆိုရင် ဧရာမလူသားတွေလဲဖြစ်လာနိုင်ပါတယ် ။ ဓမ္မအလင်းရောင် #crd
ဂျာနယ်လစ်တစ်ဦးမှ ခရစ္စတီယာနို ရော်နယ်ဒိုကို.. "မင်းအမေက ဘာလို့ မင်းနဲ့အတူရှိနေသေးတာလဲ။ မင်းဘာလို့ အိမ်မဆောက်ပေးတာလဲ"..လို့ မေးတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက ဘယ်လိုပြန်ပြောလည်းဆိုတော့.. " အမေက ကျနော့်ကို သူ့အသက်ကို မငဲ့ကွက်ပဲ ပြုစုပျိုးထောင်ခဲ့တာပါ။ ကျနော်တို့မှာ ပိုက်ဆံမရှိတဲ့အချိန်က စားစရာတွေကို ကျနော့်ကိုကျွေးပြီး အမေကတော့ ဗိုက်ဆာဆာနဲ့ဘဲ အိပ်ယာဝင်ခဲ့ရတဲ့ရက်တွေရှိခဲ့ပါတယ်။ ကျနော် ကစားသမားတစ်ဦးဖြစ်လာစေရန်အတွက် ကျနော့်ရဲ့ပထမဆုံးဘောကန်ဖိနပ်တစ်ရံဝယ်ဖို့ အမေကအိမ်အကူအဖြစ် တစ်ပတ်လျှင် ခုနစ်ရက်နှင့် ညလုံးပေါက် အလုပ်လုပ်ပြီးရတဲ့ ရတဲ့ပိုက်ဆံလေးနဲ့ ဝယ်ပေးခဲ့တာပါ။ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေအားလုံးဟာ အမေရဲ့ပြုစုပျိုးထောင်မှု့ကြောင့် အောင်မြင်ခဲ့တာပါ။ ကျနော်အသက်ရှင်နေသရွေ့တော့ အမေ့ရဲ့အနားမှာ အမြဲရှိနေမှာပါ။ သူက ကျွန်တော့်ရဲ့ အကြီးမားဆုံးလက်ဆောင်ပါ.."..။ မင်းဘ၀ရဲ့ အောင်မြင်မှု မှန်သမျှတွေဟာ မိဘရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ မကင်းဘူးဆိုတာကို သိထားပါ။ #credit to SBM
🧠သင့်ဉီးနှောက်ကိုမွမ်းမံသင့်တဲ့ အရာ (6) ခု🧠 ၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။ ၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။ တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။ ၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။ “ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။ ၄။ အရမ်းမတွေးပါနဲ့။ အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။ ၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ်ကျင့်တရားကောင်းတဲ့့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။ ၆။ ထင်ချင်သလို ထင်ကြပါစေ။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။ #crd_to_owner_with_respect
без подписи
အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်.. ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။ အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး..... အားငယ်စိတ်ကသာ အားနည်းစေတာပါ။ ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို စွယ်စုံဆင်လို့ခေါ်တယ်။ အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။ ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့..... နှာမောင်းကိုသန်အောင်လုပ်ရတယ်။ သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။ တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင် စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။ အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။ သစ်လုပ်သားတွေကပြောဖူးတယ်။ တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်..... ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။ ပြေးတာမလွတ်လို့ အရိုက်ခံရရင် အရိုးတောင်ထင်တယ်တဲ့။ ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့..... သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။ ပြောချင်တာက..... မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။ တစ်ဖက်မှာအားနည်းရင်..... တစ်ဖက်ဖက်မှာအားသာလာအောင် ကြိုးစားကြ ။ အထက်ပါစကားသည် ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။ ...................&........................... အားနည်းချက်တွေရှိပေမယ့် လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ အနည်းငယ် ထုတ်ပြချင်ပါတယ်... မီးသီးကိုစတင်တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်ဟာ ကျောင်းစာအရမ်းညံ့တယ် ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။ နောက်ဆုံးမှာ...... စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊ ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့ သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။ အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။ ဒါပေမယ့်...... သူဝါသနာထုံတဲ့ တီထွင်မှုကို တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။ အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ လက်နှစ်ဖက်မပါဘူး သူရဲ့အားထုတ်မှုကြောင့် ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ အသုံးပြုလို့ရခဲ့တယ်...။ သိပ္ပံဘွဲ့ရတယ်။ အံ့အားသင့်စရာအကောင်းဆုံးက လေယာဉ်မှုးဖြစ်သွားတာပဲ။ လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ ပြောချင်တာက အားနည်းချက်ကိုယ်စီရှိပေမယ့် ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ လောကကြီးမှအများကြီးပါပဲ...။ လွယ်လွယ်နဲ့မရပါဘူး သူများခြေတစ်လှမ်း လှမ်းရင် သူတို့နှစ်လှမ်းလှမ်းရတယ်။ အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့် စိတ်ပျက်အားငယ်နေမယ်ဆိုရင် အင်အားချိနဲ့နေယုံပဲရှိမှာပါ။ အစွယ်မပါနဲ့ဟိုင်းဆင်ဟာ အားကိုးစရာအစွယ်မရှိပေမယ့် နှာမောင်းကိုသန်အောင်လုပ်ရသလို သင့်ရဲ့ အားနည်းချက်ဆိုတာ မေ့ထားပြီးကြိုးစားကြည့်ပါ။ သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်... အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး အားငယ်စိတ်ကသာ အားနည်းစေတာပါ။ ခင်ဗျားရဲ့ဘဝကို ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။ ပွဲတစ်ပွဲရဲ့အဖြေဟာ..... ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။ စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ် ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။ #crd_to_owner_with_respect
စာဖတ်ပါ။ ဘာသာစကားသစ်တွေသင်ယူပါ။ ကွန်ပျူတာသင်တန်းတွေတက်ပါ။ ဂီတာတီးရတာ သဘောကျရင် ဂီတာတီးသင်ပါ။ ပန်းကလေးတွေကို ချစ်ရင် မခူးဆွတ်ခြင်းဖြင့် မြတ်နိုးပေးပါ။ ခရီးသွားရတာ ကြိုက်နှစ်သက်ရင် ငယ်ရွယ်တုန်းလေး ခရီးတွေ သွားပါ။ အလုပ်တွေဘကြိုးစားပြီး အိမ်မက်တွေကိုအကောင်အထည် ဖော်ပါ။ ပြည့်စုံလာတဲ့ တစ်နေ့ လိုအပ်နေတဲ့ လူတချို့ရဲ့ ဘဝကို ဖေးမကူညီပါ။ လဲကျရင် ပြန်ထ ပင်ပန်းရင် အနားယူပါ။ ဝမ်းနည်းစရာရှိရင် ပျော်ရွှင်ဖူးတဲ့ နေ့ရက်တွေကို သတိရပါ။ မအောင်မြင် သေးခင်မှာ ကိုယ့်ကို စွန့်ခွာသွားတဲ့ သူနဲ့ ကိုယ့်အနားရှိ နေပေးတဲ့သူကို ကောင်း ကောင်း မှတ်ထားပါ။ စိတ်ကို ဖြူစင်အောင်ထား ကိုယ့်စိတ်ကို အရောင်ဆိုးမဲ့ သူတွေကို ဝေးဝေးက ရှောင်ပါ။ မှားမှား မှန်မှန် ဖြေရှင်းချက်တွေ မပေးနဲ့။ အချိန်က စကားပြော လိမ့်မယ်။ ကိုယ်လျှောက်မဲ့ လမ်းကိုသာ အေးအေးဆေးဆေး ဆက်လျှောက်ပါ။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး။ တစ်ခုခုဆို မလုပ်နိုင်ပါဘူး ဆိုပြီး စိတ်ဓာတ် ကျမနေနဲ့။ မင်းလောက် ထက်မြတ်တဲ့သူ ဆိုတာ မရှိဘူး။ ဒီကမ္ဘာကြီးမှာ လိုအင်ဆန္ဒတွေ အားလုံးတော့ ပြည့်ဝမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ကြိုးစား သလောက်တော့ ကိုယ် အကျိုးခံစားခွင့် ရမှာပါ။ လှပတဲ့ နေထွက်ချိန်ကို မြင်နိုင်ဖို့ နည်းနည်းတော့ စောစောထ ရမှာပေါ့ မူးရင်းရေးစားသူအား လေးစားစွာဖြင့်
လူတစ်ယောက်ကို မေးဖူးတယ် ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲလို့။ သူကပြောတယ်.. စိတ်ကိုပဲ ကောင်းကောင်းထားတဲ့။ ဒါမှမဟုတ် စိတ်ကိုကြည်အောင်ထားတဲ့။ အဲ့တည်းက စိတ်ကို ကြည်အောင်ထားတယ်။ Positive ပဲ ရအောင်တွေးတယ်။ နည်းနည်းလေး အနှောင့်အယှက်ဝင်လာတာနဲ့ ရအောင်ခြစ်ထုတ်တယ်။ သိသိသာသာ ကံကောင်းလာပြီး၊ သိသိသာသာ ပျော်ရွှင်လာပါတယ်။ သိသိသာသာပဲ အကောင်းတွေ ရောက်လာတယ်။ စစ်မှန်တဲ့လူတွေနဲ့ တွေ့လာတယ်။ ဆုံးရှုံးခဲ့တဲ့အရာတွေ တစ်စတစ်စပြန်ရလာတယ်။ ကံက ကိုယ်တိုင်ဖန်တီးရတာပဲ ဒါကြောင့် ကံကို မယုံဘူး ကိုယ့်ကိုယ်ကိုယ်ပဲ ယုံပါတယ်။ ပျော်ရွှင်ချင်ရင် စိတ်ကို positive thinking ပဲ ရအောင်မွေးရပါမယ်။ positive energy ပဲ ဖြန့်ဝေရပါမယ်။ မင်းကိုယ်တိုင်က ပျော်အောင်မနေတတ်ရင် ဘယ်ဘုရားမှ မင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူး။ အဆိုးတွေပဲ တွေးနေရင် အဆိုးတွေပဲ ရတယ်။ ကောင်းအောင်နေရင် ကောင်းတဲ့အရာတွေ ဖြစ်လာပါတယ်။ ဒါတကယ် လက်တွေ့ပါ။ ချုပ်ဆိုရရင် စိတ်ကို ကြည်နေအောင်ပဲထားပါ။။ ပျော်ရွှင်မှုတွေကို သိသိသာသာ ရှာတွေ့လာပါလိမ့်မယ်။ သိသိသာသာပဲ အကောင်းတွေ ရောက်လာပါလိမ့်မယ်။ 🌻🦋 crd to #နော်အိမ့်ခြူးမိုးမြင့်
ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ကျောက်တောင်ကြီးတွေ ရှိတာကြောင့် ရှု့ခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ် ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူတွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။အဲဒါကြောင့် ကျွန်တော်ဟာ..ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေ ချာချာ လေ့လာခွင့်ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုင်းတိုက်ရင်သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။ အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။ မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွားစေတယ်။ ဒါကြောင့် ..တချိူ့ နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။ ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။ မုန်တိုင်းအနားကို ရောက်ပြီဆိုမှ မုန်တိုင်း တည့်တည့်ဆီကို အတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာမမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။အဲဒီခဏလေးကိုကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာခံစားရတယ်။ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။စိတ်ပူတယ်။ သောကရောက်တယ်။ကံကောင်းရင် ပြဿနာ အလိုလိုပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာ ခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်။ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပြီးနေမယ်ဆိုရင်ပြဿနာဟာ နောက်က လိုက်လာမှာပါ။ပြဿနာက ဒုက္ခပေးနေမှာပါ။ပြဿနာဆိုတာ ဖြစ်လာရင်အောင်းထားလို့ မကောင်းဘူး။ ပြဿနာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိူး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါ .. ပြဿနာ မဟုတ်ဘူး။ ဒါကြောင့်..ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလိုပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက်ဖြေရှင်းလိုက်ရင်..စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကိုကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။ Credit – ဆရာ ဗန်းမော်သိန်းဖေ
🚔ကားတစ်စီး ရွှံတွေထဲ ရုန်းမရ ဖြစ်နေတယ်။ ကားသမားက အကူအညီ ရလိုရငြား အနီးအပါး လျှောက်ကြည့်တော့ တဲလေးတစ်လုံးကို လှမ်းမြင်ရတယ်။ သူ တဲနား ရောက်တော့ လယ်သမားတစ်ယောက်ကိုလည်း တွေ့ရရဲ့။ အခက်အခဲ ဖြစ်နေလို့ သူ့ကားကို ဆွဲပေးလို့ရတဲ့ ကားတစ်စီးတလေ ဘယ်မှာ ရှိနိုင်မလဲ မေးမြန်းကြည့်တယ်။ ဒီရွာမှာ ကားတစ်စီးမှ မရှိကြောင်း လယ်သမားက ဖြေတယ်။ သူ့နွားတွေကို တခြားရွာက ညီတစ်ယောက်ဆီ အငှားချထားလို့ နွား သုံးလေးကောင်နဲ့ ဆွဲပေးဖို့လည်း အဆင်မပြေဘူးတဲ့။ လယ်သမားကြီးဟာ စကားပြောနေရင်းကနေ တဲနောက်ဘက် ခဏ ဝင်သွားတယ်။ ပြန်ထွက်လာတော့ နွားတစ်ကောင် ပါလာရဲ့။ လက်ထဲမှာလည်း ကြိုးတစ်ခွေနဲ့။ နွားက သန်ပေမယ့် ဒီနွားတစ်ကောင်တည်းနဲ့ ကားကို ဆွဲနိုင်ပါ့မလားလို့ ကားသမားက တွေးတယ်။ သို့သော် ရလိုရငြား စောင့်ကြည့်ရတာပေါ့ဆိုတဲ့အတွေးနဲ့ စောဒက မတက်ဖြစ်။ ရွှံထဲ နစ်နေတဲ့ ကားဆီရောက်တော့ လယ်သမားက ကြိုးကို ကားမှာ ချည်လိုက်တယ်။ ပြီးတော့ သူ့နွားကြီးဘေးမှာ ရပ်ပြီး အော်တယ်။ " ရုန်းလိုက်စမ်း ငနီရေ " နွားကြီးက လှုပ်တောင်မလှုပ်။ " ရုန်းလိုက်စမ်း ငညိုရေ " နည်းနည်းတောင် မလှုပ်။ " ရုန်းလိုက်စမ်း ငအုန်းရေ " ဒီတစ်ခါတော့ နွားကြီး လှုပ်ရွပြီး ရုန်းတယ်။ ကားဟာ နည်းနည်းပဲ ရွေ့ရဲ့။ ရွှံထဲ နစ်ဝင်တာ များနေလို့ တစ်ခါတည်း လွတ်မလာဘူး။ လယ်သမားက နွားကြီးကို ခတ်ဆတ်ဆတ်လေး ပုတ်ပြီး အော်ပြန်တယ်။ " ထပ်ရုန်းလိုက်ပါဦး ငအုန်းရေ " ဒီတစ်ခါ နွားကြီး ရုန်းလိုက်တာ ရွှံထဲက ကားထွက်လာတယ်။ ကားသမားက ကျေးဇူးတင်စကားပြောပြီး သူ သိချင်နေတာကို မေးတယ်။ " နွားကြီးကို ဘာလို့ နာမည်အမျိုးမျိုး ပေးထားတာလဲ " လယ်သမားကြီးက ရှင်းပြတယ်။ " ငအုန်းဆိုတာသာ သူ့နာမည်။ ငအုန်းက မျက်စိ မမြင်ဘူး။ မမြင်လို့လည်း ကျုပ်ညီဆီ အငှားမချဘဲ ချန်ထားတာ။ ခုနက နာမည်အမျိုးမျိုး ခေါ်တယ်ဆိုတာ သူတစ်ကောင်တည်း ဆွဲနေရတာမဟုတ်ဘဲ သူ့အဖော် ငနီတို့ ငညိုတို့လည်း ဘေးမှာ ရှိနေတယ်ထင်အောင်လို့။ သူတစ်ကောင်တည်းမဟုတ်ဘဲ သူ့ဘေးမှာ ကူညီသူတွေ ရှိတယ်ထင်အောင်ပေါ့။ အား ပိုရှိပြီး ရုန်းချင်အောင်ပေါ့ " 🐂 🐂 🐄 ဒုက္ခတစ်ခုကို ကိုယ်တစ်ယောက်တည်း ကြုံနေရတယ်လို့ ထင်တဲ့အချိန် တခြားလူတွေလည်း ကိုယ့်လို ဖြစ်နေကြတာ တွေ့ရရင် ဒုက္ခဝန် ပေါ့လာသလို ခံစားရတာမျိုး လူတွေမှာ ဖြစ်တတ်တယ်။ မီးဘေး၊ ရေဘေး၊ သဘာဝဘေး၊ မင်းဘေးတွေ ကြုံရတဲ့အချိန် ကိုယ်တစ်ယောက်တည်း ထူးပြီး ခံနေရတာမဟုတ်ပါလားဆိုတဲ့အသိက ဒုက္ခဝန်ကို ပေါ့သယောင် ခံစားရစေတယ်။ အတူတူ ကြုံနေရတာမို့ အတူတူ ရုန်းရင် လွတ်နိုင်ပါလားလို့ တွေးမိပြီး အားတက်လာနိုင်တယ်။ (အများစု ဖြစ်နေကြတာမို့ ထူးထွေ ရုန်းမနေတော့ဘဲ ဒီအတိုင်း နေလိုက်တော့မယ်လို့ စိတ်ပျက်အားလျှော့တတ်သူတွေလည်း ရှိမှာပဲ။) လုပ်ငန်းခွင်မှာ တစ်ယောက်တည်း ရုန်းနေရပြီး ကျန်သူတွေ ရေသာခိုနေတဲ့အခါ တကယ် အလုပ်လုပ်နေရတဲ့လူတွေ စိတ်အားလျော့ကျတတ်တယ်။ ကိုယ်သာ အလုပ်လုပ်ပြီး သူတို့ကျ ရေသာခို လစာယူနေကြပါလားဆိုတဲ့အသိက လုပ်ငန်းခွင်ထဲ မျှတမှုမရှိတာကို ခံစားရစေတာကိုး။ တက်ညီလက်ညီ လုပ်ကြရင် အလုပ်လည်း တွင်ပြီး အရာပိုရောက်တာတွေ ဖြစ်လာနိုင်မှာမဟုတ်လား။ ငအုန်းက သူ့ဘေး ငနီနဲ့ ငညို ရှိတယ်ဆိုတဲ့အထင်နဲ့၊ အတူတူ ရုန်းနေကြရပါလားဆိုတဲ့အသိနဲ့ အားရှိလာတာမျိုးက အမြဲတမ်းတော့လည်း ဘယ်ဖြစ်နိုင်မလဲ။ ငနီနဲ့ ငညို ဆွဲနေတာမို့ ငါ ရေသာခိုလိုက်မယ်ဆိုတဲ့ ငအုန်းမျိုးလည်း ရှိနိုင်တယ်။ (ငအုန်းက အဲဒီလို ရေသာခိုရင် လယ်သမားက မြင်နေရမှာကိုလည်း မမေ့သင့်ဘူး။) ဒါ စဥ်းစားရမယ့် အချက်တစ်ချက်။ တချို့လူတွေ ရှိတယ်။ ငအုန်း ရုန်းနေတာ တွေ့တဲ့အခါ အကူအညီ ဝင်မပေးတဲ့အပြင် ငနီတို့ ငညိုတို့ မင်းဘေးနား တကယ် မရှိဘူးဟေ့၊ ငအုန်းရေ မင်းတစ်ကောင်တည်းပဲဟေ့လို့ ဝိုင်းအော်တတ်သူတွေ။ (မင်းကို ညာခိုင်းနေတာဟေ့လို့ စေတနာစကားဆိုတာမဟုတ်ဘဲ ခိုင်းသူရော ရုန်းနေသူပါ စိတ်ပျက်အောင် ဝင်နှောင့်ယှက်တတ်သူတွေကို ဆိုလိုတာပါ။) ဒီလိုလူတွေကို သတိထားသင့်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အဖြစ်တွေနဲ့ နှိုင်းယှဥ်ဆင်ခြင်ကြည့်နိုင်အောင် ဝေမျှလိုက်ပါတယ်။ #စာပဲ့စာရွဲ့လေးများ #စုစုရုံးရုံးရုန်း #Credit-လူသာမန်
အလုပ်မှာ တအား လုပ်မပြပါနဲ့... ====================== တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။ သူမှာနွားပိန်တစ်ကောင်ပဲရှိတယ် လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။ သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ တယ်။ သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး ယောင်ဆောင်ပြီး နေတယ်။ သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။ အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။ လိုက်တောင်တရွတ်ဆွဲနေသေး ၊ နွားလားဥဿဖသိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။ တစ်နေ့တစ်နေ့အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီးကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။ ၃ / ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့ ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။ ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊ အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။ သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။ မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန် တွေရွိတယ်။ အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့ အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့ ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊ ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊ သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။ Crd
မြွေဟောက် တစ်ကောင်က ကျွန်တော့်ကိုပြောတယ်... "ငါကလျှင်မြန်တယ်...အဆိပ်ရှိတယ်...ငါ့ကို လူတွေကြောက်ကြတယ်" တဲ့... ကျွန်တော်သူ့ကို အရမ်းအားကျမိတယ်...သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်.... နောက်နေ့မှာ ကျွန်တော် မြွေပွေး တစ်ကောင်နဲ့တွေ့တယ်... မြွေပွေးက ကျွန်တော့်ကိုပြောတယ်... "ငါက တည်ငြိမ်တယ်...ငါ့ဟာငါ အေးဆေးနေတယ် ..ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး...ဒါပေမယ့် ငါ့ကို တော့ လာမထိနဲ့ ယင်ကောင်တောင် အလွတ်မပေးဘူး" တဲ့... ကျွန်တော် သူ့ကို အရမ်းလေးစားမိတယ်...ကျွန်တော် သူ့လို တည်တည်ငြိမ်ငြိမ် နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်... နောက်တစ်ရက်မှာ ကျွန်တော် ရေမြွေ တစ်ကောင်နဲ့ တွေ့တယ်... ရေမြွေက ကျွန်တော့ကို ပြောတယ်.... "ငါက အဆိပ်မရှိဘူး...ပျော်ပျော်ပဲနေတတ်တယ်...ငါ့ကို လာရန်စ ရင်လည်း ငါဘာမှမတုန့်ပြန်ဘူး..ငါ့မှာ အဆိပ်မရှိမှန်းသိတော့ ဘယ်သူမှ ငါ့ကို မလေးစားကြဘူး....ငါ့ကို ဟာသ တစ်ကောင်အဖြစ်ပဲ လူတွေ သဘောထားကြတယ်" တဲ့... ကျွန်တော် သူ့ကို စိတ်အရမ်းပျက်မိတယ်...အဆိပ်မရှိတဲ့ မြွေတစ်ကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျပါ့မလဲ..ကျွန်တော်သူ့ကို အထင်သေးတယ်...အတုမယူ ထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒီအဖြစ်အပျက်တွေဖြစ်ပြီး ဆယ်ရက်လောက်ကြာတော့ ကျွန်တော် လယ်သမား ကြီး တစ်ဦးနဲ့ တွေ့တယ်...သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော်လေးစားရ တဲ့ မြွေပွေး နဲ့ မြွေဟောက်ဖြစ်နေတယ်... ကျွန်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ်.... " ငါ့လယ်ထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွ....ငါသူတို့ကို မသတ်ချင်ပါဘူး...ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေဆိုတော့ လူတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်...ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ...ကျန်တဲ့တစ်ကောင်ကတော့ ဘာအဆိပ်မှရှိတဲ့ အကောင်မလို့ သတ်စရာ မလိုဘူးပေါ့ကွာ..." တဲ့... ကျွန်တော် နောင်တ တစ်ခုရလိုက်သလို...အသိတရား တစ်ခုလည်း ရလိုက်တယ်..."လောက မှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံးဆိုတာကို...အဲ့ နေ့က စပြီး ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်... " ကိုယ့်ခန္တာ မှာရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီး...ငြိမ်းချမ်းတဲ့ ဘဝ...လွတ်လပ်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့နဲ့..ကြုံလာသမျှ အတိုက်အခိုက်ကို အပြုံးနဲ့ပဲတုန့်ပြန်ဖို့ပါ."... ဖတ်ပြီး မျှဝေပါ။ Credit - ဦးဘုန်း (ဓာတု)
ဒီဓါတ်ပုံကို စမြင်တုန်းက သဘောရိုးပဲတွေးမြင်ခဲ့တာပါ။ ကြောင်လေးက မြွေဟောက်ရဲ့အမြီးကို ကြွက်လို့ထင်ပြီး ဖမ်းဖို့ပြင်နေတဲ့ ပုံပေါ့။ သေချာလေ့လာကြည့်မှ ဒါဟာ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Mr.Marco Melgrati ရေးဆွဲခဲ့တဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။ မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ မင်းလုံးဝမသိသေးပဲ လွယ့်လင့်တကူ မကစားပါနဲ့.. သူများက မင်းအကြောင်း အကုန်လုံးကို မြင်ပြီး သိပြီးသားပါ မင်းကို မသတ်ချင်သေးလို့ ကြည့်နေတယ် ဆိုတာ မှတ်ပါ။ ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့ လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။ မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့ နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အမြဲသတိရှိပါ ဒါကြောင့် လူတိုင်းကို လွယ်လွယ်နဲ့ ပေါ့ပေါ့တန်တန်တွေးပြီး မဆက်ဆံပါနဲ့ လေးစားမှုရှိပါ။ တစ်ချို့က ကိုယ့်လုပ်ရပ်ကို တစ်ခြားလူမသိဘူးထင်ပြီး လွယ်လွယ်နဲ့ကစားချင်ကျတယ် Writer Oranginal
မင်းလိုလူစား အများကြီးဟေ့။ ***************************** ပျားရည်ရောင်းသူက ကြော်ငြာပြီး ရောင်းတယ်။ "ပျားရည်အစစ်ဆိုတာ ခွေးမစားဘူး။ ခွေးစားရင် အဲဒါ ပျားရည် မစစ်ဘူး။" အခု သူရောင်းနေတဲ့ ပျားရည်ကို လက်တွေ့ စမ်းသပ်နိုင်ကြောင်း သူ့ ပျားရည်ဟာ အစစ်ဖြစ်သောကြောင့် ခွေးမစားဘူး ဟူ၍ ကြော်ငြာရောင်းလေပါရော။ အဲဒီမှာ လူတစ်ယောက်က ကြားဖြတ်ပြီး ဝင်မေးပါတယ်။ "တကယ်လို့ ခင်ဗျားရဲ့ ပျားရည်ကို ခွေးစားရင်ရောဗျာ။" ပျားရည်ရောင်းသူက ယုံကြည်စွာပဲပြန်ဖြေပါတယ်။ "အဲဒါ ခွေးမစစ်လို့ပေါ့။" *စျေးရောင်းသူက သူ့ပျားရည် စစ်ဖို့အတွက် ခွေးတောင် ခွေးအစစ်မဟုတ်ဘူး ပြောသွားလေရဲ့။ သိုးကလေးက စမ်းချောင်းမှာ ရေဆင်းသောက်တယ်။ ဝံပုလွေဆိုးက သိုးကလေးကို စားချင်တယ်။ ဒါပေမယ့် မတရားစားတယ်၊ အနိုင်ကျင့်တယ်လို့ ပတ်ဝန်းကျင်က သမုတ်မှာစိုးတဲ့အတွက် သိုးကလေးကို အပြစ်ရှာတယ်။ "မင်း ငါသောက်မယ့် ရေတွေကို အနယ်ထအောင် လုပ်တယ်။" "သေချာကြည့်ပါအုန်း ဝံပုလွေကြီးရယ် ကျနော်က ဝံပုလွေကြီးရဲ့ ရေစုန်ဘက်မှာ နေတာပါ။ ကျနော့်ကြောင့် ဘယ်လိုလုပ်ပြီး ရေက နောက်ရမှာလဲ။" ဝံပုလွေက "မရဘူး .. မင်းကြောင့် ရေမနောက်ပေမယ့် မင်းမိဘတွေကြောင့် ရေနောက်ဖူးတယ်။အဲဒီတော့ မင်းကို ငါ စားရမှာပဲ။" *ဘယ်လိုဖြေဖြေ သူ့အဖြေကအမှားပဲ။ ငါပြောတာ အမှန်ပဲ ဆိုပြီး သူ့အသားကို စားချင်တဲ့ ဝံပုလွေကြီးရဲ့ အမှန်တရားကလည်း အံ့ဩစရာပါပဲ။ လူနှစ်ယောက်က ဒင်္ဂါးပြား ခေါင်းပန်းလှန်တယ်။ တစ်ယောက်က ခေါင်းကျလည်း စားလိုက်တာပဲ။ ပန်းကျလည်း စားလိုက်တာပဲ။ အဲဒီတော့ တခြားတစ်ယောက်က မေးတယ်။ "ကျနော်က ဘယ်လိုကျမှစားရမှာလဲ" ဟိုလူက တရားမျှတစွာပြန်ဖြေတယ်။ "မင်းက ထောင်နေမှ စားရမှာ။" *အဲ့ဒီလူကြီးရဲ့ အမှန်တရား၊၊ တရားမျှတမှုကလည်း ကြောက်စရာ။ *ဖနောင့်ရှည်ပြီး ဖိနပ်အမြီးတိုနေသူကဖိနပ်နဲ့ ကွက်တိ ဖြစ်အောင် ဖနောင့်ကို ဖြတ်ခိုင်းတဲ့ အမှန်တရား။ *'အမြီးပြတ်မြေခွေးက အမြီးရှိမြေခွေးတွေကို အမြီးဆိုတာ အပိုသက်သက်ပဲ။ အမြီးရှိနေတဲ့အတွက် ဘာမှ ပိုထူးခြား မလာဘူး' ဆိုပြီး အမြီးရှိ မြေခွေးတွေကို သူ့လို အမြီးပြတ်ဖြစ်စေဖို့ အမြီးဖြတ်ဖို့ တရားဟောတဲ့ အမြီးဖြတ် အမှန်တရား။ *ရေပါတာပဲ လိုချင်တယ် ရေဗူးပေါက်တာ မလိုချင်ဘူး။' ဆိုတဲ့ အကြောင်းမကောင်းဘဲ အကျိုးကောင်းထွက်ချင်နေသော အကြောင်းမကြည့်ဘဲ အကျိုးကိုသာ လိုချင်သော ထူးသည့်အမှန်တရား။ *အဖွဲ့အစည်းတစ်ခုမှာ အမှားအယွင်းတစ်ခု ကြုံရသောအခါ အသီးသီးသော အဖွဲ့ဝင်တွေက 'ကျနော်ကတော့ မမှားဘူးနော်' ဆိုပြီး အမှန်တရား ဆိုတာကို မုန့်လုနေသလို သူ့ထက်ငါ ဦးအောင်ပြောပြီး အပြောနှေးသူက မှားတဲ့ကောင်ဖြစ်ရသော လုယူပြီး မှန်ရသည့်အမှန်တရား။ ဤသို့ ထူးဆန်းသောအမှန်တရား။ လွန်စွာ တရားမျှတသောအမှန်တရား။ လွန်စွာ ယထာဘူတကျသည့် အမှန်တရားမျိုးများကို ကိုင်စွဲရပ်တည်နေကြသည့် မဟာ့ မဟာလူသားများသည် ဤကမ္ဘာမြေပေါ်၌ အားရ ကျေနပ်ဖွယ်ရာ တည်ရှိနေသည်ဟု ကျွန်တော်သဘောပေါက်မိပါသည်။ Credit to Aung Swe
အပြစ်ပြောခံရမှာကြောက်ရင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ်။ ဒါတောင်မှ ဘာမှမလုပ်ဘူးဆိုပြီး အပြောခံရဦးမှာ မဟုတ်လား။ အလုပ်လုပ်တဲ့သူကတော့ အပြောခံရမှာပဲ။ လူ့ပါးစပ်ဆိုတာ အကောင်းလည်းပြော မကောင်းလည်း ပြောတတ်ကြတာပဲလေ။ ဘယ်လိုပဲပြောပါစေ ကိုယ့်ဘက်က မပြောင်းလဲဖို့ဘဲ အရေးကြီးတယ်။ လူ့သဘောက တည့်ရင် အကောင်းပြောမယ်။ မတည့်ရင် အစောင်းပြောမယ်။ ချစ်ရင် အပြစ် မကြည့်ဘူး။ မုန်းရင် အပြုံး မရှိဘူး။ အဆင်ပြေရင် ဆင်ခြေပေးပြီး ကာကွယ်ပေးမယ်။ အဆင်မပြေရင် အထင်သေးပြီး မညှာဘေးဖယ်မယ်။ ဒါဟာ ပြောင်းလဲတတ်တဲ့ ပုထုဇဉ်လူသားတွေရဲ့သဘာဝပဲ။ ဒါကြောင့် အချစ်ပြောလို့လည်း မသာယာနဲ့။ အပြစ်ပြောလို့လည်း မခါပါနဲ့။ အကောင်းပြောခံရရင် သတိအားယူ။ အစောင်းပြောခံရရင် စိတ်အင်အားယူ။ စကားဆိုတာ ခံစားပြီး ပူနေရမှာ မဟုတ်သလို ပြန်ကြားပြီး ငူနေရမှာလည်း မဟုတ်ဘူး မမြဲတဲ့ ပညတ်အသံလို့သာ သဘောထား ကိုယ့်အလုပ်ကိုယ် ကြိုးစားဖို့ပါပဲ။ Credit to (✍🏻ဆရာတော်မနာပဒါယီအရှင်ဝိစိတ္တ- ဒိုက်ဦး)