စိတ်ဓာတ်ကြတိုင်း စာဖတ်ဆို့
Статистика- Последний пост
- 16 мар. 2024 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
လူဆိုတာကိုယ့်ရဲ့စိတ်ထဲကအတွေးက ကိုယ့်ရဲ့အဆင့်အတန်းကိုဖော်ပြတာပါ တစ်နည်းအားဖြင့် tg လို့ပြောလိုက်တာနဲ့ အမျိုးမျိုးတွေးကြပါလိမ့်မယ် ကိုက tg မှာမဟုတ်တာတွေလျောက်လုပ်ထားမယ်ဆို ကို့အမြင်မှာက မဟုတ်တာတွေလျောက်လုပ်လို့ရတဲ့ app လို့ဘဲမြင်နေမှာပါ သို့သော်ကိုက tg မှာ ကိုယ့်ဘဝအတွက်တိုးတတ်ရာတိုးတတ်ကြောင်းအထောက်အကူဖြစ်မဲ့အရာတွေ ကောင်းတဲ့အရာတွေဘဲ ထားထားမယ်ဆို tg က ကောင်းမွန်တဲ့app အဖြစ်မြင်ရမှာ * အခုလိုပြောပြရခြင်းက လူတစ်ချို့သည် tg လို့ပြောလိုက်တာနဲ့ 18+ app လို့မြင်နေသော လူတစ်ချို့ရှိနေလို့ပါ* အပေါ်မှာပြောသလိုဘဲ ကိုယ့်ရဲ့အတွေးက ကိုယ့်ရဲ့အဆင့်အတန်းကိုဖော်ပြနေတာပါ။
အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေး အရသာက တမူထူးခြားနေပါလိမ့်မယ်။ (၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်း ထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ် တတ်ဖို့ နားလည်ပါ။ (၃) ကိုယ့်ကိုယ်ကို လေးစားပါ။ သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ (၇) လောဘမကြီးနဲ့။ မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံ ဘူး။ (၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလို တယ်။ (၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့် တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။ (၁ဝ) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူ မျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။ (၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ (၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူ ခြင်းမှာ မငြီးငွေ့ပါနဲ့။ (၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။ (၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မ လိုဘဲ လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်း ကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။ (၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ် ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ် ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အ ရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုး ကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။ (၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။ (၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါ ပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့ ဆုံးရှုံးသွားစေမှာ။ နည်းနည်းသည်းခံလိုက် နည်းနည်းတောင့်ခံလိုက် တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။ (၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သ င့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေ ပေါ်မှာပဲ စူးစိုက်မထားပါနဲ့။ (၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွား တဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူ တယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ် နုတ်ထွက်တတ်အောင် သင်ယူပါတယ်။ (၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူ တွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရ မယ်။ #credit
အောင်သင်း စာအုပ်များစုစည်းမှု ကျွန်တော်ကျောင်းဆရာ https://www.mediafire.com/download/x18kt2ujgm1dguz ကန့်ကူလက်လှည့် https://www.mediafire.com/download/i8tj54t4gwsm5a4 အမွေ https://www.mediafire.com/download/1wgot8u2e9rb4f4 အနာဂတ်ကို မကြောက်နဲ့ https://www.mediafire.com/download/nxx8iy36fy1i9ro မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ http://www.mediafire.com/?52i7ppib642v4gu ပေးသူနှင့် ယူသူ https://www.mediafire.com/download/4sofco5mwmwbdrm လက်ခံလိုက်စမ်းပါ တကယ့်အနုပညာ https://www.mediafire.com/download/tccjnwyxxqpkj3a တစ်ခါတုန်းကတပည့်တွေ.pdf https://yadi.sk/i/P_NXvIZu3QAMKd ကျွန်တော့်ကွန်ပျူတာ.pdf https://yadi.sk/i/oeQbVmil3QAMKV မျိုးဆက်သစ် တိုးတက်ရစ်ဖို့..အောင်သင်း.pdf https://yadi.sk/i/JDGHAqFIewnsJ အောင်သင်း-သံလွင်ရွက်သရဖူ.pdf https://yadi.sk/i/q-3RsONP3QAMKt ရှင်ဘုရင်ပါပဲနှင့်ရွှေပြည်တန်သောဆောင်းပါးများ.pdf https://yadi.sk/i/r8G0gBO33QAMKh ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ pdf https://yadi.sk/i/HHRqUskxewnsU အတွေ့အကြုံနှင့်အတွေးအကြံ.pdf https://yadi.sk/i/tFwZh1L9jLZ5x ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု.pdf https://yadi.sk/i/dGHXjvfzewntD သိချင်စိတ်.pdf https://yadi.sk/i/WqG8IocOewnst စဉ်းစားစရာလေးတွေ.pdf https://yadi.sk/i/3MCOOW0kewntK သေကိန်းဆိုက်တဲ့ည.pdf https://yadi.sk/i/ri-SawNiewntH အနာဂတ် ကို မကြောက်နဲ့.pdf https://yadi.sk/i/me2p1KKDewnt5 သရက်ထောင်ဖောက်ခဲ့စဉ်က.pdf https://yadi.sk/i/rRdGBgOPewnsp မျိုးဆက်သစ်အတွက်ပိဋကတ်မိတ်ဆက်.pdf https://yadi.sk/i/uHtZqXveewntM စာရိတ်တမာန pdf https://yadi.sk/i/22mWwTb8qsSXv ဝတ္ထုရေးရာဆောင်းပါးများ.pdf https://yadi.sk/i/Gf1Vn6SfgtDjs စာပေလူကြမ်းမင်းသားအောင်သင်းနှင့်တွေ့ဆုံခြင်း.pdf https://yadi.sk/i/0lNnWzFlewnsE မျိုးဆက်သစ်အတွက်ဂန္ထဝင်မိတ်ဆက်.pdf https://yadi.sk/i/RlnaJ3TYewnsQ အတွေးစကားများ.pdf https://yadi.sk/i/g6VIX3Ifewnt7 ကိုယ်တွေ့စာစီစာကုံး.pdf https://yadi.sk/i/uMmzFdtkewnry သူတို့နဲ့ကျွန်တော်.pdf https://yadi.sk/i/8JBN-4smewnsv ရွှင်ရွှင်ပြုံးပြုံးစာစီကုံး.pdf https://yadi.sk/i/yF5DyvQhewnsY စဉ်းစားမိသမျှ.pdf https://yadi.sk/i/nidiXcMX3QAML2 တောင်တွင်း၏အောင်သင်း.pdf https://yadi.sk/i/mCSMFPs1jLZ9n ကျွန်တော်ကျောင်းဆရာ.pdf https://yadi.sk/i/JX3jKLgkewns6 အောင်သင်းအမေးသူတို့အဖြေ.pdf https://yadi.sk/i/Q7S6PhajewntR သူတို့အလွမ်း ကျွန်တော်တို့အလှ.pdf https://yadi.sk/i/e0OaXffv3QAMKn
без подписи
" စကားလက်ဆောင် ( ၁၀၀ )" (၁) စာဖတ်သည့် အလေ့အထလုပ်ပါ။ (၂) အရာရာကို လေးလေးနက်နက် တွေးခေါ်ပါ။ (၃) ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ (၄) အကြောင်းအရာမှန်သမျှ စေ့စေ့စပ်စပ် လေ့လာပါ။ (၅) ပြောတိုင်း ယုံသည့်အကျင့် ဖျောက်ပါ။ (၆) စကားကို မပြောသင့်၊ ပြောသင့် အရင်စဉ်းစားပါ။ (၇) ဘယ်အခြေအနေမျိုးကိုမဆို တည်ငြိမ်ရင့်ကျက်ပါ။ (၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ် အပြုံးဖြင့် ရပ်တည်ပါ။ (၉) ဘယ်နေရာဒေသပဲရောက်ရောက် သတိ၊ဝီရိယနဲ့ နေပါ။ (၁၀) လူတိုင်းပေါ်မှာ စိတ်ကောင်းထားပါ။ (၁၁) စေတနာသန့်သန့်နဲ့ ကူညီရိုင်ပင်းပါ။ (၁၂) လေကောင်းလေသန့် အမြဲရှူပါ။ (၁၃) သဘာဝရှူခင်းတွေကို အမြဲကြည့်ပါ။ (၁၄) နှလုံးသားထဲကနေ ထာဝရဘုရားတည်ပါ။ (၁၅) စိတ်ကူးတွေ လက်တွေ့အကောင်ထည်ဖော်ပါ။ (၁၆) မိဘကျေးဇူးကိုတော့ သိပါ။ (၁၇) မိမိဝါသနာပါရာကိုတော့ မုချလုပ်ပါ။ (၁၈) လောဘတတ်သင့်သလောက်ပဲ တတ်ပါ။ (၁၉) ဒေါသဖြစ်စေမည့်အရာမှန်သမျှ ရှောင်ကြဉ်ပါ။ (၂၀) ဆင်းရဲတွင်းကနေ ရုန်းထွက်ပါ။ (၂၁) စိတ်ရွှင်လန်းစေမည့် ဟာသကားလေးတွေ ကြည့်ပါ။ (၂၂) သူတစ်ပါးအပေါ် မနာလိုစိတ်လျှော့ပါ။ (၂၃) မိမိကိုယ်ကို တုနိုင်အောင် ကြိုးစားပါ။ (၂၄) အသက်အရွယ်မရွေး ဆရာတင်ပါ။ (၂၅) အောင်မြင်သူတွေဆီကနေ လေ့လာပါ။ (၂၆) လူကြီးသူမအပေါ် ရိုသေပါ။ (၂၇) ဝတ်စားဆင်ယဉ်မှုကို ထိန်းသိမ်းပါ။ (၂၈) ဒုစရိုက်မှုမှန်သမျှ ရှောင်ကြဉ်ပါ။ (၂၉) ဒုက္ခဟူသမျှ သုခမှတ်ယူပါ။ (၃၀) လေးစားသင့်သူမှန်သမျှ လေးစားပါ။ (၃၁) ချီးကျူးထိုက်သူကို ဂုဏ်ပြုပါ။ (၃၂) မိမိအပျော်ကို တစ်ပါးသူဝေမျှပါ။ (၃၃) စိတ်ထဲရှိသည့် ခံစားချက်မှန်သမျှ စာအဖြစ် ချရေးသည့် အလေ့အထပြုလုပ်ပါ။ (၃၄) အမှား/အမှန် ဝေဖန်ပိုင်းခြားပါ။ (၃၅) ကုသိုလ်ကောင်းမှု များများလုပ်ပါ။ (၃၆) ပစ္စည်း သင်္ခါ၊ လူ သင်္ခါမို့ ဘာကိုမှ စွဲလန်းမှုမထားသင့်ပါ။ (၃၇) တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ။ (၃၈) သူတစ်ပါးရဲ့ အတွေးအခေါ်ကို လက်ခံပါ။ (၃၉) အစားအသောက်ဆင်ခြင်ပါ။ (၄၀) နေ့တိုင်း မေတ္တာပို့ပေးပါ။ (၄၁) သည်းခံစိတ်မွေးမြူပါ။ (၄၂) ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ (၄၃) သူတစ်ပါးနေရာကနေ ဝင်ကြည့်ခံစားပေးပါ။ (၄၄) နှစ်သိပ့်ပေးရမည့်သူကို နှစ်သိပ့်ပေးပါ။ (၄၅) ပရဟိတစိတ်လေး ရှင်သန်ပါ။ (၄၆) ကြီးနိုင်ငယ်နင်း တိရစ္ဆာန်စိတ် ဖျောက်ပါ။ (၄၇) မိမိခံစားချက်ကို ရှေ့တန်းတင်တာလေး လျှော့ပါ။ (၄၈) ရိုးသားပွင့်လင်းပါ။ (၄၉) နေရာတကာမှာ ဆရာကြီးမလုပ်သင့်ပါ။ (၅၀) စကားပြောနေရင် ဖြတ်မပြောသင့်ပါ။ (၅၁) ကလေးငယ်များကို ချစ်ပါ။ (၅၂) တိရစ္ဆာန်လေးတွေလည်း ဂရုဏာထားပါ။ (၅၃) အားလပ်ရက်ခရီးစဉ်လေးတွေ စီစဉ်ပါ။ (၅၄) အကြောက်တရား လျှော့ပါ။ (၅၅) ရှက်သင့်တာကို ရှက်ပါ။ (၅၆) အတင်းတုတ်လေးတွေလည်း လျှော့ပါ။ (၅၇) အပြစ်လုပ်မိရင် ဆေးကြောပါ။ (၅၈) သာသနာကို စောင့်ထိန်းပါ။ (၅၉) ရာထူးသည် မမက်သင့်ပါ။ (၆၀) သူတစ်ပါးမျက်ရည်ကျမှ ထမင်းစားမဝင်သင့်ပါ။ (၆၁) အရာရာတိုင်းကို မ'အ'သင့်ပါ။ (၆၂) ကြင်နာတတ်သည့်နှလုံးသားရှိပါ။ (၆၃) ခေါင်းရှောင်တတ်တဲ့ အကျင့်ဖျောက်ပါ။ (၆၄) တာဝန်နှင့်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ပါ။ (၆၅) အပြောနှင့်အလုပ် ညီပါ။ (၆၆) သူတစ်ပါးကို မနှောက်ယှက်သင့်ပါ။ (၆၇) မိမိကိုယ်ကို ဝေဖန်သုံးသပ်ပါ။ (၆၈) မိမိချွေး၊ မိမိသွေးနဲ့ ရသည့် ဝင်ငွေကိုပဲ တက်မက်ခုံမင်ပါ။ (၆၉) ကြွားဝါးလိုသည့်စိတ်ကို စိတ်ဖျောက်ပါ။ (၇၀) အမုန်းမပွားသင့်ပါ။ (၇၁) အငြိုးမထားသင့်ပါ။ (၇၂) မိမိကိုယ်ကို ဂုဏ်မဖော်သင့်ပါ။ (၇၃) အနာဂတ်ကို ရှေးရှု့ပါ။ (၇၄) ဘဝကို စနစ်တကျတည်ဆောက်ပါ။ (၇၅) စိတ်ဓာတ်၊ စည်းကမ်း၊ ပညာသည် လူ၏ တန်ဖိုးပါ။ (၇၆) နှုတ်ရိုင်း၊ လက်ကြမ်းသည်းခံပါ။ (၇၇) မျှတစွာ တွေးတောပါ။ (၇၈) သူတစ်ပါးကို မပြိုင်ပါနှင့်၊ မိမိကိုယ်ကို ပြိုင်ပါ။ (၇၉) ကလေးငယ်များကို မြေတောင်မြှောက်ပေးပါ။ (၈၀) အများနှင့်မတူအောင် တီထွင်မှုလေးတွေ ပြုလုပ်ပါ။ (၈၁) ဘယ်အရာကိုမှ မပေါ့ဆသင့်ပါ။ (၈၂) မတရားတာမှန်သမျှ တရားနဲ့ ခြေဖျက်ပါ။ (၈၃) လူကောင်းတစ်ယောက်အဖြစ် ဖြတ်သန်းပါ။ (၈၄) မပျင်းရိသင့်ပါ။ (၈၅) အလုပ်မရွေးသင့်ပါ။ (၈၆) သူတစ်ပါးအနာကို မဆွသင့်ပါ။ (၈၇) ခေါင်းဆောင်ကောင်း ဖြစ်အောင် ကြိုးစားပါ။ (၈၈) ပြဿနာတိုင်းကို မီးမမွေးသင့်ပါ။ (၈၉) မိမိကိုယ်ကို နားလည်ပါ။ (၉၀) လောကကြီးကို စိတ်မပျက်သင့်ပါ။ (၉၁) ကံကို အပြစ်ပုံမချသင့်ပါ။ (၉၂) အမြင်ကျယ်ပါ။ (၉၃) ဘေးပတ်ဝန်းကျင်ကို နားစွင့်ပါ။ (၉၄) ပညာဂုဏ်မမောက်သင့်ပါ။ (၉၅) ဘဝင်လေမဟပ်သင့်ပါ။ (၉၆) အနန္တောအနန္တငါးပါးကို ဦးထိပ်ထားပါ။ (၉၇) ပန်းပျိုလက်ဖြစ်အောင် ကြိုးစားပါ။ (၉၈) အမှန်တရားကို ချစ်မြတ်နိုးပါ။ (၉၉) ဘယ်သူ့ကိုမှ မနိမ့်ချသင့်ပါ။ (၁၀၀) လောကကြီးကို အလှဆင်ပါ။ #credit
(1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုမော့ကြည့်ပြီး ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။ (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။ (3)ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့် ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။ (4)တခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တနေရာသွားပြီး အော်ငိုပစ်လိုက်ပါ ငိုသင့်ရင်လည်း ငိုလိုက်ပါ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။ (5)တခါတလေ ဝမ်းနည်းနေရင်လည်း အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။ (6)အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ.. တချို့ကျတော့ ကြိုးစားပေမယ့် အဆင်မပြေပြန်ဘူး... မကြိုးစားပဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။ (7)ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။ (8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။ (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ (10)လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ် အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။ (11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ... ကိုယ်ကျင့်တရားကောင်းအောင်နေပါ ကိုယ်ကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် ကိုယ်သင်းနံ့မွှေးနေမှာပါ။ (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့... အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။ (13)အမှား ရှိခဲ့တိုင်းလည်း အပြစ် မဟုတ်ပါဘူး... တစ်ချို့အမှားတွေက သန့်ရှင်းပါတယ် လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အဓိက အမှားတွေကို သင်ခန်းစာအဖြစ် ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့ အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။ (14)လူလူချင်းစာနာတတ်သူ.. စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ.. နားလည်းခွင့်လွတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။ (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။ (16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ... ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။ (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲ ပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ (18)"ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲ ပြောပြော တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။ (19)ချမ်းသာတဲ့သူငယ်ချင်း အပေါင်းအသင်း ရှိဖို့မလို့ဘူး ... နေပူမိုးရွာ လက်ချင်းတွဲလို့ ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ် သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။ (20)သူငယ်ချင်းကောင်း မိတ်ဆွေကောင်းလိုချင်ရင်... သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ သူတစ်ပါး အပေါ်ကို ကောင်းမှသာ သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။ #Credit
အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ လူကြီးဆန်ခြင်း တစ်မျိုးပါ။ အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တစ်မျိုးပါ။ အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီးခြင်း တစ်မျိုးပါ။ အဖြစ်အပျက် အမှန်ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။ စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။ မေတ္တာရဲ့ အအေး အနွေး ဟာ အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။ ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့... ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့... နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို... နားမလည်ချင်တဲ့ သူအတွက် ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။ စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့ ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။ လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ နောက်ဆုံးမှာ တကယ်မနစ်နာသလို ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း နောက်ဆုံးမှာ တကယ် မရှူံးပါဘူး..... ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။ ................,......,...............................,....................... ဝေဖန်တဲ့ ပတ်ဝန်းကျင်ကို ကြောက်နေရင် အောင်မြင်တဲ့ ပန်းတိုင်ကို မရောက်နိုင်ဘူး။ လူတိုင်းက သင့်အတွက် မိတ်ဆွေကောင်း မဖြစ်နိုင်သလို လူတိုင်းက သင့်ရဲ့ ရန်သူတွေလည်း မဟုတ်ကြပါဘူး။ လူတိုင်းက သင့်ကို ချစ်ခင်ဖို့ ဆိုတာ မဖြစ်နိုင်သလို လူတိုင်းက သင့်ကို မုန်းနေကြမှာလည်း မဟုတ်ပါဘူး။ လူတိုင်းက သင့်အကြောင်း စဉ်းစားနေကြမှာ မဟုတ်သလို လူတိုင်းက သင့်ကို နားလည်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ လူတိုင်းက သင်ထင်တဲ့အတိုင်း မဖြစ်နိုင် သလို လူတိုင်းက သင်နဲ့ သဘောထားချင်း ထပ်တူမကျနိုင်ဘူး။ လူတိုင်းက သင့်စိတ်တိုင်းကျ အသက်ရှင် နေကြတာ မဟုတ်သလို လူတိုင်းရဲ့စိတ်တိုင်းကျ ဖြစ်အောင် သင်က လိုက်လုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ လူတွေက သင့်အပေါ် နားလည်မှ ုတွေ ပေးတယ်ဆိုတိုင်း သင် အမြဲတမ်း မှန်နေတာ မဟုတ်သလို လူတွေက သင့်အပေါ် ကဲ့ရဲ့ရှုပ်ချ တိုင်းလည်း သင် အမြဲတမ်း မှားမနေနိုင်ပါဘူး။ သင့်ကို ချစ်ခင်နေတဲ့ သူတွေက သင့်ရဲ့ဆိုးကွက်ပေါင်း များစွာကို အပြစ်လို့ မမြင်ပဲ နားလည်ခွင့်လွတ် ပေးကြလိမ့်မယ်။ သင့်ကို မနာလိုတဲ့ သူတွေက သင့်ရဲ့ကောင်းကွက်ပေါင်း များစွာကို ချီးမွမ်းစရာလို့ မမြင်ပဲ နစ်နာစေဖို့ ရွယ်ရည်ပြီး ကဲ့ရဲ့ကြလိမ့်မယ်။ တစ်ကယ်တော့ လူတိုင်း လူတိုင်း တန်ဖိုးရှိတဲ့ လူ့ဘဝ ဆိုတာကို ထပ်တူမကျတဲ့ လူတွေ ကြားထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ညှိရင်း တည်ဆောက် နေကြရတာပါပဲ။ #credit
၁။ အာရိုက်လွန်းရင် လိမ်လည်တတ်လာလိမ့်မယ်။ ၂။ စဥ်းစားလွန်းရင် စိတ်ဖိစီးလာလိမ့်မယ်။ ၃။ ငိုကြွေးလွန်းရင် အမြင်အာရုံ ဆုံးရှုံးရလိမ့်မယ်။ ၄။ ချစ်လွန်းရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးရလိမ့်မယ်။ ၅။ ဂရုစိုက်ပေးလွန်းရင် ပေါ့ပေါ့တန်တန် သဘောထားခံရလိမ့်မယ်။ ၆။ ကျီစယ်နောက်ပြောင်လွန်းရင် အရာမဝင်သလို သဘောထားခံရလိမ့်မယ်။ ၇။ ယုံကြည်လွန်းရင် သစ္စာဖောက်ခံရလိမ့်မယ်။ ၈။ အလုပ်လုပ်လွန်းရင် စိတ်သောကနဲ့ သေရလိမ့်မယ်။ ၉။ အစားမက်လွန်းရင် အစွဲအလမ်းကြီးလာလိမ့်မယ်။ ၁၀။ အအိပ်မက်လွန်းရင် ချောင်ခိုပျင်းရိလာလိမ့်မယ်။ ၁၁။ ဖြုန်းတီးလွန်းရင် အနာဂတ်မဲ့လာလိမ့်မယ်။ ၁၂။ ပြင်ဆင်ခြယ်သလွန်းရင် ပင်ကိုအလှ ဆုံးရှုံးရလိမ့်မယ်။ ၁၃။ ငေးမောလွန်းရင် ရည်စူးရာကို လက်လွှတ်ရလိမ့်မယ်။ ၁၄။ သည်းခံလွန်းရင် အနိုင်ကျင့်ခံရလိမ့်မယ်။ ဒါပေမယ့် ... ၁၅။ ကောင်းကောင်းမွန်မွန် ဂရုစိုက်စောင့်ရှောက်ခံရလွန်းတဲ့အခါ မကောင်းမှုတွေကို စိတ်လိုလက်ရ ရှောင်ရှားနိုင်လိမ့်မယ်။ ၁၆။ မဖက်တွယ် မဆုပ်ကိုင်ဘဲ စွန့်လွှတ်နိုင်လွန်းတဲ့အခါ စိတ်ငြိမ်းချမ်းမှု ရလိမ့်မယ်။ #credit
ဘဝဇာတ်ခုံ ငိုချင်ပေမယ့်လည်း..... ပြုံးပြခဲ့ရတာတွေရှိခဲ့ဖူးတယ်။ ပြောချင်ပေမယ့်လည်း..... နှုတ်ပိတ်ခဲ့ရတာတွေ ရှိခဲ့ဖူးတယ်။ နာကျင်ပေမယ့်လည်း.... ကြိတ်မှိတ်ပြီးနေခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်။ စိတ်လျော့ချင်ပေမယ့်လည်း.... အားတင်းပြီးနေခဲ့ရတွေလည်း ရှိခဲ့ဖူးတယ်။ အရှုံးပေးချင်ပေမယ့်လည်း... ရည်ရွယ်ချက်တွေအတွက် ကြိုးစားခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်။ ပေါက်ကွဲချင်ပေမယ့်လည်း..... ရင်ထဲမျိုချလိုက်ရတာလည်း ရှိခဲ့ဖူးတယ်။ ပြောဖို့စကားတွေရှိနေပေမယ့်လည်း... စာနာထောက်ထားပြီး သည်းခံခဲ့ရတာလည်းရှိခဲ့ဖူးတယ်။ အနိုင်ယူလို့ရပေမယ့်လည်း... အခြေအနေအရ အရှုံးပေးခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်။ ရင်နာပေမယ့်လည်း... ဟန်ဆောင်ခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်။ ရင့်ကျက်လာတဲ့ လူတစ်ယောက်ဖြစ်ဖို့က ဘဝဇာတ်ခုံမှာ ပုံစံအမျိုးမျိုးနဲ့သရုပ်ဆောင်လာရတာပါ။ ဒါတွေဟာ..... ကျော်ပြီး ဖတ်လို့ မရသလို မဖတ်ချင်လို့လဲ မရတဲ့ လောကဓံကပေးလာတဲ့ သင်ခန်းစာတွေပါ။ ဘဝဆိုတာကလည်း..... ကိုယ့်ဘဝကို တစ့်နေ့ထက်တစ်နေ့ ကောင်းလာအောင် ၊ တော်လာအောင် ၊ လှပလာအောင် မရိုးနိုင်တဲ့ ( Character ) အမျိုးမျိုးနဲ့ ဖြတ်သန်းကျော်ဖြတ်ရတာပါ။ ဒါကြောင့်....... လဲနေရင် ကိုယ့်ကိုယ်ကိုပြန်ထနိုင်ရမယ်.... ယိုင်နေရင် ကိုယ့်ကိုယ်ကိုပြန်တည့်နိုင်ရမယ်..... စောင်းနေရင် ကိုယ့်ကိုယ်ကိုပြန်မတ်နေရမယ်..... ကျနေရင် ကိုယ့်ကိုယ်ကိုပြန်ကောက်နိုင်ရမယ်...... ဘဝဆိုတာ ကိုယ်ကအရှုံးပေးမှ ရှုံးတာမဟုတ်လား..... ကိုယ်ကအရှုံးမပေးသရွေ့တော့ ဘယ်တော့မှမရှုံးပါဘူး။ ခဏတာ ယာယီဆုံးရှုံးမှုတွေကို ထာဝရဆုံးရှုံးမှုလို့ မသတ်မှတ်လိုက်ပါနဲ့။ ကိုယ့်ဘဝရဲ့ဖန်တီးရှင် ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ ကိုယ်ကိုတိုင်ပါပဲ။ ဒီတော့ ကိုယ်လိုချင်တဲ့ အောင်မြင်မှု / အေးချမ်းမှု စိတ်ချမ်းသာမှု / ပျော်ရွှင်မှုတွေဟာ အဝေးကြီးမှာ သြားရွာစရာမလိုပါဘူး။ ကိုယ့်ရဲ့လက်ထဲမှာဆိုတာ မမေ့လိုက်ပါနဲ့။ ကိုယ်အားငယ်ရင် ကိုယ်ကျရှုံးမှာပဲ။ ကိုယ်အရှုံးပေးရင်... ကိုယ်အောင်မြင်မှုနဲ့ဝေးမှာပဲ။ ကိုယ်မုန်းရင် ကိုယ်ပူလောင်မှာပဲ။ ဒါကြောင့်..... လောကရဲ့ဘဝဇာတ်ခုံပေါ်မှာ ဘယ်လို ( Character ) မျိုးပုံစံနဲ့ပဲကျကျ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် အတော်ဆုံးဖြစ်အောင် လှပအောင် ဒီထက်ပိုပြီး ဆိုးရွားမသွားအောင် ကြိုးစားပြီး သရုပ်ဆောင်နိုင်ဖို့ပါပဲ။ #Credit
без подписи
без подписи
без подписи
без подписи
သင့်ကိုယ်သင် ချစ်ပါ =============== ဘဝမှာနေရတဲ့ အချိန်တွေက တိုတောင်းလွန်းပါ တယ်။ ဒါ့ကြောင့် သင့်ရဲ့အချိန်တွေကို ဘယ်လို အရာတွေအပေါ်မှာ ကုန်ဆုံးစေမှာလဲ။ ဘယ်သူတွေအတွက် ကုန်လွန်စေမှာလဲ။ “သင့်ကို လိုအပ်နေတဲ့သူတွေအတွက် ရှိနေပေးပါ။ ဒါပေမယ့် သင့်ကိုယ်သင်လည်း ပစ်မထားပါနဲ့” ကမ္ဘာတစ်ခုလုံးက သင့်ကိုချစ်နေရလည်း သင့် ကိုယ်သင် မချစ်ရင် သင်ဟာအချစ်ငတ်နေသူပါ။ သင့်ကိုယ်သင် ချစ်တယ်ဆိုတာက သင့်အတွက်သင် ပဲ စဉ်းစားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ် ပါဘူး။ မာနကြီးခိုင်းခြင်းလည်း မဟုတ်ပါဘူး။ သင့်အတွက်သင်နဲ့ သင်ချစ်တဲ့အရာတွေအပေါ်မှာ အချိန်ပေးခြင်းတစ်မျိုးပါ။ သင့်ကိုယ်သင် တန်ဖိုးထားခြင်းပါ။ သင့်ရဲ့ အကျင့် စာရိတ္တကိုမြှင့်တင်ခြင်းနဲ့ သင့်ရဲ့ ဂုဏ်သိက္ခာကို အထိအခိုက်မခံစေခြင်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကို မနာလို ဖြစ်နေတဲ့ သူတွေကို ဗွေမယူပါနဲ့။ အနည်းဆုံးတော့ သင်ဟာ သူတို့ထက် တော်တယ်လို့ သူတို့က ထင်ထားတယ်လေ။ သင့်ကို တန်ဖိုးမထားတဲ့သူကို အရူးအမူး စွဲလမ်းမ နေပါနဲ့။ ကြာလာရင် သင်ပါ တန်ဖိုးမဲ့သွားလိမ့်မယ်။ သင့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူကို သင့်ဘဝထဲ လက်ခံရမယ် ဘယ်သူကို သင့်ဘဝထဲ လက်မခံရဘူး ဆိုတာကို သိခြင်းနဲ့ အများကြီး ဆိုင်ပါတယ်။ သင့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေကို သင့်ဘဝထဲကထုတ်ပယ်လိုက်ပါ။ သင့်ဘဝရဲ့ ငြိမ်းချမ်းမှုက သင့်လက်ထဲမှာပါ။ သူများတွေက သင့်ကို ဘယ်လို ထင်နေသလဲ ဆို တာအရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ #credit
အများစုသောလူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မူ မရှိဘဲ ဘဝကိုဖြတ်သန်းနေကြတယ်။ ကိုယ်ပိုင် အစွမ်းအစတွေ ကို မယုံကြပါဘူး။ ကိုယ့်ဘဝကို ယုံကြည်မူမရှိဘဲ တခြားသူတွေ ရဲ့ ဘဝတွေကို အားကျနေကြပါတယ်။ တခြားသူကိုအားကျ တယ်ဆိုတာက ကောင်းပါတယ် အဲလူတွေကို အားကျပြီး ကြိုးစားပါ။ ကိုယ်လဲ သူတို့လိုဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့ ဘဝနဲ့ ကိုယ့်ဘဝနဲ့ တော့မနှိုင်းယှဉ်ပါနဲ့ ၊နှိုင်းယှဉ်ခြင်းဟာ စိတ်အားငယ်ခြင်း၊စိတ်ဓာတ်ကျခြင်းတွေဖြစ်လာနိူင်ပါတယ်။ အဲဒီစိတ်တွေက သင့်ဘဝရဲ့ အောင်မြင်မူ လမ်းကြောင်းကို သွေဖယ်သွားစေပါတယ်။ အောင်မြင်မှုရဲ့ အဓိကသော့ချက်က ကိုယ့်ကိုကိုယ် ယုံကြည်မူရှိခြင်းပါ။ အောင်မြင်မှု ပန်းတိုင်ကိုရောက်ဖို့ ယုံကြည်မူ ခြေလှမ်းတွေနဲ့စတင်လိုက်ပါ။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘွဲ့တွေ၊ဒီဂရီ တွေ မလိုပါဘူး ကြိုးစားဖို့ဘဲလိုတာပါ။ လူတွေရဲ့ အားနည်းချက်တစ်ခုက ဘွဲ့တွေ၊ဒီဂရီတွေ ရမှဘဝမှာ အောင်မြင်မူ ရရှိတယ်လို့ ထင်နေခြင်းပါ။ အောင်မြင်မူဆိုတာကြိုးစား ခြင်းမှရရှိတာပါ။ အဓိက ကိုယ့်ကိုကိုယ် ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့၊သင့်ကိုယ်သင် သိမ်ငယ်စေလို့ပါ။ #credit
ဦးနှောက်ကို အစာကြွေးပါ) ... ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင် ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ . နောက်တစ်ကောင်က ထပ်နင်းမိလည်း ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ . သူနင်းမိလို့ ပူတဲ့ကိစ္စကို အခြားခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့် မပြောနိုင်ဘူး သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး . ဘာဖြစ်လို့လဲဆိုတော့ သူတို့မြာ ဘာသာစကားမရှိလို့ . ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ ကမ္ဘာဦးအစ ခွေးတွေကနေ ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ တို့တစ်တွေလူတွေမှာတော့ အဲဒီလိုမဟုတ်ဘူး ဘာသာစကားရှိတယ် မင်းတို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့ မင်းကိုင်ပါဦးမလား မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့် မင်း မီးကို အပူမှန်းသိသွားတယ် ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ် အောက်ဆီဂျင်ကို ခုချက်ခြင်း မင်းဓာတ်ခွဲခန်းထဲမှာ မင်းရှာဖွေထုတ်နိုင်တယ် အဲဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ် ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ ပညာသင်တယ်ပညာရှာတယ်ဆိုတာ ဒါပဲလေ ဘာသာစကားရှိလို့ တစ်ပါးသူရဲ့အတွေအကြုံကို လက်ဆင့်ကမ်းနိုင်တယ် တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ် ဒါကြောင့်လည်း လူ့လောကကြီးက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့ အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိူးရှိတယ် တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့ နောက်တစ်ခုက သူ့ရဲ့အတွေ့အကြုံတွေကို စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ ဥပမာအောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင် သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ မင်းရလာမယ် မင်းစိတ်ဓာတ်တွေမာကျောလာမယ် အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ် အောင်မြင်သူတွေလည်း အခက်အခဲတွေကြားက ရုန်းထကြတာကိုး ဒါကြောင့်မို့ စာဖတ်ခိုင်းတာ စာဖတ်တဲ့နေရာမှာလည်း နည်းနည်းဖတ်မိတောင် များများတွေးပါ လိုက်နာပါ ကျင့်သုံးပါ သူတစ်ပါးရဲ့အတွေ့အကြုံကို ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ ပေါင်းစပ်ပါ ကိုယ့်ကိုယ်ကိုယ်ခိုင်း ကိုယ့်ကိုယ်ကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ် စဉ်းစားတွေးတောပေးရတယ် ဦးနှောက်ကိုခါးတောင်းကျိုက်ပါ ဒါမှ ခေါင်းဆောင်ဖြစ်မှာ လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့ စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့ စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို ကိုယ်ဆက်မမှားအောင်လုပ်တာ တစ်ပါးသူရဲ့အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ် လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ် ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက်နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့ ကိုယ်တိုင်မှားမှ မှားမှန်းသိရင် ခွေးသာသာဖြစ်သွားမှာပေါ့ စာကြည့်တိုက်တစ်တိုက်ဖွင့်ရင် အချုပ်ထောင်မှာ လူငါးယောက်လျော့မယ် စာဖတ်တဲ့လူဟာ အသိအဉာဏ်အားကောင်းလာတယ် အနည်းဆုံး မိဘတွေ ဆုံးမရတာသက်သာတယ် မင်းကိုမင်းချစ်ရင် ပညာသင်ပါ စာဖတ်ပါ မင်းမိသားစုကို မင်းချစ်ရင် ပညာသင်ပါ စာဖတ်ပါ မင်းတိုင်းပြည်ကို မင်းချစ်ရင် ပညာသင်ပါ စာဖတ်ပါ မင်းတို့တစ်တွေ ဗဟုသုတကိုရှာဖွေပါ လေ့လာပါ ဆည်းပူးပါ စာဖတ်ပါ #credit
အရွယ်ဆယ်ပါးနေဝင်တော့မည် 20တစ်ဝိုက် အပျော်ကြိုက် မိတ်လိုက်ရင်းနဲ့ အချိန်ကုန် အလှပဆုံး 30 နှုန်း လူလုံးပြလျှက် အချိန်ကုန် 40တစ်လွှား ဓနအား ကြွားလုံးထုတ်လျက် အချိန်ကုန် 50တစ်ကွက် ဥာဏ်ထက်မြတ် ဥာဏ်နက်ထုတ်ရင်း အချိန်ကုန် 60တစ်လွှား အားဆုတ်သွား ကြုံးဝါးရင်းနဲ့ အချိန်ကုန် 70တွင်း ခါးမတင်း ဟင်းချရင်းနဲ့ အချိန်ကုန် 80မှာတော့ ခါးပင်ကော့ မော့မော့ကြီးနဲ့ အချိန်ကုန် 90တစ်ကွေ့ သတိဝေ့ မေ့မေ့ကြီးနဲ့ အချိန်ကုန် ထိုင်၍မကောင်း100ညောင်း လဲလျောင်းရင်းနဲ့ အချိန်ကုန် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏. သတိပေးဆုံးမစာ #credit.
ဗီဇဆိုတာ.. ဖျောက်ရခက်တယ်။ ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့် နောက်ကျွန်းတခုကို သွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာ ရေမကူးတတ်လို မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။ မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့မလဲလို့ အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့ ဖားတစ်ကောင်ကိုတွေ့လိုက်လို့ သွားစကားပြောတယ်။ "ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ" "ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ ထိုးလိုက်ရင်... ငါရေနစ်သေသွားမှာပေါ့ " ကင်းမြီးကောက်... "ကိုရွှေဖါးရယ်... ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ ကျနော့်ကိုဟိုဖက်ကမ်းပို့ပေးတဲ့ ကျေးဇူးရှင်ကို လုပ်ရက်ပါ့မလားဗျာ နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်း ရေနစ်သေမှာပဲလေ။ ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ" ဖားလည်းစဉ်းစားတယ်။ ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။ သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့ သဘောတူလိုက်တယ်။ ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။ မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။ နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနုတ်လိုက်တာတွေ့ရတယ်။ ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။ "ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။ မင်းပဲ စောစောကပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။ အခု ငါ့မှာ အဆိပ်တက်နေပြီ။ ငါရေနစ်ပြီးသေရင် မင်းလည်း..ရေနစ်သေမှာ မကြောက်ဖူးလား " ကင်းမြီကောက်က.. ဘာပြန်ပြောသလဲဆိုတော့ "ခင်ဗျားသေရင် ကျနော်လည်း ရေနစ်သေမှာသိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါတစ်ကောင်ကို တွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့ ကျနော့်ရဲ့ဗီဇကို... ဖျောက်မရလို့ပါဗျာ" နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော နှစ်ကောင်စလုံးဟာမြစ်ရေထဲ.. နစ်မြုပ်သေဆုံးသွားကြပါတော့တယ်။....... ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။ ကလေးပုံပြင်မဟုတ်ပါဘူး။ လူတွေရဲ့အကျင့်စာရိတ္တနဲ့..ပက်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။ သနားလို့ကူညီပေမဲ့လည်း အဲဒီလို ဗီဇမဖျောက်နိုင်တဲ့...လူနဲ့တွေ့ရင်.. ကူညီသူပါ ဒုက္ခရာက်တတ်တယ်ဆိုတဲ့ သတိပေးသင်္ခန်းစာလေးပါ။ Credit#
စိတ်ချမ်းသာအောင်နေနည်း 1 သူများပြောတိုင်း လိုက်ပြီး မခံစားနဲ့။ (ပိန်တယ်၊ ဝတယ်၊ ပုတယ်၊ ရှည်တယ်၊ ဖြူတယ်၊ မဲတယ်၊ နှိမ်တယ်၊ ကဲ့ရဲ့တယ် စသည်ဖြင့် ) 2 ပြီးခဲ့တဲ့ ဒေါသ ထွက်စရာတွေ စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။ 3 မဖြစ်သေးတဲ့ အကြောင်းအရာတွေကို စိုးရိမ်သောက စိတ်နဲ့ ကြိုတွေး မနေပါနဲ့။ 4 ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။ 5 ကိုယ့်အကြောင်းကို ကိုယ့်ကွယ်ရာမှာ အတင်းပြောနေတဲ့အကြောင်း ကိုယ်ပြန်ကြားတဲ့အခါ ခံစား မနေပါနဲ့။ ( ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ္တာ၊ ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ္ဘူး) 6 ဆုံးရှုံးသွားတဲ့အရာတွေ အတွက် နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။ ( ဘာမှပြန်မရတော့ဘူး ပြီးသွားပြီ၊ သင်ခန်းစာပဲ ယူပါ ) 7 ကိုယ့်ချစ်သူက သစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ သူ့အကြောင်းကို စောစောစီးစီး သိလိုက္ရလို့......... အသဲကွဲချင်လဲ ယာယီတော့ အသဲကွဲ မစားနိုင် မသောက်နိုင် တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။ ( ကမ္ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ ထိုက်တန်ရာ တစ်ယောက်တော့ရတယ်၊ ရောက်လာလိမ့်မယ် ) 8 များများ ယူဖို့ ထက် များများ ပေးနိုင်အောင် ကြိုးစား။ ( သူများကို များများပေးနိုင်လေ စိတ်ချမ်းသာရလေပဲ ) 9 ပတ်ဝန်းကျင်ကို လိုအပ်တာထက် ပိုပြီး ဂရုမစိုက် မိစေနဲ့။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ ရောင့်ရဲ တင်းတိမ်နိုင်အောင် ကြိုးစားပါ။ #credit
တစ်ခုခုဆို တစ်ယောက်ယောက်ကို လိုအပ်နေတာမျိုး မဖြစ်ပါစေနဲ့ ။ " ဘယ်သူမှ မရှိလည်း ဖြစ်တယ် ၊ တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် " ဆိုတဲ့ လူမျိုးဖြစ်အောင်သာကြိုးစားပါ ။ ကျွန်တော်တို့ဟာ တစ်ယောက်တည်း မွေးဖွားပြီး ၊ တစ်ယောက်တည်း ပြန်သွားကြရမဲ့ လူတွေ … ။ တည်မြဲခြင်းဆိုတဲ့ အရာ ဘာတစ်ခုမှ ရှိမနေပါဘူး ။ ကျွန်တော်တို့ဟာ ဘယ်သူ့အပေါ်ကိုမှ ခံစားချက်တွေ မလွန်ကဲသွားစေဖို့ ထိန်းချုပ်တတ်ရပါလိမ့်မယ် ။ ဘယ်သူကမှ ကျွန်တော်တို့အနား ကြာကြာမနေနိုင်ကြပါဘူး ။ မနှစ်က ဘေးနားကလူတွေဟာ အခုချိန် မရှိတော့ဘူး ။ နောက်နှစ်တွေမှာလည်း ဒီအဖြစ်က ထပ်ကြုံရပါဦးမယ် ။ အခုရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ ထားသွားခဲ့ကြပါဦးမယ် ။ ပိုင်ဆိုင်မှုတွေတိုင်းဟာ အဆုံးသတ်မှာ စွန့်လွှတ်ရဖို့ ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတတ်ပါစေ။ မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့ ။ ကြိုတင်မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို မျှော်လင့်ချက်တွေ ပိုမိတဲ့အခါ ၊ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လျှင် ပိုနာကျင်ရတတ်ပါတယ် ။ အရာရာတိုင်းဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း မတတ်နိုင်တာမို့ တစ်ချို့အရာတွေအပေါ် တွယ်ငြိမှုမထားတာကပဲ ကျွန်တော်တို့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ အားကိုးချင်တဲ့ စိတ်တွေကိုလျော့ ၊ တွယ်ငြိမှုတွေကို လျော့ ၊ ကိုယ်ပေးသလောက် ပြန်ရ ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို လျော့လိုက်ပါ။ အဆိုးဆုံးတွေကို ကြိုတင်တွေးထားတဲ့အခါ ၊ ဖြစ်လာတဲ့ အခက်ခဲတွေဟာ ကျွန်တော်တို့ ထင်သလောက် မဆိုးရွားနိုင်တော့ဘူး မဟုတ်လား ။ ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင်သင်ယူပါ ။ ဘယ်သူ့ကိုမှ မှီခိုအားကိုးဖို့ မလိုအောင် ကြိုးစားပါ ။ ဘယ်လောက်လေးပဲ လင်းလင်း ကိုယ်ပိုင်အလင်း အစစ် ဖြစ်ဖို့သာလျှင်အရေးကြီးပါတယ် ။ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပလာနိုင်တဲ့အခါ ကျနော်တို့အားလုံးဟာ အေးစက် မှောင်မိုက်ခြင်းကို မကြောက်တဲ့ ပိုးစုန်းကြူးငယ် လေးတွေလိုပေါ့ … ။ #credit