tgindex
Inkvoice

မျက်စိအားနည်းသူများ၊စာအုပ်ကိုင်ပြီး မဖတ်အားသူများ အလုပ်လုပ်ရင်းဖြစ်ဖြစ် အနားယူနေချိန်ဖြစ်ဖြစ် အလွယ်တကူနားဆင်နိုင်ဖို့ ရည်ရွယ်ပြီး ဖတ်ထားပါတယ်ရှင့်။ သုတရသစုံအကြောင်းအရာအပြင် ရှားပါးစာအုပ်များကိုလည်း ဖတ်ရှုတင်ဆက်ပေးမှာဖြစ်ပါတယ်

Последний пост
9 окт. 2025 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
1 105
−4 за 3 дн.
Сутки
−3
−0,27%
Неделя
 
Месяц
 
Просмотров на пост
289
20 постов
Вовлечённость
26,2%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ရွေနွယ်ပင်ရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရွှေနွယ်ပင်ကို ဆေးရွှေနွယ် ရွှေနွယ်ရိုး စသဖြင့် ဒေသအလိုက် အခေါ်အဝေါ် ကွဲပြားပါတယ်။ ရွှေနွယ်ပင်မှာ အပင်အမြင့်တွေပေါ်မှာ ပေါက်တဲ့ ရွေးနွယ်ကြီးလို့ခေါ်တဲ့ အရိုးတုတ်တဲ့အပင်နဲ့ အပင်ငယ် ခြုံလေးတွေပေါ်မှာ ရှင်သန်တဲ့ ရွေနွယ်လေး ဆိုတဲ့ အရိုးသေးတဲ့ အပင် ၂ မျိုးရှိပါတယ်။ ၂ မျိုးစလုံးက ဆေးဖက်ဝင်ပါတယ်။ ဒီ videos မှာ ရွေနွယ်ပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံနဲ့ အသုံးပြုပုံ ရွေနွယ်ပင်ရဲ့ မျိုးရိုး သဘာဝအနေအထားနြဲ ရှေးသနားတော်ကြီးတွေရဲ့ ဆေးကျမ်းအဆိုအမိန့်တွေကို မျှဝေပေးမှာပါ။ အဆုံးအထိ ကြည်ကြရအောင်နော်။ ရွှေနွယ်က ပင်ပျော့လေးတွေမှာ တွေ့ရတဲ့ အပင်ပါ။ သူက ပိန်းပင်၊ ကနဖော့၊ ဝက်ကြိမ်၊ ကန်စွန်းနွယ်စတဲ့ အပင်ပြော့ပြော့လေးတွေအပေါ် ဖုံးအုပ်ပြီး နေတတ်တယ်။ အရွယ် အစားက သေးသေးသွယ်သွယ် မျှင်မျှင်လေးတွေဖြစ်တယ်။ ဒီအပင်က ရွှေနွယ်လေး ခေါ် ရွှေနွယ်အသေးပင်ပါ။ နောက်တခုက သစ်မာပင်ကြီးတွေကိုရွေးပြီး ကပ်ပါးပြုလေ့ရှိသော ရွှေနွယ်ဖြစ်တယ်။ အလုံးပတ်ကလည်းကြီးတယ်။ ဒါ့ကြောင့် ရွှေနွယ်ကြီး လို့ အမည်ပေးထားတာဖြစ်တယ်။ တခါတလေ ပင်စည်က 2.0 mm ပမာဏလောက် အချင်းဝက်ရှိပါတယ်။ အဝါရောင် တောက်တောက်ထက် တခါတရံ စိမ်းဝါရောင် သန်းနေတတ်တယ်။ မာလည်းမာပါတယ်။ ရွှေနွယ်ပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ အသည်းနဲ့ သက်ဆိုင်တဲ့သူများအတွက် အထူးစိတ်ဝင်စားစရာ ကောင်းတဲ့ နွယ်ပင်ပါ။ အညွှန့်၊ အရွက်အနုတို့ကို စား ရင်တောင် အရွယ်တင် နုပျိုစေတယ်လို့လည်း ဆိုထားပါတယ်။ ရွှေနွယ်ပင် တွယ်ကပ်ပေါက်ရာ အပင်ရဲ့အ ရသာမှာလည်း ရွှေနွယ်ပင်အပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ ရွှေနွယ် (သို့)ဆေးရွှေနွယ်လို့ အရှင်နာဂသိန်ရဲ့ ကျမ်းမှာ ဖော်ပြထားပေမယ့် ယခုအများခေါ်ဆိုနေကြတာ သိထားမိတာက ရွှေနွယ်ရိုးပင်လို့ သိသူများပါတယ်။ google မှာတော့ မျိုးကွဲတွေ အများကြီးတွေ့ရပါတယ်။ အပင်ပေါက်ရောက်ရာ ဒေသအနေအထားကြောင့် မျိုးကွဲများပေမယ့် ဆေးအာနိသင်နဲ့ ဆေးအသုံးကတော့ မကွာဘူးလို့သိရပါတယ်။ ဒါပေမဲ့ ရှင်နာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်မှာ ရွှေနွယ်နှင့် ရွှေနွယ်အငယ်မျိုးဟု ဆေးအသုံးပြုပုံကို ခွဲရေးထားသည်ကို တွေ့ရသည်။ ရွှေနွယ်အငယ်မျိုးဟု ဆေးအသုံး ခွဲခြားပြသထားသော်လည်း အပင်မှာ ရွှေနွယ်အကြီးသည် ကုန်းမြင့် ရေနှင့်ဝေးသော အရပ်ဒေသတွင် ပေါက်ပြီး ရွှေနွယ်အငယ်သည် ရေနှင့်နီးစပ်ရာ မြစ်ချောင်းကမ်းပါးနား အပေါက်များသည်ကလွဲပြီး ကျန်သည့် အရောင်အဆင်းအပင်တို့မှာ ကွဲပြားမှုမရှိပါ။ အပင်အကြီး အသေးသာ ကွာခြားမှုရှိသည်ဟု ရေးထားပါသည်။ ဆေးအသုံးအတွက် မိတ်ဆွေများ နှစ်သက်သလို ယူဆသုံးစွဲနိုင်ပါသည်။ ကျွန်တော်အမြင်အရ အပင်ချင်းအတူတူဖြစ်သဖြင့် ဆေးအသုံးလည်း အတူတူသုံးလျှင် အဆင်ပြေမည်ဟု ယူဆပါသည်။ သို့သော် စာအုပ်ထဲတွင် ခွဲခြားဖော်ပြထားသည့်အတိုင်း ခွဲခြားပြီး ရေးသား ဖော်ပြပေးလိုက်ပါတယ်။ အသည်းရောင်ခြင်း၊ အသည်းကြီးခြင်း၊ အသည်းမာကြော ကြမ်းတမ်းခြင်းတို့အတွက် ၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။ အသည်းအားနည်း၊ အားပျော့ခြင်းအတွက် ၎င်းရွှေနွယ်ကို ပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကိုလည်းကောင်း။ အခြားဆေးဘက်များနှင့်သော်လည်းကောင်း သောက်မူ အသည်းကို များစွာအားပေး၏ သွေးဖောက်ပြန်ရောဂါ အတွက် ၎င်းဆေးရွှေနွယ် ၅-ကျပ်သား၊ တွင်းနက်ကတိုးမြစ် ၅-ကျပ်သား၊ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန့် ခန်းအောင် ကျို၍ ၎င်းဆေးတွင် ပျားရည် သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။ အပြည့်အစုံကို အောက်က YouTube ချန်နယ်မှာ နားထောင်လို့ရပါတယ်။ စိုက်ပျိုးရေး၊ကျန်းမာရေးနွယ်အပင်များအကြောင်းကို နေ့စဉ်တင်ဆက်ပေးနေပါတယ် https://youtu.be/erz9EE650ho

  • ဝမ်းတွင်းစုန်း (စ/ဆုံး)~~~ မူရင်းရေးသားသူ - ဆရာတာတေ တကယ်တော့ ဘွားမယ်ထုံက ဝမ်းတွင်းစုန်းမကြီးဗျာ။ခင်ဗျား ကြားဖူးတယ်မို့လား၊ ဝမ်းတွင်းစုန်းလို့ ခေါ်ကြတာလေဗျာ။ မွေးကတည်းကအလိုလို စုန်းတတ်လာကြတာ။ အရင်ဘဝကအကြောင်းဆက်တွေ ပါလာလို့ ရှိမှာပေါ့။ ဒါပေမဲ့ ဘွားမယ်ထုံ ဝမ်းတွင်းစုန်းဆိုတာ ဘယ်သူမှ သိတာမဟုတ်ဘူးဗျ။ ထနောင်းကုန်းတစ်ရွာလုံး ကျုပ်တစ်ယောက်တည်း သိတာ။ သေသွားတဲ့ အရီးမယ်ခတစ်ယောက်ကိုပဲ စုန်းတတ်တယ်လို့ ကျုပ်တို့ရွာက သိထားတာဗျ။(အရီးမယ်ခ အကြောင်းကို သိချင်ရင်တော့ 'ခေါင်းထမ်းလာတဲ့ တစ္ဆေ'စာအုပ်ထဲမှာ 'စုန်းမ'ဆိုတဲ့ခေါင်းစဉ်ကို ရှာပြီးဖတ်ဗျာ)။ အရီးမယ်ခ မရှိတော့ ကျုပ်တို့ရွာမှာ စုန်းဆိုတာ မရှိတော့ဘူးလို့ ထင်နေကြတာ။အဓိကရ ဝမ်းတွင်းစုန်း ဘွားမယ်ထုံကြီး ရှိနေတာကို သိဖို့ နေနေသာသာ ရိပ်မိတဲ့လူတောင် မရှိဘူးဗျ။ကျုပ်ပါးစပ်ကလည်း လုံချက်ဗျာ။ တစ်ခါမှကိုမဟဘူးတာ။ ဘွားမယ်ထုံက ကျုပ်ကိုတော့လွှတ်ခင်တာဗျ။ စ်ိတ်ကောင်းလည်း တော်တော်ရှိတဲ့ ဘွားတော်ကြီးပါဗျာ။ တစ်ရွာလုံးကလည်း ဘွားမယ်ထုံကို လွှတ်ခင်ကြတာ။ အိမ်ထောင် မရှိဘူး။အပျိုကြီးဗျ။ အသက်က ခုနှစ်ဆယ်ကျော်ပြီ။ ခုနှစ်ဆယ့်နှစ်နှစ်လို့ ပြောတယ်။ မိဘလက်ထက်ကတည်းက တောင်သူတွေဗျ။ ဘွားမယ်ထုံမှာ မောင်နှစ်ယောက်ရှိတယ်။ ဘိုးမင်းနဲ့ ဘိုးဝင်းတဲ့ဗျ။ဘွားမယ်ထုံကို ပျော့ညံ့ညံ့ မိန်းမလို့တော့မထင်နဲ့ဗျို့။ ဘွားမယ်ထုံက မောင်တွေနဲ့ အတူတူ ယာလုပ်တာဆိုပဲ။ သူတို့မိဘတွေကအိုသွားတော့ တောင်သူ မလုပ်နိုင်ကြဘူး။ဘိုးမင်းတို့ ဘိုးဝင်းတို့ပဲ ယာကို လုပ်ကြရတာ။ ဘွားမယ်ထုံလည်း လိုက်တာပေါ့ဗျာ။တစ်နှစ်ကျတော့ ဘိုးမင်းရော ဘိုးဝင်းတို့ရောမမာလို့ ယာမလုပ်နိုင်ကြဘူးဆိုပဲ။ အဲဒီနှစ်ကဘွားမယ်ထုံကိုယ်တိုင် ယာကို ဦးဆောင်လုပ်တာတဲ့ဗျို့။ ယာတွေအားလုံးကို သူကိုယ်တိုင်ထွန်တာဆိုပဲ။ ရာသီအလိုက် စိုက်လိုက်တာမှာတဲ့ဗျာ ပဲတွေရော နှမ်းတွေရော ကြက်သွန်တွေပါ စိုက်တာတဲ့ဗျို့။ အောင်လိုက်တဲ့ သီးနှံဆိုတာ တစ်ရွာလုံးကို အံ့သြယူရတာတဲ့ဗျာ။ဒီအကြောင်းကို အခုထိကို ကျုပ်တို့ရွာမှာ ပြောစမှတ် ဖြစ်ကျန်ခဲ့တာတဲ့ဗျို့။ယာထဲဆင်းရမှာ ပျင်းတဲ့သူတွေဆိုရင် သူတို့မိဘတွေက ပြောဆိုပဲ။ "မင်းတို့တွေ မယ်ထုံ့ထမီ ယူဝတ်ကြပါလား၊မယ်ထုံတို့များ ထွန်ထားလိုက်တဲ့ ယာတွေမှညက်နေတာကွ၊ ကြက်သွန်ခင်းများ ထယ်ထိုးထားလိုက်တာမှ ညီပြီး ကြည့်လို့ကို လှနေတာ၊မယ်ထုံ့မောင်နှစ်ယောက်ပေါင်း ယာလုပ်တာတောင် မယ်ထုံ့ကိုမမီဘူးကွ" ဒီလောက်ကို အလုပ်လုပ်နိုင်ခဲ့တဲ့ ဘွားတော်ကြီးဗျ။ ခုတော့ ဘယ်လုပ်နိုင်တော့မှာလည်းဗျာ။ ဘိုးမင်းတို့ ဘိုးဝင်းတို့လည်း ဆုံးကုန်ကြပြီ။ ဘွားမယ်ထုံက အိမ်မှာ တစ်ယောက်တည်းနေတာဗျ။ သူ့ယာတွေကို ဝမ်းကွဲတူတွေကလုပ်ကြတယ်။ကျုပ် ဝက်သားကြိုက်မှန်း ဘွားမယ်ထုံက သိတော့ သူဝက်သားချက်တဲ့ နေ့ဆိုရင် ကျုပ်ကို လူလွှတ်ခေါ်ခိုင်းတာဗျ။ ဘွားမယ်ထုံနဲ့ ကျုပ်နဲ့ ထမင်းတစ်ဝိုင်းတည်း စားကြတာ။ အသက်ကြီးတဲ့ လူတွေဟာ သူတို့ဖြတ်သန်းလာခဲ့တဲ့ ဘဝအကြောင်းကို ပြန်ပြောချင်ကြတာ ထုံးစံပဲလေဗျာ။ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝမှာ ရယ်စရာတွေ၊ စိတ်မကောင်းစရာတွေ၊ ဒေါသဖြစ်စရာ လူတိုင်းမှာ ရှိကြတာပဲပေါ့ဗျာ။အသက်ကြီးတော့ဒါတွေကို ပြန်တွေးပြီး ပြန်ပြောချင်တာဗျ။ ဘွားမယ်ထုံက ဝက်သားချက်ကလည်း ကောင်းဗျ။ဝက်သားချက်တဲ့နေ့ဆိုရင် မအီအောင် ချဉ်ရည်သောက်ကလေးကလည်း ပါသေးဗျာ။ဘွားမယ်ထုံ ချက်လေ့ရှိတဲ့ ချဉ်ရည်သောက်က ကင်ပွန်းချဉ်နဲ့ ဒန့်ဒလွန်သီးဗျို့။ တစ်ခါတစ်ခါကျတော့လည်း မန်ကျည်းရွက်နုလေးတွေနဲ့ ဒန့်ဒလွန်သီးဗျ။ ကျုပ်က ဘွားမယ်ထုံချက်တဲ့ ချဉ်ရည်သောက်ကို လွှတ်ကြိုက်တာဗျို့။ ချဉ်ရည်ပူပူလေးကို ဖူးကနဲ ဖူးကနဲ မှုတ်သောက်ပစ်တာ။ ကျုပ် အဲဒီလို မြိန်ရည်ယှက်ရည် စားနေတာတွေ့ရင် ဘွားမယ်ထုံက လွှတ်သဘောကျတာဗျ။ ပြုံးပြုံး ပြုံးပြုံးနဲ့။ "ဟဲ့ တာတေ၊ စားဟဲ့၊ ဘွားက နင့်ကို ကျွေးချင်လို့ကို သက်သက်ခေါ်ခိုင်းပြီး ကျွေးရတာ " လို့ ပြောသေးတာဗျ။ စားတာပြီးရင်တော့ စကားတွေ ပြောတော့တာပဲဗျာ။ တစ်ခါ တစ်ခါကျတော့ စုန်းတွေအကြောင်းကို ရောက်သွားရောဗျ။ ဟိုတုန်းကတော့ ကျုပ်က မသိသေးဘူးလေဗျာ။"ဘွား၊ စုန်းတွေအကြောင်းကို ဘွား ဒီလောက်သိနေပုံထောက်တော့ ဘွား စုန်းပညာ တတ်တယ်ထင်တယ်"လို့ ကျုပ်က တည့်တည့်ပဲ မေးခဲ့တာဗျ။ "တာတေ နင်မှတ်ထားဟဲ့၊ မောက်လုံးအထက်ခုနှစ်ဆင့်ဆိုရင် အဲဒီစုန်းက ကောင်းကင်မှာ ပျံနိုင်တယ်၊ ငါက မောက်လုံး အထက် ကိုးဆင့်ဟဲ့၊ နင် သိပြီလား" "ဗျာ " "အေး ဟုတ်တယ်" "ဟာ …ဘွားက ပညာတော်တော်မြင့်ပါလားဗျ၊ ဒီပညာတွေကို ဘယ်အရွယ်မှာသင်ခဲ့တာတုံး၊ ပြီးတော့ ဘွား ဒီပညာတွေ ဒီလောက်တတ်တာကို ထနောင်းကုန်းတစ်ရွာလုံး ဘယ်သူမှ မသိကြပါလား ဘွားရဲ့" "တာတေ၊ ငါက ဘယ်သူ့ဆီကမှ ပညာမယူခဲ့ဘူး၊ မွေးကတည်းက ငါ တတ်နေတာဟဲ့" "ဗျာ၊ အဲဒီလို မွေးကတည်းက တတ်တာ ရှိလို့လား ဘွားရဲ့၊ ပြီးတော့ မွေးကတည်းက တတ်တယ်ဆိုရင်လည်း ဒီလောက်ကြီး တတ်ပါ့မလားဘိုးရဲ့" "တတ်တယ် တာတေ၊ တတ်တယ်၊ ဒီလောက်ကို တတ်တယ်" "နေပါဦး ဘွားရဲ့၊ ဘွား ဒီပညာတွေ တတ်တာဘယ်လိုလုပ် သိတာတုံး" ........... အပြည့်အစုံကို အောက်က YouTube ချန်နယ်မှာ နားထောင်လို့ရပါတယ်။ ထူးဆန်း‌ထွေလာ ဂမ္ဘီရ ဇာတ်လမ်းများကို နေ့စဉ် တင်ဆက်ပေးနေတဲ့ ချန်နယ်လေးပါ

  • ဆိတ်နို့ပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ အချက်များ ဆိတ်နို့ပင်ကို လူတိုင်းသိကြမှာပါ မြေပြန်ဒေသမှာ နေရာတော်တော်များများ တွေ့ရပါတယ်။ တခြား တောင်တန်းဒေသတွေမှာလဲ ရှိမလားဆိုတာတော့ မသိရပါဘူး။ တောင်တန်းဒေသကမိတ်ဆွေအနေနဲ့ အဲဒေသမှာရှိတယ်ဆိုရင် အသိပေးကြပါအုံးနော်။ ဆိတ်နို့ဆိုတဲ့အတိုင်း ဒီအပင်ရဲ့ အရိုးကို ချိုးလိုက်ရင် အဖြူရောင် အဆေးပြစ်ပြစ်တွေ ထွက်လာပါတယ်။ ဒီအပင်တွေက အလေ့ကျပေါက်တဲ့အပင်တွေဖြစ်လို့ ရှာရတာ လွယ်ကူပါတယ်။ အထူးသဖြင့် မိုးရာသီမှာ အလိုလိုပေါလာတတ်ပြီး နွေရာသီမှာတော့ နည်းနည်းရှားပါးပါတယ်။ ဒီအပင်ကို ကျိုသောက်ရင် ချိုမြမြအရသာ ရှိပါတယ်နော်။ ငယ်တုန်းက ဆီးအောင့်တဲ့အခါ ဒါမှမဟုတ် ဝမ်းတအားလျောတဲ့အခါ လူကြီးတွေက ဒီအပင်ကို ရေဆေးပြီး ၃ ခွက် ၁ ခွက်ကြိုပေးတာကို ကိုယ်တိုင်သောက်ဖူးခဲ့ပါတယ်။ အဲတုန်းကတော့ ဆိတ်နို့ပင်ဟာ ဆီးအောင့်တာနဲ့ ဝမ်းလျောတာကို သက်သာစေတယ်လို့ပဲ သိရတာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ ဆိတ်နို့ပင်ဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒီ video မှာ ဆိတ်နို့ပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံနဲ့ ဘယ်လိုအသုံးပြုရမလဲဆိုတာကို မျှဝေပေးမှာပါ။ ခုလို မိတ်ဆွေတို့အတွက် အကျိုးရှိစေတဲ့ အကြောင်းအရာတွေကို မျှဝေခွင့်ရလို့ ဝမ်းသာရပါတယ်။ ကျမမျှဝေတဲ့ အကြောင်းအရာအရာတွေဟာ မိတ်ဆွေတို့အတွက် အသုံးဝင်တယ် အကျိုးရှိတယ်ဆိုရင် မျှဝေရကျိုး နပ်ပါတယ်ရှင့်။ နောက်ပြီး တခြားလူအများလဲ သိရအောင် ပြန်လည်မျှဝေပေး‌ကြပါနော်။ ကျန်းမာခြင်းသည် လာဘ်တပါးဖြစ်တာကြောင့် အားလုံးကျန်းမာကြပါစေနော်။ ဒီတခါမှာတော့ ဆိတ်နို့ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ အချက်တွေနဲ့ အသုံးပြုပုံကို ပြောပြပေးပါမယ် .............. ခုလို ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ဗဟုသုတ အကြောင်းအရာတွေကို ကျမတို့ရဲ့ ချန်နယ်မှာ နေ့စဉ် တင်ဆက်ပေးနေပါတယ်။ ဒါကြောင့် ချန်နယ်မှာ ဝင်ရောက်ကြည့်ပေးပါနော်။ အောက်ကလင့်ကိုနှိပ်ပြီး ဝင်ကြည့်လို့ရပါရတယ်။ ကျန်းမာရေးဗဟုသုတတွေကို နေ့စဉ်တင်ဆက်ပေးနေတာကြောင့် ဝင်ကြည့်သင့်တဲ့ ချန်နယ်လေးပါ။ ကျန်းမာရေး ဗဟုသုတ ချန်နယ်ပါ https://youtube.com/@inkvoice-nz?si=BX0PVQJ8-VlIvSwE

  • ယခုတစ်ခါမှာတော့ ဗဟုသုတရစေမဲ့ AIပတ်သက်တဲ့ အကြောင်းအရာလေးပါ။ AI ကြောင့် ဆုံးရှုံးသွားနိုင်တဲ့ အလုပ်အကိုင်များ၊Aiနဲ့ အစားထိုးမရနိုင်တဲ့ အလုပ်အကိုင်များအကြောင်းကို ပြောပြပေးထားပါတယ် နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • ဝတ္ထု –စိတ္တဇဆရာဝန် ✍️ [စာရေးသူအမည်] – ဒဂုံရွှေမျှား 🎙️ အသံဖတ်သူ – linn (Invoice Channel ) ခုဝတ္ထုလေးက တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားမဲ့ စိတ်ဝင်စားလာစေမဲ့ ခြောက်ခြားရင်ခုန်ဖွယ် ရသဝတ္ထုတို စိတ္တဇတွေဟာ သားကောင်ဘယ်လိုရှာလဲ၊ခြောက်ခြားစေတဲ့ခံစားချက်ထက် သိချင်စိတ်ပိုဖြစ်‌စေမဲ့ ဝတ္ထုတိုလို့ ဆိုရမှာဖြစ်တယ် နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • ဝတ္ထု –မမြင်ရသော စုတ်ချက် ✍️ စာရေးသူအမည် – ဒဂုံရွှေမျှား 🎙️ အသံဖတ်သူ – linn (Invoice Channel ) ခုဝတ္ထုလေးက အတွေးများစေမဲ့ ဟုတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ အဆုံးထိတွဲခေါ်စေတဲ့ စုံထောက်ဝတ္ထုတို ပြင်းပြတဲ့ စိတ်တစ်ခုရှိနေရင် ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ရောက်လာတတ်တာဟာ စိတ်ရဲ့ အားအင်ကြီးမားပုံ အံ့မခန်းတွေ့ရ၊ မကောင်းမှုရဲ့ အင်အားက အသက်သေစေသည်အထိ အင်အားကြီးမှုကလည်း သတိပြုစရာ နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • ဘုံမြင့်စံ၊သမိန်ပေါသွပ် ကာတွန်းမောင်ဝဏ္ဏလက်ရာ အလုပ်အကိုင်နောက်တစ်မျိုးနဲ့ လက်ဝှေ့ကျော် သမိန်ပေါသွပ် ဘယ်လိုတွေ ပေါ ဘယ်လိုတွေ လွဲ....မှားလို့ ဘယ်လိုသိုင်းကွက်ဆန်းတွေနဲ့ စွန့်စားမလဲဆိုတာ....ဒန် တန့် တန်....ဝူး...ဟား ဟားး နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • ဇာတ်သိမ်းသွားပါပြီ လူသတ်တရားခံက ဘာကြောင့်သတ်ရတာလဲ၊ရိုးရိုးလူသတ်သမားမဟုတ်ဘဲ မြန်မာပြည်မှာ ဖြစ်ခဲတဲ့ လူသတ်သမားမျိုး ဖြစ်ကြောင်း ဖြည်ချပြသွားတာဟာ အံ့ဩစရာကောင်းပြီး လောကမှာ ဆင်ခြင်ရမဲ့ အချက်အလက်တွေ များစွာရလိမ့်ပါတယ် မှုခင်းဝတ္ထု –အလောင်း ✍️ [စာရေးသူအမည်] – ခက်ဇော် 🎙️ အသံဖတ်သူ – linn (Invoice Channel ) ဒီမှုခင်းဝတ္ထုက စိတ်ဝင်စားရာ မှုခင်းမှုရာအပြင် ပရလောက၊စုန်း၊တိုင်းရင်းသားလူမျိုး‌တွေရဲ့ ထုံးတမ်းဓလေ့တွေနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျောတစိမ့်စိမ့်နဲ့ နားထောင်းရမဲ့ ခြောက်ခြားဖွယ် ရသဝတ္ထုတို မှုခင်းဖြစ်ရခြင်းရဲ့ အကြောင်း၊ဇာတ်ကောင်ရဲ့ စိတ္တဇတွေကို လှည့်ကွက်တွေနဲ့ ခံစားရမှာဖြစ်တယ် နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • အပိုင်း၃လည်း ဖတ်ထားပြီမို့ နားဆင်လို့ရပါပြီ မှုခင်းဝတ္ထု –အလောင်း ✍️ [စာရေးသူအမည်] – ခက်ဇော် 🎙️ အသံဖတ်သူ – linn (Invoice Channel ) ဒီမှုခင်းဝတ္ထုက စိတ်ဝင်စားရာ မှုခင်းမှုရာအပြင် ပရလောက၊စုန်း၊တိုင်းရင်းသားလူမျိုး‌တွေရဲ့ ထုံးတမ်းဓလေ့တွေနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျောတစိမ့်စိမ့်နဲ့ နားထောင်းရမဲ့ ခြောက်ခြားဖွယ် ရသဝတ္ထုတို မှုခင်းဖြစ်ရခြင်းရဲ့ အကြောင်း၊ဇာတ်ကောင်ရဲ့ စိတ္တဇတွေကို လှည့်ကွက်တွေနဲ့ ခံစားရမှာဖြစ်တယ် နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • အပိုင်း၂ ဖတ်ထားပြီမို့ နားဆင်လို့ရပါပြီ မှုခင်းဝတ္ထု –အလောင်း ✍️ [စာရေးသူအမည်] – ခက်ဇော် 🎙️ အသံဖတ်သူ – linn (Invoice Channel ) ဒီမှုခင်းဝတ္ထုက စိတ်ဝင်စားရာ မှုခင်းမှုရာအပြင် ပရလောက၊စုန်း၊တိုင်းရင်းသားလူမျိုး‌တွေရဲ့ ထုံးတမ်းဓလေ့တွေနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျောတစိမ့်စိမ့်နဲ့ နားထောင်းရမဲ့ ခြောက်ခြားဖွယ် ရသဝတ္ထုတို မှုခင်းဖြစ်ရခြင်းရဲ့ အကြောင်း၊ဇာတ်ကောင်ရဲ့ စိတ္တဇတွေကို လှည့်ကွက်တွေနဲ့ ခံစားရမှာဖြစ်တယ် နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • မှုခင်းဝတ္ထု –အလောင်း ✍️ [စာရေးသူအမည်] – ခက်ဇော် 🎙️ အသံဖတ်သူ – linn (Invoice Channel ) ဒီမှုခင်းဝတ္ထုက စိတ်ဝင်စားရာ မှုခင်းမှုရာအပြင် ပရလောက၊စုန်း၊တိုင်းရင်းသားလူမျိုး‌တွေရဲ့ ထုံးတမ်းဓလေ့တွေနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျောတစိမ့်စိမ့်နဲ့ နားထောင်းရမဲ့ ခြောက်ခြားဖွယ် ရသဝတ္ထုတို မှုခင်းဖြစ်ရခြင်းရဲ့ အကြောင်း၊ဇာတ်ကောင်ရဲ့ စိတ္တဇတွေကို လှည့်ကွက်တွေနဲ့ ခံစားရမှာဖြစ်တယ် နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • 🎧 ကာတွန်းဇာတ်လမ်း – ကိုယ်ရံတော် 📢 အသံဖတ် –linn (Invoice) 🎬 ကာတွန်း – ကာတွန်းအောင်ရှိန် မြန်မာလူမျိုးအတွက် စုံထောက်ဟာသ ကာတွန်းဇာတ်လမ်းများထဲက တစ်ပုဒ်ဖြစ်တဲ့ ဦးကပ်စီးပါဝင်ပြီး စုံထောက်ဦးရှံစား"[ကိုယ်ရံတောံ]" ကို အသံဖတ်ပုံစံနဲ့ဖန်တီးထားပါတယ်။ ဇာတ်ကောင်များရဲ့အသံ၊ ဟာသ၊ အပြောအဆိုတွေက မိသားစုလုံးနဲ့ နားထောင်ရင်း ပျော်ရွှင်စေမယ်လို့ မျှော်လင့်ပါတယ်။ နားထောင်ပြီး သဘောကျတယ်ဆိုရင် – 💖 Like, 📢 Share, 🔔 Subscribe လုပ်ပေးဖို့ မမေ့နဲ့နော်။ 📌 မူရင်းဇာတ်လမ်းကို ယခုနေရာကနေ ခွင့်ပန်ပြီးတော့ လေးစားခြင်းဖြင့်ဖန်တီးထားပါတယ်။ 📺 Subscribe for more fun stories ➤ Invoice Channel မြန်မာပြည်သူတွေအကြိုက်ဆုံး စုံထောက်ဦးရှံစား စီးရီးထဲက "ကိုယ်ရံတော်"ရုပ်ပြကာတွန်း ဟာ ဟာသနဲ့ လျှို့ဝှက်မှုကို အပြည့်အဝကောင်းကောင်းပေါင်းထားတာ ဖြစ်ပါတယ်။ နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • без подписи

  • ရသဝတ္ထုတို –နှင်းဆီမွေ့ယာ ✍️ [စာရေးသူအမည်] – ခင်နှင်းယု 🎙️ အသံဖတ်သူ – linn (Invoice Channel ) ဒီရသဝတ္ထုတိုက စိတ်ကြည်နူးစေတဲ့ သဘာဝန်းကျင်၊ စိတ်ခွန်အားတိုးမြင်စေတဲ့ အကြောင်းအရာအရာတွေကိုအခြေခံပြီး ဖန်တီးထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ရရှိလာတဲ့ အရာတွေကိုလည်း ထိန်းချုပ်ရောင့်ရဲစေတတ်ဖို့လိုကြောင်း၊လူတို့သည် မရတာ လို၊လိုတာ မရ ဖြစ်တဲ့ သတ္တဝါဖြစ်ကြောင်း၊ရလာလျှင် အသုံးချတတ်ဖို့ ကျေနပ်တတ်ဖို့လိုကြောင်း အသိပေးတဲ့ ရသဝတ္ထုတို နားထောင်ရန် လင့်ခ် http://bit.ly/3Gn0FK6

  • အတုံ့အလှည့်သဘောမျိုး ကြုံလာရတဲ့အခါ ခံရသူဖက်က ပညာသားပါပါ၊တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်လာတဲ့အခါ...... အပြည့်အစုံ နားထောင်ရန် 👇🏻 http://bit.ly/3Gn0FK6

  • သမိန်ပေါသွပ်ရဲ့ မထီးကျွန် ကာတွန်းမောင်ဝဏ္ဏ ကာတွန်းဆရာက အရည်းကြီးဝါဒကို မြင်ပြင်းကတ်ရာမှ သမိန်ပေါသွပ်နဲ့ တွေ့စေကာ အရည်းကြီးတွေကို သင်ခန်းစာပေးလေသတည်း သမိန်ပေါသွပ်က ဘယ်လိုသင်ခန်းစာပေး သိုင်းကွက်နင်းမလဲဆိုတာ နားဆင်ကြပါဦး ဒန်တန့်တန်........ နားဆင်ရန် http://bit.ly/3Gn0FK6

  • ကျွန်ုပ်နှင့် robotics အသျှား(ချောင်းဦး) ငအောင်နဲ့ ငတူးတို့က စရိုက်လက္ခဏာမတူ၊အခြေအနေမတူကြပေမဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်အချင်းချင်းနားလည်ကြပြီး ညှာတာကြ ကူညီကြတယ် သူတို့အချင်းချင်း အပြန်အလှန်ထားရှိကြတဲ့ ဆက်ဆံရေးဟာ တကယ့်မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုလဲဆိုတာ ပြ‌သွားသလိုပါပဲ ခုလိုသိပ်ချစ်ကြတဲ့ ဆက်ဆံရေးမှာ ငအောင်က ငတူးကို ဘာကြောင့် Robotics လို ခေါ်ရတာလဲ၊roboticsလိုမျိုးကောင်လို့ ပြောရတာလဲဆိုတာ နားဆင်ရင်း အဖြေရှာကြရအောင်နော်။ အောင်သင်းရဲ့ ဝတ္ထုသုံးသပ်ချက်တွေ ပါဝင်တာမို့ ဝတ္ထုကောင်းတွေရဲ့ ကြန်အင်လက္ခဏာတွေကိုလည်း မှတ်သားသိရှိရမှာဖြစ်ပါတယ် ယခုလင့်ခ်ကနေ နားဆင်နိုင်သလို YouTube channel မှာ INVOICE audio book ၊သမိန်ပေါသွပ် ဆိုပြီး ရိုက်ရှာပြီး နားဆင်နိုင်ပါတယ် http://bit.ly/3Gn0FK6

  • ဒီတစ်ခေါက်မှာတော့ ပွဲစားကြီးတစ်ဖြစ် သမိန်ပေါသွပ် က သူ့ရဲ့ လေ သူ့ရဲ့အစွမ်းတွေနဲ့ ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုတိုက်ကွက်တွေနဲ့ လှုပ်ရှားသွားဦးမလဲဆိုတာ အခွီတွေနဲ့ နားဆင်ကြည့်ပါဦး အပိုင်းနဲ့ ဖြစ်ဖြစ် တစ်ခါတည်းအပြီးဖြစ်ဖြစ် တင်ထားတာမို့ နှစ်သက်ရာကို နားထောင်နိုင်ပါပြီ နားဆင်ရန် link http://bit.ly/3Gn0FK6

  • без подписи

  • ဒီတစ်ခေါက်မှာတော့ ပွဲစားကြီးတစ်ဖြစ် သမိန်ပေါသွပ် က သူ့ရဲ့ လေ သူ့ရဲ့အစွမ်းတွေနဲ့ ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုတိုက်ကွက်တွေနဲ့ လှုပ်ရှားသွားဦးမလဲဆိုတာ အခွီတွေနဲ့ နားဆင်ကြည့်ပါဦး နားဆင်ရန် link http://bit.ly/3Gn0FK6