tgindex
𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

𝑺𝓪𝓾𝓷𝓰 𝑯𝓪𝔂𝓶𝓪𝓻𝓷 𝑹𝓲

Статистика

ယုန်ကလေးရဲ့ရပ်ဝန်းငယ်‌မှ ကြိုဆိုပါတယ်။ ⧼ ဆက်သွယ်ရန် - @ariix_xBOT 𓃹 ⧽

Последний пост
25 окт. 2024 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
2 250
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
6 637
20 постов
Вовлечённость
295,0%
к подписчикам
Постов в день
0,0
всогО 20
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
—
1/48двое суток
—
1/72трое суток
—

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 25 окт. 2024 Đł.17,8 тыс51

    ဒီနေ့လည်း အလှပဆုံးပွင့်လန်းပြီး ရှင်သန်ပေးပါ။ ခက်ခဲကြမ်းတမ်းတဲ့ကျောက်ဆောင်တွေကို ရင်ဆိုင်ကျော်ဖြတ်လာပေးပါ။ ပျော်ရွှင်ခြင်းအိမ်အိုကလေးက မင်းလေးများ ဘယ်အချိန်ရောက်လာလေမလဲဆိုပြီး ရှေ့ကလမ်းသွယ်လေးကိုပဲ မျှော်ငေးနေရှာတာ.. ဒါကြောင့် အားမလျှော့ပဲ သန်မာရမယ်နော်။ -ဆောင်းဟေမာန်ရီ- ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕 ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • 24 окт. 2024 Đł.14 тыс78

    ❛ သူငယ်ချင်းတွေထားခဲ့ခံရလို့ အထီးကျန်နေတဲ့ကလေးဖတ်ဖို့ ❜ ခုလို အနားမှာဘယ်သူမှမရှိပေးနိုင်တဲ့အချိန်၊ တစ်ယောက်ထဲ ပင်ပန်းတယ်မလား။ အထီးကျန်တယ်မလား။ အမြဲတမ်းအနားမှာရှိနေပေးမယ်ဆိုပြီး ယုံတမ်းပုံပြင်တွေပြောသွားတဲ့ သူငယ်ချင်းတွေကို စိတ်နာမိတယ်မလား။ မိဘတွေကိုတောင် မစိုးရိမ်စေချင်လို့ မပြောပြဘဲ တစ်ယောက်တည်း အခန်းထဲမှာကြိတ်ငိုခဲ့ရတာပဲမလား။ ဒါဆို ခနလောက် ဒီစာလေးကိုအချိန်ပေးပြီးဖတ်ပေးပါ ကလေး .. ။ ဘယ်လောက်ထိ နာကျင်နေရမလဲဆိုတာနားလည်ပါတယ်။ ကိုယ်ချစ်ရတဲ့ အနီးကအရင်းနှီးဆုံးလူတွေက လိုအပ်နေချိန်ကြမှ ပျောက်ကွယ်ကုန်တာမို့ ဘယ်လောက်ထိ ခံစားနေရမလဲဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့ကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုကိုယ်နာကျင်အောင်မလုပ်ပါနဲ့။ မတန်ဘူးလေ။ ကိုယ့်ဘဝထဲကထွက်သွားတဲ့သူတွေကတော့ သူ့တို့ဘာသာသူတို့ပျော်နေကြပြီ။ ကိုယ်ကပဲ ဘဝမှာသူတို့မရှိ‌တော့လို့ဆိုပြီး ခံစားနေရတာ တန်ပါ့မလား။ ခင်မင်ရင်းနှီးလွန်းလို့ ကိုယ့်ဘက်ကပေးဆပ်ပြီးပေါင်းသင်းခဲ့တာကို သစ္စာဖောက်သွားတဲ့လူတွေကို ဘာလို့တွယ်တာနေသေးတာလဲ။ ကိုယ့်စေတနာနဲ့မတန်တဲ့သူတွေမို့၊ ကိုယ်နဲ့မထိုက်တန်လို့ ကံမ္မာကြီးကသူတို့ကို ထွက်သွားစေခဲ့တယ်လို့ပဲတွေးလိုက်ပါ။ သိုးရည်ခြုံထားတဲ့ ဝံပုလွေတွေဆိုတာ ခုသိလိုက်ရပြီမလား။ ဒါကြောင့်ဝမ်းမနည်းနေပါနဲ့နော်။ ဒီရက်ပိုင်းတွေမှာခံစားနေရအုံးမှာမို့ အဝငိုချပစ်လိုက်ပါ။ ဆဲပစ်ချင်ရင်လည်းရတယ်။ မုန်းပစ်ချင်လည်းမုန်းပစ်လိုက်လို့ရတယ်။ မင်းရင်ထဲမှာ ဘာအငြိုးအတေးမှ မရှိတော့ထိ ဖွင့်ထုတ်ပစ်လိုက်ပါ။ ခံစားလို့ဝသွားရင်တော့ စိတ်သစ်လူသစ်ကိုယ်သစ်နဲ့ ဆက်ပြီးရှင်သန်ဖြတ်သန်းရမယ်‌နော်။ ခုချိန်မှာတော့ တစ်ယောက်တည်းဖြစ်နေအုံးမှာဆိုပေမယ့် အချိန်တန်ရင် မင်းနဲ့ထိုက်တန်တဲ့ သူငယ်ချင်းအစစ်အမှန်တွေက မင်းဘဝထဲကို ရောက်လာအုံးမှာပါ။ ရောက်ကိုရောက်လာမှာ။ ပိုပြီးပျော်ရွှင်ရတော့မှာ။ ဒါကိုယုံကြည်ထားစမ်းပါ။ ရင်ထဲမှာခံစား‌နေရတာတွေ အကုန်ဖွင့်ထုတ်ပြီး၊ စိတ်တွေပြန်တည်ငြိမ်လာတဲ့အချိန်ကျ ကိုယ့်ကိုထားခဲ့တဲ့၊ နောက်ကျောကိုဓားနဲ့ထိုးခဲ့တဲ့ တစ်ချိန်ကအရင်းနှီးဆုံးသော သူငယ်ချင်းဆိုတဲ့ ဝံပုလွေ၊ မြွေဟောက်လိုလူတွေကိုတော့ သေပြီလို့ပဲမှတ်ထားကြည့်လိုက်ပါ။ သူတို့တွေကိုယ့်ဘဝထဲကနေထွက်သွားကြပါပြီ၊ သေသွားကြပါပြီ၊ သူ့ရဲ့နောက်ဘဝတစ်ခုမှာ ပျော်နေတာလို့ပဲ မှတ်ထားကြည့်ပါ။ "သေသောသူ၊ ကြာရင်မေ့" ဆိုသလိုပဲ သေသွားပြီဆိုတော့ သူတို့အပေါ်မှာ ဘာအငြိုးအတေးမှထားစရာမလိုတော့ဘူးမဟုတ်လား။ ဒါကြောင့် တစ်ချိန်က ကိုယ့်အပေါ်လုပ်ခဲ့တာတွေကိုလည်း ကျေးအေးပေးလိုက်ပါ‌။ နှလုံးအေးရတာပေါ့။ ‌ကိုယ်ကမခံချင်စိတ်နဲ့ ကြိုးစားရင်း အခြေအနေပြောင်းလဲသွားခဲ့လို့ အောင်မြင်နေချိန်မှာ ပြန်‌လာရောကြရင်တောင် ကင်းနိုင်တဲ့သူဆိုရင် အတတ်နိုင်ဆုံးကင်းအောင်နေပါ။ မာယာတွေနဲ့စကား‌တွေသုံးပြီး အရင်လိုသူငယ်ချင်းပြန်လုပ်ချင်တယ်လို့ ကိုယ့်ကိုပြောလာခဲ့ရင် နောက်ကျောကိုနောက်တစ်ခါထပ်ပြီး ဓားနဲ့အထိုးခံမလားဆိုတာ ပြန်စဉ်းစားပါ။ ကင်းလည်းမကင်းနိုင်ဘူး။ အခေါ်အ‌ပြောမရှိတော့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရသေးတယ်၊ ကိုယ်ပျော်နေတာလည်းသူမြင်၊ သူပျော်နေတာလည်းကိုယ်မြင်နေရသေးတယ်ဆိုရင်တော့ သူတို့ကိုမရှိဘူးပြီလို့ပဲတွေးပြီး ကိုယ့်ဟာကိုယ်လွတ်လွတ်လပ်လပ် ပျော်ရွှင်ပြလိုက်ပါ။ မြင်နေရလည်းမမြင်ချင်ယောင်ဆောင်၊ တွေ့နေရလည်း မတွေ့ချင်ယောင်‌ပြီးနေပါ။ အနားမှာရှိမနေဘူးလို့ပဲ တွေးပြီးနေကြည့်ပါ။ အထီးကျန်တာက အစပိုင်းကတော့ ဘာမှမဟုတ်ဘူး။ သာမန်ဝမ်းနည်းမှုလေးလိုပဲလို့ ထင်မိကြလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းအချိန်ကြလာတဲ့အမျှ ပိုပိုပြီးအထီးကျန်လာတဲ့အခါ စိတ်ဓာတ်တွေပါကျလာတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကျဆင်းလာတယ်။ အတွေးတွေလွန်တယ်။ နောက်ဆုံးမှာ suicide လုပ်ဖို့ထိပါ တွေးမိတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အထီးကျန်တယ်လို့ခံစားရတာနဲ့ မိဘ၊ မောင်နှမတွေကိုရင်ဖွင့်ပြောပြပါ။ တစ်ယောက်ထဲ ကြိတ်မှိတ်ပြီး မခံစားပါနဲ့နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က အထီးကျန်နေတယ်ဆိုတာသိတာနဲ့ အဖော်ပြုပြီး ကူညီဖေးမကြပါစို့လားရှင်။ -ဆောင်းဟေမာန်ရီ- ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • လူတစ်ယောက်ကို ဘယ်လိုမေ့ရမလဲ??? လူတစ်ယောက်ကို ဘယ်လိုမေ့ရမလဲလို့ အခြားသူတစ်ယောက်ကိုသွားမေးတယ်။ အကြံဉာဏ်တောင်းတယ်။ သူပေးတဲ့နည်းလမ်းတွေက ဘယ်လောက်ပဲ သူ့အတွက်အသုံးဝင်တယ်ပြောပြော၊ ကိုယ့်အတွက်ကျ ကိုယ့်စိတ်ကတကယ်မေ့ချင်မှ၊ တကယ်မေ့အောင်ကြိုးစားနိုင်မှ အသုံးဝင်တာပါ။ အချို့လူတွေက လူတစ်ယောက်ကိုမေ့ချင်တယ်တော့ပြောကြတယ်။ ကိုယ်ကိုယ်တိုင်ကျ မေ့နိုင်အောင်မကြိုးစားပဲ အဲ့ဒီလူအကြောင်းကိုပဲတစိမ့်စိမ့်တွေးရင်း ထိုင်လွမ်းပြီးငို။ ဒီလိုလုပ်နေလို့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ အရင်ဆုံး ဒီနည်းလမ်းလေးတွေကိုသုံးကြည့်ပါ။👇🏻👇🏻👇🏻 Social media မှာ သူ့အကောင့်တွေကို stalking လုပ်မိနေတာကို ရပ်တန်းကရပ်ပါ။ သူကိုယ့်အပေါ်ကောင်းခဲ့တာတွေ၊ ဆိုးခဲ့တာတွေအကုန်မေ့လိုက်ပါ။ (မတွေးပါနဲ့) သူကတစ်ချိန်ကကိုယ့်ရည်းစား‌ဟောင်းဆိုရင်တော့ သူနဲ့ကိုယ်နဲ့က ခုချိန်မှာ ဘာမှပတ်သက်စရာမလိုတော့တဲ့ သူစိမ်းတွေဆိုတာ သိထားပါ။ ကိုယ်နဲ့ပတ်ဝန်းကျင်မှာ မြင်တွေ့ရအုံးမယ့်လူဆိုရင်တော့ သူရှိနေတာကို မသိသလို၊ မမြင်ချင်ယောင်ဆောင်ပြီးပဲနေကြည့်ပါ။ မာနရှိပါ။ သူတောင်ပျော်ရွှင်နေနိုင်တာကို ကိုယ်ကဘာကိစ္စမမေ့နိုင်ပဲ ပူဆွေးနေရမှာလဲ။ မမျှတဘူးမလား။ ဒါတွေဟာအစပိုင်းမှာတော့ခက်ခဲပါလိမ့်မယ်။ ကိုယ့်ဘက်က တကယ်မေ့ချင်တာဆိုရင် သူ့အကြောင်းကို တတ်နိုင်သလောက်မတွေးပဲနေပြီး အခြားတစ်ခုခုကိုအာရုံပိုစိုက်ပါ။ (သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးတာပဲဖြစ်ဖြစ်၊ ကိုယ့်ဝါသနာပါတဲ့အရာကို ပိုပြီးအာရုံစိုက်တာပဲဖြစ်ဖြစ်ပေါ့။) အချိန်က အရာရာကို ကုစားပေးပါလိမ့်မယ်။ အပေါ်မှာပြောခဲ့သလိုပဲ မေ့ချင်လှပါတယ်ပြောပြီး သူ့ကိုစကားတွေသွားပြောလိုက်၊ စောင့်ကြည့်လိုက်၊ အရင်အကြောင်းတွေပြန်တွေးပြီးငိုလိုက်လုပ်နေရင်တော့ တစ်သက်လုံးမေ့နိုင်မှာမဟုတ်ဘူးလို့ပဲ ပြောပါရစေ။ အရင်လူကို မမေ့နိုင်သေးပဲ အခြားတစ်ယောက်နဲ့အစားထိုးတာက လုံးဝမကောင်းပါဘူး။ ဝဋ်ပြန်လည်တတ်ပါတယ်နော်။ ဖြစ်နိုင်ရင် တစ်ယောက်ကိုချစ်၊ တွဲ၊ ပျက်၊ မေ့နိုင်ရင်အသစ်ထပ်တွဲ.. အဲ့လိုပဲ သံသရာလည်နေမယ့်အစား ကိုယ့်ကိုကိုယ်ပိုချစ်ပေးစေချင်တယ်။ ကိုယ့်ကိုကိုယ်တိုးတက်ပြောင်းလဲဖို့ ပိုပြီးအာရုံစိုက်စေချင်တယ်။ ကိုယ့်ရဲ့ဝါသနာတွေ၊ရည်မှန်းချက်တွေအများကြီးရှိနေတာပဲ .. ဘာလို့များ စိတ်ဆင်းရဲစရာဒီနွံကြီးထဲမှာပဲ အယောင်ပြသာယာမှုတွေကြားမှာ နစ်လိုက်ပေါ်လိုက်အဖြစ်‌ခံနေတော့မှာလဲ။ အချိန်ကအရာရာကိုကုစားပေးပါလိမ့်မယ်နော်။ ကိုယ့်စိတ်ကိုယ်သာ မေ့နိုင်အောင် ကြိုးစားပြီးထိန်းယူသွားပါ။ စာအရမ်းရှည်သွားမှာစိုးလို့ တတ်နိုင်သလောက် လိုရင်းကိုပဲ ခြုံငုံပြီးပြောပြထားပါတယ်။ ကိုယ့်အမြင်နဲ့ကိုယ်ရေးထားတာမို့ အမြင်ချင်းမတူတာရှိရင် ဖြည့်တွေးပေးပါ။ တစ်ယောက်ယောက်အတွက် အသုံးဝင်ခဲ့ရင်တော့ ဝမ်းသာရပါတယ်ရှင်။ -ဆောင်းဟေမာန်ရီ- ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • လူတစ်ယောက်ကို ဘယ်လိုမေ့ရမလဲ။ ရီကိုဆက်သွယ်တဲ့ bot လေးကနေတဆင့် တော်တော်များများ လာမေးကြတဲ့မေးခွန်း။ NGL link ချပေးတာနဲ့ လာမေးကြတဲ့မေးခွန်း။ လူတစ်ယောက်ကိုဘယ်လိုမေ့ရမလဲ။ ဘယ်လိုမေ့နိုင်အောင်လုပ်ရမလဲ။ စသဖြင့်အမျိုးမျိုးပေါ့။ အစပိုင်းမှာတော့ မေးလာသမျှ ‌အဲ့လိုမေးခွန်းတိုင်းကို ignore လုပ်ခဲ့ပါတယ်။ သူတို့လူကိုသူတို့ကိုယ်တိုင်တောင် မမေ့နိုင်တာကို ငါ့လာမေးနေတယ် ဆိုပြီးစိတ်ကသိကအောက်ဖြစ်မိတာပေါ့။ နောက်ပြီး အချစ်နဲ့ပက်သက်တာတွေလာ မမေးကြပါနဲ့။ ကိုယ့်အပူတွေကိုသူများကို လာမမျှဝေပါနဲ့လို့ပြောထားပါလျက် လာပြောပြကြ၊ လာမေးကြ။ စိတ်အခြေအနေမကောင်းဘဲ အထီးကျန်တဲ့ကလေးတွေအတွက်ရင်ဖွင့်ဖော်အဖြစ် bot မှာလာပြောပြနိုင်ပါတယ်လို့ link ချလိုက်တာနဲ့ အချစ်နဲ့ပက်သက်တာတွေပဲ လာပြီးအကြံဉာဏ်တောင်းနေကြတာများတယ်။ ခုခေတ်လူငယ်တွေကြားမှာက ခေတ်စားနေတာက Relationship ပဲရှိတာကိုး။ ခုတစ်ယောက်ကိုမမေ့နိုင်သေးဘဲ နောက်တစ်ယောက်နဲ့ ထပ်တွဲကြတာပဲမဟုတ်လား။ ဒါကြောင့် ကိုယ့်ရင်ထဲမှာစွဲမြဲနေတဲ့ လူတစ်ယောက်ကို မေ့ချင်ပါလျက် မမေ့နိုင်သူလေးတွေအတွက် ရီ စာလေးရေးပြီးတင်ပေးပါ့မယ်။ အမြင်ချင်းတူချင်မှတူပါမယ်။ အထောက်အကူဖြစ်ခဲ့ရင်တော့ ဝမ်းသာရတာပေါ့။ စောင့်မျှော်ပေးကြပါအုံးရှင်။

  • ❛ 𝒀𝒐𝒖 𝑺𝒉𝒐𝒖𝒍𝒅𝒏'𝒕 𝑩𝒆 𝑴𝒊𝒏𝒆 ❜ တစ်ချိန်တုန်းက မင်းကို အရူးအမူးစွဲလန်းခဲ့ဖူးတဲ့ကိုယ်က ခုတော့ "ချစ်တယ်" ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့တောင် တွန့်ဆုတ်နေမိပြီ။ ကိုယ့်မှတကယ်မချစ်ခဲ့တာ.. တကယ်ဆို မင်းကိုမပိုင်ဆိုင်သင့်ခဲ့တာပါ။ -ဆောင်းဟေမာန်ရီ- ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕…

  • ❛ 𝒀𝒐𝒖 𝑺𝒉𝒐𝒖𝒍𝒅𝒏'𝒕 𝑩𝒆 𝑴𝒊𝒏𝒆 ❜ တစ်ချိန်တုန်းက မင်းကို အရူးအမူးစွဲလန်းခဲ့ဖူးတဲ့ကိုယ်က ခုတော့ "ချစ်တယ်" ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့တောင် တွန့်ဆုတ်နေမိပြီ။ ကိုယ့်မှတကယ်မချစ်ခဲ့တာ.. တကယ်ဆို မင်းကိုမပိုင်ဆိုင်သင့်ခဲ့တာပါ။ -ဆောင်းဟေမာန်ရီ- ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕 ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • йоС пОдписи

  • ဒီနေ့ဝယ်လာတဲ့ ကလေးတွေပါရှင် ~ 🌞🦋💗 📸 - 𝒃𝒚 𝒎𝒆 ♡ 📚 ⊹ ꒰ #ʙᴏᴏᴋɪᴇs ꒱

  • ဆုတောင်းတွေတော့ပြည့်ခဲ့တယ်။ အရင်လိုရင်ခုန်သံတွေကိုတော့ ပြန်မကြားနိုင်တော့ဘူးထင်တယ်။ မပိုင်ဆိုင်ခဲ့ရချိန်ကအချစ်က ဒီလောက်တောင်ရင်ခုန်ဖို့ကောင်းခဲ့တာလေသလား။ တိတ်တခိုးငေးခဲ့ရတဲ့အပြုံးတွေကကော ဒီလောက်ထိချိုမြိန်ခဲ့လေသလား။ အတိတ်ကဆောင်းရာသီတစ်ခုရဲ့ အဲ့လိုအမှတ်တရတွေကို မေ့ပျောက်ဖြစ်လို့ရနိုင်မယ် မထင်ဘူးရယ်။ ကိုယ့်ဘဝရဲ့ငယ်ရွယ်မှုအဆုံးသတ်ရင်ခုန်သံလေးက မင်းမို့လို့ပဲထင်ပါတယ်ကွယ် .. ။ -ဆောင်းဟေမာန်ရီ- 𝑽𝒅 - 𝒇𝒓𝒐𝒎 𝒕𝒊𝒌𝒕𝒐𝒌 ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • ❛ 𝑰𝒇 𝑰 𝒉𝒂𝒅 𝒂 𝒄𝒉𝒂𝒏𝒄𝒆 𝒕𝒐 𝒈𝒐 𝒃𝒂𝒄𝒌 𝒕𝒐 𝒎𝒚 𝒚𝒐𝒖𝒕𝒉 𝒔𝒕𝒐𝒓𝒚.. ❜ ဆောင်းရာသီတစ်ခုရဲ့ 𝑪𝒓𝒖𝒔𝒉 𝑬𝒓𝒂 ကိုသတိရမိတယ်။ အပြုံးတွေကို တိတ်တခိုးလေးငေးကြည့်ရင်း.. အတန်းနားချိန်တွေဆို သူရှိတဲ့စာသင်ခန်းရှေ့က ဘေစင်လေးမှာ လက်ဆေးဟန်ဆောင်ရင်း ချောင်းကြည့်ခဲ့ရတဲ့အချိန်တွေ.. ကိုယ့်ဘေးနားကဖြတ်သွားရင်ပဲဖြစ်ဖြစ်၊ လမ်းမှာ မတော်တဆ မျက်နှာချင်းဆိုင်ဆုံမိရင်ပဲဖြစ်ဖြစ် ကြိတ်ကြည်နူးခဲ့ရတာတွေ.. ပွဲတော်နေ့မှာ မုန့်သွားယူဖို့တန်းစီရင်း မထင်မှတ်ပဲ သူက‌ကိုယ့်ရှေ့မှာဖြစ်နေခဲ့တဲ့ အခိုက်အတန့် .. သူ့အပြုံးကို ပထမဆုံးမြင်ခဲ့ရတဲ့နေ့ .. ဒီလိုနေ့ရက်လေးတွေကို လွမ်းမိတယ်။ ကိုယ့်အောင်သွယ်တော်သူငယ်ချင်းရဲ့ကူညီမှုကြောင့် သုံးယောက်သားအတူ လမ်းသလားခဲ့ဖူးတဲ့ အတိတ်ရဲ့ဇန်နဝါရီရက်စွဲတွေ.. 𝑷𝒂𝒔𝒊𝒍𝒚𝒐 သီချင်းလေးနားထောင်ရင်း ကြိတ်ကြည်နူးပြီး စိတ်ကူးယဉ်ခဲ့ရတာတွေ.. အနွေးထည်အရောင်ချင်း 𝑴𝒂𝒕𝒄𝒉𝒊𝒏𝒈 ဖြစ်အောင် တမင်ဝတ်လာခဲ့ဖူးတဲ့ ဆောင်းရာသီရဲ့နေ့ရက်တွေကိုလည်း လွမ်းမိပါတယ်။ သူ့ရှေ့ရောက်ရင် ကိုယ့်ကို သတိထားမိအောင်ဆိုပြီး ကိုယ့်နာမည်လှမ်းခေါ်ကြတဲ့သူငယ်ချင်းတွေ .. နေ့လည်စာစားချိန် ကိုယ့်ဘေးအတန်းကခုံမှာ ခနလာထိုင်တဲ့သူ့ကို ခိုးကြည့်ခဲ့ရတဲ့အချိန်တွေ.. သူတို့အတန်းရဲ့ကျောင်းတက်မှတ်တမ်းမှာ အင်္ဂါနေ့နဲ့၊ သောကြာနေ့တိုင်း ကျောင်းအမြဲပျက်တတ်လို့ တိတ်တခိုးသတင်းမေးခဲ့ရတာတွေ.. သူငယ်ချင်းတစ်ယောက်က သူ့အိမ်ရှိတဲ့ လမ်းကိုသိလို့လိုက်ပြမယ်ဆိုလို့ အတူသွားကြရင်း လမ်းမှာပတ်ချာလည်ခဲ့ရ‌တာတွေ.. ဒီလိုအမှတ်တရသေးသေးလေးတွေကိုလည်း လွမ်းမိပါသေးတယ်။ အောင်သွယ်တော်သူငယ်ချင်းရဲ့ ကူညီမှုကြောင့် သုံးယောက်သားအတူ လမ်းသွားနေရင်း ပျာယာခတ်ပြီး ခလုတ်တိုက်မိလို့ သူလေးပထမဆုံးကြိတ်ပြုံးသွားတဲ့နေ့ကလည်း ဒီနေ့အထိအမှတ်ရစရာပါပဲ။ ဆုတောင်းတွေတော့ပြည့်ခဲ့တယ်။ အရင်လိုရင်ခုန်သံတွေကိုတော့ ပြန်မကြားနိုင်တော့ဘူးထင်တယ်။ မပိုင်ဆိုင်ခဲ့ရချိန်ကအချစ်က ဒီလောက်တောင်ရင်ခုန်ဖို့ကောင်းခဲ့တာလေသလား။ တိတ်တခိုးငေးခဲ့ရတဲ့အပြုံးတွေကကော ဒီလောက်ထိချိုမြိန်ခဲ့လေသလား။ အတိတ်ကဆောင်းရာသီတစ်ခုရဲ့ အဲ့လိုအမှတ်တရတွေကို မေ့ပျောက်ဖြစ်လို့ရနိုင်မယ် မထင်ဘူးရယ်။ ကိုယ့်ဘဝရဲ့ငယ်ရွယ်မှု အဆုံးသတ်ရင်ခုန်သံလေးက မင်းမို့လို့ပဲထင်ပါတယ်ကွယ် .. ။ -ဆောင်းဟေမာန်ရီ- ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • йоС пОдписи

  • အခက်ခဲတွေကြားကနေ သန်မာလာခဲ့ပါ။ ရေခဲစိုင်တွေကိုဖြတ်ပြီး ပွင့်လန်းလာတဲ့ ပန်းတွေလို .. ကျောက်ဆောင်တွေကိုရင်ဆိုင်နိုင်တဲ့ ပန်းကလေးတွေလိုမျိုးပေါ့။ ''𝑬𝒗𝒆𝒓𝒚 𝒇𝒍𝒐𝒘𝒆𝒓𝒔 𝒃𝒍𝒐𝒐𝒎𝒔 𝒊𝒏 𝒊𝒕𝒔 𝒐𝒘𝒏 𝒕𝒊𝒎𝒆'' ပန်းတိုင်းမှာ သူတောက်ပလာမယ့် ကိုယ်ပိုင်အချိန်ဆိုတာရှိမြဲမလို့ လက်မလျော့ပဲ ရှင်သန်ပါ။ မင်းရဲ့အချိန်ကိုရောက်လာတဲ့အခါ အတောက်ပဆုံးပွင့်လန်းမှာပါ..။ -လာဗန်ဒါပန်- ပုံ - 𝒇𝒓𝒐𝒎 𝒑𝒊𝒏𝒕𝒆𝒓𝒆𝒔𝒕 ♡🪻⊹ ꒰ #𝙇𝙖𝙫𝙚𝙣𝙙𝙚𝙧𝙋𝙖𝙣 ꒱

  • ❛ 𝑴𝒚 𝑫𝒓𝒆𝒂𝒎 𝑳𝒊𝒇𝒆 ❜ မနက်ဖြန်တိုင်းကို အပူအပင်မရှိ နိုးထခွင့်ရနိုင်မယ့် ဘဝမျိုးလိုချင်တယ်။ အစိမ်းရောင်တောအုပ်ငယ်လေးထဲက ခြံဝန်းလေးတစ်ခုမှာ သစ်သားအိမ်ငယ်လေး‌တစ်လုံးရှိနေမယ်။ လူချမ်းသာအိမ်တွေလို ကြီးကျယ်မခမ်းနားပေမယ့် ရိုးရှင်းပြီး ‌ခိုနားချင်စရာအိမ်ငယ်လေး။ အိမ်ကလေးရဲ့ ဘေးပတ်လည်မှာ သစ်ပင်အချို့နဲ့ တောရိုင်းပန်းကလေးတွေပေါက်နေမယ်။ အိမ်လေးထဲမှာလည်း အစီအရီအလှစိုက်ထားတဲ့ ပန်းပင်အိုးငယ်လေးတွေရှိမယ်။ အညိုရောင် သစ်သားစာအုပ်စင်လေးတွေရှိမယ်။ မွှေးပွကြောင်ကလေးတွေရှိမယ်။ စိတ်တွေပင်ပန်းလာတယ်လို့ ခံစားရတိုင်း အနားယူအိပ်စက်နိုင်တဲ့ အိပ်ရာလေးတစ်ခုလည်းရှိနေမယ်။ အိပ်ရာလေးရဲ့ဘေးမှာ အဖြူရောင်ခန်းစီးလိုက်ကာတွေနဲ့ သစ်သားပြတင်းပေါက်လေးတစ်ခုရှိမယ်။ မိုး‌ဖွဲ့ဖွဲ့လေးရွာတဲ့ နေ့လည်ခင်းတွေဆို ဒီသစ်သားပြတင်းပေါက်လေးကနေ လေပြေညှင်းလေးတွေတိုက်ခတ်မယ်။ မိုးညှင်းပေါက်လေးတွေရဲ့တဖြောက်ဖြောက်ကျသံတွေကြားရမယ်။ မြင်ရတဲ့မြင်ကွင်းကကော ဘယ်လောက်တောင်လှနေလိုက်မလဲ။ ဘယ်လောက်တောင် အေးချမ်းဖွယ်ကောင်းလိုက်မလဲ .. ။ -ဆောင်းဟေမာန်ရီ- 𝑽𝒅 - 𝒇𝒓𝒐𝒎 𝒕𝒊𝒌𝒕𝒐𝒌 ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • မိုးအေးအေးနဲ့ ဒါလေးနားထောင်ရင်း.. 🥕🤍 ကောင်းသောညပါ မုန်လာဉလေးတို့!

  • 20 окт. 2024 Đł.11,3 тыс63

    ရှင်သန်ရတာ ပင်ပန်းနေပြီလား။ နေ့ရက်တိုင်းက အတူတူပဲလို့ခံစားနေပြီလား။ လောကကြီးထဲက ထွက်သွားဖို့ အတွေးတွေ ခနခနတွေးမိနေပြီလား။ ဒါဆို ခနလောက် ကိုယ်ပြောတာကို နားထောင်ပေးပါ။ ဒီရက်ပိုင်း အဆင်မပြေတာတွေများနေတာ သိပါတယ်။ သူများတွေအမြင်မှာတော့ ဘာမှမဟုတ်တဲ့ကိစ္စလေးဆိုပေမယ့် မင်းအတွက်တော့ ဘယ်လောက်ထိတောင် ခံစားစေခဲ့ရလဲဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် မင်းရဲ့နေ့ရက်တွေတိုင်းက ဒီလိုကြီးပဲ အမြဲဖြစ်နေမှာမှမဟုတ်ဘဲ။ အချိန်တစ်ခုရောက်ရင်တော့ အရင်လိုအဆင်ပြေသွားမှာပါပဲ။ မင်းလည်း ပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့ လူတစ်ယောက်ပဲ‌လေ။ အခြားသူတွေပျော်နေနိုင်ကြသလို မင်းမှာလည်းပျော်ရွှင်ခွင့်ရှိတာပဲ။ အခုချိန်မှာ မပျော်ရွှင်နေနိုင်ပေမယ့် ဒီလိုဆိုးရွားတဲ့အခြေအနေတွေကို ကျော်ဖြတ်ပြီးအချိန်တစ်ခုကျ ပျော်စရာတွေ မင်းအတွက်ရောက်လာမှာပါ။ မိုးကောင်းကင်ကြီးကိုပဲကြည့်။ တိမ်တွေညို့မှိုင်းပြီး မိုးတွေသည်းကြီးမည်းကြီးရွာသွန်းတဲ့နေ့တွေ ပြီးဆုံးသွားတိုင်း .. ‌ကောင်းကင်မှာ တိမ်စိုင်တွေအလှပဆုံးဝေ့ဝဲနေတာကိုတွေ့ရမြဲပဲမဟုတ်လား။ ဒီခပ်သိုးသိုးနေ့ရက်တွေရဲ့နောက်မှာ ပျော်ရွှင်မှုရက်စွဲလေးတွေက မင်းကိုစောင့်ကြိုနေပြီးသားဆိုတာယုံကြည်လိုက် .. ။ -ဆောင်းဟေမာန်ရီ- 𝑽𝒅 - 𝒃𝒚 𝑪𝒀𝑳

  • ❛ 𝑰 𝑾𝒂𝒔 𝑻𝒉𝒆 𝑶𝒕𝒉𝒆𝒓 𝑾𝒐𝒎𝒂𝒏 ❜ " ရှင့်ကို သိပ်ချစ်တယ်။ ဒါပေမယ့် ရှင်ကကျွန်မအပိုင်မှ မဟုတ်ဘဲ.." 𝑪𝒐𝒓𝒑𝒔𝒆 𝑩𝒓𝒊𝒅𝒆 ဇာတ်ကားထဲက 𝑬𝒎𝒊𝒍𝒚 ဆိုတဲ့ သတို့သမီးလေးရဲ့ ရင်နင့်ဖွယ် စကားတစ်ခွန်းပါ။ အချစ်စစ်ပေမယ့် အချို့သော အကြောင်းပြချက်တွေကြောင့် ထပ်တူမကျခဲ့ရတဲ့ အခိုက်အတန့်တွေ .. သိပ်ချစ်ရပါလျက် လက်လွှတ်ပေးခဲ့ရတဲ့ အခိုက်အတန့်တွေ .. ရှိကောင်းရှိနိုင်ပါတယ်လေလို့သာ ဖြေသိမ့်ရုံ တတ်နိုင်ခဲ့တယ်။ သူမကိုတတိယလူလို့ ထင်ခဲ့မိတာ .. တကယ်တမ်းကျ တတိယလူက ကျွန်မတဲ့ .. ။ -ဆောင်းဟေမာန်ရီ- 𝑽𝒅 - 𝑬𝒅𝒊𝒕𝒆𝒅 𝒃𝒚 𝑼𝑵𝑰𝑪𝑶𝑹𝑵 ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • ‼️ ချန်နယ်ကို join ရုံပဲ join ထားပြီး စာတွေကို တစ်ခါမှမဖတ်ဖူးဘဲ၊ တပ်မက်စိတ်တစ်ခုတည်းနဲ့တော့ မပါဝင်ပါနဲ့နော်။ ‼️ ရီ့စာတွေကို အမြဲဖတ်ပြီးအားပေးနေတဲ့ တကယ့်စာဖတ်သူလေးတွေအတွက် ရည်ရွယ်ပြီးလုပ်ပေးတာမို့လို့ပါရှင်။ သူတို့လေးတွေကို မနစ်နာစေချင်လို့ပါ .. 💗 ‼️ နောက်ပြီး ဒီ GA ကို လုံးဝ မ share ပါနဲ့။ အပြင်လူတွေအတွက်လုပ်ပေးနေတာမဟုတ်ပါဘူး။ ‼️ ရပ်ဝန်းလေးထဲမှာ ရှိနေပြီးသား စာဖတ်သူလေးတွေအတွက် သီးသန့်လုပ်ပေးတာမို့လို့ လူနည်းစုလေးနဲ့ပဲ ပျော်ပျော်လေးဖြစ်စေချင်တယ်။ စာဖတ်သူလည်းမဟုတ်ပဲ Giveaway ဆိုမှ ချန်နယ်ထဲလာဂျွိုင်းပြီး မန့်တဲ့သူတွေကိုလည်း သိပါတယ်နော်!! အချောင်လိုချင်တဲ့ အုပ်စုကသက်သက်ကိုရှိတာ! 😥

  • йоС пОдписи

  • Giveaway ဟေ့ ‼️ 🔊🔊🔊 ‌ရီရဲ့စာဖတ်သူလေးတွေအတွက် giveaway လေးလာပါပြီရှင့်။ နောက်လကြရင် Channel ရဲ့ Special day လေးရှိတာမို့ အဲ့ဒီနေ့လေးအတွက်ကြိုလုပ်ပေးတာပါ။ Giveaway လေးမှာ set လေးနှစ်ခုပါဝင်ပါတယ်။ ပထမ set မှာ .. ရီအချစ်ဆုံး Bunny plushie လေးရယ်၊ မနှစ်ကလက်ဆောင်ရတဲ့ ဆရာမနေဗဲလ်ရဲ့ အချစ်ရဆုံးဆီသို့ ဆိုတဲ့အချစ်စာစုစာအုပ်လေးရယ်၊ Tulip notebook လေးတစ်အုပ်နဲ့အတူ bookmark အနေနဲ့ Yeonjun ရဲ့ ပုံလေးနှစ်ပုံပါပါမယ်ရှင်။ ဒုတိယ set လေးမှာ.. ဒေါက်တာစိုးသန်းရဲ့ စာအုပ်နှစ်အုပ်ရယ်၊ ဆရာထင်ဇော်မျူးသင်ရဲ့ ကိုဗစ်ကာလမှတ်စုများဆိုတဲ့စာအုပ်လေးရယ်၊ ကဗျာဆရာစစ်ပြေရဲ့ မျက်ရည်မျဉ်းပြိုင်ဆိုတဲ့ကဗျာစာအုပ်ငယ်လေးနဲ့ Modern Myanmar Short Stories ဆိုတဲ့ စာအုပ်လေးတွေပါဝင်ပါမယ်ရှင်။ အားလုံးပဲ ရီ ကတိတည်ပါတယ်နော်။ Giveaway မှာ ပါဝင်ချင်ရင် ဒီ link လေးထဲက channel တွေကို Join ထားရပါမယ်။ https://t.me/addlist/86ZpPYwiOmNlZDY1 ပြီးရင် Join ထားတဲ့ ss နဲ့တကွ ကိုယ်ရေးချင်တာတစ်ခုခုကို ဒီ post အောက်မှာမန့်ခဲ့ပါ။ ရီရဲ့စာဖတ်သူတွေသာပါဝင်ပေးပါ။ မုန်လာဉလေးတို့အားလုံးပဲ ကံကောင်းနိုင်ကြပါစေရှင်။ ✎ 🐇 ⊹ ꒰ #𝐒ᴀᴜɴɢ𝐇ᴀʏᴍᴀʀɴ𝐑ɪ ꒱

  • ရီရဲ့မုန်လာတို့အတွက် သတင်းကောင်းလေးတစ်ခုပါးပါရစေရှင့် ~ 🔈🔉🔊 Fiction တွေပဲသီးသန့်ဖတ်ရှုနိုင်မယ့် ချန်နယ်လေးတစ်ခုအသစ်ဖွင့်ထားပါတယ်။ ခံစားချက်အမျိုးမျိုးပေးစွမ်းမယ့် ဝတ္ထုတိုတွေကို သီးသန့် ဖတ်ရှုနိုင်တော့မှာပါရှင်။ 𝑭𝒊𝒄𝒕𝒊𝒐𝒏𝒔 𝒃𝒚 𝑺𝒂𝒖𝒏𝒈 𝑯𝒂𝒚𝒎𝒂𝒓𝒏 𝑹𝒊 ဂျွိုင်းရန်နှိပ်ပါ။ ‌ Sub 200 ကျော်တဲ့အခါ ဇာတ်ကောင်လေးနှစ်ခုကို ချပြပေးပါ့မယ်။ 💙