Hana : The Sweet Orophile
Статистика- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 31
- Всего постов
- 32
- Тип
- открытый
- Язык
- my
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 441
- 1/48двое суток
- 505
- 1/72трое суток
- 544
Медиана по постам, которые мы застали свежими и померили через сутки.
Посты
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
အသားစား ဒိုင်နိုဆောအန္တရာယ် (၂၀၂၆) ဒီတစ်ခါမှာတော့ ထွက်ရှိတာမကြာသေးတဲ့ သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ ဒိုင်နိုဆောကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျီဗန် က သူ့ရဲ့အမေဖြစ်သူဆီကို အသက် ၈၀ ပြည့်မွေးနေ့အတွက် အတူဂုဏ်ပြုဖို့ ခင်ပွန်းနဲ့ သမီးနှစ်ယောက်ပါတဲ့ သူ့ရဲ့မိသားစုကိုခေါ်ပြီး ဝေးလံတဲ့ တောရွာဒေသက လယ်တောအိမ်လေးကို သွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မိသားစု ရောက်တော့ အိမ်ရဲ့တံခါးက လက်သည်းခြစ်ရာတွေနဲ့ စုတ်ပြဲနေပြီး ကြမ်းပြင်ပေါ်မှာ တစ်စစီပြန့်ကြဲနေတဲ့ သူတို့အဖွားရဲ့ အလောင်းအစိတ်အပိုင်းတွေကို တွေ့လိုက်ရတာပါပဲ။ နယ်ခံရဲတွေကတော့ တောရိုင်းတိရစ္ဆာန်တွေကို တရားခံအဖြစ်နဲ့ အမြန်ကောက်ချက်ချလိုက်ပေမဲ့ ဂျီဗန် ရဲ့ ခင်ပွန်းဖြစ်သူ ရိုင်ယန် က တောထဲမှာ အသားစားဒိုင်နိုဆောမျိုးနွယ်အကောင် တစ်ကောင် ချောင်းခိုနေတဲ့ ထိတ်လန့်စရာမြင်ကွင်းကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။ နောက်ပိုင်း ကျောချမ်းစရာ သဲလွန်စတွေနဲ့ သူတို့မိသားစု သိလိုက်ရတာက အဆင့်မြင့်သိပ္ပံနည်းပညာနဲ့ သာမန် အသားစားဒိုင်နိုဆော တွေထက် ပိုသန်မာပြီး ပိုထွားအောင် သေချာမွေးမြူထားတဲ့ အသားစားဒိုင်နိုဆော တစ်ကောင်က လွတ်မြောက်နေတာဖြစ်ပြီးတော့ ထိုမိသားစုကို လယ်တောပတ်လည်အတွင်းမှာ ပစ်မှတ်ထားချောင်းခိုပြီး အမဲလိုက်နေတယ်ဆိုတာပါပဲ။ ဒီလို သူတို့ကို သားကောင်အနေနဲ့ ပစ်မှတ်ထားလိုက်နေတဲ့ အသားစားဒိုင်နိုဆော ကောင်ကြီးကို ဂျီဗန် တို့မိသားစုက အချိန်မီ ကာကွယ်ပြီး သတ်နိုင်မလား၊ အသားစားဒိုင်နိုဆော ကောင်ကြီးကို သတ်နိုင်မယ့် နည်းလမ်းကို ဘယ်လိုအဖြေရှာဖို့ ကြိုးစားကြမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/245
(၁၈+) ငါတို့ရဲ့ သူရဲကောင်း (၂၀၂၆) နယူးယောက်က သူဌေးသား ဆယ်ကျော်သက်လေး ဘောလ်သာဇာ ဟာ သူကြိုက်နေတဲ့ ကောင်မလေးရဲ့ အာရုံစိုက်တာခံရဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ သေနတ်ကိုင်ဆောင်မှု ဆန့်ကျင်ရေးဗီဒီယိုတွေကို ဟန်ပြငိုယိုပြီး တင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တက္ကဆက်ပြည်နယ်က အထီးကျန်နေတဲ့ ဆယ်ကျော်သက်လေး ဆော်လမွန် က ဘောလ်သာဇာရဲ့ ဗီဒီယိုတွေကို အွန်လိုင်းကနေ လာရောက်လှောင်ပြောင်သရော်ပါတော့တယ်။ ဘောလ်သာဇာက ဒီကောင်လေးဟာ ကျောင်းမှာ သေနတ်နဲ့ အကြမ်းဖက်မှုလုပ်တော့မယ့်သူလို့ ထင်ယောင်ထင်မှား ဖြစ်သွားပြီး သူ့ရဲ့အချစ်တော်ကောင်မလေးရှေ့မှာ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ဆော်လမွန်ကို တားဆီးဖို့ တက္ကဆက်ကို ကိုယ်တိုင်သွားခဲ့ပါတယ်။ တကယ်တမ်း တွေ့ဆုံကြတဲ့အခါ အရှေ့ဘက်က အလွန်ချမ်းသာတဲ့ သူဌေးသားနဲ့ အနောက်ဘက်က ရုန်းကန်နေရတဲ့ အထီးကျန်ကောင်လေးတို့အကြား လူမှုကွန်ရက်ရဲ့ ဆိုးကျိုးတွေ၊ ခေတ်လူငယ်တွေရဲ့ အထီးကျန်မှုနဲ့ မိသားစုကြား အဆက်အသွယ်ပြတ်တောက်မှုတွေကို သရော်စာဆန်ဆန် ရိုက်ပြထားတာ ဖြစ်ပါတယ်။ သေနတ်ယဉ်ကျေးမှု၊ လူမှုကွန်ရက်ပေါ်က ဟန်ပြပြုမူမှုတွေ၊ စိတ်ဓာတ်ကျအထီးကျန်မှုနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလို အကြောင်းအရာတွေ ပါဝင်တာကြောင့် အသက် ၁၇/၁၈ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့ သင့်တော်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/243
🤩🤩🤩 🤩🤩 🤩🤩🤩🤩 🤩🤩🤩🤩 ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️ 💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅ 💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅ 🚩🚩🚩 မန်ဘာသစ်ဘောနပ် 🚩🚩🚩 နေ့စဥ်သွင်းငွေဘောနပ် 🚩🚩 အပတ်စဥ်ရှုံးကြေးပြန်ပေး ✅ အကောင့်ဖွင့်ဖို့👇👇 📱 Viber : 09666936668 📱 Telegram : @Hpa_anRich 📱 Link : http://t.me/Hpa_anRich
(၁၈+) ည သူနာပြု (၂၀၂၆) အယ်လ်နီ ဆိုတဲ့ မိန်းကလေးဟာ အဆင့်မြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစခန်းတစ်ခုမှာ ညဘက်သူနာပြုအဖြစ် အလုပ်စဝင်ပါတယ်။ အဲဒီမှာ အဘိုးအဘွားတွေကို ပစ်မှတ်ထားပြီး အသံအတုတွေနဲ့ လိမ်လည်တိုက်ခိုက်နေတဲ့ ထူးဆန်းတဲ့ ဖုန်းလိမ်ညာမှုတွေကို ကြုံတွေ့ရင်း ဇာတ်လမ်းက စတင်လာတာပါ။ အဲဒီနေရာရဲ့ ထူးဆန်းတဲ့ အငွေ့အသက်တွေကြားမှာ အယ်လ်နီ ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူနာအဘိုးကြီးနဲ့ ရင်းနှီးလာခဲ့ပါတယ်။ ကြာလာတာနဲ့အမျှ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ ရိုးရိုးသူနာပြုနဲ့ လူနာအဆင့်ထက် ကျော်လွန်ပြီး စွဲလမ်းမှုတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။ လူနာကို ပြုစုစောင့်ရှောက်နေတာလား၊ ကိုယ်တိုင်က စိတ္တဇဆန်ဆန် ရူးသွပ်စွဲလမ်းနေတာလားဆိုတာ မသဲကွဲတော့ဘဲ ဖုန်းလိမ်ညာမှုတွေနဲ့ စိတ်ထင်ယောင်မှားမှုတွေကြားမှာ အယ်လ်နီ တစ်ယောက် အမှောင်ဘက်ခြမ်းကို ဘယ်လိုမျိုး ကျဆင်းသွားမလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအရှိန်က အနည်းငယ်နှေးပေမဲ့ စိတ္တဇဆန်ဆန် ဆွဲဆောင်မှုရှိတဲ့ အငွေ့အသက်တွေနဲ့ ခေတ်ပြိုင် အေအိုင် ဖုန်းလိမ်ညာမှုအကြောင်းအရာကို ကောင်းကောင်းပုံဖော်ထားပါတယ်။ လူကြီးပိုင်းဆိုင်ရာ ရာဂပြကွက်တွေနဲ့ စိတ်ပညာဆိုင်ရာ စိတ္တဇဆန်တဲ့ အကြောင်းအရာတွေ၊ စိတ်ကျဉ်းကျပ်စရာ ဇာတ်ကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်တွေအတွက် မသင့်တော်ဘဲ အသက် ၁၈ နှစ်နဲ့အထက် ပရိသတ်တွေအတွက်သာ သင့်တော်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/1541
အခမ်းနားဆုံး မေတ္တာ (၂၀၀၉) IMDb - 6.6/10 Genre - Romance, Drama လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက် ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက် လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ကျန်ရစ်သူမိသားစုတွေ ဆောက်တည်ရာမရဖြစ်နေတဲ့အချိန်မှာ ရိုစ် ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားနက် တိုမိသားစုဆီကိုရောက်လာခဲ့ပြီး သူ့မှာ ဘားနက် နဲ့ရထားတဲ့ကိုယ်ဝန်လွယ်ထားရကြောင်းပြောလာပြီး အကူအညီတောင်းရှာပါတယ်။ ဘားနက် တိုမိသားစုလည်း တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်ပြီး ကောင်မလေးကိုလည်း အိမ်ပေါ်မှာလက်ခံထားပြီး စောင့်ရှောက်ရပါတော့တယ်။ ဒီလိုသောကမီးတွေလောင်မြိုက်နေရတဲ့ မိသားစုဝင်အချင်းချင်းကတောက်ကဆတွေဖြစ်ကြရင်း သူတိုဘယ်လိုရှေ့ဆက်လိုမရနိုင်၊ ဖြေဆည်လိုမရနိုင်ဖြစ်နေကြပါတယ်။ ဒီအခြေအနေကို သူမိသားစုကျော်လွှားနိုင်ပါ့မလား။ ရင်သွေးလေးကိုလွယ်ထားရတဲ့ ရိုစ် အနေနဲ့ရော ဘယ်လိုမျိုးပြဿနာတွေရင်ဆိုင်ရဦးမှာလဲ။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/1539
ဆရာမ (၂၀၂၆) စာမလုပ်ရဘဲ စာမေးပွဲကို အဆင့်တစ်နဲ့အောင်မြင်ဖို့ အာမခံတဲ့ ကျူရှင်ရှိရင် တက်ချင်ကြတယ်မလား။ ဒီရုပ်ရှင်ထဲမှာတော့ အောင်မြင်မှုကို စွဲလန်းပြီး သေဆုံးသွားတဲ့ ဆရာမ အစ်မဝမ်ဆိုသူဟာ အပြောင်အပျက်နဲ့ ကျောင်းသားတွေက သူ့ဆီမှာ စာမေးပွဲအောင်ဖို့ ဆုတောင်းတဲ့အခါတိုင်း သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတတ်ပါတယ်။ ဒါပေမဲ့ ဘယ်အရာမှ အလကားမရပါဘူးနော်။ အယူရှိရင် ပေးဆပ်ရတာတစ်ခုရှိပါတယ်။ ဆရာမဝမ်က စာမေးပွဲအောင်မြင်ဖို့ လုပ်ပေးလိုက်တဲ့ ကျောင်းသားတွေဆီကနေ ဘာပြန်ယူမလဲ။ ကျောင်းသားတွေကရော ဘာတွေ ပြန်ပေးဆပ်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်လိုက်ပါဦးနော်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/1537
၃၆၇၀ (၂၀၂၅) လွတ်လပ်မှုကို ရှာဖွေပြီး မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ ကောင်လေးနဲ့ တောင်ကိုရီးယားရဲ့ မြို့ပြဘဝမှာ ရှင်သန်နေတဲ့ ကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းကို နူးနူးညံ့ညံ့လေး ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်နေရာမှာမှ ဝင်မဆံ့ဘဲ အထီးကျန်မှုကို တစ်ယောက်တည်း သည်းခံဖြတ်သန်းနေရတဲ့ လိင်တူချစ်သူ မြောက်ပိုင်းသားလေး ဂင်ချောဂျွန်း ဟာ တစ်နေ့မှာတော့ သတ္တိမွေးပြီး ဂေးတွေအချင်းချင်း စုဝေးအရက်သောက်တဲ့နေရာကို သွားဖို့ ဆုံးဖြတ်လိုက်ရာကနေ “ဂျုံနို ၃-ဂါ၊ ထွက်ပေါက်နံပါတ် ၆၊ ည ၇ နာရီအချိန်”မှာ ဂင်ယောင်းဂျွန်း ဆိုသူနဲ့ ပထမဆုံး ဆုံဖြစ်ခဲ့တာပေါ့။ အရက်ဝိုင်းမှာ အတူသောက်ဖြစ်ရာကနေ အစပြုလို့ ရပ်ကွက်လည်းတူ၊ ၁၉၉၇ ခုနှစ်ဖွား ရွယ်တူတွေလည်း ဖြစ်ကြတဲ့ သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်နှစ်သိမ့်ပေးရင်း ရင်းနှီးသထက် ရင်းနှီးလာခဲ့ကြပေမဲ့ တတိယလူ ဝင်ရောက်လာမှုကြောင့် သူတို့ရဲ့ ဆက်ဆံရေးက မထင်မှတ်ထားတဲ့ လမ်းကြောင်းဆီ ဦးတည်သွားတဲ့အခါမှာတော့ “ငါတို့အားလုံးက ပျော်ရွှင်ချင်လို့ ဒီကို လာခဲ့ကြတာပဲ မဟုတ်ဘူးလား” ဆိုတဲ့အတိုင်း ချောဂျွန်းတစ်ယောက် အဆုံးမှာ သူမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုကမ္ဘာလေးကို ပိုင်ဆိုင်ခွင့်ရနိုင်ပါ့မလား။ လွဲချော်မှုများစွာနဲ့ ရင်ခုန်သံ အတက်အကျတွေကြားမှာ ချောဂျွန်းနဲ့ ယောင်းဂျွန်းတို့ရဲ့ ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရှုစားလိုက်ကြပါဦးရှင်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/1535
လူငယ်ဝါရှင်တန် (၂၀၂၆) ဒီဇာတ်ကားဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်လာမယ့် ဝါရှင်တန် ရဲ့ လူငယ်ဘဝ စစ်သည်တော်ဘဝခရီးစဉ်ကို အဓိက ပုံဖော်ထားတာ ဖြစ်ပါတယ်။ သမိုင်းမတွင်မီ လူငယ်ဘဝမှာ အင်္ဂလိပ်စစ်တပ်အတွင်း တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲတွေ၊ စိန်ခေါ်မှုတွေနဲ့ စိတ်ဓာတ်ကြံ့ခိုင်လာအောင် ကြိုးစားခဲ့ရတဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ။ အမေရိကန်ပြည်ထောင်စု တည်ထောင်ရေး မဖြစ်ပေါ်မီကာလ စစ်ပွဲတွေကြားမှာ လူငယ်တပ်မှူးလေး ဝါရှင်တန် ဟာ ရဲရင့်မှု၊ သစ္စာရှိမှုနဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေကို ဘယ်လိုအသုံးချပြီး နောင်တစ်ချိန်မှာ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာအောင် သူ့ရဲ့လမ်းကို ဘယ်လိုဖောက်ခဲ့လဲဆိုတာကို ရင်သပ်ရှုမောဖွယ် စစ်ပွဲရိုက်ကွင်းတွေနဲ့အတူ ပုံဖော်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1 ဇာတ်ကားလင့် ➡️ t.me/c/2567751525/1533
🤩🤩🤩 🤩🤩 🤩🤩🤩🤩 🤩🤩🤩🤩 ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️ 💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅ 💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅ 🚩🚩🚩 မန်ဘာသစ်ဘောနပ် 🚩🚩🚩 နေ့စဥ်သွင်းငွေဘောနပ် 🚩🚩 အပတ်စဥ်ရှုံးကြေးပြန်ပေး ✅ အကောင့်ဖွင့်ဖို့👇👇 📱 Viber : 09666936668 📱 Telegram : @Hpa_anRich 📱 Link : http://t.me/Hpa_anRich
မီနီယမ်များ နှင့် မိစ္ဆာများ (၂၀၂၆) ၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့ ဟောလိဝုဒ် ရုပ်ရှင်ခေတ်ဦးမှာ ဂရူးနဲ့ မဆုံတွေ့သေးခင် မီနီယံအုပ်စုဟာ မတော်တဆ ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားရင်းကနေ ရုတ်တရက် နာမည်ကြီး မင်းသားတွေ ဖြစ်လာခဲ့ကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ်ကို ပြောင်းလဲလာတဲ့အခါ မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့ဟာ ရုပ်ရှင်လောကကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်။ ဒါကို လက်မလျှော့ချင်တဲ့ ဂျိမ်းစ်, ဟင်နရီ နဲ့ အဒ် ဆိုတဲ့ မီနီယံသုံးကောင်ဟာ သူတို့ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် ရှေးဟောင်း ဂါထာစာအုပ်တစ်အုပ်ကို သုံးပြီး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ရာကနေ မထင်မှတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် မိစ္ဆာကြီး ထွက်ပေါ်လာတဲ့အခါ မီနီယံတွေဟာ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ပရမ်းပတာ စွန့်စားခန်းတွေထဲ ဝင်ရောက်သွားရပါတော့တယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/237
📢 14 ရက်နေ့လာမည့် ဂျူဂျုဆု ကိုင်ဆန် Event အတွက် Pre Order တင်လို့ရပါပြီ။ Task အနေနဲ့ကတော့ 250 ထည့် 300 သုံးရမှာဖြစ်ပြီး Token 29 ခုအထိ ရမှာဖြစ်ပါတယ်။ 250 Recharge အတွက် ✅ 3 Wp - 19,800 ကျပ် ✅ 2 Wp + 💎55 - 16,600 ✅ 1 Wp + 💎 165 - 16,900 ✅💎 275 - 16,500 ကျပ် ✅💎 343 - 21,000 ကျပ် ⚠️ 257 Dia က 250 Recharge မပြည့်ပါဘူးခင်ဗျာ။ Pre Order Group - t.me/nikkopreorder Channel Link - t.me/mlbbupdatenew
ညစ်ပေ၊ ခက်ခဲ၊ အန္တရာယ်များသော (၂၀၂၂) ဇာတ်လမ်းက လက်ဘနွန်နိုင်ငံရဲ့ မြို့ပြဆင်ခြေဖုံးရပ်ကွက်ကို နောက်ခံထားပြီး တိုင်းပြည်ကို ရောက်လာကြတဲ့ ဆီးရီးယားစစ်ဘေးရှောင် အမျိုးသားတစ်ဦးနဲ့ အီသီယိုးပီးယားရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ ပတ်ဝန်းကျင်က သူတို့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုပဲ ခွဲခြားဆက်ဆံနေတဲ့ကြားက အခက်အခဲအတားအဆီးပေါင်းစုံကို ရုန်းကန်ရင်ဆိုင်ရင်း ချစ်ခြင်းမေတ္တာရဲ့ ပန်းတိုင်ကို ရှာဖွေပုံကို ရှုမြင်ရမှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေရဲ့ ဘဝကို ပြင်းထန်ကြမ်းတမ်းတဲ့ပုံစံနဲ့ မပြသဘဲ ခပ်အေးအေးနဲ့ နူးညံ့တဲ့ ရိုက်ချက်တွေကတစ်ဆင့် ပုံဖော်သွားပါတယ်။ ဒါပေမယ့်လည်း ဒီကားဟာ ထင်သလောက် ပျော့ပျောင်းမနေပါဘူး။ အေးချမ်းတည်ငြိမ်တဲ့ အပေါ်ယံမျက်နှာပြင်အောက်မှာ မိမိတို့ရဲ့ ဖြစ်တည်မှုကို ပတ်ဝန်းကျင်က အနှောင့်အယှက်တစ်ခုလို မြင်နေတဲ့အဖြစ်ဟာ တိုင်းတစ်ပါးမှာ သူစိမ်းအဖြစ် ရောက်ရှိနေကြသူတွေရဲ့ ဘဝအတွေ့အကြုံတွေပါပဲ။ အစပိုင်းမှာ နူးညံ့တဲ့ အချစ်ဇာတ်လမ်းအဖြစ် စတင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လူမှုရေးနဲ့ ယဉ်ကျေးမှု မညီမျှမှုတွေကြောင့် ရူးသွပ်ပေါက်ကွဲလုနီးပါး ဖြစ်နေတဲ့ ကမ္ဘာကြီးထဲက တစ်သီးပုဂ္ဂလဘဝတွေကို ခရီးသွားဟန်လွှဲ ထိတွေ့ပြသသွားတာကလည်း ချီးကျူးစရာပါပဲ။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/241
အိမ်မက်ခရီး (၂၀၂၆) ဒီဇာတ်ကားလေးကတော့ ယုံဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ယုံက သာမန် သင်္ဘောသီးထောင်းရောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပေမဲ့ သူ့ရင်ထဲမှာတော့ အကသမားတစ်ယောက် ဖြစ်ချင်တဲ့ အိပ်မက်အကြီးကြီးတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ထင်သလိုမလွယ်ဘူးလေ။ သူ့ရဲ့ ညီမလေးက အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခု ခံစားနေရပြီး ခွဲစိတ်ဖို့အတွက် ငွေတွေ အများကြီး လိုအပ်နေတဲ့အခါ ညီမလေးရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ယုံတစ်ယောက် နာမည်ကြီး မောလမ်ရိုးရာဂီတအဖွဲ့ကြီးဆီမှာ ဝင်ရောက်ပြီး လူရွေးပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အကဝါသနာပါတဲ့ သင်္ဘောသီးထောင်းသည်လေးတစ်ယောက် ပရိုအကသမားတွေကြားမှာ ဘယ်လိုတွေ အလွဲလွဲအချော်ချော်နဲ့ ကြိုးစားသွားမလဲ၊ ဟာသလေးတွေနှောထားသလို ညီမလေးအတွက် ကြိုးစားပေးနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာကိုပါ ထည့်သွင်းဖော်ပြထားလို့ ရယ်လည်းရ၊ ရင်လည်းနင့်ရမဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်တဲ့အပြင် မောလမ်ထိုင်းရိုးရာကို ခေတ်သစ်စတိုင်နဲ့ ဘယ်လိုတင်ဆက်ပြသထားမလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/239
စစ်မှန်သော တရားခံ ၂ (၂၀၂၆) ဇာတ်လမ်းအစမှာတော့ ရဲအရာရှိ ကျန်းထျန်းရှန်း ဟာ အပိုင်း (၁) မှာ ဖြစ်ပွားခဲ့တဲ့ အမှုတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပေမဲ့ သူ့ရဲ့ စိတ်ကူးယဉ်ထင်ယောင်ထင်မှား ဖြစ်တတ်တဲ့ ရောဂါ ကတော့ လုံးဝပျောက်ကင်းသွားခြင်း မရှိသေးပါဘူး။ ဒီတစ်ခါ အပိုင်း (၂) မှာတော့ သူဟာ ပိုပြီး ဆန်းကြယ်ပြီး ကြက်သီးထစရာကောင်းတဲ့ အမှုတွဲအသစ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ စက္ကူရုပ်တွေ အသက်ဝင်လာတယ်ဆိုတဲ့ ကောလာဟလတွေ၊ သတို့သမီးတစ္ဆေရဲ့ ကျိန်စာတွေနဲ့ ဆက်တိုက်ဖြစ်ပွားလာတဲ့ ထူးဆန်းတဲ့ သေဆုံးမှုတွေက မြို့လေးကို ထိတ်လန့်တုန်လှုပ်စေပါတယ်။ ဒီအမှုတွေကို စုံစမ်းရင်းနဲ့ ကျန်းထျန်းရှန်း ရဲ့ စိတ်ဝေဒနာက ပိုမိုဆိုးရွားလာပြီး ဘယ်အရာက တကယ့်အစစ်အမှန်လဲ၊ ဘယ်အရာက သူ့စိတ်က ဖန်တီးနေတဲ့ ထင်ယောင်ထင်မှားတွေလဲဆိုတာကို သူကိုယ်တိုင်တောင် ခွဲခြားရခက်လာတဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။ ဒါပေမဲ့ “တစ္ဆေသရဲဆိုတာ လူတွေရဲ့ စိတ်ထဲမှာပဲ ရှိတာ၊ တကယ့်အကြောက်ရဆုံးက လူတွေရဲ့ မကောင်းဆိုးဝါးစိတ်ပဲ” ဆိုတဲ့ ခံယူချက်ကို ဆုပ်ကိုင်ထားတဲ့ ကျန်းထျန်းရှန်း တစ်ယောက် သူ့ရဲ့ ဝေဝါးနေတဲ့ စိတ်အာရုံတွေကြားကနေ တကယ့်လူသတ်သမားအစစ်ကို ဘယ်လို ဆွဲထုတ်ဖော်ထုတ်သွားမလဲဆိုတာကို အပိုင်း (၁) ထက် ပိုပြီး ရင်တမမနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/235
စစ်မှန်သော တရားခံ (၂၀၂၆) ထူးဆန်းထွေလာ ရိုးရာယုံကြည်မှုတွေနဲ့ သိပ္ပံနည်းကျ မှုခင်းပညာတွေကြား အားပြိုင်တဲ့ ပဟေဠိဆန်ဆန် ခေတ်ဟောင်းစုံထောက်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ယွမ်ချန်မြို့လေးမှာ နတ်ရုပ်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ နတ်ရုပ်လူသတ်မှုကို စုံစမ်းစစ်ဆေးရင်း သန္ဓေသားဝိညာဉ် ကလဲ့စားချေခြင်းဆိုတဲ့ နောက်ထပ်ထူးဆန်းတဲ့အမှုတစ်ခုပါ ပေါ်လာခဲ့ပါတယ်။ အဲဒီအမှုကို စုံစမ်းစစ်ဆေးတဲ့ စုံထောက်ဖြစ်သူ ကျန်းထျန်းရှန့် ဟာ ထင်ယောင်ထင်မှား စိတ်ဝေဒနာကို ခံစားနေရတဲ့သူတစ်ယောက်ပါ။ စုံစမ်းစစ်ဆေးနေတဲ့ တစ်လျှောက်မှာ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတွေ၊ စိတ္တဇဆန်တဲ့ ပုံရိပ်ယောင်မြင်ကွင်းတွေရဲ့ ဆက်တိုက်နှောင့်ယှက်မှုကို ခံရပေမယ့် ကျန်းထျန်းရှန့် ကတော့ ဒါတွေဟာ အယူသီးမှုတွေရဲ့ နောက်ကွယ်မှာ လူတွေက အကွက်ချဖန်တီးထားတဲ့ လှည့်ကွက်တွေသာ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါနဲ့ ကျန်းထျန်းရှန့် တစ်ယောက် ရှေးဟောင်းအယူသီးမှုတွေ၊ အကွက်ချထောင်ထားတဲ့ ထောင်ချောက်တွေ၊ လူတွေယုံကြည်ကြတဲ့ သီးခြားအမှောင်အကြောက်တရားတွေကို စိန်ခေါ်ရင်း အမှုမှန်ပေါ်ပေါက်လာအောင် တိုက်ပွဲဝင်သွားပါတော့တယ်။ နောက်ဆုံးမှာတော့ ဆန်းကြယ်လှတဲ့ မကောင်းဆိုးဝါးဖြစ်ရပ်တွေရဲ့ အမှန်တရားနဲ့ တရားခံအစစ်အမှန်ကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/233
🤩🤩🤩 🤩🤩 🤩🤩🤩🤩 🤩🤩🤩🤩 ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️ 💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅ 💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅ 🚩🚩🚩 မန်ဘာသစ်ဘောနပ် 🚩🚩🚩 နေ့စဥ်သွင်းငွေဘောနပ် 🚩🚩 အပတ်စဥ်ရှုံးကြေးပြန်ပေး ✅ အကောင့်ဖွင့်ဖို့👇👇 📱 Viber : 09666936668 📱 Telegram : @Hpa_anRich 📱 Link : http://t.me/Hpa_anRich
နတ်ဆိုးကျိန်စာ (၂၀၂၆) အင်တာနက်သရဲဖမ်းသမားတွေဖြစ်တဲ့ သူငယ်ချင်းအဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့ ချန်နယ် အတွက် နာမည်ပေါက်မယ့် ဗီဒီယိုတစ်ခု ရိုက်ကူးချင်တာကြောင့် ယူးတ က ရှေးဟောင်းမိစ္ဆာကောင်ကို ရှာဖွေဖို့ ကျောချမ်းစရာကောင်းတဲ့ ပိတ်ထားတဲ့ သိုလှောင်ရုံဂိုဒေါင်တစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီဂိုဒေါင်ထဲမှာတော့ ထူးဆန်းတဲ့ အရုပ်မျိုးစုံနဲ့ ကြောက်စရာကောင်းတဲ့ ဝင်္ကပါတစ်ခုလို ထောင်ချောက်တွေ ဆင်ထားတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ မီးပျက်သွားပြီးတဲ့နောက်မှာတော့ မိစ္ဆာဆိုးက သူတို့သူငယ်ချင်းအဖွဲ့ထဲက တစ်ယောက်ကို ဝင်ပူးပါတော့တယ်။ မိစ္ဆာဆိုးဟာ သူတို့ရဲ့စိတ်တွေကို ခြယ်လှယ်ပြီး အချင်းချင်း တိုက်ခိုက်အောင်လုပ်သလို ထွက်မပြေးနိုင်အောင် နံရံတွေကိုပါ ပြောင်းလဲပစ်တဲ့အခါ သူတို့သူငယ်ချင်းအဖွဲ့ဟာ အဲဒီဂိုဒေါင်ထဲမှာ ပိတ်မိနေပါတော့တယ်။ ဒီလိုနဲ့ ဖြစ်စဉ်အားလုံးကို ကင်မရာနဲ့ မှတ်တမ်းတင်ထားရင်း သူတို့တစ်ဖွဲ့ ဘယ်လိုအသက်ရှင်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ကြုံနေရသလို ဇာတ်ကောင်တွေရဲ့ အမြင်ကနေ ကြည့်ရှုရမယ့် သဘာဝလွန် ဟော်ရာ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော် ချန်နယ်လင့် ➡️ t.me/+l6iAujfRr3YwOTQ9 ဇာတ်ကားလင့် ➡️ t.me/c/3723652775/225