Burmese TV Pro
Статистикаနောက်ဆုံးရ ဘောလုံးသတင်းများ၊ ဘောလုံးပွဲ ကြိုခန့်မှန်းချက် များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။❤️
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 6
- Всего постов
- 23
- Тип
- открытый
- Язык
- my
- Категория
- Ставки (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 13 627
- 1/48двое суток
- 15 616
- 1/72трое суток
- 16 842
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မာတင်နယ်လီသည် ဂါလာတာစာရေးထံ ပြောင်းဖို့အစီအစဉ် မရှိကြောင်း နဲ့ တူရကီ ကလပ်သို့မရောင်းချရန် တောင်းဆို အာဆင်နယ်သည် ဂါလာတာစာရေးထံမှ ယူရို၄၅ သန်းတန် ကမ်းလှမ်းမှုကို ရရှိထားပြီး မာတင်နယ်လီအား ရောင်းချရန် လမ်းဖွင့်ထားတာလဲဖြစ်ပါတယ်။ ဒါပေမယ့် မာတင်နယ်လီအနေနဲ့ ဥရောပ ထိပ်တန်းလိဂ်မှာသာ ကစားလိုနေပြီး ဂါလာတာစာရေးသို့ပြောင်းရွှေ့ရန် စဉ်းစားထားခြင်း မရှိကြောင်းသိရပါတယ်။
PSG နဲ့ ဘာစီလိုနာကြား ဖာရန် တောရက်စ်အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဖြစ်ပြီး ဆုကြေးပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။
🚨 ဒီနွေမှာ တောင်ပံကစားသမား ၂ ယောက်အထိ ခေါ်ယူဖွယ်ရှိနေသည့် လီဗာပူးလ် တိုက်စစ်မှူး Cody Gakpo သာ တော့တန်ဟမ်အသင်းထံ ပြောင်းရွှေ့ဖြစ်ခဲ့ပါက လီဗာပူးလ်အသင်းအနေနဲ့ အသင်းထဲကို တောင်ပံကစားသမား ၂ ယောက်အထိ ဖြည့်တင်းသွားဖွယ် ရှိနေပါတယ်။ Bradley Barcola: PSG အသင်းနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်နေပါတယ်။ လီဗာပူးလ်အသင်းဟာ Barcola အပြင် အခြားတောင်ပံကစားသမား တစ်ယောက်ကိုပါ ထပ်မံခေါ်ယူဖို့ လမ်းဖွင့်ထားပါတယ်။ Ibrahima Mbaye: လီဗာပူးလ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပေမယ့် လက်ရှိမှာတော့ ပြောင်းရွှေ့ကြေး ကြီးမားလွန်းနေတယ်လို့ သိရပါတယ်။
မန်ယူနိုက်တက် ၂ ပတ် အတွင်း ဖလား၂ လုံးရယူ🔥 မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ဘက် လိဒ်စ်ယူနိုက်တက်ကို ပယ်နတီ အဆုံးအဖြတ်မှာ၅-၄ နဲ့ အနိုင်ရရှိပြီး Boyle Sports Cup 2026 ကိုရရှိခဲ့တာဖြစ်ပါတယ်။
Arsenal ကစားသမား စကယ်လီ ကမိမိကို ခေါ်ယူရန် စိတ်ဝင်စားလားဆိုပြီး မန်ယူနိုက်တက် နဲ့ ချယ်ဆီး တို့ကိုအေးဂျင့်မှ တဆင့် သွားရောက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ် ။ အာဆင်နယ်ကလည်း စကယ်လီကို ရောင်းချဖို့လမ်းဖွင့်ထားကြောင်း သိရပါတယ် ။
Chelsea အသင်းရဲ့ တောင်ပံ ကစားသမား Pedro Neto ကို Arsenal အသင်းစိတ်ဝင်စားနေဆိုတဲ့ သတင်းများထွက်ပေါ်နေ
🚨 EXCLUSIVE: Marcus Rashford ကို ကျောနံပါတ် ၁၄ ပြောင်းလဲပေးလိုက်တဲ့ Manchester United! Manchester United ဘက်က Marcus Rashford အပေါ် ယုံကြည်မှုရှိကြောင်း ပြသတဲ့အနေနဲ့ အသင်းရဲ့ ကျောနံပါတ် ၁၄ ကို ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဥရောပ ထိပ်သီးကလပ်တစ်ခုခုက စိတ်ဝင်စားဖွယ် ကမ်းလှမ်းမှုမျိုး မလာဘူးဆိုရင် Rashford အနေနဲ့ အသင်းမှာ ဆက်လက်ရှိနေမှာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ လက်စတာ ကွင်းလယ် ကစားသမား Louis Pageနိုင်ဖို့ ကြိုးစားလျက် ရှိ အာဆင်နယ် နဲ့ အက်စတွန် ဗီလာတို့ကလည်းအဆိုပါ အသက် ၁၈ နှစ် အရွယ် ပေ့ခ်ျကို စိတ်ဝင်စားနေပြီး မန်ယူနိုက်တက်ဘက်က လက်ဦးမှု ရယူနိုင်ရန် လက်စတာနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့သိရပါတယ်။
без подписи
Breaking News မက်ဆီရဲ့ ဖခင် ဖြစ်သူ ဟိုဂေ မက်ဆီသည် အသက်၆၈ နှစ် အရွယ်တွင် ဆုံးပါးသွားကြောင်းသိရပါတယ် ။
ယနေ့ညမြန်မာပွဲရှိသည်🇲🇲 ASEAN HYUNDAI CUP™ 2026 အုပ်စုပွဲစဉ်အဖြစ် Thailand 🇹🇭 (Vs) 🇲🇲 Myanmar အသင်းတို့ ယနေ့ည မြန်မာ စံတော်ချိန် ည 7:30 အချိန်မှာယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
*-🚨 BREAKING NEWS | RODRI TO BARÇA? 🔴🔵** Barcelona နဲ့ Man City တို့အကြား Rodri အတွက် ကလပ်အသင်းချင်း တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး Barça ဘက်ကလည်း ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အပြည့်အဝ ယုံကြည်မှုရှိနေပါတယ်။ Barça က ယူရို ၄၅ သန်းထက် အနည်းငယ်ပိုပေးရန် ပြင်ဆင်နေပြီး Man City ဘက်ကတော့ ဒီထက်ပိုမိုမြင့်မားသည့် ပြောင်းရွှေ့ကြေးကို လိုချင်နေပါတယ်။ Rodri ကိုယ်တိုင်ကလည်း Barça သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပါတယ်။
🚨 BREAKING NEWS 🚨 ဗီးနီးရှက်စ် (Vini Jr) နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အပြီးသတ်အဆင့် ရောက်ရှိလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ ရီးရဲလ်မက်ဒရစ်နဲ့ Vini Jr တို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှုဟာ အလွန်တိုးတက်မှုရှိနေပြီလို့သိရပါတယ်၊ Arsenal အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ခုချိန်မှာတော့ Real Madrid အသင်းမှာသာဆက်ရှိသွားတော့မှာဖြစ်ပါတယ်။
🚨 HERE WE GO! Bruno Guimarães to Arsenal! 🔴⚪️ အာဆင်နယ်ဟာ နယူးကာဆယ် ကွင်းလယ်လူ Bruno Guimarães ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို ဇူလိုင်လကတည်းက ရရှိထားခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ အာတေတာရဲ့ ကွင်းလယ်သစ်အတွက် ဆေးစစ်မှုနဲ့ တရားဝင် စာချုပ်ချုပ်ဆိုဖို့ပဲ ကျန်ပါတော့တယ်။ 🔜
လီဗာပူးမှ အလွတ်နဲ့ ထွက်ခွာခဲ့သော မိုဆာလာသည် တူရကီ ကလပ် ထရက်ဇွန်စပေါ်ကို ၂ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ ဆာလာသည် ထရက်ဇွန်စပေါ်၌ တပတ် လုပ်ခ ၃ သိန်းကျော် + ပုံရိပ် အသုံးပြုခ ၂၀ % ရရှိမည်ဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်းယူရိုပါလိဂ် ခြေစစ်ပွဲ ကစားနိုင်ချေ ရှိသည် ။
ASEAN HYUNDAI CUP™ 2026 …………………………………… Full Time Myanmar 🇲🇲 7️⃣ -2️⃣ 🇱🇦 Laos Lwin Moe Aung 2' Bounxai 17' Win Naing Tun 20',42', 83' Phoutthavong 23' Mg Mg Lwin 45' Than Paing 52' Hein Htet Aung 81' မြန်မာအသင်းဟာ နောက်ထပ်ပွဲစဉ်အဖြစ် August 8 ရက်နေ့မှာ ထိုင်းအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
နည်းပြဟောင်း လမ်းပတ် ကိုင်တွယ်နေတဲ့ ကိုဗန်ထရီ အပါအဝင် တခြား ပရီးမီးယားလိဂ်၂ သင်းဟာ မူဒရစ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းလာတယ်လို့ သိရပါတယ် ။ ချယ်ဆီးဟာ လက်ရှိမှာ မူဒရစ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ရာသီကြို ခရီးစဉ်မှာ အကဲခတ်လိုပြီး အငှား ပြန်ချတာမျိုးကိုလည်း လမ်းဖွင့်ထားပါတယ် ချယ်ဆီးဟာ နောက်ထပ် ရွေးချယ်မှု အနေနဲ့ ၎င်းတို့ရဲ့ မိတ်ဖက် ကလပ် ဖြစ်တဲ့ စထရက်ဘော့ဂ်ကိုအငှားချဖို့လည်း စဉ်းစားထားတယ်လို့ သိရပါတယ်။
ချာလိုဘာကို ခေါ်ယူရန် ချယ်ဆီး နဲ့ ကိုမိုကြားသဘောတူညီမှု ရရှိ ကိုမို နဲ့ ချယ်ဆီးဟာ ရှည်ကြာလွန်းတဲ့ ညှိနှိုင်းမှူတွေ အပြီးမှာတော့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ + ၆ သန်းနဲ့ သဘောတူညီနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူ အသင်းက League ပွဲမစသေးဘူး ဖလားကရနေပြီ🤣
Breaking News: 🚨🚨 အာဆင်နယ် အသင်းနဲ့ Vinicius.Jr တို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိပြီ ဆိုတဲ့ သတင်းများထွက်ပေါ်နေ။ Vinicius.Jrကို Arsenal တို့တကယ်ပဲ ခေါ်ယူသွားနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်။