tgindex

CJ Platform

описание

We are freedom and voices. Website Link: https://cjplatform.com/

4 816
подписчиков
Охват к подписчикам
4,1%
ERR
Реакции к просмотрам
2,29%
243 на 48 постов
Пересылки к просмотрам
0,25%
27
Постов в день
7,6
всего 85

Где отзываются чаще

доля реакций к просмотрам
  • 12 авг.ရခိုင်မှာ ULA/AA က တက္ကသိုလ်တွေ ပြန်လည် ဖွင့်လှစ်ပေးနေ CJ Platform ရခိုင်ပြည်မှာ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရ၊ အာရက္ခ အမျိုးသား ပညာရေးဌာနက အာရက္ခ အမျိုးသား တက္ကသိုလ် ၂၀၂၆ - ၂၀၂၇ ခုနှစ် ပညာသင်နှစ်အတွက် တတိယနှစ်နဲ့ (ပထမနှစ်) ဂုဏ်ထူးတန်း သင်တန်းသားတွေကို ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1282026-2/3,54%
  • 14 авг.ပုသိမ်မှာ ဈေးဝယ်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကို မြောင်းမြမှာ ရေနစ် သေဆုံးနေတဲ့ပုံစံနဲ့ ပြန်တွေ့ CJ Platform ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်ဈေးမှာ ဈေးဝယ်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကြီး တစ်ဦးကို ဩဂုတ် ၁၃ ရက်နေ့က မြောင်းမြမြို့နယ်၊ ငမြင်းချောင်းမှာ ရေနစ် သေဆုံးလျက် အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်အေးအေးမြင့်ရဲ့ ရုပ်အလောင်းကို မြောင်းမြမြို့နယ်အပိုင် ငမြင်းချောင်းမှာ မနေ့က တွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "ဆရာမကြီး အလောင်းတော့ ပြန်တွေ့ပြီ။ ဒီနေ့ သင်္ဂြိုဟ်တယ်။ ဘယ်လိုကြောင့် သေတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူး" လို့ ပြောပါတယ်။ ဒီကနေ့မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုသိမ် မီးသင်္ဂြိုဟ်စက်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သမီးဖြစ်သူက လူမှုကွန်ရက်မှာ ရေးသား တင်ထားတာပါ။ "ကျွန်မ အမေ DB ကို မြောင်းမြမြို့အနီး ငါးမြင်းချောင်းမှာ မနေ့က တွေ့ရှိခဲ့ပါတယ်။ မြောင်းမြ ဆေးရုံကြီးမှာပဲ ခွဲစိတ်စစ်ဆေးပြီး ပုသိမ် မီးသင်္ဂြိုဟ်စက်မှာ ဒီနေ့ပဲ သင်္ဂြိုဟ်လိုက်ပါတယ်ရှင်။ အမှန်တကယ်ပဲ ဘဝတစ်ပါး ကူးပြောင်းသွားပြီ ဖြစ်ကြောင်း အသိပေးချင်ပါတယ်" လို့ ဖော်ပြထားပါတယ်။ သေဆုံးသူ ဒေါ်အေးအေးမြင့်မှာ မအူပင်နဲ့ သန်လျင် GTI (EC) ဌာနမှာ နည်းပြအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရတာပါ။ အခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်း မြောင်းမြမြို့နယ်နဲ့ မြန်အောင်မြို့နယ်တို့မှာ နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ရေနစ် သေဆုံးလျက် ပြန်တွေ့ခဲ့ကြရပါသေးတယ်။ ဓာတ်ပုံ - Mon Mon #CJPlatform #ဧရာဝတီတိုင်း #ပုသိမ်မြို့ #ပျောက်ဆုံးမှု3,52%
  • 14 авг.без подписи3,40%
  • 13 авг.ရခိုင်မှာ မိုးရွာသွန်းမှု လွန်ကဲတာကြောင့် မိုးစပါးစိုက် တောင်သူတွေ အခက်တွေ့နေ CJ Platform ရခိုင်ပြည်မှာ အခုနှစ် မိုးရာသီမှာ မိုးရွာသွန်းမှု လွန်ကဲကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် စိုက်ပျိုးပြီးစ စပါးခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့ရတဲ့အပြင် တောင်သူအချို့မှာ ဒီနေ့ထိ လယ် မထွန်ယက်နိုင်သေးဘဲ ရှိနေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။ Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/1382026-2/3,24%
  • 13 авг.မုဒုံမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ CJ Platform မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို ဩဂုတ် ၁၂ ရက် ည ၆ နာရီခွဲမှာ အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲမွန်ဒယား (၃) လမ်းမှာ အိမ်ငှားနေထိုင်တဲ့ အမျိုးသမီးကို အမျိုးသားနှစ်ယောက်က နေအိမ်ထဲအထိ ဝင်ရောက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "အဲမွန်ဒယား (၃) လမ်းမှာ အိမ်ငှားနေတဲ့ အမျိုးသမီးကို သေနတ်နဲ့ လာပစ်သွားတာ၊ ၇ ချက်လောက် ရှိတယ်၊ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ဘာကြောင့် လာပစ်သွားလဲဆိုတာ မသိဘူး" လို့ ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူမှာ အဲမွန်ဒယား (၃) လမ်းမှာ အိမ်ငှားရမ်း နေထိုင်သူ မနွယ်နွယ်ခိုင် ဖြစ်ပြီး ရုပ်အလောင်းကို မုဒုံမြို့နယ် ဆေးရုံဆီ ပို့ဆောင်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပြပါတယ်။ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်အုပ်စုတပ်နဲ့ ရဲတွေက မုဒုံမြို့နယ်အတွင်းနဲ့ မြို့မ (၂) ရပ်ကွက်မှာ စစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေက စစ်ကြောင်းထိုးလာမှာကို စိုးရိမ်နေကြပါတယ်။ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာမှာ ဇွန်လ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ခမရ (၂၁၀) က စစ်သားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို မေလ ၂၅ ရက် ည ၈ နာရီကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညင်းတန်းရပ်ကွက်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တာပါ။ အလားတူပဲ ဧပြီလ ၁၄ ရက် ည ၈ နာရီကလည်း ကမာဝက်မြို့မှာ အမျိုးသား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။ ဓာတ်ပုံ - Pro/SAC #CJPlatform #မွန်ပြည် #မုဒုံ #သေနတ်ပစ်ခတ်မှု3,15%
  • 12 авг.ဘူးသီးတောင်မှာ ရက္ခိုင် - ရိုဟင်ဂျာ လူငယ်တွေနဲ့ ULA/AA တို့ ပူးပေါင်းပြီး ဘာသာရေး အဆောက်အအုံတွေ သန့်ရှင်းရေး ပြုလုပ် CJ Platform ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်မှာ ရက္ခိုင်နဲ့ ရိုဟင်ဂျာ လူငယ်တွေ၊ ULA/AA ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စစ်သည်၊ စစ်မေတွေ ပူးပေါင်းပြီး ဘာသာရေး အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်တွေကို စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းကို ဩဂုတ် ၉ ရက်နေ့က မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ ဂျာမေဗလီကြီးနဲ့ အမှတ် (၅) ရပ်ကွက်ရှိ မြို့ဦးဘုန်းကြီးကျောင်းတို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လှုပ်ရှားမှုမှာ လူမျိုးနဲ့ ဘာသာပေါင်းစုံက စုစုပေါင်း ၁၂၆ ဦး ပါဝင်ခဲ့ကြောင်း ULA တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး သိရပါတယ်။ ယင်းလှုပ်ရှားမှုကို Social Harmony Campaign အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အာရက္ခပြည်အတွင်း နေထိုင်ကြတဲ့ လူမျိုး၊ ဘာသာပေါင်းစုံက ပြည်သူတွေကြား လူမှုအသိုက်အဝန်း သဟဇာတဖြစ်မှု မြှင့်တင်ဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။ ထို့အပြင် မတူကွဲပြားတဲ့ လူမျိုးနဲ့ ဘာသာဝင်တွေကြား အပြန်အလှန် လေးစားမှုနဲ့ နားလည်မှု ပိုမို တိုးတက်လာစေဖို့၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်တွေ သန့်ရှင်း သာယာလှပစေဖို့နဲ့ ဒေသခံ လူထုကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ ရည်ရွယ်တာလို့လည်း ပြောပါတယ်။ ရက္ခိုင်နဲ့ ရိုဟင်ဂျာ လူငယ်တွေ အပါအဝင် လူမျိုး၊ ဘာသာပေါင်းစုံက ဒေသခံတွေ ပူးပေါင်း ပါဝင်ခဲ့တဲ့ ခုလို လှုပ်ရှားမှုဟာ ဘူးသီးတောင် ဒေသအတွင်း မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းတွေကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။ ဒေသတွင်း လူမှုအသိုက်အဝန်းတွေကြား ပူးပေါင်းဆောင်ရွက်တဲ့ အဆိုပါ လှုပ်ရှားမှုဟာ ဘာသာရေးနဲ့ လူမျိုးရေး ကွဲပြားမှုတွေကို ကျော်လွှားပြီး အတူတကွ နေထိုင်နိုင်တဲ့ လူမှုဝန်းကျင်တစ်ရပ် ဖော်ဆောင်ရေးအတွက် အရေးပါတဲ့ လူထုအခြေပြု လှုပ်ရှားမှုတစ်ခုအဖြစ်လည်း ရှုမြင်နိုင်တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - AA #CJPlatform #ရခိုင်ပြည် #ဘူးသီးတောင် #SocialHarmonyCampaign2,99%
  • 12 авг.ရေဘေးသင့်နေတဲ့ စစ်ကိုင်းမှာ စစ်အုပ်စုက နေအိမ်အထိ ဝင်ရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေ CJ Platform စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မိုးရွာသွန်းမှုတွေနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရချိန် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ပြည်သူပိုင် နေအိမ်တွေအထိပါ ဝင်ရောက်ကာ ဒေသခံ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1282026-3/2,94%
  • 13 авг.ခင်ဦးမှာ ရေကြီးမှုကြောင့် အိမ်ထောင်စု သောင်းဂဏန်း ရေဘေးသင့်၊ အရေးပေါ် အကူအညီတွေ လိုအပ်နေ CJ Platform စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း မူးမြစ်နဲ့ DY1 လက်တံကြားရှိ ကျေးရွာပေါင်း ၁၉ ရွာခန့်မှာ ဩဂုတ်လ ၇ ရက်နေ့ကစလို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေနဲ့ အိမ်ထောင်စု သောင်းဂဏန်းအထိ ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရဲ့ ဒီကနေ့ ဩဂုတ် ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက် ခင်ဦးမြို့နယ် ပအဖနဲ့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ တာဝန်ရှိသူတွေက ငွေကျပ် သိန်း ၁၀၀ မတည်ထုတ်နုတ်ကာ မြို့နယ် ပကဖ ရဲဘော်တွေ၊ တိုက်နယ်အပြင် ရပ်ကျေး ပအဖ၊ ပကဖ အဖွဲ့တွေ ပူးပေါင်းပြီး အရေးပေါ် ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရတာပါ။ မြေပြင်မှာ မြို့နယ် ပအဖ၊ ပကဖ အဖွဲ့တွေ ပူးပေါင်းပြီး ထမင်းထုပ်တွေ ဝေငှပေးနေသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့ နေရာတွေမှာ ရွှေ့ပြောင်းဖို့တွေ စီစဉ်ပေးကာ ဆန်၊ ဆီ၊ ပဲ၊ ခြင်ဆေးခွေ စတဲ့ အဓိက ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနစ်မြုပ်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးတာနဲ့ ရေကျသွားတဲ့ နေရာတွေမှာ နေရပ်ဆီ ပြန်လည် ပို့ဆောင်ပေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ လက်ရှိ ရေများ ပြန်လည် ကျဆင်းချိန်မှာ အလုံးစုံ ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ၊ အခက်အခဲတွေနဲ့ လိုအပ်ချက်များစွာ ရှိလာနိုင်တဲ့အတွက် ပူးပေါင်း ကူညီ ပံ့ပိုးပေးကြဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ခင်ဦး ပအဖ #CJPlatform #စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #ရေဘေးအကူအညီ2,87%
  • 13 авг.မီဇိုရမ်မှာ ပွင့်တဲ့ ပန်း CJ Platform အိန္ဒိယ - မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်ရဲ့ အေးစက်တဲ့ တောင်တန်းဒေသ အိမ်လေးတစ်လုံးထဲကနေ အပ်ချုပ်စက်နင်းသံ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေပါတယ်။ အထည်စတစ်စကို စက်အောက်မှာ ဖြည်းဖြည်းချင်း ထည့်ရင်း လက်ကလည်း အပ်ချုပ်စက်ကို ကျွမ်းကျွမ်းကျင်ကျင် လည်ပတ်နေတာပါ။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1382026-3/2,83%
  • 13 авг.သဖန်းဆိပ်ဆည် ရေထပ်မံလွှတ်လို့ စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့ စိုးရိမ်ရေမှတ် ကျော်လွန်ကာ ရေကြီးမှု ထပ်မံ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး CJ Platform ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း ရေမှတ်မှာ ၅၄၅ ဒသမ ၆၉ ပေအထိ မြင့်တက်လာတာကြောင့် ဆည် ကြံ့ခိုင်မှု ရှိစေဖို့အတွက် ဩဂုတ် ၁၃ ရက် မနက်ပိုင်းမှာ ရေပိုလွှဲကနေ ရေကုဗပေ ၆၇,၇၀၉ ကျူဆက်အထိ ထပ်မံ ထုတ်လွှတ်ထားရာ မူးမြစ်ကမ်း တစ်လျှောက်ရှိ စစ်ကိုင်းတိုင်း အတွင်းက မြို့နယ်တွေအနေနဲ့ ရေဘေးအန္တရာယ် ပြန်လည် စိုးရိမ်နေရကြောင်း သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက အသီးသီး ထုတ်ပြန် သတိပေးထားပါတယ်။ အဆိုပါ လွှတ်ထုတ်လိုက်တဲ့ ရေတွေဟာ ကာဘိုးဆည်အတွင်းဆီ ဩဂုတ် ၁၃ ရက် ညပိုင်းနဲ့ ၁၄ ရက် မနက်ပိုင်းတို့မှာ ရောက်ရှိမှာ ဖြစ်တာကြောင့် ကာဘိုးဆည် မူးမြစ်ရေတံခါးများ အားလုံး ဖွင့်လှစ်ထားတာကြောင့် အောက်ဘက်ဆီ အထိန်းအကွပ်မရှိ ဆက်လက် စီးဆင်းကာ မူးမြစ်ကြောင်းအတွင်း ရေမြင့်တက်လာနိုင်ကြောင်း အသိပေးထားတာပါ။ ဒါကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်နဲ့ မူးမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာတွေအနေနဲ့ ရေကျပြီဆိုကာ ရွာအတွင်း ပြန်လည် ဝင်ရောက်တာမျိုး မပြုဘဲ ဘေးလွတ်ရာဆီ အမြန်ဆုံး ရွှေ့ပြောင်း နေထိုင်ကြဖို့ ဒေသခံ အဖွဲ့အစည်းတွေက အရေးပေါ် သတိပေး နှိုးဆော်ထားပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း အတွင်းက သက်ဆိုင်ရာ မြို့နယ် ပအဖ၊ ပကဖ၊ ပလဖ၊ PDF တပ်ရင်းတွေနဲ့ စေတနာရှင် ပြည်သူတွေ ပူးပေါင်းပြီး ကူညီ ကယ်ဆယ် ထောက်ပံ့ပေးနေပေမဲ့ လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ သိရတာပါ။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးမှုနဲ့ ဆည်ရေလွှတ်မှုတို့ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းအပြင် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၁ ခုမှာ ပြည်သူ ၄၅၂,၆၆၃ ဦး ရေဘေးသင့်နေပြီး စစ်ကိုင်းတိုင်းက မြို့နယ် ၁၄ ခုက ပြည်သူ ၂၂၇,၄၉၁ ဦးနဲ့ ထိခိုက်မှု အဆိုးရွားဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ အခြေအနေ တွေ့ရှိချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေသလို ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် - ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်တွေကြောင့် မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေပြီး ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့ကနေ နောက်သုံးရက်တာအတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မိုးရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ပေးပို့ #CJPlatform #စစ်ကိုင်းတိုင်း #သဖန်းဆိပ်ဆည် #ရေဘေးသတိပေးချက်2,76%
  • 12 авг.ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသား နှစ်ဦး ရေစီးနဲ့ မျှောပါ၊ ၁ ဦး ပျောက်ဆုံးနေ CJ Platform ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဈေးရပ်ကွက်ရှိ ဒုဋ္ဌဝတီမြစ်ဆိပ်မှာ ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီက အမျိုးသား ၂ ဦး ရေဆင်းချိုးရာ ရေစီးနဲ့ မျှောပါသွားပြီး ၁ ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ညနေ ၅ နာရီက ဒုဋ္ဌဝတီမြစ်အတွင်း မြို့ခံလူငယ် နှစ်ဦး ရေဆင်းချိုးရာ ရေစီးနဲ့အတူ မျှောပါသွားပြီး ၁ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကာ ၁ ဦးမှာ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "ဒုဋ္ဌဝတီမြစ်က မကြာခဏ ရေစီးနဲ့ မျှောပါတာရှိတယ်။ မနေ့က ကောင်လေး ၂ ယောက် ရေဆင်းကူးတာ ရေစီးနဲ့ ပါသွားတယ်။ ၁ ယောက် ကယ်နိုင်တယ်၊ ၁ ယောက်က ရှာလို့မတွေ့သေးဘူး။ ပျောက်သွားတဲ့ ကောင်လေးက အသက် ၂၀ လောက် ရှိပြီ၊ နာမည် စည်သူစိုး လို့ ခေါ်တယ်" လို့ ပြောပါတယ်။ လက်ရှိအချိန်အထိ ရေစီးနဲ့ ပါသွားတဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ပြန်လည် တွေ့ရှိတာ မရှိသေးကြောင်း သူက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်ကလည်း မြစ်ဆုံကျေးရွာအနီး ရွှေလီမြစ်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသား နှစ်ဦး ရေစီးနဲ့အတူ မျှောပါသွားခဲ့ပါသေးတယ်။ အလားတူပဲ ဇူလိုင်လ ၁၉ ရက်ကလည်း တာဆုံဖောင်ဆိပ်မှာ ဖောင်ကြိုးပြတ်ပြီး လူ ၇ ဦး ရေစီးနဲ့ မျှောပါသွားရာ ၂ ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ၅ ဦးမှာ ရေစီးနဲ့အတူ မျှောပါသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဓာတ်ပုံ - လူမှုကူညီရေးအသင်း #CJPlatform #ရှမ်းပြည် #သီပေါ #ရေနစ်ပျောက်ဆုံးမှု2,75%
  • 12 авг.без подписи2,73%