Rain’s Diary ラインの 日記
Статистика- Последний пост
- 12 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 2
- Всего постов
- 42
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 23
- 1/48двое суток
- 26
- 1/72трое суток
- 28
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
📍Movie Recommendations
အားလပ်ရက်မှာကြည့်ကိုကြည့်သင့်တဲ့ Bollywood ရုပ်ရှင်ကားတစ်ကား…🎥🍿 ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ Erica ကြည့်ဖြစ်ခဲ့တဲ့ Dear Zindagi ဇာတ်ကားအကြောင်းလေးကို sharing လုပ်ပေးသွားပါမယ်ရှင်။အဓိကဒီဇာတ်ကားလေးထဲမှာ Self love နဲ့ Mental Health အပိုင်းကို အဓိကရိုက်ထားတာဖြစ်ပါတယ်။ဒီကားလေးကို စိတ်ပင်ပန်းနေတဲ့အချိန်၊လမ်းပျောက်နေတဲ့အချိန် ဒါမှမဟုတ် အချစ်ရေးပိုင်းနဲ့ရှုပ်ထွေးပြီး ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေသလိုဖြစ်တဲ့အခါ ကြည့်လိုက်ရင် ပိုပြီးခွန်အားတွေရသွားမယ်လို့ထင်ပါတယ်။🫰 Erica ဒီကားလေးကိုကြည့်ပြီး ရခဲ့တဲ့အရာလေးတွေက 📍တစ်ခါတလေကျရင် ငါတို့တွေကခက်ခဲတဲ့လမ်းကိုရွေးချယ်ကြတယ်။ဘာလို့လဲဆိုရင် အရေးကြီးတဲ့အရာတွေအောင်မြင်ဖို့၊ငါတို့ကိုယ်ငါတို့အပြစ်ပေးမှအကုန်နားလည်မယ်ထင်လို့ရွေးချယ်ကြတယ်။တကယ်လို့ကိုယ်ကအဆင်သင့်မဖြစ်သေးရင် လွယ်ကူတဲ့လမ်းကိုရွေးလိုက်တာလည်းမမှားပါဘူး။အဓိကကိုယ့်အတွက်ဘယ်လမ်းကအဆင်ပြေမလဲဆိုတာကိုပဲရွေးချယ်သင့်တယ်။အကယ်လို့လမ်းကြောင်းမှားနေပြီလို့ သိခဲ့ရင်လည်း အဲ့လမ်းကနေလှည့်ပြန်ရဲဖို့သတ္တိရှိဖို့လည်းလိုအပ်တယ်။ 📍Ericaတို့ဆိုင်မှာအကျီတွေဝယ်တဲ့အခါ ကိုယ်နဲ့တော်မတော်သိရဖို့အကျီစမ်းရွေးဝတ်ကြည့်ရတာဟုတ်တယ်ဟုတ်၊အဲ့လိုပဲဘဝမှာ ကိုယ့်ရဲ့လက်တွဲဖော်ကိုရွေးချယ်ဖို့အတွက် လူအမျိုးမျိုးနဲ့ဆုံရကြုံရပြီးတွဲကြည့်တာကအပြစ်မဟုတ်ဘူး။ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုခံစားပြီးမနေသင့်ဘူး။ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် တစ်ယောက်ယောက်ကိုမှီခိုမနေသင့်ဘူး။ 📍မိဘဆိုတာကလည်း စူပါဟီးရိုးတွေမဟုတ်ဘဲ အမှားအယွင်းရှိဖူးတဲ့ သာမန်လူသားတွေပဲတဲ့။မိဘတွေဆီမှာလည်း သူတို့ဘဝနဲ့ရင်ဆိုပြီးသိခဲ့တဲ့အရာတွေ၊အားနည်းချက်အားသာချက်တွေကို ကိုယ်ကလည်းအပြစ်မမြင်ဘဲလက်ခံလိုက်တဲ့အခါ ကိုယ့်ရင်ထဲကနာကြည်းမှုတွေလျော့သွားစေနိုင်သလို မိဘကိုလည်းပိုချစ်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့လည်းလွယ်ကူသွားစေပါတယ်။ 𝐈𝐭’𝐬 𝐨𝐤𝐚𝐲 𝐭𝐨 𝐧𝐨𝐭 𝐛𝐞 𝐨𝐤𝐚𝐲 𝐢𝐧 𝐥𝐢𝐟𝐞.(ဘဝမှာအဆင်မပြေလည်းဖြစ်တယ်အရာအားလုံး perfect ဖြစ်နေစရာမလိုဘူး။ဘဝကိုရန်သူလို့သဘောမထားဘဲ အမှားတွေ၊ကျရှုံးမှုတွေရှိခဲ့ရင်တောင် ခဏအနားယူပြီးပြန်ပြီးနိုးထလာစေမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်လို့ရမယ့် linkကိုတော့ Ericaရဲ့ Telegram Channel မှာ Link ချပေးထားပါမယ်နော်။🫶💓 ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ တင်ပေးသွားမှာမို့ Erica page လေးကို Like & Follow လုပ်သွားပေးပြီး တခြားသူငယ်ချင်းလေးတွေသိအောင်လည်း share ပေးသွားပါဦးနော်။🫶 📌Facebook Page : https://www.facebook.com/share/195s6jcLzX/?mibextid=wwXIfr 📌Telegram Channel 1: https://t.me/diary_by_Erica 📌Telegram channel:2 https://t.me/raindiary26 နောက်ထပ် postတွေမှာပြန်တွေ့ကြမယ်နော်။Bye for Now!💓 #Video_Crd #Erica #moviereview #dailyvlog #fypシ #japan #selfloveisthebestlove #mentalhealth #foryoupageシ
без подписи
Erica ရဲ့အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင် Erica Manifest အကြောင်းကို 2022လောက်တည်းလေ့လာရင်းသိခဲ့တာရယ်Erica Manifest လုပ်ဖူးလား၊တကယ်ဖြစ်ရဲ့လားဆိုရင်တော့…..🤔 Manifest ခဏခဏလုပ်ဖူးပါတယ်၊တကယ့်လက်တွေ့မှာလည်းတကယ်ဖြစ်ပါတယ်။အတွေ့ကြုံတွေထဲက ဥပမာအနေနဲ့ Ericaက မုံရွာမှာရှိတုန်းက ရန်ကုန်ကိုအရမ်းသွားချင်တယ်၊လှည်းတန်းမှာမုန့်စျေးတန်းကိုလျှောက်ပတ်စားချင်တယ်ဆိုတဲ့စိတ်နဲ့ 2024Vision Board လုပ်တုန်းက M Tower ပုံကို ဒီတိုင်းပဲကပ်ထားခဲ့တာ 2024ကုန်ပြီး 2025 1ရက်နေ့မှာရန်ကုန်ကိုစရောက်ခဲ့တာOnline Work from Homeလည်းရှိတယ်ပေါ့နော်။အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကလှည်းတန်းမှာအပြင်သင်တန်းဖွင့်ပြီး 2025 တစ်နှစ်လုံးလှည်းတန်းကို ရုံးမှာလည်းနေပြီးအိမ်နေရင်းရောမျိုးစုံ မုန့်တွေရောအလုပ်တွေရော လုပ်ခဲ့ရပါတယ်။ ဒုတိယတစ်ခုအနေနဲ့ လောလောဆယ်ဖြစ်ခဲ့တဲ့အမှတ်တရလေးပေါ့နော်။ Erica ဂျပန်ကိုလာတော့ ဂျပန်လေဆိပ်မှာတွေ့ခဲ့တဲ့ ဗီယက်နမ်ကောင်လေး စိတ်ထဲမှာ သူနဲ့တစ်ကျောင်းထဲတူတူတက်ရရင်မိုက်မယ်ဆိုပြီးတွေးခဲ့တာသူငယ်ချင်းကိုလည်းပြောခဲ့သေးတယ်ထင်တယ်။ပြီးတော့ Personal Account Facebook မှာလည်း တူတူတက်ရရင်ကောင်းမယ်ဆိုပြီး ပို့စ်တစ်ခု shareခဲ့သေးတယ်။ဖြစ်ချင်တော့ ကျောင်းမှာ Test ဖြေတော့ သူနဲ့တကယ့်တစ်ကျောင်းတည်းတူတူတက်ရတာဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ Erica Volunteer ဝင်လုပ်ဖြစ်တဲ့ပွဲတစ်ခုမှာ သူကစကားလာပြောပြီးသနပ်ခါးလိမ်းပေးပါအုံးဆိုတော့ ကိုယ့်မှာအရမ်းတွေအံ့အားသင့်သွားတာဪငါစိတ်ထဲအဲ့လိုလေးတွေးလိုက်ရုံနဲ့တကယ်ဖြစ်လာတာပါလားပေါ့။ နောက်ထပ်ကိုယ်တွေ့တွေအများကြီးရှိပါသေးတယ်။တစ်ချို့အရာတွေက ကိုယ်တိုင်ကြိုးစားသင်ယူရတာရှိသလို တစ်ချို့အရာတွေက မထင်ထားဘဲ ဖြစ်လာတာတွေလည်းရှိပါတယ်။ Manifesting ဆိုတာ "စိတ်ကူး + ယုံကြည်မှု + လက်တွေ့လုပ်ဆောင်မှု" ဒီ ၃ ခု ပေါင်းစပ်လိုက်တာပါပဲ။ Lovelyတို့ရော အရင်က တစ်ခုခုကို မသိစိတ်ကနေ Manifest လုပ်မိပြီး တကယ်ဖြစ်လာခဲ့တဲ့ အတွေ့အကြုံမျိုး ရှိဖူးလား၊ ရှိရင် Comment မှာ လာရောက်မျှဝေပေးခဲ့ကြပါဦးနော်...💕
🎯ယုံကြည်မှုထားပြီး လက်လွှတ်လိုက်ပါ (Trust & Detach) မနက်ဖြန် ဖြစ်မလား၊ သဘက်ခါ ဖြစ်မလားဆိုပြီး စိုးရိမ်တကြီး မစောင့်ဆိုင်းပါနဲ့။ "ငါ ကြိုးစားထားတာကြောင့် တစ်နေ့နေ့မှာ မလွဲမသွေ ဖြစ်လာမှာပဲ" ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက် စိုက်ထူထားပြီး ကိုယ့်ရဲ့လက်ရှိ လုပ်စရာရှိတာတွေကိုပဲ အာရုံစိုက်ပြီးအေးဆေးဆက်လုပ်နေပါ။
🎯စိတ်ကူးနဲ့ ထပ်တူကျတဲ့ အပြုအမူတွေ လုပ်ပါ (Aligned Action) ဒါကတော့ အရေးကြီးဆုံးနဲ့ လူအများစု မှားတတ်တဲ့ အချက်ပါ။ အိမ်မှာ ထိုင်ပြီး စိတ်ကူးယဉ်နေရုံနဲ့ Manifest လုပ်လို့ မရပါဘူး။ဥပမာ_ • စာမေးပွဲ အမှတ်ကောင်းချင်ရင် စာကျက်ရပါမယ်။ • စီးပွားရေး အဆင်ပြေချင်ရင် နည်းလမ်းသစ်တွေ လေ့လာရပါမယ်။မိမိရဲ့ နေ့စဉ် ခြေလှမ်းတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ ကိုက်ညီနေရပါမယ်။
🎯တိကျရှင်းလင်းတဲ့ ပန်းတိုင်ရှိပါ (Clarity) "ငါ ပိုက်ဆံအများကြီး ရချင်တယ်" သို့မဟုတ် "ငါ အောင်မြင်ချင်တယ်" ဆိုတာမျိုးက ဝေဝေဝါးဝါး ဖြစ်လွန်းပါတယ်။ စိတ်ထဲမှာ တိတိကျကျ ပုံဖော်ပါ။ • ဥပမာ - "ငါ ဒီနှစ်မကုန်ခင် လစာ [ပမာဏ] ရတဲ့ အလုပ်တစ်ခု ရရမယ်" သို့မဟုတ် "ငါ့ရဲ့ ကိုယ်ပိုင် စီးပွားရေးမှာ ပထမဆုံး ဖောက်သည် ၁၀ ယောက် ရရမယ်" ဆိုပြီး တိကျတဲ့ ခေါင်းစဉ် ကို ရွေးရမှာပဲဖြစ်ပါတယ်။ 🎯တကယ်ဖြစ်လာသလို ခံစားပါ (Visualization & Feeling) ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ပြီးပြီဆိုရင် အဲဒီပန်းတိုင် ရောက်သွားရင် ကိုယ် ဘယ်လို ခံစားရမလဲဆိုတာကို မျက်စိမှိတ်ပြီး စိတ်ကူးကြည့်ပါ။ • အပြည့်အဝ အောင်မြင်သွားတဲ့ ခံစားချက်၊ ဝမ်းသာမှု၊ စိတ်ကျေနပ်မှုကို အခုချိန်မှာတင် တကယ်ရရှိနေသလို စိတ်ထဲကရော ခန္ဓာကိုယ်ပါ အရှိအတိုင်း ခံစားပါ။ စိတ်ကူးနဲ့ ခံစားချက် ထပ်တူကျလေ ဦးနှောက်က ဒါကို ပိုပြီး တကယ်လို့ လက်ခံလာလေပါပဲ။
💭စိတ်ကူးယဉ်ရုံနဲ့ တကယ်ဖြစ်လာနိုင်သလား? 🧐✨ Manifesting ဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ရမလဲ⁉️ "ကိုယ်ဖြစ်ချင်တာတွေကို စိတ်ထဲမှာ အထပ်ထပ် တွေးနေရင် တကယ်ဖြစ်လာတတ်တယ်" ဆိုတဲ့ စကားကို ကြားဖူးကြမယ်လို့ထင်ပါတယ်။ဒါကို psychology နဲ့ mindset ပိုင်းမှာ "Manifesting (သို့) Law of Attraction" လို့ ခေါ်ပါတယ်။ အများစု ထင်ထားသလို Manifest လုပ်တယ်ဆိုတာ မန္တန်ရွတ်တာ၊ သဘာဝလွန် အစွမ်းတွေကို ယုံကြည်တာမျိုး မဟုတ်ပါဘူး။ မိမိရဲ့ စိတ် (Mindset)၊ ခံစားချက် (Emotion) နဲ့ လက်တွေ့ ပြုမူဆောင်ရွက်ချက် (Action) တို့ကို အလိုရှိတဲ့ ပန်းတိုင်ဆီ ဦးတည်အောင် ညှိယူပေးတာပဲ ဖြစ်ပါတယ်။ ကဲ... ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေကို တကယ်ဖြစ်လာအောင် ဘယ်လို Manifest လုပ်ရမလဲဆိုတဲ့ အခြေခံ အဆင့် ၄ ဆင့်ကို ပုံလေးတွေအောက်မှာ ဖတ်ကြည့်လိုက်ရအောင်..💖 ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ content လေးတွေ တင်ပေးသွားမှာမို့ Erica page လေးကို Like & Follow လုပ်သွားပေးပြီး တခြားသူငယ်ချင်းလေးတွေသိအောင်လည်း share ပေးသွားပါအုံးနော်။🫶 📌Facebook Page : https://www.facebook.com/share/195s6jcLzX/?mibextid=wwXIfr
⁉️ခန္ဓာကိုယ် လေးလံနေတဲ့အခါ စိတ်ဓာတ်ပါ လိုက်ပါကျဆင်းပြီး စိတ်မကြည်မလင်ဖြစ်ဖူးကြလား…?🫠 လှုပ်ရှားမှုနည်းလာတဲ့အခါ Productivity တွေ ကျဆင်းလာတယ်၊ ထိုအချိန်မှာမှ အပြင်က လာတဲ့ ဖိအားတွေ (External Factors) ပါ ပေါင်းစပ်လိုက်ရင် Stress, Anxiety နဲ့ Depression ဆိုတာတွေပါ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒါကြောင့် Erica daily reflection လုပ်ရင်းEricaရဲ့ နေ့စဉ် Daily Routine လေးမှာ Physical, Mental နဲ့ Spiritual သုံးခုလုံး ညီညွတ်မျှတဖို့ အောက်ကplanလေးကိုလုပ်ကြည့်မှာဖြစ်တဲ့အတွက် lovely လေးတို့ကိုပါမျှဝေးပေးလိုက်ပါတယ်နော်။✨ 📍Physical Reset (ခန္ဓာကိုယ်အတွက်) ခန္ဓာကိုယ်လေးလံမှု ပျောက်ကင်းအောင် လမ်းများများလျှောက်ပီးစိတ်ရော ခန္ဓာပါ လန်းဆန်းစေတဲ့ ပေါ့ပေါ့ပါးပါး အခြေခံYoga လောက်ပုံမှန်ဆော့တာဖြစ်ဖြစ်၊ကတာဖြစ်ဖြစ်လုပ်ကြည့်ပါမယ်။အစားအသောက်ကိုတော့သေချာရွေးချယ်ပြီးမျှတအောင်စားပါမယ်။ အဓိက Skin ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ "ရေများများသောက်ဖို့" လုံးဝ မမေ့ပါနဲ့နော်! 🤓♥️ 📍Mental Healing (စိတ်နှလုံးအတွက်) Mental Health ဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးအရာပါ။ ကိုယ့်ရဲ့ ခံစားချက်ကို ကိုယ်တိုင် အမြဲသတိထား စောင့်ကြည့်ရပါမယ်။Social media ကြည့်ချိန် လျှော့ပြီး Self-care အတွက် အချိန်ပိုပေးကြည့်မယ်။မိမိကိုယ်ကို အမြဲ ချီးမွမ်းပေးရပါမယ်။ကျေးဇူးတင်တတ်တဲ့စိတ်လေးမွေးမြူရမယ်။Journaling: Gratitude ရေးခြင်း၊ Self-reflection Journal ရေးခြင်းဖြင့် စိတ်ထဲက ခံစားချက်တွေကို စာအုပ်ထဲ ထွက်ပေါက်အနေနဲ့ ရေးကြည့်ကြမယ်။ 📍Spiritual Connection ဘုရားရှိခိုး၊ တရားထိုင်တာအပြင် Chakra Balancing, Meditation တို့ကို နေ့စဉ် နည်းနည်းစီ ထည့်သွင်းသွားပါမယ်။မိမိကိုယ်ကို အားရှိစေမယ့် Affirmations လေးတွေ ရွတ်ဆိုမယ်၊နားထောင်မယ်။ စိတ်ထဲက အမှောင်ထုနဲ့ နာကျင်မှုတွေကို ရင်ဆိုင်ကုသဖို့ Shadow Work လေးတွေ ပြုလုပ်ကြမယ်နော်။ ကိုယ့်ရဲ့စိတ်၊ကိုယ့်ရဲ့ခန္ဓာ ကိုယ်တိုင်ကသာအသိဆုံးမို့ ကိုယ့်ကိုကိုယ် အမှန်တကယ်ချစ်ရင်ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ 💌ဒီနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) မြတ်သောနေ့ရက်မှာ လပြည့်ညရဲ့ သာယာအေးမြတဲ့ ရောင်ခြည်တော်လို Ericaရဲ့ ချစ်ရတဲ့သူတွေ အားလုံးလည်း စိတ်၏အေးချမ်းခြင်း၊ ခန္ဓာ၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး စိတ်ရော၊ ခန္ဓာရော၊မျှတငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်… 🌕✨ 📌Telegram Channel 1: https://t.me/diary_by_Erica 📌Telegram channel:2 https://t.me/raindiary26 နောက်ထပ် postတွေမှာပြန်တွေ့ကြမယ်နော်။Bye for Now!💓 #Erica #selfcare #fullmoonday #ဝါဆိုလပြည့်နေ့ #mentalhealth #MindBodySoul #dailylife
без подписи
စိတ်တွေရှုပ်ပင်ပန်းနေပြီး ကိုယ်ကဘယ်အရာကိုမှ အာရုံစူးစိုက်လို့မရဘဲ တွေးပူနေမိတတ်တဲ့ စိတ်လေးကို လျှော့ချဖို့ ….💭 ဒီနေ့မှာ Erica ကနည်းလမ်းလေးတွေ sharingလုပ်ပေးသွားပါမယ်။🫶 🌻ကိုယ့်စိတ်ထဲ အခုဖြစ်ပျက်နေတဲ့အကြောင်းအရာမှန်သမျှ စာအုပ်တစ်အုပ်ယူ ဘောပင်ကိုင်ပီး အကုန်ချရေးပါ။ ကိုယ်မကျေနပ်တာတွေရောအကုန်စိတ်ထဲရှိတဲ့အတိုင်းချရေးပါ။ ဒါမှသာလျှင် ကိုယ့်စိတ်ကနဲနဲပေါ့သွားသလိုဖြစ်နိုင်တယ်။ တစ်ချို့အရာတွေက ဦးနှောက်ထဲမှာ အကြာကြီးမှတ်စရာမလိုဘူး။ 🌻အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါ။ စိတ်တွေရှုပ်ထွေးနေတာက တကယ်တော့ အတိတ်ကအကြောင်းအရာတွေကြောင့်လို့လည်း ပြောကြတယ်။ကိုယ့်အခုလက်ရှိအခြေအနေမှာပါနေပါ။အတိတ်ကိုလည်းမသွားပါနဲ့။ 🌻Socialmedia ကို သတိထားသုံးပါ။ တခါတလေကိုယ်က သူများတွေကို အားကျပီး depressionတွေ၀င်တတ်ပါတယ်။ သူများတွေဘာတွေလုပ်နေလဲဆိုတာ အင်မတန်စိတ်၀င်စားကြတယ်။ ကိုယ်ကကိုယ်ပါ။ ကိုယ့်အကြောင်းကိုယ်ပဲတွေးပါ။ ကိုယ့်ကိုကိုယ်ချစ်ပါ။ 🌻တရားထိုင်ပါ။ ကိုယ့်ရဲ့အတွင်းစိတ်လေးကို သန့်ရှင်းအောင်ထားပါ။Affiramationလေးတွေရွတ်ပါ။ ကိုယ့်ဝါသနာပါတာလေးတွေ အကုန်လုပ်ကြည့်ပါ။ ကိုယ့်ရဲ့Todolistလေးတွေကို သေးသေးလေးကနေပြန်စပါ။ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ။ 🌻 မဖြစ်သေးလာတဲ့အရာတွေအတွက်လည်း တွေးမပူပါနဲ့။ကိုယ်ကို ညတိုင်းSelf-reflectionအမြဲလုပ်ပါ။ Journalingလုပ်ပါ။ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပါ။ ကိုယ့်ကိုကိုယ် အမြဲတမ်းlearningလုပ်ပါ။😽🙆🏻♀️ Erica page လေးကို Like & Follow လုပ်သွားပေးပြီး တခြားသူငယ်ချင်းလေးတွေသိအောင်လည်း share ပေးသွားပါအုံးနော်။🫶 📌Facebook Page : https://www.facebook.com/share/195s6jcLzX/?mibextid=wwXIfr 📌Telegram channel:2 https://t.me/raindiary26 နောက်ထပ် postတွေမှာပြန်တွေ့ကြမယ်နော်။Bye for Now!💓
без подписи
без подписи
Mercury Retrograde ပြီးဆုံးခါနီးချိန်… lovelyတို့ရော ဘယ်လို သင်ခန်းစာတွေ ရလိုက်လဲ? 💭🪐" မနက်ဖြန်ဆိုရင်ပဲ Erica အတွက်တော်တော်လေးကို အီစိမ့်ခဲ့တဲ့ Mercury Retrograde ကာလကြီး ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ… • အစီအစဉ်တွေ အကြောင်းမဲ့ ကြန့်ကြာခဲ့ရတာ • စကားပြောရင် အဓိပ္ပာယ်လွဲပြီး အထင်မှားခံရတာ • ဖုန်းနဲ့ နည်းပညာပစ္စည်းတွေ စိတ်ကြိုက်မလုပ်ဘဲ ဒုက္ခပေးတာ .နေမကောင်းခဏခဏဖြစ်တာ .Negative Energy ဖြစ်ပြီး ခဏခဏ အားအင်ကုန်သလိုဖြစ်တာ ဒါတွေနဲ့တင် တော်တော်လေးကို စိတ်မော၊ လူမော ဖြစ်ခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့ ပြောင်းလဲမှုတိုင်းမှာ သဘာဝတရားက ပေးချင်တဲ့ "သတင်းစကား" ဆိုတာ အမြဲတမ်း ရှိပါတယ်။ Mercury Retrograde ကာလဆိုတာ အလကားတော့ ပင်ပန်းခဲ့တာ မဟုတ်ပါဘူးမို့လား။ 💡 Ericaအတွက် ဒီ Retrograde ကနေပေးခဲ့တဲ့ အဓိက သင်ခန်းစာ တွေက 🔺”စကားတစ်ခွန်း မပြောမီ ပြန်လည်စဉ်းစားဖို့" အဆင်မပြေမှုတွေကြားထဲကပဲ မိမိရဲ့ ဒေါသနဲ့ စကားလုံးတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ စိတ်ရှည်မှု (Patience) သင်ခန်းစာကို ရလိုက်ပါတယ်။ 🔺”ဘဝရဲ့ စနစ်မကျတာတွေကို ပြန်လည်စစ်ဆေးဖို့" အားလုံး ကြန့်ကြာကုန်တဲ့အခါမှ မိမိရဲ့ အလုပ်၊ လူမှုဆက်ဆံရေးနဲ့ စိတ်ကျန်းမာရေးတွေမှာ ဘာတွေ ပြင်ဆင်စနစ်တကျ လုပ်ဖို့ လိုနေပြီလဲဆိုတာ ပြတ်ပြတ်သားသား မြင်လာရတယ်ပေါ့နော်။ 🔺”အတတ်နိုင်ဆုံး ရောင့်ရဲပြီး ဇွဲရှိဖို့" ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေ ကြုံလာရတဲ့အခါ လောဘကြီးပြီး အတင်းတွန်းမလုပ်ဘဲ၊ တည်ငြိမ်စွာနဲ့ စောင့်ဆိုင်းတတ်တဲ့ အလေ့အကျင့်ကို ရခဲ့ပါတယ်။ ✨ နောက်ဆုံးတော့ မိုးရွာပြီးရင် စိမ်းလန်းစမြဲမို့ ဒီနေ့ကစပြီး စိတ်အာရုံတွေ သေချာအာရုံစုစည်းပြီး ကြန့်ကြာနေခဲ့တဲ့ အလုပ်တွေ ပြန်လည်အသက်ဝင်လာတော့မှာလို့ယုံကြည်တယ်။ဖြစ်ခဲ့တဲ့၊ရခဲ့တဲ့ပြဿနာတွေဟာ ကိုယ့်ကိုယ်ကို ပိုမိုရင့်ကျက်တဲ့၊ ပိုမိုစနစ်ကျတဲ့ လူတစ်ယောက်ဖြစ်အောင် ပုံသွင်းပေးသွားတာလို့ထင်ပါတယ်။🫶💕 #Erica #knowledgesharing #mercuryretrograde #selfgrowth #dailylife #japan #mindfulness #LessonsLearMindfulness
“မိန်းကလေးတစ်ယောက်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပဲဖြစ်ရမယ်….💭 အရင်တည်းက ဒီလိုပုံစံဒီတိုင်းပဲဖြစ်ရမယ်”ဆိုတဲ့ stereotype ကို လက်မခံဘဲ ကိုယ့်အိမ်မက်ကို ကိုယ်တိုင်ရွေးချယ်ကြိုးစားလို့ရပြီး ကိုယ့်ဘဝကိုအကောင်ထည်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုကိုပြောပြပေးသွားပါမယ်။💞 📌အိမ်မက်တွေအတွက် ရုန်းကန်ရဲတဲ့သတ္တိ၊ 📌မိသားစုရဲ့တန်ဖိုး 📌တစ်ယောက်နဲ့တစ်ယောက် စိတ်ကူးအိမ်မက်တွေ၊အကျင့်စရိုက်တွေမတူပေမယ့် ဘဝရဲ့အောင်မြင်မှု၊ဆုံးရှုံးမှု၊ရွေးချယ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကိုတွေ့ရမှာမို့ လူငယ်တစ်ယောက်သာဆိုရင် တစ်ကြိမ်လောက်တော့ ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်လို့ရမယ့် linkကိုတော့ Ericaရဲ့ Telegram Channel မှာ Link ချပေးထားပါမယ်နော်။🫶💓 ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ တင်ပေးသွားမှာမို့ Erica page လေးကို Like & Follow လုပ်သွားပေးပြီး တခြားသူငယ်ချင်းလေးတွေသိအောင်လည်း share ပေးသွားပါအုံးနော်။🫶 📌Facebook Page : https://www.facebook.com/share/195s6jcLzX/?mibextid=wwXIfr 📌Telegram Channel 1: https://t.me/diary_by_Erica 📌Telegram channel:2 https://t.me/raindiary26 နောက်ထပ် postတွေမှာပြန်တွေ့ကြမယ်နော်။Bye for Now!💓 #MovieReview #knowledgesharing #Erica #dailylife
без подписи
📌”လူငယ်တွေမှာ အလားအလာတွေရှိတယ်။ လူငယ်တွေမှာ အချိန်အဟုန်ရှိတယ်။ လူငယ်တွေကအားနဲ့အင်နဲ့ရှိတယ်။ ဒါပေမယ့် အလွယ်တကူလက်လျှော့ဖို့ပြောတဲ့ အရာတွေ၊ မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့အရာတွေလူတွေနောက်ကို သိပ်မလိုက်မိဖို့တော့လိုပါတယ်။ ဘဝဆိုကတည်းက ခက်ခဲမှာပဲ။ အမျိုးစုံကြုံလာမှာပဲ။ ဒါကအထူးအဆန်းမဟုတ်ပါဘူး။ လူငယ်ဘဝကို စိတ်ဓါတ်ကျအားလျှော့ရင်း ဖြတ်သန်းလိုက်တာက သိပ်နှမြောဖို့ကောင်းတယ်။ " Ericaကအဲ့တာလေးဖတ်ပီး ကိုယ့်ကိုကိုယ် Motivationရလာသလိုမျိုး၊ ကိုယ့်ကိုကိုယ်အားရှိလာသလိုခံစားရတယ်။ လဲရင်ပြန်ထ ၊အိမ်မက်တွေပြန်ကောက်ပြီး ဆက်ပြေးတုန်း တိုက်တိုက်ကျားကျားကိုက်ကိုက်လုပ်မယ်ဆုံးဖြတ်ထားရင် လုပ်ဖြစ်အောင်လုပ်ကြည့်ရမယ်။ လဲကျတိုင်း တစ်ခုခုအားယူဖို့ လုပ်တိုင်း တခြားသူတွေအောင်မြင်တာကိုကြည့်ပြီး အားယူရမှာမဟုတ်ပါဘူး။ ကိုယ့်storyကိုယ်ပြန်တွေးရင်းလည်း အားယူနိုင်ပါတယ်။ 📌 Ericaတို့က တိုးတက်အောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင် Ericaတို့ရဲ့ပတ်ဝန်းကျင်ကလည်း တိုးတက်အောင်မြင်မှုကို လိုလားတဲ့ပတ်ဝန်းကျင်ဖစ်နေဖို့လိုတယ်။ Ericaတို့က သက်သောင့်သက်သာရှိတဲ့ Comfort Zone မှာ နေလို့မဖြစ်ဘူး။ ပုံမှန်လူတွေနဲ့ပဲပေါင်းရင် ကိုယ်လည်းပုံမှန်လောက်ပဲဖြစ်နေမယ်။ ပုံမှန်ဘဝထက်ပိုကောင်းတဲ့သူတွေ၊ တိုးတက်အောင်လုပ်နေတဲ့သူတွေနားဆိုရင် ကိုယ်လည်း ကြိုးစားချင်လာတဲ့စိတ်ရှိလာတယ်လို့ ထင်တယ်။ ဥပမာဆိုရင် Ericaက အရင်က ဒီcontentပိုင်းကိုစိတ်လည်းမဝင်စားဘူး။ သိလည်းမသိဘူး။ Ericaကတကယ့်ကို comfort zoneမှာသာယာနေခဲ့တာ နောက်ပိုင်းကျ erica facebookကသူငယ်ချင်းတစ်ယောက်နဲ့သိပြီး သူရဲ့ ကြိုးစားနေတာတွေ၊ လေ့လာနေတာတွေ အမြဲတမ်းမြင်တွေ့နေရတော့ အားကျပြီးအတုယူမိတယ်။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုတဲ့စကားပုံလိုမျိုးပဲ သူငယ်ချင်းရဲ့ ကြိုးစားနေတာတွေကိုဘေးကတွေ့ပြီး ကိုယ်လည်း လုပ်နိုင်တယ်ဆိုပြီး စာတွေဖတ်လာတယ်။လေ့လာတယ်။ 📌Erica အခုလိုတိုးတက်ပြောင်းလဲလာတဲ့ storyကိုပြန်ကြည့်တိုင်း သူကအရေးပါခဲ့တယ်။ ဒါကြောင့် ကိုယ်ကရည်မှန်းချက်အကြီးကြီးတွေရှိတဲ့သူတွေဆိုရင် အဲ့လိုရည်မှန်းချက်တွေရှိတဲ့ပတ်ဝန်းကျင်မှာပဲ ပြောင်းရွှေ့နေထိုင်ပါ။ ကိုယ်နဲ့မကိုက်ညီတဲ့ ပတ်ဝန်းကျင်ရောက်နေသရွေ့ ကိုယ့်ရဲ့ရည်မှန်းချက်အလားအလာကိုလည်း မမြင်နိုင်ဘူး။ ကိုယ်ကမှန်ကန်တဲ့ပတ်ဝန်းကျင်မှာရှိနေဖို့လိုအပ်ပါတယ်။ 💎 စာအုပ်လေးက ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာဖြစ်ပြီး ခေါင်းထဲမီးသီးလင်းသွားစေမယ့်အတွေးတွေ၊ စာအုပ်လေးဖတ်ရင်း ကိုယ့်အကြောင်းကိုတွေးရင်းနဲ့ Reflectလုပ်လို့ရတဲ့ စာအုပ်လေးတစ်အုပ်ပါ။ lovelyလေးတို့လည်း ဒီစာအုပ်လေးကိုကိုယ်တိုင်ဖတ်ကြည့်စေဖို့ အကြံပေးချင်ပါတယ်ရှင့်။🫶 💎Ericaကတစ်ပတ်ကို စာအုပ်တစ်အုပ်ဖတ်မယ်ဆိုပြီး အလေ့အကျင့်လုပ်ထားတာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ Erica ဖတ်ပြီးတဲ့စာအုပ်လေးတွေကိုအပတ်စဉ် Mondayတိုင်းမှာ reviewsလေးတွေ တင်ပေးသွားမှာမို့ Erica's page လေးနဲ့ Telegram channel လေးကို like&follow လုပ်ထားနိုင်ပါတယ်ရှင့်။ 📌Facebook Page : https://www.facebook.com/share/1E9ubKmMga/?mibextid=wwXIfr 📌Telegram Channel 1: https://t.me/diary_by_Erica 📌Telegram channel:2 https://t.me/raindiary26 နောက်ထပ် postတွေမှာပြန်တွေ့ကြမယ်နော်။💓
без подписи
𝐀𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧🎯 Affirmation ဆိုတာ စိတ်အာရုံကို အပြုသဘောဆောင်တဲ့ ဘက်ကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။စိတ်ထဲမှာ နေ့တိုင်း တွေးတောပူပန်နေတဲ့ အဆိုးမြင်စိတ်တွေကို ဖယ်ရှားပြီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေဖို့အတွက် နေ့စဉ် ပုံမှန် အသုံးပြုပေးလို့လည်းရပါတယ်။စိတ်ကူးအတွေးတွေဟာ Rainတို့ရဲ့ လက်တွေ့ဘဝကို ပုံဖော်ပေးပါတယ်။ အပြုသဘောဆောင်တဲ့ စကားလုံးတွေကို မနက်ခင်း အိပ်ရာထချိန်မှာဖြစ်ဖြစ်၊ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာဖြစ်ဖြစ် မှန်ထဲကိုကြည့်ပြီး (သို့မဟုတ်) စိတ်ထဲကနေ လေးလေးနက်နက် ရွတ်ဆိုပေးကြည့်ဖို့အကြံပေးပါတယ်ရှင်။ Affirmation တွေကို ရွတ်ဆိုတဲ့အခါ ရိုးရိုးကြီး ဖတ်သွားတာမျိုး မဟုတ်ဘဲ အဲဒီအတိုင်း တကယ်ဖြစ်နေပြီဆိုတဲ့ ခံစားချက် (Emotion) ထည့်ပြီး ရွတ်ဆိုမှသာ စိတ်အသိ (Subconscious Mind) ထဲကို ထိထိရောက်ရောက်ဖြစ်စေတာမို့ lovely တို့လည်းစမ်းပြီးရွတ်ကြည့်လို့ရပါတယ်။ အပေါ်ပုံမှာနမူနာလေးပြပေးထားပါတယ်။ ကဲအနှစ်ချုပ်အနေနဲ့ goals တွေချပြီးပြီ၊glow upအကြောင်းလည်းသိသွားပြီဆိုတော့အခါ Rain တို့တွေ 2026 12လပိုင်းကအနာဂတ်ကသူဆီ စာလေးတစ်စောင်ရေးကြမယ်။ Future Me Website လေးကနေ 2026 December ကို စာလွှာပို့ကြပါမယ်ရှင်။ https://www.futureme.org/ 📝 Website လေးက အရင်ဆုံးကိုယ့်ရဲ့gmail accနဲ့၀င်ရပြီး အနာဂတ်ကကိုယ့်ကို စာလေးရေးရမှာပါ။ 📝 ကိုယ်ရေးတဲ့စာလေးကိုဘယ်နေ့မှာကိုယ့်ဆီရောက်ချင်လဲဆိုတဲ့ Dateလေးရွေးလို့ရပါတယ်။ 📝Rain တို့ နှစ်ကုန်တဲ့အခါကိုယ်ချမှတ်ခဲ့တဲ့goalsတွေအတွက် အောင်မြင်အောင်လုပ်နိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်ချီးကျူးစာရေးလို့ရပါတယ်။ ရေးတဲ့အခါကျလည်းကိုယ်တကယ်ဖြစ်မြောက်အောင်မြင်သွားလို့ချီးကျူးတဲ့ပုံစံလေးရေးရပါမယ်နော်။ 📝 Rain က စာအရှည်ကြီးနဲ့အများကြီးရေးပါတယ်။ ရေးတဲ့အတိုင်းလည်းတကယ်လက်တွေ့ဖြစ်ပါတယ်။ဒီလိုရေးတာလည်း၃နှစ်ရှိပါပြီ။ Glowup Diaries က မမradiiဆီကနေ ဒီwebsite လေးကိုစသိတာ။ကိုယ်တိုင်လည်းလက်တွေ့သုံးနေပါတယ်။ ကိုယ်ရေးလိုက်တဲ့စာလေးက 2026 Dec 31ရက်နေ့ကျ ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ လာမယ့်နောက်၆လတာအတွက် သေချာလေးစနစ်တကျplanလုပ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်ရှင်။🙆🏻♀️✨️ Rainအမြဲတမ်းလုပ်နေကျတိုင်းလေးကို ပြန်ပြီးပြောပြပေးတာမို့ မှားတာတွေ၊လိုအပ်တာရှိခဲ့ရင်လည်း နားလည်ပေးဖို့request လုပ်ပါတယ်နော်။🫶 🌷အဆုံးထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။Goals & Glow Up Planလေးက ကိုယ့်အတွက်အကျိုးရှိခဲ့တယ်ဆိုရင်Rainရဲ့ Pageကို like&follow လေးနဲ့ တခြားကိုယ့်သူငယ်ချင်းတွေသိအောင်လည်း shareပေးသွားပါအုံးနော်။💕 Thank you everything. Have a good day. ❣️
без подписи