tgindex
Dream Education Youth Organization

Dream Education Youth Organization

Статистика

First Step Towards Your Dream

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
2
Всего постов
54
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
2 611
+5 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
286
40 постов
Вовлечённость
11,0%
к подписчикам
Постов в день
0,3
всего 54
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
64
1/48двое суток
73
1/72трое суток
79

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • “တစ်ခါတလေ ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးအခွင့်အရေးတွေဟာ ကြိုတင်စီစဉ်ထားတာမဟုတ်ဘဲ မတော်တဆ ရောက်လာတတ်ပါတယ်။” တစ်ခါတလေ ကိုယ်မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု၊ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပြုချက်တစ်ခု၊ မကြိုက်ဘူးလို့ထင်ခဲ့တဲ့ ဘာသာရပ်တစ်ခု၊ မတော်တဆလုပ်မိတဲ့ အလုပ်လေးတစ်ခုကနေ ကိုယ့်ဘဝရဲ့ လမ်းကြောင်းအသစ်တစ်ခုကို ရှာတွေ့သွားနိုင်ပါတယ်။💯✨ Project တစ်ခုလုပ်ရင်း ကိုယ့်ရဲ့ Talent ကိုတွေ့နိုင်တယ်။ သူငယ်ချင်းတစ်ယောက်ကို ကူညီရင်း ကိုယ့်ရဲ့ Passion ကိုတွေ့နိုင်တယ်။ အသစ်တစ်ခု စမ်းကြည့်ရင်း ကိုယ့်အနာဂတ်လမ်းကို ရှာတွေ့နိုင်တယ်။⏭️ 🚨ဒါကြောင့် “ငါ့ဘဝ ဘာဖြစ်မလဲ မသိသေးဘူး” ဆိုတာကို မကြောက်ပါနဲ့။ မှားမှာကို မကြောက်ဘဲ သင်ယူတာ၊ အသစ်တွေကို လက်ခံကြည့်တာ စတာတွေကို စမ်းကြည့်သင့်ပါတယ်။ လူတိုင်းရဲ့ Timeline မတူညီကြတာမို့ သူများရဲ့အောင်မြင်မှုနဲ့ ကိုယ့်ဘဝကို မနှိုင်းယှဉ်ပါနဲ့။  ဘဝဆိုတာ အစကတည်းက အဖြေအားလုံးသိထားရတဲ့ စာမေးပွဲမဟုတ်ကြောင်းနဲ့ လျှောက်လှမ်းရင်း ကိုယ့်လမ်းကို ကိုယ်ရှာဖွေတွေ့ရှိနိုင်ကြောင်းတွေကို ဆွေးနွေးရင်ဖွင့်ကြရင်း English Speaking Skill နဲ့ Communication Skill တွေပါ တိုးတက်လာစေဖို့ အပတ်စဉ် တနင်္လာနေ့ညတိုင်း Dream Education မှပြုလုပ်လေ့ရှိတဲ့ Speak To Lead Conversation Club မှာ Discussion လုပ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။⬇️⬇️ 📚 𝐓𝐨𝐩𝐢𝐜: 𝐀𝐜𝐜𝐢𝐝𝐞𝐧𝐭𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐨𝐟 𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 🗓️  𝐃𝐚𝐭𝐞: 𝟏𝟕 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 ( 𝐌𝐨𝐧𝐝𝐚𝐲 ) 🕰️ 𝐓𝐢𝐦𝐞: 𝟕 𝐏𝐌 𝐭𝐨 𝟖:𝟑𝟎 𝐏𝐌 ( 𝐌𝐌 𝐓𝐢𝐦𝐞 ) 🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 💸 𝐅𝐞𝐞𝐬: 𝐅𝐫𝐞𝐞 𝐨𝐟 𝐜𝐡𝐚𝐫𝐠𝐞𝐬 📌တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တေ့ာ Zoom Link လေးကို Messenger မှာ လာရောက်ယူနိုင်သလို အောက်က STL Telegram Channel မှာလည်း Club မစခင် နာရီဝက်အလိုတိုင်းမှာ Zoom Link လေး ပို့ပေးတာကြောင့် Channel လေးကိုလည်း Join ထားဖို့ မမေ့ကြနဲ့ဦးနော်။ ✨ 🍓 𝐎𝐮𝐫 𝐒𝐓𝐋 𝐋𝐢𝐧𝐤: https://t.me/+VyLWoyHAPzk2ZjI1 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ ✨ 🎥𝐎𝐮𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 https://www.facebook.com/share/1MFCkjfFMV/?mibextid=wwXIfr 📂𝐎𝐮𝐫 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦  https://t.me/dreamedu168 📸𝐎𝐮𝐫 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦  https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== 🎞️𝐎𝐮𝐫 𝐓𝐢𝐤 𝐓𝐨𝐤  https://www.tiktok.com/@dreamedu168?_t=ZS-8xtwhDtMZJC&_r=1 #Dream_Education #Non_Profit_Org #STL #Content_by_Dopey #Graphic_by_Rubydiae

  • без подписи

  • 🌼 ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုလား၊ ရလဒ်လား?   "ငွေရှိမှ ပျော်မယ်။" "အလုပ်ကောင်းရမှ ပျော်မယ်။" "အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မှ ပျော်မယ်။" ဒီလိုမျိုး အများစုက ပျော်ရွှင်မှုကို "တစ်နေ့နေ့မှာ ရလာမယ့် ရလဒ်" လို ထင်တတ်ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဟာ ရလဒ်တစ်ခုတည်း မဟုတ်ပါဘူး။ ရွေးချယ်မှုလည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှုက ပျော်ရွှင်မှုကို ပေးနိုင်ပေမယ့်၊ ပျော်ရွှင်တဲ့စိတ်ထားကလည်း အောင်မြင်မှုဆီကို ခေါ်ဆောင်ပေးနိုင်ပါတယ်။ တချိုလူတွေက အခက်အခဲတွေကြားထဲမှာတောင် ကျေးဇူးတင်တတ်ကြတယ်။ တချိုကတော့ အရာအားလုံးရှိနေလည်း မပျော်နိုင်ကြဘူး။ ကွာခြားချက်က အပြင်လောကထက် အတွေးအမြင်နဲ့ စိတ်နေစိတ်ထား မှာ ပိုပြီး ရှိနေတတ်ပါတယ်။ ဒါဆို တကယ့်ပျော်ရွှင်မှုအစစ်အမှန်ကဘာလဲ ရလဒ်လား ရွေးချယ်မှုတွေလားဆိုတာကို သိရဖို့အတွက် Monday တိုင်းမှာ Dream Education ကနေပြုလုပ်သွားမယ့် Speak To Lead မှာ၀◌င်ရောက်ဆွေးနွေးနိုင်ပါတယ်။ တက်ရောက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ Dream ရဲ့ Page Messenger မှာ Zoom Link လာရောက်တောင်းယူနိုင်သလို အောက်က STL Telegram Channel မှာလည်း Meeting မစခင် နာရီဝက်အလိုမှာ Zoom Link တွေချပေးနေတာကြောင့် Join ထားဖို့ဖိတ်ခေါ်ချင်ပါတယ်။🥰 📄Topic -Is Happiness a Choice or a Result? 📅 Date - 10.8.2026 (Monday ) ⏰ Time - 7:00 pm - 8:30pm 💻Platform - Zoom 💰Fees: Free of charge 🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟 🔗STL Link - https://t.me/+VyLWoyHAPzk2ZjI1 🔗Our Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi 🔗OurTelegram Channel - https://t.me/dreamedu168 🔗OurInstagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==  🔗OurTikTok Account- https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1   #Dream_Education #Non_Profit_Org #STL #Content_by_ORANGE #Graphic_by_Rubydia

  • без подписи

  • без подписи

  • без подписи

  • “ရေဘေးအတွက် ကူပေးပါ၊ ထမင်းအတွက် 1500”  1500 ဆိုတဲ့ Amount ဟာ သာမန်အခြေအနေမှာ မပြောပါးလောက်ပေမယ့်လို့ လက်ရှိ ဧရာဝတီတိုင်းမှာတော့ 1500 ဆိုတာကအင်မတန်မှတန်ဖိုးရှိနေပါပြီ။ အရေးပေါ်ရေကြီးမှု အခြေအနေကြောင့် ဧရာဝတီဟာဆိုရင်ဖြင့်အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ မိတ်ဆွေစေတနာနည်းများမဆိုလှူဒါန်းလိုက်တဲ့ အလှူက လူ့အသက်တစ်ချောင်းကိုကယ်လိုက်တာလည်း ဖြစ်နိုင်တာမို့ သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။  တချို့အဖြစ်အပျက်တွေကို အဝေးကနေကြည့်ရင်... “ဒီလိုပဲ ဖြစ်နေကျပါ” လို့ ထင်မိတတ်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ရှိနေတဲ့သူတွေအတွက်တော့ စကားနဲ့ မဖော်ပြနိုင်တဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း “ဧရာဝတီက နှစ်တိုင်းရေကြီးတာပဲ” ဆိုတဲ့ မှတ်ချက်တွေကို အများကြီး တွေ့နေရပါတယ်။ ဟုတ်ပါတယ်။ ဧရာဝတီမှာ ရေကြီးတာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ သာမန်ရေကြီးမှုတစ်ခု မဟုတ်ပါဘူး။ တာကျိုးမှုကြောင့် မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို မျက်စိတစ်ခဏအတွင်း လူအများအပြား ရင်ဆိုင်နေရပါတယ်။ တစ်ချို့မိသားစုတွေက... သူတို့နေအိမ်တွေကို ထားခဲ့ရတယ်။ နှစ်လနဲ့ချီ ကြိုးစားစိုက်ပျိုးထားတဲ့ လယ်တွေကို ထားခဲ့ရတယ်။ နေ့စဉ်ဘဝကို ရပ်တည်ပေးနေတဲ့ အရာတွေကို ထားခဲ့ရတယ်။ ဒါပေမယ့် ရေကျသွားတာနဲ့ အခက်အခဲတွေ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ပြန်လည်တည်ဆောက်ဖို့၊ ပြန်လည်စိုက်ပျိုးဖို့၊ ဘဝကို ပြန်စတင်ဖို့... အချိန်၊ အားပေးမှုနဲ့ အကူအညီတွေ လိုအပ်နေဦးမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာက ဘယ်သူမှန်၊ ဘယ်သူမှားဆိုတဲ့ အငြင်းအခုံတွေထက်... လိုအပ်နေသူတွေရဲ့ ဘေးမှာ ရပ်ပေးခြင်းပါ။ Dream Education အနေနဲ့ Aug (7) ရက်နေ့မှာ ရေဘေးသင့်ဒေသများသို့ လူကိုယ်တိုင် သွားရောက်ကာ လိုအပ်သော အထောက်အပံ့များကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကွင်းပြင်အခြေအနေကိုလည်း အချိန်နဲ့တစ်ပြေးညီတင်ပေးသွားပါမယ်။ ဒီခရီးမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းရဲ့ အားနဲ့ မဟုတ်ဘဲ၊ ကူညီချင်တဲ့ လူတိုင်းရဲ့ စေတနာတွေကိုပါ အတူသယ်ဆောင်သွားချင်ပါတယ်။ တတ်နိုင်သလောက်... 💙 အလှူငွေ 💙 စားသောက်ကုန်များ 💙 သောက်သုံးရေ 💙 အခြေခံဆေးဝါးများ 💙 လိုအပ်သောပစ္စည်းများ ဖြင့် ပါဝင်ကူညီနိုင်ပါတယ်။ Thai Baht နဲ့လည်းလှူလို့ရနိုင်သလို အဆင်ပြေအောင်လှူနိုင်ဖို့ Dream ဘက်ကတတ်စွမ်းနိုင်သမျှကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။ ငလျှင်တုန်းကလည်း Dream နဲ့အတူဖြတ်ကျော်ပြီးသွားပြီမို့ ဒီတစ်ခါမှာလည်း Dream နဲ့တူတူဝိုင်းဝန်းကူညီပါဝင်ပေးကြပါဦးနော်။  အလှူပမာဏက အရေးမကြီးပါဘူး။ အရေးကြီးတာကတေ့ာ “ဒီအခက်အခဲကို သူတို့တစ်ယောက်တည်း မဖြတ်သန်းရဘူး” ဆိုတဲ့ စိတ်ပါပဲ။ 💙 အလှူလက်ခံမှုအသေးစိတ်ကို Comment တွင် ဖော်ပြပေးထားပါတယ်။  တစ်ယောက်တည်းရဲ့ အကူအညီက သေးငယ်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ အများကြီး ပေါင်းလိုက်တဲ့အခါမှာတေ့ာ တစ်မိသားစုရဲ့ မျှော်လင့်ချက်၊ တစ်ရွာရဲ့ ပြန်လည်ရပ်တည်နိုင်မှု၊ တစ်ဘဝရဲ့ အသစ်ပြန်စနိုင်မှု ဖြစ်လာနိုင်ပါတယ်။ Give a Hand, Help Them Stand. #ရေဘေးအတွက်ကူပေးပါထမင်းတစ်နပ်၁၅၀၀ #ရေဘေး #ဧရာဝတီတိုင်း #weneedyourhelp

  • без подписи

  • တစ်ခါတလေ "ငါ ဒီထက်ပိုပြီးကောင်းတဲ့သူဖြစ်နိုင်ပါသေးတယ်" ဆိုတဲ့ စိတ်ထက် "အင်း...ငါလည်း နည်းနည်းတော့ဗီလိန်ဆန်ရတော့မယ်" ဆိုတဲ့ စိတ်မျိုးဝင်ဖူးကြလား။ 😈🎭 တကယ်တော့ လူတိုင်းရဲ့ဇာတ်လမ်းမှာ ကိုယ်တိုင်က Hero တွေချည်းပါပဲ။ ဒါပေမဲ့ ဘယ် Hero ကမှ အစကတည်းက Perfect မဖြစ်သလို၊ ဘယ် Villain ကလည်း အကြောင်းမဲ့ ဆိုးသွမ်းလာတာ မဟုတ်ပါဘူး။ ကိုယ်တိုင်တောင်သတိမထားမိလိုက်ဘဲနဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားရတဲ့အခိုက်အတန့်လေးဆိုတာက ရှိတတ်ကြပါတယ်။ 💭🥀 ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အသိအမှတ်ပြုမခံရလိုက်ရတဲ့ အချိန်မျိုးလား။ 💔 သူငယ်ချင်းတစ်ယောက်ကို ယုံကြည်မှုပေးခဲ့ပေမဲ့ သစ္စာဖောက်ခံလိုက်ရတဲ့ အခိုက်အတန့်လား။ 🐍 ဒါမှမဟုတ် ကိုယ်အရမ်းလိုချင်ခဲ့တဲ့အခွင့်အရေးတစ်ခုကို တခြားသူက အလွယ်တကူရသွားတာကို ကြည့်နေခဲ့ရတဲ့အချိန်မျိုးလား။ တကယ်ကို မျက်နှာဖုံးတစ်ခုစွပ်ပြီး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သင်ယူခဲ့ရတဲ့အချိန်လေးတွေပေါ့... 👀🖤 ဒီအရာတွေက ငါတို့ကို တကယ်ပဲ "လူဆိုး" ဖြစ်သွားစေတာလား၊ ဒါမှမဟုတ် သန်မာလာအောင်သင်ပေးလိုက်တဲ့ "Villain Origin Story" လေး တစ်ခုပဲလား။ 💥♟️ ဒီတစ်ပတ် “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” မှာတော့ "Your Villain Origin Story" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Dreamers လေးတို့ရဲ့ဘဝမှာ စိတ်ဒဏ်ရာလေးတွေ၊ သင်ခန်းစာတွေ၊ အမြင်တွေနဲ့ နွေးထွေးတဲ့စကားဝိုင်းလေးထဲမှာ အတူတူ ပွင့်ပွင့်လင်းလင်း မျှဝေသွားကြမှာမို့လို့ ဖိတ်ခေါ်ပါတယ်နော်။ 🕯️💬 အင်္ဂလိပ်လို ပြောဖို့ Perfect ဖြစ်နေဖို့မလိုပါဘူး။ Dreamers လေးတို့ရဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးတွေကို ယုံကြည်မှုရှိရှိ မျှဝေဖို့၊ တခြားသူတွေရဲ့ ဇာတ်လမ်းတွေကိုနားထောင်ရင်းနဲ့ သင်ခန်းစာယူဖို့ပဲလိုပါတယ်။ ✨🙌🏻 📚 𝐓𝐨𝐩𝐢𝐜: Your Villain Origin Story  📅 𝐃𝐚𝐭𝐞:  3.8.2026 (Monday) 🕰️ 𝐓𝐢𝐦𝐞: 7:00pm - 8:30pm   🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom  💸 𝐅𝐞𝐞𝐬: Totally FREE 🎭 ဆိုတော့ Dreamers လေးတို့ရဲ့ "Villain Origin Story" က ဘာလဲဆိုတာ အတူတူမျှဝေရင်းအင်္ဂလိပ် speakingလေးကို တူတူလေ့ကျင့်ကြရအောင်နော်။ 🤝🔥 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ Follow our socials Facebook Page – https://www.facebook.com/dreameducation168 Telegram Channel – https://t.me/dreamedu168 Instagram – https://www.instagram.com/dreamedu_org TikTok –  https://www.tiktok.com/@dreamedu168 #Dream_Education #Non_Profit_Org #Your_Villain_Origin_Story #STL #Content_by_Aeron #Graphic_by_Iris

  • Partial Scholarship🎓 Partial Scholarship ဆိုတာ ပညာသင်ယူရာမှာ လိုအပ်တဲ့ ကုန်ကျစရိတ်ထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ Scholarship အဖြစ် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဥပမာ - ကျောင်းလခ 50% လျှော့ပေးခြင်း Tuition Fee တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့်တစ်နှစ်စာ Scholarship ပေးခြင်း စတဲ့ ပုံစံမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျန်ရှိတဲ့ ကုန်ကျစရိတ်များကို ကျောင်းသားကိုယ်တိုင် သို့မဟုတ် မိသားစုက ပေးဆောင်ရနိုင်ပါတယ်။ ဘယ် Scholarship ကို ရွေးချယ်သင့်လဲ? ကိုယ့်ရဲ့ Financial situation, Academic performance နဲ့ Future goals ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အခွင့်အရေးရှိပါက Full Scholarship ကို ဦးစားပေးလျှောက်သင့်ပေမယ့် Partial Scholarship တွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ Scholarship ရရှိဖို့အတွက် အမှတ်ကောင်းရုံသာမက English skill, Activities, Volunteer experience နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကောင်းစွာဖော်ပြနိုင်ခြင်းတို့လည်း အရေးကြီးပါတယ်။

  • Full Scholarship🎓 Full Scholarship ဆိုတာ ကျောင်းသားရဲ့ ပညာသင်ယူမှုအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အများစုကို Scholarship ပေးတဲ့ အဖွဲ့အစည်း၊ တက္ကသိုလ် သို့မဟုတ် အစိုးရက တာဝန်ယူပေးတဲ့ Scholarship ဖြစ်ပါတယ်။ Full Scholarship မှာ အများအားဖြင့် ပါဝင်နိုင်တဲ့ အကျိုးခံစားခွင့်များမှာ - ကျောင်းလခ (Tuition Fee) အပြည့်အဝ ကင်းလွတ်ခွင့် နေထိုင်စရိတ် (Accommodation) ထောက်ပံ့မှု လစဉ်ထောက်ပံ့ကြေး (Monthly Allowance) စာအုပ်နှင့် သင်ကြားရေးပစ္စည်းစရိတ် ကျန်းမာရေးအာမခံ (Health Insurance) ခရီးစရိတ် (တချို့ Scholarship များတွင်) တို့ ပါဝင်နိုင်ပါတယ်။ Full Scholarship ရရှိဖို့အတွက် ပညာရေးအရည်အချင်း၊ English proficiency, Leadership skill, Volunteer experience နဲ့ Personal Statement စတဲ့ အချက်အလက်တွေလိုအပ်ပါတယ်။ ဒါပေမယ့် တစ်ချ်ို့သော Full Scholarship တွေက Tuition Fees ကို သတ်မှတ်ထားကြပြီးသားပါ။ တကယ်လို့ သူတို့သတ်မှတ်ထားတာထက် ကျော်ရင်တော့ ကိုယ့်ဘက်ကနေပေးဆောင်ရတာပဲဖြစ်ပါတယ်။

  • Scholarship လျှောက်ခါနီးတွေမှာဆို တွေ့ရတတ်တဲ့ Full Scholarship and Partial Scholarship ဆိုတာဘာလဲ???🤩🫵 အများစုက ပညာသင်ဆုလျှောက်တော့မယ်ဆိုရင် Requirements တွေကိုအရင်ဆုံး Research လုပ်လေ့ရှိကြပါတယ်။ ဘယ်ကျောင်းက ဘယ်လိုမျိုး လိုအပ်တယ် ဘယ်လိုအချက်အလက်တွေက ရှိကိုရှိသင့်တယ် ဆိုတာတွေကို အများဆုံး Research လုပ်ကြပါတယ်။  ကိုယ်က Full Scholarship လျှောက်သင့်လား Partial Scholarship ကို လျှောက်သင့်လားဆိုတာကိုတော့ အများစုကအရင်ဆုံးမစဉ်းစားကြပါဘူး။ ဒါကြောင့် Full Scholarship and Partial Scholarship ကဘယ်လိုမျိုးလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။ 🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 🌟 Facebook Page - https://www.facebook.com/dreameducation168?mibextid=JRoKGi Telegram Channel -https://t.me/dreamedu168 Instagram - https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg==  TikTok - https://www.tiktok.com/@dreamedu168?_t=ZS-8xd6BQh7t4y&_r=1 #Dream_Education #Non_Profit_Org #scholarship #Content_by_ORANGE #Graphic_by_Rubydia

  • без подписи

  • မနက်ခင်း Alarm သံမြည်လို့ မျက်လုံးစပွင့်လာတဲ့စက္ကန့်လေးပိုင်းမှာ ဘာ​တွေတွေးခဲ့ကြလဲ။⏰🥱 ​တကယ်တော့ ဘဝမှာ ဆုံးဖြတ်ချက်ချတယ်ဆိုတာ ကြီးကြီးမားမားတွေဖြစ်တဲ့အစည်းအဝေးခန်းတွေမှာ၊ စာရွက်စာတမ်းကိစ္စတွေမှာ၊ အလုပ်တစ်ခုခုလုပ်တဲ့အခါမှာမှ စတင်တာ မဟုတ်ပါဘူး။ တကယ်တော့ "The decision-making begins the exact moment you open your eyes" ဆိုသလိုပါပဲ...အိပ်ရာပေါ်မှာ မျက်လုံးနှစ်လုံး စပွင့်ကတည်းက decision ကိုလုပ်နေရတာပါ။🧠✨ "ဒီနေ့တော့ ဘာတွေဆက်လုပ်ရမလဲ" ဆိုတဲ့ ရုန်းကန်မှုတွေလား၊ "မနေ့က မပြီးသေးတဲ့ အလုပ်တွေ၊ မပြေလည်သေးတဲ့ ဖိအားတွေက လည်ပင်းကနေလာညှစ်ထားတာမျိုးလား" စတဲ့တာဝန်တွေလား။📉💼 ဒါမှမဟုတ် မျက်လုံးစဖွင့်လိုက်တာနဲ့ ဖုန်းကောက်ကိုင်ပြီး Instragramတို့၊ Tiktokတို့ထဲ လျှောက်ကြည့်နေမိတာနဲ့တင် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ် ကုန်သွားတတ်တာမျိူးလား။ ဆိုပေမဲ့ တကယ်တမ်းကျ ဒါတွေကဆုံးဖြတ်ချက်ပါပဲ။ ကိုယ့်ရဲ့ အဖိုးတန်အချိန်တွေကို ဖုန်းထဲမှာ ဘာရည်ရွယ်ချက်မှမရှိဘဲ ပေးအပ်လိုက်ဖို့ အဲဒီမနက်ခင်းမှာ ကိုယ်တိုင် ရွေးချယ်လိုက်တာပါပဲ...❌⏳ ​စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာလုံးဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာက မနက်ခင်းအိပ်ရာထချိန်မှာ လုပ်လိုက်တဲ့ရွေးချယ်မှုအသေးစားလေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါ။🔄🌱 "​အိပ်ရာပေါ်မှာ ဆယ်မိနစ်လောက်ဆက်ပျင်းနေမလား"၊ "​အကြောခဏဆန့်ပြီး ဒီနေ့အတွက်ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဆင်မလား"၊ ​ဒါမှမဟုတ် "မလုပ်ချင်ပေမဲ့ လုပ်ရမယ့်တာဝန်တွေဆီ ရဲရဲဝံ့ဝံ့ခြေလှမ်းစမလား" ဒါတွေကတွေးနေပြီးတော့ တစ်နေ့တာအတွက်သေချာအစီစဥ်ချသွားသင့်ပါတယ်နော် 🎯🚀 နောက်ပြီး Dreamers လေးတို့က ​"ကိုယ့်ဘဝကို ကိုယ်တိုင်ဦးစီးချင်တယ်"၊ "တစ်ခုခုကိုပြောင်းလဲချင်တယ်"ဆိုရင်တော့ တစ်နေ့တာရဲ့ပထမဆုံးအနိုင်တိုက်ရမယ့်စစ်ပွဲက အဲဒီမနက်ခင်းအိပ်ရာထချိန်ပါပဲ🛡️🔥 ​ဆိုတော့ Dreamers လေးတို့ရော...  ဒီစာကိုဖတ်ပြီးပြီဆိုတော့ မနက်ဖြန်မနက် မျက်လုံးစဖွင့်လိုက်တဲ့အချိန်မျိုးမှာ ဘယ်လိုဆုံးဖြတ်ချက်နဲ့ တစ်နေ့တာကို စတင်မလဲ...☀️🌟 ʏᴏᴜʀ ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ Follow our socials Facebook Page – https://www.facebook.com/dreameducation168 Telegram Channel – https://t.me/dreamedu168 Instagram – https://www.instagram.com/dreamedu_org TikTok – https://www.tiktok.com/@dreamedu168 #Dream_Education #Non_Profit_Org #Decision #Content_by_Aeron #Graphic_by_Ingyin

  • без подписи

  • တစ်နေ့တာဘဝရဲ့ ပျော်ရွှင်မှုကို ဘာနဲ့တိုင်းတာကြသလဲ။ 🤔💭 အမေက မုန့်ဖိုးပေးလို့ ပြုံးမိသွားတဲ့ အခိုက်အတန့်လေးနဲ့လား။ ကျောင်းမှာ ဆရာ၊ ဆရာမက ချီးကျူးလို့ တစ်နေ့လုံး စိတ်ကြည်နူးနေရတဲ့ ခံစားချက်မျိုးနဲ့လား။ ဒါမှမဟုတ် Crush လေးနဲ့ တီတီတာတာ စကားပြောရလို့ မသိမသာ ပြုံးမိသွားတဲ့ အချိန်လေးနဲ့လား။ 👀🤩 တကယ်တော့ တစ်နေ့တာကို ပိုကောင်းသွားစေတဲ့ အရာတွေက အမြဲတမ်း ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ မဟုတ်ပါဘူး။ တစ်ခါတလေတော့ ကိုယ်တောင် သတိမထားမိလိုက်တဲ့ အသေးအဖွဲ အခိုက်အတန့်လေးတွေကပဲ တစ်နေ့လုံးကို ပိုပြီး နွေးထွေးစေတတ်ပါတယ်။ 🤗💕 မနက်ခင်း ကောင်းကင်လေးကို မော့ကြည့်လိုက်တဲ့အချိန်၊ ကိုယ်ကြိုက်တဲ့သီချင်းတစ်ပုဒ် ရုတ်တရက် နားထဲဝင်လာတဲ့အချိန်၊ သူငယ်ချင်းတစ်ယောက်က "စားပြီးပြီလား" လို့ လှမ်းမေးတဲ့အချိန်၊ ဒါမှမဟုတ် ကိုယ်လုပ်ခဲ့တဲ့ အရာလေးတစ်ခုအတွက် "တော်တယ်နော်" ဆိုတဲ့ စကားတစ်ခွန်း ကြားလိုက်ရတဲ့အချိန်... ဒီလို သေးငယ်တဲ့ အခိုက်အတန့်လေးတွေကပဲ ဘဝကို ပိုပြီး လှပစေပါတယ်။ 🍃✨ ဒီတစ်ပတ် “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” မှာတော့ "𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐓𝐡𝐚𝐭 𝐌𝐚𝐤𝐞 𝐚 𝐁𝐞𝐭𝐭𝐞𝐫 𝐃𝐚𝐲" ဆိုတဲ့ ခေါင်းစဉ်နဲ့ နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှု အသေးအဖွဲလေးတွေ၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အမြင်တွေကို အတူတူ မျှဝေပြောဆိုသွားကြမှာ ဖြစ်ပါတယ်။ 🥰💌 အင်္ဂလိပ်လို ပြောဖို့ Perfect ဖြစ်နေမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွေးတွေကို ယုံကြည်မှုရှိရှိ ပြောရဲဖို့၊ တခြားသူတွေရဲ့ အမြင်တွေကို နားထောင်ဖို့၊ နွေးနွေးထွေးထွေး စကားဝိုင်းလေးတစ်ခုမှာ ပါဝင်ဖို့ပဲ လိုပါတယ်။ 😸🙌🏻 ✨ တစ်နေ့တာကို ပိုကောင်းစေတဲ့ အရာလေးတွေက ဘာတွေလဲဆိုတာ အတူတူ ရှာဖွေရင်း အင်္ဂလိပ် စကားပြောလေးကို တူတူလေ့ကျင့်ကြရအောင်နော်။ 🫶🏻💖 📚 𝐓𝐨𝐩𝐢𝐜: 𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐓𝐡𝐚𝐭 𝐌𝐚𝐤𝐞 𝐚 𝐁𝐞𝐭𝐭𝐞𝐫 𝐃𝐚𝐲 📅 𝐃𝐚𝐭𝐞: 𝟕/𝟐𝟕/𝟐𝟎𝟐𝟔 ( 𝐌𝐨𝐧𝐝𝐚𝐲 ) 🕰️ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎𝐩𝐦 - 𝟖:𝟑𝟎𝐩𝐦 ( 𝐌𝐌 𝐓𝐢𝐦𝐞 ) 🎥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 💸 𝐅𝐞𝐞𝐬: 𝐓𝐨𝐭𝐚𝐥𝐥𝐲 𝐅𝐑𝐄𝐄 💐 “𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝” 𝐒𝐞𝐬𝐬𝐢𝐨𝐧 လေးကို ပါဝင်ဖို့ အတွက် Link လေးကိုတေ့ာ အောက်ပါ Telegram Channel မှာ Meeting မစခင်တိုင်း တင်ပေးသလို Dream ရဲ့ Facebook Messenger မှာလည်း လာရောက် တောင်းယူနိုင်ပါတယ်။  ✨ 𝐎𝐮𝐫 𝐒𝐩𝐞𝐚𝐤 𝐓𝐨 𝐋𝐞𝐚𝐝 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥⇢ https://t.me/+VyLWoyHAPzk2ZjI1 ғɪʀsᴛ sᴛᴇᴘ ᴛᴏᴡᴀʀᴅs ʏᴏᴜʀ ᴅʀᴇᴀᴍ 💫 ✨ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ⇢ https://www.facebook.com/dreameducation168?mibextid=JRoKGi  ✨ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 ⇢ https://t.me/dreamedu168 ✨ 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ⇢ https://www.instagram.com/dreamedu_org?igsh=MXJmcjEwdnJxaXZkYg== #Dream_Education #Non_Profit_Org #STL #Content_By_Sandi #Graphic_By_E_Sar_Lite

  • 📖 နရသူ — ခေတ်ရှေးညို နရသူ ဟာ အချစ်တစ်ခုတည်းကိုသာ အဓိကထားရေးထားတာ မဟုတ်ဘဲ လူ့ဘဝ၊ ကံကြမ္မာနဲ့ စိတ်ခံစားချက်တွေရဲ့ ရှုပ်ထွေးမှုတွေကိုပါ ပေါင်းစပ်ဖော်ပြထားတဲ့ ဝတ္ထုတစ်အုပ်ပါ။ ဇာတ်လမ်းတည်ဆောက်ပုံက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်အတွင်းပိုင်းကိုပါ နားလည်လာစေပါတယ်။ ဖတ်ပြီးရင် အချိန်အတော်ကြာတဲ့အထိ ဇာတ်လမ်းကို ပြန်တွေးနေမိစေမယ့် စာအုပ်မျိုးပါ။

  • 📖 မရှိမဖြစ်မိုး — ဂျူး ဂျူးရဲ့ ဝတ္ထုတွေလိုပဲ မရှိမဖြစ်မိုး ဟာ လူ့စိတ်ခံစားချက်တွေကို သေသေချာချာ ပုံဖော်ထားတဲ့ လက်ရာတစ်ခုပါ။ အချစ်ဆိုတာ ရင်ခုန်ရုံတင်မဟုတ်ဘဲ နားလည်မှုနဲ့ရွေးချယ်မှုတွေလည်း ပါဝင်တယ်ဆိုတာကို ဖတ်ရင်း ခံစားရစေပါတယ်။ အေးအေးဆေးဆေး ဖတ်ပြီး အချိန်ယူ စဉ်းစားချင်သူတွေအတွက် အရမ်းသင့်တော်တဲ့ စာအုပ်ပါ။

  • 📖 အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း — မင်းလူ မင်းလူရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့အတူ ဘဝအမြင်တွေ၊ အချစ်အပေါ် ခံယူချက်တွေကို ရောစပ်ရေးသားထားတဲ့ ဝတ္ထုပါ။ ဖတ်ရတာ မပင်ပန်းဘဲ တစ်ခါတလေ ပြုံးမိစေသလို၊ တစ်ခါတလေ စဉ်းစားစရာတွေပါ ပေးသွားတဲ့ လက်ရာဖြစ်ပါတယ်။ Romance ကိုပဲအသားပေးထားတာ မဟုတ်ဘဲ ဘဝရဲ့ အဓိပ္ပာယ်လေးတွေကိုပါ တွေးမိစေမယ့် စာအုပ်တစ်အုပ်ပါ။