tgindex

သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း

2 088
подписчиков
Охват к подписчикам
196,8%
ERR
Реакции к просмотрам
0,77%
635 на 20 постов
Пересылки к просмотрам
0,30%
248
Постов в день
0,1
всего 20

Где отзываются чаще

доля реакций к просмотрам
  • 12 авг.▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၂) ရက် (၁၂.၈.၂၀၂၆)ရက်နေ့ ၊ နေ့လည် (၁)နာရီချိန်ခန့်တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းရန်အတွက် မင်းတုန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်လက်အောက်ခံ အင်အား (၃၅)ဦးခန့်ပါ ခြေလျှင်စစ်ကြောင်းအား ၊ သရက်မြို့နယ် ပုဇဥ်းဒါးကျေးရွာအနီးအရောက်တွင် ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အသင့်စောင့်ကြိုလက်ဦးမှုရယူ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၊ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲချိန် (၃၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ (၉)ဦး ကျဆုံးကာ ၊ မိမိတို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်၄တပ်ရင်း12,11%
  • 10 авг.(၁၀.၈.၂၀၂၆)ရက် နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲရုပ်သံမှတ်တမ်း။6,79%
  • 10 авг.без подписи5,45%
  • 10 авг.▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ (၁၀) ရက် (၁၀.၈.၂၀၂၆) ရက်နေ့တွင် ၊ သရက် - မင်းတုန်း လမ်းပိုင်းအား အသုံးပြုသွားလာနေသော အများပြည်သူကားများအား ခြိမ်းခြောက်ပိုက်ဆံတောင်းရန် နှင့် တွေ့ရှိလူငယ်များအား ပေါ်တာဆွဲဖမ်းဆည်းရန်အတွက် သရက်မြို့နယ် ၊ ရေမျက်ရဲစခန်းမှ ထွက်လာသော (စစ်တပ်၊ရဲ၊ပျူ)ပူပေါင်း (၇)ဦးအား ၊ နံနက် (၁၀)နာရီအချိန်တွင် ရေမျက်ကျေးရွာအနီးတွင်ပဲ ၊ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲချိန် (၅)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃)ဦး နေရာတွင် ကျဆုံးပြီး ၊ ကျန်သူများ ထွက်ပြေးသွားကြပါသည်။ ထိုတိုက်ခိုက်မှုမှ G4 (၁)လက် ၊ ကျည်ဘောက် (၁)ဘောက်နှင့် ကျည် (၆)တောင့် သိမ်းဆည်းရခဲ့ပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် (၄)တပ်ရင်းအနေဖြင့် (၁၇.၇.၂၀၂၆)ရက်နေ့တွင်လည်း သရက်မြို့နယ် ၊ ဆင်ကော်ကျေးရွာ ရဲစခန်းမှ ထွက်လာသော အင်အား (၂၀)ခန့်ရှိ (စစ်တပ်၊ရဲ)ပူးပေါင်း စစ်ကြောင်းအား သရက်မြို့နယ် ၊ ပုဏ္ဍားကျေးရွာအနီးအရောက် ၊ နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်တွင် အသင့်စောင့်ကြို ကြားဖြတ်တိုက်ခဲ့ရာ ၊ တိုက်ပွဲချိန် (၂၀)မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူ့ဘက်မှ မျက်မြင် (၇)ဦးကျဆုံးပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် - ၄ တပ်ရင်း4,93%
  • 19 июн.без подписи2,93%
  • 1 июн.без подписи1,53%
  • 19 июн.အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ နှင်းဆီတပွင့်တိုင်းရဲ့အားနဲ့ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တော်လှန်ကြပါစို့။ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ သက်ရှည်ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်ဆုံးကင်းလွတ်ပါစေ။ #RoseMovement #ProofOfLife #နှင်းဆီလှုပ်ရှားမှု1,06%
  • 22 маябез подписи0,99%
  • 1 июн.▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၆ ခုနှစ် ၊ ဇွန်လ (၁) ရက် အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် အတုအယောက်ရွေးကောက်ပွဲမှ တဆင့် အစိုးရတုတရပ်ဖွဲ့စည်းကာ နိုင်ငံတကာအသိအမှတ်ပြုရရှိနိုင်ရန်အတွက် ဟန်ပြငြိမ်းချမ်းရေးစကားများပြောပြီး ၊ တဖက်တွင် ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေများသို့ မတရားပေါ်တာဆွဲဖမ်းဆည်းထားသော စစ်မှုထမ်းများအား အသုံးချကာ လေကြောင်း ၊ လက်နက်ကြီး နှင့် ဒရုန်းများ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ ကျွန်ုပ်တို့ စစ်ရေးလှုပ်ရှားရာ မင်းတုန်းမြို့နယ်အတွင်းသို့လည်း သရက်ခလရ(၄၄) ၊ သရက်ကပစ(၁၂) ၊ လပခလက်အောက်ခံတပ်များ နှင့်စစ်မှုထမ်းများပါသော အင်အား (၁၀၀၀)ကျော်ခန့်ဖြင့် (၁၈.၄.၂၀၂၆) ရက်နေ့မှ စတင် စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်လျှက်ရှိပါသည်။ ကျွန်ုပ်တို့ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းအနေဖြင့် ရန်သူစစ်ကြောင်းစတင်ထွက်ခွာလာရာ သရက် - မင်းတုန်းလမ်းပိုင်းမှ စတင်၍ ရန်သူစစ်ကြောင်းဝင်ရောက်ရာ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာ နှင့် ဒေါင်းတိုက်ကျေးရွာအနီးတို့တွင် ၊ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုများ ၊ မိုင်းဆွဲတိုက်ခိုက်မှုများ နှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ (၁.၆.၂၀၂၆)ရက်နေ့အထိ တိုက်ပွဲ (၁၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ ရန်သူဘက်မှ (၂၀)ဦးထက်မနဲ သေဆုံးမှုရှိပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိထားကာ ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင် (၂)ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။ ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ၊ စစ်ကြောင်း (၃)ကြောင်းခွဲ၍ မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာများနှင့် ရခိုင်ရိုးအစပ်သို့ ဆက်လက်စစ်ကြောင်းထိုးလျှက်ရှိပြီး တိုက်ပွဲများလည်း ဖြစ်ပွာလျှက်ရှိရာ ၊ ဒေသခံပြည်သူများအနေဖြင့် လေကြောင်း နှင့် လက်နက်ကြီး အန္တရာယ်များအား ဂရုပြုကြရန် နှင့် ဘေးကင်းလုံခြုံသောနေရာများတွင် နေထိုင်ကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်၄တပ်ရင်း0,92%
  • 20 маябез подписи0,68%
  • 22 маяသရက် - မင်းတုန်း လမ်းပိုင်း အသုံးပြုခြင်းအား တားမြစ်ထုတ်ပြန်ချက် ၂၀၂၆ ခုနှစ် ၊ မေလ (၂၂) ရက်0,24%
  • 20 маябез подписи0,00%