tgindex
ကဗျာဂယ်လာရီ-Poetry Gallery

ကဗျာဂယ်လာရီ-Poetry Gallery

Статистика

ကဗျာကို ချစ်မြတ်နိုးကြသူများအတွက် ကဗျာဆရာ ပေါင်းစုံရဲ့ ကဗျာများကို တွေ့သမျှ ၊ မြင်သမျှ ၊ ဖတ်ဖူးသမျှ ပြန်လည်တင်ထားခြင်း ဖြစ်ပါသည်။ ☘️22.7.2021☘️

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
10
Всего постов
26
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
15 231
−11 за 4 дн.
Сутки
+6
+0,04%
Неделя
 
Месяц
 
Просмотров на пост
900
26 постов
Вовлечённость
5,9%
к подписчикам
Постов в день
1,4
всего 26
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
578
1/48двое суток
662
1/72трое суток
714

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဖြေတွေး -၂ ------------------ လေးပါးသီလမြဲတဲ့ယမကာလုလင်နဲ့ လိမ်ပြောတတ်တဲ့ဖိုးသူတော် ဘယ်သူက အပြစ်ပိုကြီးသလဲ ။ ရှိပြီးသားကို လှူတဲ့လူနဲ့ မရသေးတာကို စွန့်လွှတ်တဲ့လူ ဘယ်သူက ပိုမွန်မြတ်သလဲ ။ တောင်းတဲ့လူနဲ့ ပေးတဲ့လူ ဘယ်သူက ပိုစိတ်ရှည်သလဲ ။ လူဆိုးလုပ်ရတာနဲ့ လူကောင်းယောင်ဆောင်ရတာ ဘယ်ဟာက ပိုခဲယဉ်းသလဲ ။ ကင်းစောင့်တဲ့လူနဲ့ ဖောက်ထွင်းဖို့ကြံစည်တဲ့လူ ဘယ်သူက ဝီရိယပိုသာသလဲ ။ လွတ်အောင်ပြေးတဲ့လူနဲ့ မိအောင်လိုက်တဲ့လူ ဘယ်သူက ပိုမောပန်းသလဲ ။ ဖဲလိမ်ရိုက်တဲ့လူနဲ့ ဓားကိုင်ရမ်းတဲ့လူ ဘယ်သူက ရင်ဆိုင်ရပိုခက်သလဲ ။ မသေချာဘဲ ဝင်ပြိုင်တဲ့သူနဲ့ ရှုံးမယ်မှန်းသိလျက် ဝင်နွှဲတဲ့လူ ဘယ်သူက သွေးပိုကောင်းသလဲ ။ ဆာလောင်မွတ်သိပ်တာနဲ့ စားပိုးနင့်တာ ဘယ်ဝေဒနာက ပိုဆိုးသလဲ ။ နာကျင်တာနဲ့ ယားယံတာ ဘယ်ဟာက အခံရပိုခက်သလဲ ။ ကျပ်ကျပ်တည်းတည်း ထိုင်ရတာနဲ့ လွတ်လွတ်လပ်လပ် ရပ်ရတာ ဘယ်ဟာက ပိုသက်သာသလဲ ။ လိုချင်တာကို မရတာနဲ့ မလိုချင်တာကို ရတာ ဘယ်ဟာက ပိုဆုံးရှုံးသလဲ ။ ထွက်ခွာသွားတဲ့လူနဲ့ ကျန်ရစ်ခဲ့တဲ့လူ ဘယ်သူက ပိုလွမ်းရသလဲ ။ အဖြေကို ....... ဘဝစာမျက်နှာ တစ်နေရာတွင် ရှာကြည့်ပါ ။ ။ -မင်းလူ [ August.2005 (အတွေးသစ်ဂျာနယ်) ]

  • အဲ့သီချင်း နားထောင်ရတဲ့moodက....

  • အချစ်ဟု ခေါင်းစဉ်တပ်သောအခါ စိတ်အလိုရှိလို့ သောက်ခဲ့ စားခဲ့ တာဆိုပေမယ့် အရက်ပုလင်း မကျကွဲဖို့ပဲတွေးပြီး အမြည်းပန်းကန် ကျကွဲရင် အရေးမလုပ်ကြဘူးမလား -ထွန်းဟိန်းယံ

  • အရမ်းချစ်တယ်တဲ့ အရူးဖြစ်ဖို့ဆိုတာ သိပ်လွယ်ပါတယ် မင်းကို စချစ်မိသွားကတည်းက ဘဝဟာ အရူးတစ်ပိုင်း မင်းအကြည့်ကြောင့်လည်း ရူးဖူးတယ် မင်းစကားတွေကြောင့်လည်း ရူးဖူးတယ် မင်းထားခဲ့တော့လည်း ရူးရတာပဲ ချစ်တယ်ဆိုတဲ့စကားကြောင့်လည်း တစ်ဘဝစာ ရူးရတာပဲ ကြိုမမြင်နိုင်တဲ့အနာဂတ်အထိ အဲ့ဒီစကားနဲ့တင် စိတ်ကူးတွေကိုနယ်ချဲ့ခဲ့တယ် အခုတော့ အရာရာဟာဖရိုဖရဲ အရမ်းချစ်တယ်တဲ့ ရမ်းပဲချစ်ခဲ့လေသလားကွယ် အဲ့ဒီစကားက Expired Dateပဲရှိလို့လား နောက်ထပ်ကြားရအောင် ဘယ်ဘုရားမှာမှ ဆုတောင်းလည်းမရခဲ့..... -ထွန်းဟိန်းယံ

  • ချစ်မိရင်တော့ ပိုင်ဆိုင်ချင်တာပေါ့အချစ်ရယ်.....။ ငေးကြည့်ပြီး အဆင်ပြေယောင်ဆောင်ရတာ အဆင်မပြေလှပါဘူး။ -ထွန်းဟိန်းယံ

  • ချစ်တယ်ဆိုတဲ့စကားနဲ့ ဘဝအဆက်ဆက်ထိ နယ်ချဲ့ခဲ့မိတဲ့လူတစ်ယောက်ဟာ..... မုန်းတယ်လည်းဆိုတော့ နေ့စဥ်ရက်ဆက် အသက်မထွက်ပဲသေပါလေရော့တဲ့..... -ထွန်းဟိန်းယံ

  • တံခါး မင်းသာဆိုရင် ခွင့်တောင်းစရာမလိုပါဘူး ဘယ်ချိန်ပဲဖြစ်ဖြစ် အမြဲပွင့်နေမှာပါ သော့လည်းမလိုပါဘူးကွယ် ချော့တာနဲ့ ပြိုပါတယ် ဦးမော့ပြီးသာ လျှောက်ခဲ့လိုက်ပါ -ထွန်းဟိန်းယံ

  • အချစ်ဆိုတဲ့ အဓိပ္ပာယ် ဘယ်လိုဖွင့်ဆိုကြမလဲ

  • သောကြာကြယ်လေး ထွက်ပြေးသွားပြီးနောက် နင့်နင့်စူးစူးချစ်ခဲ့မိတာမို့ ရင့်ရင့်သီးသီး ထားခဲ့တာကိုတောင် အပြစ်မမြင်ခဲ့ပါဘူး....။ သောကြာကြယ်လေးရေ အပိုင်လို့ထင်ပြီး ဘဝကြီးတစ်ခုလုံးနှစ်ပြီး ချစ်ခဲ့မိတာ မှားလေရော့သလား....။ အဝေးပြေးသွားတာကိုမှ ခိုးငေးပြီး ကြည့်ရတာလဲ ပင်ပန်းလှပါပြီ အတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေရောက်ရင် မျက်စိမှိတ်ထားမှရမယ် ပြန်ပြန်လွမ်းရတာ အတော်ခက်တာကိုး....။ မင်းက မပက်သက်ချင်တော့ဘူးလို့ပြောပေမယ့် တစ်ရက်ရက်တော့ ပြန်လာနိုး မျက်ရည်တွေကို ခိုးသိမ်းထားပြီး ကိုယ် စောင့်ပါ့မယ်။ ဒီတစ်ခါပြန်လာခဲ့ရင် တစ်သက်လုံး ထွက်မသွားဘူးမလား.....။ -ထွန်းဟိန်းယံ

  • မူး ခက်ရချည်ရဲ့ကွယ် မူးတာကို အပြစ်ဆိုမတဲ့လား... ဘာကို အပြစ်ဆိုချင်လဲ... ကိုယ်ချစ်တာကမင်း မင်းချစ်တာကသူ အဲ့မှာ စမှောက်ချင်စရာပဲ နောက်တစ်တောင့် ထပ်ချ။ -ထွန်းဟိန်းယံ

  • တစ်သက်လုံးစာ သူမပါတော့လမ်းထဲ ဘယ်လိုများ လျှောက်ရမလဲကွယ် လွမ်းပြလို့လဲမရ တမ်းတလို့လဲမဝ ‌ ‌ဪ..... ခက်ရချည်ရဲ့...။ -ထွန်းဟိန်းယံ

  • 10 авг.1 0302010

    ဝါကြန့်ကြန့်စာရွက်လေးပေါ်က မိုးရာသီ --------------------------------------------------------------- မင်းမရှိတဲ့ ဒီမြို့ရဲ့ မိုးရာသီဟာ အရောင်ကျွတ်နေတဲ့ ပတ်စပို့ဓာတ်ပုံလေးပဲ ကိုယ်တို့နှစ်ဦးကြားမှာ အကွာအဝေးကို တိုင်းတာဖို့ရာ အိမ်တံစက်မြိတ်က ကျတဲ့ ရေစီးကြောင်းလေးသာ ရှိတယ်။ မိုးရေဟာ အလွမ်းကိုအသက်ဝင်စေတဲ့ လောင်စာပဲ စိတ်အင်ဂျင်လေး စက်နှိုးခဲ့ပြီ အဝေးကရောက်လာတဲ့ ဝါကြန့်ကြန့်စာရွက်လေးကို ရင်ဘတ်မှာကပ်ပြီး နွေးအောင် လုပ်နေရတယ် ဒီတစ်မိုးလည်း ကိုယ်ဟာ မင်းဆီကို ရောက်အောင်မရွာနိုင်တဲ့ အပေအတေ မိုးစက်လေးသာ ဖြစ်ခဲ့ပါတယ်။ ။ ဆန်းကျော်စွာဝင်း

  • ကဗျာဂယ်လာရီကို ဘယ်သူက ဘယ်ချိန်က စသိခဲ့တာလဲ ဖြေပေးခဲ့ကြပါအုံး

  • 9 авг.1 06267

    ညကိုးနာရီ(၃) အတိတ်ကိုတမ်းတမိတာဟာ ဟောင်းနွမ်းနေတဲ့ စာအုပ်ဟောင်းတစ်အုပ်ကို မထိရဲ မကိုင်ရဲ ဖွင့်မဖတ်ရဲဘဲ အမြတ်တနိုးသိမ်းထားသလိုပါပဲ တစ်စစီစုတ်ပြဲနေတဲ့ စာမျက်နှာတွေကို ဘယ်လိုတိတ်နဲ့ကပ်ပြီး ဘယ်လို အတိတ်ကို နောက်ကြောင်းမပြန်လို့ ရမှာလဲ စိတ်ထဲမှာ မင်းဆိုမှမင်းပဲရှိပြီး တခြား ဘာမှမသိပဲ ကုန်ခဲ့တဲ့‌နေ့တွေ များခဲ့ပါပြီ.... ‌ဘယ်လိုနည်းနဲ့‌‌ဖြေဖြေ တကယ်ကြီးလွမ်းနေရတာပါပဲ.... လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့.... နာစရာရယ်လို့ မရှိခဲ့ပါဘူးကွယ် လွမ်းနေရခြင်းကိုက ပြဿဒါးယောင်ဆောင်တဲ့ ရက်ရာဇာပါ ဒါပါပဲ အချစ်ရယ် အရက်နာကျတဲ့ မနက်တိုင်းကနေ အရက်ကိုသောက်ရင်း အိပ်မရတဲ့ညတွေ နောက်ဘဝ ကင်းဝေးပါ‌ရစေကွယ်.... -ထွန်းဟိန်းယံ

  • 9 авг.971126

    နောက်ဆုံးဖန်ခွက်ကိုမြှောက်တိုင်း ဆုတောင်းတာ တစ်ခုပဲရှိတယ် နောက်ဘဝဆိုရင် မင်းကိုမချစ်မိပါစေနဲ့... -Silentpain

  • 8 авг.1 187115

    ညကိုးနာရီ(၂) ကိုယ့်မှာ စောင့်မျှော်ရတာလဲ မောလှပါပြီ သူ့မှာ တစ်ယောက်ပေါ်လာတော့လဲ ဘာပြောရမယ်မသိ ဒါကြောင့် ဝဋ်ရှိသမျှသာ ကျေချင်ပါသည်။ -ထွန်းဟိန်းယံ

  • 8 авг.1 23185

    အဆင်မပြေပြီးသား ဒီလူအတွက် အဆင်ပြေစရာ ထွေထွေထူးထူး သိပ်မလိုတော့ သူအဆင်ပြေပါစေလို့ သူ့အတွက် ဆုတောင်းနေခဲ့တာ။ အခုသူ့ကို အဆင်ပြေပါစေလို့ ဆုတောင်းစရာမလို့တော့အောင် တစ်ယောက်သောသူနဲ့ အဆင်ပြေနေတော့...။ မျက်ရည်ဆို့ဆို့နဲ့ ဝမ်းသာလျှက်။ -ထွန်းဟိန်းယံ

  • 8 авг.1 28345

    သောင်ပြင်မှာ သဲအထပ်ထပ် ------------------------------------------- သစ်သီတစ်လုံးရဲ့ဈာပနကို မြေမှာ မြုပ်နှံတော့ သစ်ပင်ကလေး ပေါက်လာမှာ ။ သစ်ပင်ကလေးရဲ့ မြင်ကွင်းမှာ ဥတုရာသီ အလီလီ ဘာကိုမှ မတောင်းဆိုပါပဲ နွေမိုးဆောင်းကို ရခဲ့တာလည်း အမြတ်ပဲ မဟုတ်လား ။ အမြတ်ပဲ မဟုတ်လား ပန်းပွင့်ကလေးထံက ရနံ့ကို ချွတ်ယူ ပျော်ရွှင်မှုကို ဖန်ပုလင်းထဲ ပိတ်လှောင်တော့ သူမရဲ့ရယ်သံမှာ လေယာဉ်ဟာ ဘာ့ကြောင့် အလောတကြီး ပျံသန်းသွားပါလိမ့် ။ ဘာ့ကြောင့် အလောတကြီး ပျံသန်းသွားပါလိမ့် ဆိုတဲ့ ရုပ်ကြွင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန် သဲပွင့်ကလေးအဖြစ်နဲ့ ပြန်လာမှာပါ တဲ့ ။ ပြန်လာမှာပါ ဆိုတဲ့ စိတ်ကူးနဲ့ သောင်ပြင်မှာ ရပ်စောင့်ရည်စူးခဲ့ရသော နှစ်များ နှစ်များမှာ နေရောင်ရဲ့ရနံ့ကို ကြားသိရ သစ်သီတစ်လုံးရဲ့ ဈာပနမှာ ။ ။ -သားဦး ( ၂၃ - ၆ - ၂၀၁၇ )

  • 7 авг.1 297143

    ချစ်တယ် အချစ်ဆိုတာ..........…................ ..................…....… ....…..…................ အဲ့လိုအမျိုးမျိုးပြောကြတာပဲ နောက်ဆုံးတော့ အချစ်ဆုံးသူတွေပဲ...…….....….ပဲ

  • 6 авг.1 75012

    TikTokက မ လာတာ