- Последний пост
- 9 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 30
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 244
- 1/48двое суток
- 279
- 1/72трое суток
- 301
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဩဂုတ်လ ပထမရက်သတ္တပတ်တွင် အိမ်နီးချင်းနိုင်ငံကြီးများ၏ ဝယ်လိုအား မျှော်လင့်ချက် ရှိနေသော်လည်း ပြည်ပပို့ကုန်ပဲ ဈေးလှုပ်ခတ်မှု အနည်းငယ်သာ ရှိနေသည်။ ပြည်တွင်းစားသုံးသည့် ပဲအချို့ ပြည်တွင်းဈေး အနည်းငယ် လှုပ်လာသည်။ https://greenwaymyanmar.com/posts/crop_market_information_aug_nine_2026
တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ် - ဂြိုဟ်တုပုံ၌ တွေ့ရသည့်အတိုင်း ပင်လယ်ပြင်မှ စိုစွတ်မိုးတိမ်များ တိုက်ရိုက်တိုးဝင်နေသဖြင့် လာမည့် ၇၂ နာရီမှ ၁၆၈ နာရီအတွင်း မိုးအလွန်သည်းထန်စွာ ဆက်တိုက်ရွာသွန်းမည်ဖြစ်ရာ တနင်္သာရီတိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးခြင်း၊ တောင်ကျရေကျခြင်းနှင့် မြေပြိုခြင်း (Severe Flash Floods & Landslides) ဘေးအန္တရာယ် အထူးသတိပြုရန် လိုအပ်သည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် - မုတ်သုံမြောင်တန်း၏ အားကောင်းသော သက်ရောက်မှုကြောင့် မိုးကြီးမှု ကာလရှည်နိုင်ပြီး၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာမြစ်ရေကြီးမှုဖြစ်စဉ်များ (Major River Flooding) ဖြစ်ပေါ်လာနိုင်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း (မကွေး၊ မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း) - ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးမည်ဖြစ်သော်လည်း မြစ်ဖျားခံရာ အထက်ပိုင်းဒေသများမှ စီးဆင်းလာမည့် အထက်မြစ်ရေကြီးမှုလှိုင်း (Upstream River Flood Wave) ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ မကွေး မြို့နယ်များရှိ ဧရာဝတီမြစ်ကမ်းနားနေ ပြည်သူများ မြစ်ရေမြင့်တက်လာပြီး ဖြစ်လာနိုင်သည့်ရေဘေးအန္တရာယ်ကို အထူးကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းအပ်ပါသည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_aug_7_2026
https://youtube.com/shorts/bV2Uyz0BRC0
လက်ရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီနှင့် လုပ်အားခများ ယခင်နှစ်များထက် သိသိသာသာ မြင့်တက်နေခြင်းကြောင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်မြင့်နေပြီး တောင်သူအချို့ အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။ "အခုက ဈေးတက်တာဟာ တောင်သူနဲ့ မဆိုင်တော့ပါဘူး။ မရောင်းဘဲ သိုလှောင်ထားနိုင်တဲ့ တောင်သူအချို့ပဲ ဈေးကောင်းနဲ့ ကြုံနိုင်တာပါ။ ဒါကလည်း ရှားပါတယ်။ အခုချိန်မှ တက်လည်း ပွဲစားနဲ့ ကုန်သည်တွေအတွက်ပဲ အကျိုးအမြတ်ရတာပါ။ တောင်သူက စိုက်စရိတ်ကြီးတာကို ဒဏ်ခံရတာ" ဟု ကြက်သွန်နီစိုက် တောင်သူတစ်ဦးက ပြောသည်။ https://greenwaymyanmar.com/posts/onion_market_aug_6_2026
(က)မျိုးပွားပိုင်းကာလ (ဇွန်လစိုက် မိုးစပါးများအတွက်) ဇွန်လတွင် စိုက်ပျိုးခဲ့သော စပါးများသည် ဩဂုတ်လတွင် မှို့ကပ်ချိန်၊ ဖုံးလုံးချိန် စသည့် မျိုးပွားချိန်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ဤအချိန်တွင် စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို နှိမ်နင်းရန်နှင့် နိုက်ထရိုဂျင် အာဟာရ ရရှိရေးအတွက် ယူရီးယားဓာတ်မြေသြဇာ ကျွေးရန် ဖြစ်ပါသည်။ ဓာတ်မြေသြဇာ ကြဲပက်ချိန်တွင် စိုက်ခင်းအတွင်း ရေအနက် (၂) လက်မခန့်သာ ရှိရမည်ဖြစ်ပြီး ရေမပြတ်စေရန် ဂရုစိုက်ရမည်။ မိုးသည်းထန်စွာ ရွာသွန်းပါက လျှံရေနှင့် အတူ မြေသြဇာများ မျောပါမသွားစေရန် ဂရုပြုထိန်းသိမ်းရန် လိုပါသည်။ (ခ) ပင်ပိုင်းကြီးထွားကာလ (ဇူလိုင်လစိုက် မိုးစပါးများအတွက်) အပင်ပွားနှုန်း ကောင်းမွန်စေရန် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာကို ကျွေးပေးရန် ဖြစ်သည်။ ယူရီးယားကို မြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင် ရောစပ်၍ တစ်ညသိပ်နှပ်ထားပြီးမှ နောက်နေ့တွင် စပါးခင်းအတွင်း ညီညာစွာ ကြဲပက်ပေးသင့်ပါသည်။ ထို့အပြင် စိုက်ခင်းအတွင်း ဖျက်ပိုးနှင့် ရောဂါများ ကျရောက်မှု ရှိ/မရှိ အစဉ်တစိုက် ကွင်းဆင်းစစ်ဆေးပြီး ကြိုတင်ကာကွယ် နှိမ်နင်းရန် လိုပါသည်။ https://greenwaymyanmar.com/posts/agri_knowledge_august_2026
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ #ကြက် #ကြက်နာ #အစိမ်းရောင်လမ်း #green_way
တိုင်ဖွန်းမုန်တိုင်း DOLPHIN သည် တရုတ်ပြည်တွင်းသို့ ဝင်ရောက်သွားသော်လည်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စနစ်အသစ်တစ်ခုကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်စေပြီး၊ အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းစေပါသည်။ ထို့ကြောင့် ဩဂုတ်လ (၉) ရက်မှ (၁၁) ရက်အတွင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ) ၌ ရေကြီး/ရေလျှံမှုနှင့် လှိုင်းကြီးမှု အန္တရာယ်ကိုလည်းကောင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ၌ လျှပ်တစ်ပြက် မိုးကြီးခြင်းနှင့် မိုးကြိုး/လေပြင်း အန္တရာယ် ကိုလည်းကောင်း ဆက်လက်သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_aug_4_2026
Channel photo updated
Green Way pinned a photo
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ် ဒေသနဲ့အကိုက်ညီဆုံး အကြံပြုချက်တွေ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း ရယူဖို့အတွက် … စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံစမ်းကြမယ်။ ဒေသအလိုက်၊ သီးနှံအလိုက် အကိုက်ညီဆုံး အကြံပြုချက်တွေ၊ နည်းပညာတွေ၊ ဝန်ဆောင်မှုတွေ အကောင်းဆုံးပေးအပ်နိုင်ဖို့ အစိမ်းရောင်လမ်း အဖွဲ့သားတွေ ကြိုးစားနေကြပြီဖြစ်တဲ့အတွက် ဒီအဆင့်မြှင့်တင်မှုတွေအပြီးမှာတော့ တောင်သူများအနေနဲ့ ... ✅ ဒေသနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ်များ ရရှိနိုင်မယ်။ ✅ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အကြံပြုချက်များ ကို အချိန်မီ သိရှိနိုင်မယ်။ ✅ စိုက်ပျိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ကို ပိုမိုမှန်ကန်စွာ ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလိုအသိပေးချက်တွေကို သင့်တော်တဲ့အချိန်မှာ ဒေသနဲ့ ကိုက်ညီစွာ ပေးပို့နိုင်ဖို့အတွက် Green Way က မြို့နယ်အသီးသီးမှာ စိုက်ပျိုးလေ့ရှိတဲ့ သီးနှံတွေရဲ့ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန် အချက်အလက်တွေကို စတင်ကောက်ယူနေပါတယ်။ 📝 မိတ်ဆွေတောင်သူများအနေနဲ့လည်း မိမိတို့ရဲ့ စိုက်ပျိုးရာဒေသ၊ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန် အချက်အလက်တွေကို အောက်ပါ Link ကနေ တစ်ဆင့် (၁) မိနစ်ခန့်သာ အချိန်ပေးပြီး ဖြေဆိုပေးဖို့ ဖိတ်ခေါ်လိုပါတယ်။ 💚 မိတ်ဆွေတို့ရဲ့ အချက်အလက်တွေဟာ Green Way App က ပေးပို့မယ့် သီးနှံကာကွယ်ရေးနဲ့ စိုက်ပျိုးရေးအသိပေးချက်တွေကို ပိုမိုတိကျမှန်ကန်စေဖို့ အရေးပါတဲ့ ဒေတာအနေနဲ့ ပါဝင်လာမှာဖြစ်သလို 🎁 ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုပေးတဲ့ မိတ်ဆွေတောင်သူများထဲမှ ပြည့်ပြည့်စုံစုံနဲ့ သေချာဖြေဆိုပေးထားတဲ့ မိတ်ဆွေ ၃၃ ဦးကို ဖုန်းဘေလ် မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်သွားမှာပဲ ဖြစ်တာမို့လို့ 📲 (၁) မိနစ်သာ အချိန်ပေးပြီး ပါဝင်ဖြေဆိုဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်ရှင် စစ်တမ်းဖြေဆိုရန် နှိပ်ပါ 👉 https://ee.kobotoolbox.org/x/d0gxJf8P
သဘာဝဘေးသင့်ဒေသမှာ မွေးမြူရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အခြားဒေသက မွေးမြူရေးတိရစ္ဆာန်တွေ သယ်ယူလာပြီး ထောက်ပံ့တာမျိုး ဆောင်ရွက်လေ့ ရှိပါတယ်။ ဥပမာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်အစရှိတဲ့ ဒေသတွေက ကျွဲ၊ နွားတွေ ပို့ဆောင်ပေးခဲ့တာမျိုးပါ။ ဒီလို ဆောင်ရွက်ရတဲ့အခါ မွေးမြူရေးတိရစ္ဆာန်တွေနဲ့အတူ အခြားဒေသက ရောဂါပိုးတွေပါ အတူ ပါလာနိုင်တာကို သတိပြုရမှာပါ။ သဘာဝဘေးသင့်ဒေသကို ပံ့ပိုးကူညီဖို့ မွေးမြူရေးတိရစ္ဆာန်တွေ ပေးပို့လိုက်ခါမှ ကူညီရာမရောက်ဘဲ ရောဂါပိုးဖြန့်ဖြူးလိုက်သလိုမျိုး မဖြစ်စေသင့်ပါဘူး။ ဒါကြောင့် သဘာဝဘေးသင့်ဒေသကို ပေးပို့ထောက်ပံ့မယ့် တိရစ္ဆာန်တွေကို လုံလောက်တဲ့ကာကွယ်ဆေးထိုးနှံမှု၊ သီးခြားခွဲခြားစောင့်ကြည့်မှု၊ ရောဂါပိုးရှာဖွေစမ်းသပ်ဆောင်ရွက်မှုတွေဆောင်ရွက်ပြီးမှသာပေးပို့သင့်ပါတယ်။ https://greenwaymyanmar.com/posts/livestock_recovering_in_disastered_regions
ယခုဘဏ္ဍာနှစ် ပထမသုံးလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့သည့် ကုမ္ပဏီပေါင်း ၄၀ ကျော်သာ ရှိကြောင်း သိရပြီး မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူမှု အများဆုံးဖြစ်ကာ ဆန်ကွဲကိုမူ တရုတ်နိုင်ငံက ဝယ်ယူမှု အများဆုံးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် တန်ချိန် ၂,၇၄၀,၇၃၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့ကြောင်း သိရပြီး တင်ပို့ခဲ့သည့် ကုမ္ပဏီပေါင်း ၅၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ https://greenwaymyanmar.com/posts/rice_export_news_july_31_2026
"နွားငယ်လေးတွေ ပိုဖြစ်ပါတယ်။ ကျွန်တော့်ခြံမှာဆိုရင် နွားနှစ်ကောင် သေသွားပါပြီ။ တာဝန်ကျ တိရစ္ဆာန်ကုဆရာဝန်တွေကို ဘယ်မှာခေါ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အခုဖြစ်နေတာ ကူးစက်ရောဂါပါ။ မိမိအစီအစဉ်နဲ့ မိမိ ဆေးထိုးနေရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ စီမံချက်နဲ့ ကုသပေးစေလိုပါတယ်" ဟု မြစ်ကြီးနားရှိ နွားမွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ နွားများတွင် လက်ရှိဖြစ်ပွားနေသည့် ရောဂါလက္ခဏာမှာ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အစက်အပြောက်များ၊ အဖုအကြိတ်များကို တွေ့ရှိရပြီး အရေပြား ပေါက်ပြဲမှုကြောင့် ဖြစ်ပေါ်လာသည့် အနာနှင့် အနာဖေးများကို တွေ့ရကြောင်း သိရသည်။ https://greenwaymyanmar.com/posts/cattle_news_kachin
ဇူလိုင် ၂၇ ရက်နေ့ထွက် မော်ဒယ်မြေပုံများအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရှိ Deep Depression ("L" ဗဟိုချက်) ကြောင့် မုတ္တမကွေ့နှင့် ကပ္ပလီပင်လယ်ပြင်မှ စိုစွတ်သော မုတ်သုံလေများ ပဲခူးတိုင်းအတွင်းသို့ အရှိန်အဟုန်ပြင်းစွာ ဆွဲသွင်းခံနေရပါသည်။ မိုးအလွန်များမည့်ဇုန် (တောင်ပိုင်း): ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများသည် ပင်လယ်မှ တက်လာသည့် မုတ်သုံမိုးတိမ်တိုက်ကြီးများ အဆက်မပြတ် ဖြတ်သန်းရာ လမ်းကြောင်းတွင် ကျရောက်နေသဖြင့် လာမည့် ၇၂ နာရီအလွန်တွင် မိုးအလွန်သည်းထန်လာမည်။ ၁၆၈ နာရီ (၇ ရက်) အတွင်း စုစုပေါင်းမိုးရေချိန် ၂၆၀ mm ထက်မနည်း ကျရောက်နိုင်သည့် လိမ္မော်ရောင်/ပန်းရောင်ပြ ဇုန် ဖြစ်သည်။ မိုးများမည့်ဇုန် (အရှေ့ပိုင်း - စစ်တောင်းမြစ်ဝှမ်း): စစ်တောင်းမြစ်ဝှမ်းနှင့် ပဲခူးရိုးမ အရှေ့ဘက်စောင်းဒေသများသည် မုတ္တမကွေ့မှ စိုစွတ်လေများနှင့် ကရင်တောင်တန်းများကြား လေထုပိတ်ဆို့မှု (Orographic Effect) ကြောင့် နေ့ရောညပါ မိုးစွဲရွာသွန်းပြီး ၇ ရက်အတွင်း ၂၂၀ mm အထိ စုဆောင်းမိုး ရရှိမည်ဖြစ်သည်။ မိုးအသင့်အတင့်ဇုန် (အနောက်ပိုင်း - ဧရာဝတီမြစ်ဝှမ်း): ပဲခူးရိုးမအနောက်ဘက် ပြည်၊ သာယာဝတီ ခရိုင်များသည် ရိုးမတောင်တန်း အတားအဆီးကြောင့် အရှေ့/တောင်ပိုင်းထက် မိုးရွာသွန်းမှု အနည်းငယ် လျော့နည်းသော်လည်း မုန်တိုင်းငယ်၏ အဖျားစွန်းမှတိမ်တိုက်များကြောင့် ၇ ရက်အတွင်း ၁၇၀ mm အထိ မိုးအသင့်အတင့်မှ မိုးအသင့်အတင့်အထက်ပိုမိုရွာသွန်းလာနိုင်မည်ဖြစ်သည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_28_2025
ပြည်တွင်း စားဆီအကျပ်အတည်း အနည်းငယ် ပြေလျော့လာမှုနှင့်အတူ ပဲပုပ်မှာ ရန်ကုန်ဈေးကွက်တွင် ဈေးငြိမ်နေသည်။ ရန်ကုန်တွင် ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုး တစ်ပိဿာလျှင် ကျပ် ၇,၈၃၀ - ၈,၀၀၀၊ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုး တစ်ပိဿာလျှင် ကျပ် ၇,၆၆၅ - ၇,၈၃၅ ဈေးဖွင့်သည်။ မန္တလေးဈေးကွက် ပဲပုပ်မှာ ပြည်တွင်းဝယ်လိုအား မျှော်လင့်ချက်ဖြင့် ပဲပုပ်အမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ https://greenwaymyanmar.com/posts/crop_market_information_july_twentyseven_2026
မိုးကြီးနိုင်သည့် ဒေသများ - ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း တိုက်ရိုက်သက်ရောက်မည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တို့တွင် ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်နေ့အထိ မိုးအလွန်ကြီးနိုင်ပါသည်။ မုတ်သုံလေ တိုက်ရိုက်တိုက်ခတ်မည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် နှင့် တနင်္သာရီတိုင်း/ပြည်နယ် တို့တွင်လည်း မိုးဆက်တိုက် ရွာသွန်းပြီး နေရာကွက်မိုးကြီးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ - မကွေး၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာနိုင်ပြီး မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ရှိနိုင်ပါသည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_24_2026
ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွ ဈေးနှုန်းများသည် ယခုဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်းတွင် ဈေးတက်လာခြင်းဖြစ်ကြောင်းနှင့် မုန်ညင်းမှာမူ ယခုရက်ပိုင်းအတွင်း ဈေးထပ်မံကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။ ဘိုစားပဲနှင့် ငရုတ်ပွသီးနှံတို့သည်လည်း ဈေးနှုန်းအနည်းငယ် ပြန်လည်တက်လာသည့် အခြေအနေရှိသော်လည်း ဈေးကောင်းရရှိမှု နည်းပါးနေသေးကြောင်း သိရသည်။ "မုန်ညင်းက အခြေအနေဆိုးတယ်။ ဈေးအတော်ကျနေတယ်။ ဒိုင်ပြန်ရောင်းဈေးမှ အများဆုံး ၈၀၀ ဆိုတော့ တောင်သူက ၂၀၀၊ ၃၀၀ အပြင် ပိုမရနိုင်ဘူး။ သယ်ယူစရိတ်နဲ့ အလုပ်သမားခနဲ့ဆိုရင် မကိုက်ဘူး။ ရွှေပဲလည်း အခုရက်အဝင်ပြန်များတယ်ဆိုပေမဲ့ ဈေးတော့မကျသေးဘူး။ ရွှေပဲကတော့ အခု ၁၀,၀၀၀ ကျော်ထိ ရှိလာတယ်။ ကျန်တဲ့ ဘိုစားပဲနဲ့ ငရုတ်ပွကလည်း ဇူလိုင် ပထမပတ်နဲ့ ယှဉ်ရင် တက်လာတဲ့သဘောရှိပေမဲ့ ဈေးက အများဆုံးမှ ၃,၀၀၀ ဆိုတော့ ဈေးရနည်းနေသေးတယ်" ဟု ရှမ်းတောင်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။ https://greenwaymyanmar.com/posts/vegetable_market_information_jul_24_2026
"ရေကြီး၊ မိုးခေါင်...ငမြောင်တောင်"လို့ တောင်သူကြီးများ မှတ်သားထားကြသလို ဇွန်၊ ဇူလိုင်မှာ ရေကြီးခြင်းနဲ့ July drought ကဲ့သို့ မိုးခေါင်သော အခြေအနေမျိုးမှာ စပါးငမြောင်တောင် outbreak ဖြစ်တတ်ပါတယ်။ အုံ့မှိုင်းစွတ်စိုနေသောအခြေအနေ ပေါင်းမြက်ပေါများသော လယ်ကွင်း နိုက်ထရိုဂျင် (ယူရီးယား) အလွန်များသောစပါးခင်း၊ မိုးရွာပြီးနောက် စိုထိုင်းဆမြင့်သောအခြေပနေမျိုးတွင် ငမြောင်တောင်ကျရောက်တတ်ပါတယ်။ တွေ့ရှိရသောလက္ခဏာ စပါးရွက်များ ကိုက်စားထားသည့် အပေါက်များ၊ အရွက်ဖျားများ ပြတ်တောက်နေခြင်းများ၊ နံနက်စောစောတွင် လောက်ကောင်များကို အပင်အောက်ခြေတွင် တွေ့ရတတ်ခြင်း။ နေ့ခင်းတွင် မြေကြီးပတ်ကြားအက်များ၊ ရိုးတံအောက်တွင် ပုန်းနေတတ်ခြင်းတို့ကိုတွေ့ရပါတယ်။ https://greenwaymyanmar.com/posts/paddy_armyworm_control_method
ရခိုင်ပြည်နယ် ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မုတ်သုံလေတိုက်ရိုက်ဝင်ရောက်မှု အားအကောင်းဆုံးဇုန် (မြေပုံပေါ်ရှိ နီညိုရောင်/လိမ္မော်ရောင်သန်းသည့် မိုးရေချိန်မြင့်မားသော ရပ်ဝန်းကြီး) တွင် ကျရောက်နေပါသည်။ ပင်လယ်ပြင်မှ ရေငွေ့သိပ်သည်းသော တိမ်တိုက်များ အဆက်မပြတ် တိုးဝင်နေမည်ဖြစ်ရာ နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းပြီး ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်းကျရောက်ခြင်း၊ ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း - လေဖိအားနည်းရပ်ဝန်း တန်းနေခြင်းနှင့် မုတ်သုံလေဆက်တိုက်ဝင်ရောက်နေမှုတို့ကြောင့် မိုးဆက်လက် ကောင်းမွန်နေပါမည်။ မြန်မာနိုင်ငံအလယ်ပိုင်း (မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း) နှင့် ရှမ်းပြည်နယ်တို့တွင် - မုတ်သုံလေ အရှိန်ပြင်းသော်လည်း ရခိုင်ရိုးမတောင်တန်းက ရေငွေ့များကို ပိတ်ဆို့ထားခြင်းကြောင့် တိုင်းဒေသကြီးများ၏ အရှေ့ဘက်ခြမ်းနှင့် လွင်ပြင်များတွင် မိုးတိမ်ထုသိပ်သည်းမှု နည်းပါးကာ မိုးကျဲကျဲ သို့မဟုတ် နေရာကွက်ကျားသာ ရွာသွန်းနိုင်ပါသည်။ သတိပြုရန် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လာနိုင်မည့် အားကောင်းသောအပူပိုင်းမုန်တိုင်း၏ သွယ်ဝိုက်သောအရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇူလိုင် ၂၅ မှ ၂၇ ရက်အတွင်း မုတ်သုံမိုး ဆက်တိုက်သည်းထန်စွာ ရွာသွန်းနိုင်ပြီး မြို့ပြရေကြီးမှုနှင့် လျှပ်တစ်ပြက်ရေကြီးနိုင်မှု ဘေးအန္တရာယ်များကို အထူးသတိပြုရပါမည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_july_20_2026
လက်ရှိ မကွေးတိုင်းဒေသကြီးတွင် ကြက်သွန်လက်ကျန် အနည်းဆုံးဖြစ်လာသကဲ့သို့ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း လက်ကျန်လျော့နည်းသည်။ ထို့ကြောင့် ရန်ကုန်သို့ ကြက်သွန်ကားအဝင် လျော့နည်းပြီး ဈေးကွက်အတွင်း ကြက်သွန်ဈေး မြင့်တက်လာခြင်းဖြစ်သည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၅၇၅ / ၇၉၅ မှ ဒေါ်လာ ၆၆၀ / ၈၈၀ သို့ ဈေးပြောင်းလဲသွားသည်။ ပြည်တွင်းကြက်သွန်ဈေးနှုန်းမှာ ဆိတ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၄,၈၀၀ မှ ၅,၀၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၄,၉ ၅၀ မှ ၅,၂၀၀ သို့ ဈေးပြောင်းလဲသွားသည်။ https://greenwaymyanmar.com/posts/crop_market_information_july_19_2026