tgindex

Honest Hour (Mental Health Well-being)

описание

Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability. We will keep updating the activities and workshops of Honest Hour for you all.

3 357
подписчиков
Охват к подписчикам
6,8%
ERR
Реакции к просмотрам
0,52%
85 на 48 постов
Пересылки к просмотрам
0,54%
88
Постов в день
0,6
всего 85

Где отзываются чаще

доля реакций к просмотрам
  • 24 маябез подписи2,15%
  • 14 авг.စိုးရိမ်စိတ်တွေရဲ့ အကျဉ်းထောင်ကနေ အတူတူ လွတ်မြောက်ကြစို့… ညဘက်ဆို အတွေးလွန်ပြီး အိပ်မပျော်ဘဲ မနက်ဖြန်အတွက် ကြိုပြီး စိတ်ပူနေမိပါသလား...? အကြောင်းရင်းမရှိဘဲ ရင်တုန်ပြီး စိုးရိမ်စိတ်တွေ တက်လာတတ်လို့ နေ့စဉ်ဘဝမှာ ပင်ပန်းနေရပါသလား?"😔 ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ သိသိသာသာရော၊ မသိမသာပါ အရိပ်လို လွှမ်းမိုးချုပ်ကိုင်ထားတတ်တဲ့ "စိုးရိမ်စိတ် (Anxiety)" ဆိုတာကို... တကယ်တော့ တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ဖို့ အလွန်ပင်ပန်းလှပါတယ်။ ဒီလို Anxiety သံသရာထဲကနေ စနစ်တကျ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ Honest Hour ရဲ့ Psychiatrist တစ်ဦးဖြစ်တဲ့ ဒေါက်တာခိုင်မြင့်သူမှ စိုးရိမ်စိတ်မှ လွတ်မြောက်ရာ လမ်းညွှန်စာအုပ်မှ နည်းလမ်းတွေနဲ့ “စိုးရိမ်စိတ် အကျဥ်းထောင်မှ လွတ်မြောက်ခြင်း” ဆိုတဲ့ Free Webinar လေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 💡 Webinar မှာ အတူတူ လေ့လာဆွေးနွေးသွားမယ့် အကြောင်းအရာများ 1️⃣စိုးရိမ်စိတ် (Anxiety) အကြောင်း နားလည်ခြင်း- နေ့စဉ်ဘဝမှာ စိုးရိမ်စိတ်က ဘယ်လိုပုံစံနဲ့ လွှမ်းမိုးနေသလဲဆိုတာကို Honest Hour ရဲ့ Safe Space ထဲမှာ အတူတူ ဆန်းစစ်ခြင်း။ 2️⃣စိုးရိမ်စိတ်မှ လွတ်မြောက်ရာ လမ်းညွှန်မှ နည်းလမ်းများကို မျှဝေခြင်း - စာအုပ်ထဲမှာပါတဲ့ အတွေးလွန်ခြင်း၊ စိုးရိမ်စိတ်တွေကို ချက်ချင်းဖြေလျှော့ပေးမယ့် Practice တွေကို မျှဝေဆွေးနွေးပေးခြင်း။ 3️⃣လက်တွေ့ လေ့ကျင့်ခန်း (Mini Breathing Session)- စိုးရိမ်စိတ်တက်လာတဲ့အခါ စိတ်နဲ့ခန္ဓာကို ချက်ချင်းတည်ငြိမ်သွားစေမယ့် (၅) မိနစ် (၁၀) မိနစ် Breathing Practice လေးကို အတူတူ လက်တွေ့လုပ်ဆောင်ခြင်း။ 4️⃣Q and A Session: စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ခြင်း။ 👩‍🏫 Speaker မိတ်ဆက်: Dr. Khaing Myint Thu (P02): Honest Hour ရဲ့ Psychiatrist တစ်ဦးဖြစ်ပြီး "Freedom from Anxiety" စာအုပ်ကို ပူးပေါင်းထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။ 📅 Webinar Details: Topic: စိုးရိမ်စိတ် အကျဥ်းထောင်မှ လွတ်မြောက်ခြင်း Speaker: Dr. Khaing Myint Thu (P02) Date: 15 August 2026 (Saturday) Time: 7:30 PM – 8:30 PM (MMT) Duration: 1 Hour Platform: Zoom (online) စိုးရိမ်စိတ်တွေရဲ့ နောက်ကွယ်က ငြိမ်းချမ်းရာ လမ်းစကို အတူတူ ရှာဖွေကြည့်ရအောင်နော်... 📌 တက်ရောက်ရန် စာရင်းပေးသွင်းလိုပါက ဒီ post ရဲ့ comment မှာ “Join” လို့ မန့်ထားခဲ့လို့ရပါတယ်။ #HonestHour #FreedomFromAnxiety #AnxietyManagement #FreeWebinar #DrKhaingMyint Thu #MentalWellness #SafeSpace #CounsellingMM #SelfCare1,96%
  • 21 июл.без подписи1,92%
  • 10 авг.မနက်မိုးလင်းတာနဲ့ သင့်ရဲ့မနက်ခင်းကို အလျင်စလို စတင်နေမိပါသလား...? နေ့စဉ်ဘဝရဲ့ ဆူညံပြေးလွှားမှုတွေကြားမှာ ကိုယ့်စိတ်ကလေးကို အေးချမ်းစွာ အနားပေးပြီး၊ စွမ်းအင်အပြည့်နဲ့ သက်ဝင်လန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေဖို့ Honest Hour ရဲ့ "Mindful Morning 45-Day Challenge" လေး ရောက်ရှိလို့လာပါပြီရှင်။ ✨ တစ်နေ့တာရဲ့ ပထမဆုံး မိနစ် (၃၀) ကို ကိုယ့်အတွက် အကျိုးရှိရှိနဲ့ အေးချမ်းစွာ အသုံးချတာဟာ တစ်နေ့လုံးရဲ့ စိတ်အခြေအနေအပေါ် အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ ☀️ Challenge အသေးစိတ် Date: 17th August 2026 to 30th September 2026 Time: မနက်ခင်း 6:00 AM – 6:30 AM (နေ့စဉ် မိနစ် ၃၀) Duration: ၄၅ ရက်ဆက်တိုက် 🌿 ၄၅ ရက်အတွင်းမှာ ဘာတွေ ပြုလုပ်သွားမလဲ? 🧘‍♀️ Breathing & Meditation: စိတ်ကို တည်ငြိမ်ကြည်လင်စေမယ့် အသက်ရှူလေ့ကျင့်ခန်းနှင့် တရားထိုင်ပြီး သတိရှိတဲ့ မနက်ခင်း mindful morning လေးတွေကို နေ့စဥ်ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ 🎁 Special Reward for Challenge Achievers! (၄၅) ရက်လုံး မပျက်မကွက် တစိုက်မတ်မတ် ပါဝင်ပြီး Challenge ကို အောင်မြင်စွာ အဆုံးသတ်နိုင်သူများအတွက် Honest Hour ရဲ့ upcoming Retreat Program နဲ့ Classes တွေမှာ အသုံးပြုနိုင်မယ့် Cashback ၃၀၀,၀၀၀ ကျပ် (၃ သိန်း) ကို Lucky Draw (1) ယောက် မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်! 🏆✨ မိမိကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ပြီး အေးချမ်းတဲ့ မနက်ခင်းအလေ့အကျင့်ကောင်းတွေကို တည်ဆောက်ချင်တယ်ဆိုရင်တော့ - ဒီ challenge လေးမှာ ပါဝင်ဖို့အတွက် အောက်ပါ register link လေးမှာ စာရင်းပေးထားဖို့ မမေ့နဲ့အုံးနော်… Link: https://forms.gle/ULBRdgUyd5J3H5Yw6 Challenge လေးမှာပါဝင်ပြီး မနက်ခင်းတိုင်း zoom meeting join တဲ့အခါ register လုပ်ထားတဲ့ နာမည်လေးနဲ့ Joinပေးမှသာ ဆုအတွက်အကျုံးဝင်မှာမလို့ နာမည်လေးပြောင်းဖို့ မမေ့ပါနဲ့နော်… ‼️Lucky Draw မှာပါဝင်ဖို့အတွက် ဒီ post လေးရဲ့ comment မှာ challenge စတင်တာနဲ့ (eg. Day 1 done) ဆိုပြီး တစ်ရက်ပြီးတစ်ရက် ကိုယ်ပါဝင်ပြီးမြောက်ခဲ့ကြောင်း comment လေး ချန်ထားခဲ့ပေးပါရှင်။ မနက်ခင်းရဲ့ မိနစ် (၃၀) နဲ့အတူ ပိုမိုပေါ့ပါးလန်းဆန်းတဲ့ ဘဝသစ်တစ်ခုကို အတူတူ စတင်လိုက်ကြရအောင်နော်... 🥰🤍 #HonestHour #MindfulMorning #45DaysChallenge #MindBodyConnection #SelfCare #MorningRoutine #SlowLiving #MentalWellness1,86%
  • 2 июн.без подписи1,84%
  • 7 авг.အလေ့အကျင့်တစ်ခု သို့မဟုတ် အရာတစ်ခုခုကို မလုပ်ရရင် မနေနိုင်ဘဲ စိတ်ထဲမှာ မွန်းကြပ်တဲ့ခံစားချက်ကို ခံစားနေရလား? တကယ်တော့ စွဲလမ်းမှု (Addiction) ဆိုတာ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲက မဖြေရှင်းရသေးတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ မပြည့်ဝသေးတဲ့ လိုအပ်ချက်တွေကို အရာတစ်ခုခုနဲ့ အစားထိုးကုစားဖို့ ကြိုးစားရင်း မသိမသာ ငြိတွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီစွဲလမ်းမှုသံသရာရဲ့ အနက်ရှိုင်းဆုံး စိတ်ပညာဆိုင်ရာ အကြောင်းအရင်းတွေကို စနစ်တကျ နားလည်သဘောပေါက်ပြီး ကိုယ်တိုင်နဲ့ မိမိချစ်ခင်ရသူတွေကို ကူညီဖေးမနိုင်ဖို့အတွက် Honest Hour ကနေ "The Psychology of Addiction" Free Online Workshop လေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 💡 Workshop မှာ အတူတူ လေ့လာဆွေးနွေးသွားမယ့် အကြောင်းအရာများ 1️⃣ စွဲလမ်းမှု (Addiction) ရဲ့ စိတ်ပညာဆိုင်ရာ အခြေခံများ- ဦးနှောက်နဲ့ စိတ်ခံစားချက်တွေက စွဲလမ်းမှုကို ဘယ်လို တုံ့ပြန်ပုံဖော်သလဲဆိုတာကို လေ့လာခြင်း။ 2️⃣ မသိစိတ်ထဲက အကြောင်းအရင်းများ- စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နှင့် စိတ်ဒဏ်ရာများက စွဲလမ်းမှုကို ဘယ်လို တွန်းပို့ပေးနေသလဲဆိုတာကို ဆန်းစစ်ခြင်း။ 3️⃣ စွဲလမ်းမှု သံသရာမှ ရုန်းထွက်နိုင်မယ့် နည်းလမ်းများ- မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းမရှိဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထများဆီ ပြန်လည်ကူးပြောင်းနိုင်မယ့် လမ်းစများ။ 4️⃣ Q&A Session: စိတ်ကျန်းမာရေး ပညာရှင်နှင့် မေးမြန်းဆွေးနွေနိုင်ခြင်း။ 👨‍⚕️ Speaker : Dr. Nanda Kyaw Swar (P01) Honest Hour ရဲ့ Psychiatrist တစ်ဦးဖြစ်တဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ 📅 Workshop Details: Topic: The Psychology of Addiction Speaker: Dr. Nanda Kyaw Swar (P01) Date: 9 August 2026 (Sunday) Time: 7:30 PM – 8:30 PM (MMT) Duration: 1 Hour Platform: Zoom (online) Fees: FREE (အခမဲ့) ဝေဖန်ခြင်းမရှိတဲ့ လုံခြုံတဲ့ Safe Space လေးထဲမှာ စွဲလမ်းမှုတွေရဲ့ အမှန်တရားကို အတူတူ လေ့လာအဖြေရှာကြည့်ရအောင်နော်... 🤍 Zoom Session ဖြစ်တာကြောင့် တက်ရောက်နိုင်မယ့် Slot အရေအတွက် ကန့်သတ်ထားပါသဖြင့် တက်ရောက်လိုပါက comment မှာ “Join” လို့မန့်ခဲ့ပြီး စာရင်းသွင်းထားဖို့ မမေ့နဲ့အုံးနော်… #HonestHour #PsychologyOfAddiction #MentalHealthAwareness #FreeWorkshop #DrNandaKyawSwar #MentalWellness #SafeSpace #CounsellingMM1,59%
  • 22 июн.без подписи1,08%
  • 1 авг.ဒီနေ့ခေတ်မှာ လိုင်းပေါ်တတ်လိုက်တာနဲ့ ဘယ်သူကတော့ ဖောက်ပြန်သွားလို့၊ ဘယ်သူတွေကတော့ နှစ်အကြာကြီး တွဲပြီးမှ လမ်းခွဲသွားကြလို့ဆိုတဲ့ သတင်းတွေကို ခဏခဏ မြင်တွေ့နေရတယ်မလား? အပြင်လောကမှာရော၊ လူမှုကွန်ရက်ပေါ်မှာပါ အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ ဖောက်ပြန်မှု သတင်းတွေကို နေ့စဉ်မြင်နေရတဲ့အခါ... ကိုယ့်အမျိုးသား (သို့မဟုတ်) ကိုယ့်ချစ်သူက ဘာမှ မမှားထားရင်တောင် "သူရော တကယ်ပဲ စိတ်ချရရဲ့လား" ဆိုတဲ့ Infidelity Anxiety (ဖောက်ပြန်မှာကို ကြိုတင်စိုးရိမ်တဲ့စိတ်) ဟာ သိသိသာသာရော မသိမသာပါ ဝင်ရောက် နှောင့်ယှက်လာတတ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်၊ မိသားစုနဲ့ စီးပွားရေး ဖိစီးမှုတွေကြားထဲ ကိုယ့်ရဲ့ အလှအပ၊ ကိုယ်ပိုင် identity (ဖြစ်တည်မှု) တွေကို စွန့်လွှတ်ပြီး အိမ်ထောင်တစ်ခုလုံး၊ ဒါမှမဟုန် ကိုယ့်ချစ်သူအတွက်ပဲ ပေးဆပ်ထားရတဲ့ အမျိုးသမီးတွေမှာ ဒီလိုစိုးရိမ်စိတ်မျိုး ပိုပြီး အမြစ်တွယ်တတ်ပါတယ်။ "ငါ့ကိုရော ဆက်ချစ်ပါဦးမလား၊ ငါ့ထက်သာတဲ့သူနဲ့ တွေ့ရင် ထားခဲ့မလား" ဆိုတဲ့ အတွေးတွေက ညဘက်ဆို အိပ်မပျော်နိုင်အောင် ဒုက္ခပေးတတ်ပါတယ်။ တကယ်တော့... ❌ သူ့ဖုန်းကို ခိုးကြည့်တာ ❌ စောင့်ကြည့်ချုပ်ချယ်တာ ❌ စိတ်ထဲမှာပဲ မျိုသိပ်ထားတာတွေဟာ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ယုံကြည်မှုကိုပါ ပိုမိုပျက်စီးစေပါတယ်။ ဒီလို စိုးရိမ်သောက သံသရာထဲကနေ လွတ်မြောက်ဖို့ ဘာတွေက ကူညီပေးနိုင်မလဲ? ၁။ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုပါ (Honest Communication): အပြစ်တင်တဲ့ လေသံမျိုးနဲ့မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက မလုံခြုံမှုနဲ့ စိုးရိမ်စိတ်တွေကို ချစ်သူ/အမျိုးသားနဲ့ အေးအေးဆေးဆေး ဖွင့်ဟတိုင်ပင်ပါ။ ဘယ်လိုအရာတွေက ကိုယ့်ကို စိတ်အေးချမ်းစေလဲဆိုတာ အတူတူ ညှိနှိုင်းကြည့်ပါ။ ၂။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်ပါ (Reconnect with Yourself): တခြားသူကိုပဲ အချိန်ပြည့် လိုက်လံထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား... ကိုယ်ဝါသနာပါတဲ့အလုပ်၊ သင်တန်း၊ သို့မဟုတ် စိတ်ဝင်စားစရာ အသစ်တွေဆီမှာ အချိန်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။ ၃။ စိတ်ချရတဲ့ Safe Space ရှာဖွေပါ: ကောလာဟလတွေ၊ အတင်းအဖျင်းတွေနဲ့ စိုးရိမ်စိတ်ကို ပိုတောက်လောင်စေမယ့် နေရာမျိုးကို ရှောင်ကြဉ်ပြီး စိတ်အေးချမ်းမှုပေးနိုင်မယ့် မိတ်ဆွေကောင်းများ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပါ။ ဒီလို စိုးရိမ်စိတ်ဝင်နေတာဟာ သင့်ရဲ့ အပြစ်မဟုတ်သလို၊ သင့်ဆက်ဆံရေး ပျက်စီးတော့မယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအကြောက်တရားက သင့်ဘဝကို လွှမ်းမိုးချုပ်ကိုင်ခွင့်တော့ မပေးလိုက်ပါနဲ့နော်။ အကယ်၍ အိမ်ထောင်ရေး၊ ချစ်ရသူနဲ့ပတ်သက်ပြီး Trust Issue (ယုံကြည်မှုဆိုင်ရာ ပြဿနာ) တွေ၊ စိုးရိမ်စိတ်တွေကြောင့် မွန်းကြပ်နေပြီး အဖြေရှာရခက်နေတယ်ဆိုရင် အသင့်ရှိနေတဲ့ Honest Hour ရဲ့ Professional Counsellors များနဲ့ စနစ်တကျ ရင်ဖွင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင် 🤍🌱 Honest Hour မှာ counselling session တွေအတွက် appointment ရယူလိုပါ 09 792824522 ကိုဖြစ်စေ၊​ page chat box မှာဖြစ်စေ ဆက်သွယ်နိုင်သလို Honest Hour application မှာလည်း တိုက်ရိုက် appointment ရယူနိုင်ပါတယ်ရှင်။ Honest Hour Application comment မှာ ရယူနိုင်ပါတယ်။ #HonestHour #MentalHealthAwareness #RelationshipCounselling #TrustIssues #AnxietyRelief #SafeSpace1,04%
  • 3 маябез подписи1,00%
  • 10 июл.без подписи0,88%
  • 12 июн.без подписи0,87%
  • 21 апр.без подписи0,87%