L
Learning With KOM (Khit Oo May)
описание
🌞🌼💛Welcome to Learning With KOM's official Telegram Channel. We offer Ready-To-Use &-Learn for all HR & Admins.🌞🌼💛
1 392
подписчиков
Охват к подписчикам
7,5%
ERR
Реакции к просмотрам
0,60%
25 на 35 постов
Пересылки к просмотрам
0,00%
0
Постов в день
2,9
всего 35
Где отзываются чаще
доля реакций к просмотрам- 05:52🚨🚨Free Download🚨🚨 Ready-To-Learn HR: Strategic Planning Roadmap Groupကို Joinထားသူ Memberများအနေနဲ့ ဝန်ထမ်းနဲ့ ကုမ္ပဏီကြား ညှိနှိုင်းပြေလည်မှုစာချုပ်_ Settlement Agreement (2) ကို Groupထဲမှာရော Google Driveမှာပါ အခမဲ့ Download လုပ်လို့ရပါပြီ။ Group Link 👇 📌https://www.facebook.com/groups/hrstrategicplanningroadmap ခေတ်ဦးမေ3,28%
- 14 авг.Training Programတစ်ခုလုပ်ဖို့ ဘယ်ကဘယ်လိုစရမလဲ2,50%
- 11 авг.ကုမ္ပဏီမှာရှိတဲ့သူတွေအားလုံးတက်ရတဲ့ Town Hall Meeting (သို့) All-Hands Meeting1,89%
- 16 авг.2️⃣ အမှတ်စဉ် (၂)- Ready-To-Use HR Forms For Executive Level 🟢 Group Link - https://www.facebook.com/groups/hrformsforexecutivelevel/1,83%
- 11 авг.Town Hall Meeting ဆိုတာက ကုမ္ပဏီ (သို့) အဖွဲ့အစည်းတစ်ခုလုံးမှာရှိနေတဲ့ ဝန်ထမ်း အားလုံး ၊ Executive ကြီးတွေကစလို့ အောက်ခြေဝန်ထမ်းတွေအထိ တစ်စုတစ်ဝေးတည်း တက်ရောက်ရတဲ့ Meeting ကို Town Hall Meetingလို့ ခေါ်ပါတယ်။ Town Hall ဆိုတဲ့ အသုံးအနှုန်းက ဟိုးအရင်တုန်းက US မှာရှိတဲ့ မြို့နယ်တွေမှာ မြို့သူမြို့သားအားလုံး စုဝေးပြီး ဒေသန္တရအရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးကြတဲ့ “Town Hall” အလေ့အထကနေ ဆင်းသက် လာတာဖြစ်ပြီး၊ ခေတ်သစ်လုပ်ငန်းခွင်တွေမှာတော့ ကုမ္ပဏီရဲ့ မဟာဗျူဟာနဲ့ ဦးတည်ချက်တွေကို ချပြဖို့၊ လုပ်ငန်းတိုးတက်မှုအခြေအနေတွေကို အသိပေးဖို့၊ Department အသီးသီးရဲ့ အောင်မြင်မှု တွေကို ချီးကျူးဂုဏ်ပြုဖို့နဲ့ ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ သိချင်၊မေးချင်နေတဲ့ကိစ္စတွေကို ခေါင်းဆောင်ပိုင်းကလူတွေက တိုက်ရိုက်ဖြေပေးဖို့အတွက် ကျင်းပလေ့ရှိပါတယ်။ Town Hall Meeting ကို နောက်တစ်မျိုး All-Hands Meeting လို့လည်း ခေါ်ပါတယ်။ ဒီအသုံးအနှုန်းကကျတော့ “All-Hands” တစ်နည်းအားဖြင့် “All hands on deck” (သင်္ဘောပေါ်ရှိ လူတိုင်း လက်တွဲပြီး ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့)ဆိုတဲ့ ရေကြောင်းဆိုင်ရာအသုံးအနှုန်းက ဆင်းသက်လာတာ ဖြစ်ပြီး ကုမ္ပဏီ (သို့) အဖွဲ့အစည်းတစ်ခုထဲမှာရှိတဲ့ အဆင့်အတန်း၊ ရာထူးနေရာမခွဲခြားဘဲ အောက်ခြေ ဝန်ထမ်းကစလို့ အမှုဆောင်အရာရှိကြီးတွေ (Executives)တွေအထိ လက်တွဲလုပ်ကိုင်နေသူအားလုံး ပါဝင် တက်ရောက်ရမယ့် မီတင်ဖြစ်ကြောင်းကို တိုက်ရိုက်ရည်ညွှန်းတဲ့ စကားလုံးပါ။ ပြောရရင် Department အသီးသီး (HR, Finance, Marketing, Operations ) စသဖြင့် ကွဲပြားနေကြပေမယ့်လည်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်နဲ့ အဓိက သတင်းအချက်အလက်တွေကို အားလုံး လက်လှမ်းမီသိနိုင်ဖို့ (All hands informed) ရည်ရွယ်ပြီး Town Hall Meeting ကို နောက်တစ်မျိုး All-Hands Meetingလို့ ခေါ်တာဖြစ်ပါတယ်။ အရင်တုန်းကတော့ Town Hall Meeting လို့ပဲ အသုံးများ ခဲ့ပေမယ့် ခေတ်မီတဲ့ ဒီဘက်ခေတ်ရောက်လာတော့ All-Hands Meetingဆိုတဲ့ အသုံး အနှုန်းဟာ နည်းပညာကုမ္ပဏီတွေနဲ့ Corporate လုပ်ငန်းတွေကြားမှာ ရေပန်းစားခဲ့တဲ့ စကားလုံး အသုံးအနှုန်း ဖြစ်လာခဲ့ပါတယ်။ Town Hall Meeting ရော All-Hands Meetingပါ စကားလုံး အခေါ်အဝေါ်ပဲ ကွာခြားပေမယ့် လုပ်ဆောင်ချက်နဲ့ ရည်ရွယ်ချက်တွေကတော့ အတူတူပါပဲ။ Town Hall Meetingတစ်ခု အောင်အောင်မြင်မြင်နဲ့ ကောင်းကောင်းမွန်မွန် ပြီးသွားစေဖို့ အတွက် HR Team ရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးကြီးပါတယ်။ HRတွေအနေနဲ့ လုပ်ပေးရမယ့် လုပ်ငန်းစဉ်တွေအနေနဲ့က ၁) Pre-Meeting Preparation (Meeting မတိုင်ခင် ပြင်ဆင်ခြင်း) - ဒီ Meeting က ဘာကို အဓိက ဦးတည်မှာလဲ။ ဥပမာ- ဘဏ္ဍာရေးနှစ်ပိတ်သိမ်းတာ၊ မဟာဗျူဟာအသစ်ကြေငြာတာ၊ ဝန်ထမ်းတွေရဲ့ အထွေထွေမေးခွန်းတွေကို ဖြေတာ စတာတွေကို ခေါင်းဆောင်ပိုင်းက လူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး Agenda ရေးရပါတယ်။ ပြီးရင်တော့ အချိန်နဲ့နေရာစီစဉ်ဖို့အတွက် ရုံးတွင်းမှာရှိနေတဲ့ ခန်းမကျယ်ကြီး (သို့) Hybrid / Remote ကုမ္ပဏီတွေအတွက်ဆိုရင် Zoom၊ Microsoft Teams လိုမျိုး Online Platform တွေကို ကြိုတင်စီစဉ်ချိတ်ရပါတယ်။ ဒီအဆင့်ပြီးရင်တော့ ဝန်ထမ်းအားလုံး မပျက်မကွက်တက်ရောက်နိုင်ဖို့ Calendar Invitation တွေနဲ့ သတိပေးချက်တွေကို အချိန်မီပို့ပေးရပြီး ဝန်ထမ်းတွေအနေနဲ့ ခေါင်းဆောင် တွေကို တိုက်ရိုက်မေးမြန်းချင်တာရှိရင် Anonymous မေးခွန်းတင်နိုင်မယ့် Link (သို့) Form တွေကို ပြင်ဆင်ပေးရပါမယ်။ ၂) During the Meeting ( Meeting လုပ်နေစဉ်အတွင်း လုပ်ဆောင်ခြင်း) - ဒီအဆင့်မှာတော့ မီတင်လုပ်နေချိန်မှာ Microphones တွေ၊ Projector / Screens တွေ၊ Internet လိုင်းတွေနဲ့ Online Live Streaming တွေ ချို့ယွင်းတာမျိုးမရှိစေဖို့ IT Team နဲ့အတူ အနီးကပ်စောင့်ကြည့်ကွပ်ကဲရပါတယ်။ အစီအစဉ်အလိုက် အချိန်ဇယားအတိုင်း ချောချောမွေ့မွေ့နဲ့ ပြီးစေဖို့အတွက် MC (Host) အဖြစ် လုပ်ပေးတာ (သို့) Host ကို လိုအပ်တာတွေ ပံ့ပိုးပေးတာတွေ လုပ်ရပါတယ်။ မီတင်လုပ်နေချိန် ဝန်ထမ်းတွေက တိုက်ရိုက်မေးလာတဲ့မေးခွန်းတွေ (သို့) Chatbox ကတဆင့် ဝင်လာတဲ့မေးခွန်းတွေကို သင့်တော်သလို စစ်ထုတ်ပေးတာနဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေဆီ အရောက်ပို့ပေးတာတွေကို လုပ်ပေးရပါမယ်။1,65%
- 14 авг.Training Program လို့ ပြောလိုက်ရင် ဘယ်လိုကုမ္ပဏီ၊ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုအသင်းအဖွဲ့မဆို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည် (Capacity) မြင့်မားဖို့ အရမ်းအရေးကြီး ပါတယ်။ ဒီလိုအရည်အသွေးတွေ မြင့်မားလာစေဖို့အတွက် Training Program တွေ လုပ်တဲ့အခါ စနစ်တကျနဲ့ ရေးဆွဲအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Training Program တစ်ခုလုပ်တော့မယ်လို့ ချက်ချင်းဆုံးဖြတ်ပြီး ကောက်ခါငင်ခါ အခန်းထဲလူသွင်း၊ တစ်ခုခုကို တဒေါက်ဒေါက်နဲ့ ပြောဆိုနေရုံနဲ့ ထိရောက်တဲ့ရလဒ်ကို ဘယ်တော့မှ မရနိုင်ပါဘူး။ အောင်မြင်တဲ့ Training Program တစ်ခုဖြစ်လာဖို့ဆိုရင် အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖြတ်သန်းရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ Training Program တစ်ခုကို အစအဆုံး ဘယ်လိုစပြီး လုပ်ရမလဲဆိုတာကို အသေးစိတ်လေး ပြောပြပေးပါမယ်။ ကျွန်မတို့ Training တွေလုပ်တဲ့အခါ Training Program တစ်ခုရဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံးအဆင့်မှာ ဝန်ထမ်းတွေအနေနဲ့ရော လုပ်ငန်းအနေနဲ့ပါ အမှန်တကယ်ဘာတွေ လိုအပ် နေလဲဆိုတဲ့လိုအပ်ချက်ကို ဖော်ထုတ်ဖို့ပဲဖြစ်ပါတယ်။ လိုအပ်ချက်ကို မသိဘဲ ပေးတဲ့ Training က အချိန်ရော ငွေကြေးပါ အလဟဿဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်မတို့ Training တွေလုပ်တဲ့အခါ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင် (Goals & Objectives) နဲ့ လက်ရှိအခြေအနေက ဘယ်လောက် ကွာဟနေသလဲ၊ ကုမ္ပဏီရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ဘယ်လို စွမ်းရည်တွေ လိုအပ်နေလဲဆိုတာကို သုံးသပ်ရပါမယ်။ နောက်တစ်ချက်က သက်ဆိုင်ရာ ရာထူး (သို့) တာဝန်တစ်ခုကို ကောင်းကောင်းမွန်မွန်နဲ့ ထမ်းဆောင်နိုင်ဖို့ ဘယ်လို ကျွမ်းကျင်မှု (Skills)၊ ဗဟုသုတ (Knowledge) နဲ့ သဘောထား(Attitude) တွေလိုအပ်သလဲဆိုတာကို လေ့လာ ရပါမယ်။ ထပ်ပြီး Person Analysis လုပ်ဖို့ရာအတွက် ဘယ်လိုဝန်ထမ်းတွေ၊ ဘယ်လိုအဖွဲ့ဝင်တွေမှာ ဘယ်လို ကျွမ်းကျင်မှုတွေလိုအပ်နေလဲ၊ ဘယ်သူတွေကိုတော့ Trainingပေးဖို့လိုအပ်နေလဲဆိုတာကို သီးသန့် ခွဲခြားပြီး သတ်မှတ်ပေးရပါမယ်။ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီးရင်တော့ Trainingပြီးသွားတဲ့အခါ ဝန်ထမ်းတွေအနေနဲ့ ဘာတွေတတ်မြောက်သွားရမလဲဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်တွေ (Learning Objectives) တွေကို ချမှတ်ရပါမယ်။ ချမှတ်လိုက်တဲ့ ရည်မှန်းချက်တွေကလည်း SMART ဖြစ်ရပါမယ်။ SMART ဆိုတာက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ S - Specific (တိကျသေချာရမယ်) M – Measurable (တိုင်းတာနိုင်ရမယ်) A – Achievable (လက်တွေ့လုပ်ဆောင်နိုင်ရမယ်) R – Relevant (အလုပ်အကိုင် (သို့) ရည်မှန်းချက်နဲ့ သက်ဆိုင်မှုရှိရမယ်) T – Time-bound (အချိန်ကာလသတ်မှတ်ချက်ရှိရမယ်) ဆိုတာမျိုးဖြစ်ရမယ်။ ဥပမာ- Trainingပြီးသွားရင် Sales ဝန်ထမ်းတွေဟာ Customer တွေရဲ့ ကန့်ကွက်ပြောဆိုမှုတွေကို ၈၀%အထိ ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်ရမယ်ဆိုတာမျိုး တိကျရပါမယ်။ ဒါတွေပြီးရင်တော့ ရည်မှန်းချက်တွေရဖို့အတွက် လိုအပ်တဲ့ သင်ခန်းစာတွေနဲ့ သင်ကြားမယ့် ပုံစံတွေကို စီစဉ်ရပါမယ်။ ကိုယ်Trainingပေးမယ့်အကြောင်းအရာနဲ့ပတ်သတ်ပြီး Theory တွေနဲ့ Practical ကို ဟန်ချက်ညီညီထည့်ရပါမယ်။ အရွယယ်ရောက်ပြီးသူတွေ သင်ယူမှုသဘောတရား (Adult Learning Principles) ကို အခြေခံပြီး လက်တွေ့လုပ်ငန်းခွင်မှာ ချက်ချင်းအသုံးချနိုင်မယ့် အကြောင်းအရာတွေကို ဦးစားပေးရပါမယ်။ အဲ့ဒီနောက်မှာ Training Methods ကို ရွေးရပြီး Discussions ပုံစံတွေ၊ Role-playing / Hands-on exercises တွေ၊ Case Studies တွေနဲ့ Group Activities တွေကို သူ့နေရာနဲ့သူ ထည့်ရပါမယ်။ Training Materials တွေဖြစ်တဲ့ Presentation Slides, Handouts, Workbookတွေနဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ပြည့်စုံစွာနဲ့ ပြင်ဆင်ထားရပါမယ်။ ဒါကတော့ Trainingအတွက်လိုအပ်မယ့် Curriculum နဲ့ Content ပိုင်းအတွက်ပြင်ဆင်မှုပါ။1,54%
- 13 авг.1️⃣ အမှတ်စဉ် (၁)- Ready-To-Use HR Forms For Entry Level 🟢 Group Link - https://www.facebook.com/groups/hrformsforentrylevel1,32%
- 7 авг.без подписи1,30%
- 14 авг.ဆက်ပြီးတော့ Logistics & Preparation ပိုင်းဖြစ်တဲ့ Trainingအတွက် Trainingမစခင် လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာအတွက် အသေးစိတ်စီစဉ်မှုတွေဖြစ်တဲ့ Training Program ပေါ် မူတည်ပြီး ကျွမ်းကျင်မှုရှိတဲ့ ၊ သင်ကြားရေးစွမ်းရည်ရှိတဲ့ Trainer Selection ရွေးတာ၊ ဖိတ်ခေါ် တာနဲ့ Trainingတက်မယ့် သင်တန်းသားဦးရေနဲ့ လိုက်ဖက်တဲ့အခန်းတွေ၊ Projector, Sound System, Internet Connectionနဲ့ စာရေးကိရိယာတွေကို အဆင်သင့်ပြင်ဆင်ထားတာ၊ သင်တန်းကာလ၊ အချိန် ဇယားတွေကို ကြိုတင်ရေးဆွဲပြီး သင်တန်းသားတွေကို အကြောင်းကြားတာနဲ့ တက်ရောက်မယ့်သူ စာရင်းကောက်ယူတာတွေကို လုပ်ရပါမယ်။ ဒီအဆင့်ပြီးသွားရင်တော့ သတ်မှတ်ထားတဲ့ အချိန်ဇယားနဲ့အညီ Trainingကို စတင်ပို့ချရမှာဖြစ်ပြီး Trainingစတဲ့အချိန်မှာ ဝန်ထမ်းတွေ/သင်တန်းသားတွေ စိတ်အေးအေးချမ်းချမ်းနဲ့ပါဝင်နိုင်ဖို့ အချင်းချင်း ရင်းနှီးလာစေဖို့ ပျော်စရာလှုပ်ရှားမှုတွေ လုပ်ပေးရပါမယ်။ Trainerက တဖက်သတ်ပြောနေမယ့်အစား Lecture ရိုက်နေတဲ့ပုံစံ သက်သက် မဟုတ်ဘဲ မေးခွန်းမေးတာ၊ အပြန်အလှန်ဆွေးနွေးခိုင်းတာနဲ့ လက်တွေ့ လုပ်ခွင့်ပေးတာတွေ လုပ်ခြင်းအားဖြင့် သင်တန်းသားတွေရဲ့ အာရုံစိုက်မှုကို ထိန်းသိမ်းထားရပါမယ်။ အရေးကြီးတာက ချထားတဲ့ အချိန်ဇယားအတိုင်း အချိန်ကုန်ဆုံးမှုမရှိစေဖို့ စနစ်တကျနဲ့ Time management လုပ်ရ ပါမယ်။ နောက်ဆုံးအနေနဲ့ကတော့ Training Program တစ်ခု အောင်မြင်မှုရှိမရှိကို အကဲဖြတ်ဖို့ Kirkpatrick’s Four-Level Training Evaluation Model ကို အသုံးချရပါမယ်။ Kirkpatrick’s Four-Level Training Evaluation Modelအရ Trainingပြီးတဲ့အချိန်မှာ သင်တန်းသားတွေဟာ သင်တန်းအပေါ် ဘယ်လိုပုံစံနဲ့ သဘောကျနှစ်သက်ကြသလဲဆိုတဲ့ Feedback Forms တွေနဲ့ ကောက်ယူတာ၊ Trainingမတက်ခင်နဲ့ တက်ပြီးတဲ့နောက် ဗဟုသုတနဲ့ ကျွမ်းကျင်မှုက ဘယ်လောက်တိုးတက်လာ သလဲ ဆိုတာကို Pre-test & Post-test တွေနဲ့ စစ်ဆေးတာ၊ လုပ်ငန်းခွင်ကို ပြန်ရောက်တဲ့ အခါမှာလည်း Trainingကနေ သင်ခဲ့တာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ တကယ်တမ်း အသုံးချနေသလားဆိုတဲ့ Behavior ပြောင်းလဲမှုကို ကြည့်တာ၊ အဖွဲ့အစည်းရဲ့ အထွက်နှုန်း၊ အရည်အသွေး (သို့) လုပ်ငန်းစွမ်းဆောင်ရည်တွေ တကယ်တမ်းတိုးတက်လာတာရှိမရှိ ရေရှည် တိုင်းတာတာတွေကို လုပ်ရပါတယ်။ ဒီလိုအဆင့်ဆင့်နဲ့ စနစ်တကျလုပ်မှပဲ Training Program တခုက သပ်သပ်ရပ်ရပ်နဲ့ အောင်မြင်မှုရတာပါ။ Training Programတစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက် တာကလည်း စဉ်ဆက်မပြတ်လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်တာကြောင့် လိုအပ်ချက်ကို မှန်မှန်ကန်ကန် ရှာဖွေဖော်ထုတ်တာ၊ စနစ်တကျ ဒီဇိုင်းဆွဲတာနဲ့ လက်တွေ့အသုံးချနိုင်မှုကို အလေးထားတာတွေနဲ့ အကောင်းဆုံး Training Programတွေကို ဖန်တီးနိုင်မှာဖြစ်ပြီး အဲ့ဒီကတဆင့် အဖွဲ့အစည်း/ကုမ္ပဏီရဲ့ ရေရှည်အောင်မြင်မှုကို ခိုင်မာစွာနဲ့ အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။ အထက်ပါအဆင့်တွေကို သေသေချာချာ ဖြတ်သန်းနိုင်မှပဲ အဖွဲ့အစည်း အတွက် တကယ့်ကို တန်ဖိုးရှိပြီး ရေရှည်အောင်မြင်မှုကို အထောက်အကူပြုမယ့် Training Program တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ခေတ်ဦးမေ1,29%
- 11 авг.၃) Post-Meeting Follow-up (Meeting အပြီး လုပ်ဆောင်ခြင်း) - မီတင်မှာလုပ်ထားတဲ့ Video Recording ၊ Voice Recording တွေနဲ့ Presentation Slides တွေကို မီတင်တက်ခဲ့တဲ့ ဝန်ထမ်းတွေ အတွက်ဖြစ်ဖြစ်၊ ပြန်ပြီး ကြည့်လိုသူတွေအတွက်ဖြစ်ဖြစ် ကုမ္ပဏီရဲ့ Intranet (သို့) Email ကတဆင့် ပြန်ပြီး မျှပေးရပါမယ်။ Town Hall Meetingအပေါ် ဝန်ထမ်းတွေရဲ့ သဘောထားနဲ့ အားနည်းချက်/ အားသာချက်တွေကို Feedback Form (သို့) Surveyတွေကတဆင့် ကောက်ယူပြီးတော့ နောက်တစ်ကြိမ်မှာ ပိုကောင်းမွန်အောင်လို့ ပြုပြင်ရပါမယ်။ ပြီးရင်တော့ နောက်ဆုံးအနေနဲ့ မီတင် အတွင်းမှာ ခေါင်းဆောင်တွေက ကတိပြုခဲ့တဲ့ လုပ်ငန်းစဉ်တွေ (သို့) ဝန်ထမ်းတွေ တောင်းဆိုခဲ့တဲ့ အချက်တွေအပေါ် သက်ဆိုင်ရာDepartmentတွေနဲ့ ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက် မှုတွေကို စောင့်ကြည့်ရပါတယ်။ ဒါတွေကတော့ HRတွေအနေနဲ့ ပံ့ပိုးပေးရတဲ့ အပိုင်းပါ။ သေချာကြည့်ရင် Town Hall Meetingတစ်ခုက ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်ကိစ္စပြောရတဲ့ ပွဲတစ်ခုလိုမျိုး ငြီးငွေ့စရာပုံစံမျိုးမဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ စိတ်ပါဝင်စားမှု (Engagement) ကို မြင့်စေဖို့ ၊ တစ်နည်းအားဖြင့် ခေါင်းဆောင်တွေက တစ်ဖက်သတ်အချက်အလက်တွေ လာပြောပြတဲ့ ပွဲမျိုးမဟုတ်ဘဲ ကုမ္ပဏီတစ်ခုလုံးမှာရှိနေတဲ့သူတွေ အပြန်အလှန်နားလည်မှု တည် ဆောက်ရတဲ့ စကားဝိုင်းတစ်ခုအနေနဲ့ တည်ရှိပါတယ်။ ဒါကြောင့် Town Hall Meetingလုပ်တဲ့အခါ ကုမ္ပဏီရဲ့ အကောင်းဘက်ချည်းတင်မဟုတ်ဘဲ စိန်ခေါ်မှုတွေရော၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပါ ခေါင်းဆောင်တွေက ရိုးသားပွင့်လင်းစွာနဲ့ ချပြနိုင်ရပါမယ်။ ဒီအချက်က ဝန်ထမ်းတွေရဲ့ ယုံကြည်မှု ကို တည်ဆောက်ပေးနိုင်တယ်။ မီတင်တက်လာတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ အကြံပြုချက်တွေ၊ မေးခွန်းတွေကို လွတ်လွတ်လပ်လပ် မေးမြန်းနိုင်တဲ့ယဉ်ကျေးမှုရှိရတာဖြစ်လို့ ခေါင်းဆောင်တွေက လည်း ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို စိတ်ရှည်လက်ရှည်ဖြေပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မီတင်လုပ်နေတဲ့အချိန် သုံးတဲ့စက်ကိရိယာတွေ၊ နည်းပညာအကူအညီတွေကလည်း အသံထွက် ကောင်းမွန်တာ၊ ပုံရိပ်ကြည်လင်ပြတ်သားတာ၊ Online တက်တဲ့သူတွေကိုပါ နှောင့်နှေး ကြန့်ကြာမှု မရှိဘဲ ချိတ်ဆက်နိုင်တာတွေက Meeting ရဲ့ Quality ကို အများကြီး အထောက်အကူပြုပါတယ်။ Town Hall Meetingလုပ်တဲ့အခါ သတိထားရမှာ တစ်ချက်ရှိတယ်။ အဲ့ဒါက အချက်အလက် တွေအရမ်းများပြီး အချိန်ကြာတဲ့မီတင်မျိုးမဖြစ်ဖို့ပါ။ ဒီလိုမီတင်မျိုးက ဝန်ထမ်းတွေကို အချိန်ကြာ လာတာနဲ့အမျှ အာရုံနောက်စေတယ်။ ဝန်ထမ်းတွေရဲ့ အာရုံစိုက်နိုင်စွမ်းလည်းကျလာပြီး မီတင်ရဲ့ အဓိက ရည်ရွယ်ချက်က ပျောက်ပျောက် သွားတတ်ပါတယ်။ ဒါကြောင့် အချိန် (၁)နာရီကနေ (၁)နာရီခွဲအတွင်း တိတိကျကျ အဆုံးသတ်နိုင်ဖို့နဲ့ ကြားဖြတ်မှာ အောင်မြင်မှုတွေကို ဂုဏ်ပြုတာ၊ ပျော်စရာGameလေးတွေထည့်ပြီး စိတ်ဝင်စားစရာဖြစ်အောင် ဖန်တီးပေးသင့်ပါတယ်။ Department အသီးသီးရဲ့ ကိန်းဂဏန်းအသေးစိတ်တွေကို PowerPoint Slides တွေမှာ အပြည့် အစုံ ထည့်ပြီး တစ်ခုချင်းဖတ်ပြနေမယ့်အစား အဓိကကျတဲ့ ရလဒ်တွေ (Key Highlights) တွေကိုပဲ အတိုချုပ်တင်ပြစေပြီး အသေးစိတ်အချက်အလက်တွေကို Google Drive (သို့) Intranet မှာ တင်ပေးထားပြီး လိုအပ်သူတွေ ပြန်ဖတ်နိုင်အောင် လုပ်ပေးသင့်တယ်။ အချိန်(၁)နာရီခွဲ ကာလ အတွင်းမှာ မိတ်ဆက်ပိုင်း (သို့) အလယ်ပိုင်းလောက်မှာ Micro-break ပေးတာ၊ Quiz ဂိမ်းလေးတွေ (သို့) Quiz Pollလေးတွေ ထည့်ပေးတာက ဝန်ထမ်းတွေရဲ့ စိတ်ကို ပြန်လန်းဆန်းစေပြီး အာရုံ စိုက်မှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလိုအချိန်တိတိကျကျ သတ်မှတ်ထားတာကလည်း Agenda တစ်ခုချင်းစီအတွက် အချိန်ဘယ်လောက်ပေးမယ်ဆိုတာကို (ဥပဒေပြုသလို) တိတိကျကျ သတ်မှတ်ထားတဲ့အတွက် အချိန်စေ့တာနဲ့ နောက်တစ်ပိုင်းကို ကူးပြောင်းပေးမယ့် HRလိုမျိုး၊ Admin လိုမျိုး Timekeeper တစ်ယောက်ရှိတာက မီတင်ကို အလွန်အကျွံအချိန် ကြာမြင့်တာ တွေကလည်း ကာကွယ်ပေးနိုင်တယ်။ ဆိုတော့ Town Hall Meeting လုပ်တော့မယ်ဆိုရင်လည်း HR တွေက အများကြီး ဂရုစိုက်ရတာကြောင့် ကုမ္ပဏီဘက်က အလုပ်ရှင်အကျိုးအမြတ်နဲ့ မဟာဗျူဟာတွေကို မျှခြေညီ အောင် ထိန်းရပြီး တစ်ဖက်မှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှု၊ သုခချမ်းသာနဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် အမြဲတမ်းချိန်ခွင်လျှာညှိပေးရမယ်နော်။ ဒီလို အသေးစိတ်က အစ ဂရုစိုက်ပြီးလုပ်ပေးမှပဲ HRတွေက ကိုယ်တန်ဖိုးထားရလုပ်နေရတဲ့ အဖွဲ့အစည်း ရဲ့ အချစ်ခံလေး ဖြစ်မှာရယ်။ ခေတ်ဦးမေ1,19%
- 12 авг.🚨🚨Free Download🚨🚨 Ready-To-Learn HR: Strategic Planning Roadmap Groupကို Joinထားသူ Memberများအနေနဲ့ ဝန်ထမ်းနဲ့ ကုမ္ပဏီကြား ညှိနှိုင်းပြေလည်မှုစာချုပ်_ Settlement Agreement (1) ကို Groupထဲမှာရော Google Driveမှာပါ အခမဲ့ Download လုပ်လို့ရပါပြီ။ Group Link 👇 📌https://www.facebook.com/groups/hrstrategicplanningroadmap ခေတ်ဦးမေ1,17%
- 7 авг.မြင်ရတွေ့ရတဲ့ တချို့လုပ်ငန်းခွင်တွေမှာတော့ Employee of the month ဆိုတဲ့ Title နဲ့ ကျက်သရေရှိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဓာတ်ပုံဟာ သပ်ရပ်ခမ်းနာစွာနဲ့ ဂုဏ်ယူပြီး Public Recognition ရအောင်လုပ်ပေးကြပေမယ့် တချို့လုပ်ငန်းခွင်တွေမှာတော့ လက်လှမ်းမှီတဲ့ ထောင့် တစ်နေရာမှာ ဖြစ်သလို ထိုးထောင်ထားတာတွေ၊ ဓာတ်ပုံက မှေးမှိန်နေပြီး ဖုန်တက်နေတာတွေကို ကျွန်မကိုယ်တိုင် မြင်ခဲ့ရတာမျိုးရှိတဲ့အတွက် တကယ်ကို စိတ်မကောင်း စရာပါ။ အဲ့ဒီလိုမြင်ကွင်းမျိုး မြင်ရတဲ့အခါ “ဂုဏ်ပြုခြင်း”ဆိုတဲ့အဓိပ္ပာယ်ကို ဘယ်မှာသွားရှာရပါ့မလဲ ဆိုတဲ့ စိတ်မျိုးဖြစ်မိပြီး အသိအမှတ်ပြုခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ကလည်း လုံးဝပျောက်နေတဲ့အတွက် တစ်ဖက်မှာ ဆုရသွားတဲ့ဝန်ထမ်းအတွက်ပါ တန်ဖိုးကျသွားသလို ခံစားရနေလိမ့်မယ် ထင်တယ်။ အပေါ်ယံပုံစံ အရ ဓာတ်ပုံတစ်ပုံ ကပ်ထား၊ပြထားလိုက်ရုံနဲ့ ပြီးသွားတယ်လို့ထင်ရပေမယ့်၊ တကယ်တမ်းမှာတော့ အဲ့ဒီလုပ်ဆောင်ပုံက ကုမ္ပဏီရဲ့ယဉ်ကျေးမှုနဲ့ ဝန်ထမ်းတွေအပေါ်ထားတဲ့ လေးစားမှုကို အများကြီး ပေါ်လွင်စေတယ်။ ဒီလိုမျိုး အသိအမှတ်ပြုတာကနေ တန်ဖိုးမဲ့တဲ့အဖြစ်မျိုးဖြစ်လာရင်တော့ အစပိုင်းမှာ စိတ်အားထက်သန်စွာနဲ့ စခဲ့ကြပေမယ့် ကြာလာတဲ့အခါ တာဝန်ခံမယ့်သူမရှိတော့တာ၊ လတိုင်းပုံမှန်မချိန်းဖြစ်တော့တဲ့အတွက်ကြောင့် အဲ့ဒီဘောင်ထဲက ဓာတ်ပုံဟာ လနဲ့ချီပြီး တစ်ပုံတည်း ရှိနေတာ၊ ဖုန်တက်တာ၊ အရောင်မှိန်တာတွေဖြစ်လာပြီး “ဂုဏ်ပြုတယ်”ဆိုတာထက် “မေ့ပျောက် ထားတဲ့ပစ္စည်းဟောင်းတစ်ခု”လိုဖြစ်သွားတယ်။ အဆိုးဆုံးက ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ ဝင်ထွက်သွားလာတဲ့ အဓိကနေရာ (Prominent Area) မှာ မထားဘဲ လူမမြင်နိုင်တဲ့ ထောင့် တစ်နေရာ၊ ရုံးခန်းနောက်ဖေးဘက် (သို့) တကယ့်ကို အရေးမပါတဲ့နေရာမှာ ဖြစ်သလို ထိုးထောင်ထားလိုက်တာက ဝန်ထမ်းကို တန်ဖိုးမထားရာရောက်ပါတယ်။ တကယ့်တန်ဖိုးရှိတဲ့ Public Recognition ဖြစ်လာဖို့ဆိုရင် “Employee of the month”ဆိုတဲ့ Title အတိုင်း လတိုင်း သတ်မှတ်ရက်အတိအကျနဲ့ ဓာတ်ပုံအသစ်၊ ဂုဏ်ပြုလွှာအသစ်တွေကို အချိန်မီလဲလှယ်ပြီး ချိတ်ဆွဲပေးထားသင့်တယ်။ ဒါမှပဲ တခြားဝန်ထမ်းတွေအတွက်ပါ “ငါလည်း လတိုင်းကြိုးစားပြီး ဒီနေရာကိုရောက်အောင်ယူမယ်”ဆုတဲ့ စိတ်ဆန္ဒမျိုးနဲ့ ဆက်ပြီး အလုပ်ကြိုးစား မှာပါ။ ချိတ်မယ့်နေရာဟာလည်း အလင်းရောင်ကောင်းမွန်ပြီး လူတိုင်းအလွယ်တကူ မြင်တွေ့နိုင်တဲ့နေရာ (ဥပမာ- ရုံးဝင်ပေါက်အနီး၊ ဝန်ထမ်းတွေ အနားယူစားသောက်ရာဧည့်ခန်းမ၊ ဧည့်သည်အများစုရှိနေတဲ့နေရာ) ဖြစ်သင့်ပါတယ်။ ဘောင်သွင်းတဲ့အခါမှာလည်း သပ်ရပ်ခမ်းနားပြီး တန်ဖိုးရှိတဲ့ ဆုတစ်ခုလို ခံစားရအောင် စီစဉ်ပေးသင့်ပါတယ်။ ဒါ့အပြင် နံရံမှာ ဓာတ်ပုံကပ်ရုံ တင်မကဘဲ LED Screenတွေနဲ့ ပြထားတာ၊ Team အလိုက် Meeting တွေလုပ်တဲ့အခါ၊ ကုမ္ပဏီရဲ့ မိတ်ဆုံစားပွဲတွေလုပ်တဲ့အခါ ဘာကြောင့် ဒီဝန်ထမ်းကို ရွေးချယ်ရတယ်ဆိုတဲ့အကြောင်းအရင်း (Reason & Achievements) ကို အများရှေ့မှာ ထည့်ပြီး ပြောဆိုဂုဏ်ပြုပေးတာက ဝန်ထမ်းရဲ့ စိတ်နှလုံးကိုပိုပြီး ထိစေတယ်။ ဒါကြောင့် Employee of the monthဟာ နေ့တိုင်းလုပ်ရတဲ့ အပေါ်ယံ Routine မျိုးလုပ်ရတာမဟုတ်ဘဲ ကုမ္ပဏီရဲ့အဓိကယဉ်ကျေးမှုအမြစ်တွေကိုခိုင်မာစေမယ့်တရားမျှတပြီး အဓိပ္ပာယ်ရှိတဲ့ စနစ်တစ်ခုအဖြစ်နဲ့ စိတ်အားထက်သန်စွာနဲ့ တည်ဆောက်သွားရမယ့်အရာ ဖြစ်ပါတယ်။ Employee of the month က ကုမ္ပဏီရဲ့ နံရံကို အလှဆင်ဖို့သက်သက်မဟုတ်ဘူး။ ဒါက ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ဒီကုမ္ပဏီက ငါတို့ရဲ့ ကြိုးစားအားထုတ်မှုကို တကယ်မြင်တယ်၊ တန်ဖိုး ထားတယ်ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက် ပေးတဲ့နေရာတစ်ခုအနေနဲ့ ဖန်တီးရမယ့်နေရာ ဖြစ်တယ်။ အပေါ်ယံဟန်လုပ်ပြတာထက်၊ လုပ်မယ်ဆိုရင် တကယ်တန်ဖိုးရှိရှိနဲ့ ဝန်ထမ်းတွေ တန်ဖိုးတက်အောင်၊ ဂုဏ်ယူဝံ့ကြွားနိုင်လောက်တဲ့ အထိ စနစ်တကျနဲ့ လုပ်ပေးသင့်ပါတယ်။ ခေတ်ဦးမေ0,97%