လူထုခေတ်
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 21
- Всего постов
- 25
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 31
- 1/48двое суток
- 35
- 1/72трое суток
- 38
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
ရခိုင်သို့ထိုးဖောက်ဝင်ရန် ကြိုးစားနေသည့် စစ်တပ်စစ်ကြောင်း တပ်လန်ပြန်ဆုတ်ရပြီး လက်နက်ခဲယမ်းများ AA သိမ်းဆည်းရရှိ သြဂုတ် ၊ ၁၄ ၊ ၂၀၂၆ ။ လူထုခေတ် ဧရာဝတီတိုင်း၊ရေကြည်နှင့်သာပေါင်းမြို့နယ်တွင်တို့ ရခိုင်ပြည်နယ်အတွင်းထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသည့် စစ်တပ် အာရက္ခတပ်တော်-AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်လှန်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီး စစ်ကောင်စီအလောင်းများနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော်-AA ကထုတ်ပြန်ထားသည်။ သြဂုတ်လ ၁၂ ရက်နေ့တွင် ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ပွိုင့် ၁၀၁ အနီးဝန်းကျင်နှင့်သာပေါင်းမြို့နယ်၊သာပေါင်းကလေးကျေးရွာအနီးဝန်းကျင်ရိ အာရက္ခတပ်တော်စစ်ကြောင်းများရှိရာ နေရာများသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ ယင်းနေ့အတွင်း နေရာ ၅ နေရာ၌ တိုက်ပွဲများ တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အလားတူ သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၀၁ တပ်ရင်းနှင့် AA တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာတွင် ဩဂုတ် ၁၂ ရက် နံနက် ၆ နာရီ ၅၃ မိနစ်မှ ၉ နာရီ ၅၃ မိနစ်အထိ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သော်လည်း AA တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက် ကျဆုံးမှုများရှိကာ တပ်လန်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါတိုက်ပွဲအပြီးတွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီအလောင်းများနှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော်က သိမ်းဆည်းရမိကြောင်းသိရသည်။ ထို့အပြင် ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ နှင့် ခလရ ၁၁ တပ်ရင်းများနှင့် AA တပ်ဖွဲ့ဝင်များသည် ပွိုင့် ၁၀၁ ကုန်း၏ တောင်ဘက် မီတာ ၃၇၃ ခန့်အကွာတွင် ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီ ၃၉ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ပွိုင့် ၁၀၁ ကုန်း၏ အနောက်တောင်ဘက် ၁.၁၃ ကီလိုမီတာခန့်အကွာတွင်လည်း ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၂၄ မိနစ်မှ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာများအနီးရှိ နေရာ ၂ ခုတွင်လည်း စစ်ကောင်စီတပ်များက AA တပ်ဖွဲ့ဝင်များရှိရာ နေရာများသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်၊ Y-12 လေယာဉ်၊ ဒရုန်းများနှင့် မြေပြင်လက်နက်ကြီးပစ်ကူများ အသုံးပြုကာ စစ်ကြောင်းများခွဲ၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြားတွင် AA တပ်ဖွဲ့ဝင်များ၏ ခုခံတန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ တပ်လန်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်း ထိုးဖောက်ဝင်ရောက်ရန် ရခိုင်ပြည်နယ်နှင့် ထိစပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့်ချင်းပြည်နယ်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်များကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသည်မှာ ၂ နှစ်နီးပါးရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသေးပေ။ ဓာတ်ပုံ-AA #ရခိုင် #ဧရာဝတီတိုင်း #ရေကြည် #သာပေါင်း #အာရက္ခတပ်တော်
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи