- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 13
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 140
- 1/48двое суток
- 160
- 1/72трое суток
- 173
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🙏🙏🙏သာသနာတော်နှင့် မထိုက်တန်တော့တဲ့ အခါ🙏🙏🙏 “မဟာသမုဒ္ဒရာဟာ အကောင်ပုတ်နဲ့အတူမနေဘူး၊မဟာသမုဒ္ဒရာဟာ သူ့ထဲမှာရှိတဲ့ အကောင်ပုတ်ကို လျင်မြန်စွာ ကမ်းပေါ်ကို ပစ်တင်လိုက်တယ်၊ဒါဟာ မဟာသမုဒ္ဒရာရဲ့ အံ့ဖွယ်တစ်ပါးဘဲ.... ထို့အတူဘဲ သီလမရှိသောသူ(ဒုဿီလပုဂ္ဂိုလ်)နှင့် သံဃာသည် အတူမနေ၊လျင်စွာသာလျှင် စည်းဝေးပြီး ထိုဒုဿီလပုဂ္ဂိုလ်ကို နှင်ထုတ်၏၊ထိုဒုဿီလပုဂ္ဂိုလ်သည် သံဃာ့၏အလယ်၌ အကယ်၍ ထိုင်နေစေဦးတော့ ထိုဒုဿီလပုဂ္ဂိုလ်သည် သံဃာမှ ဝေးသည်သာ၊သံဃာသည်လည်း ထိုဒုဿီလပုဂ္ဂိုလ်မှ ဝေးသည်သာ၊ဒါဟာ သာသနာတော်ရဲ့ အံ့ဖွယ်တစ်ပါးဘဲ" “အံ့ဖွယ်ရှစ်ဖြာ သာသနာ"ကို စူဠဝါပါဠိတော် ပါတိမောက္ခဋ္ဌပနက္ခန္ဓကမှာ တွေ့ရပါတယ်... အထက်က မြတ်ဗုဒ္ဓစကားတော်ဟာ “အံ့ဖွယ်ရှစ်ဖြာ သာသနာ"ထဲက တစ်ခုသော အံ့ဖွယ်ပါဘဲ... ထိုမြတ်ဗုဒ္ဓစကားနဲ့ ဆက်စပ်ပြီးတွေးမိတာလေးက “သာသနာ့ဝန်ထမ်း ရှင်,ရဟန်းတွေ သာသနာနဲ့ မထိုက်တန်တော့လျှင် သာသနာနဲ့ဝေးရာကို သွားရမယ်"ဆိုတာပါဘဲ.... “သာသနာ့ဝန်ထမ်း ရှင်,ရဟန်း"ဆိုတဲ့ နာမည်နဲ့အညီ ရှင်,ရဟန်းဖြစ်ပါက ပရိယတ္တိသာသနာ့ဝန်,ပဋိပတ္တိသာသနာ့ဝန်တွေကို ထမ်းဆောင်နေဖို့လိုပါတယ်.... ဒါယကာ/ဒါယိကာမတွေရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းလိုက်သော သင်္ကန်း,ဆွမ်း,ကျောင်း,ဆေး ပစ္စည်းလေးပါးကို သုံးဆောင်ပြီး ဓူရနှစ်ဖြာ သာသနာကို မထမ်းရွက်ဘဲ ခပ်ပေါ့ပေါ့သာ နေမယ်ဆိုပါက တမလွန်မှာ သွားရောက်ရမည့်ဂတိဟာ ကြောက်စရာအတိပြီးနေပါလိမ့်မယ်..... ဒါ့ကြောင့် သာသနာ့ဝန်ထမ်း ရှင်,ရဟန်းဟာ ဓူရနှစ်ဖြာ သာသနာကို ထမ်းရွက်နေဖို့လိုပါတယ်... ပရိယတ္တိစာပေကို သင်အံလေ့ကျက်,ပို့ချမှု မရှိကြတဲ့ ရှင်,ရဟန်းတို့ အနေဖြင့် ဗုဒ္ဓါနုဿတိကို ပွားများခြင်း,မေတ္တာကို ပွားများခြင်း,အသုဘဘာဝနာကို ပွားများခြင်း,မရဏဿတိ(မရဏာနုဿတိ)ကို ပွားများခြင်းဆိုတဲ့ စတုရာရက္ခကမ္မဋ္ဌာန်းကို စွမ်းနိုင်သလောက် ပွားများအားထုတ်နေသင့်ပါတယ်.... ပုထုဇဉ်ရဲ့စိတ်ဟာ အလုပ်တစ်ခုနဲ့ ထိန်းကွပ်မထားဘူးဆိုလျှင် “ပါပသ္မိံ ရမတိ မနော"ဆိုတဲ့ အတိုင်း မကောင်းမှုမှာဘဲ မွေ့လျော်ပျော်ပါးနေတတ်ပါတယ်.... ဒါ့ကြောင့် ပရိယတ္တိစာပေကို သင်အံလေ့ကျက်,ပို့ချမှု မရှိကြတဲ့ ရှင်,ရဟန်းတို့ အနေဖြင့် မိမိစိတ်ကို ကမ္မဋ္ဌာန်းတစ်ခုခု ပွားများနေခြင်းဖြင့် ထိန်းကျောင်းနေသင့်ပါတယ်... ရှင်,ရဟန်းမှန်သမျှ ပစ္စဝေက္ခဏာကို(သင်္ကန်း,ဆွမ်း,ကျောင်း,ဆေး ပစ္စည်းလေးပါလုံး) နေ့တိုင်း ဆင်ခြင်သင့်ပါတယ်... ရဟန်းမှန်လျှင် နေ့တိုင်း ဒေသနာကြားသင့်ပါတယ်... ဗုဒ္ဓါနုဿတိကိုစီးဖြန်းသောအားဖြင့် နေ့တိုင်း ဘုရားရှိခိုးသင့်ပါတယ်... စတုပစ္စယဒါယကာ/ဒါယိကာမတို့နှင့်တကွ အလုံးစုံသောသတ္တဝါတွေကို နေ့တိုင်း မေတ္တာပို့သင့်ပါတယ်..... သာသနာ့ဘောင်မှာနေပြီး ပရိယတ္တိ/ပဋိပတ္တိဆိုတဲ့ သာသနာ့အလုပ်ကို မလုပ်ပါက သာသနာတော်နဲ့မထိုက်တန်ပါ.... သာသနာတော်နှင့် မထိုက်တန်လျှင်တော့ သာသနာတော်နှင့် ဝေးရာဆီသို့...... မေတ္တာဖြင့် အရှင်နရိန္ဒ(မင်းကွန်း) ကျမ်းညွှန်း.....စူဠဝဂ္ဂပါဠိတော် ၄၂၂။ (သာသနာ့ညီတော်/နောင်တော်များ နေ့တိုင်း ပစ္စဝေက္ခဏာဆင်ခြင်ဖြစ်ဖို့,နေ့တိုင်း ဒေသနာကြားဖြစ်ဖို့,နေ့တိုင်း ဗုဒ္ဓါနုဿတိပွားများဖြစ်ဖို့,နေ့တိုင်း မေတ္တာဘာဝနာ ပွားများဖြစ်ဖို့ တိုက်တွန်းလိုရင်းပါဘုရား)
အထင်သေးခံရတာကိုပဲ ကြိုက်ပါတယ် ========================= ဆရာတော်ကြီး မိန့်တော်မူသည့် သြဝါဒလေး အမြဲလိုလိုအမှတ်ရမိနေတယ် ။ ကြည်ညိုလို့မဆုံးပါဘုရား 🌷🙏🌷🙏🌷🙏🌷🙏🌷🙏 တို့က ငယ်ငယ်ကတည်းက ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ခပ်ကုပ်ကုပ်နေတယ် ။ လူသိလဲ မခံချင်ဘူး ၊ လူသိအောင်လဲ မနေဘူး လူသိအောင်လဲ မလုပ်ခဲ့ဘူး ။ ကျောင်းမှာ စံကင်းဆရာတော်ကြီး ပူဇော်ပွဲရှိရင် တို့က ဘယ်တော့မှ ရှေ့က နေရာယူလေ့မရှိဘူး နောက်က သူများမလုပ်တဲ့ ပုဂံဆေးတာဝန်ယူတာ၊ ကျမ်းစာအုပ်တွေနဲ့ ဆောင်းပါးရေးတော့လဲ ငါ့ ရဲ့ ဓာတ်ပုံတွေ လုံးဝ မထည့်ဘူး ၊ ဒီဘက် အသက်ကြီးမှ စာပေတိုက်က ထည့်ပါရစေ အတင်းတောင်းပန်လို့ ထည့်ခွင့်ပြုခဲ့တာ။ ပြောလိုတာက လူတကာ အထင်ကြီးခံရတာနဲ့ အထင်သေးခံ ရတာ ၂ ခုကို ဘယ်ဟာ အရှင်ဘုရားကြိုက်လဲ...? မေးရင် ငါ့ကတော့ ... အထင်သေးခံရတာ - ကိုပဲကြိုက်တယ် ။ အထင်ကြီးခံရပြီးတော့ တကယ့်အရေးကြ ဘာမှသုံးစား မရရင် ပိုရှက်စရာကောင်းတယ်...။ #တွဲဖက်ရွှေကျင်သာသနာပိုင် #ဘဒ္ဒန္တမာနိတသိရီဘိဝံသ #မတ္တရာသူဌေးကျောင်းဆရာတော်ကြီး (ကထိကရဟန်း) Credit....
без подписи
🙏🙏🙏ဝိနည်းဗဟုသုတ🙏🙏🙏 သက်ဆိုင်သူက နောင်အခါ ရှောင်ကြဉ်နိုင်အောင် ကျန်တဲ့သူများက ဗဟုသတရအောင် ရေးပြပါဦးအံ့။ ဆယ်လီဖြစ်ချင်သော ဦးဇင်းလေးတစ်ပါးက ဘာသာခြားဒကာတစ်ယောက်အား ထမင်းခွံ့ကျွေးနေသော ဓာတ်ပုံတစ်ပုံ တွေ့မြင်လိုက်ရပါ၏။ စာသင်သားဦးဇင်းငယ်များဆိုလျှင် ပထမငယ်တန်း,ပထမလတ်တန်းလောက်ရောက်သည့်အခါ အောက်ပါ သိက္ခာပုဒ်ကို ကျက်မှတ်ရပါ၏။ "ယော ပန ဘိက္ခု အစေလကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ=အကြင်ရဟန်းသည် တက္ကတွန်းအားလည်းကောင်း၊ ပရိဗိုဇ် ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း၊ မိမိလက်ဖြင့် (ကိုယ်တိုင်) ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်ကောင်း ပေးငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏"ဟူ၍ ဖြစ်ပါ၏။ ထိုသိက္ခာပုဒ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းအတ္ထုပ္ပတ်မှာ "ထိုအချိန်က သံဃာတော်များမှာ ခဲဖွယ်(မုန့်)တွေ ပေါများနေသောဟူ၏။ အရှင်အာနန္ဒာက မြတ်ဗုဒ္ဓကို ထိုအကြောင်းလျှောက်ထားတော့ မြတ်ဗုဒ္ဓက "ဒီလိုဆိုလျှင် စားကြွင်းစားတွေကို(သူတောင်းစား) မုန့်တွေ ဝေပေးလိုက်ပါ"ဟု ခိုင်းပါတယ်။ အရှင်အာနန္ဒာကလည်း "မှန်ပါဘုရား"ဟု အာမဘန္တေခံပြီး စားကြွင်းစားတွေကို အစဉ်အတိုင်းထိုင်စေပြီး မုန့် တစ်ယောက်ကို တစ်ခုစီ ဝေပေးပါတယ်။ ဒီလို ဝေပေးရင်းနဲ့ ပရိဗိုဇ်မတစ်ယောက်ကို မုန့်တစ်ခုထင်ပြီး နှစ်ခုပေးမိပါတယ်။ အနီးအပါးက ပရိဗိုဇ်မတွေက (သူတို့က တစ်ခုစီရပြီး ထူးထူးခြားခြားနှစ်ခုရတဲ့) ပရိဗိုဇ်မကို "ဒီရဟန်းဟာ နင့် လင်ငယ်လား?"ဟု ပြောပါတယ်။ မုန့်နှစ်ခုရတဲ့ ပရိဗိုဇ်မက "ဒီရဟန်းဟာ ငါ့ လင်ငယ် မဟုတ်ပါဘူး၊တစ်ခုထင်ပြီး နှစ်ခုပေးမိတာပါ"ဟု ပြောပါတယ်။(ထိုအတိုင်း သုံးကြိမ်တိုင်တိုင်ဖြစ်သောဟူ၏) အာဇီဝကတစ်ယောက်ဟာလည်း ရဟန်းတော်များကို ဆွမ်းလုပ်ကျွေးရာ အရပ်ကနေ နာမည်မထင်ရှားတဲ့ရဟန်းတစ်ပါးက ပေးလိုက်တဲ့ ထောပတ်နဲ့ နယ်ထားတဲ့ ထမင်းခဲအကြီးကြီးကို ယူပြီးအလာ ဒီ့ပြင် အာဇီဝကတစ်ယောက်က "ဒီထမင်းခဲကြီး ဘယ်ကနေ ရခဲ့တာလဲ"ဟု အမေး "ခေါင်းတုံးသူဌေးဖြစ်တဲ့ ရဟန်းဂေါတမရဲ့ ဆွမ်းလုပ်ကျွေးတဲ့ ဇရပ်ကနေ ရခဲ့တာဖြစ်ကြောင်း" ပြောပါတယ်။ သူတို့နှစ်ယောက် အပြန်ပြန်အလှန်လှန် ပြောနေကြတဲ့စကားကို ဗုဒ္ဓဘာသာဝင် ဒကာများက ကြားသိပြီး စိတ်နှလုံးမသာမယာဖြစ်ကာ မြတ်ဗုဒ္ဓအထံချဉ်းကပ်ပြီး..... ‘‘ဣမေ, ဘန္တေ, တိတ္ထိယာ အဝဏ္ဏကာမာ ဗုဒ္ဓဿ အဝဏ္ဏကာမာ ဓမ္မဿ အဝဏ္ဏကာမာ သံဃဿ။ သာဓု, ဘန္တေ, အယျာ တိတ္ထိယာနံ သဟတ္ထာ န ဒဒေယျုံ=အရှင်ဘုရား ဒီတိတ္ထိတွေဆိုတာ ဘုရား,တရား,သံဃာတော်များ၏ အပြစ်တွေကို အလိုရှိသူတွေဖြစ်ကြပါတယ်ဘုရား(အပြစ်ပြောသူများ၊အကျိုးမဲ့ကို လိုလားသူများဟူလို)။အရှင်ဘုရား တောင်းပန်ပါတယ် အရှင်မြတ်တို့ဟာ ဘာသာခြားတိတ္ထိတွေကို ကိုယ်တိုင် လက်ဖြင့် မပေးကြပါစေနဲ့ဘုရား"ဟု တောင်းပန်လျှောက်ထားကြပါတယ်။ ထိုအကြောင်းများကြောင့်( "ဒီရဟန်းက နင့် လင်ငယ်လား"ဟု အရှင်အာနန္ဒာ မိန်းမပေးစားခံရခြင်း၊မြတ်ဗုဒ္ဓကို ဦးပြည်းကတုံးသူဌေးဟု စွပ်စွဲကြခြင်းဟူသောအကြောင်းများကြောင့်{စာဖက်သက် နုသူများအတွက်ရေးပြတာ}) မြတ်ဗုဒ္ဓက..... "ယော ပန ဘိက္ခု အစေလကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ"ဟူသော သိက္ခာပုဒ်ကို ပညတ်ခဲ့ရတာဟု ဗဟုသုတပွားကြပါလေ...... မေတ္တာဖြင့် အရှင်နရိန္ဒ {မင်းကွန်း} (မြတ်ဗုဒ္ဓက မဟာကရုဏာရှင် မဟုတ်ဘူးလား?ဟု စကားကပ်မယ်ဆို ကပ်လို့ရပါ၏၊ အနာပတ္တိဝါရ၌ ပေးလို့ရမည့်နည်းလမ်းများကိုလည်း မိန့်တော်မူထားပါ၏။ အဓိက,က "ရဟန်းကိုယ်တိုင် လက်နဲ့ မပေးဖို့၊သူများထက် ထူးပြီး နဖူး နှာခေါင်းပေါက်ကာ(ယဉ်ယဉ်ကျေးကျေးပဲ ကောင်းပါတယ်) ရဟန်းကိုယ်တိုင် လက်နဲ့ ထမင်းခွံ့ မကျွေးဖို့ ပညတ်ထားရခြင်း"ဟု မှတ်လေ။ စာတကယ် မြင်တဲ့သူက ဒီ့ထက် ကပ်ပြီး ပြောလို့ရသေးသည်ကိုလည်း သိပါ၏။ "န ဘိက္ခဝေ သဒ္ဓါဒေယျံ ဝိနိပါတေတဗ္ဗံ။န ဘိက္ခဝေ ဧကဘာဇနေ ဘုဉ္ဇိတဗ္ဗံ"တို့ကို မရေးပြသေးသည်ကို ထောက်ဆ၍ ဆယ်လီဖြစ်ချင်သော ရဟန်းလေးကို ဆုံးမလို၍သာ ရေးရသည်ဟု နားလည်ခွင့်လွှတ်ကြပါလေ) ကျမ်းညွှန်း........ပါစိတ္တိယပါဠိတော် ၁၂၂/၁၂၃။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီးများအစုံ ယောဆရာတော်ကြီး ခေတ္တ သီတင်းသုံးတော်မူနေရာ ရွှေဥမင် ဓမ္မသုခတောရကျောင်းတိုက် ၌ ယနေ့ မြင်တွေ့ရသည့်ပုံ။ တိပိဋကဆရာတော်များ တစ်ပါးနှင့်တစ်ပါး တာဝန်ကိစ္စ,အလုပ်ကိစ္စကိုယ်စီဖြင့် ၁-နှစ် ၁-ကြိမ် စုံစုံညီညီ ဆုံတွေ့ ရဖို့ မလွယ်ကူ၊ဆုံတွေ့ဖြစ်ခဲကြသည်။ တိပိဋကဆရာတော်များထဲ၌ ယောဆရာတော်ကြီးသည် အသက်/သိက္ခာ အကြီးဆုံးသောဆရာတော်ကြီးဖြစ်သည်။ အသက် အရွယ်အရ ကျန်းမာရေးအရ ဘယ်နေရာမှ မကြွတော့ပါ။ တိပိဋကညီတော်များနှင့် စုံစုံညီညီ ဆုံတွေ့ရတော့ ယောဆရာတော်ကြီးစိတ်ထဲ၌ ကြည်နူး ဝမ်းသာ ပီတိတွေ ဖြစ်နေမှာပါ။ တိပိဋက ညီတော်များကလည်း ဝမ်းသာပျော်ရွှင်နေကြမှာပါ။ ယောဆရာတော်ကြီးသည် ကျန်းမာရေးအရ ဘယ်ကိုမကြွရောက်တော့ပဲ အနားယူပြီဆိုတော့ တိပိဋကပူဇော်ပွဲ, တိပိဋက ဝါဆိုသင်္ကန်းကပ်ပွဲစသည် များ၌ ယခုလို စုံညီစွာ. ကြုံတွေ့ရဖို့ခက်ခဲသွားပါပြီ။ ယခုလို တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်ကြီးများကို တစ်နေရာထဲဖူးမြင်ကြရခြင်းမှာ အလွန် ကျက်သရေရှိသော မင်္ဂလာတစ်ပါးပါ။ ဗုဒ္ဓ ၄-မျိုးရှိရာ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်များသည် သုတဗုဒ္ဓအမည်ရသည့် ဘုရား ၁-ဆူပါပေတည်း။ အရှင်ပညာတိက္ခ(ယော) ( 12 - 8 - 2026 )
မနက်ဖြန် ဒုတိယဝါဆိုလကွယ်နေ့တွင် ဥပုသ်သီလဆောက်တည်ကြပါစို့ခင်ဗျာ။
လောဘဆိုတဲ့အမျိုးဟာ ကြာလေ ကြီးလေပဲ။ အသက်ကြီးသွားလို့ သေးသွား ငယ်သွားလိမ့်မယ် မထင်လေနဲ့။ သံပုရာသီးများလို ကြီးလေ ချဉ်လေပဲ။ တပည့်တော် စာသင်သားဘဝတုံးက ဆွမ်းခံထွက်လို့ ဝက်သားတစ်ခွက်လောက်ရလာရင် ကျေနပ်ပြီ။ စာချဘုန်းကြီးဖြစ်လာတော့ တစ်ချိုင့်မှ။ ခု ဆရာတော်ဖြစ်လာတော့ အိုးလိုက်မှ ကျေနပ်တော့တယ်။ ဒါကြောင့် လောဘကို အတောသတ်နိုင်ဖို့ အခု ကိုယ်တော်တို့ စာသင် စာကျက် စာတက်နေတာ တဒင်္ဂပဟာန်တွေနဲ့ ပယ်သတ်နေတာ။ စာပေနဲ့ လောဘကို ဖိထားတာ။ အင်မတန် အဆင်ပြေ ဆီလျော်တဲ့ နိဗ္ဗာန်နဲ့ နီးတဲ့အကျင့်ပဲ။ ဒါကြောင့် စာသင် စာကျက်နေတာဟာ ပဋိပတ်ပါ ဝန်ဆောင်ပြီးသား ဖြစ်သွားသကွဲ့။ ဘဒ်ဒန်တစန်ဒာသီရိ မဟာဇောတိကာရာမကျောင်းတိုက် မုံရှာ။
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညိန္ဒသည် ယနေ့ ၈-၈-၂၀၂၆ စနေနေ့ နံနက် ၁၀:၃၀ အချိန်တွင် ဘဝနတ်ထံ ပျဲံလွန်တော်မူသွားသဖြင့် အထူးပင်ဝမ်းနည်းရပါသည်။
၂။ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ ပရိတ် ပဋ္ဌာန်း မေတ္တာပို့စသည်များ စုပေါင်းရွတ်ဆိုခြင်း၊ တရားပွဲများ ဟောပြောပွဲများ ကျင်းပခြင်းတို့ကို(မိမိတို့ စွမ်းနိုင်သမျှ) ဆောင်ရွက်ကြရပါမည်။ (နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့သည့်နေ့ကလည်း ရဟန်းရှင်လူများသည် ထိုသို့ပင် ဆောင်ရွက်ခဲ့ကြပါသည်။) ၃။ ညနေတွင် သာသနာ့အလံတော်များကို ပြန်လည်သိမ်းဆည်းနိုင်ကြပါသည်။ 65-နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန်နှိုးဆော်ချက် ================================ ပထစအစိုးရလက်ထက် (1961 ခုနှစ် သြဂုတ်လ 26 ရက်) ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက ထောက်ခံမဲ 324 မဲ၊ ကန့်ကွက်မဲ 28 မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် 1 နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုတိမ်မြုပ်နေသော ဂုဏ်ယူဖွယ် သမိုင်းကြောင်းကို ယခုအခါ ပြန်လည်ဖော်ထုတ်ရန် အမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူများ၏ တာ၀န်တစ်ရပ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကျရောက်မည့် 65- နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာတစ်နိုင်ငံလုံးတွင် ညီညွတ်စွာကျင်းပကြရန် ဆရာတော် သံဃာတော်များနှင့် သာသနာရေး လူမှုရေးအသင်းအဖွဲ့များအား နှိုးဆော်လျက် ။ #Credit
နိုင်ငံတော်ဘာသာနေ့ 🌿🌿🌿🌿🌿🌿🌿🌿🌿 ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ဘာသာ ဖြစ်လာပုံ သမိုင်းအကျဉ်း 🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸 နိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက် ----------------------------------------- ၁၃၂၃ ခုနှစ် ဝါခေါင်လပြည့် (1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့ နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ --------------------------------------- နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ ၁ အစား ထည့်သွင်းရမည့်စာသား ပုဒ်မခွဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဘာသာကြီး ဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာ သာသနာဖြစ်စေရမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါ၀င်သည့်စာသား ------------------------------------------------------------- ပုဒ်မ ၃၆၁ - နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကိုနိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သောဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။ နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း --------------------------------------------------------- ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။ (၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည် ၁၀ နှစ်အကြာ ၁၉၆၁ ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။) ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူများ သမိုင်းမှတ်တမ်း -------------------------------------------- ၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရလက်ထက်ကပင် ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့သည်ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆန္ဒပြုနှိုးဆော်ခဲ့ကြသည်။ ၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချိုက လွတ်လပ်ရေးရသည့်အခါ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးက အရေးကြီးနေ၍ မပြဋ္ဌာန်းနိုင်ခဲ့ပေ။ ၃။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။ ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေး၀န်ကြီး ဦး၀င်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။ ၄။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦး၀မ်းမောင်နှင့် သခင် ဗသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ (ခေါ်) သမ္မတဂိုဏ်းပါတီ၊ ၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီး ကိုးဦးပါ၀င်သော The Buddhist Democratic Party နှင့် ၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယကနှင့် မြေးတော် တော်ဘုရားလေး ဦးအောင်ဇေ ဦးဆောင်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့နှင့် ရဟန်းပျိုအဖွဲ့များ၊ ရခိုင်သံဃာတော်များသမဂ္ဂ အစရှိသော အဖွဲ့အစည်းများက နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။ ၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ တစ်ဝှမ်းသို့သွားရောက်ကာ သဘောထားများတောင်းခံခဲ့သည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို ၀န်ကြီးချုပ် ဦးနုက လွှတ်တော်သို့တင်သွင်းသည်။ ၇။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။ (၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည် ၁၀ နှစ်အကြာ ၁၉၆၁ ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။) ကျင်းပရန် အစီအစဉ်များ ============= ၁။ နံက်ပိုင်းတွင် သာသနာ့အလံတော်များကို စတင်လွှင့်ထူကြရပါမည်။
ဖြေ။📞📞📞 မှန်ပါတယ်။ ဥပဒေ ပြဋ္ဌာန်းသည်ဖြစ်စေ၊ မပြဋ္ဌာန်းသည်ဖြစ်စေ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်မှာပါ။ ပဒေသရာဇ်စနစ်မှာ နိုင်ငံတော်ဦးသျှောင်ဖြစ်တဲ့ ဘုရင်တွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့တော့ ဗုဒ္ဓဘာသာကို အားပေးထောက်ပံ့ခဲ့တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာကို မကြည်ညိုတဲ့ မင်းဆိုးမင်းညစ် လက်ထက်မှာတော့လက်ထက်မှာတော့ သာသနာဟာ မှေးမှိန်ခဲ့ရတယ်။ ပဒေသရာဇ်စနစ်ကနေ ဒီမိုကရေစီ ပါလီမန်စနစ်ကို အကူးအပြောင်းမှာ မဲများရာအနိုင်ရပြီး ဥပဒေစိတ်ကြိုက်ပြုတဲ့ စနစ်ကို အကူးအပြောင်းမှာတော့ ဗုဒ္ဓဘာသာရဲ့ အနာဂတ်ဟာ ကြိုတင်တွေးဆပြီး ပူပန်စရာ ရှိလာပါတယ်။ သာသနာမကြည်ညိုသူတွေက တိုင်းပြည်အာဏာရပြီး ဘာသာ သာသနာကို ဖျက်ဆီး မှေးမှိန်အောင် လုပ်ခဲ့မယ်ဆိုရင် အားကိုးရာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ မိခင်ဥပဒေဖြစ်တဲ့အတွက် ရေးဆွဲရတာ အချိန်ပေးရသလို ပြုပြင်ဖို့အတွက်လည်း ပြီးစလွယ်မပြင်နိုင်အောင် ဆောင်ရွက်ထားရလေ့ရှိပါတယ်။ အဲဒီအတွက်ကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းပြီး သတ်မှတ်ခြင်းဟာ အနာဂတ်ကိုမျှော်တွေးပြီး ဆောင်ရွက်တဲ့ အမြော်အမြင်ရှိတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ကောင်းကျိုးတွေကိုပြောပါဆိုရင်တော့ အခုလို ဘာသာရေးတန်းညှိတဲ့ အခြေအနေမှာတောင် နိုင်ငံတော်ဘာသာအဖြစ် ဖော်ပြခံခဲ့ရပြီး အခုချိန်ထိ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ဘာသာကို အလွယ်တကူ ဖျောက်ဖျက်လို့မရနိုင်တဲ့၊ အလေးထားနေရသေးတဲ့ အကျိုးကျေးဇူးကိုပဲ အဓိကအချက်အနေနဲ့ ပြောရမှာပါပဲ။ မေး။📞📞📞 နိုင်ငံတော်ဘာသာသာပြဋ္ဌာန်းခဲ့စဉ်က အခြားဘာသာတွေက ဖိနှိပ်ခံရတော့မယ် ဆိုပြီး စိုးရိမ်ပူပန်ကြတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။ အခြားဘာသာတွေအတွက် ဘာတွေအကျိုးသက်ရောက်မှုတွေရှိခဲ့တယ်ဆိုတာ သိပါရစေ။ ဖြေ။📞📞📞 ဘာသာခြားတွေ အဓိကစိုးရိမ်တာက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းမှာကို မဟုတ်ပါဘူး။ ဦးနုလို ခေါင်းဆောင်မျိုးမဟုတ်ဘဲ တခြားခေါင်းဆောင်တစ်ယောက်တက်လာရင် နိုင်ငံတော်ဘာသာကို အကြောင်းပြပြီး သူတို့ကို နှိပ်ကွပ်မှာကို စိုးရိမ်ကြတာလို့ သိရပါတယ်။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ဘာသာဆိုတာ မိရိုးဖလာ ကိုးကွယ်နေရတဲ့ သာမန်ဗုဒ္ဓဘာသာဝင်တွေထက် ဘာသာခြားတွေက ပိုပြီးနားလည်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အဲဒါကြောင့်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံမှာ နိုင်ငံတော်ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်လို့ အတိအလင်း ပြဋ္ဌာန်းတာကို နိုင်ငံတကာရဲ့ဖိအားပေးခံရမှုကင်းကင်းနဲ့ ဆောင်ရွက်နိုင်ခဲ့တာဟာ အကောင်းဆုံးသက်သေပါပဲ။ နိုင်ငံတော်ဘာသာလောက် မကြီးမားတဲ့ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းတုန်းကတောင် နိုင်ငံတကာက ဘာသာခြားနိုင်ငံကြီးတွေရဲ့ နှောင့်ယှက်စွက်ဖက်မှုကို ခံခဲ့ရပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ နိုင်ငံတော်ဘာသာကို အတိအလင်းဖော်ပြတာကိုတောင် ဘာသာခြားနိုင်ငံကြီးတွေရဲ့ စိုးရိမ်မှုလေသံ မလွှင့်တာကိုကြည့်ရင် နိုင်ငံတော်ဘာသာဟာ ဘာသာခြားနိုင်ငံကြီးတွေရဲ့ စိုးရိမ်မှုကို မခံခဲ့ရဘူးလို့ပဲ သုံးသပ်ရမှာပါ။ ဆက်လက်၍ဖော်ပြပါမည်။ ✍✍✍✍✍✍ မေးမြန်းမှတ်တမ်းတင်သူ နုမြတ်နိုး (ဦးနုချစ်မြတ်နိုးသူများအဖွဲ့) 📞📞📞📞📞 လက်ခံဖြေကြားသူ ဦးလပြည့်ဇင်(လက်ယာ-မေတ္တာတံခွန်) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဘာသာအထိမ်းအမှတ်အဖွဲ့(ဗဟို)
ဖြေ။📞📞📞 မြန်မာရက်ရော၊ အင်္ဂလိပ်ရက်ရော ဆိုတာထက် မြန်မာသုံးရက်ရော၊ ကမ္ဘာသုံးရက်ရောဆို ပိုပြီးမှန်ပါလိမ့်မယ်ဗျ။ သြဂုတ်လ ၂၆ ရက်ကို နိုင်ငံတော်ဘာသာနေ့ဆိုပြီး ကျင်းပကြတော့ တချို့သော မြန်မာရက်ကို အဓိကထားလိုသူ ပုဂ္ဂိုလ်ကြီးတွေက မြန်မာရက်ပြောင်းပြီး ကျင်းပဖို့ တိုက်တွန်းကြပါတယ်။ ကျွန်တော်တို့ကလည်း တတ်စွမ်းသလောက် ရှာဖွေကြည့်တဲ့အခါမှာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်ဟာ ဝါခေါင်လပြည့်နေ့ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီမှာပဲ ဝါခေါင်လပြည့်နေ့ကို ပြောင်းလဲကျင်းပလိုသူတွေက ၅၄ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကိုတော့ ဝါခေါင်လပြည့်နေ့ကို ပြောင်းလဲကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအခါမှာ မူလကတည်းက သြဂုတ်လ ၂၆ ရက်မှာ အခမ်းအနားကျင်းပခဲ့သူတွေက နှစ်ရက်လုံးကျင်းပကြဖို့ အဆိုပြုပါတယ်။ အရင်က သြဂုတ်လ ၂၅ ရက် အလံတင်ပြီး ၂၇ ရက် အလံသိမ်းတဲ့ပုံစံအစား အရင်လာတဲ့ ရက်ကို အလံတင်ပြီး နောက်မှလာတဲ့ရက်ကို အလံသိမ်းဖို့ အဆိုပြုပါတယ်။ မြန်မာရက်၊ ကမ္ဘာရက် တစ်ထပ်တည်းကျတဲ့နှစ်ဆိုရင်တော့ ၂၅ ကနေ ၂၇ ပဲ အလံအတင် အချ လုပ်ကြဖို့ တင်ပြကြပါတယ်။ ဒါပေမဲ့ မြန်မာရက်ပဲ အတည်ပြုလိုသူတွေ အများစုရှိတာကြောင့် မြန်မာရက်နဲ့ပဲ အများစုက ကျင်းပကြပါတယ်။ ဒီတော့ နှစ်ရက်လုံးကို ပြုလုပ်လိုသူတွေအနေနဲ့ကလည်း မြန်မာရက်မှာ ကုသိုလ်ရေးတွေလုပ်ပြီး ကမ္ဘာသုံးရက်မှာ အခမ်းအနားကျင်းပပြီး နှစ်ရက်လုံးကျင်းပတဲ့စနစ်ကို ပြောင်းကြပါတယ်။ သဘောထားတူညီသူတွေ စုစည်းပြီး နိုင်ငံတော်ဘာသာနေ့ ကျင်းပတဲ့ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကိုမဆို ပါဝင်နိုင်အောင် အဖွဲ့တစ်ခုဖွဲ့ကြမယ်ဆိုပြီး ဒီအဖွဲ့ကို ဖွဲ့ထားတာပဲ ဖြစ်ပါတယ်။ မေး။📞📞📞 အချို့က နိုင်ငံတော်ဘာသာဆိုတာ ဦးနုကအာဏာရဖို့အတွက် ခုတုံးလုပ်ပြီးမဲဆွယ်တယ်လို့ ဆိုကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။ ဖြေ။📞📞📞 ခုတုံးဆိုတာကို အဓိကပြောရမယ် ထင်ပါတယ်။ ခုတုံးလုပ်တယ်ဆိုတာကို မြန်မာအဘိဓာန်မှာ ကိုယ်ကျိုးအတွက် သူတစ်ပါးကို အသုံးချသည်လို့ ဖော်ပြပါတယ်။ ဒီတော့ ဦးနုက နိုင်ငံတော်ဘာသာကို သူ့ကိုယ်ကျိုးအတွက် ခုတုံးလုပ်ခဲ့ မလုပ်ခဲ့ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ နိုင်ငံရေးစနစ်တိုင်းမှာ ရွေးကောက်ပွဲကတိကဝတ်ဆိုတာ ပေးကြတာပါပဲ။ မဲမရခင်မှာ မဲရပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးသမျှ ကတိ၊ ပြောသမျှစကားကို မဲရပြီးချိန်မှာ မေ့ချင်ယောင်ဆောင်တာမျိုးကိုမှသာ ခုတုံးလုပ်တဲ့ လုပ်ရပ်လို့ ကျွန်တော်က ယူဆပါတယ်။ ဦးနု နိုင်ငံတော်ဘာသာ ဆောင်ရွက်ခဲ့တာဟာ ၁၉၆၁ သြဂုတ်လို့ ယေဘုယျ သိကြပေမဲ့ တကယ့်တကယ်က ဆဋ္ဌသံဂါယနာ အောင်ပွဲအခမ်းအနားမှာကတည်းက နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ ထေရဝါဒ ငါးနိုင်ငံက သံဃာတော်တွေနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေရှေ့မှာ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းပါတော့မယ် အသိပေးလျှောက်ထားခဲ့တာကို သတိပြုဖို့လိုပါတယ်။ သန့်ရှင်း တည်မြဲ မကွဲခင် ညီညွတ်ကြတုန်း အတူတကွ လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်ကို အဖွဲ့ကွဲခါမှ ခုတုံးဆိုတဲ့စကားရပ်နဲ့ စွပ်စွဲတာတော့ ကျွန်တော်က လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းပေးတာက ရဟန်းရှင်လူ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်းကို ငြိမ်းချမ်းစေဖို့ သာသနာပြုမင်းကောင်းမင်းမြတ်တို့ထုံးကို နည်းမှီပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်လို့ပဲ သာဓုခေါ်ပေးရမှာ ဖြစ်ပါတယ်။ မေး။📞📞📞 နိုင်ငံတော်ဘာသာပြဋ္ဌာန်းလို့ KIA/KIO တောခို လက်နက်ကိုင်ခဲ့တယ်။ ဒါကြောင့် တပ်မတော်က အာဏာသိမ်းခဲ့တယ်ဆိုတာကော ဟုတ်ပါသလား။ ဖြေ။📞📞📞 ကေအိုင်အေ ကိစ္စကတော့ အတော်ရယ်စရာ ကောင်းပါတယ်။ ၁၉၆၁ သြဂုတ်မှာ ပြဋ္ဌာန်းတဲ့ နိုင်ငံတော်ဘာသာကြောင့် ၁၉၆၀ လောက်ကတည်းက စုဖွဲ့ခဲ့တဲ့ ကေအိုင်အေ တောခိုတယ်ဆိုတာ အင်မတန် ရယ်စရာကောင်းပါတယ်။ အာဏာလိုချင်လို့ အာဏာသိမ်းတယ်လို့ ပွင့်ပွင့်လင်းလင်း မပြောဘဲ နိုင်ငံတော်ဘာသာကို ရမယ်ရှာတာလို့ပဲ ပြောရမှာပါ။ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းလို့ တောခိုခဲ့သူတွေကကော နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့တဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းတဲ့အစိုးရ လက်ထက်မှာ အလင်းဝင်ခဲ့သလားဆိုတဲ့ အဖြေကို ရှာကြည့်မယ်ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာပါ။ မေး။📞📞📞 နိုင်ငံတော်ဘာသာ အက်ဥပဒေက အခုချိန်ထိရှိနေသေးလား။ ဖြေ။📞📞📞 အခုထိ ရှိ မရှိဆိုတာထက် ဖျက်သိမ်းပြီး မပြီးကို ဖြေရမယ်ဆိုရင်တော့ အက်ဥပဒေကို ဖျက်သိမ်းထားတာ အခုထိ မရှိသေးပါဘူး။ မေး။📞📞📞 ဒါဆိုလက်ရှိ ဆက်လက်ကျင့်သုံးတာမျိုး အသက်ဝင်တာမျိုးကော ရှိလားဗျ။ ဖြေ။📞📞📞 နိုင်ငံတော်ဘာသာအက်ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ နိုင်ငံတော်ဘာသာ သာသနာ ချီးမြှောက်ထောက်ပံ့ရေးအက်ဥပဒေကို ပြဋ္ဌာန်းပါတယ်။ အဲဒီ ချီးမြှောက်ထောက်ပံ့ရေးအက်ဥပဒေဟာ အခုချိန်ထိ ကျင့်သုံးဆဲဖြစ်ကြောင်း သိရပါတယ်။ မေး။📞📞📞 အချို့ကဆိုကြတယ် နိုင်ငံတော်ဘာသာ မပြဋ္ဌာန်းလည်း မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိူင်ငံပဲလို့ ဆိုကြပါတယ်။ ဒါဆို ပြဋ္ဌာန်းတာနဲ့ မပြဋ္ဌာန်းတာ ဘယ်လိုကွာလဲ။ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲ ဆိုတာလည်း သိပါရစေ။
ဘယ်နည်းနဲ့မှ တန်းညှိမခံနိုင်ပါ တို့နိုင်ငံတော်ဘာသာ 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 (သို့မဟုတ်)နိုင်ငံတော်ဘာသာပြန်လည်ထွန်းတောက်ပါစေသော်...... ဦးနုချစ်မြတ်နိုးသူများအဖွဲ့၏ တွေဆုံမေးမြန်းချက်အား ပြန်လည်မျှဝေပါသည်။ သြဂုတ်၊ ၂၀၂၀ ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့တဲ့ ၅၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ နိုင်ငံတော်ဘာသာနဲ့ ပတ်သက်ပြီး အများမသိသေးတဲ့ နောက်ကွယ်က သမိုင်းအမှန်အချို့ကို နိုင်ငံတော်ဘာသာအထိမ်းအမှတ်အဖွဲ့ တည်ထောင်သူ ဦးလပြည့်ဇင် (လက်ယာ-မေတ္တာတံခွန်)ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မေး။📞📞📞 နိုင်ငံတော်ဘာသာအထိမ်းအမှတ်အဖွဲ့ စတင်ဖွဲ့စည်းဖြစ်ပုံလေးပြောပေးပါလားဗျ။ ဖြေ။📞📞📞 နိုင်ငံတော်ဘာသာ အထိမ်းအမှတ်အဖွဲ့ကို ၅၅ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရက်စွဲအနေနဲ့ဆိုရင်တော့ ၂၀၁၆ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ဖြစ်ပါတယ်။ မေး။📞📞📞 အဖွဲ့ရဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်လေးလည်း သိပါရစေဗျ။ ဖြေ။📞📞📞 အဖွဲ့ရဲ့ အဓိကကရည်ရွယ်ချက်ကတော့ နိုင်ငံတော်ဘာသာနေ့ကို ကိုယ်နှစ်သက်တဲ့ပုံစံနဲ့ ကျင်းပကြတဲ့သူတွေကို အချက်အလက်တွေ ထောက်ပံ့ပေးနိုင်အောင်ပါပဲ။ တစ်နည်းပြောရရင် မြန်မာရက်ဖြစ်တဲ့ ဝါခေါင်လပြည့်နေ့ ကျင်းပကျင်းပ ကမ္ဘာသုံးရက်ဖြစ်တဲ့ သြဂုတ်လ ၂၆ ရက် ကျင်းပကျင်းပ ဘယ်ရက်မှာကျင်းပပါစေ လိုအပ်တဲ့ အချက်အလက် အထောက်အပံ့ကို မှန်မှန်ကန်ကန်ဖြစ်အောင် ပေးနိုင်ဖို့ပါပဲ။ မေး။📞📞📞 ဒီအဖွဲ့ကြီးကို ဘယ်လိုမျိုးဖွဲ့စည်းထားတယ်ဆိုတာလည်း သိပါရစေ။ ဖြေ။📞📞📞 အဖွဲ့ကြီးကို အဖွဲ့ချုပ်ပုံစံမျိုး မဟုတ်ဘဲ ကွန်ရက်ပုံစံမျိုးပဲ ဖွဲ့စည်းထားပါတယ်။ မေး။📞📞📞 အခြားဘာသာရေးအသင်းအဖွဲ့တွေကော ချိတ်ဆက်လို့ရတဲ့ သဘောလား။ ဖြေ။📞📞📞 ဟုတ်ကဲ့ ချိတ်ဆက်လို့ရပါတယ်။ အဖွဲ့ရဲ့ မူဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ စုပေါင်းကုသိုလ်ပြုပြီး သြဂုတ်လ ၂၆ ရက်မှာ စုပေါင်းအခမ်းအနား ကျင်းပလိုသူတိုင်း အဖွဲ့မှာ ပါဝင်ဆောင်ရွက်လို့ရပါတယ်။ တစ်ရက်တည်းပဲ ဆောင်ရွက်လိုတဲ့သူတွေအနေနဲ့ကတော့ အဖွဲ့ကိုချိတ်ဆက်ပြီး အချက်အလက်အထောက်အထားတွေ ရယူနိုင်ပါတယ်။ မေး။📞📞📞 နိုင်ငံတော်ဘာသာနေ့ဆိုပြီး အခုနောက်ပိုင်း တစ်နှစ်တစ်ကြိမ် တစ်နိုင်ငံလုံးက ဗုဒ္ဓသာသနာဝင်တွင်က အထိမ်းအမှတ်အခမ်းအနားတွေ ပြန်လည်ကျင်းပလာတွေ့ရပါတယ်။ ဘယ်ကစပြီး နိုင်ငံတော်ဘာသာနေ့ဆိုတာ ဖြစ်ပေါ်လာသလဲ သိပါရစေ။. ဖြေ။📞📞📞 ကျွန်တော် သိမီသလောက် ဖြေရမယ်ဆိုရင် မေတ္တာတံခွန်အသင်းက ၄၈ နှစ်မြောက် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတဲ့နေ့ကို အထိမ်းအမှတ်ပြု လုပ်ဆောင်ခဲ့ပါတယ်။ အသင်းကထုတ်တဲ့ အက္ခရာဥယျာဉ် စာစဉ်မှာ ကဏ္ဍတစ်ရပ်အနေနဲ့ပါ။ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်နေ့မှာတော့ ပို့စကတ်လုပ်ပြီး အသင်းနဲ့နီးစပ်သူတချို့ကို ဝေခဲ့ပါတယ်။ ရည်ရွယ်တာကတော့ နိုင်ငံတော်ဘာသာနေ့ကို အမှတ်တရ လုပ်ပေမဲ့ စုပေါင်းအဖွဲ့တစ်ရပ် ပေါ်ထွက်ဖို့ပါ။ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၅၁ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ မတိုင်ခင်မှာတော့ အဲဒီအခွင့်အရေးဟာ ပေါ်ထွက်လာပါတယ်။ ကာလအလျောက် လိုအပ်နေတဲ့ ဗုဒ္ဓသာသနာတော်ကို အခြေပြုတဲ့ သာသနဟိတ ပရဟိတ အဖွဲ့တွေပေါင်းစုံတဲ့ အသင်းချုပ်ကြီးတစ်ခုကို ထူထောင်ကြဖို့ အခွင့်အရေး ပေါ်လာပါတယ်။ အဲဒီပေါ်လာတဲ့ အခွင့်အရေးကို အမိအရယူပြီး သြဂုတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ ထေရဝါဒ ဓမ္မကွန်ရက်ဆိုတဲ့အမည်နဲ့ အသင်းချုပ်ကြီးတစ်ခုကို စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ နိုင်ငံတော်ဘာသာ သမိုင်းကို ရှာဖွေထားတဲ့သူလည်းဖြစ်၊ ထေရဝါဒ ဓမ္မကွန်ရက်ကို သြဂုတ်လ ၂၆ ရက် နိုင်ငံတော်ဘာသာနေ့မှာ စတင်တည်ထောင်ဖို့ အဆိုပြုခဲ့သူလည်းဖြစ်တဲ့ ကျွန်တော့်ကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့ပုံအကြောင်းစာတမ်းကို ဖတ်ကြားဖို့ ကွန်ရက်ပူးတွဲတည်ထောင်သူအားလုံးက တာဝန်ပေးတာကြောင့် ဖတ်ကြားတင်ပြခွင့်ရခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်ဘာသာနေ့ရယ်လို့ သီးသီးသန့်သန့် ပေါ်ထွက်လာခဲ့တဲ့ ပထမဆုံးခြေလှမ်းလို့ပဲ ကျွန်တော်ကတော့ သိထားပါတယ်ဗျ။ မေး။📞📞📞 ထေရဝါဒဓမ္မကွန်ရက်အနေနဲ့ ဦးဆောင်ပြီးလုပ်ခဲ့တော့ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မှုရလဲ။ ဘယ်လောက်ထိ နိုင်ငံတော်ဘာသာနေ့ကို အသိအမှတ်ပြုလက်ခံလာကြလဲ သိပါရစေ။ ဖြေ။📞📞📞 အလွန်ကို အောင်မြင်ခဲ့တယ်လို့ပဲ ဖြေရမှာပါ။ အနယ်နယ်အရပ်ရပ်မှာ သြဂုတ်လ ၂၆ ရက်ရောက်ရင် သာသနာ့အောင်လံတွေ လွှင့်ထူကြတယ်၊ ကုသိုလ်ပွဲတွေ ဆောင်ရွက်ကြတယ်၊ ဓမ္မစာပေဟောပြောပွဲတွေ ကျင်းပကြတယ်။ တကယ်ကို အောင်မြင်ခဲ့ပါတယ်။ အထူးပြုပြီးပြောရမှာကတော့ မေတ္တာတံခွန်အသင်း စတည်ထောင်တဲ့ ၂၀၀၄ ခုနှစ်ကစလို့ တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေရတဲ့ သာသနာ့အောင်လံတွေ နည်းမှန်လမ်းမှန် ချုပ်လုပ်ရေး၊ လွှင့်ထူရေးတွေမှာ အတိုင်းထက်အလွန်ကို အောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။ မေး။📞📞📞 နိုင်ငံတော်ဘာသာအထိမ်းအမှတ်အဖွဲ့ကြီးက နိုင်ငံတော်ဘာသာနေ့ကို မြန်မာရက်ကော အင်္ဂလိပ်ရက်ပါ နှစ်ရက်စလုံး အထိမ်းအမှတ်ပွဲလုပ်တယ်လို့ သိရပါတယ်။ ဘာကြောင့် ၂ ရက် လုပ်ဖြစ်ခဲ့ပုံလေးသိပါရစေ။