- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 24
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 66
- 1/48двое суток
- 75
- 1/72трое суток
- 81
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ယနေ့နံနက် အင်ဒိုနီးရှားကမ်းရိုးတန်းတွင် အင်အားပြင်း ၇ဒဿမ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ် Aug 15, 6:45 AM အင်ဒိုနီးရှားကမ်းရိုးတန်းတွင် ယနေ့ စနေနေ့ နံနက်အစောပိုင်းက အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များစွာလှုပ်ခတ်ခဲ့သောကြောင့် ပင်လယ် ဆူနာမီလှိုင်းသတိပေးချက်ကို ထုတ်ပြန်ထားကြောင်း ဩဂုတ် ၁၅ရက် နံနက် ချန်နယ်နယူးစ်အေးရှားသတင်းက ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဘူမိရူပဗေဒအေဂျင်စီမှ ထုတ်ပြန်ချက်အရ ယနေ့ ဒေသစံတော်ချိန် နံနက် ၄နာရီ ၅၈မိနစ်အချိန် ပြင်းအား ရစ်ချ်တာစကေး ၇.၇ ရှိသော ငလျင်တခု မြေအောက် ၃၅ ကီလိုမီတာအနက်တွင်လှုပ်ခတ်အပြီး အနည်းဆုံး နောက်ဆက်တွဲငလျင်သုံးခု ထပ်မံလှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရှိ ကမ်းရိုးတန်းဒေသတချို့အတွက် အစောပိုင်းတွင် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုငလျင်ကြီးကြောင့် နိုင်ငံတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရှိရသေးပါ။ သိရပါက သီးခြား သတင်းထပ်မံဖော်ပြပါမည်။ #မန္တလေးသတင်းကွန်ရက် #အင်ဒိုနီးရှား #ငလျင် photo credit :
без подписи
без подписи
без подписи
မြေကွက်ရောင်း၍ ရေဘေးသင့်ပြည်သူများကို ကျပ်သိန်းငါးရာ လှူဒါန်းမည်ဟု ဆို Aug 7, 7:25 PM ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြုံတွေ့နေရသည့် ရေဘေးအတွက် ကူညီထောက်ပံ့ရန် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ မြေကွက်ကိုရောင်းချမည်ဖြစ်ကာ ရောင်းရငွေထဲမှ ငွေကျပ်သိန်းငါးရာကို လှူဒါန်းမည်ဖြစ်ကြောင်း မန္တလေးမြို့၊ ယဉ်ကျေးစံ(ခ)ရွှေပြည်ကြီး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ မမိုးသက်ဝေက ပြောသည်။ “ရေဘေးသင့်လို့ ဒုက္ခရောက်နေကြတဲ့သူတွေအတွက် အလွန်ပဲစိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ကျမလက်ထဲမှာ ငွေမရှိသေးတာမို့ ညောင်ဦးမှာရှိနေတဲ့ ကျမရဲ့ မြေကွက် ၁ ဧက ဒဿမ ၄၄ ကို ကျပ်သိန်းသုံးထောင်နဲ့ ရောင်းချင်တယ်။ ကျပ်သိန်း၁၀၀၀ကို အရင်ပေးပြီး ကျန်ငွေကို ၅ လဆိုင်းဖြစ်ဖြစ် ၁၀ လဆိုင်းဖြစ်ဖြစ် ရောင်းပေးမယ်။ ကျပ်သိန် ၁,၀၀၀ ကို အရင်ရရင်ပဲ ကျမအနေနဲ့ ရေဘေးဒုက္ခသည်များကို ကျပ်သိန်း ၅၀၀ လှူချင်ပါတယ်ရှင့်”ဟု ၎င်းကဆိုပါသည်။ ယခုရောင်းချမည့်မြေကွက်နှင့်အတူ ၄ဒဿမ၄၁ဧက၊ ၂ဧက မြေကွက်တို့လည်း ရောင်းချရန်ရှိပြီး ဟိုတယ်ပါမစ် ၃၀(ခ) ကျပြီးသည့် မြေများဖြစ်သည်။ တူရင်းတောင်နှင့် မျက်နှာချင်းဆိုင်၊ ဦးစိုးမြင့် ဟိုတယ်အလုံး၁၀၀ အနီးတွင်တည်ရှိကာ အမည်ပေါက် စာရွက်စာတမ်းအပြည့်အစုံရှိသည်။ ကျန်မြေကွက်များပါ ရောင်းချပြီးပါက ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဆေးရုံနှင့် မျက်စိဆေးခန်း တည်ဆောက်လှူဒါန်းဖို့လည်း ရည်မှန်းထားကြောင်း မမိုးသက်ဝေက ပြောသည်။ ယဉ်ကျေးစံ(ခ)ရွှေပြည်ကြီး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်မှာ 09 881 290 047,09 425 314 710 ဖြစ်သည်။ #မန္တလေးသတင်းကွန်ရက် #ရေဘေး #အလှူ #မြေ
без подписи
без подписи
без подписи
မတ္တရာ တံငါချောင်းမကြီးရေလျှံသဖြင့် ကားလမ်းမကြီးပေါ် ရေကျော် Aug 7, 12:55 PM မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါချောင်းမကြီးမှရေလျှံသောကြောင့် ယနေ့ဩဂုတ် ၇ရက် နံနက်ပိုင်းတွင် မိုင်တိုင်အမှတ် 25/1မှ 25/6အထိ ကားလမ်းမပေါ် ရေကျော်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေကျော်နေသည့်ကားလမ်းနေရာတွင် အများပြည်သူဘေးကင်းစွာသွားလာနိုင်ရန်အတွက် မတ္တရာမြို့နယ်မီးသတ်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဦး၊ မတ္တရာကယ်ဆယ်ရေးအဖွဲ့မှ ၁၀ဦး၊ မတ္တရာကြက်ခြေနီ အဖွဲ့မှ ၁၀ဦး၊ စုစုပေါင်း ၅၀ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်လျက်ရှိပါသည်။ #မန္တလေးသတင်းကွန်ရက် #မတ္တရာ #ရေဘေး photos credit : သန်းဌေး
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
တချိန်က စျေးထဲမှာ ကိုယ်ထိုးထားသည့် ကလစ်လေးကို သူများခေါင်းပေါ်မှာ မြင်ရချိန် ပျော်ခဲ့ရသည့် သူမတွင် ချည်နှင့်ပတ်သက်၍ အနာဂတ်ရည်မှန်းချက်များလည်း များစွာရှိနေသည်။ သူမ၏ ချည်ထုတ်ကုန်နှင့် ဖန်တီးမှုလက်ရာများအတွက် ဆက်သွယ် မှာယူလိုပါက OL Myanmar Cotton Fb & tiktok ဖုန်းနံပါတ် 09 45 880 10 25 သို့ ဆက်သွယ်စုံစမ်းနိုင်သည်။ #မန္တလေးသတင်းကွန်ရက် #စီးပွားရေး #ချည်
ချည်ထိုး ဝါသနာပါသူ အမျိုးသမီးတယောက်၏ Local Brand တခုဆီသို့ ခရီးလမ်း Aug 5, 7:38 AM ချည်ထိုးခြင်းသည် မဇင်မျိုးမျိုးအတွက် ဝါသနာတခုဖြစ်သည်။ ကလစ်လေးများကို ထိုးရောင်းခဲ့ရာမှ အသက်မွေးဝမ်းကျောင်းအဖြစ် ခိုင်မာစွာ ပြောင်းလဲပေးနိုင်သည့် အလုပ်အကိုင်တခုဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်မိခဲ့။ ထိုသို့ ဝါသနာမှအစပြုခဲ့သည့် ခရီးလမ်းသည် ယခုအချိန်တွင် OL Myanmar Cotton ဟူသော ပြည်တွင်းထုတ် Chrochet ချည်တံဆိပ်တခုကို အောင်မြင်စွာ ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ "ကိုယ်ထိုးထားတဲ့ ကလစ်တွေ၊ ဆံထိုးလေးတွေကို စျေးထဲမှာ သွားရောင်းခဲ့ရတယ်။ ရောင်းရတာ မရောင်းရတာထက် ကိုယ်ထိုးထားတဲ့ ကလစ်လေး သူများခေါင်းမှာ မြင်နေရရင်ကို ပျော်နေတာ"ဟု မဇင်မျိုးမျိုးက ပြောသည်။ ထိုပျော်ရွှင်မှုကပင် သူမကို Crochet လောကထဲ ဆက်လျှောက်ဖြစ်စေခဲ့ပြီး ကလစ်၊ ဆံထိုးလို အသုံးအဆောင်များကို ဖန်တီးရာမှ နောက်ပိုင်းတွင် လက်ခစား ချည်ထိုးအလုပ်ကို လုပ်ကိုင်လာခဲ့သည်။ လုပ်ငန်းအတွေ့အကြုံများ တဖြည်းဖြည်းများလာသည့်အခါ ကိုယ်တိုင် အော်ဒါလက်ခံ၍ ချည်ထိုးခြင်းကို တစိုက်မတ်မတ်လုပ်ခဲ့သလို ချည်များအကြောင်းကိုလည်း ပိုမိုလေ့လာရင်း Crochet အတွက် သင့်တော်သည့် ပြည်တွင်းထုတ်ချည်ကို ကိုယ်တိုင်ထုတ်လုပ်ရန် စိတ်ကူးရလာသည်။ သူမနေထိုင်ရာ အမရပူရမြို့သည် ချည်လုပ်ငန်းနှင့် ယက်ကန်းလုပ်ငန်းများ အစဉ်အလာကြီးမားသည့် ဒေသတခုဖြစ်သောကြောင့် ဒေသခံကျွမ်းကျင်သူများ၏ အကြံဉာဏ်များကိုရယူကာ OL Myanmar Cotton ကို စတင်ဖန်တီးခဲ့သည်။ "အမရပူရဆိုရင် ဦးပိန်တံတားနဲ့တွဲမြင်ကြတာ တကယ်က ချည်လုပ်ငန်းတွေရဲ့ ဆုံရပ်လို့တောင် ပြောချင်တယ်။ ချိတ် ပုဆိုး ပိုးထည်အကုန်လုံးလိုလိုက ဒီကနေပဲထွက်တာ။ မိရိုးဖလာလုပ်ငန်းပေါ့”ဟု သူမက ရှင်းပြသည်။ လက်ရှိ OL Myanmar Cotton သည် ၁၀၀ ရာခိုင်နှုန်း ဝါဂွမ်း (Cotton) ကို အခြေခံပြီး 3 Ply ၊ 5 Plyနဲ့ အိတ်ထိုးချည်များကိုထုတ်လုပ်နေပြီး နောက်ထပ်ချည်အမျိုးအစားများ ထပ်ထုတ်ရန်လည်း ဆန္ဒရှိနေသည်။ "အခုက တနိုင်တပိုင်ပဲဆိုတော့ စိတ်ရှိတိုင်းလုပ်ဖို့ ငွေအားက မတောင့်တင်းဘူး"ဟု ဆိုပါသည်။ 3 Ply ချည်ကို အင်္ကျီနှင့် ဂါဝန်လို အဝတ်အထည်များအတွက် အသုံးများကြပြီး 5 Ply ချည်ကို အိတ်၊ အရုပ်၊ ပန်း၊ မာဖလာ၊ အခြားလက်မှုပစ္စည်းများပြုလုပ်ရာ၌ အသုံးပြုကြသည်။ ချည်တမျိုးချင်းစီအလိုက် ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက်များ ရှိကြသည်။ ယနေ့ခေတ်တွင် ချည်ထိုးလောကသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာသဖြင့် ဝါသနာပါသူများအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်တခုအဖြစ်ပါ ရွေးချယ်သင့်လာကြောင်း အကြံပြုသည်။ လက်မှုပညာရှင် Chrocheter များသည် ကိုယ်ပိုင်စိတ်ကူးနှင့် ဒီဇိုင်းအသစ်များ ဖန်တီးနိုင်လာပြီး Tote Bag၊ Mesh Bag၊ ပန်း၊ အရုပ်မျိုးစုံ၊ ဆွယ်တာ၊ မာဖလာ စသည့် ထုတ်ကုန်မျိုးစုံကို ဖန်တီးနေကြပြီ။ "ချည်ထိုးသူတွေ ထိုးပြီးသွားရင် ကိုယ့်ထုတ်ထားတဲ့ချည်မှ ဟုတ်ရဲ့လားလို့ ထင်ရတယ် ။အရမ်းကိုလှလာကြတာ။ ကိုယ်ထိုးတတ်တာထက်ကို သူတို့ကအသေးစိတ်ကျ သေသပ်လှပနေတာ။အနုပညာလက်ရာတခုလိုပဲ”ဟု မဇင်မျိုးမျိုးက ချည်ထိုးသူများကို ချီးကျုးစကားဆိုသည်။ OL Myanmar Cotton ၏ ချည်များကို Handmade ပစ္စည်းဆိုင်များမှတဆင့် ဝယ်ယူရရှိနိုင်ပြီး ဆက်စပ်ပစ္စည်းများကိုလည်းအတူ တနေရာတည်း ဝယ်ယူနိုင်အောင် ရည်ရွယ်ထားသည်။ သူမ၏ချည်ကို အသုံးပြုဖူးသူများ မှတ်ချက်နှင့်အတူ Handmade ဆိုင်များမှ အကြံဥာဏ်များကပင် OL Myanmar Cotton ကို တဖြေးဖြေး ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြစ်သည်။ "သူတို့ကို ကျေးဇူးတင်ရမှာပဲ။ ကိုယ်က ချည်ပဲ ထိုးတတ်တာ မာကတ်တင်းတွေ စျေးကွက်တွေ သိပ်နားမလည်ဘူး။ Local Yarn သုံးနိုင်တဲ့နေရာတွေမှာ ပြည်တွင်းထုတ်ချည်ကို ဦးစားပေးအသုံးပြုစေချင်တယ်။ ကိုယ့်တံဆိပ်မှ မဟုတ်ဘူး။ တခြားတံဆိပ်တွေလည်း ရွေးစရာရှိတယ်။ချည်ထိုးထားတဲ့ ပစ္စည်းလေးတွေ နိုင်ငံခြားကို ပို့နေကြသူတွေလည်းရှိတယ်။တနိုင်တပိုင်လောက်ဖြစ်နေသေးလို့သာ။မြန်မာပြည်ရဲ့ ဝါချည်ကလည်း ဒီက chrocheterတွေရဲ့ လက်ရာနဲ့ဆို အဆင့်တခုရောက်လာမှာ၊ကိုယ်ကလည်း ချည်အရည်အသွေး ပိုကောင်းအောင် ကြိုးစားရမယ်”ဟု ရှင်းပြသည်။ ပြည်တွင်းချည်တံဆိပ်များအချင်းချင်း ယှဉ်ပြိုင်ရင်း၊ ပူးပေါင်းရင်းဖြင့် ပြည်တွင်း Crochet ချည်လုပ်ငန်းများ၏ ချည်အရည်အသွေးကို မြှင့်တင်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။ "စီနီယာတွေလည်း ကြိုးစားနေသလို ကိုယ်လည်းကြိုးစားမယ်လေ၊မသိတာတွေအချင်းချင်း မေးကြ၊ ဖြေကြ၊ တိုင်ပင်ကြရင်း လုပ်ရမှာပေါ့။ ချည်အသစ်ထုတ်လိုသူတွေကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်”ဟု ဆိုသည်။ ချည်လောကတိုးတက်စေချင်သည့် သူမ၏ စေတနာကို မြင်မိသလို စီးပွားရေးတခုထက် သူမသည် ချည်များနှင့် ပိုပျော်မွေ့နေဟန်တူသည်။ "ချည်ထိုးသင်တန်းပေးနိုင်သူတွေကို တအား အားကျတာ။ သူတို့သင်ပေးပြီး ချည်ထိုးအလုပ်နဲ့ အသက်မွေးမှု ဖြစ်နေတဲ့တွေကိုတွေ့ရင် သင်တန်းပေးခဲ့တဲ့သူတွေ ဘယ်လောက်ပျော်မလဲမသိဘူး”ဟု မဇင်မျိုးမျိုးက ပြောသည်။
без подписи
ဆည်တော်ကြီးဆည်၏ ရေတံခါးများ ဖွင့်ချထားရပြီး အရေးပေါ်အခြေအနေအတွက် စုဖွဲ့ပြင်ဆင်ထားဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး)ကော်မတီမှ ထုတ်ပြန် Aug 4, 8:33 PM မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်၏ ကန်ရေပြည့်အမှတ်မှာ (၁) ပေခွဲခန့်သာ လိုတော့သည့်အတွက် ရေတံခါးများ ဖွင့်ချထားလျက်ရှိကြောင်း သိရသည်။ တံငါတံတား၏ လက်ရှိရေအမှတ်မှာလည်း (၉၅.၆)သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီ ဖြစ်ကာ နောက်ထပ် ရေ (၃)ပေ ထပ်တိုးပါက ကားလမ်းရေကျော်နိုင်ကြောင်း၊ လက်ရှိတွင် ကျေးရွာများနှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများကျော်လွန်၍ စတင်ဝင်ရောက်နေပြီဖြစ်ပါသဖြင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင် နှင့် အင်းသကား ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အမြန်ဆုံး ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြပါရန် အသိပေး နှိုးဆော်ထားသည်။ ထိုသို့သော အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်ရန် အကောင်းဆုံး စုဖွဲ့ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီမှ ယနေ့ ဩဂုတ်၄ရက် ည၈နာရီကျော်အချိန် သတင်းထုတ်ပြန်ထားသည်။ #မန္တလေးသတင်းကွန်ရက် #ဆည်တော်ကြီး #မတ္တရာ #ရေဘေး photo credit : original uploader