T
Think Better ~ 12min Notes Myanmar (Est. 2019)
описание
We distill complex ideas and make them accessible and useful for Myanmar people. Web: https://12minnotes.com YT: https://www.youtube.com/12minNotesMyanmar FB: https://www.facebook.com/12minNotes Messenger: https://m.me/12minNotes TG: @My12minNotesBot
1 698
подписчиков
Охват к подписчикам
9,3%
ERR
Реакции к просмотрам
0,75%
53 на 35 постов
Пересылки к просмотрам
0,00%
0
Постов в день
0,9
всего 35
Где отзываются чаще
доля реакций к просмотрам- 17 авг.❤️🩹 အခုလို အားလုံးရုန်းကန်နေရတဲ့ကာလမှာ၊ ကိုယ်က အနည်းငယ် ပိုပြီး အသက်ရှူချောင်နေသေးတယ်ဆိုရင်... ကျနော်တို့ရဲ့ အနည်းငယ်သော မျှဝေမှုက ခက်ခဲနေတဲ့ ဘဝတစ်ခုအတွက်တော့ အသက်ဆက်စရာ အားဆေးတစ်ခု ဖြစ်သွားနိုင်တာမို့၊ တတ်နိုင်တဲ့အင်အားနဲ့ ဖေးမကူညီဖို့ မတုံ့ဆိုင်းပါနဲ့ခင်ဗျာ။7,41%
- 25 мар.✊ အလုပ်နဲ့ပတ်သက်ပြီး၊ အစကနေပြန်စဖို့ စိတ်ထဲ ပူပန်နေမိတယ်ဆိုရင် ဒီစာက စာဖတ်သူအတွက်ပါ။ တကယ်လို့ စာဖတ်သူက ကိုယ့် “Professional Identity” ကို လက်လွှတ်ရမှာကို ကြောက်တဲ့သူဆိုရင် ဒီလင့်ခ် https://www.facebook.com/share/p/1Ab2FJn4sa/ ကို နှိပ်ပြီး တစ်ခေါက် ဖတ်ရှုကြည့်လိုက်ပါခင်ဗျာ။ #professionalidentity #professionals #IdentityCrisis2,52%
- 10 авг.ရေရှည်အနာဂတ်အတွက် ပန်းတိုင်တွေကို မေးကြည့်တဲ့အခါ လူငယ် (၈၀) ရာခိုင်နှုန်းကျော်ရဲ့ ပထမဆုံးဆန္ဒက 💰 "ချမ်းသာကြွယ်ဝဖို့" ပါတဲ့၊ (၅၀) ရာခိုင်နှုန်းကတော့ 🌎 "ကျော်ကြားသူတစ်ယောက်ဖြစ်ဖို့” လို့ ဖြေကြပါတယ်။ ကျွန်တော်တို့တော်တော်များများလဲ လူငယ်၊ လူရွယ်တွေကိုတွေ့တိုင်းမှာ "ပိုကြိုးစားပါ၊ ရာထူးတက်အောင် လုပ်ပါ၊ အောင်မြင်အောင်ရုန်းကန်ပါ" ဆိုပြီး သူတို့အနာဂတ်အတွက် အမြဲတမ်း တွန်းအားပေးလေ့ရှိတယ်။ ဒါပေမယ့် ဒီအရာတွေက အသက်အရွယ်ရလာတဲ့အခါ သူတို့ကို တကယ်ပျော်ရွှင်စေဖို့ အာမခံ မပေးနိုင်ပါဘူး။ ဒါဆိုရင်… လူတစ်ယောက်အတွက် တစ်သက်လုံး ကျန်းမာပျော်ရွှင်စေနိုင်တဲ့အရာက “ငွေကြေးကြွယ်ဝဖို့”၊ “ကျော်ကြားဖို့” တွေ မဟုတ်ဘူးဆိုရင်၊ ဘာများဖြစ်မလဲ❓ ဟားဗတ်တက္ကသိုလ် (Harvard University) က သုတေသီတွေစုပေါင်းပြီးတော့ သမိုင်းတစ်လျှောက် အကြာဆုံး လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ 📋 (၇၅) နှစ်ကြာအောင် အမျိုးသား (၇၂၄) ဦးရဲ့ ဆေးမှတ်တမ်းတွေ၊ မိသားစုအင်တာဗျူးတွေ၊ အလုပ်အကိုင်နဲ့ ဘဝအတက်အကျတွေကို အသက်အရွယ်အလိုက် အသေးစိတ် စောင့်ကြည့်ပြီးတော့မှ၊ လေ့လာခဲ့ကြတာပါ။ ဒီလိုကောက်ယူခဲ့တဲ့ ဒေတာအချက်အလက်တွေရဲ့ အဆုံးသတ်မှာ… လူတွေရဲ့ တစ်သက်တာ ပျော်ရွှင်မှုက စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ လုပ်ငန်းခွင် အောင်မြင်မှုတွေမဟုတ်ဘဲ၊ ✨ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခြင်းလို့ အဖြေထွက်လာပါတယ်။ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတွေက ကျွန်တော်တို့အတွက် စစ်မှန်ကြာရှည်ခံတဲ့ ပျော်ရွှင်မှုတွေကို ရစေပြီးတော့၊ ရုပ်ပိုင်းဆိုင်ရာအရလဲ ပိုမိုကြံ့ခိုင်စေတယ်တဲ့။ ══════════════ 🔗 (၁) လေ့လာမှုအရ ခင်မင်ရင်းနှီးစရာ ရှိတဲ့သူနဲ့မရှိတဲ့သူရဲ့ ကျန်းမာရေးအခြေအနေတွေ ကွာခြားတယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေက စိတ်ကိုပဲ ပျော်ရွှင်စေတာမဟုတ်ပါဘူး၊ ခန္ဓာကိုယ်အတွက်လဲ ကျန်းမာကြံ့ခိုင်စေနိုင်တယ်။ မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ ခင်မင်ရင်းနှီးကြတဲ့သူတွေက တစ်ယောက်တည်း သီးခြားခွဲထွက်နေသူတွေထက် ပိုပြီး ကျန်းမာသန်စွမ်းသလို၊ အသက်ပိုရှည်ကြတယ်။ ပိုပြီးလဲ ပျော်ရွှင်ကြတယ်၊ ဘဝအနိမ့်အမြင့်တွေကိုလဲ ကောင်းကောင်း ကျော်လွှားနိုင်စွမ်းရှိကြတယ်။ အထီးကျန်တဲ့ခံစားချက်က ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးယိုယွင်းတာဟာ အထီးကျန်ဆန်မှုကြောင့်ပါ။ ══════════════ 🔗 ၂။ ရင်းနှီးတဲ့ဆက်ဆံရေးတွေရဲ့ အရည်အသွေးက ကိုယ်ခံအားအတွက် ဒိုင်းခံတစ်ခုလို အလုပ်လုပ်ပေးတယ်။ ပဋိပက္ခနဲ့ ရန်များစရာလူတွေနဲ့အတူရှိရလို့ ခံစားရတဲ့ stress level က သူတို့နဲ့ခွဲခွာလို့ဖြစ်ရတဲ့ stress level ထက် ပိုမြင့်ပါတယ်။ ကိုယ့်ရဲ့ social life အတွင်းမှာ လူအများကြီးရှိနေဖို့ထက်၊ ရှိနေတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိဖို့က ကိုယ့်ကို ပိုပြီးကျန်းမာပျော်ရွှင်စေနိုင်တယ်။ နွေးထွေးမှု၊ အပြန်အလှန်ဖေးမမှုနဲ့ လေးစားမှုရှိတဲ့ ဆက်ဆံရေးတွေက အသက်ကြီးလို့ ကျန်းမာရေးချို့ယွင်းလာချိန်မှာတောင်မှ လဲကျမသွားစေဘဲ၊ သန်မာကြံ့ခိုင်စေပါတယ်။ ══════════════ 🔗 ၃။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေက ဦးနှောက်ကိုပါ အကာအကွယ်ပေးတယ်။ လေ့လာမှုဆေးမှတ်တမ်းတွေအရ လိုအပ်တဲ့အချိန်တိုင်းမှာ ယုံကြည်အားကိုးလို့ရတဲ့ ဆက်ဆံရေးရှိထားသူတွေရဲ့ဦးနှောက်က ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တယ်၊ မှတ်ဉာဏ်စွမ်းရည်လျှော့ပါးလာမှုလဲ သိသိသာသာ လျော့ကျနေလေ့ရှိတယ်။ ယုံကြည်အားကိုးနိုင်တဲ့ ဆက်ဆံရေးတွေက အမြဲလိုလို သာယာဖြောင့်ဖြူးနေတာကို ဆိုလိုတာမဟုတ်ပေမယ့်၊ အမြင်မတူတာတွေနဲ့ စကားများစရာတွေကြားထဲမှာတောင်မှ နှစ်ဦးကြားမှာ ခိုင်မာတဲ့ယုံကြည်မှုရှိထားတာက ဦးနှောက်အတွက် အလုပ်လုပ်နိုင်ဖို့ အကောင်းဆုံး အခြေအနေတစ်ခုပါ။ တစ်ယောက်ကိုတစ်ယောက် စိတ်ချရတဲ့ဆက်ဆံရေးအတွင်းမှာ သံသယပွားစရာ အလုပ်ပို၊ ဝန်ပိုတွေကို ဦးနှောက်က ပူပင်စရာမလိုတာကြောင့်၊ သူ့ရဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်တယ်၊ အာရုံစိုက်စရာရှိတာတွေကို ကောင်းကောင်း အာရုံစိုက်နိုင်တယ်။ ကိုယ့်ဦးနှောက်ကျန်းမာရေးအခြေအနေက ကိုယ့်မှာရှိနေတဲ့ ဆက်ဆံရေးတွေအပေါ်မှာ အများကြီး မူတည်နေတာကို တွေ့ရပါတယ်။ ══════════════ (ဆက်ရန်)2,08%
- 6 февр.🤭 စာဖတ်သူစိတ်ထဲရှိနေတဲ့ လူတစ်ယောက်နဲ့ပတ်သက်ပြီး ဒီထဲက ဘယ်အချက်တွေကို ခံစားမိနေပြီလဲ။ #valentinesday #signsoflove #loveislove1,79%
- 10 авг.🪩 ကျွန်တော်တို့လို လူရွယ်တွေ ဒီလိုခေတ်မျိုးမှာအဖြစ်များလာတာက မျက်နှာချင်းဆိုင်တွေ့ရတဲ့ဆက်ဆံရေးတွေကို ဖုန်းထဲကဆက်ဆံရေးတွေလောက် သိပ်ပြီး အလေးမထားဖြစ်တော့တာပါ။ ကိုယ့်မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို အချိန်မပေးဘဲ လျစ်လျူရှုလိုက်ဖို့က ဒီခေတ်မှာ အရမ်းလွယ်ကူလာတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ social life က ကောင်းသလိုလိုနဲ့ နိမ့်ကျလာတာကို… ကိုယ့်ရဲ့လူမှုဆက်ဆံရေးကြောင့် ကိုယ်က ကျန်းမာနေတာလား၊ ထိခိုက်နေတာလားဆိုတာကို ဆန်းစစ်ဖို့လဲသတိမပြုနိုင်ကြတော့ဘူး။ ဟားဗက်တက္ကသိုလ်က သုတေသီတွေရဲ့ သမိုင်းကြောင်းလေ့လာမှုမှာတော့ 🟡 အသက် (၈၀) အထိ အပျော်ရွှင်ဆုံး အကျန်းမာဆုံး နေထိုင်သွားကြရသူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေကို မိတ်ဆွေစစ်တွေအဖြစ် ပြောင်းလဲနိုင်ခဲ့သူတွေ၊ မိသားစုနဲ့ သူငယ်ချင်းဆက်ဆံရေးတွေကို ပုံမှန်အချိန်ပေးပြီး ဆက်ဆံရေးအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြသူတွေလို့ သက်သေပြထားတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်တဲ့အခါ “ငွေကြးကြွယ်ဝဖို့”၊ “အောင်မြင်ကျော်ကြားဖို့” တွေက အဓိကမကျဘဲ၊ 🌎 ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်ဖို့က ဘဝရဲ့ secret way of health and happiness အနှစ်သာရဖြစ်တယ်ဆိုတာကို ဒီ TED Talk Summary ကနေတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ 🥰 ဒီ TED Talk ကို ဟားဗက်ရဲ့ “Adult Development” လေ့လာမှုပရောဂျက်မှာ ပါဝင်ထားတဲ့ စတုတ္တမြောက်ဒါရိုက်တာ 📌 Psychiatrist Robert Waldinger က What Makes A Good Life? Lessons From The Longest Study On Happiness ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ပြန်ပြီး ပြောပြထားတာပါ။ 👇🏻 TED Talk Link က ဒီမှာပါဗျာ။ 📍https://www.ted.com/talks/robert_waldinger_what_makes_a_good_life_lessons_from_the_longest_study_on_happiness?1,71%
- 5 мая𝐓𝐡𝐞 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐅𝐮𝐥𝐥 𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 အပါအဝင် 📚 စာအုပ်ကောင်း (၁၅) အုပ်ထဲက အကောင်းဆုံး ဗဟုသုတ အဆီအနှစ်တွေကို ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားတဲ့ 𝐌𝐚𝐬𝐭𝐞𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐇𝐚𝐛𝐢𝐭𝐬 ကို ဝယ်ယူဖတ်ရှုပြီး (၂) ပတ်အတွင်း စာဖတ်သူအတွက် လုံးဝ လုံးဝ အသုံးမဝင်ဘူး၊ ဂျင်းတွေလို့ခံစားရရင် 12min Notes Myanmar ဘက်ကနေ အမေးအမြန်းမရှိ ငွေပြန်အမ်းပေးမယ့်အထိ 💯 ကျနော်တို့ ဒီလောက် ယုံကြည်မှုရှိပါတယ်။ 👉 ဒါကြောင့် 𝐌𝐚𝐬𝐭𝐞𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐇𝐚𝐛𝐢𝐭𝐬 ကို ဝယ်ယူအသုံးချလိုပါက “Telegram Chat Bot” ကို ဒီလင့်ခ် https://t.me/My12minNotesBot ကနေ ဆက်သွယ်ပြီး စာမြည်းဖတ်ရှုနိုင်ပါပြီ။ တစ်ကြိမ်သာရမယ့် One-time Exclusive Discount Offer က သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။✨ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #masterexcellenthabits #habits #selfhelp #ThePowerOfFullEngagement1,67%
- 3 авг.✨ ကျနော်တို့အားလုံးဟာ တစ်နေ့ထက်တစ်နေ့ မသိမသာ ပြောင်းလဲလာနေကြတာပါ။ အတိတ်က လူဆိုးလေးကို ခွင့်လွှတ်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံး ရှင်သန်လိုက်ရအောင်။ #lewiscarrollquote #lifehack1,61%
- 11 авг.🥵💢 ဒီနေ့ခတ်မှာ လူတော်တော်များများ “burnout” လွယ်လွယ် ဖြစ်လာရတာက “Time Management” မကောင်းလို့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ့်ခန္ဓာရဲ့ စွမ်းအင်စီမံခန့်ခွဲမှု “Energy Management” ကို မေ့လျော့ထားမိတတ်ကြလို့ပါ။ အချိန်ဆိုတာ အမြဲ ပုံသေနည်းကျ စီးဆင်းနေပေမယ့်၊ စွမ်းအင်ကတော့ နိမ့်တစ်လှည့်၊ မြင့်တစ်လှည့် ဖြစ်တည်နေတာမို့၊ ကိုယ့်ရဲ့ စွမ်းအင် အတက်အကျအလိုက်၊ တစ်နေ့တာ အလုပ်နဲ့အချိန်တွေကို ပါးပါးနပ်နပ် ခန့်ခွဲဖို့လိုအပ်ပါတယ်။ ဒါကြောင့် Time Management, Energy Management ကို ထိထိရောက်ရောက် အသုံးပြုတတ်လာစေမယ့် စာအုပ် (၃) အုပ်ကို မျှဝေပေးလိုက်ပါတယ်။ ⬛ (၁) 𝗗𝗲𝗲𝗽 𝗪𝗼𝗿𝗸 𝗯𝘆 𝗖𝗮𝗹 𝗡𝗲𝘄𝗽𝗼𝗿𝘁 အမြဲ အလုပ်ရှုပ်နေပေမဲ့ အရာမထင်ဖြစ်နေရတာ "Energy Management" လိုနေလို့ပါ။ "Deep Work" စာအုပ်က သင့်ကို အာရုံစူးစိုက်မှု ချောက်ထဲတွန်းပို့နေတဲ့ Notification တွေကြားကနေ ရုန်းထွက်ပြီး၊ ဦးနှောက်ရဲ့ စွမ်းအင်ကို အမြင့်ဆုံး အသုံးချနိုင်မယ့် နည်းလမ်း (၄) မျိုးကို အသေးစိတ် သင်ပေးပါလိမ့်မယ်။ အချိန်ဆွဲတဲ့ အကျင့်ကို ဖျက်ဆီးပြီး မိနစ် ၉၀ အတွင်း အရည်အသွေးမြင့် ရလဒ်တွေ ဖန်တီးချင်ရင်တော့ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ကြည့်ဖို့ ညွှန်းပါရစေ။ ⬛ (၂) 𝗪𝗵𝗲𝗻 𝗯𝘆 𝗗𝗮𝗻𝗶𝗲𝗹 𝗛.𝗣𝗶𝗻𝗸 အလုပ်တစ်ခုကို ဘယ်လိုနည်းလမ်းတွေနဲ့ ပိုကောင်းအောင်လုပ်ရမလဲ ဆိုတာထက် "ဘယ်အချိန်မှာ လုပ်ရမလဲ" ဆိုတဲ့ Perfect Timing သိပ္ပံနည်းကျ လျှို့ဝှက်ချက်တွေကို "WHEN" စာအုပ်မှာ လေ့လာနိုင်ပါတယ်။ တစ်နေ့တာအတွင်း အာရုံစူးစိုက်မှု အဆိုးရွားဆုံးကျဆင်းတတ်တဲ့ နေ့လည် (၂) နာရီကနေ (၄) နာရီကြားကာလကို ကျော်လွှားဖို့ NASA နဲ့ ပရိုဂရမ်မာတွေ သုံးလေ့ရှိတဲ့ "Nappuccino" နည်းလမ်း၊ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဇီဝနာရီ (Circadian Rhythm) အလိုက် ယုတ္တိဆန်တဲ့အလုပ် “Logical Work” နဲ့ တီထွင်ကြံဆရတဲ့အလုပ် “Insight Work” တွေကို ဘယ်လို ခွဲခြားလုပ်ဆောင်ရမလဲဆိုတဲ့ လက်တွေ့ကျ အိုင်ဒီယာတွေကို အသုံးချချင်ရင်၊ ဒီစာအုပ်က သင့်အတွက်ပါ။ ⬛ (၃) 𝗧𝗵𝗲 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗶𝘁𝘆 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗯𝘆 𝗖𝗵𝗿𝗶𝘀 𝗕𝗮𝗶𝗹𝗲𝘆 Productivity ဆိုတာ အချိန်ပိုပေးတာမဟုတ်ဘဲ ကိုယ့်ရဲ့ “Energy Level” အမြင့်ဆုံးအချိန်ကို သိပြီး၊ သေချာအသုံးချတာပါ။ The Productivity Project စာအုပ်ထဲမှာပါတဲ့ Biological Prime Time နည်းလမ်းအတိုင်း၊ ကိုယ့်ရဲ့ Energy peak ဖြစ်တဲ့အချိန်ကို ရှာပြီး အရေးကြီးဆုံးအလုပ်ကို လုပ်နိုင်မယ်ဆိုရင်၊ သိပ်အပင်ပန်းခံစရာမလိုဘဲ၊ အလုပ်တွေ ချောချောမွေ့မွေ့ အပြီးသတ်နိုင်ပါလိမ့်မယ်။ သင့်ရဲ့ Energy ကို စနစ်တကျစီမံပြီး အချိန်ပိုတွေ ထွက်လာစေမယ့် ဒီလျှို့ဝှက်ချက်တွေကို အပြည့်အစုံ သိချင်ရင်တော့၊ The Productivity Project ကို အရင်ဖတ်ရှုကြည့်ပါ။ အခုမျှဝေသွားတဲ့ စာအုပ် (၃) အုပ်လုံးကို 12mins Notes Myanmar ရဲ့ ရောင်းအားအကောင်းဆုံး 🔥 10X Productivity Pack ထဲမှာ မြန်မာဘာသာဖြင့် အဆီအနှစ်ထုပ်ရေးသားထားတဲ့၊ Actionable Executive Summary Notes (eBook) အဖြစ် အချိန်တိုအတွင်း ဖတ်ရှုကာ အသုံးချနိုင်ပါတယ်။ ❑ စာဖတ်သူရဲ့ Productivity ကို အဆပေါင်းများစွာ တိုးမြှင့်ပေးပြီး၊ Work Performance ကို (၁၀) ဆမက တိုးတက်လာစေမယ့်အပြင်၊ Work-life balance ရှိအောင် အချိန်ကို စီမံခန့်ခွဲနိုင်စေမယ့် 10X Productivity Pack ဖြစ်တာမို့၊ Productive ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်၊ 👉 comment မှာ “10X” လို့ ရေးခဲ့ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်ခင်ဗျာ။ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #10XProductivityPack #10X #EnergyManagement #TimeManagement #Productivity #DeepWork #TheProductivityProject #When1,40%
- 11 авг.ကြိုးစားမှုကို လက်လျှော့လိုက်တဲ့နေ့ကျမှသာ တကယ်ရှုံးသွားတာပါ။ 💪🏻1,20%
- 20 февр.💓🤭 အချစ်ကို ဘယ်လိုပုံစံနဲ့ ဖော်ပြတတ်လဲ။ အောက်က "POLL" မှာ ရွေးပေးခဲ့ပါခင်ဗျာ။ #loveislove #valantinesday #lovelanguage1,12%
- 25 февр.🌿 ဒီနေ့ တစ်နေ့တာကို အကောင်းဆုံးအစပြုဖို့ စက္ကန့် (၃၀) ခန့်ပဲ အချိန်ပေးပါ။ လူအများစု မေ့လျော့ထားမိတဲ့ အသက်ရှူနည်းစနစ်နဲ့ မသိဘဲ လုပ်နေမိတဲ့ အသက်ရှုူပုံအမှားတွေအကြောင်း ရေးသားထားတဲ့ ❝ 𝗕𝗿𝗲𝗮𝘁𝗵 ❞ အပါအဝင် မြန်မာဘာသာဖြင့် လိုရင်းတိုရှင်း၊ အဆီအနှစ်ထုတ်ရေးသားထားတဲ့ နိုင်ငံတကာရောင်းအားအကောင်းဆုံး စာအုပ်ကောင်း (၁၉) အုပ်ကို ဖတ်ရှုလေ့လာနိုင်မယ့် Master Bulletproof Mindset (Executive Summary Notes) eBook Package ကို စိတ်ဝင်စားပါက ဒီလင့်ခ် https://m.me/12minNotes?ref=Bulletproof-Mindset မှာ စာမြည်းဖတ်ရှုလိုက်ပါ။ 🤖 VPN မလိုတဲ့ Telegram Chat Bot Link ကနေ အခမဲ့ဖတ်ရှုရန်: https://t.me/My12minNotesBot #breathwork #meditation #BreatheEasy #breath0,94%
- 10 авг.без подписи0,92%