Think Better ~ 12min Notes Myanmar (Est. 2019)
СтатистикаWe distill complex ideas and make them accessible and useful for Myanmar people. Web: https://12minnotes.com YT: https://www.youtube.com/12minNotesMyanmar FB: https://www.facebook.com/12minNotes Messenger: https://m.me/12minNotes TG: @My12minNotesBot
- Последний пост
- 03:31
- Последнее чтение
- ещё не заходили
- Постов за неделю
- 12
- Всего постов
- 35
- Тип
- открытый
- Язык
- английский
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 96
- 1/48двое суток
- 110
- 1/72трое суток
- 118
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
❤️🩹 အခုလို အားလုံးရုန်းကန်နေရတဲ့ကာလမှာ၊ ကိုယ်က အနည်းငယ် ပိုပြီး အသက်ရှူချောင်နေသေးတယ်ဆိုရင်... ကျနော်တို့ရဲ့ အနည်းငယ်သော မျှဝေမှုက ခက်ခဲနေတဲ့ ဘဝတစ်ခုအတွက်တော့ အသက်ဆက်စရာ အားဆေးတစ်ခု ဖြစ်သွားနိုင်တာမို့၊ တတ်နိုင်တဲ့အင်အားနဲ့ ဖေးမကူညီဖို့ မတုံ့ဆိုင်းပါနဲ့ခင်ဗျာ။
без подписи
😩 မနက်ကိုး ညနေငါး၊ တစ်ပတ် (၆) ရက်လုံး အလုပ်တွေရှုပ်နေပေမယ့်၊ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့အရည်အသွေး၊ အခြေအနေနဲ့ပတ်သက်ပြီး၊ ကိုယ်တိုင်တောင် စိတ်ကျေနပ်မှုမရှိ၊ အလုပ်ဆင်းချိန်ရောက်တဲ့အခါမှာလဲ စိတ်ထဲ ပေါ့ပါးမှု မရှိသလို ဖြစ်နေလား။ အဆိုးဆုံးကတော့ မနက်နိုးလာတိုင်း လန်းဆန်းမနေဘဲ၊ အလုပ်သွားဖို့ စိတ်မပါ၊ တစ်နေ့တာကုန်သွားရင်လဲ ဘာမှ မပြီးမြောက်လိုက်သလိုနဲ့ အလုပ်တွေပိပြီး ကျန်ခဲ့တဲ့အပြင်၊ ညဘက်အိမ်ရောက်တဲ့အခါ အိပ်ရာထဲခွေလှဲပြီး၊ ဖုန်းထိုင်ကြည့်ရင်းနဲ့ လှုပ်တောင် မလှုပ်နိုင်လောက်အောင် စိတ်ရောလူပါ အားအင်ကုန်ခမ်းပြီး၊ “burnout” ဖြစ်လာရတာပါပဲ။ ❌ ဒီလိုဖြစ်နေတာဟာ စာဖတ်သူက ပျင်းလို့၊ အလုပ်ကို မကြိုးစားလို့ မဟုတ်ပါဘူး။ စာဖတ်သူအပါအဝင် Knowledge worker အများစုရဲ့ အလုပ်လုပ်ပုံ နည်းလမ်း မှားယွင်းနေလို့ ဖြစ်ပါတယ်။ ဒီလိုကြုံတွေ့နေရတာကို ကျော်ဖြတ်နိုင်ဖို့အတွက်၊ ကမ္ဘာကျော်စာရေးဆရာ Cal Newport က Burnout မဖြစ်စေဘဲ၊ အလုပ်တွေကို အရည်အသွေးကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မယ့် "Slow Productivity" နည်းလမ်း (၃) ခုကို မျှဝေပေးချင်ပါတယ်။ ⬛ (၁) အလုပ်တွေကို တစ်ပြိုင်နက်တည်း အများကြီးမလုပ်ပါနဲ့။ အချိန်တစ်ချိန်တည်း၊ တပြိုင်နက် multi-tasking လုပ်တာက အလုပ်များများပြီးတယ်ထင်ရပေမယ့်၊ ဒီအကျင့် ဦးနှောက်ကို အလွန်အမင်း ပင်ပန်းစေပါတယ်။ အလုပ်တစ်ခုကနေ တစ်ခုကို ခဏခဏ ကူးပြောင်းနေတဲ့အခါ၊ ဦးနှောက်မှာ Attention Residue လို့ ခေါ်တဲ့ အာရုံစိုက်မှု အကြွင်းအကျန်တွေ ကျန်ခဲ့ပြီး၊ စိတ်ပင်ပန်းနွမ်းနယ်စေသလို၊ အလုပ်အရည်အသွေးကိုပါ ကျဆင်းစေပါတယ်။ 🎯 အဲ့ဒီအစား တစ်ချိန်မှာ အလုပ် တစ်ခုတည်းကိုပဲ ရာနှုန်းပြည့် အာရုံစိုက်ပြီး ပြီးအောင်လုပ်ပါ။ အလုပ်တွေကို တစ်ခုပြီးမှတစ်ခု အာရုံစိုက်လုပ်ခြင်းက အလုပ်ပြီးမြောက်တဲ့အရှိန်ကိုရော၊ အရည်အသွေးကိုပါ ပိုမို တိုးတက်စေပါတယ်။ ⬛ (၂) သင့်ရဲ့နဂိုအလုပ်လုပ်တဲ့အရှိန်တိုင်းသာ မှန်မှန်လုပ်ပါ။ တကယ်တော့ တစ်ပတ်မှာ (၆) ရက်လုံး အစွမ်းကုန် အားစိုက်ပြီး၊ နေ့တိုင်း အပြေးပြိုင်နေသလို အလုပ်လုပ်ဖို့ မလိုအပ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ သဘောသဘာဝအလိုက်၊ အလုပ်ရှုပ်တဲ့ရက်တွေရှိနိုင်သလို၊ သက်တောင့်သက်သာနဲ့ အလုပ်လုပ်နိုင်တဲ့ရက်တွေကိုလဲ စိတ်ရှင်းရှင်းနဲ့ လက်ခံပြီး၊ ပေါ့ပေါ့ပါးပါး အလုပ်လုပ်ပေးသင့်ပါတယ်။ ဒါမှပဲ သင့်မှာရှိသမျှ စွမ်းအင်ကို နေ့တိုင်း အတင်း ညှစ်မသုံးဖြစ်တော့ဘဲ၊ ကိုယ်ပိုင် အရှိန်နဲ့ ရေရှည် အေးအေးဆေးဆေး အလုပ်လုပ်ဖြစ်တတ်လာမှာပါ။ ⬛ (၃) အလုပ်ရဲ့ အရည်အသွေးပေါ်မှာပဲ အာရုံစိုက်ပါ။ ကျနော်တို့အများစုက အလုပ်ကို ပြီးချင်ဇောနဲ့ တစ်ချိန်တည်းမှာတင် အီးမေးလ်ကနေ စာပြန်၊ အစည်းအဝေးအတွက် စာရိုက်၊ အထက်လူကြီးကို တင်ပြဖို့ report ရေး စသဖြင့် အလုပ်မျိုးစုံကို လုပ်ဖြစ်နေတတ်ပါတယ်။ ဒီအလေ့အကျင့်က သင်လုပ်နေတဲ့အလုပ်ရဲ့ အရည်အသွေးကို မကောင်းမွန်စေဘဲ၊ သင့်ရဲ့ စွမ်းအင်တွေကိုပဲ မြန်မြန် ကုန်ခမ်းစေတာပါ။ 🎯 ဒါကြောင့် သင့်အလုပ်မှာ တန်ဖိုးအရှိဆုံးနီးပါး ရလဒ်ထွက်စေတဲ့ အဓိကအရာတစ်ခုကို ရှာပြီး အဲဒီအရာ ပိုမိုကောင်းမွန်လာဖို့ပဲ အာရုံစိုက်ပါ။ အရည်အသွေးကိုပဲ စွဲစွဲမြဲမြဲ ဂရုစိုက်လိုက်တဲ့အခါ၊ တခြား မလိုလားအပ်တဲ့ စာပြန်တာတွေ၊ စာရိုက်ပေးနေတာတွေက အမှန်တကယ် အလုပ်လုပ်နေတာမဟုတ်ဘဲ၊ အဟန့်အတားတွေဖြစ်နေမှန်း သတိပြုမိလာပါလိမ့်မယ်။ အခုပြောပြသွားတဲ့ အချက် (၃) ချက်အတိုင်း သင် အလုပ်လုပ်တဲ့ပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင်၊ အလုပ်ပြီးမြောက်မှု မြန်ဆန်လာမယ့်အပြင် သင့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဘဝဟန်ချက်ညီမှုပါ ပြန်လည်ရရှိလာမှာ အသေအချာပါပဲ။ ❓ စာဖတ်သူရော လက်ရှိအချိန်မှာ ဘယ်လို အကြောင်းအရင်းတွေကြောင့်၊ Burnout ဖြစ်နေရတာလဲ။ Comment မှာ စာဖတ်သူရဲ့ အမြင်ကို မျှဝေပေးခဲ့ဖို့ မမေ့နဲ့နော်။
Fine Dining စားသောက်ဆိုင်တွေမှာ မီးရောင်ကို ဘာလို့ မှိန်မှိန်လေးပဲထားကြတာလဲ။
без подписи
✨ စာဖတ်သူရော ဒီလထဲမှာ ဘယ် "A" ကို အဓိကထားပြီး ရှင်သန်မလဲ။ ဒါမှမဟုတ် ကိုယ်တိုင် သီးသန့် သတ်မှတ်ထားတဲ့ အဓိပ္ပာယ်တွေရောရှိလား။ #August #findyourpurpose #inspiration
ကြိုးစားမှုကို လက်လျှော့လိုက်တဲ့နေ့ကျမှသာ တကယ်ရှုံးသွားတာပါ။ 💪🏻
без подписи
🥵💢 ဒီနေ့ခတ်မှာ လူတော်တော်များများ “burnout” လွယ်လွယ် ဖြစ်လာရတာက “Time Management” မကောင်းလို့ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ့်ခန္ဓာရဲ့ စွမ်းအင်စီမံခန့်ခွဲမှု “Energy Management” ကို မေ့လျော့ထားမိတတ်ကြလို့ပါ။ အချိန်ဆိုတာ အမြဲ ပုံသေနည်းကျ စီးဆင်းနေပေမယ့်၊ စွမ်းအင်ကတော့ နိမ့်တစ်လှည့်၊ မြင့်တစ်လှည့် ဖြစ်တည်နေတာမို့၊ ကိုယ့်ရဲ့ စွမ်းအင် အတက်အကျအလိုက်၊ တစ်နေ့တာ အလုပ်နဲ့အချိန်တွေကို ပါးပါးနပ်နပ် ခန့်ခွဲဖို့လိုအပ်ပါတယ်။ ဒါကြောင့် Time Management, Energy Management ကို ထိထိရောက်ရောက် အသုံးပြုတတ်လာစေမယ့် စာအုပ် (၃) အုပ်ကို မျှဝေပေးလိုက်ပါတယ်။ ⬛ (၁) 𝗗𝗲𝗲𝗽 𝗪𝗼𝗿𝗸 𝗯𝘆 𝗖𝗮𝗹 𝗡𝗲𝘄𝗽𝗼𝗿𝘁 အမြဲ အလုပ်ရှုပ်နေပေမဲ့ အရာမထင်ဖြစ်နေရတာ "Energy Management" လိုနေလို့ပါ။ "Deep Work" စာအုပ်က သင့်ကို အာရုံစူးစိုက်မှု ချောက်ထဲတွန်းပို့နေတဲ့ Notification တွေကြားကနေ ရုန်းထွက်ပြီး၊ ဦးနှောက်ရဲ့ စွမ်းအင်ကို အမြင့်ဆုံး အသုံးချနိုင်မယ့် နည်းလမ်း (၄) မျိုးကို အသေးစိတ် သင်ပေးပါလိမ့်မယ်။ အချိန်ဆွဲတဲ့ အကျင့်ကို ဖျက်ဆီးပြီး မိနစ် ၉၀ အတွင်း အရည်အသွေးမြင့် ရလဒ်တွေ ဖန်တီးချင်ရင်တော့ ဒီစာအုပ်ကို မဖြစ်မနေ ဖတ်ကြည့်ဖို့ ညွှန်းပါရစေ။ ⬛ (၂) 𝗪𝗵𝗲𝗻 𝗯𝘆 𝗗𝗮𝗻𝗶𝗲𝗹 𝗛.𝗣𝗶𝗻𝗸 အလုပ်တစ်ခုကို ဘယ်လိုနည်းလမ်းတွေနဲ့ ပိုကောင်းအောင်လုပ်ရမလဲ ဆိုတာထက် "ဘယ်အချိန်မှာ လုပ်ရမလဲ" ဆိုတဲ့ Perfect Timing သိပ္ပံနည်းကျ လျှို့ဝှက်ချက်တွေကို "WHEN" စာအုပ်မှာ လေ့လာနိုင်ပါတယ်။ တစ်နေ့တာအတွင်း အာရုံစူးစိုက်မှု အဆိုးရွားဆုံးကျဆင်းတတ်တဲ့ နေ့လည် (၂) နာရီကနေ (၄) နာရီကြားကာလကို ကျော်လွှားဖို့ NASA နဲ့ ပရိုဂရမ်မာတွေ သုံးလေ့ရှိတဲ့ "Nappuccino" နည်းလမ်း၊ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဇီဝနာရီ (Circadian Rhythm) အလိုက် ယုတ္တိဆန်တဲ့အလုပ် “Logical Work” နဲ့ တီထွင်ကြံဆရတဲ့အလုပ် “Insight Work” တွေကို ဘယ်လို ခွဲခြားလုပ်ဆောင်ရမလဲဆိုတဲ့ လက်တွေ့ကျ အိုင်ဒီယာတွေကို အသုံးချချင်ရင်၊ ဒီစာအုပ်က သင့်အတွက်ပါ။ ⬛ (၃) 𝗧𝗵𝗲 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗶𝘁𝘆 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗯𝘆 𝗖𝗵𝗿𝗶𝘀 𝗕𝗮𝗶𝗹𝗲𝘆 Productivity ဆိုတာ အချိန်ပိုပေးတာမဟုတ်ဘဲ ကိုယ့်ရဲ့ “Energy Level” အမြင့်ဆုံးအချိန်ကို သိပြီး၊ သေချာအသုံးချတာပါ။ The Productivity Project စာအုပ်ထဲမှာပါတဲ့ Biological Prime Time နည်းလမ်းအတိုင်း၊ ကိုယ့်ရဲ့ Energy peak ဖြစ်တဲ့အချိန်ကို ရှာပြီး အရေးကြီးဆုံးအလုပ်ကို လုပ်နိုင်မယ်ဆိုရင်၊ သိပ်အပင်ပန်းခံစရာမလိုဘဲ၊ အလုပ်တွေ ချောချောမွေ့မွေ့ အပြီးသတ်နိုင်ပါလိမ့်မယ်။ သင့်ရဲ့ Energy ကို စနစ်တကျစီမံပြီး အချိန်ပိုတွေ ထွက်လာစေမယ့် ဒီလျှို့ဝှက်ချက်တွေကို အပြည့်အစုံ သိချင်ရင်တော့၊ The Productivity Project ကို အရင်ဖတ်ရှုကြည့်ပါ။ အခုမျှဝေသွားတဲ့ စာအုပ် (၃) အုပ်လုံးကို 12mins Notes Myanmar ရဲ့ ရောင်းအားအကောင်းဆုံး 🔥 10X Productivity Pack ထဲမှာ မြန်မာဘာသာဖြင့် အဆီအနှစ်ထုပ်ရေးသားထားတဲ့၊ Actionable Executive Summary Notes (eBook) အဖြစ် အချိန်တိုအတွင်း ဖတ်ရှုကာ အသုံးချနိုင်ပါတယ်။ ❑ စာဖတ်သူရဲ့ Productivity ကို အဆပေါင်းများစွာ တိုးမြှင့်ပေးပြီး၊ Work Performance ကို (၁၀) ဆမက တိုးတက်လာစေမယ့်အပြင်၊ Work-life balance ရှိအောင် အချိန်ကို စီမံခန့်ခွဲနိုင်စေမယ့် 10X Productivity Pack ဖြစ်တာမို့၊ Productive ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်၊ 👉 comment မှာ “10X” လို့ ရေးခဲ့ပါ။ ကျနော်တို့ဘက်ကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားပါမယ်ခင်ဗျာ။ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #10XProductivityPack #10X #EnergyManagement #TimeManagement #Productivity #DeepWork #TheProductivityProject #When
🪩 ကျွန်တော်တို့လို လူရွယ်တွေ ဒီလိုခေတ်မျိုးမှာအဖြစ်များလာတာက မျက်နှာချင်းဆိုင်တွေ့ရတဲ့ဆက်ဆံရေးတွေကို ဖုန်းထဲကဆက်ဆံရေးတွေလောက် သိပ်ပြီး အလေးမထားဖြစ်တော့တာပါ။ ကိုယ့်မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို အချိန်မပေးဘဲ လျစ်လျူရှုလိုက်ဖို့က ဒီခေတ်မှာ အရမ်းလွယ်ကူလာတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ social life က ကောင်းသလိုလိုနဲ့ နိမ့်ကျလာတာကို… ကိုယ့်ရဲ့လူမှုဆက်ဆံရေးကြောင့် ကိုယ်က ကျန်းမာနေတာလား၊ ထိခိုက်နေတာလားဆိုတာကို ဆန်းစစ်ဖို့လဲသတိမပြုနိုင်ကြတော့ဘူး။ ဟားဗက်တက္ကသိုလ်က သုတေသီတွေရဲ့ သမိုင်းကြောင်းလေ့လာမှုမှာတော့ 🟡 အသက် (၈၀) အထိ အပျော်ရွှင်ဆုံး အကျန်းမာဆုံး နေထိုင်သွားကြရသူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေကို မိတ်ဆွေစစ်တွေအဖြစ် ပြောင်းလဲနိုင်ခဲ့သူတွေ၊ မိသားစုနဲ့ သူငယ်ချင်းဆက်ဆံရေးတွေကို ပုံမှန်အချိန်ပေးပြီး ဆက်ဆံရေးအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြသူတွေလို့ သက်သေပြထားတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်တဲ့အခါ “ငွေကြးကြွယ်ဝဖို့”၊ “အောင်မြင်ကျော်ကြားဖို့” တွေက အဓိကမကျဘဲ၊ 🌎 ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်ဖို့က ဘဝရဲ့ secret way of health and happiness အနှစ်သာရဖြစ်တယ်ဆိုတာကို ဒီ TED Talk Summary ကနေတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ 🥰 ဒီ TED Talk ကို ဟားဗက်ရဲ့ “Adult Development” လေ့လာမှုပရောဂျက်မှာ ပါဝင်ထားတဲ့ စတုတ္တမြောက်ဒါရိုက်တာ 📌 Psychiatrist Robert Waldinger က What Makes A Good Life? Lessons From The Longest Study On Happiness ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ပြန်ပြီး ပြောပြထားတာပါ။ 👇🏻 TED Talk Link က ဒီမှာပါဗျာ။ 📍https://www.ted.com/talks/robert_waldinger_what_makes_a_good_life_lessons_from_the_longest_study_on_happiness?
ရေရှည်အနာဂတ်အတွက် ပန်းတိုင်တွေကို မေးကြည့်တဲ့အခါ လူငယ် (၈၀) ရာခိုင်နှုန်းကျော်ရဲ့ ပထမဆုံးဆန္ဒက 💰 "ချမ်းသာကြွယ်ဝဖို့" ပါတဲ့၊ (၅၀) ရာခိုင်နှုန်းကတော့ 🌎 "ကျော်ကြားသူတစ်ယောက်ဖြစ်ဖို့” လို့ ဖြေကြပါတယ်။ ကျွန်တော်တို့တော်တော်များများလဲ လူငယ်၊ လူရွယ်တွေကိုတွေ့တိုင်းမှာ "ပိုကြိုးစားပါ၊ ရာထူးတက်အောင် လုပ်ပါ၊ အောင်မြင်အောင်ရုန်းကန်ပါ" ဆိုပြီး သူတို့အနာဂတ်အတွက် အမြဲတမ်း တွန်းအားပေးလေ့ရှိတယ်။ ဒါပေမယ့် ဒီအရာတွေက အသက်အရွယ်ရလာတဲ့အခါ သူတို့ကို တကယ်ပျော်ရွှင်စေဖို့ အာမခံ မပေးနိုင်ပါဘူး။ ဒါဆိုရင်… လူတစ်ယောက်အတွက် တစ်သက်လုံး ကျန်းမာပျော်ရွှင်စေနိုင်တဲ့အရာက “ငွေကြေးကြွယ်ဝဖို့”၊ “ကျော်ကြားဖို့” တွေ မဟုတ်ဘူးဆိုရင်၊ ဘာများဖြစ်မလဲ❓ ဟားဗတ်တက္ကသိုလ် (Harvard University) က သုတေသီတွေစုပေါင်းပြီးတော့ သမိုင်းတစ်လျှောက် အကြာဆုံး လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ 📋 (၇၅) နှစ်ကြာအောင် အမျိုးသား (၇၂၄) ဦးရဲ့ ဆေးမှတ်တမ်းတွေ၊ မိသားစုအင်တာဗျူးတွေ၊ အလုပ်အကိုင်နဲ့ ဘဝအတက်အကျတွေကို အသက်အရွယ်အလိုက် အသေးစိတ် စောင့်ကြည့်ပြီးတော့မှ၊ လေ့လာခဲ့ကြတာပါ။ ဒီလိုကောက်ယူခဲ့တဲ့ ဒေတာအချက်အလက်တွေရဲ့ အဆုံးသတ်မှာ… လူတွေရဲ့ တစ်သက်တာ ပျော်ရွှင်မှုက စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ လုပ်ငန်းခွင် အောင်မြင်မှုတွေမဟုတ်ဘဲ၊ ✨ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခြင်းလို့ အဖြေထွက်လာပါတယ်။ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတွေက ကျွန်တော်တို့အတွက် စစ်မှန်ကြာရှည်ခံတဲ့ ပျော်ရွှင်မှုတွေကို ရစေပြီးတော့၊ ရုပ်ပိုင်းဆိုင်ရာအရလဲ ပိုမိုကြံ့ခိုင်စေတယ်တဲ့။ ══════════════ 🔗 (၁) လေ့လာမှုအရ ခင်မင်ရင်းနှီးစရာ ရှိတဲ့သူနဲ့မရှိတဲ့သူရဲ့ ကျန်းမာရေးအခြေအနေတွေ ကွာခြားတယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေက စိတ်ကိုပဲ ပျော်ရွှင်စေတာမဟုတ်ပါဘူး၊ ခန္ဓာကိုယ်အတွက်လဲ ကျန်းမာကြံ့ခိုင်စေနိုင်တယ်။ မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ ခင်မင်ရင်းနှီးကြတဲ့သူတွေက တစ်ယောက်တည်း သီးခြားခွဲထွက်နေသူတွေထက် ပိုပြီး ကျန်းမာသန်စွမ်းသလို၊ အသက်ပိုရှည်ကြတယ်။ ပိုပြီးလဲ ပျော်ရွှင်ကြတယ်၊ ဘဝအနိမ့်အမြင့်တွေကိုလဲ ကောင်းကောင်း ကျော်လွှားနိုင်စွမ်းရှိကြတယ်။ အထီးကျန်တဲ့ခံစားချက်က ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးယိုယွင်းတာဟာ အထီးကျန်ဆန်မှုကြောင့်ပါ။ ══════════════ 🔗 ၂။ ရင်းနှီးတဲ့ဆက်ဆံရေးတွေရဲ့ အရည်အသွေးက ကိုယ်ခံအားအတွက် ဒိုင်းခံတစ်ခုလို အလုပ်လုပ်ပေးတယ်။ ပဋိပက္ခနဲ့ ရန်များစရာလူတွေနဲ့အတူရှိရလို့ ခံစားရတဲ့ stress level က သူတို့နဲ့ခွဲခွာလို့ဖြစ်ရတဲ့ stress level ထက် ပိုမြင့်ပါတယ်။ ကိုယ့်ရဲ့ social life အတွင်းမှာ လူအများကြီးရှိနေဖို့ထက်၊ ရှိနေတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိဖို့က ကိုယ့်ကို ပိုပြီးကျန်းမာပျော်ရွှင်စေနိုင်တယ်။ နွေးထွေးမှု၊ အပြန်အလှန်ဖေးမမှုနဲ့ လေးစားမှုရှိတဲ့ ဆက်ဆံရေးတွေက အသက်ကြီးလို့ ကျန်းမာရေးချို့ယွင်းလာချိန်မှာတောင်မှ လဲကျမသွားစေဘဲ၊ သန်မာကြံ့ခိုင်စေပါတယ်။ ══════════════ 🔗 ၃။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေက ဦးနှောက်ကိုပါ အကာအကွယ်ပေးတယ်။ လေ့လာမှုဆေးမှတ်တမ်းတွေအရ လိုအပ်တဲ့အချိန်တိုင်းမှာ ယုံကြည်အားကိုးလို့ရတဲ့ ဆက်ဆံရေးရှိထားသူတွေရဲ့ဦးနှောက်က ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တယ်၊ မှတ်ဉာဏ်စွမ်းရည်လျှော့ပါးလာမှုလဲ သိသိသာသာ လျော့ကျနေလေ့ရှိတယ်။ ယုံကြည်အားကိုးနိုင်တဲ့ ဆက်ဆံရေးတွေက အမြဲလိုလို သာယာဖြောင့်ဖြူးနေတာကို ဆိုလိုတာမဟုတ်ပေမယ့်၊ အမြင်မတူတာတွေနဲ့ စကားများစရာတွေကြားထဲမှာတောင်မှ နှစ်ဦးကြားမှာ ခိုင်မာတဲ့ယုံကြည်မှုရှိထားတာက ဦးနှောက်အတွက် အလုပ်လုပ်နိုင်ဖို့ အကောင်းဆုံး အခြေအနေတစ်ခုပါ။ တစ်ယောက်ကိုတစ်ယောက် စိတ်ချရတဲ့ဆက်ဆံရေးအတွင်းမှာ သံသယပွားစရာ အလုပ်ပို၊ ဝန်ပိုတွေကို ဦးနှောက်က ပူပင်စရာမလိုတာကြောင့်၊ သူ့ရဲ့စွမ်းဆောင်ရည်ကို ထိန်းထားနိုင်တယ်၊ အာရုံစိုက်စရာရှိတာတွေကို ကောင်းကောင်း အာရုံစိုက်နိုင်တယ်။ ကိုယ့်ဦးနှောက်ကျန်းမာရေးအခြေအနေက ကိုယ့်မှာရှိနေတဲ့ ဆက်ဆံရေးတွေအပေါ်မှာ အများကြီး မူတည်နေတာကို တွေ့ရပါတယ်။ ══════════════ (ဆက်ရန်)
без подписи
ဒီနေ့ မင်းမလုပ်ချင်တဲ့အလုပ်ကို လုပ်မှ၊ မနက်ဖြန် မင်းလိုချင်တဲ့ဘဝကို ရမယ်။
🐸 စာဖတ်သူမှာ ရှိတဲ့ ဖားလေးကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာမို့၊ ကောမန့်မှာ ပြောပြခဲ့ဖို့ မမေ့နဲ့နော်။ #10xproductivity #QuizTime #eatthatfrog
без подписи
ခေါင်းဆောင်တစ်ယောက်၊ လူကြီးတစ်ယောက်အနေနဲ့ အမှားတွေကိုချန်မထားဘဲ ထောက်ပြဖို့က တာဝန်ကြီးတစ်ခု ဖြစ်မယ်ဆိုရင်… 📍 အမှန်တွေကိုချန်မထားဘဲ အသိအမှတ်ပြုပေးဖို့၊ အားပေးအားမြှောက်ပြုပေးဖို့ကလဲ မဖြစ်မနေလုပ်သင့်တဲ့ တာဝန်ကြီးတစ်ခုပါ။ လက်အောက်ငယ်သားတစ်ဦးအတွက် ထိုက်သင့်တဲ့လစာနဲ့ အခွင့်အရေးပေးထားတာပဲ… ချီးမွမ်းစကားတွေနဲ့ တကူးတက အသိအမှတ်ပြုတာတွေက အပိုတွေပါလို့ ထင်နေတယ်ဆိုရင် သင့်ရဲ့ ခေါင်းဆောင်ရည်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ဝန်ထမ်းတွေ အမှားလုပ်မိတဲ့အခါမှာတော့ လုံးဝ ထိမ်ချန်မထားဘဲ ခေါ်ပြီးသတိပေးမယ်၊ ဆူပူမယ်၊ ဒဏ်ကြေးဆောင်ခိုင်းမယ်။ ➡️ ဒါပေမယ့် ဝန်ထမ်းတွေက ကြိုးစားပမ်းစားနဲ့ အလုပ်ကို စနစ်ကျကျ မှန်မှန်ကန်ကန် လုပ်နေရင်ကျတော့ ဘာမှမပြောဘဲငြိမ်နေတာက ဝန်ထမ်းတွေရဲ့ လူပ်ငန်းပိုင်ဆိုင်ရာကျင့်ဝတ်တွေကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။ ခေါင်းဆောင်မှုနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်မှာ expert ဖြစ်တဲ့ 🟡 Ken Blanchard နဲ့ Who Moved My Cheese စာအုပ်ကို ရေးသားထားတဲ့ စိတ်ပညာပိုင်းဆိုင်ရာ စာရေးဆရာဖြစ်တဲ့ 🟡 Spencer Johnson တို့ တွဲဖက်ရေးသားထားတဲ့ 📍 The New One Minute Manager စာအုပ်ထဲမှာ ✅ ကိုယ့်ရဲ့ ဝန်ထမ်းက အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်နေတာကိုမြင်တာနဲ့ တစ်မိနစ်အတွင်း ချီးကျူးစကားဖြစ်ဖြစ်၊ အသိအမှတ်ပြုစကား တစ်ခွန်းဖြစ်ဖြစ် မဖြစ်မနေပြောဖို့အတွက် ခေါင်းစဉ်တစ်ခုနဲ့အတူ ဆွေးနွေးထားပါတယ်။ စာရေးဆရာနှစ်ဦး ဆွေးနွေးထားတဲ့ 📍 Catch People Doing Something Right (အမှန်တစ်ခုခုလုပ်ထားတာကို ရှာဖွေပါ) ဆိုတဲ့ ခေါင်းစဉ်ထဲမှာ ကိုယ့်ဝန်ထမ်းလုပ်ထားတဲ့ အမှန်တစ်ခုကိုမြင်တာနဲ့ တစ်ခုခုပြန်ပြီး feedback ပေးဖို့ကို လုံးဝ အချိန်မဆွဲဖို့… ဖြစ်နိုင်ရင် ✅ တွေ့လိုက်တဲ့ (၁) မိနစ်အတွင်းမှာပဲ positive feedback ပေးလိုက်ဖို့ တိုက်တွန်းထားပါတယ်။ အခုလို ပူပူနွေးနွေး (၁) မိနစ်အတွင်းမှာပဲ ပေးလိုက်တဲ့ positive feedback တစ်ခုက ကိုယ့်လက်အောက်ငယ်သားရဲ့ လုပ်ဆောင်နိုင်စွမ်းရည်နဲ့ ကျင့်ဝတ်ကို ထင်ထားထက်ပိုပြီး boost လုပ်ပေးပါတယ်။ ➡️ (၁) စိတ်ပညာမှာ လူတစ်ယောက်ရဲ့အပြုအမူတစ်ခုကို ချက်ချင်းလက်ငင်း ထောက်ခံပေးလိုက်တဲ့အခါ အဲ့ဒီလူက ဒီအပြုအမူကို နောက်ပိုင်းမှာလဲ ထပ်တလဲလဲ လုပ်ချင်စိတ်ကို ဖြစ်စေတယ်ဗျ။ အကယ်၍ အချိန်ကြာသွားမှပဲ “အဲ့ဒီတုန်းက အဲ့ဒီလိုလေး ဖြေရှင်းလိုက်တာ ကောင်းတယ်နော်… မဆိုးဘူး” လို့ ထောက်ခံပေးလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ feedback က တစ်ဖက်သူရဲ့စိတ်ကို ချက်ချင်း ထောက်ခံပေးသလောက်အထိ ထိရောက်မှုမရှိဘူး။ ➡️ (၂) ချက်ချင်းလက်ငင်းပြောလိုက်တဲ့ အားပေးစကားတစ်ခွန်းက သူ့ရဲ့ self esteem ကို မြင့်တက်သွားစေတယ်။ အဖွဲ့အစည်းတစ်ခုမှာ အရေးကြီးတာက ရလဒ်လို့ထင်ချင်စရာဆိုပေမယ့်၊ ဒီရလဒ်တွေကိုဖြစ်စေတာက လူတွေဗျ။ ဒီလူတွေရဲ့ self esteem က မြင့်လေလေ… ရလဒ်ကောင်းတွေကို ဖန်တီးလာနိုင်လေလေပဲ။ ➡️ (၃) အမြဲလိုလို ထောက်ပြတာကိုခံနေရတဲ့ အဖွဲ့သားတွေရဲ့စိတ်ထဲမှာ ကိုယ့်ကို ထုတ်မပြောဘူးဆိုရင်တောင်မှ စက္ကန့်မလပ် “ငါများ မှားနေသလား” ဆိုတဲ့ သံသယစိတ် အမြဲရှိနေတတ်တယ်။ ဒီသံသယက သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဆွဲချနေသလိုဖြစ်နေတာမို့လို့ မှန်တဲ့အခါမှာလဲ အချိန်မဆွဲဘဲ “မှန်တယ်” ဆိုပြီး ထောက်ခံပေးလိုက်တာက သူတို့ရဲ့သံသယစိတ်တွေကို ဖယ်ပေးလိုက်သလိုပဲ။ ပြောရမယ်ဆိုရင်… ခေါင်းဆောင်ကောင်းတစ်ဦးအနေနဲ့ အမှားတွေရှိတဲ့အခါမှာ အချိန်မဆွဲသင့်သလို၊ အမှန်တွေ ရှိလာချိန်မှာလဲ လုံးဝ အချိန်မဆွဲသင့်ပါဘူး။ 💎 ကိုယ့်ပေးလိုက်တဲ့ ချီးမွမ်းစကားတစ်ခွန်း၊ အားပေးစကား တစ်ခွန်းက ကိုယ့်လူတွေအတွက်တော့ အားဆေးတွေလိုပဲ အဖိုးတန်တယ်ဆိုတာကို ခေါင်းဆောင်ကောင်းတစ်ဦးအနေနဲ့ သိထားသင့်ပါတယ်ဗျာ… ဒီအချက်လေးက Ken Blanchard နဲ့ Spencer Johnson တို့ရဲ့ “The New One Minute Manager” စာအုပ်ထဲက ခေါင်းစဉ်တစ်ခုကို ချပြဆွေးနွေးပေးထားတာပါ။ ➡️ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့ လုံးဝ အချိန်မဆွဲသင့်ဘဲ တခြားအချက်တွေလဲ စာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံ ရှိပါသေးတယ်။ ခေါင်းဆောင်မှုနယ်ပယ်မှာ သူမတူ ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် One Minute Manager စာအုပ်ကို ဖတ်ကြည့်လိုက်ပါ။ 📚 ဒီစာအုပ်အပြင် တခြားလက်ရွေးစင် ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်ကောင်း (၁၄) အုပ်ကိုပါ… အချိန်ခဏအတွင်း မြန်မာဘာသာနဲ့ မြန်မြန်ဆန်ဆန် ဖတ်ပြီးတော့ လက်တွေ့မှာ ပြန်အသုံးချချင်ရင်တော့ မြန်မာ့ခေါင်းဆောင်တွေအတွက် အထူးရည်ရွယ်ထားတဲ့ 📌 Complete Leadership Essentials (Executive Summary eBook Series) ကိုသာ ရွေးချယ်လိုက်ပါ… Complete Leadership Essentials Series အကြောင်း အသေးစိတ် စုံစမ်းဖို့ ဒီ Link တွေမှာ 📍“Leadership” လို့ ပို့ပြီးတော့ စာအမြည်းနဲ့ သိချင်တာတွေကို မေးမြန်းလို့ရနေပါပြီ။ 📌 Telegram - https://t.me/My12minNotesBot 📌 Messenger: https://m.me/12minNotes?ref=Leadership-Essentials 📌 Website: https://www.12minnotes.com/
✨ ကျနော်တို့အားလုံးဟာ တစ်နေ့ထက်တစ်နေ့ မသိမသာ ပြောင်းလဲလာနေကြတာပါ။ အတိတ်က လူဆိုးလေးကို ခွင့်လွှတ်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံး ရှင်သန်လိုက်ရအောင်။ #lewiscarrollquote #lifehack
без подписи
🚨 ❝ ခိုင်းတာ အမှားမရှိအောင် လုပ်တတ်ရုံ၊ လုပ်နေကျ ပုံစံခွက်အတိုင်း အချက်အလက် ပြန်ထုတ်ပေးရုံနဲ့တင် ငါတို့ရဲ့ ပင်ပန်းမှုတွေကို အသိအမှတ်ပြုခံရမယ့် ခေတ် မဟုတ်တော့ပါဘူး ❞ တစ်နေ့တစ်နေ့ ရုံးမှာ မနားတမ်း စာတွေပြန်၊ ဒေတာတွေဖြည့်၊ အိုင်ဒီယာတွေထုတ်၊ သတ်မှတ်ထားတဲ့ ပုံစံတွေအတိုင်း Report တွေ ရေးရလွန်းလို့ ညဘက်ဆို စိတ်ရောကိုယ်ပါ မလှုပ်နိုင်တဲ့အထိ၊ ကျနော်တို့ရဲ့ဦးနှောက်က ပင်ပန်းနွမ်းနယ်ရပါတယ်။ ဒါပေမယ့် ငါ ဒီလောက် ရုန်းကန်နေရတဲ့ အလုပ်တွေကို AI က စက္ကန့်ပိုင်းအတွင်း သာသာယာယာ လုပ်ပြသွားနိုင်တယ်ဆိုတဲ့ အသိဝင်လာတဲ့အခါ၊ “တစ်ချိန်ချိန်မှာ ငါ့နေရာကိုရော AI က အလွယ်တကူ အစားထိုးသွားတော့မှာလား" ဆိုပြီး ရင်ထဲမှာ ရတက်မအေးဖြစ်နေမိတာကို တကယ်စာနာမိပါတယ်။ ဒီလို ပင်ပန်းမှုနဲ့အတူ ပူပန်စိတ်ပါ ယှဉ်တွဲခံစားနေရတာဟာ စာဖတ်သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျနော်တို့လို စဉ်းစားတွေးခေါ်မှု၊ ဦးနှောက်အားကို ပိုသုံးရတဲ့ Knowledge Workers တွေအားလုံး ထုတ်မပြပေမယ့်၊ ဒီသောကတွေထဲ အတူတူ စီးမျောနေကြရတာပါ။ ဒီပူပန်မှုကို ကြောက်ရွံ့မှုအဖြစ်ပဲ မထားဘဲ၊ သတိပေး ခေါင်းလောင်းသံအဖြစ် ပြောင်းလဲလိုက်ဖို့ လိုပါတယ်။ ဒီလိုပြောရတာက ကျနော်တို့ စိတ်ဓာတ်ကျသွားဖို့ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဦးနှောက်အလုပ်လုပ်ပုံကို သေချာနားလည်ပြီး AI ထက် ပိုသာတဲ့နေရာဆီ အဆင့်မြှင့်တင်ကြဖို့ပါ။ တကယ်တော့ ကျနော်တို့ ဦးနှောက်မှာ အလုပ်လုပ်တဲ့ပုံစံ၊ mode (၂) ခု ရှိပါတယ်။ 🧠 Lower Cognitive Mode - အချက်အလက်တွေကို မှတ်တာ၊ နားလည်တာ၊ သာမန် ပုံမှန်အလုပ်တွေကို အလိုအလျောက် (Autopilot) စနစ်နဲ့ ပြန်လုပ်တဲ့၊ ဦးနှောက်ရဲ့ စွမ်းရည်ကို သိပ်မသုံးရတဲ့ အလုပ်လုပ်ပုံပါ။ ဒီ mode က ကျနော်တို့နေ့စဉ် လုပ်နေရတဲ့ အလုပ်အများစုကို လုပ်နေတဲ့အခါ အသုံးပြုနေတာ ဖြစ်ပြီး၊ AI ကလည်း အလွယ်တကူ အစားထိုးနိုင်တဲ့ ပုံစံပါ။ 🧠 Higher Cognitive Mode - ဒီစနစ်ကတော့ Lower cognitive mode ထက်၊ ဦးနှောက်ရဲ့ စွမ်းအင်ကို ပိုသုံးရတဲ့ အမြင့်ပိုင်းလုပ်ဆောင်မှု ဖြစ်ပါတယ်။ ပြဿနာ (သို့) ကိစ္စတစ်ခုရဲ့ အကြောင်းအရင်းကို ရှာဖွေ “Analyze” လုပ်တာ၊ လုပ်ငန်းရဲ့ ကျင့်ဝတ်နဲ့ တန်ဖိုးတွေနဲ့အညီ အကဲဖြတ်ဖို့ “Evaluate” လုပ်တာနဲ့ အခြေအနေသစ်မှာ ဆန်းသစ်တဲ့ “creation” ဖန်တီးမှု စတဲ့ လုပ်ဆောင်မှုတွေက AI အနေနဲ့ ဘယ်လိုမှ အစားမထိုးနိုင်သေးတဲ့ လူသားဆန်တဲ့ စွမ်းရည်တွေပဲ ဖြစ်ပါတယ်။ AI က အလုပ်အကိုင်နယ်ပယ်အသီးသီးမှာ၊ ထပ်ကာ ထပ်ကာလုပ်ဆောင်နေလို့ရတဲ့ Lower mode တစ်ခုလုံးကို တဖြည်းဖြည်း သိမ်းပိုက်လာနေပြီဖြစ်လို့၊ ကျနော်တို့အနေနဲ့ “Higher Order Thinking Skills” အမြင့်ပိုင်း တွေးခေါ်မှု စွမ်းရည်ရှိတဲ့ ဦးနှောက်အဖြစ် အခု ဆက်လက် ပြောပြသွားမယ့် နည်းလမ်းတွေအတိုင်း၊ မဖြစ်မနေ အဆင့်မြှင့်ဖို့ လိုအပ်နေပါပြီ။ ⬛ (၁) AI ကို အလွယ်လမ်းအတွက်ပဲ မသုံးပါနဲ့၊ ကိုယ့်ဦးနှောက်ကို တွန်းအားပေးဖို့ သုံးပါ။ “အကြံ (၃) ခုပေးပါ” ဆိုပြီး၊ AI ကို အဖြေတန်းတောင်းတာ၊ အထွေထွေသုံး စာရေးခိုင်းတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကို အဖြေတန်းမပေးဘဲ မေးခွန်းတွေ မေးပေးရင်း၊ ကိုယ်တိုင် အဖြေထုတ်နိုင်စေတဲ့ Socratic style အဖြစ် သုံးပါ။ "ငါ့ရဲ့ ဒီတွေးခေါ်မှုမှာ ဘာအမှားတွေ ရှိနိုင်လဲ"၊ "ဒါထက် ပိုမို စနစ်ကျအောင် ဘယ်လို တွေးရမလဲ" ဆိုပြီး ကိုယ့်ဦးနှောက်ကို ပိုမို ပိုင်းခြားစိတ်ဖြာဖြစ်လာအောင်၊ AI ကို မေးခွန်းထုတ်သူအဖြစ် အသုံးချရပါမယ်။ ⬛ (၂) Higher Order Thinking Skills (၃) ခုကို နေ့စဉ် အသုံးချပါ။ ✅ ပိုင်းခြားစိတ်ဖြာပါ - ပြဿနာတစ်ခု ကြုံလာရင်၊ အပေါ်ယံပဲ အဖြေမရှာဘဲ "ဘာလို့လဲ"၊ "နောက်ကွယ်က အကြောင်းအရင်းတွေက ဘာလဲ" ဆိုပြီး ဇာစ်မြစ်ကို တူးဖော်ပါ။ ✅ အကဲဖြတ်ပါ - ကိန်းဂဏန်းတွေနဲ့ AI ရဲ့ အဖြေနောက်ကိုပဲ တန်းမလိုက်ဘဲ၊ ကိုယ့်လုပ်ငန်းရဲ့ ကျင့်ဝတ်နဲ့ လူသားဆန်မှု အမြင်တွေနဲ့ စိစစ် အကဲဖြတ်ပါ။ ✅ ဖန်တီးပါ - AI က စာရင်းအင်း ဖြစ်နိုင်ချေပေါ်မှာပဲ အခြေခံတာမို့ လူသားဆန်တဲ့၊ သစ်လွင်တဲ့ အယူအဆတွေကို ကိုယ်တိုင် တီထွင်ဖန်တီးပါ။ AI ခေတ်မှာ နည်းပညာကို အများကြီး သုံးနိုင်တာထက်၊ ဘယ်လို အသိဉာဏ်ရှိရှိ သုံးမလဲဆိုတာက ပိုအရေးကြီးတာမို့၊ စာဖတ်သူအနေနဲ့ ဒီ content ကနေ အဖြေတစ်ခုကို ရသွားမယ်လို့ ယုံကြည်ပါတယ်။ ဒီ content ကို ရေးသားတဲ့အခါ၊ အက်စတိုးနီးယားနိုင်ငံရဲ့ ပညာရေးဝန်ကြီးဖြစ်သူ၊ Kristina Kallas ရဲ့ “When AI Knows Everything, What Should Humans Learn?” ဆိုတဲ့ TED Talk ကနေ ကောက်နုတ်ရေးသားထားတာ ဖြစ်ပါတယ်။ AI ခေတ်မှာ ကိုယ့်ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းနဲ့ ဖန်တီးစွမ်းအားတွေ တဖြည်းဖြည်း မှေးမှိန်လာမလားဆိုပြီး စိုးရိမ်မိဖူးလား။ တခြားဘာတွေ စိုးရိမ်မိလဲ… ကောမန့်မှာ မျှဝေခဲ့ပေးပါဦးခင်ဗျာ။ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #QualityInsightsOnly #TEDTalkReview #WhenAIKnowsEverything_What_Should_Humans_Learn #WhenAIKnowsEverything #HigherOrderThinkingSkills #Bloom_taxonomy
Poll မှာ အဖြေမှန်ကို ခန့်မှန်းကြည့်ခဲ့လိုက်ပါ 😉