tgindex
2 068
подписчиков
Охват к подписчикам
8,8%
ERR
Реакции к просмотрам
0,00%
0 на 36 постов
Пересылки к просмотрам
0,06%
4
Постов в день
5,1
всего 36

Где отзываются чаще

доля реакций к просмотрам
  • 14 авг.без подписи0,00%
  • 14 авг.без подписи0,00%
  • 14 авг.=================== ပီအက်စ်ဂျီဟာ ဘာစီလိုနာတိုက်စစ်သမားဖာရန်တောရက်စ်အား ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။ ပြင်သစ်ထိပ်သီးကလပ်ဟာ စပိန်လက်ရွေးစင်တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်အသုံးပြုလာရဖို့ ရှိပါတယ်။ အသက် ၂၆ နှစ်ရှိ တောရက်စ်ဟာ အပြောင်းအရွှေ့အပြီးသတ်ရေး လုပ်ဆောင်နိုင်ရန်အတွက် ဘာစီလိုနာရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှ နုတ်ထွက်ခွင့် ရရှိခဲ့ပါတယ်။ သူဟာ နွေရာသီတုန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၄၉ ပွဲကစားခဲ့ရာမှာ ၂၁ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးကာ လာလီဂါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအား ကိုင်တွယ်နေတဲ့ လူးဝစ်အန်းနရစ်မှာ ဘာစီလိုနာကို ကိုင်တွယ်စဉ်တုန်းက မန်စီးတီးမှ ဖာရန်တောရက်စ်အား နူးကမ့်သို့ ခေါ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ယခုနွေရာသီတွင် ပြင်သစ်တောင်ပံကစားသမားဘာကိုလာအား လီဗာပူးသို့ ဆုံးရှုံးရနိုင်ခြေ ရှိနေပါတယ်။ မန်စီးတီးတွင် ၂ ရာသီကစားခဲ့ဖူးတဲ့ တောရက်စ်ဟာ စပိန်အတွက် ၆၅ ပွဲကစားထားရာမှာ ၂၅ ဂိုးသွင်းပေးထားပါတယ်။0,00%
  • 14 авг.ဘာစီလိုနာရဲ့ တောရက်စ်အား ခေါ်ယူရန် ပီအက်စ်ဂျီ သဘောတူညီမှု ရရှိလာ0,00%
  • 14 авг.==================== အာဆင်နယ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် အသင်းရှိ ကစားသမားများအား ဂါလာတာစာရေးထံ ရောင်းချရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ အာဆင်နယ်က ရောင်းချရေး ကမ်းလှမ်းမှု တံခါးဖွင့်ပေးထားတဲ့ ကစားသမားများထဲမှာ ဂါဘရီရယ်မာတင်နယ်လီနှင့် အီသန်နဝမ်နရီတို့လည်း ပါဝင်နေပါတယ်။ ဘရာဇီးလက်ရွေးစင်ကို ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားဘက်က တူရကီသို့ ပြောင်းရေး စိတ်အားထက်သန်နေခြင်း မရှိပါဘူး။ အာဆင်နယ်ဟာ မာတင်နယ်လီရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးရာတွင် ဂါလာတာစာရေးရဲ့ တိုက်စစ်မှူးဗစ်တာအိုဆီမမ်ကို အမ်းမရိတ်သို့ ခေါ်ဆောင်ရေးကိုပါ ဆွေးနွေးမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းက ပီအက်စ်ဂျီရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပေမယ့်လည်း နောက်ပိုင်းတွင် လီဂူး ၁ ထိပ်သီးက အခြားပစ်မှတ်ကိုသာ ခေါ်ယူရေး ကြိုးပမ်းလာခဲ့ပါတယ်။ တဖက်တွင် အာဆင်နယ်ဟာ အသက် ၁၉ နှစ်ှရိ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်နဝမ်နရီအတွက် ကမ်းလှမ်းမှုများကိုလည်း တံခါးဖွင့်ပေးလာပါတယ်။ နဝမ်နရီကို အေစီမီလန်၊ ဖူလ်ဟမ်၊ ရက်ဘူးလ်လိုက်ဇစ်နှင့် ဒေါ့မွန်တို့က ခေါ်ယူရေး စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ထားပါတယ်။ အာဆင်နယ်အားကစားဒါရိုက်တာအင်ဒရီယာဘာတာနှင့် လက်ထောက်မူရီဇီယိုမီချယ်လီတို့ဟာ ယခုနွေရာသီတွင် ကစားသမားများ ခေါ်ယူအားဖြည့်မှုများ ပြုလုပ်နေသလို တဖက်တွင် အသင်းရှိ ကစားသမားများကို ရောင်းချရေး ကြိုးပမ်းနေပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီတွင် လီယန်ဒရိုထရိုဆတ်၊ ဂျာကော့ကီဝီယာ၊ ခရစ္စတီယန်နော်ဂတ်နှင့် ကားလ်ဟိန်းတို့အား ရောင်းချထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ တောင်ပံကစားသမားရိုက်စ်နယ်ဆင်ကို ဝက်စ်ဟမ်းသို့ ပေါင် ၃ သန်းဖြင့် ရောင်းချရန်လည်း ဆွေးနွေးနေပါတယ်။ အာဆင်နယ်ဟာ ဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျေဆူး၊ ပေါ်တူဂီအလယ်တန်းကစားသမားဖေဘီယိုဗီအဲရာကိုလည်း ရောင်းချရန် လုပ်ဆောင်နေသလို စပိန်ကွင်းလယ်ကစားသမားဇူဘီမန်ဒီကိုလည်း ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါတယ်။0,00%
  • 14 авг.မာတင်နယ်လီနှင့် နဝမ်နရီတို့အတွက် ကမ်းလှမ်းမှုများအပေါ် အာဆင်နယ် တံခါးဖွင့်ပေးထား0,00%
  • 14 авг.================== အာဆင်နယ်ဟာ အက်စတွန်ဗီလာမှ ဗဟိုနာက်ခံလူအီဇရီကွန်ဆာကို ခေါ်ယူရေး ပူပူနွေးနွေး ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။ အာဆင်နယ်ဟာ အင်္ဂလန်လက်ရွေးစင်နောက်ခံလူအား ကနဦး ကမ်းလှမ်းမှုအနေဖြင့် ပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ လက်လျှော့ခြင်း မရှိသေးဘဲ ကွန်ဆာကို ခေါ်ယူရေး နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်လာတာပါ။ အက်စတွန်ဗီလာဘက်က ကွန်ဆာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ တောင်းဆိုထားရာ အာဆင်နယ်ရဲ့ ယခင်ကမ်းလှမ်းမှုက များစွာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီလာက ကွန်ဆာအတွက် ၎င်းတို့ သတ်မှတ်တန်ကြေး ပေါင်သန်း ၆၀ အောက် ကမ်းလှမ်းမှုကို လုံးဝ စဉ်းစားလာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ရပါတယ်။ အသက် ၂၈ နှစ်ရှိ ကွန်ဆာဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာဖ့လားတွင် တတိယရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အပန်းဖြေနေဆဲ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းခေါင်းဆောင်ဂွီမာရေးစ်ကို ပေါင် ၇၅ သန်းဖြင့် ဝယ်ယူထားပြီးဖြစ်တဲ့ အာဆင်နယ်ဟာ ခံစစ်ကိုလည်း အားဖြည့်နေလိုပြီး ကွန်ဆာမှာ နောက်တန်းတွင် နေရာစုံကစားနိုင်ရာ အာတီတာ အကြိုက်တွေ့တဲ့ ကစားသမားမျိုး ဖြစ်နေပါတယ်။ ကွန်ဆာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၈ ပွဲကစားကာ ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။0,00%
  • 14 авг.ဗီလာနောက်ခံလူကွန်ဆာကို ခေါ်ယူ‌ရေး အာဆင်နယ် ဆွေးနွေးမှု ပြုလုပ်လာ0,00%
  • 14 авг.==================== ထိုင်းပိုင်ရှင် King Power ဟာ လက်စတာကို ၁၆ နှစ်ကြာ ပိုင်ဆိုင်လာပြီးနောက် ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချရေး ကြိုးပမ်းလာပါတယ်။ ပရီးမီးယားလိဂ်ဖလားအား ၁ ကြိမ် ရရှိခဲ့ဖူးတဲ့ လက်စတာကို ရောင်းချရေးအတွက် အမေရိကန်ရင်းနှီးမြှပ်နှံရေးဘဏ်တစ်ခုက လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ လက်စတာအား ရောင်းချမှုတွင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ ပရိသတ် ၃၂၀၀၀ ဆန့် King Power ကွင်း၊ ဆီးဂရော့ဗ်လေ့ကျင့်ရေးကွင်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်စတာကပင် ပိုင်ဆိုင်တဲ့ ဘယ်ဂျီယံကလပ် OH Leuven ကိုလည်း အရောင်းစာရင်းတင်ထားပါတယ်။ လက်စတာကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် အရောင်းစာရင်းတင်လာတာ ဖြစ်ပြီး ငွေကြေးအတိအကျတော့ မသိရသေးပါဘူး။ လက်စတာဟာ ၂၀၁၆ ခုနှစ်တုန်းက ဘွတ်ကီဖွင့်ကြေး ၅၀၀၀/၁ အနေအထားမှာ ရှိခဲ့ပေမယ့် အံ့ဩသင့်ဖွယ် ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့သလို ၅ နှစ်အကြာတွင် အက်ဖ်အေဖလားလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာဟာ နောက်ပိုင်းနှစ်များတွင် ဘဏ္ဍာရေးပြဿနာများနှင့် ရုန်ကန်ခဲ့ရပြီး ၂ ကြိမ်ဆက် တန်းဆင်းခဲ့ရကာ လိဂ် ၁ သို့ ကျရောက်နေပါတယ်။ လက်စတာဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းတွင်း ပေါင်သန်း ၁၈၀ ကျော်အထိ ငွေကြေးအရှုံးပေါ်ခဲ့ပါတယ်။ King Power ဟာ ၂၀၁၀ ခုနှစ်တုန်းက လက်စတာကို မီလန်မန်ဒရစ်ထံမှ ပေါင် ၃၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တွင် ထိုင်းပိုင်ရှင်ခွန်ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားပြီးနောက် သားဖြစ်သူ ခွန်အေဘာဝတ်ဆရီဗတ်ဒါနာပရာဟာက ဥက္ကဌအဖြစ် ဆောင်ရွက်လာခဲ့ပါတယ်။0,00%
  • 14 авг.လက်စတာကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချလာတော့မယ့် ထိုင်းပိုင်ရှင်0,00%
  • 14 авг.=================== မန်စီးတီးဟာ ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ကန့်သတ်ရက် ယနေ့ ညနေပိုင်း ၅ နာရီ(ဗြိတိန်စံတော်ချိန်)မတိုင်မီ ဖာနန်ဒက်ဇ်အား ပေါင် ၁၂၂ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်လာပါတယ်။ မန်စီးတီးဟာ ဒတ်ချ်ကွင်းလယ်ကစားသမားတီဂျာနီရိုင်ဒါးလ်ကို Al-Qadsiah သို့ ပေါင် ၅၂ သန်းဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိပြီးနောက် ဖာနန်ဒက်ဇ်အား ခေါ်ယူရေး အလျှင်အမြန် လုပ်ဆောင်နေပါတယ်။ မန်စီးတီးဟာ နေထိုင်မကောင်းမှုကြောင့် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိတဲ့ တောင်ပံကစားသမားဆာဗင်ဟိုကိုလည်း စပါးစ်သို့ ပေါင်သန်း ၇၀ ဝန်းကျင်ဖြင့် ရောင်းချရန် လုပ်ဆောင်နေပါတယ်။ မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် လက်တွဲခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်အား အီတီဟတ်သို့ ခေါ်ဆောင်ရန် စိတ်အားထက်သန်နေပါတယ်။ ချဲလ်ဆီးဟာ ယနေ့ သောကြာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ပေါင်သန်း ၁၂၀ သတ်မှတ်ထားတဲ့ အာဂျင်တီးနားလက်ရွေးစင်အား ကမ်းလှမ်းမှု ပြုလုပ်ရန် သတ်မှတ်ထားပါတယ်။ မန်စီးတီးဟာ ယခုနှစ် အစောပိုင်းတုန်းက ချဲလ်ဆီးမှ ထွက်ခွာခဲ့တဲ့ အန်ဇိုမာရက်စ်ကာအား ခန့်အပ်ရေး ချဲလ်ဆီးကို နစ်နာကြေး ပေါင် ၁၇ သန်းအထိ ပေးခဲ့ရကာ ကလပ်နှစ်ခုအကြား ဆက်ဆံရေး ကောင်းမွန်နေခြင်း မရှိပါဘူး။ တဖက်တွင် မန်စီးတီးဟာ အသက် ၃၀ နှစ်ရှိ ကွင်းလယ်ကစားသမားရိုဒရီကို ဘာစီလိုနာသို့ ရောင်းချရေး ဆွေးနွေးနေပါတယ်။ မန်စီးတီးဟာ ရိုဒရီအတွက် ဘာစီလိုနာရဲ့ ကနဦး ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းအရ ဘာစီလိုနာဟာ အသက် ၃၀ နှစ်ရှိ Ballon d'Or ဆုရှင်အတွက် ပေါင် ၅၅ သန်းအပြင် အပိုဆုကြေးထပ်မံပေးမယ့်အချက်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ မန်စီးတီးဟာ ယခုနွေရာသီတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းဖြင့် အန်ဒါဆင်အား ခေါ်ယူထားပြီး ဖြစ်သလို မိုနာကိုမှ အာယွတ်ဘူအာဒီကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပါသေးတယ်။0,00%
  • 14 авг.ချဲလ်ဆီးရဲ့ နောက်ဆုံးကန့်သတ်ရက်တွင် ဖာနန်ဒက်ဇ်ကို ပေါင် ၁၂၂ သန်းဖြင့် ကမ်းလှမ်းရန် မန်စီးတီး စီစဉ်လာ0,00%