tgindex
Radiant Lat Twae

Radiant Lat Twae

Статистика

လက်တွေ့လုပ်ငန်းခွင်ပညာရပ်များ

Последний пост
24 июн.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
4 303
+8 за 4 дн.
Сутки
+1
+0,02%
Неделя
 
Месяц
 
Просмотров на пост
2 196
22 постов
Вовлечённость
51,0%
к подписчикам
Постов в день
0,0
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 24 июн.1 38141

    24/June/2026 ရက်နေ့ သံချောင်းဈေးနှုန်းပါ (မန်းလေးအရောက်ပို့) တတိုင်းရ အိမ်ဆောက်သံထည်ပစ္စည်းရောင်းဝယ်ရေး 09974477866 61x62x125 လမ်း ၊ မန္တလေးမြို့ ။ #အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး #သံဆိုင် #ဆောက်လုပ်ရေး #constructionmaterial

  • https://vm.tiktok.com/ZP8sKUMQh/

  • 18 июн.2 06991

    без подписи

  • 17 июн.2 0035

    без подписи

  • 17 июн.1 8883

    без подписи

  • 21 мая2 606117

    ရန်ကုန်မြို့တွင်း Site Store Keeper (ဆိုဒ်စတိုမှူး) (15)ယောက် အလုပ်ခေါ်လိုပါတယ်။ လုပ်ငန်းခွင်အတွင်း ပစ္စည်းစာရင်းဇယား တိကျသေချာမှုနှင့် စနစ်တကျ စီမံခန့်ခွဲမှုကို ဦးစားပေးလုပ်ဆောင်နိုင်မည့်သူများ လျှောက်ထားနိုင်ပါသည်။ -ဆောက်လုပ်ရေးဆိုဒ်အတွင်းရှိ ပစ္စည်းများ (အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံချောင်း နှင့် အခြားဆက်စပ်ပစ္စည်းများ) ဝင်/ထွက် စာရင်းကို နေ့စဉ် တိကျစွာ မှတ်တမ်းတင်ခြင်း။ -ရောက်ရှိလာသော ပစ္စည်းများ၏ အရေအတွက်နှင့် အရည်အသွေးကို Delivery Order (D.O) စလစ်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး လက်ခံခြင်း။ -ဆိုဒ်အတွင်း ပစ္စည်းပြတ်လတ်မှု မရှိစေရန်နှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရန် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း။ -စတိုလက်ကျန်စာရင်း (Stock Balance) ကို နေ့စဉ်/အပတ်စဉ် ဆိုဒ်အင်ဂျင်နီယာချုပ် (Site In-Charge) ထံ စနစ်တကျ အစီရင်ခံ တင်ပြခြင်း။ -စတိုအတွင်းရှိ ပစ္စည်းများကို လုံခြုံစိတ်ချရပြီး ရှာဖွေရလွယ်ကူသော စနစ်ဖြင့် သပ်ရပ်စွာ နေရာချထားခြင်း။ လိုအပ်သော အရည်အချင်းများ -ဆောက်လုပ်ရေးဆိုဒ် စတိုပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၁ နှစ်မှ ၂ နှစ် ရှိသူ ဖြစ်ရမည်။ -မရိုးမသားပြုလုပ်မှု ကင်းရှင်းပြီး ရိုးသားအေးဆေးစွာ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။ -အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။ -ဆောက်လုပ်ရေးဆိုဒ်များသို့ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍ ညှိနှိုင်းလစာနှင့်တကွ Viber 09974477866 ကို အလုပ်လျှောက်ထားနိုင်ပါတယ်

  • 21 мая2 069913

    ရန်ကုန်မြို့အတွက် Site Engr M/F (5) post ခေါ်ယူချင်ပါတယ် ။ Senior Site Engr - 12 သိန်း Junior Site Engr - 9 သိန်း Fresh Graduate - ညှိနှိုင်း Manager Lvl - 16 သိန်း 🔺Senior Lvl Site Engr များ အဓိက လိုချင်တာဖြစ်ပါတယ် ။ (အထက်ပါ Lvl များသည် အသက်နဲ့ Lvl များမဟုတ်ဘဲ Skill နဲ့သတ်မှတ်သော lvl ဖြစ်ပါတယ်) နားရက်များဆင်းရင် OT ပေးပါတယ် အလုပ်ချိန်ထက်ပိုဆင်းရရင်လည်း OT ပေးပါတယ် CV form လေးနဲ့တကွစိတ်ဝင်စားရင် 09974477866 ကို ဆက်သွယ်နိုင်ပါတယ် 30/May/2026 စာရင်းပိတ်ပါမယ်။

  • 29 апр.2 9001839

    Online Class များအကုန် အထူး 💥 Promotion 🎉 သင်တန်း (၉) ခုလုံးကိုမှ May လမကုန်ခင်အထိ အထူးဈေးနဲ့ အခုပဲ စာရင်းသွင်းလေ့လာနိုင်ပါပီ 🔥 ▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Junior Engineer တိုင်းအတွက် မဖြစ်မနေ လေ့လာထားရမဲ့ သင်တန်း (၉) ခု (1)Estimate Class (2)Khat Htae Class (ဆိုက်ပိုင်းဆိုင်ရာဗဟုသုတ) (3)Bar Bending Schedule Class (4)AutoCAD 2D (5)AutoCAD 3D (6)Lumion (7)Sketch up (8)M&E Basic Class (9)Engineering Powerpoint ဒီတစ်လအတွင်း သင်တန်း (၉) ခုလုံးကို 382,500 ကျပ်အစား 182,500 ကျပ်တည်းနဲ့ May လမကုန်အထိသာ အပ်နှံနိုင်ပါပီ . ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းစလုပ်တုန်းက အခက်အခဲဖြစ်ခဲ့တာတွေကို ပြောပြချင်တယ် ကိုယ်ပိုင်စလုပ်တော့ အိမ်ရှင်နဲ့ဈေးမတောင်းတတ်ဘူး လက်ရှ်ပေါက်ဈေးတွေ တွက်နည်းတွေမသိဘူး ဒီပြသနာကို ဖြေရှင်းဖို (1) Estimate Class က သင့်အတွက်အကောင်းဆုံးအဖြေပါဘဲ ဘယ်လိုအဆောက်အဦးလာလာ ဘယ်ဈေးပဲပြောင်းပြောင်း တစ်သက်လုံးစာ ပစ္စည်း+လက်ခတွေကို တွက်တတ်သွားစေမှာပါ . (2)Khat Htae Class ကတော့ အခုမှဆောက်လုပ်ရေးကိုစလေ့လာရမဲ့ Engr တွေအတွက် ဆိုက်အတွင်း ပန်းရံ/ချည်ကွေး/လက်သမား/မြေတူး လုပ်ငန်းခွင် ဆိုင်ရာ ဗဟုသုတတွေကို Video အပုဒ် (၁၀၀) ကျော်နဲ့ နားလည်အောင် သင်ပေးထားပါတယ် (3)ကိုယ့်ရဲ့ သံတွေ အလေအလွင့်နည်းအောင်ရယ် ဆောက်လုပ်ရေးတစ်ခုရဲ့ 30-35% လောက် အရေးကြီးတဲ့ သံတွက်ချက်ချင်း BBS သင်တန်းက သင့်အတွက် သံနဲ့ပတ်သတ်ပီး Expert ဖြစ်သွားစေမှာပါ အခုမှလုပ်ငန်းစလုပ်ရမဲ့ Engr တွေအတွက် အိမ်ရှင်ကို ညှိနှိင်းပေးဖို အာခီပုံ သို ပလန် ပုံလေးတွေ အိမ်ပုံလေးတွေကို အာခီနဲ့သေချာဆွဲပီး ပြပေးဖို မတတ်နိုင်ဘူး ဆိုတာကျနော်နားလည်ပါတယ် Client က ကိုယ်ပေးတဲ့ ပလန်နဲ့ပုံတွေယူသွားပီး သူများနဲ့ဆောက်သွားတာတွေကြုံဖူးကြလိမ့်မယ်ထင်ပါတယ်😅 ပုံဆွဲဖို စရံတောင်းဖိုကလည်းခက်နဲ့ ဒီအခါ ပေါ့ပေါ့ပါးပါး ကနဦး ဈေးညှိတဲ့နေရာ ကိုယ့်ဖက်ကလည်း Value Added လုပ်ပီး ပလန်ချ ပုံဆွဲ ပေါ့ပေါ့ပါးပါး လုပ်ပေးချင်တယ်ဆိုရင် (4)AutoCAD 2D (5)AutoCAD 3D (6)Lumion (7)Sketch up ဒီသင်တန်းလေးခုက မဖြစ်မနေ Join ရမှာပါ M&E အကြောင်းဆိုက်ဗဟုသုတတွေနဲ့ Client Presentation အတွက် အလုပ်အတွက်သုံးဖိုကျ ဒီသင်တန်း (8)M&E Basic Class (9)Engineering Powerpoint နှစ်ခုကို Join ထားပါ ✅ သင်တန်း (၁) ခုချင်း တတ်ချင်သူတွေအတွက် မူရင်းဈေး 42,500 ကျပ် ကို May လမကုန်ခင်အထိ 30,000 ကျပ်နဲ့ အခုပဲအပ်နိုင်ပါပီ ✅ သင်တန်း (၉) ခုလုံးကို တတ်ချင်သူတွေအတွက် သင်တန်းကြေး 200,000 သက်သာခွင့်ဖြင့် 😳 မူရင်းဈေး 382,500 ကျပ်ကို May လမကုန်ခင်အထိသာ ❌182,500 ကျပ်တည်းနဲ့ ရမှာဖြစ်ပါတယ် 🔥 "သင်ကြေးက မုန့်ဖိုးဖြစ်နိုင်ပေမဲ့ – သင်ယူရတဲ့ knowledge က သိန်းပေါင်းများစွာ ပြန်ရှာပေးနိုင်ပါတယ်။" Radiant ရဲ့သင်တန်းတွေက Feedback ကောင်းများစွာလည်းရရှိထားပီး လက်ရှိလည်း လေ့လာသူပေါင်း (5000) ကျော်နေပီမလို အထူးပြောပြနေစရာလိုမယ် မထင်ပါဘူး ရာသက်ပန် Record Class များလေ့လာနိုင်ရန် ➡️ m.me/118147427876728 ဒီကနေအခုပဲမြန်မြန်လေးအပ်ပေးပါ ။ BBS နမူနာသင်ခန်းစာများ https://t.me/radiantlattwae/60 ခပ်ထည့် နမူနာသင်ခန်းစာများ https://t.me/radiantlattwae/102 AutoCAD 2D နမူနာသင်ခန်းစာများ https://t.me/radiantlattwae/110 Estimateမူနာသင်ခန်းစာများ https://t.me/radiantlattwae/113 Lumion နမူနာသင်ခန်းစာများ https://t.me/radiantlattwae/132 AutoCAD 3D နမူနာသင်ခန်းစာများ https://t.me/radiantlattwae/140 Sketchup နမူနာသင်ခန်းစာများ https://t.me/radiantlattwae/148

  • 29 апр.2 1402

    без подписи

  • 17 мар.3 40092

    အောက်ဖော်ပြပါ ရာထူးအတွက် အလိုရှိပါသည်။ ရာထူး - Accountant (၁ ဦး ) လုပ်ငန်းတာဝန်များ (Job Description) * ကုမ္ပဏီ၏ နေ့စဉ် Accounting Record များကို စနစ်တကျ စီမံထိန်းသိမ်းခြင်း။ * Income / Expense / Cash Flow များကို တိကျစွာ စာရင်းသွင်းခြင်း။ * Monthly / Annual Financial Report များ ပြုစုတင်ပြခြင်း။ * Tax, Audit နှင့် ဆိုင်သော ကိစ္စရပ်များကို စီမံဆောင်ရွက်ခြင်း။ * Management အတွက် Financial Analysis & Advice ပေးနိုင်ခြင်း။ အရည်အချင်းသတ်မှတ်ချက်များ (Job Requirements) * Accounting / Finance ဘွဲ့ရရှိသူ သို့မဟုတ် LCCI Level 3 (UK) သို့မဟုတ် ACCA Part 1 အောင်မြင်ထားသူ ဖြစ်ရမည်။ * Accountant အဖြစ် အနည်းဆုံး အတွေ့အကြုံ ၂ နှစ် ရှိရမည်။ * စာရင်းများကို တိကျစနစ်တကျ ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။ * တာဝန်ယူမှုရှိပြီး အလုပ်ချိန်ကို စနစ်တကျ စီမံနိုင်သူ ဖြစ်ရမည်။ * Construction ပိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူကို ဦးစားပေးမည်။ * အလုပ်ချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ။ * ခံစားခွင့်: ဖုန်းဘေလ် (Phone Bill) နှင့် သွားလာစရိတ် (Transportation Allowance) ခံစားခွင့်ရှိသည်။ * ပိတ်ရက်: ဥပုသ်နေ့တိုင်း ပိတ်သည်။ (တစ်လ ၄ ရက်) ဆက်သွယ်ရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ * ရုံးလိပ်စာ: ၅၅ လမ်း၊ ၁၂၃ လမ်း x ၁၂၄ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ * ဖုန်းနံပါတ်/Viber 09-974477866, 09-9448455566

  • 6 мар.3 051122

    Site Admin & Procurement Officer (၁) ဦး Site Engr with QC Knowledge (4) ဦး အလိုရှိပါသည်။ မန္တလေးရုံးချုပ်နှင့် ချိတ်ဆက်၍ ရန်ကုန်ရှိ ဆိုဒ်လုပ်ငန်းများကို စနစ်တကျ ကိုင်တွယ်ပေးရမည် ဖြစ်သည်။ 📌 Site Admin & Procurement Officer တာဝန်ဝတ္တရားများ * ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ ပစ္စည်းဝယ်ယူခြင်း။ * ဆိုဒ်သို့ ပစ္စည်းများ အချိန်မီရောက်ရှိရန် Logistics ပိုင်းအား စီစဉ်ကြီးကြပ်ခြင်း။ * ဆိုဒ်တွင်း နေ့စဉ် ပစ္စည်းအဝင်/အထွက်နှင့် လက်ကျန်စာရင်းများကို တိကျစွာ မှတ်တမ်းတင်ခြင်း။ * ဆိုဒ်အသုံးစရိတ် (Petty Cash) နှင့် ဘောက်ချာများအား စနစ်တကျ ရှင်းလင်းတင်ပြခြင်း။ 📌 လိုအပ်ချက်များ * ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ (အင်ဂျင်နီယာပိုင်း အခြေခံရှိသူ သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။) * ရန်ကုန်လမ်းကြောင်းနှင့် ဆောက်လုပ်ရေးပစ္စည်းဆိုင်များကို ကျွမ်းကျင်စွာ သိရှိသူဖြစ်ရမည်။ * Excel နှင့် စာရင်းဇယားပိုင်း အခြေခံ ကျွမ်းကျင်ရမည်။ * ရိုးသားကြိုးစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသူ ဖြစ်ရမည်။ 📌 Site Engr with QC Knowledge (4) ဦး တာဝန်ဝတ္တရားများ *Structure Dwg အတိုင်းအတိအကျခိုင်းနိုင်ရမည် *အခြေခံ Structure Knowledge များသိရှိရမည်။ *စစ်ဆေးနေကြအရာများ စစ်ဆေးနိုင်ရမည်။ *ရန်ကုန်မြို့သွားရေးလာရေးကျွမ်းကျင်ပီး နယ်ခံဖြစ်ရမည်။ 📩 လျှောက်ထားရန် မျှော်မှန်းလစာနှင့်တကွ စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Viber 09974477866 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

  • 5 мар.2 52142

    Construction ဆိုတာ ကျွမ်းကျင်မှုတင်မကဘဲ "တွေးခေါ်မှု" ပါ ယှဉ်ပြိုင်ရတဲ့ပွဲပါ။ အလယ်အလတ်တန်းစား ဆောက်လုပ်ရေးတွေရဲ့ အမြတ်နှုန်း (3-7.5%) နဲ့ ရှုံးနှုန်း (63%) ကို ကြည့်ရင် ဒါဟာ တကယ့်ကို သတိထားရမယ့် ဂိမ်းတစ်ခုမှန်း သိသာပါတယ်။ ဒါကြောင့် "Super Thinking" စာအုပ်က ပြောသလိုပဲ ကျွန်တော်တို့မှာ Toolbox တွေ အများကြီး ရှိရပါမယ်။ * Probabilistic Thinking: ဖြစ်နိုင်ခြေကို တွက်ချက်ပါ။ * First Principles: ပြဿနာရဲ့ အရင်းအမြစ်ကို ရှာပါ။ * Loss Aversion: အရှုံးကို ဘယ်လိုကာကွယ်မလဲ စဉ်းစားပါ။ သာမန်ထက် ထူးကဲတဲ့ အတွေးအခေါ်တွေရှိမှသာ ဒီ 63% ထဲမှာ မပါဝင်ဘဲ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ #MentalModels #SuperThinking #Entrepreneurship #BusinessEducation

  • 5 мар.2 13341

    "အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက် ပြင်ဆင်ထား။" ဆောက်လုပ်ရေးလောကရဲ့ အမှန်တရားက ခါးသီးပါတယ်။ အလယ်အလတ်တန်းစား လုပ်ငန်းတွေဟာ 3% - 7.5% မြတ်ဖို့အတွက် 63% သော ကျရှုံးမှုနှုန်းကို ကျော်ဖြတ်နေရတာပါ။ ဒီကိန်းဂဏန်းတွေက ဘာကိုပြလဲဆိုတော့ "သာမန်အတွေးအခေါ်က သင့်ကို သတ်နေတာ" ဆိုတာပါပဲ။ စနစ်တကျ Mental Models တွေ အသုံးမချဘဲ၊ Data တွေကို သေချာမကြည့်ဘဲ "လုပ်ရင်းနဲ့ အဆင်ပြေသွားမှာပါ" ဆိုတဲ့ စိတ်ဓာတ်က သင့်ကို ဒုက္ခပေးပါလိမ့်မယ်။ အောင်မြင်သူတွေဟာ ကံကို မယုံကြဘဲ စနစ်ကိုပဲ ယုံကြပါတယ်။ #BusinessMindset #Planning #SuccessQuotes #DataDriven

  • 5 мар.2 08731

    🔥ဆောက်လုပ်ရေးလုပ်ငန်းမှာ မရှုံးချင်ရင် "ဘာကြောင့်ရှုံးမလဲ" ကို အရင်ရှာပါ။ 63% သော ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘာလို့ကျရှုံးကုန်ကြတာလဲ? Inversion (ပြောင်းပြန်တွေးခေါ်ခြင်း) နည်းအရ အောင်မြင်ဖို့ထက် "ကျရှုံးစေမယ့် အချက်တွေ" ကို အရင်ဖယ်ရှားရအောင်။ ❌ ခိုင်မာတဲ့ စာချုပ်စာတမ်းမရှိခြင်း။ ❌ ငွေစီးဆင်းမှု (Cash Flow) ကို သေချာမတွက်ချက်ခြင်း။ ❌ အရည်အသွေးထက် စျေးနှုန်းကိုပဲ အဓိကထားခြင်း။ အမြတ် 7.5% ဆိုတာ နည်းလွန်းပါတယ်။ ဒီကြားထဲကမှ ရှင်သန်ချင်တယ်ဆိုရင် သာမန်လူတွေ မတွေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြိုမြင်နိုင်တဲ့ "Super Thinker" တစ်ယောက် ဖြစ်ဖို့လိုပါတယ်။ #InversionThinking #ConstructionBusiness #RiskManagement

  • 5 мар.1 85331

    🔥အမြတ်နည်းပေမဲ့ ဘေးများခြင်း (Margin of Safety) 📝7.5% အမြတ်အတွက် 63% အရှုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား? ဆောက်လုပ်ရေးလုပ်ငန်းမှာ အမြတ်ဆိုတာ "အပ်ဖျားပေါ်က နတ်သမီး" လိုပါပဲ။ 3% ကနေ 7.5% ကြားမှာပဲ ကစားနေရတာပါ။ တစ်ဖက်မှာတော့ ရှုံးဖို့ အခွင့်အရေးက 63% တောင် ရှိနေပါတယ်။ ဒီလို အခြေအနေမှာ "Margin of Safety" (ဘေးကင်းလုံခြုံမှု အတိုင်းအတာ) မရှိဘဲ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ * ကုန်ကြမ်းစျေးတက်ရင် ဘယ်လိုလုပ်မလဲ? * အလုပ်သမားပြဿနာတက်ရင်ကော? * ရာသီဥတုက နှောင့်နှေးသွားရင်ကော? ဒီ 7.5% လေးကို ထိန်းထားနိုင်ဖို့ သာမန်ထက်ထူးကဲတဲ့ စီမံခန့်ခွဲမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ရှိမှသာ အသက်ဆက်နိုင်မှာပါ။ #MarginOfSafety #BusinessStrategy #Management #Success

  • 5 мар.1 5941

    🔥Construction လုပ်ငန်းဆိုတာ "ကျားမြီးဆွဲ" ရသလိုပဲလား? သာမန်ကိုယ်ကျင့်တရားကောင်းပြီး အလယ်အလတ်တန်းစား ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုရဲ့... 📈 အမြတ်ရာခိုင်နှုန်းက 3% - 7.5% ပဲ ရှိပြီး 📉 ရှုံးဖို့ရာခိုင်နှုန်းက 63% အထိ ရှိနေပါတယ်။ ဆိုလိုတာက "အမှားတစ်ချက်" ဟာ သင့်အမြတ်တင်မကဘဲ လုပ်ငန်းတစ်ခုလုံးကိုပါ ဝါးမြိုသွားနိုင်ပါတယ်။ သာမန်အတွေးအခေါ် (Average Thinking) နဲ့ ဒီလောကထဲ ခြေစုံပစ်ဝင်ရင် ခဏလေးနဲ့ ကျရှုံးသွားမှာပါ။

  • 2 мар.1 91161

    без подписи

  • 2 мар.2 07319

    မျဉ်းတိုလေး ဖြစ်သွားဖို့... တစ်ခါက ပညာရှိကြီးတစ်ယောက်က မြေကြီးပေါ်မှာ မျဉ်းတစ်ကြောင်းဆွဲပြီး သူ့တပည့်ကို မေးတယ်။ "ဒီမျဉ်းကို မဖျက်ဘဲ၊ မတို့ဘဲနဲ့ တိုသွားအောင် မင်းလုပ်နိုင်မလား?" တပည့်ဖြစ်သူက ခဏစဉ်းစားပြီး အဲ့ဒီမျဉ်းဘေးမှာတင် အရင်မျဉ်းထက် ပိုရှည်တဲ့ မျဉ်းတစ်ကြောင်းကို ထပ်ဆွဲလိုက်ပါတယ်။ အဲ့ဒီအခါ ပထမမျဉ်းလေးဟာ အလိုလိုနေရင်း တိုသွားသလို ဖြစ်သွားတာပေါ့။ ဒီအဖြစ်အပျက်လေးက ကျွန်တော်တို့ဆီကို message တစ်ခု ပေးနေတယ်။ * ကိုယ့်ထက် တော်နေတဲ့သူတစ်ယောက်ကို ပုဒ်ခတ်ပြီး နိမ့်ကျသွားအောင် လုပ်စရာမလိုဘူး။ * ကိုယ့်ထက် သာနေတဲ့သူကို မနာလိုဖြစ်ပြီး တိုက်ခိုက်နေစရာမလိုဘူး။ "သူ့ထက် ပိုရှည်တဲ့ မျဉ်းကိုသာ ကိုယ်တိုင် ကြိုးစားပြီး ဆွဲလိုက်ပါ" ကိုယ့်ရဲ့ အရည်အချင်းကို ပိုမြင့်အောင်လုပ်လိုက်ရင် ဘေးက အဆိုးမြင်ဝါဒတွေ၊ ပြိုင်ဆိုင်မှုတွေဆိုတာ အလိုလိုနေရင်း သေးငယ်သွားမှာပါ။ သူများကို လိုက်ဖျက်နေမယ့်အစား ကိုယ့်ရဲ့ မျဉ်းကြောင်းကိုသာ ပိုရှည်အောင် အာရုံစိုက် ဆွဲကြည့်ရအောင်။

  • 1 мар.2 024142

    "စျေးဆစ်လွန်းတဲ့ Client တစ်ယောက်က သင့်လုပ်ငန်းရဲ့ အနာဂတ်ကို ခိုးယူနေတာ သင်သိပါသလား?" ဆောက်လုပ်ရေးလောကမှာ အဆိုးဆုံးက "ပိုက်ဆံလည်း နည်းနည်းပေးချင်၊ အလုပ်ကျတော့ လည်း အကုန်ခိုင်းချင်" တဲ့ Client မျိုးနဲ့ တိုးနေရတာပါ။ ကျွန်တော်တို့ တော်တော်များများက "မရှိတာထက်စာရင်တော့ ရှိတာလေးကို ကိုင်ထားရမှာပဲ" ဆိုတဲ့ စိတ်နဲ့ အဲ့ဒီလို Client မျိုးကို လက်မလွှတ်ရဲကြဘူး။ ဒါပေမဲ့ ဒီနေရာမှာ Opportunity Cost (အခွင့်အရေး ကုန်ကျစရိတ်) ဆိုတဲ့ ထောင်ချောက်ကြီး ရှိနေပါတယ်။ 🔥သင်ဆုံးရှုံးနေရတဲ့ အရာများ ၁။ အချိန် (Time): အရည်အသွေးမပြည့်မီတဲ့ Client တစ်ယောက်က အသေးအဖွဲကိစ္စလေးတွေကအစ လိုက်စစ်မယ်၊ အချိန်မတော် ဖုန်းဆက်မယ်၊ မလိုအပ်ဘဲ အစည်းအဝေးတွေ ခေါ်မယ်။ အဲ့ဒီအချိန်တွေဟာ တကယ်တမ်းဆိုရင် "တန်ဖိုးရှိတဲ့ Client အသစ်" ရှာဖို့ သုံးရမယ့် အချိန်တွေပါ။ ၂။ အာရုံစိုက်မှု (Focus): သင့်ခေါင်းထဲမှာ အာရုံစိုက်နိုင်စွမ်းက Limited ပဲရှိပါတယ်။ စိတ်ရှုပ်စရာ Client တစ်ယောက်ကို ဖြေရှင်းနေရတဲ့ စွမ်းအင်တွေကြောင့် သင့်ဆီမှာရှိပြီးသား "Good Clients" တွေကို ကောင်းကောင်း ဂရုမစိုက်နိုင်တော့ဘူး။ ဒါဟာ သင့်ရဲ့ Reputation (ဂုဏ်သတင်း) ကို အဖတ်ဆယ်မရအောင် ပျက်စီးစေနိုင်ပါတယ်။ ၃။ စိတ်ဓာတ် (Morale): အဆိပ်အတောက်ဖြစ်စေတဲ့ Client တွေနဲ့ အလုပ်လုပ်ရတာက သင့်ရဲ့ Creative Energy ကို ကုန်ခမ်းစေပါတယ်။ အလုပ်လုပ်ချင်စိတ် မရှိတော့ရင် အလုပ်ကောင်းတွေ ဘယ်တော့မှ ထွက်မလာတော့ပါဘူး။ ‼️"No" လို့ ငြင်းလိုက်ရမှာ ကြောက်နေသရွေ့ "Yes" လို့ ပြောထိုက်တဲ့ အခွင့်အရေးကောင်းတွေ သင့်ဆီ ရောက်လာမှာ မဟုတ်ဘူး။ ✅ လက်တွေ့ကျင့်သုံးရမယ့် Point of View 💢 Client Filtering လုပ်ပါ: Project တစ်ခုကို လက်မခံခင် သူတို့ရဲ့ Budget တင်မကဘဲ သူတို့ရဲ့ Mindset ကိုပါ စစ်ဆေးပါ။ 💢 Pareto (80/20) ကို သုံးပါ: သင့်ကို အခက်အခဲအပေးဆုံး Client ၂၀% က သင့်ရဲ့ စိတ်ညစ်ရမှု ၈၀% ကို ပေးနေတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ၂၀% ကို စွန့်လွှတ်လိုက်မှ ကျန်တဲ့ ၈၀% သော အလုပ်တွေ ချောမွေ့လာမှာပါ။ 🤙တန်ဖိုးကို မြှင့်ပါ: စျေးပေါတဲ့ ဝန်ဆောင်မှုထက် "အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှု" ကိုပဲ အာရုံစိုက်ပါ။ ဒါမှသာ အရည်အသွေးရှိတဲ့ Client တွေက သင့်ဆီ အလိုလို ရောက်လာမှာပါ။ သတိရပါ... အရည်အသွေးမရှိတဲ့ Client တစ်ယောက်ကို လက်ခံလိုက်တာဟာ "ငွေ" ရလိုက်တာ မဟုတ်ဘဲ၊ "ပိုကောင်းတဲ့ အခွင့်အရေးတွေ" ကို တံခါးပိတ်လိုက်တာပဲ ဖြစ်ပါတယ်။ "သင့်လုပ်ငန်း တိုးတက်ဖို့ဆိုရင် ပိုက်ဆံပေးတိုင်း လက်ခံရမယ့် အဆင့်ကနေ ကျော်လွန်အောင် ကြိုးစားကြပါ။"

  • 5 февр.2 850273

    အတုခိုးမှားမဲ့ ဂျူနီယာအင်ယာတွေအတွက် ကိုယ့်ဘဝရဲ့ပေးထားချက်က မွဲနေတယ်ဆိုရင် High End Client တွေနဲ့ အဆောက်အဦးတွေကို Special Structure Design တွေနဲ့လာတည်းက တန်းပီးဆောက်ပေးဖို့က ကိုယ့်ရဲ့အဖြေမဟုတ်ဘူး အဲ့လို Client လည်း ရမှာလည်းမဟုတ်ဘူး အဲ့တာကိုအမှန်ထင်ပီး ရှေ့ကလုပ်နေပီးသားလူတွေကို အားကျပီး ကိုယ့်ရဲ့တစ်ဆင့်ချင်းကို မတည်ဆောက်ဘဲ အဲ့လိုလူတွေကိုပဲ အားကျနေရင် တကယ်ဖြစ်လာမှာမဟုတ်ဘူး အဲ့လိုလူတွေဆီမှာ မက်လုံးပေးခံရပီး အမြဲထမ်းဝန်ထမ်းပဲဖြစ်သွားမယ် တကယ်ဖြစ်လာဖို့ကျ Strategic Thinking လိုလာပီ တစ်ဆင့်ချင်းမဟာဗျူဟာကျကျဘလို ရောက်အောင် ချဉ်းကပ်မလဲဆိုတာကျ ကိုယ်က တည်ဆောက်ဖို့လိုသွားပီ မနိုင်တဲ့ Game တွေမှာ ပြိုင်စရာမလိုဘူး အချိန်ယူပီး တည်ဆောက်လို့တော့ရတယ် ဘဝကို ရေကူးတော်တာနဲ့ဆုံးဖြတ်ရင် ကိုယ်က အသုံးမကျတဲ့သူတစ်သက်လုံး ဖြစ်သွားပီ ကိုယ်ပြိုင်ချင်ရင် ကိုယ်နိုင်မဲ့စည်းဝိုင်းထဲမှာဘဲ ရပ်နေဖို့လိုတယ် ဝူခုန်းဝိုင်းပေးထားတဲ့စည်းဝိုင်းထဲက အပြင်ထွက်သွားတဲ့ ဆရာတော်ဘာဖြစ်နိုင်လဲ သိတယ်မလား .