tgindex

သီတင်းပေါင်းစုံ

Статистика
@readpyarkalaungанглийский

https://m.facebook.com/story.php?story_fbid=1922777981250446&id=100005547886865

Последний пост
30 июл.
Последнее чтение
ещё не заходили
Постов за неделю
0
Всего постов
814
Тип
открытый
Язык
английский
В каталоге с
12 авг.
Подписчики
1 182
−2 за 4 дн.
Сутки
+2
+0,17%
Неделя
 
Месяц
 
Просмотров на пост
120
40 постов
Вовлечённость
10,2%
к подписчикам
Постов в день
0,0
всего 814
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
94
1/48двое суток
107
1/72трое суток
116

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • Politix Lab 29 JULY 2026 * ကျားဖြန့်အရေး BGFခေါင်းဆောင်ကို ထိုင်း ဖမ်းဝရမ်းထုတ် #lynnkhanthane #politixlab #usa #foryourpage

  • без подписи

  • Economy Review အောင်လံနဲ့ ကိုးပင်ကြားက စစ်ဆေးရေးဂိတ် (၉)ခုက ကုန်စည်တင်ကားတွေကို ငွေကြေး တောင်းခံနေပါတယ်။ #economyreview #အောင်လံမြို့ #ကိုးပင် #စစ်ဆေးရေးဂိတ် #ငွေကြေးတောင်းခံ

  • Economy Review ဝန်ထမ်းတွေကို လစာတိုးပေးဖို့ အစီအစဉ် မရှိဘူး လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ #economyreview #ဝန်ထမ်းလစာ #ကုန်ဈေးနှုန်း #ဌာနဆိုင်ရာဝန်ထမ်း #လစာ

  • ပြစ်ဒဏ်တွေချမှတ်ဖို့ အာဆီယံကို SAC-M တောင်း ZayarTBZ 11 News စစ်ကော်မရှင်ရဲ့ အကြိမ်ကြိမ် လှည့်စားမှုကို ပြတ်သားတဲ့ ပြစ်ဒဏ်တွေချမှတ် ဖို့ အာဆီယံကို SAC-M တောင်းဆို @ZayarTBZ 7 News @ZayarTBZ 7.1News

  • MPA News ရေပြင်သွား ဒရုန်းတွေနဲ့ တရုတ် စစ်သင်္ဘောတွေကို မှတ်တမ်းတင်ခဲ့တဲ့ အမေရိကန် ဒရုန်းကုမ္ပဏီ

  • Economy Review အိမ်ခြံမြေ ဝယ်မယ်ဆို မြေအရင်စစ်ပါ။ အမရပူရဘက်မှာ ပါသွားတဲ့ မြေတွေ ဆုံးရှုံးမှု တွေ မနည်းပါဘူး။ #economyreview #အမရပူရမြို့နယ် #မှန် #မန္တလေး #အိမ်ခြံမြေ

  • без подписи

  • 🔴 ဖိလစ်ပိုင်ရေပိုင်နက်အနီး AIS ပိတ်ပြီး လျှို့ဝှက်သွားလာနေတဲ့ တရုတ်စစ်သင်္ဘောကို အမေရိကန် ရေပြင်ဒရုန်းက လျှို့ဝှက်ခြေရာခံနိုင်ခဲ့ အမေရိကန်ကုမ္ပဏီတစ်ခုရဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေပြင်ဒရုန်းငယ်တစ်စင်းက တရုတ်ရေတပ်သင်္ဘောတစ်စင်းကို လျှို့ဝှက်မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ ရိုက်ကူးထားတဲ့ ၄၂ စက္ကန့်ကြာ ဗီဒီယိုထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone - EEZ) အတွင်းမှာ တရုတ်ရေတပ်ရဲ့ Type 052D အမျိုးအစား လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော (guided-missile destroyer) တစ်စင်းကို တွေ့ရပါတယ်။ အဆိုပါသင်္ဘောဟာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း (Luzon Island) အနီး ဘာရှီရေလက်ကြား (Bashi Channel) မှာ ဇွန် ၁၆ ရက်နေ့က ရှိနေခဲ့တာဖြစ်ပြီး ကမ်းခြေကနေ မိုင် ၆၅ ခန့်အကွာမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။ ဒီသင်္ဘောဟာ တရုတ်ရေတပ်သင်္ဘောဖြစ်ကြောင်းကို သင်္ဘောပေါ်ရှိ အပြင်အဆင်၊ အပေါ်ပိုင်းတည်ဆောက်ပုံ၊ ကရိန်းနဲ့ ရေဒီယိုတိုင်ပုံစံတွေကို ယခင်ဓာတ်ပုံမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ခွဲခြားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုကို ရိုက်ကူးခဲ့တာကတော့ အမေရိကန်၊ ဆန်ဒီယေဂိုအခြေစိုက် Seasats ကုမ္ပဏီရဲ့ Lightfish USV ဆိုတဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေပြင်ဒရုန်းဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ဒီခရီးစဉ်ဟာ ထိုင်ဝမ်ရေလက်ကြားအတွင်း အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေယာဉ်စနစ်တွေ အသုံးပြုနိုင်မလားဆိုတာ စမ်းသပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ Lightfish ဟာ အရှည် ၁၂ ပေခန့်သာရှိတဲ့ ရေယာဉ်ငယ်တစ်စင်းဖြစ်ပြီး ပစ်ကပ်ကားနောက်ဘက်ကနေတောင် သယ်ဆောင်ပြီး လွှတ်တင်နိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ပင်လယ်ပြင်မှာ လူမပါဘဲ လည်ပတ်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဒရုန်းတွေဟာ ပင်လယ်ပြင်ထဲမှာ ရှိနေတဲ့ သင်္ဘောတွေကို ခြေရာခံနိုင်သလို၊ ရေအောက်အသံလှိုင်းတွေကို နားထောင်ပြီး အချက်အလက်တွေကို ဂြိုဟ်တုကနေတစ်ဆင့် မြေပြင်ရှိ ထိန်းချုပ်သူဆီ ပို့ပေးနိုင်ပါတယ်။ Seasats ကုမ္ပဏီရဲ့ CEO မိုက် ဖလန်နီဂန် (Mike Flanigan) က “တရုတ်သင်္ဘောအနီးအထိ သွားပြီး ဓာတ်ပုံရိုက်ကူးကာ အချက်အလက်တွေ စုဆောင်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။ တရုတ်ဘက်ကတော့ ဒီသင်္ဘောနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။ ဖိလစ်ပိုင်ဘက်ကတော့ “ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း ဝင်ရောက်မှုရှိတယ်ဆိုရင် တင်းမာမှုတွေ ပိုမိုမြင့်တက်စေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ သက်ဆိုင်ရာအားလုံးကို သတိပေးထားပါတယ်” လို့ ပြောပါတယ်။ Seasats ကုမ္ပဏီကလည်း အရင်နှစ်တွေတုန်းက တရုတ်ရေတပ်သင်္ဘောတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မေလအတွင်းမှာလည်း ဒီကုမ္ပဏီက ထိုင်ဝမ်ရေလက်ကြားအတွင်း တရုတ်သင်္ဘောတွေကို လျှို့ဝှက်ခြေရာခံနိုင်တဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ရေယာဉ်တစ်စင်းဟာ ထိုင်ဝမ်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်စစ်သင်္ဘောအများအပြားနဲ့ တွေ့ခဲ့ပြီး အဲဒီသင်္ဘောတွေဟာ သင်္ဘောတည်နေရာပြစနစ် (AIS) ကို ဖွင့်မထားခဲ့ကြောင်း ဆိုပါတယ်။ Seasats ကတော့ ဒီလို အဝေးထိန်းရေယာဉ်တွေဟာ ပင်လယ်ပြင်စောင့်ကြည့်ရေးအတွက် အရေးကြီးလာမယ်လို့ ပြောပါတယ်။ ကုမ္ပဏီတာဝန်ရှိသူ ဒက်ကလန် ကာဝင် (Declan Kerwin) က “ဒီနေ့ခေတ်မှာ ဂြိုဟ်တုနဲ့ အာရုံခံကိရိယာတွေ အများကြီးရှိနေပေမယ့် သင်္ဘောတစ်စင်းက ပင်လယ်ထဲမှာ ပျောက်ကွယ်နေတုန်းပါပဲ။ ဒါကြောင့် အကွာအဝေးဝေးကနေ လည်ပတ်နိုင်တဲ့ အလိုအလျောက်ရေယာဉ်တွေက အရေးကြီးတာပါ” လို့ ပြောပါတယ်။ Seasats ကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ သန်း ၄၀ ခန့်နဲ့ အစိုးရကာကွယ်ရေးစာချုပ်တွေကနေ ဒေါ်လာ သန်း ၁၀၀ ခန့် ရရှိထားတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ရဲ့ ပင်လယ်ပြင်လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ အမေရိကန်ဘက်က အလိုအလျောက်မောင်းနှင်နိုင်တဲ့ ဒရုန်းနည်းပညာတွေ ပိုမိုအသုံးပြုလာနေကြောင်း ပြသနေပါတယ်။ ----- “When tyranny becomes law, rebellion becomes duty.” #ဘာသာပြန်ဆောင်းပါး #EagleNews 🦅 Ref: NYpost

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ဘန်ကောက်မှာ ပစ္စည်းတုထုတ် လျှို့ဝှက်ဂိုဒေါင် ဝင်စီး... နာမည်ကြီးအမှတ်တံဆိပ် စက်ဆီ/ချောဆီအတု၊ ရေမွှေးအတုနဲ့ လူသုံးကုန်ပစ္စည်းအတု ၃ သောင်းကျော် သိမ်းဆည်းရမိ ယနေ့ ဇူလိုင် ၂၈ ရက် တွင် ထိုင်းစီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ဉာဏမူပိုင်ခွင့်ဦးစီးဌာနနဲ့ နာမည်ကြီးကုန်အမှတ်တံဆိပ် ပိုင်ရှင်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ဘန်ကောက်မြို့ မင်းဘူရီခရိုင်၊ ဘွန်းခွမ်လမ်းသွယ် ၁၂/၂ အတွင်းရှိ လျှို့ဝှက်ငှားရမ်းထားတဲ့ ဂိုဒေါင်တစ်ခုကို တရားရုံးရှာဖွေဝရမ်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စစ်ဆေးရာမှာ အပြင်ဘက်တံခါးကို အမြဲပိတ်ထားတဲ့ ဂိုဒေါင်အတွင်း ထိုင်းအလုပ်သမားတွေက အွန်လိုင်းကနေ မှာယူထားတဲ့ ကုန်ပစ္စည်းတွေကို ပါဆယ်ထုပ်ပိုးနေကြတာကို တွေ့ရှိခဲ့ပြီး၊ စုစုပေါင်း ကုန်ပစ္စည်းအတု ၃၂,၄၇၇ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိသည့် အတုအယောင်ကုန်ပစ္စည်းများမှာ - • မော်တော်ယာဉ်သုံး ရေမွှေးအတု (Phraphai Aroma နှင့် INZEN) – ၂၂,၀၀၀ ကျော် • LANOS အမှတ်တံဆိပ် Moisturizer (Skincare) အတု – ၇,၀၀၀ ကျော် • LLMITO Matcha လက်ဖက်စိမ်းမှုန့် – ၁,၂၆၀ ခု • နာမည်ကြီးတံဆိပ် အင်ဂျင်ဝိုင်/စက်ဆီချောဆီအတု (LIQUI MOLY, BENZ, SHELL, CASTROL နှင့် NISSAN) – ၁,၆၀၀ ကျော် • Nutrilite ပရိုတင်းမှုန့် – အချို့ ဒီအမှုဟာ LIQUI MOLY အင်ဂျင်ဝိုင်အမှတ်တံဆိပ် ကိုယ်စားလှယ်က အွန်လိုင်းပလက်ဖောင်းတွေမှာ အတုအယောင် အင်ဂျင်ဝိုင်တွေကို ပုံမှန်ထက် အလွန်သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေတာကို တွေ့ရှိပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာကနေ စတင်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီလိုအတုကုန်ပစ္စည်းတွေဟာ အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက သုံးစွဲသူတွေအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်တာကြောင့် လျှို့ဝှက်ဂိုဒေါင်ကို ခြေရာခံဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုဒေါင်မှာ အလုပ်လုပ်နေသူတွေရဲ့ ထွက်ဆိုချက်အရ တရုတ်နိုင်ငံသား မစ္စတာ ချူဖန် (ZHU FAN) ဟာ ဂိုဒေါင်ကို လွန်ခဲ့တဲ့ ၃ လခန့်က ငှားရမ်းထားပြီး၊ ထိုင်းအလုပ်သမားတွေကို တစ်ရက် ဘတ် ၅၀၀ နှုန်းနဲ့ ငှားရမ်းကာ ဖောက်သည်တွေ မှာယူတဲ့ အော်ဒါတွေအတိုင်း ကုန်ပစ္စည်းတွေကို ထုပ်ပိုးပို့ဆောင်ခိုင်းထားတယ်လို့ သိရပါတယ်။ ထွက်ဆိုချက်အရ ကုန်ပစ္စည်းအားလုံးကို တရုတ်နိုင်ငံကနေ တိုက်ရိုက်မှာယူပြီး၊ အင်ဂျင်ဝိုင်နဲ့ လူမှုကွန်ရက်ပေါ်မှာ လူကြိုက်များနေတဲ့ ကုန်ပစ္စည်းတွေကို အဓိကထား တင်သွင်းကာ ဈေးကွက်ပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးအနေနဲ့ ရဲတပ်ဖွဲ့က မစ္စတာ ချူဖန်ကို မှတ်ပုံတင်ထားပြီးသား အခြားသူရဲ့ ကုန်အမှတ်တံဆိပ်ကို အတုအယောင်အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချရန် လက်ဝယ်ထားရှိမှု နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။ စီးပွားရေးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အွန်လိုင်းပေါ်မှာ ဈေးနှုန်းအလွန်သက်သာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရာမှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် အင်ဂျင်ဝိုင်အတုတွေဟာ စက်မှုလုပ်ငန်းစံနှုန်းနဲ့ မကိုက်ညီတာကြောင့် ယာဉ်အင်ဂျင် ပျက်စီးနိုင်သလို ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားပြီး အသက်အန္တရာယ်နဲ့ ပစ္စည်းဆုံးရှုံးမှုတွေထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူသုံးကုန်ပစ္စည်းနဲ့ အသားအရေထိန်းသိမ်းရေး ထုတ်ကုန်အတုတွေမှာလည်း စံမမီတဲ့ နေရာတွေက ထုတ်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်တာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ #ChiangMaiDaily #ချင်းမိုင်နေ့စဉ် #ထိုင်းသတင်း #ဘန်ကောက်သတင်း #မှုခင်းသတင်း

  • без подписи

  • တိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိပါက နောက်ထပ် စစ်ရေးအရေးယူမှုများ ဆက်ရှိမည်” ဟု ဝါရှင်တန် သတိပေး🇸🇦🇺🇸💥🇮🇶 ~၂၉-၇-၂၆~ ဇူလိုင်လ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျ တိုက်လေယာဉ်များက အီရတ်နိုင်ငံ အရှေ့ပိုင်းရှိ အကြမ်းဖက်အဖွဲ့များ၏ လက်နက်သိုလှောင်ရုံများနှင့် ထောက်ပံ့ရေးစခန်းများကို ပူးပေါင်းလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုထားပါတယ်။ ထိုတိုက်ခိုက်မှုများသည် ပြီးခဲ့သည့် ခုနစ်ဆယ့်နှစ် နာရီအတွင်း အီရန်၏ IRGC က ညွှန်ကြားသည်ဟု စွပ်စွဲခံထားရသော ဒရုန်းတိုက်ခိုက်မှု သုံးဆယ်ကျော် ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဆော်ဒီအာရေဗျဘက်ကလည်း အီရတ်နယ်မြေမှ လွှတ်တင်ခဲ့သည်ဟု ဆိုသော ဒရုန်းများက ၎င်းတို့၏ ရေနံအခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့သဖြင့် ယခုစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အီရတ်၏ Popular Mobilization Forces (PMF) ကတော့ တိုက်ခိုက်မှုအတွင်း ကျဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိခဲ့ပြီး အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း ပြောဆိုထားသည်။ ထို့အပြင် ယင်းတိုက်ခိုက်မှုများ မတိုင်မီ နာရီပိုင်းအလိုတွင် အမေရိကန်စစ်တပ်က အမေရိကန်တပ်ဖွဲ့များကို ရည်ရွယ်သည့် အီရန်၏ ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ Your Link MM

  • без подписи

  • မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင် အပါအဝင် ၈ ဦးကို စစ်အုပ်စုက ထောင်ဒဏ် ၃၇ နှစ်စီ မတရား ပြစ်ဒဏ်ချ CJ Platform ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ (ဟောင်း) နဲ့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင် အပါအဝင် သပိတ်ရဲဘော် ၈ ဦးကို စစ်အုပ်စုက ထောင်ဒဏ် ၃၇ နှစ်စီ မတရား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ မန္တလေးမြို့မှာ အကြမ်းမဖက် သပိတ်တိုက်ပွဲတွေကို ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုထက်မြက်အောင် ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၇ လအကြာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်အုပ်စု တရားရုံးက ထောင်ဒဏ် အမိန့်များ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စု တရားရုံးက ကိုထက်မြက်အောင် အပါအဝင် သပိတ်ရဲဘော် ၈ ဦးကို ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ အမှု ၃ ခုအတွက် ၁ မှုလျှင် ၁၀ နှစ်စီနဲ့ ထောင်ဒဏ် အနှစ် ၃၀၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရဲဘော်တွေဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက စတင်ကာ စစ်အုပ်စု တရားရုံးမှာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာလည်း လနဲ့ချီပြီး သတင်းအစအန ဖျောက်ထားတာ ခံခဲ့ရကြောင်း သိရပါတယ်။ ဒီမိုကရေစီနဲ့ လွတ်မြောက်မှုကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ ဆန္ဒပြ ကျောင်းသားပြည်သူတွေကို အခုလို မတရား ပြစ်ဒဏ်ချမှတ်တာကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ မတရား ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ #CJPlatform #မန္တလေး #ရတနာပုံတက္ကသိုလ် #ကိုထက်မြက်အောင်

  • без подписи