ရာဇမာန် 🇲🇲
Статистика🇲🇲တပ်မိသားစု 🇲🇲တပ်မတော်ထောက်ခံသူဖြစ်သည် 🇲🇲 (ဘောမ"မဟုတ်) တပ်မတော်နှင့် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖေါက် 🇲🇲
- Последний пост
- 13 дек. 2024 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
နစကရဲ့ လှေနံဒါးထစ် လက်မလွှတ်နှိင်တဲ့ မျှော်တော်ယောင် NCA ရဲ့ အညှာကိုသိထားတဲ့ တိုင်းရင်းသားလက်နှက်ကိုင် EAO တွေက နစက အစိုးရကို အချိုကျွေး အချဥ်ဖမ်းပြီး ကောင်းကောင်းကစားတယ် နစကNCA ဆင့်လီးခွေးမျှော်နေတုံးမှာ တိုင်းရင်းသားလက်နှက်ကိုင်တွေက အင်အားစုတယ် အင်အားတည်ဆောက်တယ် အဏာထိမ်းပြီး ပြည်ပနိုင်ငံတွေနဲ့ အာဆီယံအသိုင်းအဝိုင်းက ထောက်ခံမူ့ကို အာသာပြင်းပြင်း လိုချင်တက်မက်မှန်း သိနေတဲ့အတွက် အိမ်နီးချင်းတရုပ်အပါအဝင် အာဆီယံနိုင်ငံတွေက နစက ရဲ့ မျှော်တော်ယောင် NCA ပါတ်ပျိုးကို ကူညီသယောင် ဘေးတီးပေးပြီး မီးစတစ်ဖက် ရေမှုတ်တဖက်နဲ့ နောက်ကျောဒါးနဲ့ထိုးတယ် ဆင့်လီးခွေးမျှော် မျှော်တော်ယောင် NCA က အောက်ခြေက စစ်သည်တွေကို ထူးခတ်ပြီး စစ်တိုက်ခိုင်းသလို ဖြစ်တာကြောင့် အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ရင်းလိုက်ရတယ် လူမသေစေချင်လို့ လက်မလွှတ်တဲ့ NCA လက်မလွှတ်နှိင် မပြတ်သားနှိင်ခဲ့လို့ ဘယ်လောက် စုတ်ပြတ်သွားပြီလည်း ဘယ်လောက် သေသွားကြပြီလည်း ❓ ရာဇမာန်🇲🇲
ဂျပန်ခေတ် အင်္ဂလိပ်ခေတ်မှီခဲ့တဲ့ အဘကို မေးကြည့်မိတယ် အဘ ဂျပန်ခေတ် အင်္ဂလိပ်ခေတ် နဲ့ ယနေ့လက်ရှိဖြစ်နေတဲ့ ခေတ်အခြေအနေ ဘယ်ဟာက ပိုဆိုးလဲမေးတော့ လခွမ်း ဂျပန်ခေတ် အင်္ဂလိပ်ခေတ်က အုပ်စိုးတဲ့သူ တစ်ယောက်ပဲကြောက်ရတာ ခုဟာက အကုန်လုံးကို ကြောက်နေရတာ မင်းအောင်လှိုင်ခေတ် အဆိုးဆုံးပေါ့ကွတဲ့ ရာဇမာန်🇲🇲
💖ဒဏ္ဍာရီ မဟုတ်ပါ 👎🏾 ✊✊✊✊✊✊ မီးပန်းရောင်စုံတွေကြား ရောင်ဝါတွေ ထွန်းလင်းတောက်ပနေတဲ့ ပွဲကြည့်စဉ်ပေါ်မှာ လူတစ်ချို့က အလံတွေကို ယမ်းပြီး ပျော်နေကြချိန်မှာ လူတစ်ချို့ကတော့ ခရောင်းလမ်းပေါ်မှာ အသက်လု ပြေးလွှားရင်း ဆက်လက် ရှင်သန်ခွင့်ရစေဖို့အတွက် အလံဖြူလေးတွေ တကိုင်ကိုင်နဲ့ပေါ့ ။ 👎🏾👎🏾👎🏾👎🏾👎🏾 အောင်မြင်စွာပြီးဆုံးကြောင်း အများပြည်သူသိစေဖို့ မီးရှုး မီးပန်းတွေ တဒိုင်းဒိုင်းဖောက်နေကြချိန်မှာ တစ်ချို့သူတွေက ချန်ထားရစ်ခဲ့ရတဲ့ ဝေးကွာနေကြရတဲ့ မိသားစုဝင်တွေနဲ့ ပြန်တွေ့ခွင့်ရဖို့အရေး တဝုန်းဝုန်းကျလာနေတဲ့ ဒရော့ ဗုံးတွေရဲ့အောက်မှာ မိသားစု ဓာတ်ပုံလေးတွေကို ကိုင်ငေးကြည့်ရင်းပေါ့ ။ ဗျောက်အိုးသံကို ကြားနာနေခွင့်ရသူတွေရဲ့မျက်နှာမှာ ပြုံးရိပ်တွေ ဝေနေသလို ဗုံးမိုးတွေ ရွာချခြင်းကိုခံနေသူတွေရဲ့ ပါးပြင်တွေပေါ်မှာတော့ မျက်ရည်စတွေ ကိုယ်စီ ကိုယ်စီ နဲ့ပေါ့။ သူတို့တွေ ကျနေကြတဲ့ မျက်ရည်တွေဟာ ကြောက်တဲ့စိတ်ကြောင့် ကျနေတာမျိုး မဟုတ်တာ သိပ်ကို သေချာပါတယ်။ မခံချိ မခံသာစိတ်ကြောင့် ကျလာနေတဲ့ မျက်ရည်စတွေဆိုတာ ကိုယ်ချင်းစာစိတ် ရှိကြတဲ့သူတွေ လွယ်လင့်တကူ သိနိူင်ကြပါတယ်။ လူတစ်ချို့က ပွဲခင်းကြီးထဲကို နိူင်ငံတော်အလံတွေဝှေ့ယမ်းရင်း ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အုပ်စုဖွဲ့ပြီး ဝင်လာနေချိန်မှာ လူတစ်ချို့က လက်ခုပ်လက်ဝါးတီးရင်း ဝင်လာနေကြသူတွေကို ဂုဏ်ပြုပေးနေကြတာပေါ့ ။ ဒီလိုအချိန်မျိုးမှာပဲ လူတစ်ချို့ကတော့ နိူင်လွန်ကြိုးနဲ့ တန်းစီအချည်ခံရပြီး မြန်မြန်လျှောက် မြန်မြန်လျှောက် ဆိုတဲ့ အမိန့်ပေးသံတွေရဲ့အောက်မှာ သူတို့တွေရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားကြပြီပေါ့ ။ ✋🏿✋🏿✋🏿✋🏿✋🏿 သာယာနေပါတယ်ဆိုတဲ့ သရုပ်ကို ပြသနိူင်ဖို့အတွက် တစ်ချို့တစ်ချို့သော လူတွေက မျက်နှာဖုံးရောင်စုံတွေကို ကာလံဒေသံ အလျှောက် စွပ်ပြနေရချိန်မှာ မသာယာနိူင်တော့တဲ့ ဘဝတွေကတော့ ရာထူးတွေ အသက်တွေ ဂုဏ်သိက္ခာတွေ ကို တလူလူလွှင့်နေတဲ့ အဖြူရောင် အစအနတွေရဲ့အရိပ်အောက်မှာ အကျည်းတန်စွာ စွန့်လွှတ်လို့ပေါ့ ။ ဝတ္တရားဆိုတာကို ကျေပွန်ဖို့အတွက် တစ်ချို့သူတွေက သူတို့ရဲ့မျက်နှာတွေပေါ် အပြုံးပန်းတွေ ပွင့်ပြနေချိန်မှာ အမိန့်ကို နာခံပြီး တာဝန်ကို ကျေပွန်ချင်တဲ့သူတွေကတော့ မျက်နှာတစ်ခြား ခေါင်းတစ်ခြားပေါ့။ ပေးဆပ်သွားသူတွေက ခေါင်းနဲ့ကိုယ် တွဲလျှက်ရှိနေသေးရင်တောင် သူတို့တွေရဲ့ ဦးနှောက်အပိုင်းအစတွေက မြေပြင်ပေါ်မှာ ဖွာလန်ကြဲနေခဲ့တာပါ။ နိူင်ငံသားအများစုရဲ့မျက်နှာပေါ်မှာ ပြုံးပန်းတွေ ဖူးပွင့်ဝေဆာစေဖို့ အတွက်ပေါ့။ 🤘🏻🤘🏻🤘🏻🤘🏻🤘🏻🤘🏻 ကိုယ့်ပေါင်ပေါ်ကိုကျလာချိန်မှ ထိုအပူကို မီးလို့ သတ်မှတ်မယ်ဆိုရင် ဒီအချိန်အထိ အမိမြန်မာပြည်မှာ တောက်လောင်နေဆဲမီးတွေဟာ တစ်ချို့သူတွေ အတွက် ဖွင့်ပွဲကျင်းပဖို့ အချက်ပေးလိုက်တဲ့ မီးရှုးတန်ဆောင် လွှင့်တင်လိုက်သလိုမျိုးပဲ ဖြစ်မှာပါ။ 💔💔💔💔💔 တစ်ခါတစ်လေကျတော့ မြန်မာပြည်ထဲမှာ ဖြစ်နေသမျှတွေဟာ ဒဏ္ဍာရီဆန်နေပေမယ့် တကယ်တမ်းမှာက ဒဏ္ဍာရီ မဟုတ်ခဲ့လေတော့ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို ပြောပြရမယ်ဆိုရင် တိတ်တိတ်ကလေး ကြွေသွားကြရတဲ့ ဝိဥာဉ်တွေများလာသလို တိုးတိုးကလေး ငိုငြီးနေရတဲ့ ရှိုက်သံတွေလည်း များများလာပါပြီ ။ မီရောင်စုံအောက်မှာ အလံလေးတွေ ကိုယ်စီကိုင်ပြီး ပြုံးပျော်နေကြမယ့်အစား ယမ်းငွေ့တွေအကြားမှာ နိူင်ငံတော်အလံစိုက်ထူနိူင်မယ်ဆိုရင် မြန်မာပြည်ရဲ့ဒဏ္ဍာရီဟာ သားစဉ်မြေးမြစ် ပြောထုံးဖြစ်တဲ့အထိ လှပနေမှာ သေချာပါတယ် ဗျာ …….. ။ ။ မင်းအုပ် စိုး
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့..... စစ်ကိုစစ်နဲ့တူအောင် တိုက်ချင်စိတ် ရှိသလား ❓ စစ်သားစစ်စစ်စိတ်ဓါတ် ရှိသလား ❓ စစ်သားကနိုင်ငံရေးသမား စိတ်ပေါက်နေရင် နိုင်ငံရေးသမားဖြစ်သွားရင် စစ်မနိုင်နှိင်ဘူး ရာဇမာန်🇲🇲
без подписи
ပုံတွေ မတင်ရက်ဘူး ပြောချင်နေတဲ့ စကားတွေ ကြိတ်မှိတ်မျိုသိတ်ထားရတာပေါက်ကွဲအားပြင်းတဲ့ ဗုံးတလုံးအလား ဘယ်နေ့တော့ ပြင်းထန်စွာ ပေါက်ကွဲမယ်မသိ စိတ်ထဲမှာတော့ ရာထူးနေရာယူထားပြီး တာဝန်ရှိပြီး တာဝန်မဲ့ အထက်လူကြီးများကို အကျိန်ကျိန် ကြိမ်ဆဲနေမိတယ် သိသမျှအဖြစ်မှန်တွေ ရေးရရင် ထောက်ခံသူတွေ စိတ်ပျက်မယ် စည်းလုံးမူ့ ပျက်ပြားမှာစိုးလို့ အကြိမ်ကြိမ် ရေးလိုက် ပြန်ဖျက်လိုက်နဲ့ ဘာစစ်သတင်းမှ မတင်ဘူး စိတ်ပျက်လို့ လက်ရှိ နခခ၅ က အရာရှိစစ်သည်တွေအားလုံး လက်တင်အလေးပြုပါတယ် ပစ်ကူ စစ်ကူ လက်နှက် ဆေးဝါး ရိက္ခာ ဘာမှ မယ်မယ်ရရ ထောက်ပံ့မူ့မရခဲ့ပဲ ရက်ပေါင်းများစွာ မပြည်မစုံတဲ့ ခုခံစစ်နဲ့ တတ်နှိင်သလောက် ခုခံကာကွယ်ခဲ့ကြတဲ့ အရာရှိစစ်သညိတွေဟာ သာမန်လူသားတွေပါ စွမ်းအားရှင်တွေမဟုတ်ဘူး တန်ခိုးရှင်တွေမဟုတ်ဘူး သူရဲကောင်းတွေပါ သူရဲကောင်းတွေဟာ လူကို လူလိုမမြင် ကိုယ်ချင်းစာတရားမရှိ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဖင်မနိုင်ဘဲပဲကြီးဟင်းစားပြီး အလှမ်းကျယ်လွန်းတော့ အလယ်အလတ် အောက်ခြေပျက်သုံး ရတာတော့ ရင်နာတယ် စစ်တပ်ထဲရောက်သွားရင် မင်းတို့ကို မိဘကမပိုင်တော့ဘူး ဆိုင်ယုံသာဆိုင် နိုင်ငံတော်ကပိုင်တယ် ဒါမှန်သောစကားပါ ကျုပ်တို့ ပြုစုပျိုးထာင်ပြီး နိုင်ငံတော်လက်ထဲ ဝကွက်အပ်လိုက်တဲ့ ကျုပ်တို့ သားသ္မီးတွေကို တပ်မတော်တော်သာအမိ တပ်မတော်သာ အဖဆိုတဲ့ စစ်ခေါင်းဆောင်တွေက ကျုပ်တို့ ဆိုင်သာဆိုင် မပိုင်တော့တဲ့ သားသ္မီးတွေကို မိဘအရင်းနဲ့တူတဲ့ မေတ္တာတရား စာနာထောက်ထားမူ့ ကိုယ်ချင်းစာတရားထားပေးနှိင်ရင် သိတ်ကောင်းမှာဘဲ မိဘတွေတိုင်းရဲ့ မျက်ရည်စက်တွေ ပူဆွေးမူ့တွေ အိပ်ပျက်ညတွေအတိုင်း တနေ့ ခင်ဗျားတို့ ပြန်ခံစားရမှာပါ ရာဇမာန်🇲🇲
без подписи
ရခိုင်မှာ လက်နက်ချ တပ်ပြေးစစ်သည်တွေကို AAအသုံးချနေမှု နဲ့ပါတ်သက်ရေးထားတဲ့ MinChit Oo ရဲ့စာကိုအကြွင်းမဲ့ထောက်ခံတယ်။ဘာမှအငြင်းပွားစရာမရှိဘူး။ ကိုယ်တွေစစ်သား အိုဟောင်းကြီးတွေ စစ်သက်တလျောက် တခါမှမကြားဘူး မကြုံဘူးတာတွေ တပ်မတော်မှာဖြစ်လာတော့အ့ံ ေဩာ မိတယ်။ Min Chit Oo တို့ရေးသားချက်ထဲမှာတပ်မတော်ကြီးဘာကြောင့်ဒီလိုဖြစ်သွားရတာလဲဆိုတဲ့အချက်ကို လစ်လျူရှုထားတယ်။ ရခိုင်မှာ ICJ နဲ့ ကိုယ့်တပ်က အရာရှိစစ်သည်တွေအရေးယူထောင်ချလိုက်ရတာရှိတယ်။ အဲ့ဒီနောက်ပိုင်း ရခိုင်မှာ ရခိုင်နဲ့သော်၎င်း ဘဂ်လီနဲ့သော်၎င်း ပါတ်သက်မိ ပြဿနာဖြစ်မိရင် ကိုယ့်စစ်သည်အရာရှိတွေကိုမှားမှားမှန်မှန် အးရေးယူတယျ့။ ဒီလိုမဟုတ်ပါဘူးမပြောနဲ့။ရခိုင်တပ်တွေကအရာရှိစစ်သည်အကြပ်ကြီးတွေအရေးမယူခံရတဲ့သူခတ်ရှားရှားဘဲ။ အပြစ်လုပ်ရင် တာဝန်မကျေရင် စစ်စည်းကမ်းအရ အရေးယူခံရမယ်။ ဒါက စစ်သားတိုင်းနားလည် လိုက်နာရတဲ့စည်းကမ်း။ သို့ပေမဲ့ တဆိတ်ရှိအရေးယူ တဆိတ်ရှိအရေးယူ လုပ်လာတဲ့ အခါကြတော့ မိမိတပ် စစ်သည်အရာရှိတွေ စိတ်ထဲမှာသိမ်ငယ်လာတယ်။အရေးယူမခံချင်ကြဘူး။ ဒီတော့ ရခိုင်သောဘာသော ဘယ်သူ ဘာလုပ်နေ လုပ်နေဘာမှ မပြော မတားမဆီးတော့ဘူး။ ရခိုင်တွေ ဘဂ်လီတွေနဲ့ အဆင်ပြေအောင် ပေါင်းလာကြရတယ်။ ရောရောထွေးထွေးဖြစ်လာကြရတယ်။ ဒါတွေ မဖြစ်ခဲ့ပါဘူးဆိုချင်ရင် ကိုယ့်ကိုကိုယ်လိမ်နေတာဘဲ။ ဘာလို့ ထစ်ခနဲအရေးယူတာလဲ? ဆိုတော့ တိုင်းမှူးဆိုတဲ့ ကောင်ကအထက်က ညိုညင်မှာစိုးလို့။ အဲတော့ ကိုယ့်တပ်ကို ပြန်နင်းချသလို ဖြစ်လာတယ်။ စိတ်ဓါတ်ရေးရာ အနိမ့်ဆုံးကိုကျသွားတယ်။ ဒါပေမဲ့ တိုင်းမှူးဆိုတဲ့ကောင် ကိုယ့်တပ်ကို ဘာဖြစ်နေတယ် မသိဘူး။ နောက်တချက်.... AAတေွစစ်ရေးအရ ထူးခြားလှုပ်ရှားလာတယ်။ တပ်တွေအမြန်ပြန်စု ခံစစ်ပြင်ဆင်ရမဲ့ အလုပ်မလုပ်ဘူး။ ရှိသမျှတပ် ရသမျှလူခွဲပြီး ဟိုနေရာတက် ဒီနေရာကာ ဟိုတစု ဒီတစု အကုန်ဖြန့်ခွဲတယ်။ မြောက်ဦး ၃၇၈တပ်မှာအိုနာကျိုးကန်းပေါင်း၁၀၀ကေျာ်ဘဲရှိတယ်။တပ်ရင်းမှုးနဲ့တစ်ဖွဲ့ကို မြို့ထဲက ရဲစခန်းမှာနေခိုင်းတယ်။ ဒုတပ်ရင်းမှုူးနဲ့ တခွဲကို ရဲတပ်ရင်းမှာ သွား ပေါင်းခိုင်းတယ်။ (အဲ့ဒီအချိန်မှာ ပလက်ဝတောင်ကျပြီးပြီ လာတိုက်တော့မှာ သေချာနေပြီ) ဘာလို့ ကို့တပ်အင်အားကို ဖြန့်ခွဲလိုက်သလဲ? ရဲစခန်းတွေ ရဲတပ်ရင်းတွေ တပ်ထဲလာပေါင်းခိုင်း တစုတစည်းတည်း ခံစစ်ဆင်ပါလား ဘာလုပ်တာလဲ? ဘာကြောင့် ဒိလိုလုပ်သလဲ တိုင်းကခိုင်းလို့တဲ့။ ဒီလိုဖြစ်တယ်။ တပ်တတပ်က ကာကင်းကုန်းနေရာယူထားတာတခုတွေ့ရတယ်။တောင်ကြောရဲ့ ဘေးဆင်ခြေလျော လမ်းမျက်နှာစာမှာ နေရာယူထားတယ်။ ဘာလို့ ထိပ်မှာပတ်လည် ခံစစ်မဆင်တာလဲ မေးတော့ တပ်ချုပ်က ဘုရားတည်မယ် ပြောထားလို့ တိုင်းမှူးက တက်မနေခိုင်းတာတဲ့။ အ့ံဩလို့မဆုံးဘူး။ မင်းတို့က စစ်တိုက်ကြမှာလား လူကြီးအကြိုက် လိုက်လုပ်နေကြမှာလား? ရခိုင်တပ်တွေ ဘာမှစစ်ရေးကြိုတင်ပြင်ဆင်မှုမရှိဘူး မလုပ်နိုင်ဘူး တပ်တွေအားလုံးတကွဲတပြား။ ဗုဒ္ဓေါကုန်းဆိုတာရှိတယ် အမြင့်ကြီး တသီးတခြား ဘယ်နေရာကိုမှ လက်လှမ့းမမှီဘူး သူ့ကိုလည်း ဘယ်သူကမှ မကူနိုင် သူကလည်းဘယ်သူ့ကိုမှဆင်းမကူနိုင်။ ရိက္ခါမပုံထားဘူး အရန်ကျည်မရှိဘူး အင်အား၃၀နဲ့ ဒီအတိုင်းပြစ်ထားတယ်။ AAကမတိုက်ဘူးဆင်းလာမဲ့တကြောင်းတည်းသောလမ်းမှာပိတ်ထိုင်ထားတယ်။ ဗုဒ္ဓေါတဖွဲ့လုံး ဆင်းပြေးရတာဘဲ။ ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ Drone guard ပို့တယ်။ အားသွင်းစရာ မီးစက်မပါဘူး။ ဆီမပါဘူး။ ဘယ်သွားဝယ်ရမှာလဲ အိန္ဒိယထဲလား... ဒီလိုတိုင်းမျိုး... စုတ်ပြတ်သတ်နေတာဘဲ။ ဘာကြောင့်လဲ တိုင်းမှူး ထင်လတ်ဦး(ကျောက်တော်ရခိုင်မလင်)ဆိုတဲ့ကောင် စောက်သုံးမကျချက်ကြောင့်ဘဲ။ ကျောက်တော်ကမ်းထိုးကိစ္စ။ကမ်းထိုးယဥ်ဟာစက်လတ်ကလွဲလို့ဘာမှပစ်ကူမပါဘူး။ဘာ အစောင့်လိုက်သဘော်လေကြောင်းစောင့်ကြည့်မှု မပါဘူး။ မိမိရဲမေခလေးလူကြီးစစ်သည်၉၀၀ကေျာ်အသက်သေကြရတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဘယ်သူ့မှာမှ တာဝန်မရှိဘူးလား။ ဘာလို့ကြိုကြိုတင်တင် ဆွဲမထုတ်ဘဲ မရူနိုင်မကယ်န်ုင်ဖြစ်မှ ဘာ တာဝန်ယူမှုမှမရှိ ဗရမ်းဗတာ စဥ်းစားဆင်ခြင်မှုမရှိ လုပ်ကြတာလဲ? ရဲဘော်တွေ သေကျေလက်နက်ချ အဖမ်းခံကြရတယ်။ ဘယ်လက်အောက်က စစ်သည်ရဲဘော် အရာရှိငယ်ကမှ အလံဖြူထောင် လက်နက်မချဘူး။ တပ်ရင်းမှူးဆိုတဲ့ ငတိတွေချည်းဘဲ အလံဖြူထောင် လက်နက်ချတယ်။ စစ်တိုင်းကြီး တတိုင်းလုံးကွပ်ကဲမှု အနီးကပ် ရှိနေတာတောင် ကိုယ့်တပ်တွေကို ကယ်ဘို့ ကူဘို့ အစီအမံမရှိဘူး မလုပ်နိုင်ဘူး။ ဘယ်လုပ်နိုင်မလဲ စစ်မှမတိုက်ဘူးတော့ အစဥ်အလာမှမရှိတာ။ စစ်ရုံးမှာ တသက်လုံးနေအချိန်တန် တိုင်းမှူး တပ်မမှူးထွက်လုပ်။ မိန်းမက ရခိုင်မဆိုတော့ ရခိုင်မခြင်း အမျိုးတွေ့ ရာထူးပေးလာကြတော့တကယ် စစ်ဆင်ရေးနဲ့ နဖူးတွေ့ဒူးတွေ့လည်းကြုံရောဗရမ်းဗတာဖြစ်တာဘဲ။ အောက်လက်က အဖမ်းခံရသူတွေကို သိတ်အပြစ်မမြင်ပါနဲ့။ အထက်က စောက်သုံးမကျအရည်အချင်းမရှိတာလည်းပြောကြပေါ့။ မပူပါနဲ့ ထင်လတ်ဦးတို့လိုလူမျိုးကအခုဦးပိုင်မှာ နေရာကောင်းရ ကောင်းစားအေးချမ်းသာယာနေပါပြီ။ သူ့လက်အောက်စစ်သည်ရဲမေအိမ်ထောင်သည် ခလေးတွေသာ အခုထိဖမ်းဆီးခံ ပစ်ပါယ်ခံ အပြစ်တင်ခံနေကြရတာပါ။ (ဒိထက်ရေးရင်မကောင်းလို့ဒီလောက်ဘဲရေးပြမယ်။တပ်မတော်ကလိုအပ်လို့ by nameနဲ့ဆင့်ခေါ်ရင်
မြန်မာ့တပ်မတော်ရဲ့ လေထီးစစ်သည်တွေ လေယဥ်မှူးတွေ တင့်ကားမောင်း စစ်သည်တွေ လက်ဖြောင့်သေနတ်ပစ် စစ်သည်တွေဆိုတာ ကြည်းရေးလေ အာဆီယံပြိုင်ပွဲအတွက် ရုရှားမှာသွားပြိုင်ရင် ဆုတံဆိပ်ကောင်းကောင်းရဖို့အတွက်သာ..... အထူးတပ်ဖွဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ လက်ဖြောင့်တပ်ဖွဲ့ (sniper) ဒရုန်းတပ်ဖွဲ့ဆိုတာ လူကြီးတွေ ဘေးမသီရန်မခဖို့ အတွက်သာ ..... ရာဇမာန်🇲🇲
✍ ရှင်းရှင်းလေးပါပဲ စစ်ရှုံးရင် သမိုင်း တရားခံဖြစ်မယ် ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းမယူနိုင်ရင် ပြည်ထောင်စုပြိုကွဲမယ် တပ်မတော်သမိုင်း ရိုင်းမယ် စစ်နိုင်ရင် သမိုင်း သူရဲကောင်းဖြစ်မယ် Hero ဖြစ်ချင်လား Zero ဖြစ်ချင်လား မေးခွန်းနှစ်ခုလုံးကို အသက်၊ သွေး၊ ချွေးတွေကပဲ အဖြေပေးနိိုင်တယ် ဒီနေရာ မင်းယူရင် ဒီတာဝန် မင်းကျေရမယ် ဒီတာဝန် မင်း မကျေရင် ဒီနေရာ မင်း မယူနဲ့ (မင်းနဲ့ မတန်ဘူး) ထီးဖြူဆောင်းချင်ရင် ဘုရင်ဖြစ်ကြောင်းတော့ သက်သေပြဖို့ လိုလိမ့်မယ်
နခခ၅ *လက်နက်ချလိုက်ပြီလို့သိရပါတယ် ၇၀ကျော်လက်နက်ချလိုက်ပီး ၁၅၀ကဒဏ်ရာတွေနဲ့လို့သိရပါတယ်။ *အရမ်းတွေပြောခြင်နေတာတစ်ခုက နခခ၅videoဖိုင်တက်လာလို့ ကျရတယ်ဆိုပီးပြောတဲ့သူတွေကိုပြောခြင်တာက လပေါင်းများစွာဝိုင်းပိတ်ထားတာသူတို့ဘာမှvideoမတင်ပဲပိတ်ခံပီးတိုက်ခဲ့ပြီးပြီ။ *သူတို့နောက်ဆုံးချိန်မှာမိသားစုကိုစောင့်ရှောကိဖို့ငိုပီးပြောတာကအပစ်ဖြစ်လားလို့မေးခြင်ပါတယ်။ *သွေးချွေးတွေပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့လူတွေကိုအပစ်ပြောဖို့မသင့်ပါဘူး ဒီလောက်နေရာကျဉ်းကျဉ်လေးမှာသူတို့ဘယ်လိုခံစားခဲ့ရမလဲကိုယ်ခြင်းစာပါ။ *လပေါင်းများစွာခံပိတ်တိုက်ခိုက်ခဲ့ကြတာတောင်ဘာမှမလုပ်ပေးပဲလူကြီးတွေကတော့ အာဆတ်နဲ့ကာဘူလ်းအစိုးရနောက်ကိုအနှေးအမြန်လိုက်ဖို့အထုပ်သာပိုက်ထားကြ ပြင်ဆင်မယ်ဆိုမှီပါသေးတယ်။ *ဒါပဲပြောခြင်တယ်စောက်ရေးမပါမ ယောင်ရာဆီလူးလုပ်ရင်တော့ ကိုယ့်အလှည့် ရောက်လာလိမ့်မှာဧကန်မလွဲ။ #TPWC https://t.me/TPWC01
ကြိုက်လို့ copy ယူလာတာ အိမ်က G7 ကျောင်းသားကို ဉာဏ်စမ်းမေးခွန်းလေး မေးကြည့်တယ်... #ရွေးကောက်ပွဲ #အမျိုးသားအားကစားပွဲ နဲ့ #စစ်နိုင်အောင်တိုက်ဖို့ အဲ့ ( ၃ ) ခုမှာ ဘယ်ဟာ အရေးအကြီးဆုံးလဲ မေးတော့... ဟိုကောင် မျက်လုံးလေးလှန် စဉ်းစားပြီး ဖြေတယ်... " စစ်နိုင်အောင် တိုက်ဖို့က အရေးကြီးဆုံးပါ ဖေ " တဲ့ ဘာလို့လဲ မေးတော့... " စစ်နိုင်မှ ဘာလုပ်လုပ် အားလုံး အဆင်ပြေမှာမို့ပါ " တဲ့ " အေဘေးလေး... စောင်ကလေးအတွေးနဲ့ ပေါက်ကရတွေ လာပြောနေပြန်ပါပြီ... အမှန်တော့ ဒီအချိန်မှာ အမျိုးသားအားကစားပွဲတော်က အရေးအကြီးဆုံးကွ " လို့ ပြောပြီး နရင်း နှစ်ချက် အုပ်လိုက်ရတယ်... 😌 Crd-Dr.AMT
နောင်ကို ဘယ်တော့မှ အာဏာ သိမ်းလည်း မသိမ်းနဲ့ ထိန်းလည်း မထိန်းနဲ့ နိုင်ငံတော် အတွက် လိုအပ်လာရင် တပ်မတော် က အာဏာ သိမ်း/ထိန်း တာကို လက်ခံတယ် အာဏာ သိမ်း/ထိန်း ပြီး ဆူပူအကြမ်းဖက်သမားတွေကို ငြိမ်ဝပ်ပိပြားအောင် မလုပ််ရဲရင်... အာဏာ သိမ်း/ထိန်း ပြီး ငြိမ်ဝပ်ပိပြားရေး အေးချမ်းသာယာရေး တရားဥပဒေ စိုးမိုးရေးကို ပြတ်ပြတ်သားသား မလုပ်ရဲရင်... အာဏာ သိမ်း/ထိန်း ပြီး သူပုန်တွေ ကို ထိထိရောက်ရောက် မနှိမ်နင်းရဲရင် မနှိမ်နင်းရဲရင်... အာဏာ သိမ်း/ထိန်း ပြီး ဥပဒေကျူးလွန်သူတွေကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား မစီရင်ရဲရင်... တပ်မတော်က နာမည်ခံပြီး အာဏာ သိမ်း/ထိန်း ပြီး မြို့နယ် ခရိုင် တိုင်း/ပြည်နယ် အုပ်ချုပ်ရေးကို အရပ်သားကိုပဲ ထားမယ်ဆိုရင် တိုင်းပြည်ကို ဖျက်နေတဲ့ ရန်သူ့ခေါင်းဆောင်တွေကို မသုတ်သင်ရဲရင်... ရန်သူနဲ့လက်ဆွဲနှုတ်ဆက်ချင်စိတ် ရှိနေရင်... ဘယ်တော့မှ အာဏာ မထိန်းပါနဲ့... တိုင်းပြည် အခြေအနေ ကို ပိုမိုဆိုးရွားစေတယ်။ ပြည်သူတွေ တပ်မတော်သားတွေ ရဲတွေ စစ်မှုထမ်းဟောင်းတွေ မျိုးချစ်တွေ ရဟန်းသံဃာတွေ အသတ်ခံရ သေရတာပဲ အဖတ်တင်ပါတယ် ။ Crd 😎😎😎
မြန်မာ့တပ်မတော်စစ်ပွဲတွေမှာရှုံးနိမ့်နေခဲ့ရတာမင်းအောင်လှိုင်ကိုအရမ်းကိုးကွယ်ခဲ့ကြလို့ဖြစ်လာရတယ်လို့မြင်တယ်။ကိုယ်အားသာတဲ့အချိန်တုန်းက ဦးမချိုးထားနိုင်ခဲ့လို့အခုလိုအဖြစ် တွေဖြစ်လာတာဖြစ်ပါတယ်။ အပ်နဲ့ထွင်းတာနဲ့ ရမယ်ကိစ္စကို အချိန်တွေဆွဲလာခဲ့လို့ အခုတော့ပဆိန်နဲ့ ပေါက်တာတောင် ဆေးမမီတော့ဘူး။ဒီအရာတွေ စတင်မှားယွင်းမှုဟာမင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တသိုက်ကြောင့်ဆိုရင် မမှားဘူး။ဒီကောင်တွေနေရာရနေသ၍မြန်မာ့တပ်မတော် နလံထူဖို့ လမ်းမမြင်မိကြောင်း ပေါ်တင်ရေးသားလိုက်ရပါတယ်
တပ်နေပျော်၍ စစ်တိုက်တော်ရမည် ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ စစ်သားတွေ တပ်နေပျော်အောင်ထားရမယ်။စစ်တိုက်တော်အောင်၊တိုက်ချင်စိတ်ရှိအောင် ဖြည့်ဆည်းပံ့ပိုးပေးရမှာ မဟုတ်လား။လစာနဲ့တခြားအကြောင်းအရာတွေ အများကြီးမထောက်ပြချင်ဘူး။ထောက်ပြလည်း လုပ်ချင်မှလုပ်မှာ။လက်ရှိ အသုံးဝင်မယ့် နည်းလမ်းတစ်ခုတော့ ပြောပြမယ်။PDF တွေကို အလင်းဝင်ဖို့ဖိတ်ခေါ်ပြီး သိန်း၂၀/၃၀ ပေးနေမယ့်အစား ရှေ့တန်းမှာတိုက်နေတဲ့ အဖွဲ့တွေကို တစ်လောင်းရရင် ၂သိန်း ပဲ ပေးကြည့်။၁၀ လောင်းဆို သိန်း၂၀။အလောင်း ၁၀၀ ရရင် သိန်း ၂၀၀ ။လစာလည်းရ၊ဝမ်းလည်းဝ၊အကြမ်းဖက်လည်းကင်းစင်။ဘယ်လောက်ကောင်းလဲ။အဲ့ငွေကို လစာပေးတာနဲ့ချက်ချင်းရှင်းပေးလိုက်။မကောင်းဘူးလား။တိုင်းပြည်ရဲ့ငွေ၊စစ်တပ်ရဲ့ဘတ်ဂျက်၊အလဟသမဖြစ်ဘူး၊ကိုယ့်လူပဲရတာလေ။ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့ https://t.me/kyunhlanews
ငွေတောင်းရင်တိုင်၊ မဟုတ်ဘဲ ဆွဲရင်တိုင် data တိကျဖို့ လိုတယ် လီဆယ်တိုင်ရင် တိုင်တဲ့သူ နာလိမ့်မယ်မှတ် #BN ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင် ၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို စုံစမ်းမေးမြန်းရန်နှင့်သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်- (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး(နေပြည်တော်) (၁) ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ ၀၆၇- ၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၁ (ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(နေပြည်တော်ကောင်စီ) (၁) ၀၆၇-၄၅၅၀၄၈၈၊၀၆၇-၄၅၅၀၄၉၉ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၂ (ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး) (၁) ၀၇၁- ၂၀၃၂၀၉၁၊၀၇၁-၂၀၃၂၀၉၂ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၇ (ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) (၁) ၀၅၉- ၂၀၂၄၀၃၇၊၀၅၉-၂၀၂၄၀၃၈ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၈ (င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး) (၁) ၀၅၂- ၂၂၀၁၉၃၉၊၀၅၂-၂၂၀၁၉၄၉ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၉ (စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး) (၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂၀၂၈၈၇၉ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၀ (ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) (၁) ၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆ (၂) မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု (SMS) ၀၉- ၂၅၅၀၀၂၅၁၁ (ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်) (၁) ၀၅၇ -၂၀၂၇၉၃၅၊၀၅၇-၂၀၂၇၉၃၆ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၂ (ဈ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်) (၁) ၀၉- ၂၅၅၀၀၂၅၁၇၊၀၉-၂၅၅၀၀၂၅၁၈ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၃ (ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး) (၁) ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၄ (ဋ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်) (၁) ၀၈၁-၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် () ၀၉- ၂၅၅၀၀၂၅၁၅ (ဌ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) (၁) ၀၄၂- ၂၀၂၅၉၉၃၊၀၄၂- ၂၀၂၅၉၉၄ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၆ ၂။ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ crd
🍉ဖရဲသီးက မည်သူလဲ❓
ပြည်သူ့စစ်မူ့ထမ်းဥပဒေက အောက်ခြေကျောမွဲလူတန်းစားများရဲ့ သားသ္မီးများသာ ဥပဒေကသက်ရောက်အကျုံးဝင်ပြီး အထက်တန်းလွှာ လူ့မလိုင်ဆီသားသ္မီးများနှင့် ငွေကြေးတတ်နှိင်သူ အလယ်အလတ် လူလတ်တန်းစား သားသ္မီးများကတော့ စစ်မူ့ထမ်းဥပဒေကနေ ကင်းလွတ်ခွှင့်ရနေတယ် ရပ်ကွက်အုပ်ကြီးများက ပြည်သူ့စစ်မူ့ထမ်းဥပဒေကို အကြောင်းပြပြီး တစ်အိမ်ထောင် နှစ်သောင်းကျပ် သုံးသောင်းကျပ် ငွေကောက်ခံ၍ ကျောမွဲလက်လုပ်လက်စား ပြည်သူကိုစိတ်ဒုက္ခပေးနေဆဲ အများပါတဲ့ချေး ပုဇွန်ခေါင်းစုသလို နစက အစိုးရ စီမံခန့်ခွဲမူ့ ညံ့ဖျင်းသမျှ နစက အစိုးရကို မမြင်ဘဲ တပ်မတော်သည်သာ လူမုန်းပိုများ ပုံရိပ်ပိုကျလာနေတာကတော့ နစက အစိုးရစောက်သုံးမကျလို့ပဲဖြစ်တယ် ရာဇမာန်🇲🇲
ရာဇမာန် 🇲🇲 pinned «မငြိမ်းချမ်းတဲ့ တိုင်းပြည်မှာ လူဦးရေ သန်းကောင်စာရင်းကောက်တော့ လူဦးရေ စာရင်းအမှန်ရရဲ့လား 😎 မယောင်ယာဆီလူး တာတွေ ဖေါ်ရှိုးတွေ ရပ်ပြီး စစ်ဘာကြောင့် ရှုံးနေရသလည်း ဆိုတာ အဖြေရှာဖို့ အထက် အလယ် အောက် စုံညီစွာနဲ့ ဘယ်နှစ်ခါ စည်းဝေးပွဲထိုင်ပြီး ခေါင်းချင်းဆိုင်…»
တချို့ လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ ဘဝတည်ဆောက်ကြတယ် တချို့ လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ ထ္မင်းစားကြတယ် တချို့ လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ နိုင်ငံရေးအမည်ခံကြတယ် တချို့ လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ အာဏာတည်မြဲဖို့ လုပ်ကြတယ် တချို့ လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ တိုင်းပြည်ကိုချစ်ပြကြတယ် တချို့ လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ တော်လှန်ရေးအမည်ခံ ကိုယ်ကျိုးရှာကြတယ် တချို့လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ ရာထူး နေရာ ပဝါ တည်မြဲရေး စည်းစိမ်ဥစ္စာ ငွေကြေးအတွက် လမ်းခင်းရှောက်ကြတယ် တချို့လူအတ္တတွေက သူများဘဝ သူများအသက်တွေနဲ့ အဏာကို ဆွဲဆန့်ကြတယ် တချို့လူတွေက သူများဘဝ သူများအသက်တွေနဲ့ ခေတ်ပျက်တုံး ကိုယ်ကျိုးရှာကြတယ် တချို့လူတွေက သူများဘဝ သူများအသက်တွေနဲ့ ကိုယ့်ကိုယ်ကို ကာဗာလုပ်ရင်း ချနင်းကြတယ် လူ့အတ္တတွေ စားနေတဲ့ ထ္မင်း သောက်နေတဲ့ရေ ရှူရှိုက်လိုက်တဲ့ ဝင်သက် ထွက်သက်မှာ သွေးညှီနံ့တွေ သွေးညှီနံ့တွေ သွေးညှီနံ့တွေ လိပ်ပြာလုံပါစေ လူ့အတ္တ လူ့အယုတ်တမာများ ရာဇမာန်🇲🇲