Shwe Maw Kun Private School
СтатистикаShwe Maw Kun Private school is a billingual school that offers both local and international quality education.
- Последний пост
- 15 авг.
- Последнее чтение
- ещё не заходили
- Постов за неделю
- 4
- Всего постов
- 22
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 153
- 1/48двое суток
- 175
- 1/72трое суток
- 189
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
"ဖြောင့်မတ်မှန်ကန်မှုနဲ့အတူ တောက်ပတဲ့ အနာဂတ်ဆီသို့..." ✨🕊 ကျောင်းသား/ကျောင်းသူလေးများ အမှား/အမှန်ကို ခွဲခြားသိမြင်ပြီး ကျင့်ဝတ်သီလနှင့် ပြည့်စုံစေရန်အတွက် ကျွန်တော်တို့ ရွှေမော်ကွန်း အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း မှာ "အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ" ကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်ဗျာ။ 🏫✨ ဒီအခမ်းအနားလေးမှာတော့ - 🎤 အဂတိလိုက်စားမှု၏ ဆိုးကျိုးများကို ထိရောက်စွာ အသိပညာပေး ဟောပြောခဲ့ကြတဲ့အပြင် သားငယ်/သမီးငယ်လေးများကလည်း အုပ်စုလိုက် တက်ကြွစွာ ပါဝင်ဆွေးနွေး တင်ဆက်ခဲ့ကြပါတယ်။ 💬 ဒါ့အပြင် သားသားမီးမီးများ၏ သိလိုသည်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ "အဂတိလိုက်စားမှု ပပျောက်ဖို့ - လူငယ်များမှ စတင်စို့" ဆိုသည့်အတိုင်း စည်းကမ်းရှိပြီး ဖြောင့်မတ်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရွှေမော်ကွန်းမှ အစဉ်အမြဲ လက်တွဲပျိုးထောင်ပေးလျက် ရှိပါတယ်ဗျာ။ ⚖️❤️
без подписи
без подписи
✨ Adolescent Education: Growing Up with Confidence ✨ 🧍♀️🧍♂️ ဆယ်ကျော်သက်ဆိုတာ ကလေးအရွယ်ကနေ သက်လတ်ပိုင်းအရွယ်ကို ကူးပြောင်းတဲ့ အချိန်ကာလတစ်ခုဖြစ်တာမို့ ပြောင်းလဲမှုများစွာကို စတင်ကြုံတွေ့ရတဲ့အရွယ်လည်း ဖြစ်ပါတယ်ရှင်💬 💁♀️🧠 ဒီအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအပြင် အသိဉာဏ်နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေပါ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတတ်ပါတယ်။ 🧍♂️🧍♀️ ဒါ့အပြင် ဆယ်ကျော်သက်အရွယ်မှာ စိတ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းစတဲ့ စိတ်ခံစားချက်အမျိုးမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။ ဒါတွေဟာ အရွယ်ရောက်လာချိန်မှာ ကြုံတွေ့ရမြဲ သဘာဝတရားတွေဖြစ်ကြောင်း ကလေးတွေကိုမိဘများနှင့်အတူ ဆရာ၊ ဆရာမများက အတူတကွ ဂရုတစိုက် ရှင်းပြပြီး နားလည်ပေးဖို့ အရေးကြီးလှပါတယ်ရှင်။ ကျွန်မတို့ ရွှေမော်ကွန်းကိုယ်ပိုင်ကျောင်းအနေနဲ့ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာနိုင်စေဖို့ ရည်ရွယ်ပြီး "Adolescent Education" နဲ့ဆိုင်တဲ့ အသိပညာဗဟုသုတများ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုဖွယ်ရာ အကြောင်းအရာတွေကို ဆရာ၊ ဆရာမများက ချစ်ခင်ရင်းနှီးစွာဆွေးနွေးဟောပြောပို့ချပေးခဲ့ပါတယ်ရှင်။
📚ပျော်စရာကောင်းသော စာသင်ခန်းမှ ပိုမိုတောက်ပသော အနာဂါတ်ဆီသို့….🛣🌟 သင်ကြားခြင်းဆိုတာ အဖြေတွေကို ပြောပြရုံမဟုတ်ဘဲ၊ အဖြေကို ကိုယ်တိုင် ရှာဖွေနိုင်အောင် လမ်းပြပေးခြင်း ဖြစ်ပါတယ်ရှင်…. ကျွန်မတို့ ရွှေမော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသား/သူများ အားလုံး စိတ်ဝင်စားစွာ ပါဝင်သင်ယူနိုင်ပြီး ယုံကြည်မှုရှိရှိ တွေးခေါ်တတ်လာစေရန် အမြဲကြိုးစား သင်ကြားပေးလျက်ရှိပါတယ်…. 🌱📖 ဒီ Video လေးမှာတော့ Interactive Teaching & Learning နည်းလမ်းနဲ့ သင်ကြားနေတဲ့ ဘာသာရပ်အလိုက် စာသင်ချိန်တွေကို ပြန်လည်မျှဝေပေးထားပါတယ်ရှင့်….
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
🌟 Celebrating Our Champions: Player of the Month Awards 🌟 Shwe Maw Kun Sports Club ရဲ့ ကစားသမားလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို လစဉ်ဂုဏ်ပြုပေးမယ့် July လအတွက် "Player of the Month Award" ချီးမြှင့်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ မိမိတို့ရဲ့ သက်ဆိုင်ရာ Sport Club အလိုက် ထူးချွန်ခဲ့ကြတဲ့ ကစားသမားများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်ဗျာ 🏆။ ယခုလို ဆုတွေ ချီးမြှင့်နိုင်ဖို့ သက်ဆိုင်ရာ Sport Club အလိုက် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ကျွန်ုပ်တို့ရဲ့ Sports Club Partnerships များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ဗျာ။ 🤝 Our Sports Club Partnerships: ⚽️ Futsal ➡️ Shwe Ya Tu Sportwear Shop 🏸 Badminton ➡️ WINIX Badminton ♟ Chess ➡️ Mom Cafe & Garden Taunggyi 🎾 Tennis ➡️ Take Printing Shop ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေဟာ လူငယ်တွေအကြား အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုခိုင်မာလာစေဖို့နဲ့ အားကစားထူးချွန်သူတွေ ပိုမိုပေါ်ထွက်လာအောင် မွေးထုတ်ပေးမယ့် အရေးကြီးတဲ့ အထောက်အပံ့တွေပဲ ဖြစ်ပါတယ်။ 🚀 "Every Champion Was Once A Beginner"
🙏🏻✨ "ရွှေမော်ကွန်းကျောင်းတော်ကြီးရဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာ" ✨🙏🏻 ရွှေမော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်အတူ စည်းလုံးညီညွတ်သော သဒ္ဓါတရားများဖြင့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်ဗျာ။ 🌸 ဤကောင်းမှု ကုသိုလ်အစုစုတို့ကြောင့် ခုနစ်ရက်သားသမီး အပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။ 💛🙏🏻
🎓 Welcome Back to School & Heartiest Congratulations to Tr. Nway Nway Ei! 🇺🇸✨ ရွှေမော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ဆရာမ တစ်ဦး ဖြစ်တဲ့ ဆရာမ ဒေါ်နွေးနွေးအိသည် အမေရိကန်နိုင်ငံ၊ State University of New York (University at Albany) မှာ ပညာတော်သင်တစ်ဦးအနေဖြင့် “Educational Policy & Leadership” (ပညာရေးဆိုင်ရာ မူဝါဒနှင့် ခေါင်းဆောင်မှု) မဟာဘွဲ့ကို အောင်မြင်စွာ ရယူပြီး ကျောင်းတော်ကြီးဆီသို့ ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ 👏🏻🎉 ယခုမှာတော့ ဆရာမဟာ ပိုမိုကြွယ်ဝပြည့်စုံတဲ့ ပညာရေးအတွေ့အကြုံများ၊ ခေတ်မီဆန်းသစ်သော သင်ကြားရေးနှင့် စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့်အတူ Head of School Improvement & Data Architect အနေဖြင့် ရွှေမော်ကွန်း၏ သင်ကြားရေးအဆင့်အတန်းကို ပိုမိုမြင့်မားအောင် ပြန်လည်ဦးဆောင်ပေးတော့မှာလည်း ဖြစ်ပါတယ်ရှင်။ 👩🏻🏫💡 ရွှေမော်ကွန်းကျောင်းတော်ကြီးကို ဂုဏ်ဆောင်ပေးခဲ့တဲ့ ဆရာမ ဒေါ်နွေးနွေးအိ အတွက် ရွှေမော်ကွန်းမိသားစုတစ်ခုလုံးက လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူမိသလို၊ ဆရာမရဲ့ သင်ကြားရေးခရီးစဉ်သစ်အတွက်လည်း လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်ရှင်။ 💖🌟
✨ "KG သင်ရိုးသစ် Sharing Session & Joyful Learning Moments" ✨ KG အရွယ် ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှု (၅) ရပ် ကို စနစ်တကျ ထောက်ပံ့ပေးနိုင်ဖို့အတွက် ဆရာ၊ ဆရာမများအားလုံး စုပေါင်းပြီး KG သင်ရိုးသစ် Sharing Session လေးကို ပျော်ပျော်ရွှင်ရွှင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်ဗျာ။ 👭✨ ကလေးတို့ရဲ့ အနာဂတ်အတွက် သင်ကြားရေး အတွေ့အကြုံသစ်တွေကို လက်တွဲညီညီ ဖလှယ်ခဲ့ကြတဲ့ Sharing Session အမှတ်တရ ပုံရိပ်လေးတွေကို အားလုံးနဲ့အတူ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ 🎥💚 🏫 ရွှေမော်ကွန်း အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း
🌍💚 Caring for Our Earth | ကမ္ဘာမြေကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းကြပါစို့ 💚🌍 ဒီနေ့ Shwe Maw Kun Premium Pre-School မှာ သားသား၊ မီးမီးလေးများဟာ "Caring for Our Earth" ခေါင်းစဉ်ဖြင့် ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် နေ့စဉ်အလေ့အကျင့်ကောင်းများကို ပျော်ရွှင်စွာ သင်ယူခဲ့ကြပါတယ်ရှင့်။ 🌱✨ 📖 Storytelling, 🎵 Songs, 💬 Discussions နှင့် 🤲 Hands-on Activities များမှတစ်ဆင့်... 🌱 Keeping our Environment Clean 🗑 Throwing Rubbish in the Bin 💧 Saving Water Wisely ♻️ Reducing, Reusing & Recycling စသည့် အလေ့အကျင့်ကောင်းများ၏ အရေးပါမှုကို လက်တွေ့လေ့လာဆွေးနွေးခဲ့ကြပါတယ်။ မိမိတို့နေထိုင်တဲ့ကမ္ဘာမြေကြီးကို စောင့်ရှောက်တာဟာ ကြီးမားတဲ့အရာတွေကနေ စတင်တာမဟုတ်ဘဲ ကျွန်မတို့ရဲ့ နေ့စဉ်အလေ့အကျင့်သေးသေးလေးတွေကနေ စတင်တာဖြစ်ပါတယ်။ 💚 ဒါကြောင့် Shwe Maw Kun Premium Pre-School မှာ သားသား၊ မီးမီးလေးများအား သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်စေရန်နှင့် တာဝန်ယူတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေဖို့ ငယ်စဉ်ကတည်းက စနစ်တကျ ပျိုးထောင်ပေးလျက် ရှိပါတယ်ရှင့်။ 🌍🌿
без подписи
без подписи