မြတ်ဗုဒ္ဓ၏ တရားတော်များ သစ္စာရွှေစည် Thitsarshwesi
Статистика- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 4
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 785
- 1/48двое суток
- 899
- 1/72трое суток
- 970
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
သေခြင်းတရားနှင့် အကြီးမားဆုံး အရူံး __________________________ သေခြင်းတရား အရေးကြီးတယ်ဆိုတာ ဒီတစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ရင်ကိုပဲ လက်ခံနိုင်လိမ့်မယ်။ သေခြင်းကို ရင်မဆိုင်နိုင်ရင် အသေဆိုးမယ်။ အသေဆိုးရင် ဘဝဆိုးပဲရမယ်။ အပါယ်လေးပါး ရောက်သွားရင် ပြန်လည်လွတ်မြောက်ဖို့ အလွန် ခဲယဉ်းတယ်ဆိုတာလည်း လူတိုင်း နားလည်ကြတယ်။ အပါယ်လေးဘုံဆိုတာ နိုင်ရာစား လောကကြီး အကုသိုလ်စိတ်တွေနဲ့ အချိန်ကုန်နေတဲ့ ဘဝမျိုးနော်။ ပြန်လည်လွတ်မြောက်ဖို့ဆိုတာ အလွန်ကြာမြင့်တဲ့ကာလကို ဖြတ်သန်းရလိမ့်မယ်။ ဒါကြောင့် အသေဆိုးလို့ အပါယ်ဘုံ ရောက်သွားမယ်ဆိုရင် အဲဒီဘဝမှာ အကြီးမားဆုံးနဲ့ အဆိုးဝါးဆုံး ကျရှုံးမှုပဲ။ လူတော်တော်များများက မသေခင် နေတုန်းလေးမှာပဲ အောင်မြင်မှုရအောင် ကြိုးစားကြတာ။ သေပြီဆိုတာနဲ့ ရှုံးတဲ့လူတွေပဲ များတယ်။ တချို့ နေတုန်းတော့ အောင်မြင်ကြပါတယ်။ ပညာရေးရော စီးပွားရေးရော လူမှုဆက်ဆံရေးရော အစစအရာရာ သူတို့ အထင်အရ ပြောရရင် အထက်တန်းရောက်တယ်ပေါ့။ ဒါပေမယ့် ဘဝခန္ဓာအကြောင်း မှန်မှန်ကန်ကန်သိတဲ့ ပညာကို ရအောင် လုပ်မထားဘူးဆိုရင်တော့ သေပြီဆိုတာနဲ့ ဒုက္ခရောက်တော့တာပဲ။ သစ္စာရွှေစည်ဆရာတော်
без подписи
без подписи
без подписи
အကောင်းဆုံးနေနည်း အပိုင်း(၁၁) ဒီကိစ္စမှာ ဘာနဲ့မှ ကာကွယ်လို့လည်း မရဘူး၊ အခွင့်ထူးခံလည်း မရှိဘူး။ ဘယ်သူ့ခန္ဓာကိုယ်ပဲ ဖြစ်ဖြစ်၊ ဘဝပဲ ဖြစ်ဖြစ် အစာအဟာရ လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှ ဆက်ရှင့်ခွင့်ရမယ့်ခန္ဓာမျိုး။ ဒါကိုက သူက ထင်ထင်ရှားရှားကြီး ဒုက္ခလို့ သူပြောနေတယ်။ ဒီကစ္စကို မြင်အောင်ကြည့်နော်၊ ကျုပ်တို့ဉာဏ်က ထင်သလောက်ကြီး ထက်တာ မဟုတ်ဘူး၊ ဟုတ်လား။ ပြီးရင် ကျင်ကြီးစွန့်ရတဲ့ကိစ္စ၊ ကျင်ငယ် စွန့်ရတဲ့ ကိစ္စ၊ ဒီဟာကို သေသေချာချာ ကြည့်၊ သေသေချာချာစဉ်းစား။ ဘယ်လို ဆက်စပ်အလုပ်လုပ်ပြီးတော့ ဒါကြီးက အကောင်းလား အဆိုးလား ဆိုတာကို ကျုပ်တို့က မသဲကွဲလို့ ဘုန်းကြီးတို့က သဲကွဲအောင် ပြောနေတယ်။ ဟုတ်လား။ ရှင်သာရိပုတ္တရာရဲ့ ဉာဏ်ကိုလည်းပဲ ကြည်ညိုရင်းနဲ့ နားထောင်ကြည့်နော်။ အအေးကို၊ အပူကို၊ ဆာလောင်မွတ်သိပ်တာကို ကျင်ကြီးကျင်ငယ် စွန့်တာကို ရင်ဆိုင်ရလိမ့်မယ်။ ပြီးရင် ဒါတင်လား၊ ဘယ်ဟုတ်မတုန်း။ အဂ္ဂိသမ္ဖဿ၊ မီးနဲ့ကလည်း မကင်းနိုင်ဘူး၊ အချက်ပြုတ်ရတယ်၊ အခုဆို ပိုဆိုးတာပေါ့နော်။ ဓာတ်လိုက်ပြီးတော့ သေရတဲ့လူတွေ၊ ဟုတ်လား။ ပြီးတော့ ဘာတုန်း၊ ဒဏ္ဍသမ္ဖဿတဲ့ သူကတော့ အမျိုးမျိုးပေါ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်ပေးခံရတာ ဒုက္ခဖြစ်တာ။ နောက်ဆုံး ဘာပြောတုန်း။ သတ္ထသမ္ဖဿတဲ့ လက်နက် အမျိုးမျိုးနဲ့ တွေ့ရတာ။ လူတွေက လောဘ၊ ဒေါသ၊ မောဟ အိုးတွေလေ။ ဒါကြောင့် ကမ္ဘာအသီးသီး၊ နေရာအသီးသီးမှာ လက်နက် အမျိုးစုံနဲ့ ဘာလုပ်နေကြတာတုန်း။ ဒုက္ခပေးနေတယ်။ လက်နက် အမျိုးစုံကြောင့် ဒုက္ခဖြစ်နေတာ။ ဟုတ်တယ်မဟုတ်လား။ ပြီးတော့ ဘာလဲတုန်း၊ နောက်ဆုံး ဒုက္ခကလေး ဘုန်းကြီးက အဲ့ဒီဒုက္ခလေးကိုလည်း ပြုံးမိတယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ စုရုံးရောက် ရှိလာပြီးတော့ ကိုယ့်ကို လာပြီးတော့ ချုပ်ချယ်ကြလိမ့်မယ်တဲ့။ ဟုတ်လား။ လွတ်ကင်းနိုင်မလား။ အဲ့ဒါတော့ ကိုယ်ကလည်း သွားပြီးတော့ ချုပ်ချယ်တဲ့ အပိုင်းတွေ ရှိတယ်မဟုတ်လား။ အဲ့လိုဆိုရင် အဲ့ဒါလေး အမှတ်ရပြီးတော့ သူ့ကိုတော့ ဖြေတတ်ရမယ်နော်။ ဆယ်မျိုး ပြောထားတယ်။ ဒီသုတ္တန်လေးကို ဘုန်းကြီးက အလွန် သဘောကျတယ်။ တကယ်လို့ တစ်ဖန် မဖြစ်ဘူးဆိုရင် ဒီဒုက္ခဆယ်မျိုး ဖြစ်စရာ အကြောင်း မရှိဘူး။ အဲ့တော့ ပြောချင်တာက ဘာတုန်း။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရင် ဒီဒုက္ခတွေ အကုန်လုံး ငြိမ်းသွားလိမ့်မယ်။ ဒီလိုလေး ဆက်စပ်ပြီးတော့ တွေးဖို့ ဒီသုတ္တန်လေးကို ပြောပြတာ။ အဲ့တော့ ဘုန်းကြီးတို့ ကျန်တဲ့ အပိုင်းတွေလည်း ဉာဏ်ရှိတဲ့လူတွေ စဉ်းစားကြည့်။ ဘဝမချုပ်ရင် ဒုက္ခမချုပ်ဘူး ဆိုတာလေး။ အဲ့တော့ ကျုပ်တို့ရဲ့ စိတ်ကို ရေတိုးကုစားတဲ့ နည်းရှိတယ်။ အပြီးသတ် ကုစားတဲ့ နည်းရှိတယ် ဆိုတာ နှစ်မျိုးမြင်ရတယ်။ ကျုပ်တို့ အဆင်မပြေမှုတွေ ဒုက္ခတွေကို ကင်းရှင်းအောင် လုပ်တဲ့နေရာမှာ အပေါ်ယံလုပ်တဲ့ နည်းရှိတယ်၊ တကယ့် အပြီးသတ်လုပ်တဲ့ နည်းရှိတယ်။ ဥပမာ ဆိုရပါစို့ ကျုပ်တို့ စိတ်ထားလေး တွေကို ပြင်မယ်၊ ကျုပ်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေလေးတွေကို အကောင်းဘက် ရောက်အောင် အမျိုးမျိုး ကြိုးစားမယ်။ ဒီနည်းနဲ့ ကျုပ်တို့ဟာ ဆေးမြီးတို သဘောမျိုး ဟုတ်လား။ အခိုက်အတန့် ဒုက္ခသက်သာရအောင် ကျုပ်တို့ ကြိုးစားကြတာ မရှိဘူးလား။ ရှိတယ်နော်။ များအားဖြင့် ဒီနည်းကိုပဲ ကျုပ်တို့ ဒုက္ခငြိမ့်နည်းအောင် လုပ်တဲ့နေရာမှာ သုံးကြတာ များပါတယ်။ ဒုက္ခကို အပြီးသတ် ဖယ်ရှားပစ်မယ်ဆိုတဲ့ စိတ်မျိုး ကျုပ်တို့မှာ အလွန်နည်းတယ်၊ဟုတ်လား။ ဒါကို ဟို ရွှေကျင်ဆရာတော်ကြီး ပေးတဲ့ ဥပမာလေး တစ်ခု ဘုန်းကြီး ပြောပြမယ်။ ခွေးတဲ့ကောင်ကို တုတ်နဲ့ပစ်လိုက်တယ်ဆိုရင် အဲ့ဒီခွေးက အဲ့ဒီပစ်လိုက်တဲ့ တုတ်ကို လိုက်ကိုက်တယ်။ ငါ့ကို ဆင်းရဲစေတာ ဒီတုတ်တ်ပဲ။ သူက ဒီလောက်ပဲ သိတယ်။ အဲ့တော့ သူ ဒုက္ခကို ဖြေရှင်းတဲ့ နည်းက သူ့ကို တိုက်ရိုက်လာထိတဲ့ အရာကိုပဲ သူ ဖယ်ရှားဖို့၊ ရန်ပြုဖို့ ကြိုးစားတယ်နော်။ ခြင်္သေ့တစ်ကောင်ကို တုတ်နဲ့ ပစ်လိုက်မယ်ဆိုရင်တော့ ခြင်္သေ့က ဒီတုတ် ဘယ်ကလာသလဲဆိုတာကို ကြည့်တယ်။ သူ့ကို တကယ်ဒုက္ခပေးတာ ဒီတုတ်ထက် ပိုပြီးတော့ နက်ရှိုင်းတဲ့ အကြောင်းတရား ရှိတယ်ဆိုတာကို သူမြင်တယ်။ တူသလား ဖြေရှင်းပုံချင်း။ တုတ်ကို ဂရုမစိုက်ဘူး၊ ဒီတုတ် ဘယ်ကလာလဲ ကြည့်တယ်။ ဒီတုတ် ပစ်လိုက်တဲ့ အရာကိုပဲ သွားပြီးတော့ ဖျက်ဆီးဖို့ သူကြိုးစားတယ်။ ရွှေကျင်ဆရာတော်ကြီး ပေးတဲ့ ဥပမာ။ အဲ့တော့ ဘုန်းကြီးတို့ ဒုက္ခကို မတွေ့ရအောင် နည်းအောင်၊ နောက်ဆုံး ချုပ်ငြိမ်းအောင် ဘုန်းကြီးတို့ ဖြေရှင်းတဲ့ နေရာမှာ၊ ကြိုးစားတဲ့ နေရာမှာ အဲ့ဒီဥပမာတွေက အလွန်စဉ်းစားစရာ ကောင်းတယ်။ ဆက်လက်ပူဇော်ပါမည်
ဘဝဆိုတာ ပျက်စီးရင်းနှင့် ပျက်စီးခြင်းဆီသို့ ရွေ့လျားနေပြီး ပျက်စီးခြင်းနှင့်သာ အဆုံးသတ်၍ မပြီးသေးတာရော ပြီးပြီးသားတွေရော ထားခဲ့ရပြီး မသေချာတဲ့ အနာဂတ်ဆီသို့ ကူးပြောင်းရအုံးမှာပါ။ သစ္စာရွှေစည် 06.08.2016
без подписи
без подписи
без подписи
без подписи
без подписи
သတိရှိရင် ဒုက္ခနည်းတယ် __________________ သတိနဲ့ နေလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ ပိုပြီးတော့ သင့်တင့်ညီညွတ် မျှတလာတယ်၊ ကောင်းမွန်လာတယ်။ ဒါကြောင့် ဒုက္ခဝေဒနာ နည်းတယ်။ ဒေါမနဿဝေဒနာ နည်းတယ်ဆို တာကတော့ သူက ပညာဉာဏ် အားကြီးလာတဲ့အခါမှာ "ဒါ စိတ်ဆိုးစရာ ကိစ္စမဟုတ်ဘူး၊ ဒါ မုန်းစရာ ကိစ္စမဟုတ်ဘူး" လို့ သူ နားလည်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့က တရားအားထုတ်ရင် ဒေါသနည်းတယ်ဆိုတာက နားလည်ဖို့ လွယ်တယ်။ အဲ့ဒီ ဒုက္ခနည်းတယ်ဆိုတာကိုလည်း ဘုန်းကြီးက နားလည်စေချင်တယ်။ ဥပမာ - မြတ်စွာဘုရားကိုပဲ သက်သေပြကြည့်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ သွေးဝမ်းတွေသွားလို့ ကွယ်လွန်သွားနိုင်တဲ့ အနေအထားထိ ရောက်နိုင်တဲ့ ဖောက်ပြန် ပျက်စီးမှုလို့ မြတ်စွာဘုရား သိတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက "ငါ့တပည့်တွေကို အသိမပေးရဘဲနဲ့ ပရိနိဗ္ဗာန်စံလို့ မသင့်တော်ဘူး" ဆိုပြီးတော့ အလွန် တည်ငြိမ်တဲ့စိတ်၊ အလွန် သိမြင်နားလည်တဲ့ စိတ်ပေါ့။ ဒါ လူငယ်တွေ နားလည်အောင် ဘုန်းကြီးက ရိုးရိုးလေး ပြောလိုက်တာ။ အမှန်ကတော့ သူက ဘာကိုမှ အာရုံမပြုဘဲနဲ့ ဖလသမာပတ် ဝင်စား၊ နိဗ္ဗာန်ကိုပဲ အာရုံပြုပြီးတော့ နေတာ။ သူကတော့ အဆင့်မြင့်ဆုံး စိတ်နဲ့ နေတာပေါ့။ ဖလသမာပတ် ဝင်စားပြီး ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေဟာ အကုန်လုံး သက်သာတယ်။ ဒုက္ခ မဖြစ်ဘူး။ အဲ့ဒါကို မြတ်စွာဘုရားက ဘယ်လိုပြောတုန်းဆိုတော့ — "လှည်းအိုကြီးကို ကြိုးနဲ့ တုတ်ထားသလိုမျိုး ငါသည် ငါ့ခန္ဓာကိုယ်ကို တရားကိုသိတဲ့ အသိဉာဏ်တည်းဟူသော ကြိုးနဲ့ တုတ်ဆိုင်းထားတယ်" ဒါ အသက်ကြီးတဲ့သူတွေ "ကိုယ်နာသော်လည်း စိတ်မနာစေနဲ့"ဆိုတဲ့ ဒေသနာလေးနဲ့ ယှဉ်ပြီးတော့ ဘာလုပ်ရမတုန်း။ ဆိုလိုတာက ကိုယ့်စိတ်ကို သတိနဲ့ ထိန်းကျောင်းနေမယ်၊ သတိနဲ့ နေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှု အများကြီး လျော့နည်းစေတယ်၊ဟုတ်လား။ အများကြီး လူဟာ သက်သောက်သက်သာ နေခွင့်ရတယ်လို့ ပြောတာ၊ ချမ်းသာတယ်ပေါ့ ပြောလို့ရှိရင်။ တရားရဲ့ စွမ်းအားဟာ အံ့ဩစရာကောင်းတယ်။ သစ္စာရွှေစည်ဆရာတော်
၁၇-ကြိမ် တရားစခန်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာ-ရွှေချောင်း သစ္စာရွှေစည်ကျောင်းတိုက်၌ ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း(၁၀)ရက်နေ့မှ လပြည့်ကျော် (၁)ရက်နေ့ ထိ။ (၂၃–၈-၂၀၂၆ မှ ၂၉–၈-၂၀၂၆) နေ့ထိ (၁၇)ကြိမ်မြောက် (၅)ရက် တရားစခန်း ဖွင့်ပါမည်။ ----------------------- (အသက် ၂၀-မှ ၆၀၊ ယောဂီများကိုသာ လက်ခံပါမည်) ၂၃–၈-၂၀၂၆၊ နေ့ ၁၂-နာရီမှ ညနေ-၄- နာရီ အတွင်း အရောက်လာရပါမည်။ ကြိုတင် မလာရပါ။ အတက်အဆင်း ရှိပါသည်။ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရပါမည်။ မိမိကျရာ နေရာတွင်သာ ကျေနပ်စွာ နေနိုင်ရပါမည်။ စခန်းပွဲရက်အတွင်း မိမိနှင့်တကွ အားထုတ်ဖော်ယောဂီများ ထိရောက်စွာ-ချမ်းသာစွာ- တရားနှလုံးသွင်းနိုင်ရန်အတွက် (၁) ဖုန်း(လုံးဝ) မသုံးရပါ။ ယူလာသောဖုန်းများအားလုံး အပ်ရပါမည်။ ဖုန်းမအပ်နိုင်လျင် မလာပါနှင့်။ ဖုန်းသုံးသည်ကိုတွေ့လျင် တောက်လျောက်ပြန်လွှတ်ပါမည်။ (၂) မဖြစ်မနေကိစ္စမှ လွဲ၍ စကားမပြောရ။ တရားမဆွေးနွေးရ။ ပရိတ် ပဋ္ဌာန်း မရွတ်ရပါ။ စကားပြောသော ယောဂီများတွေ့ရှိပါက နောက်တကြိမ် ဝင်ခွင့်အတွက် ခက်ခဲနိုင်ပါသည်။ ဤ(၂)ချက်ကို အထူးတင်းကြပ်ပါမည်။ လိုက်နာနိုင်မှသာ လာပါ။ မှတ်ချက်။ လူဦးရေ ကန့်သတ်ထားသောကြောင့် ကြိုတင်စာရင်းမပေးဘဲ လာရောက်လျှင်လက်ခံမည် မဟုတ်ပါ။ လူအစားထိုးလည်း လက်မခံပါ။ တရားစခန်းသို့ မလာရောက်နိုင်ပါက “လူပြည့်နေ၍ ဝင်ခွင့်မရသော တခြားယောဂီများဝင်နိုင်ရန် အတွက်” (၂၀–၈-၂၀၂၆) ရက် နောက်ဆုံးထား၍ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မဆက်သွယ်ဘဲ ပျက်ကွက်ပါက နောက်တကြိမ်ဝင်ခွင့်ရမည် မဟုတ်ပါ။ စာရင်းပေးသည့်အခါ တယောက်ချင်းစီ၏ အမည်/ အသက်/ မှတ်ပုံတင်နံပတ်/ နေရပ်လိပ်စာ/ ဖုန်းနံပတ်-တို့ကို ထည့်သွင်းပေးပါ။ အိပ်ယာလိပ်/ ခြင်ထောင် မိမိတို့ သောက်နေကြ ဆေးဝါးတို့ကို ယူဆောင်ခဲ့ပါ။ ယောဂီဟောင်းများ ဘုရားရှိခိုးစာအုပ်၊ ယောဂီတဘက်များ ယူဆောင်ခဲ့ပါရန်။ ဆက်သွယ် စာရင်းပေးသွင်းရန် ဖုန်း 09944826626 စာရင်း ပေးသွင်းချိန် မနက် ၈ - နာရီမှ ၁၀ - နာရီ၊ နေ့ ၂-နာရီမှ ညနေ ၅ နာရီထိ၊
အကောင်းဆုံးနေနည်း အပိုင်း(၁၀) _______________________ အဲဒီမှာ သဒ္ဓါတရားတွေကလည်း တက်လာမှာ၊ "သြော် ဒါတွေက တကယ်ပြောထားတာတွေကိုး"ဆိုတာကို ဘုန်းကြီးတို့ နော် သဒ္ဓါတရားအနေနဲ့ အများကြီး ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းရှိတယ်။ အဲဒီငါးမျိုး ရှိသွားပြီးတော့— ငါးမျိုး ရှိသွားပြီနော်— စိတ်စင်ကြယ်မယ်၊ စိုးရိမ်စရာ ငိုစရာနဲ့တွေ့ရင် မစိုးရိမ်ဘဲ မငိုဘဲနဲ့ နေနိုင်လိမ့်မယ်၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ချုပ်ငြိမ်းစေလိမ့်မယ်။ သို့မဟုတ် လျော့နည်းစေလိမ့်မယ် အစကနဦးမှာ ဟုတ်လား။ နောက်ဆုံး ဘာပြောတုန်း၊ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ။ ဉာဏ်အဆင့်ဆင့် မြင့်ပြီးတော့ သစ္စာလေးပါးကို သိတဲ့ မဂ်ဉာဏ်ကို ရမယ်။ ဘဝဟာ ဆင်းရဲပဲလို့ တကယ်သိမယ်။ အဲဒီ အသိရဲ့ စွမ်းအားသတ္တိကြောင့် ဘဝရဲ့အပေါ်မှာ ဖြစ်ပေါ်နေတဲ့ မက်မောမှုကို အဆင့်ဆင့် အပြီးသတ် ချုပ်ငြိမ်းစေလိမ့်မယ်။ အဲဒီ မက်မောမှုကြောင့် ဖြစ်မယ့် ဒုက္ခတွေဟာလည်း အကုန်လုံး ရပ်ဆိုင်းသွားလိမ့်မယ်။ မဂ်ဉာဏ်ရဲ့ စွမ်းအားသတ္တိတွေကို ပြောနေတာ ဟုတ်လား။ အဲဒီ မဂ်ဉာဏ်သည် အကာလိက သဘောပဲ သူက၊ အခါမလင့် အကျိုးပေးတယ်ဆိုတာ သူမှ။ ဘာလို့ဆိုတော့ မဂ်ဉာဏ်ရဲ့ အခြားမဲ့မှာ ငြိမ်းအေးမှုဆိုတဲ့ ဖလ—အကျိုးရလဒ် ဖိုလ်ဆိုတာ ဖြစ်တယ်၊ ဟုတ်လား။ ဖိုလ်ဝင်စားတယ်ဆိုတာ အဲဒီသဘောကို ပြောတာ။ အဲဒီအဆင့်ထိ ဒီလူရဲ့ ဉာဏ်ဟာ ဘာဖြစ်သွားတာတုန်း၊ မြင့်မားသွားတာ။ ကျုပ်တို့မှာ အဲဒီလို ဖြစ်နိုင်ချေတွေ အကုန်လုံး အရန်သင့် ရှိတယ်နော်။ ကျုပ်တို့ မသွားလို့သာ မရောက်တာ။ မရောက်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီသဘောကို ပြောပြတာ၊ ဟုတ်လား။ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ သစ္စာလေးပါးကို သိတဲ့ မဂ်ဉာဏ်ကို ရမယ်၊ ဖိုလ်ဉာဏ်ဖြင့် ဒီဘဝမှာတင် နိဗ္ဗာန်ချမ်းသာကို ကြိမ်ဖန်များစွာ မျက်မှောက်ပြုပြီးတော့ နေနိုင်တဲ့ အဆင့်ကို ရောက်သွားမယ်။ အဲဒါဆိုရင် ဘုန်းကြီးတို့ ဒုက္ခတွေ ဘာဖြစ်သွားမတုန်း၊ ငြိမ်းသွားမယ်။ ဒုက္ခငြိမ်းချင်တဲ့ စိတ်ကလေး ပေါက်ဖို့ဆိုတာကတော့ သိပ်ပြီးတော့တော့ မလွယ်ဘူးနော်။ ကျုပ်တို့က ဘဝထဲမှာပဲ ကိုယ်မကြိုက်တဲ့ အခြေအနေတွေ မဖြစ်ဖို့ မျှော်လင့်တောင့်တရင်းနဲ့၊ ကိုယ်ကြိုက်တဲ့ အခြေအနေလေးတွေကို တွေ့ဖို့ကြုံဖို့ ကြိုးစားရင်းနဲ့ပဲ နေလိုကြတာကိုး၊ ဟုတ်လား။ တကယ်တကယ်ကတော့ ဘုန်းကြီးတို့ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ တွေ့တဲ့အခါမှာ "သြော် ဘဝချုပ်မှ ဒုက္ခ တကယ် ချုပ်မှာ" ဆိုတဲ့ အမြင်ကိုတော့ ခိုင်ခိုင်မာမာ ဘုန်းကြီးက ရစေချင်တယ်။ ကိုယ်ပိုင် ထွင်းဖောက်ပြီးတော့ သိတဲ့အဆင့် မဟုတ်သေးတောင်မှ ယုံကြည်မှုနဲ့ "ဘဝမချုပ်သမျှ ဒုက္ခ မချုပ်ဘူး" ဒီအမြင်ကို ပီပီပြင်ပြင် ဘုန်းကြီးတို့က ရစေချင်တယ်။ ဒါလေးကို ဘုန်းကြီးတို့ ပေါ်လွင်ထင်ရှားဖို့၊ အထူးသဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရလိုစိတ်ကလေး ထက်သန်ဖို့ ဘုန်းကြီး သုတ္တန်လေးတစ်ပုဒ် နိဂုံးချုပ်လေး ပြောပြမယ်။ ရှင်သာရိပုတ္တရာကို သာမဏ္ဍက ပရိဗိုဇ်က မေးတာ— "ရှင်ဘုရား... သုခက ဘာလဲ၊ ဒုက္ခက ဘာလဲ?" အဲလိုမေးတဲ့အခါကျတော့ ရှင်သာရိပုတ္တရာ ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ် ဖြေတာ အလွန်ထိရောက်တယ်။ တစ်ဖန်ဖြစ်ခြင်းသည် ဒုက္ခပဲ၊ တစ်ဖန် မဖြစ်ခြင်းသည် သုခပဲ။ အဘိနိဗ္ဗတ္တိ— တစ်ဖန်ဖြစ်ခြင်းဆိုတာ ဇာတိကို ပြောတာ၊ ဘဝ တစ်ခါ ထပ်ထပ်ဖြစ်တာကို ပြောတာ။ တစ်ဖန်ဖြစ်ခြင်းသည် ဒုက္ခ၊ တစ်ဖန် မဖြစ်ခြင်းသည် သုခ။ အဲဒါကို သူ ဘယ်လိုရှင်းပြလဲဆိုတော့ "တစ်ဖန် ဖြစ်ပြီဆိုတာနဲ့ သေချာပေါက် ဒုက္ခ ၁၀ မျိုးကို မင်း ရလိမ့်မယ်ဆိုတာ မျှော်လင့်ထား။ ဘာနဲ့မှ ကာကွယ်လို့မရဘူး" အဲဒါ ဘာတွေလဲဆိုတော့— ၁။ သီတ - အအေး ၂။ ဥဏှ - အပူ ၃။ ဇိဃစ္ဆာ - အစားအဟာရ ဆာလောင်ခြင်း ၄။ ပိပါသာ - ရေဆာလောင်ခြင်း၊ဟုတ်လား။ ၅။ ကျင်ကြီး စွန့်ချင်တာ ၆။ ကျင်ငယ် စွန့်ချင်တာ ၇။ အဂ္ဂိသမ္ဖဿ - အပူနဲ့တွေ့လို့ ဒုက္ခဖြစ်တာ။ ၈။ ဒဏ္ဍသမ္ဖဿ - ဒဏ်အမျိုးမျိုး ပေးခံရလို့၊ ဒါမှမဟုတ် တုတ်၊ လက်နက်ကြောင့် ဒုက္ခဖြစ်ရတာ။ ၉။ သတ္ထသမ္ဖဿ - လက်နက် အမျိုးမျိုးကြောင့် ဒုက္ခဖြစ်ရတာ ၁၀။ နောက်ဆုံး ဆွေမျိုးတွေ၊ မိတ်ဆွေတွေ စုရုံးရောက်ရှိလာပြီးတော့ ကိုယ့်ဘဝကို ဝင်ရောက်ခြယ်လှယ် စွက်ဖက်တာ။ (၁၀ မျိုး)။ ဘုန်းကြီးက အဲဒီ စကားလုံးလေးတွေကို အလွန်သဘောကျတာ။ သြော်မှန်လိုက်တာ။ ဘဝရယ်လို့ရရင် ဘုန်းကြီးတို့ ဒီ ၁၀ မျိုး ရှောင်လို့မရဘူး။ ဟုတ်လား။ ဒီခန္ဓာကိုယ်ကြီးက အပူနဲ့ ရင်ဆိုင်ရတဲ့၊ အအေးနဲ့ ရင်ဆိုင်ရတဲ့ သဘောရှိတယ်။ ဘယ်သတ္တဝါမှ လွတ်ငြိမ်းချမ်းသာခွင့် ဒီကိစ္စမှာ ဘာနဲ့မှ ကာကွယ်လို့လည်း မရဘူး၊ အခွင့်ထူးခံလည်း မရှိဘူး။ ဘယ်သူ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ်၊ ဘဝပဲဖြစ်ဖြစ် အစားအဟာရ လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှ ဆက်ရှင်ခွင့်ရမယ့် ခန္ဓာပဲ။ ဆက်လက်ပူဇော်ပါမည်
без подписи
ရှောင်လွှဲမရတဲ့ နာခြင်းနဲ့ သေခြင်း မလာခင် စိတ်ကို ဘယ်လို ပြင်ဆင်မလဲ? ___________________________ ကျုပ်တို့ ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်၊ အများစု ဒီအတိုင်းပဲ နေနေကြတာပါပဲ၊ ဟုတ်လား။ ဒါပေမဲ့ ကျုပ်တို့ရဲ့ စိတ်အခြေအနေဟာ ရင့်ကျက်လွန်းလို့၊ တည်ငြိမ်လွန်းလို့၊ မစိုးရိမ်ဘဲနဲ့ မငိုကြွေးဘဲနဲ့ နေနေကြတာတော့ မဟုတ်ဘူး။ သူ့ကို စိုးရိမ်အောင်၊ ငိုကြွေးအောင် လုပ်မယ့်အရာက လာမတို့သေးလို့ ကျုပ်တို့က တည်ငြိမ်သူကြီး ဖြစ်နေတာ။ အဲ့ဒီအချက်ကို ကျုပ်တို့ မြင်ဖို့လိုတယ်။ အဲ့တော့ ကျုပ်တို့ရဲ့ အနာဂတ်ကို ကျုပ်တို့ မျှော်ကြည့်လိုက်၊ မလွဲမသွေ ရှောင်လွှဲလို့ မရတဲ့၊ တွေ့ကိုတွေ့ရမယ့်၊ ရင်ဆိုင်ကို ရင်ဆိုင်ရမယ့် အခြေအနေဆိုးကြီး နှစ်ခုရှိတယ်။ ဒါက လိုရင်းကိုပဲ ဘုန်းကြီးက ပြောတာပါလေ။ တကယ်တမ်းကတော့ အခြေအနေဆိုးက နှစ်ခုလည်း မကဘူး။ သို့သော် တကယ်ကို စိတ်ကို ကိုင်လှုပ်မယ့်၊ စိုးရိမ်မှု ငိုကြွေးမှုကို မုချဖြစ်စေမယ့် အခြေအနေဆိုး နှစ်ခု၊ အဲ့ဒါ ဘာတုန်းဆိုတော့ နာခြင်းနဲ့ သေခြင်း။ ဒါ ရှောင်လွှဲလို့မရဘူး။ နာခြင်းဆိုတာ ကျုပ်တို့ ခန္ဓာကိုယ်ရဲ့ သဘာဝ။ ရောဂါတစ်ခုခုဖြစ်ပြီးတော့ ကျုပ်တို့ ဒုက္ခဖြစ်မှာနော်။ ဒီစောင့်နေရင်လည်း ဒီစောင့်နေလိမ့်မယ် ဒီအချိန်မှာ။ ဒါ ထူးဆန်းတဲ့ ကိစ္စလည်း မဟုတ်ဘူး။ နှစ်ပေါင်း ၄၀၊ ၅၀ ဆိုရင် ဒါက ဖြစ်စရာ အရန်သင့်အခြေအနေတောင် ရောက်နေပြီ။ ဟုတ်လား၊ တချို့ အကြောင်းတရား ညံ့မယ်ဆိုရင် ၂၀၊ ၃၀ လောက်နဲ့လည်း ဖြစ်နေတာပဲ။ ၇၀၊ ၈၀ အထိ မနာစေဘူး ဆိုတာက အလွန်အလွန် ရှားပါးတယ်လို့ ပြောနိုင်ပါတယ်။ အများစုကတော့ ၅၀ ကျော်လောက်ဆိုလို့ရှိရင် နံပါတ်တပ်စရာ ရောဂါတစ်ခုခုကတော့ ရှိပြီ။ ဟုတ်လား၊ အဲ့ဒီရောဂါက တကယ်လို့ ရှင်သန်မှုကိုပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားရောက်မယ်ဆိုရင် ကျုပ်တို့ သေချာပေါက် စိုးရိမ်ပြီ၊ လူမသိ သူ မသိ မျက်ရည်ကျရပြီ။ ဟုတ်လား၊ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီပျက်စီးခြင်း၊ ခွဲခွာခြင်းကို ဖြစ်စေမယ့် သေခြင်းနဲ့ ဆက်စပ်နေလို့။ ပိုပြီးတော့ ဘုန်းကြီးတို့ရဲ့ စိတ်ကို စိုးရိမ်ခြင်း၊ ငိုကြွေးခြင်းကို ဖြစ်စေမယ့်အရာက ပျက်စီးခြင်း၊ သေဆုံးခြင်းပဲ။ အဲ့ဒီအရာရော တကယ်တမ်း ရှောင်လို့ ရမှာလား။ ကျုပ်တို့ကသူ ဘယ်လောက် စိုးရိမ်စိုးရိမ်၊ ဘယ်လောက် ငိုငို ဒီဥစ္စာက နောက်ဆုတ်ပေးမှာလည်း မဟုတ်ဘူး။ ကျုပ်တို့ ဒီလိုဖြစ်နေတယ်ဆိုတာတောင် သဘာဝတရားက တကယ်တမ်းကျတော့ သိတာမဟုတ်ပါဘူး။ သူဘာသူ အကြောင်းကုန်ရင် တစ်နေ့ ရပ်မှာပဲ။ သဘောက။ ဒါပေမဲ့ ကျုပ်တို့က ဒါတွေကို နားလည်အောင်လည်း လုပ်မထားတဲ့အခါကျတော့ ဒါတွေဖြစ်လာပြီဆိုတာနဲ့ သာမန် လူအများစုဟာ သေချာပေါက် ဘာဖြစ်မတုန်း၊ စိုးရိမ်ကြမယ်၊ ငိုကြမယ်။ အဲ့ဒီဟာကိုလည်း ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ထား၊ အဲ့ဒီအချိန်မှာ မင်း တကယ်ပြေလည်မှာလား၊ မပြေလည်ဘူးလား ကိုယ့်ဟာကိုယ် လုပ်ထား။ အဲ့ဒါ အခုဒီမှာ သတိနဲ့နေတဲ့ အလေ့အကျင့်ကို လေ့ကျင့်မယ်ဆိုရင် စိုးရိမ်စရာနဲ့ တွေ့လာတဲ့ တစ်နေ့၊ ငိုစရာနဲ့ တွေ့လာတဲ့ တစ်နေ့ ဒီလူရဲ့စိတ်ဟာ ရင့်ကျက်တည်ငြိမ်မှုနဲ့ ဒါကို ကောင်းကောင်းကျော်လွှားသွားနိုင်လိမ့်မယ်လို့ ဒီလို မြတ်စွာဘုရား ပြောထားတာ။ သစ္စာရွှေစည်ဆရာတော် အကောင်းဆုံးနေနည်း တရားတော် မှတ်စု
без подписи
အကောင်းဆုံး နေနည်း အပိုင်း(၉) ________________________ ပြောချင်တာက သတိနဲ့ နေလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ ပိုပြီးတော့ သင့်တင့်ညီညွတ် မျှတလာတယ်၊ ကောင်းမွန်လာတယ်။ ဒါကြောင့် ဒုက္ခဝေဒနာ နည်းတယ်။ ဒေါမနဿဝေဒနာ နည်းတယ်ဆို တာကတော့ သူက ပညာဉာဏ် အားကြီးလာတဲ့အခါမှာ "ဒါ စိတ်ဆိုးစရာ ကိစ္စမဟုတ်ဘူး၊ ဒါ မုန်းစရာ ကိစ္စမဟုတ်ဘူး" လို့ သူ နားလည်တဲ့အတွက်ကြောင့် ဘုန်းကြီးတို့က တရားအားထုတ်ရင် ဒေါသနည်းတယ်ဆိုတာက နားလည်ဖို့ လွယ်တယ်။ အဲ့ဒီ ဒုက္ခနည်းတယ်ဆိုတာကိုလည်း ဘုန်းကြီးက နားလည်စေချင်တယ်။ ဥပမာ - မြတ်စွာဘုရားကိုပဲ သက်သေပြကြည့်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ သွေးဝမ်းတွေသွားလို့ ကွယ်လွန်သွားနိုင်တဲ့ အနေအထားထိ ရောက်နိုင်တဲ့ ဖောက်ပြန် ပျက်စီးမှုလို့ မြတ်စွာဘုရား သိတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက "ငါ့တပည့်တွေကို အသိမပေးရဘဲနဲ့ ပရိနိဗ္ဗာန်စံလို့ မသင့်တော်ဘူး" ဆိုပြီးတော့ အလွန် တည်ငြိမ်တဲ့စိတ်၊ အလွန် သိမြင်နားလည်တဲ့ စိတ်ပေါ့။ ဒါ လူငယ်တွေ နားလည်အောင် ဘုန်းကြီးက ရိုးရိုးလေး ပြောလိုက်တာ။ အမှန်ကတော့ သူက ဘာကိုမှ အာရုံမပြုဘဲနဲ့ ဖလသမာပတ် ဝင်စား၊ နိဗ္ဗာန်ကိုပဲ အာရုံပြုပြီးတော့ နေတာ။ သူကတော့ အဆင့်မြင့်ဆုံး စိတ်နဲ့ နေတာပေါ့။ ဖလသမာပတ် ဝင်စားပြီး ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေဟာ အကုန်လုံး သက်သာတယ်။ ဒုက္ခ မဖြစ်ဘူး။ အဲ့ဒါကို မြတ်စွာဘုရားက ဘယ်လိုပြောတုန်းဆိုတော့ — "လှည်းအိုကြီးကို ကြိုးနဲ့ တုတ်ထားသလိုမျိုး ငါသည် ငါ့ခန္ဓာကိုယ်ကို တရားကိုသိတဲ့ အသိဉာဏ်တည်းဟူသော ကြိုးနဲ့ တုတ်ဆိုင်းထားတယ်" ဒါ အသက်ကြီးတဲ့သူတွေ "ကိုယ်နာသော်လည်း စိတ်မနာစေနဲ့"ဆိုတဲ့ ဒေသနာလေးနဲ့ ယှဉ်ပြီးတော့ ဘာလုပ်ရမတုန်း။ ဆိုလိုတာက ကိုယ့်စိတ်ကို သတိနဲ့ ထိန်းကျောင်းနေမယ်၊ သတိနဲ့ နေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှု အများကြီး လျော့နည်းစေတယ်၊ဟုတ်လား။ အများကြီး လူဟာ သက်သောက်သက်သာ နေခွင့်ရတယ်လို့ ပြောတာ၊ ချမ်းသာတယ်ပေါ့ ပြောလို့ရှိရင်။ တရားရဲ့ စွမ်းအားဟာ အံ့ဩစရာကောင်းတယ်။ နေလယ်က ဘုန်းကြီးဆီကို အမေရိကမှာ နေတဲ့ ဆရာဝန်ကြီးတစ်ယောက် ရောက်လာပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တာလေးတွေ ပြောတယ်။ သူပြောတာလေး သဘောကျလို့ပါ။ လူတစ်ယောက်ရဲ့ ကျန်းမာရေး — အခု ဘုန်းကြီးက ဒုက္ခဝေဒနာအကြောင်း ပြောနေတာဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်နေတယ်နော်။ လူတစ်ယောက်ရဲ့ ကျန်းမာရေးဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ... ပြီးတော့ သူက ဘာဆက်ပြောတုန်းဆိုတော့ ဗီဇ၊ ပယောဂဆိုပြီး (၆)မျိုး သူပြောတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ... ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေ ဆိုတဲ့အခါကျတော့ အတိတ်က ကိုယ့်ရဲ့ စိတ်ထား စေတနာကြောင့် ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဒီဘဝမှာ လာပြီးတော့ ကောင်းခြင်း၊ ဆိုးခြင်း အပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြတာကိုး။ ဘုန်းကြီးတို့ရဲ့ စိတ်အနေအထား၊ စိတ်ကြည်လင်သလား၊ နောက်ကျုသလား။ ဒါတွေကလည်း ရုပ်ပေါ်မှာ လွှမ်းမိုးမှုရှိတယ်။ ဒါ ကျုပ်တို့ လက်ခံကြတာပေါ့။ ကံ စိတ် ဥတု (အပူ၊ အအေး) အာဟာရ ပြီးတော့ သူက ဘာပြောတုန်း၊ ဗီဇဆိုတာ သူက မျိုးရိုးဗီဇကို ပြောချင်တာ။ ပယောဂဆိုတာကတော့ ကိုယ် ကောင်းအောင် လုပ်သလား၊ ဆိုးအောင် လုပ်သလား။ ကောင်းအောင်လုပ်ရင် တချို့ကိစ္စတွေ ကောင်းမယ်၊ ဆိုးအောင်လုပ်ရင် တချို့ကိစ္စတွေ ဆိုးသွားမယ်။ ကိုယ့်လက်ထဲမှာ ရှိတယ်ပေါ့။ အဲ့တော့ ဘုန်းကြီးက ဒီ သတိနဲ့နေတဲ့ လုပ်ငန်းစဉ်ဟာ ကျန်းမာရေးကို အထောက်အကူပြုစေတယ်။ နောက်ဆုံး အသက်ကို ဆွဲဆန့်မယ် ဆိုတာမျိုးကို မပြောလိုပေမဲ့ မသေခင်မှာ သက်သောက်သက်သာလေး နေခွင့် အများကြီး ရစေလိမ့်မယ်ဆိုတာကို ပြောတာ။ အဲ့ဒါက လက်တွေ့ ဘုန်းကြီးတို့က ခံစားမှုနဲ့ သက်သေပြနိုင်ဖို့ လိုမယ်ပေါ့။ လုပ်ကြည့်... သတိနဲ့နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ရဲ့ အနေအထားလေး ဘယ်လိုနေသလဲ။ ပေါ့ပါးမှု၊ လေးလံမှု၊ ပူလောင်မှု၊ ငြိမ်းအေးမှု၊ သက်သာမှု၊ မသက်သာမှု။ ဘယ်လို ပြောင်းလဲ သွားသလဲဆိုတာကို ဘုန်းကြီးတို့ လက်တွေ့ သိအောင် လုပ်ရမယ်။ ခုဒီမှာ မြတ်စွာဘုရား ဟောထားတယ် — "ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ" ဒုက္ခနဲ့ ဒေါမနဿကို လုံးဝ ချုပ်ငြိမ်းသွားတဲ့ အဆင့်ကိုတောင် သူက ရောက်မှာ။ အဲ့တော့ မချုပ်ငြိမ်းသေးခင်မှာ ကျုပ်တို့ ဘာမျှော်လင့်ရမလဲဆိုတော့ တဖြည်းဖြည်းနဲ့ တို့ လျော့နည်းအောင် လုပ်မယ်။ စိတ္တဒုက္ခ (စိတ်ဆင်းရဲမှု)တွေ နည်းစေရမယ်၊ ကာယဒုက္ခ (ကိုယ်ဆင်းရဲမှု) တွေ နည်းစေရမယ်။ ဘယ်နည်းနဲ့လဲဆိုရင် သတိနဲ့နေတဲ့ နည်းနဲ့။ အဲ့ဒါကို ကိုယ်က စူးစူးစိုက်စိုက် အဲ့ဒါကို နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားသည်အထိ ဒီအလေ့အကျင့်ကို လေ့ကျင့်ကြည့်ရင် ကိုယ့်ရဲ့ လက်တွေ့ အတွေ့အကြုံတွေဟာ အများကြီး ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့ဒီမှာ သဒ္ဓါတရားတွေကလည်း တက်လာမှာ၊ "ဩော်... ဒါတွေက တကယ် ပြောထားတာတွေပါလား" လို့။ ဆက်လက်ပူဇော်ပါမည်
без подписи