Visit Kyaukme
СтатистикаGeneral information of and travelling in Kyaukme,Northern Shan State,Myanmar. Facebbok > https://www.facebook.com/visitkyaukme TikTok > https://www.tiktok.com/@visitkyaukme1
- Последний пост
- 11 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 2
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 1 208
- 1/48двое суток
- 1 384
- 1/72трое суток
- 1 493
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကားဆရာများအတွက် သတင်းကောင်း 🚌🛻🚙🚕🚐🚛🚒🚓🚌🚕🚕🛻🚐 ယနေ့ 11-8-2026 ရက်နေ့ ဂုတ်တွင်းတံတား ရေပြန်ကျသွားပြီ ဖြစ်သဖြင့် ကားများ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိူင်ပြီဖြစ်ကြောင်း သိရပါသည်။ U Sai Nay Aung
11/6/2026 ညနေ (5:50)နာရီဝန်းကျင် ကျောက်မဲတိုးဂိတ် တွင် Canter ကြက် တင်ကားမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ThaungpawTharlay
ကျောက်မဲမြို့ပေါ် ရပ်ကွက်အသီးသီးရှိအသက် (၆)လမှ(၅)နှစ်အောက် ကလေးငယ်များအား vitaminA(ဗီတာမင် အေ) နှင့် သန်ချဆေးတိုက်ကျွေးမည် ဖြစ်သောကြောင့် အောက်ဖော်ပြပါ နေ့ရက်/အချိန်များအတိုင်း မိမိတို့ နေထိုင်ရာ ရပ်ကွက်ရုံးများတွင် လာရောက် တိုက်ကျွေးပေးနိုင်စေရန် ကြိုတင် အသိပေးကြေငြာအပ်ပါသည်။❤️❤️❤️ 🌄၅.၆.၂၀၂၆ 🌄 နံနက်(၉)နာရီ မှ (၁)နာရီထိ ၁ရပ်ကွက်ရုံး/၈ရပ်ကွက်ရုံး။ နေ့လည်(၂)နာရီ မှ (၄)နာရီအထိ ပြိန်းနင်သာရေးနာရေးရုံး။ 🌄၆.၈.၂၀၂၆🌄 နံနက်(၉)နာရီ မှ (၁)နာရီ နေ့လည် (၂)နာရီ မှ(၄)နာရီအထိ (၉)ရပ်ကွက်ရုံး/(၃)ရပ်ကွက်ရုံး။ 🌄၇.၈.၂၀၂၆🌄 နံနက်(၉)နာရီ မှ (၁)နာရီ (၂)ရပ်ကွက်ရုံး/(၇)ရပ်ကွက်ရုံး။ နေ့လည်(၂)နာရီ မှ (၄)နာရီ (၆)ရပ်ကွက်ရုံး။ 09428489254/09686339437 ဒေါ်နွေးအိမ်စည်(သားဖွားဆရာမ/မိခင်ကလေးကျန်းမာရေးဌာန)
📣📢 ကျောက်မဲမြို့နယ် ကျေးရွာအုပ်စုအတွင်းရှိမိဘပြည်သူများရှင့်📢📣 👉 အသက် (၂)လမှ (၁)နှစ်အောက်ကလေးငယ်များ👈ပုံမှန် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပါသဖြင့်🙌 လာရောက်ထိုးနှံနိုင်ပါကြောင်းကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။📣 🗓ရက်စွဲ🗓။ ။ 5.8.2026 6.8.2026 7.8.2026 (3)ရက်တိတိထိုးနှံပေးပါမည်။ ⏰အချိန်⏰။ ။နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ။ ။နေ့လည်(၂)နာရီမှ ညနေ(၄)နာရီအထိ 🏥နေရာ🏥။ ။ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၄)ထပ်ဆောင်အောက်ထပ်၊ဟိန္ဒူဘုရားကျောင်းအနီး၊ (၁)ရပ်ကွက်၊ကျောက်မဲမြို့။ 📝မှတ်ချက်။ ။ ကျေးရွာအုပ်စုမှကလေးငယ်များသာ၊မြို့ပေါ်ရပ်ကွက်မပါ🙏🙏🙏 #Shareပေးခြင်း။ လိုင်းသုံးသူများမှလည်းမိမိကျေးရွာများမှကလေးသူငယ်များအားကာကွယ်ဆေးပြည့်ဝစွာရရှိရေးအတွက် တဆင့်စကားပါးပေးခြင်းဖြင့်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ☎ 09668635280 09676144744 09698533633 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်❤
📌📢ကျောက်မဲမြို့ေပါ်ရပ်ကွက်အသီးသီးရှိ အသက် (၂) လ မှ(၅)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ေကျွးပေးမည်ဖြစ်သောကြောင့် အောက်ပါအစီအစဉ်အတိုင်း လာရောက်ထိုးနှံတိုက်ကျွေးပေးနိုင်ပါရန်အသိေပးအကြောင်းကြားအပ်ပါသည်။🗣️🗣️ 🗓️၅.၈.၂၀၂၆ (တနလ်ာနေ့)🗒️ အချိန်⏰။။နံနက်(၉)နာရီ မှ (၁၂)နာရီ အထိ။ နေရာ။။အမှတ်(၁)ရပ်ကွက်ရုံး (အုတ်ကျင်း၊ပင်ပေါလေး၊သိမ် ကုန်း၊ကုန်းသာမှကလေးများ)။ ၈ရပ်ကွက်ရုံး(၈ရပ်ကွက်ရှိကလေးများ)။ 👉၅.၈.၂၀၂၆👈 ⏰နေ့လည်ပိုင်း အစီအစဉ်⏰ နေ့လည်(၂)နာရီ မှညနေ(၄)နာရီအထိ ပြိန်းနင်သာရေးနာရေးအသင်းရုံး၊ကျောက်မဲမြို့။(ပြိန်းနင်၊လမ်းခွဲမှ ကလေးများ)။ 🗓️၆.၈.၂၀၂၆(အဂ်ါနေ့)🗒️ အချိန်။။။။။နံနက်၉နာရီမှ ညနေ၄နာရီထိ နေရာ။။။။။၉ကွက်ရုံး(အမှတ်-၉ရပ်ကွက် မှကလေးများ)။ ၃ရပ်ကွက်ရုံး(အမှတ်-၃/ အမှတ်-၄ရပ်ကွက်ရှိ ကလေးများ)။ 🗓️၇.၈.၂၀၂၆(ဗုဒ္ဓဟူးနေ့)🗒️ အချိန်။။။။နံနက်၉နာရီ မှ၁နာရီအထိ။ နေရာ။။။။၇ကွက်ရုံး(အမှတ်(၇)ရပ်ကွက်/ ၂မိုင်ကုန်းမှကလေးများ)။ အမှတ်(၂)ရပ်ကွက်ရုံး (ကျောက်တောင်၊ရန်ကင်း၊ နမ့်တုံ၊ေပါက်ကုန်းမှကလေးများ 👉၇.၈.၂၀၂၆👈 ⏰နေ့လည်ပိုင်းအစီအစဉ် ⏰ အချိန်။။။။နေ့လည်၂နာရီမှညနေ၄နာရီထိ နေရာ။။။။(၆)ကွက်ရုံး (အမှတ်၅+၆ရပ်ကွက်ရှိကလေး များ)။ လာရောက်ထိုးနှံနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။👈👈👈👈👈👈👈👈👈👈👈 ဒေါ်နွေးအိမ်စည် (သားဖွားဆရာမ) 09428489254/09686339437
ဧပြီလ ၁၃ ရက် ကျောက်မဲမြို့ သင်္ကြန်အကြိုနေ့ဖွင့်ပွဲ 📷Thiha Min Kyu
ကျောက်မဲမြို့တွင် ယခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမှာဖြစ်ပြီး ဗဟိုမဏ္ဍပ်ကို မြို့တော်ခန်းမမှာတည်ဆောက်မှာဖြစ်ပြီး၊လမ်းလျှောက်သင်္ကြန်ကို ပင်လုံလမ်းမမှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ ရုပ်သံ -ဒေသခံ
ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိမိဘပြည်သူများ🥰 3.4.2026(သောကြာ) နေ့တွင် #အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအတွက် #ပုံမှန်ကာကွယ်ဆေးထိုးခြင်း💉/ ကိုယ်ဝန်ဆောင်ကာကွယ်ဆေးထိုးခြင်း 💉🩺💊/ ကာကွယ်ဆေးတစ်ကြိမ်မှမထိုးနှံရသေးသော❌(5)နှစ်အောက်ကလေးများအတွက်ကာကွယ်ဆေးထိုးခြင်းကို💉💉 #ခိုမုန်းကျေးလက်ကျန်းမာရေးဌာနခွဲတွင် နံနက်9နာရီမှ နေ့လည်12နာရီထိ ဆောင်ရွက် ပေးပါမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးနိူးဆော်အပ်ပါသည်။
📢📣📢ကျောက်မဲမြို့ေပါ်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများရှင့်📢📣 👉အသက်(၂)လမှ (၁)နှစ်အောက်ကလေးငယ်များ 👈 👉ကာကွယ်ဆေးတကြိမ်မှမထိုးနှံရသေးသောကလေးငယ်များ၊👈 🛑အထူးကာကွယ်ဆေးထိုးပေးမည့်အသက်အုပ်စု🛑 👉အသက်(၅)နှစ်အောက် ကာကွယ်ဆေးလုံးဝမရရှိသေးသူများ👈နှင့် 👉ကာကွယ်အကြိမ်အပြည့်မရရှိသူကေလးငယ်များ👈 အား ကာကွယ်ဆေးထိုးနှံေပးမည်ဖြစ်ပါသဖြင့် လာရောက်ထိုးနှံနိူင်ပါကြောင်း ကြိုတင်အသိပေးနိူးဆော်အပ်ပါသည်။ ရက်စွဲ/အချိန်/နေရာ။။။။။။ 2.4.2026/နံနက် ၉နာရီ မှ ၁၂နာရီအထိ အမှတ်(၈)ရပ်ကွက်ရုံး/အမှတ်(၉)ရပ်ကွက်ရုံး။ 2.4.2.26 နေ့လည် ၂နာရီ မှ ညနေ ၄နာရီ အထိ အမှတ်(၃)ရပ်ကွက်ရုံး/ အမှတ်(၅)ရပ်ကွက်ရုံး။ 3.4.2026 နံနက်၉နာရီမှ၁၂နာရီအထိ။ အမှတ်(၇)ရပ်ကွက်ရုံး/ ရန်ကင်းဓမ္မာရုံ(၂ရပ်ကွက်မှကလေးမိခင်များ( 6.4.2026 နံနက် ၉နာရီ မှ နေ့လည် ၁၂နာရီ အထိ ပြိန်းနင်စာကြည့်တိုက် (ပြိန်းနင်/လမ်းခွဲမှကလမိခင်များ) မိခင်၊ကလေးကျန်းမာရေးဌာန(အုတ်ကျင်း၊ပင်ပေါလေး၊ရေဦး၊ကုန်းသာမှကလေးမိခင်များ) #share ပေးခြင်း။ လိုင်းသုံးသူများမှလည်း မိမိရပ်ကွက်မှကလေးသူငယ်များအား ကာကွယ်ဆေးပြည့်ဝစွာရရှိရေးအတွက် တဆင့်စကားပါးပေးခြင်းဖြင့်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🗣️🗣️🗣️ ဒေါ်နွေးအိမ်စည်( သားဖွားဆရာမ ) မိခင်ကလေးကျန်းမာရေးဌာန၊ ကျောက်မဲမြို့ 09428489254/09686339437
ကျောက်မဲမြို့ပြင် ပင်လုံလမ်းမပေါ် ယနေ့မတ်လ ၂၈ရက်နေ့က အများပြည်သူများစက်သုံးဆီရရှိရေး တန်းစီနေကြသည့် မြင်ကွင်း ရုပ်သံ - Sai On Hein
မနက်ဖြန် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ကအသက်2လမှ 5နှစ်အောက်ကလေးတွေ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးပါမယ်နော် နံနက်ပိုင်း မိခင်ကလေးကျန်းမာရေးဌာန ညနေပိုင်း ပြိန်းနင်စာကြည့်တိုက်မှာပါရှင့် 📢📢📢 လာရောက်တိုက်ကျွေးပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်❤️ နောက်ဆုံးနေ့မို့ (2/3/4/5/6/7/8/9ရပ်ကွက်)က မတိုက်ရသေးတဲ့ ကလေးတွေ/မသိလိုက်တဲ့ မိဘများရှိရင် လာရောက်တိုက်ကျွေးနိုင်ပါကြောင်း ကာကွယ်ဆေးနှင့်ပတ်သတ်၍သိရှိလိုပါက☎️☎️☎️ ဒေါ်နွေးအိမ်စည် (သားဖွားဆရာမ) 09428489254/09686339437 သို့ဆက်သွယ်နိုင်ပါသည်။ စေတနာများစွာဖြင့်🫶🫶🫶
ကျောက်မဲမြို့ရှိ တရုတ်စာသင်ကျောင်းများ ဖေဖော်ဝါရီလ ၂၃ မှ ၂၅ ရက်နေ့ထိ ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြန်လည်စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ ◾နမ့်တုံလာဘမုနိတရုတ်စာသင်ကျောင်း (ကျောင်းအပ်နှံချိန်) မနက် 6:30 မှ မနက် 8:30 ထိ ညနေ 3:30 မှ ညနေ 5:30 ထိ ◾ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း (ကျောင်းအပ်နှံချိန်) မနက် 6:30 မှ မနက် 8:00 ထိ ညနေ 4:00 မှ ညနေ 5:30 ထိ ဆက်သွယ်ရန် : 09 799 90 5001 ကိုးကား-Nang Tun Hlaing Amthz Shwe Han Han
ဂုတ်တွင်းယာယီတံတားသစ်စဖွင့် တန် ၅၀ ခံနိုင်ဝန်ရှိဂုတ်တွင်း ယာယီတံတားသစ်ယနေ့မနက် ၉နာရီအချိန်စတင်ဖွင့်ပေးပြီး ကားကြီးကားငယ်များဖြတ်သန်း သွားလာနေကြပြီဖြစ်ပါတယ်။ တံတားပေါ်မှာယာဥ်+ကုန် တန်ချိန်၅၀ အထိဖြတ်သန်းနိုင်တယ်လို့သိရပါတယ်။ (၁၂.၂.၂၀၂၆ ) Konay Konay
ကျောက်မဲမြို့တွင်း KBZ ဘဏ်မှာ Kpay အကောင့်သစ်အခမဲ့ဖွင့်လှစ်ပေးနေပါပြီ၊အဆင့်(၂)တစ်ခါတည်းရမည်။ဘဏ်တော့မဖွင့်သေးပါ။မကြာမီပြန်လည်ဖွင့်လှစ်သွားနိုင်ဖို့ ပြန်လည်ပြုပြင်နေလျက်ရှိကြောင်းသိရသည်။ ဆက်သွယ်ရန် 09 691 3189 15
📢📣📢ကျောက်မဲမြို့နယ်ရှိမိဘပြည်သူများရှင့်📢📣 👉အသက်(၂)လမှ (၁)နှစ်အောက်ကလေးငယ်များ 👈 👉ကာကွယ်ဆေးတကြိမ်မှမထိုးနှံရသေးသောကလေးငယ်များ၊👈 🛑အထူးကာကွယ်ဆေးထိုးပေးမည့်အသက်အုပ်စု🛑 👉အသက်(၅)နှစ်အောက် ကာကွယ်ဆေးလုံးဝမရရှိသေးသူများ👈နှင့် 👉ကာကွယ်အကြိမ်အပြည့်မရရှိသူကေလးငယ်များ👈 အား ကာကွယ်ဆေးထိုးနှံေပးမည်ဖြစ်ပါသဖြင့် လာရောက်ထိုးနှံနိူင်ပါကြောင်း ကြိုတင်အသိပေးနိူးဆော်အပ်ပါသည်။ 🗓️ရက်စွဲ🗓️ ။၄.၂.၂၀၂၆ ရက်နေ့ မှ ၆.၂.၂၀၂၆ ရက်နေ့အထိ ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ။ ⏱️အချိန်⏱️ ။ ။ နံနက်( ၉)နာရီခွဲမှ နေ့လည် (၁၂)နာရီအထိနေ့လည်(၂)နာရီ မှ ညနေ (၄)နာရီအထိ။ 🏥နေရာ 🏥။ ။ မိခင်၊ကလေးကျန်းမာရေးဌာန ၊မြို့တော်ခန်းမအနီး၊ (၁)ရပ်ကွက်၊ ကျောက်မဲမြို့။ #share ပေးခြင်း။ လိုင်းသုံးသူများမှလည်း မိမိရပ်ရွာမှကလေးသူငယ်များအား ကာကွယ်ဆေးပြည့်ဝစွာရရှိရေးအတွက် တဆင့်စကားပါးပေးခြင်းဖြင့်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဒေါ်နွေးအိမ်စည်( သားဖွားဆရာမ ) မိခင်ကလေးကျန်းမာရေးဌာန၊ ကျောက်မဲမြို့ 09428489254/09686339437
ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိမိဘပြည်သူများ 3.2.2026ရက်(အင်္ဂါ) နေ့တွင်#အသက်နှစ်လမှ တနှစ်ခွဲအောက် ကလေးငယ်များအတွက် #ပုံမှန်ကာကွယ်ဆေးထိုးခြင်း/ ကိုယ်ဝန်ဆောင်ကာကွယ်ဆေးထိုးခြင်း / ကာကွယ်ဆေးတစ်ကြိမ်မှမထိုးနှံရသေးသော5နှစ်အောက်ကလေးများအတွက်ကာကွယ်ဆေးထိုးခြင်းကို #ခိုမုန်းကျေးလက်ကျန်းမာရေးဌာနခွဲတွင် နံနက်9နာရီမှ နေ့လည်12နာရီထိ ဆောင်ရွက် ပေးပါမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးနိူးဆော်အပ်ပါသည်
"( ၅၅ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်" သီပေါသီတဂူစက္ခုဒါနဆေးရုံတွင် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆-ခုနှစ် ဇန္နဝါရီလ ၂၈-ရက် ဗုဒ္ဓဟူးနေ့မှ ၂၀၂၆-ခုနှစ် ဇန္နဝါရီလ ၃၁-ရက် စနေနေ့ထိ ဖွင့်လှစ်ကုသပါမည်၊ မျက်စိဝေဒနာရှင်များ လာရောက်ကုသနိုင်ကြပါကြောင်း..... (ဇန္နဝါရီလ ၂၉-ရက်မတိုင်မီ အရောက်လာကြပါရန် နိုးဆော်အပ်ပါသည်)
📢📣📢ကျောက်မဲမြို့နယ်ရှိမိဘပြည်သူများရှင့်📢📣 👉အသက်(၂)လမှ (၁)နှစ်အောက်ကလေးငယ်များ 👈 👉ကာကွယ်ဆေးတကြိမ်မှမထိုးနှံရသေးသောကလေးငယ်များ၊👈 🛑အထူးကာကွယ်ဆေးထိုးပေးမည့်အသက်အုပ်စု🛑 👉အသက်(၅)နှစ်အောက် ကာကွယ်ဆေးလုံးဝမရရှိသေးသူများ👈နှင့် 👉ကာကွယ်အကြိမ်အပြည့်မရရှိသူကေလးငယ်များ👈 အား ကာကွယ်ဆေးထိုးနှံေပးမည်ဖြစ်ပါသဖြင့် လာရောက်ထိုးနှံနိူင်ပါကြောင်း ကြိုတင်အသိပေးနိူးဆော်အပ်ပါသည်။ 🗓️ရက်စွဲ🗓️ ။ ၇.၁.၂၀၂၆မှ၉.၁.၂၀၂၆အထိ။ ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ။ ⏱️အချိန်⏱️ ။ ။ နံနက်( ၉)နာရီခွဲမှ နေ့လည် (၁၂)နာရီအထိနေ့လည်(၂)နာရီ မှ ညနေ (၄)နာရီအထိ။ 🏥နေရာ 🏥။ ။ခရိုင်ပြည်သူ့ကျန်းမာ ရေးလေးထပ်ဆောင် အောက်ထပ်၊ဟိန္ဒူ ဘုရားကျောင်းအနီး၊ (၁)ရပ်ကွက်၊ ကျောက်မဲမြို့။ #share ပေးခြင်း။ လိုင်းသုံးသူများမှလည်း မိမိရပ်ရွာမှကလေးသူငယ်များအား ကာကွယ်ဆေးပြည့်ဝစွာရရှိရေးအတွက် တဆင့်စကားပါးပေးခြင်းဖြင့်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဒေါ်နွေးအိမ်စည်( သားဖွားဆရာမ ) မိခင်ကလေးကျန်းမာရေးဌာန၊ ကျောက်မဲမြို့ 09428489254/09686339437
без подписи
🟢ကျောက်မဲ (လဝက)မှာ မှတ်ပုံတင်လာလုပ်တဲ့ အသက်(၁၆)နှစ်အရွယ် တအာင်းအမျိုးသမီးငယ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခံရ၊ မန္တလေး အိုဘိုထောင်ထိပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရ မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၆ ရက်၊ ကျောက်မဲ စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ မှတ်ပုံတင်လာလုပ်တဲ့ လွေးအိဌေးဆိုသူကို စစ်ကောင်စီတပ်က တစ်လကျော်အကြာ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ လွေးအိဌေးဟာ အသက် ၁၆ နှစ်ဝန်းကျင်အရွယ်သာရှီသေးပြီး (လဝက)ရုံးမှာ မှတ်ပုံတင်သွားလုပ်တဲ့အချိန် ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်လာလ ဒုတိယအပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က သူ့ကို ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။ “သူက ဆရာလေးထွက်တာ မကြာသေးဘူး။ သသာနာကဒ်ပြားလည်းရှိတယ်။ မှတ်ပုံတင်မရှိလို့ သွားလုပ်တာ ဖမ်းခံရတာ။ ရဲမေနဲ့ တူလို့ ဖမ်းတယ်ထင်တာပဲ။ သူ့အစ်ကိုကတော့ TNLA စစ်သားလုပ်ဖူးလို့ပြောတယ်။ သူ့အစ်ကိုတောင် စစ်ပြေးတာကြာပြီ။” ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ လွေးအိဌေးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ စစ်ခုံရုံးမှာ အမှုဖွင့်ခံရပြီး သူ့အစ်ကိုဖြစ်သူက TNLA တပ်သားဖြစ်ဖူးတယ်ဆိုတဲ့စွတ်စွဲချက်နဲ့ သူ့ကို ဒီဇင်ဘာ ၉ ရက်မှာ မန္တလေး အိုးဘိုထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ လွေးအိဌေးဟာ နိုင်ငံရေးလှုပ်ရှားသူမဟုတ်သလို တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်မှုမရှိဘဲ သာမာန် ကလေးငယ် အမျိုးသမီးတစ်ဦးသာ ဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ လက်ရှိအချိန်ထိ တစ်လကျော်အကြာ ဖမ်းဆီးထားတာကြောင့် သူ့ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအခြေအနေကို မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြတယ်လို့ သူက ဆက်ပြီးပြောပါတယ်။ စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို တအာင်းတပ် -PSLF/TNLA ထံ ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ TNLA နဲ့ ဆက်စပ်မှုရှိတယ်လို့စွတ်စွဲကာ ဒေသခံတွေနဲ့ တအာင်းလူမျိုးတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Telegram https://t.me/spmnewsagency2019