tgindex
6 139
подписчиков
Охват к подписчикам
17,0%
ERR
Реакции к просмотрам
1,12%
234 на 20 постов
Пересылки к просмотрам
0,33%
70
Постов в день
0,0
всего 20

Где отзываются чаще

доля реакций к просмотрам
  • 11 июл.သင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ပါဘူး သင့်ကိုဘယ်သူမှအောင်မြင်မှုကိုမပေးပါဘူး ကိုယ်လုပ်ရင်ကိုယ်ရမယ် ဘယ်သူ့ဆီကမှကူညီမှုကိုမမျှော်လင့်ပါနဲ့ တစ်ယောက်ထဲဆိုလဲတစ်ယောက်ထဲဖြစ်အောင်လုပ် ကိုယ့်အားကိုယ်ကိုးပါသေချာပေါက်အောင်မြင်ပါလိမ့်မယ်2,58%
  • 18 июн.ကျနော့်ရဲ့ အသက် ၂၀ အရွယ် Version ကို အကြံပေးလို့ရမယ်ဆိုရင် လုပ်ရမှာကရှင်းပါတယ် - ကိုယ့်ရည်မှန်းချက်တွေ လူထင်ကြီးအောင် လိုက်မကြေညာနဲ့ - small win လေးတွေချမပြနဲ့ - ဘယ်လောက်ဝင်ငွေရှိလဲ မပြောနဲ့ - ငြင်းတတ်ဖို့သင်ယူ - ရေရှည်သွားနိုင်မယ့်သူတွေနဲ့လက်တွဲ - ကိုယ့်အတွက်အချိန်ပိုထွက်လာ့မယ့် ပစ္စည်း၊ လူ ၊ knowledge တွေမှာရင်းနှီးမြှုပ်နှံ - သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သိအောင်လုပ် - ပြိုင်ဘက်လို့စိတ်မှာထင်ရင် အဲ့လူရဲ့ ကောင်းကွက်တွေကို မြင်အောင်ရှာပြီးသင်ယူ - လူတွေချီးကျူးတာရော ကဲ့ရဲ့တာရောကို လိုက် feel နေမယ့်အစား သင်ခန်းစာယူ - Tutorial ထက် Trainer , Coach , Mentor က ထိရောက်မှုပိုရှိတယ်ဆိုတာမှတ်ထား - ကုန်သွားမှာထက် ရလာမယ့် အကျိုးကျေးဇူးကို မြင်အောင်ကြည့် - လူတိုင်းကိုယ်ရော ကိုယ့်ကိုယ်ကိုရော အလွယ်မယုံနဲ့ အယုံမလွယ်နဲ့ - စုဖို့ထက် ရင်းနှီးမြှုပ်နှံဖို့ ငွေကိုအလုပ်လုပ်ခိုင်းဖို့ သင်ယူ - သူများကိုမပြောင်းလဲခင် ကိုယ့်ကိုယ်ကိုပြောင်းလဲ - သူများကို မကဲ့ရဲ့ခင် ကိုယ့်ကိုယ်ကိုပြန်စစ် - သူများအမှားကို ဒေါသဖြစ်တာလောက် တုံးအတာမရှိဘူး - မိဘတွေက အမြဲအသက်မရှင်နိုင်ဘူး - တာဝန်ဆိုတာ တာဝန်ယူတတ်တဲ့သူအတွက်ပဲ တာဝန်ရှိတာ မယူတတ်သူတွေကိုရှင်းမပြနဲ့ - ဦးဆောင်ချင်ရင် ရှေ့ကနေလုပ်ပြ - မှားရင် ဝန်ခံ တောင်းပန်ပြီး နောက်မဖြစ်အောင်နေ - ရည်းစားများတာပြဿနာမဟုတ်ဘူး ဘဝလက်တွဲဖော်မရှိတာပြဿနာ - လုံလောက်ပြီလို့မထင်သ၍ ဘယ်တော့မှမလုံလောက်ဘူး - ပရမ်းပတာဖြစ်တာကောင်းတယ် အနဲဆုံး ဖြန့်ထားရင် ဘာတွေရှိလဲပိုမြင်ရတယ် အဲ့တော့မှ သေချာအကန့်ခွဲပြီး ပြန်စီလို့ရတာ - ဒုက္ခမရှိရင် မတိုးတက်ဘူး အဲ့တော့ ခံနိုင်တဲ့ ဒုက္ခအမြဲလိုက်ရှာ - ပြဿနာအဟောင်းတွေက စာအုပ်အဟောင်းတွေထဲမှာ အဖြေရှိတယ် - ကိုယ်မလုပ်လို့ မဖြစ်လာတာတွေအတွက် ဘယ်တော့မှ ဝမ်းမနည်းနဲ့ - ရွေးချယ်မှုက အမြဲလုပ်နေရမှာမို့ ရွေးတော့မယ်ဆို ရေရှည်အကျိူးဆက်ကိုကြည့် - မိန်းမပေါတယ် မယားရှားတယ် - မဖြစ်နိုင်ဘူးထင်ရင် အနဲဆုံးတော့စမ်းလုပ်ကြည့် ပြီးမှ တကယ်ဖြစ်နိုင်မဖြစ်နိုင်သတ်မှတ် - တရားအမျိုးအစားအများကြီးရှိတယ် အမှန်တရားနောက်ကိုပဲအမြဲလိုက်2,38%
  • 30 мар.ကလေးတွေက ကိုယ့်ချီမယ်ဆိုငို ခွေးတွေက ကိုယ့်တွေ့ရင်ဟောင် ကြောင်ဆို ကိုင်တာနဲ့ထွက်ပြေးရင် အတွင်းစိတ်ကဖြူနေတယ် အေးချမ်းနေတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး လောဘဒေါသမောဟများပြီး သီလသမာဓိနည်းနေရင် သန့်စင်တဲ့ soul လေးတွေက အရင်သိကြတယ်1,93%
  • 7 июн.အသက် ၂၀ မှာ ငါ အသက် ၄၀ ရောက်ရင် ဘာတွေလိုချင်လဲလို့ ကိုယ့်ကိုယ်ကိုမေးပြီး သေချာချရေးကြည့်တဲ့အခါ ဒါတွေရခဲ့တယ် ၁. အိမ်မှာတင် အေးဆေးလုပ်လို့ရတဲ့အလုပ် ၂. အေးဆေးနားလို့ရမယ့် စနေ တနင်္ဂနွေ ၃. Passive income ကရတဲ့ငွေနဲ့ ခရီးထွက်မယ် shopping ထွက်မယ် ၄. ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့အချိန်ရှိမယ် ၅. Alarm မလိုပဲထလို့ရမယ် ၆. မနက်ခင်းကို အေးအေးချမ်းချမ်းနိုးပြီး coffee လေးအေးဆေးဖျော်သောက်မယ် ၇. နားအေးတဲ့ ပတ်ဝန်းကျင်မှာနေမယ် ၈. နားမပူတဲ့ အိမ်သူအိမ်သားတွေနဲ့ ၉. ရှင်းရှင်းလင်းလင်းရှိတဲ့အခန်း ၁၀. ကိုယ့်ကိုနားလည်နိုင်တဲ့သူငယ်ချင်း တွေနဲ့ ရယ်မောစကားပြောမယ် ၁၁. မလုပ်ချင်တာတွေကိုငြင်းနိုင်စွမ်းရှိမယ် ၁၂. နာကျင်မှုမရှိတဲ့ ခန္ဓာကိုယ်ရှိမယ် ၁၃. အမြဲတမ်းအပိုရှိနေတဲ့ ငွေကြေးရှိမယ် ၁၄. ဈေးမကြည့်ပဲဝယ်နိုင်တဲ့အခြေအနေရှိမယ် ၁၅. ရှေ့ရေးအတွက် တွေးမပူချင်ဘူး ၁၆. စာဖတ်ဖို့အတွက် အချိန်ရှိမယ် ၁၇. ကိုယ်သိတာတွေကို ပြန်ပြောပြရင် နားထောင်ချင်တဲ့သူတွေရှိမယ် ၁၈. ကိုယ်မေးချင်တာတွေကို မေးလို့ရမယ့် မိဘ ဆရာတွေရှိမယ် ၁၉. Brand မဟုတ်တောင် ကိုယ့်အတွက် သေချာချုပ်ပေးထားတဲ့ အဝတ်တွေဝတ်မယ် ၂၀. ကိုယ့်ဘဝနောက်ဆုံးချိန်ထိ အတူရှိနေပေးမယ့် ဘဝလက်တွဲဖော်ရှိမယ် ဒါတွေရဖို့ ၄၀ အထိမစောင့်ခဲ့ရဖူး သဘောပေါက်လာတာက ကိုယ်လိုချင်တာကိုယ်သိရင် ရဖို့ဆိုတာသိပ်မကြာတတ်ဘူး အရေးကြီးတာကိုယ်လိုချင်တာ ကိုယ်သေချာသိဖို့ပဲ1,70%
  • 5 апр.လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် — ဒီအချက် ၃ ခု ကြည့်ပါ။ လူတွေက ကိုယ့်ကို ပြတဲ့ version နဲ့ တကယ့် version မတူဘူး။ အထူးသဖြင့် အစပိုင်းမှာ။ လူတိုင်း highlight reel ပြတယ်။ အကောင်းဆုံး ပုံစံကို တင်ပြတယ်။ ဒါ လိမ်တာ မဟုတ်ဘူး — လူ့သဘာဝ။ ဒါပေမယ့် ကိုယ်က ဒါကို စစ်မှန်တဲ့ ပုံစံလို့ ယူဆလိုက်ရင် နောက်မှ “ဒီလူက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီး အံ့အားသင့်ရတယ်။ စိတ်ပျက်ရတယ်။ Business partner ဖြစ်ဖြစ်။ ဝန်ထမ်းသစ် ဖြစ်ဖြစ်။ ချစ်သူ ဖြစ်ဖြစ်။ Pattern တူတယ်။ ဒီတော့ လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို ဘယ်လို ဖတ်မလဲ။ ၁။ ဖိစီးမှုအောက်မှာ ဘယ်လို တုန့်ပြန်သလဲ ကြည့်ပါ။ လူတစ်ယောက်ရဲ့ တကယ့်စရိုက်က အရာရာ အဆင်ပြေနေတဲ့အခါ မပေါ်ဘူး။ ဖိအားပေးလိုက်မှ ပေါ်တယ်။ Plan ပျက်သွားတဲ့အခါ ဘယ်လို react လုပ်သလဲ။ မျှော်လင့်ချက် မဖြည့်ဆည်းနိုင်တဲ့အခါ ဘယ်လို ပြောသလဲ။ အချိန်မရှိ၊ ပိုက်ဆံမရှိ၊ အိပ်ရေးမဝတဲ့အခါ ဘယ်သူ ဖြစ်သွားသလဲ။ Comfort zone ထဲမှာ လူတိုင်း ကောင်းတယ်။ ဖိစီးမှုအောက်မှာ ဘယ်သူလဲ ဆိုတာ — ဒါ တကယ့် သူ။ ၂။ သူ့အထက်လူနဲ့ သူ့အောက်လူကို ဘယ်လို ဆက်ဆံသလဲ ကြည့်ပါ။ ဒါ အရေးကြီးဆုံး test တစ်ခု။ ကိုယ့်ရှေ့မှာ ယဥ်ကျေးတယ်။ ပြုံးပြတယ်။ လေးစားတယ်။ ဒါပေမယ့် စားပွဲထိုးကို ဘယ်လို ပြောသလဲ။ ဝန်ထမ်းကို ဘယ်လို ဆက်ဆံသလဲ။ အကူအညီ မလိုတဲ့သူကို ဘယ်လို သဘောထားသလဲ။ အထက်လူရှေ့မှာ ယဥ်ကျေးပြီး အောက်လူကို မထီမဲ့မြင် လုပ်တဲ့သူ — ဒါ ယဥ်ကျေးတာ မဟုတ်ဘူး။ ဒါ strategy။ တကယ် ကောင်းတဲ့ စရိုက်က ဘယ်သူ့ရှေ့မှာ ဖြစ်ဖြစ် တူညီတယ်။ ၃။ စကားနဲ့ လုပ်ရပ် ကိုက်ညီမှု ရှိမရှိ ကြည့်ပါ။ “ငါ ဒီလို လူမျိုး” လို့ ပြောတာ တစ်မျိုး။ တကယ် လုပ်တာ တစ်မျိုး။ “ငါ loyalty ကို တန်ဖိုးထားတယ်” ပြောတယ်။ ဒါပေမယ့် အကျိုးအမြတ် ပိုရတဲ့ဘက် ချက်ခြင်း ပြောင်းတယ်။ “ငါ honest ပဲ” ပြောတယ်။ ဒါပေမယ့် အသေးအမွှား ဟိုလိမ် ဒီလိမ် လုပ်တယ်။ “ငါ သင့်အတွက် ရှိတယ်” ပြောတယ်။ ဒါပေမယ့် ကိုယ် တကယ်လိုတဲ့အခါ ပျောက်သွားတယ်။ စကားကို နားမထောင်ပါနဲ့။ Pattern ကို ကြည့်ပါ။ တစ်ကြိမ် ဖြစ်ရင် အမှားဖြစ်နိုင်တယ်။ ထပ်ခါထပ်ခါ ဖြစ်ရင် — ဒါ စရိုက်။ လူတစ်ယောက်ကို ဖတ်တတ်ဖို့ ကိုယ့်ခံစားချက်နဲ့ ဖတ်တာ ရပ်ရမယ်။ သူ့ pattern နဲ့ ဖတ်ရမယ်။ ခံစားချက်နဲ့ ဖတ်ရင် — ကိုယ်မြင်ချင်တာ မြင်ရတယ်။ Pattern နဲ့ ဖတ်ရင် — တကယ်ဖြစ်နေတာ မြင်ရတယ်။ လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် — ဒီအချက် ၃ ခု ကြည့်ပါ။1,56%
  • 29 апр.ဘယ်သူ့ရဲ့ အမြင်ကိုမှ လိုက်ပြောင်းလဲပေးဖို မကြိုးစားပါနဲ့၊ လူတိုင်းစိတ်ကျေနပ်အောင်လည်း လိုက်ရှင်းပြမနေနဲ့။ ငါတိုဘဝမှာ အချိန်တွေက အဲ့လောက်ထိ အပိုမရှိပါဘူး။ ကိုယ့်ရဲ့တာဝန်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်လုပ်ဖိုနဲ့ ကိုယ့်ဘဝကို ပိုကောင်းအောင် ရှင်သန်ဖိုပဲ... ဒါဆိုရင် လုံလောက်ပါပြီ။ 💎1,48%
  • 29 мар.သူများကို စပ်စုတဲ့သူပေါတယ် ကိုယ့်ကိုယ်ကို စပ်စုတဲ့သူရှားတယ် ကိုယ့်အကြောင်းကိုယ်ပိုသိတဲ့အခါ လိုချင်တာတွေက တိကျသေချာလာတယ် လောကကို အမှန်မြင်လာတယ် အကြောင်းအကျိုးရဲ့ ဆက်စပ်မှုကိုနားလည်လာတယ် သူများထက် ကိုယ့်အကြောင်းကိုယ်ပိုပြီး စပ်စုဖိုအချိန်ပေးပါမိတ်ဆွေ1,38%
  • 18 апр.လူအများစုအတွက် အလုပ်က ဘဝပဲ။ ဘာကြောင့်လဲဆိုတော့ ဘဝရပိတည်ဖို့ငွေလိုတယ်။ ငွေရဖို့ အလုပ်လိုတယ်။ အလုပ်အတွက် ရုံးတက်၊ ရုံးဆင်း၊ ကာယ၊ ဥာဏ၊ မိတ္တ၊ လုံ့လဝိရိယတွေလိုတယ်။ မွေးကတည်းက မိဘချမ်းသာ၊ နိုင်ငံခြားကျောင်းထား၊ အလုပ်မလုပ်လဲဘာမှမဖြစ်တဲ့ မိသားစုထဲမပါရင်တော့ တော်တော်များများအတွက် အလုပ်က ဘဝရဲ့အရေးကြီး အစိတ်အပိုင်းပဲ။ ကိုယ်ဘာအလုပ်လုပ်မယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်မှာလုပ်မယ်၊ ဘယ်သူတွေကိုရောင်းမယ်၊ ဘယ်သူတွေကိုအလုပ်ခန့်မယ်၊ ဘယ်သူတွေနဲ့လက်တွဲလုပ်မယ်၊ ဘယ်သူတွေနဲ့မလုပ်ဘူး။ ဒါတွေက conscious choice သေချာရွေးချယ်မှုမလုပ်ထားရင် ဗရမ်းဗဒါဘဝဖြစ်နေမှာ။ ဒါကြောင့် ကိုယ့်ကိုကိုယ်စီမံဖို့ Personal development (ကျွန်တော်တို့ဆီမှာတော့ Self-help ကို တက်ကျမ်းလို့ခေါ်တယ်။) Professional development အသက်မွေးမှုပညာ။ Business Development စီးပွါးရေးတိုးတက်မှု။ အသက်ရှင်ပြီးအသက်ဝင်ဖို့ Spiritual development လိုတယ်။ အရာရာကတော့ အခြေခံ အချိန်စီမံခန့်ခွဲမှု၊ အာရုံ၊ စိတ်ခံစားချက်၊ အမူအကျင့် စီမံခန့်ခွဲမှုကစတင်တယ်။1,30%
  • 19 мар.ဘဝမှာဘယ်skill ကို ဦးစားပေးပြီး develop လုပ်ရမလဲမေးရင် လုပ်စရာတွေရှိနေတာတွေကို ဘယ်လိုစိတ်အခြေအနေ ခံစားချက်ပဲရှိရှိ ပြီးအောင်လုပ်တဲ့ skill ကို ဦးစားပေး develop လုပ်ရမယ်ဗျ💪🏻 Professional နဲ့ Amateur က အဲ့နေရာမှာ ကွာသွားတော့တာပဲ 😎1,09%
  • 2 апр.တကယ်အများကြီးသိတဲ့သူတွေက ငါသိတာနဲသေးတယ်လိုတွေးတယ် ဒီတော့ ဘာမှမပြောဘူး ငြိမ်နေတာမျာတယ် တကယ်အများကြီးမသိတဲ့သူတွေက ငါအကုန်သိပြီးပြီလိုတွေးတယ် ဒီတော့​ တွေ့ရာအကုန်လိုက်ပြောတယ် တကယ် ခံရတာကတော့ သိသလိုလိုမသိသလိုလိုလူတွေပဲ 😁0,97%
  • 14 апр.အချိန်ချမ်းသာမှုအရေးကြီးတယ် အလုပ်ကတော့ လူတိုင်းလုပ်နေရမှာပဲ ဒါပေမယ့် ဘဝမှာ အလုပ်အတွက် ၇၅% သောအချိန်တွေပေးနေရပြီဆိုရင် ကျန်တဲ့ ငွေကြေး ဥစ္စာချမ်းသာမှုက ရှိသာရှိတာ သိပ်တော့ enjoy ရမှာမဟုတ်ဘူး ငွေလဲဝင်ပြီး ဝင်တဲ့ငွေကိုသုံးဖို အချိန်လုံလုံလောက်လောက်ရှိဖိုလဲလိုတယ်0,97%
  • 1 апр.တစ်နေတာကိုယ်လုပ်လိုက်တဲ့ ကောင်းမှုဆိုးမှုအားလုံးက ကိုယ်တစ်ချိန်ကိုယ်ရလာမယ့် Future version အတွက် ထောက်ခံမဲပေးနေတာနဲ့တူတူပဲ ကောင်းမှုများများလုပ်ရင် ကောင်းတဲ့မဲများများရတော့ ကောင်းတဲ့ future version ရမယ် ဆိုးမှုများများလုပ်ရင် ဆိုးမှုမဲများများရတော့ ဆိုးတဲ့ future version ရမယ် Life Is Simple 👌🏻0,97%