tgindex
Kapable English Self-Study

Kapable English Self-Study

Статистика

IELTS , General 4 skills ဖြစ်ဖြစ်၊ 21 ရာစုမှာ လူငယ်တိုင်း သိထားသင့် ဖတ်ထားသင့်တဲ့ စာအုပ်​တွေ down ချင်ရင်ပဲဖြစ်ဖြစ် ဒီ channel ကို join ထားလို့ရပါတယ်​ခင်ဗျ။ 😀

Последний пост
4 февр.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
3 341
0 за 3 дн.
Сутки
−3
−0,09%
Неделя
 
Месяц
 
Просмотров на пост
3 226
20 постов
Вовлечённость
96,6%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • https://vt.tiktok.com/ZSatvto5c/

  • For Book Collectors

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • US Strikes on Iran သံခင်းတမန်ခင်း ထုတ်ပြန်စာအ​ရေးအသားအချို့

  • https://t.me/requestandread လိုချင်တဲ့ english novel ​တွေ request လုပ်နိုင်ပါတယ်ခင်ဗျ၊ အားတဲ့အချိန် share ​ပေးပါ့မယ်၊ မည်သူမဆို ဝင်​ရောက်ပြီး share လို့လည်းရပါတယ်။

  • Kapable English Self-Study pinned «ငလျင်ဒဏ်​​ကြောင့်မို့လို့ အပြင်မှာသင်တဲ့ YLE အတန်း​တွေ အပြီးပိတ်လိုက်ပါပြီခင်ဗျ။ အိမ်မှာ ကွန်ကရစ် တိုင်​တွေကျိုးသွားလို့ပါ။ ဘာအတန်းမှ ဆက်မဖွင့်ဖြစ်​သေးပါဘူး။ ကျွန်​တော့သင်တန်းက အရှိန်အမြင့်ဆုံးအချိန်မှာ ဆရာဆရာမ ၇ ​​ယောက်ကို တစ်ပြိုင်ထဲအလုပ်အကိုင်အခွင့်အလမ်း…»

  • ငလျင်ဒဏ်​​ကြောင့်မို့လို့ အပြင်မှာသင်တဲ့ YLE အတန်း​တွေ အပြီးပိတ်လိုက်ပါပြီခင်ဗျ။ အိမ်မှာ ကွန်ကရစ် တိုင်​တွေကျိုးသွားလို့ပါ။ ဘာအတန်းမှ ဆက်မဖွင့်ဖြစ်​သေးပါဘူး။ ကျွန်​တော့သင်တန်းက အရှိန်အမြင့်ဆုံးအချိန်မှာ ဆရာဆရာမ ၇ ​​ယောက်ကို တစ်ပြိုင်ထဲအလုပ်အကိုင်အခွင့်အလမ်း ဖန်တီး​ပေးနိုင်ခဲ့ပါတယ်။ က​လေး​တွေလည်း ​စျေးသက်သက်သာသာနဲ့ လုံခြုံမှုရှိရှိ ပညာသင်ကြားနိုင်ခဲ့ပါတယ်။ ကိုယ့်အတွက်​တော့ အမြတ်မကျန်​​ပေမယ့် ကိုယ့်ပတ်ဝန်းကျင်​တော့ အကျိုးပြုနိုင်ခဲ့ပါတယ်။ အခု​တော့ တခြားနည်းနဲ့ပဲ လူ့အဖွဲ့အစည်းကို Contribute လုပ်ပါ​တော့မယ်။

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • Somewhere in La Mancha, in a place whose name I do not care to remember… နဲ့ အစချီတဲ့ ကမ္ဘာ့ပထမဆုံး ​ခေတ်သစ်ဝတ္ထုအမျိုးအစားပါ။ ဒီဘက်​ခေတ် လူငယ်​တွေက Batman နဲ့ Robin အတွဲဆိုသိကြမယ်။ Batman က အဓိက hero ဖြစ်ပြီး Robin က အကူ sidekick ဖြစ်ပါတယ်။ အခု Don Quixote ဝတ္ထုက အဲ့ hero အတွဲ ပုံစံရဲ့ ပထမဆုံး ဝတ္ထုအမျိုးအစား ဖြစ်ပါတယ်။

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • 8 мар. 2025 г.2 9197из kpsnutrishare

    Intern ဆင်းရင်းနဲ့ Hypothyroid လူမမာ၁​ယောက် Calcium လိုအပ်​​နေလို့ Calcium ကြွယ်ဝတဲ့အစားအစာ​တွေ စား​သောက်ပုံ​တွေကို သာမန်အရပ်သား​ လူမမာတွေ နားလည်​အောင် အကြမ်း​ရေးထားတာ​လေး ပြန်​​ဝေမျှလိုက်ပါတယ်။ ကယ်လ်စီယမ်က  အရိုးတွေ သန်မာဖို့၊ သွားတွေ ကျန်းမာဖို့၊ ကြွက်သားတွေ ကောင်းကောင်း အလုပ်လုပ်ဖို့နဲ့ သွေးကြောတွေ သန်စွမ်းဖို့ အတွက် အရေးကြီးပါတယ်​ခင်ဗျ။ အထူးသဖြင့် ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ဒီဓာတ်ကို ပိုပြီး ဂရုစိုက်ပေးရပါမယ်။ ​အောက်ပါ အစားအစာ​တွေမှာ ကယ်လ်စီယမ်ဓါတ်ကြွယ်ဝလို့ ၁​နေ့တာမှာ ထည့်ပြီး စားကြည့်ပါ။ 1. နို့ (နို့ရည်)   နွားနို့၊ ဆိတ်နို့လို နို့တွေမှာ ကယ်လ်စီယမ်အများကြီး ပါပါတယ်ခင်ဗျ။    တစ်နေ့ကို တစ်ခွက် (မီလီလီတာ ၂၅၀ လောက်) သောက်ပေးရင် အရိုးတွေ သန်မာဖို့ အထောက်အကူပြုပါတယ်။    နို့မသောက်ချင်ရင် နို့ရည်ထဲ ဆန်ပြုတ်ထည့်ပြီး ချက်စားလို့လည်း ရတယ်။  နို့ထမင်းလည်း စားလို့ရပါတယ်ခင်ဗျ။ 2. နို့ထွက်ပစ္စည်းများ (နွားနို့ခဲ၊ ဒိန်ချဉ်)  နွားနို့ခဲက ကယ်လ်စီယမ်အများကြီး ပါတာမို့ နည်းနည်းစားရုံနဲ့ အာဟာရဓာတ်ပြည့်တယ်။  ငယ်ငယ်ကစားခဲ့သလို နွားနို့ခဲကို ထန်းလျက်ရည် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့တွဲစားလို့ ရတယ်။ (မြို့ကြီး​တွေမှာ ဒီလိုတွဲဖက်စားတာ​တွေ နည်းသွားပြီ) အချို​​တော့လျော့ပါ။ ခရမ်းချဥ်သီး၊ ဆီနည်းနည်း နဲ့လည်း နွားနို့ခဲချက် ချက်စားလို့ရတယ်။    ဒိန်ချဉ်ကတော့ အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ သကြားနည်းနည်းထည့်ပြီး သီးစုံနဲ့တွဲစားရင် ပိုအရသာရှိတယ်။ အာဟာရပိုရတယ်ခင်ဗျ။ 3. ငါးသေးသေးလေးတွေ (အရိုးပါတဲ့ ငါး)    ငါးသေးသေးလေးတွေမှာ ကယ်လ်စီယမ်အများကြီး ပါတယ်။ အရိုးကိုပါ ဝါးစားလို့ရတာမို့ ပိုကောင်းတယ်။    ဥပမာ၊ ဆားအများကြီးမပါတဲ့ ငါးခြောက်ကို ဆီနည်းနည်းနဲ့ ကြော်ပြီး ထမင်းနဲ့တွဲစားလို့ရတယ်။ ဒါမှမဟုတ်  ဟင်းချိုထဲ ထည့်ချက်လည်း ရတယ်။  ငါးအသေးလေး​တွေကို ဟင်းနုနွယ်ဟင်းချိုနဲ့ တွဲစားလည်း လိုက်ဖက်တယ်။ ဒါမှမဟုတ် ငါးအသေးလေး​တွေနဲ့ ကြက်ဥမွှေ လုပ်စားရင်လည်း ကယ်လ်စီယမ် ၊ ကြက်ဥအနှစ်မှာ ဗီတာမင် ဒီ ပါပါတယ်။ ဒီလို ငါးသေးသေးလေးတွေကို တစ်နေ့ လက်တစ်ဆုပ်လောက် စားပေးရင် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရပါတယ်။ အရိုးကို ဝါးစားလို့ရအောင် သေချာ ချက် ပြုတ်ပြီး ကောင်းကောင်းဝါးပေးပါ။ ဒါမှ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က အပြည့်အဝ ရမယ်ခင်ဗျ။ 4. ပဲအမျိုးမျိုး    ပဲတွေမှာ ကယ်လ်စီယမ်အပြင် ပရိုတင်းဓာတ်လည်း ပါတယ်။ အသားစားတာထက် ကျန်းမာရေးနဲ့ ပိုအဆင်ပြေတယ်။     ပဲကို ဟင်းချိုချက်တာ၊ ပဲကြာဇံ ချက်စားတာမျိုး ပြင်ဆင်လို့ရတယ်။ ဆီကို နည်းနည်းပဲ သုံးပါ။ 5. အစိမ်းရောင် ဟင်းသီးဟင်းရွက်များ  ပန်းဂေါ်ဖီ၊ မုန်ညင်း၊ ဟင်းနုနွယ်၊ ကိုက်လန်လို အရွက်တွေမှာ ကယ်လ်စီယမ်တင်မကဘဲ ဗီတာမင်တွေလည်း ပါတယ်။   ဒီဟင်းရွက်တွေကို ရေနွေးနဲ့ ပြုတ်ပြီးဖြစ်ဖြစ် ဆီနည်းနည်းနဲ့ဖြစ်ဖြစ် ချက်စားလို့ရတယ်။ ဒါမှမဟုတ် ဟင်းချိုထဲ ထည့်ပြီး ချက်လည်း အဆင်ပြေတယ်။    တစ်နေ့ကို အနည်းဆုံး တစ်ခွက်စာ (လက်တစ်ဆုပ်လောက်) စားပေးပါ။  နေ့တိုင်း ဒီအစားအစာတွေထဲက တစ်မျိုး၊ နှစ်မျိုးလောက် ထည့်စားပေးပါ။ တစ်ခါတည်း အများကြီး မစားနဲ့၊ တစ်ခါပြင်စားစီ ခွဲစားရင် အူလမ်း​ကြောင်းက ပိုစုပ်ယူနိုင်တယ်။  ဆေးလိပ်၊ အရက်တွေ များများသောက်ရင် ကယ်လ်စီယမ်ဓာတ် ဆုံးရှုံးပါမယ်ခင်ဗျ ။ ကော်ဖီ၊ လက်ဖက်ရည် နဲ့လည်း ကယ်လ်စီယမ်ကြွယ်ဝတဲ့အစာ​တွေနဲ့ တွဲ မစားပါနဲ့။ ဒီလိုစားရင် အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းပါတယ်။ နေ့စဉ် ဂရုစိုက်စားပေးပါ ခင်ဗျာ။ Dr. Kaung Pyae Sone Clinical Dietetics Intern

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • 19 февр. 2025 г.2 279из kpsnutrishare

    Cele ၁​ယောက်က အမျိုးသားအား​ဆေးဆိုပြီး ဖရဲသီး၊ ဂျင်းနဲ့ ရှား​စောင်းလပတ် ကို ​ဖျော်​သောက်တဲ့ video ​တွေ့လိုက်တယ်။ ဂျင်းမှာ အမျိုးသားအားတိုးဖို့ ဘာအာနိသင်မရှိပါဘူး၊ ရှား​စောင်းလပတ်မှာကလည်း ​အခြားဆေးပတ်ဝင်တဲ့အပိုင်း​တွေ ရှိမယ်။ ဖရဲသီး မှာ​တော့ L-citrulline ဆိုတဲ့ ​​သွေးလည်ပတ်မှု​ကောင်းတဲ့ အမိုင်နိုအက်စစ် ၁မျိုးပါတယ်။ သူက သီအိုရီအရ အားတိုး​စေတာမှန်တယ်၊ ဒါ​ပေမယ့် ဖရဲသီး၁လုံးလုံးထိုင်စားမှသာ Citrulline 3000 mg ​​ရပြီး အလုပ်ဖြစ်မှာပါ။ အဲ့​တော့ ဖရဲသီး တစ်စိပ် တစ်ခြမ်း​လောက်နဲ့ ​တော့ အားတိုးနိုင်မယ်မဟုတ်ပါခင်ဗျ။ ဘယ်သူမှ အများကြီးမစားနိုင်တဲ့အတွက် Citrulline ကို ဖြည်စွက်စာ အ​နေနဲ့လည်း ထုတ်ပါတယ်။ ဒီကိစ္စက သီအိုရီအရ သုံးသပ်မှုပဲဖြစ်ပါတယ်၊ ခိုင်မာတဲ့ သု​တေသနအ​ထောက်အထား​တွေ​တော့ မရှိ​သေးပါဘူး။ အမျိုးသားအားတိုး​ဆေးတင်မဟုတ်ပဲ အားကစားသမား​တွေအ​နေနဲ့လည်း ပြိုင်ပွဲမှာ စွမ်း​ဆောင်ရည်မြင့်​အောင် citrulline ကို သုံးလို့ရ​​ကောင်းရနိုင်ပါတယ်။ Sports Nutritionists ​တွေနဲ့ တိုင်ပင်ဖို့​တော့လိုပါမယ်။ Dr. Kaung Pyae Sone #nutrition #food #health

Kapable English Self-Study — tgindex