- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 12
- Всего постов
- 24
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 209
- 1/48двое суток
- 239
- 1/72трое суток
- 258
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
ဆရာမြသန်းတင့် ပြုစုခဲ့တဲ့ Sherlock Holmes မဟုတ်တဲ့စုံထောက်ဝတ္ထု ၂ အုပ် 📖နှစ်တစ်ရာ ကမ္ဘာ့ စုံထောက် ဝတ္ထုတိုများ ကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုကို ၁၈၄၁ ခုနှစ်တွင် အမေရိကန် စာရေးဆရာ အဂ္ဂါ အလန်ပိုးက စတင် ရေးသားခဲ့သည်ဟု ဆိုပါသည်။ ဝတ္ထု နာမည်မှာ 𝚃𝚑𝚎 𝙼𝚞𝚛𝚍𝚎𝚛 𝚒𝚗 𝚝𝚑𝚎 𝚁𝚞𝚎 𝙼𝚘𝚛𝚐𝚞𝚎 ဖြစ်ပြီး စုံထောက် ဇာတ်ကောင်က စီ၊ ဩဂတ်စတီ ဒူပင် ဖြစ်ပါသည်။ သည်ဝတ္ထုနှင့် သည်စုံထောက်တို့ကို ကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုနှင့် ပထမဆုံးသော စုံထောက် ဇာတ်ကောင်ဟု ကမ္ဘာ့ စာပေ ပညာရှင်များက သတ်မှတ်ကြပါသည်။ ဤစာအုပ်ထဲတွင် အဂ္ဂါ အလန်ပိုး၏ စုံထောက် ဒူပင် ပါဝင်သော 𝚃𝚑𝚎 𝙿𝚞𝚛𝚕𝚘𝚒𝚗𝚎𝚍 𝙻𝚎𝚝𝚝𝚎𝚛 ' စာပျောက်မှု ' ဝတ္ထုတိုကို ပထမဆုံး ဝတ္ထုတို အဖြစ် ဖော်ပြထားပါသည်။ မြန်မာ စာဖတ် ပရိသတ်နှင့် ကျွမ်းဝင် ရင်းနှီးသည့် အဂ္ဂါ အလန်ပိုး အပြင် ဆရာ ဇေယျ၏ ' မြတ်လေး ရွှေဓားဗိုလ် ' မူရင်း စာရေးဆရာမကြီး ဗေရွန်းနက် အော်ဇီ၊ ဆရာကြီး ရွှေဥဒေါင်း၏ ဒေါက်တာ သောင်းထိုက် မူရင်း အင်္ဂလိပ် စာရေးဆရာကြီး အော်စတင် ဖရီးမင်း၊ ရှားလော့ဟုမ်း ပြီးလျှင် လူကြိုက် အများဆုံး စုံထောက် ဇာတ်ကောင် ဟာကျူလီ ပွိုင်ရိုးကို ဖန်တီးခဲ့သည့် အင်္ဂလိပ် စာရေးဆရာမကြီး အဂ္ဂါသာ ခရစ္စတီး၊ ဆရာကြီး ရွှေဥဒေါင်းက သူတော်စိန် အမည်ဖြင့် မြန်မာမှု ပြုခဲ့သည့် သူခိုး ဇာတ်ကောင် ' စိန့် ' ၏ ဖန်တီးရှင် လက်စလေ ရှာတာရိစ်၊ ဆရာ မိုးဝေ မြန်မာမှု ပြုခဲ့ဖူးသည့် အင်္ဂလိပ် စုံထောက် စာရေးဆရာ အဂ္ဂါ ဝေါလေ့စ်နှင့် အခြား စာရေးဆရာများ၏ ဝတ္ထုတို ပုဒ်ရေ ၂၄ ပုဒ် ပါဝင်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ရေးဖွဲ့ခဲ့ပြီး ယခု အချိန်ထိတိုင် ကမ္ဘာ့ ဂန္ထဝင် အမွေအနှစ် အဖြစ် မြတ်မြတ်နိုးနိုး တန်ဖိုးထား ဖတ်ရှုနေကြရသည့် စုံထောက် ဝတ္ထုတို ၂၄ ပုဒ်ကို ဆရာ မြသန်းတင့်၏ ခံ့ခံ့ထည်ထည် ပြန်ဆိုချက်။ ပထမ အကြိမ်ကို ဂုဏ်ထူး စာပေက ၁၉၈၉ ခုနှစ်တွင် သုံးတွဲခွဲ၍ ထုတ်ဝေခဲ့ပါသည်။ ပဉ္စမ အကြိမ် ဝူဖရီး စက္ကူ အဖြူ ( အခန့်ချုပ် ) စာမျက်နှာ ၆၁၆ ▪️ တန်ဖိုး ၅၀၀၀၀ ကျပ်။ 📖တိုက်ပိုင်မောင်ဘဂျမ်းနှင့် စုံထောက်မှုခင်းများပေါင်းချုပ် ▪️တန်ဖိုး ၂၀၀၀၀ ကျပ်။ #geniusbookhouse #မြသန်းတင့် #စုံထောက်ဝတ္ထု #ရဲအောင်ဇေ #စုံထောက်
без подписи
တက္ကသိုလ်ဘုန်းနိုင် ဆိုလျှင် ... အလွမ်းအဆွေးသန်သည်ဟု သူ့ပရိသတ်များက သာမန်အားဖြင့် သိကြသည် ဆရာကြီး၏ ဝတ္ထုများမှာ နုသည် ၊ စကားပြေကို ကဗျာဟန်နှင့်ရေးတတ်သည် ၊ ရတု ၊ ရကန် ၊ ပျို့ ၊ အိုင်ချင်း စသည်ဖြင့် ရှေးကဗျာများကို ပိုင်နိုင်စွာ ထည့်တတ်သည် ၊ အလေးအနက် ၊ အခန့်အညား စာပေဆောင်းပါးများ ၊ စာပေကျမ်းများ ပြုစုခဲ့သည် ဤသို့သာ အသိများသည်။ ဆရာကြီး၏ သရော်စာ ၊ ထေ့စာ ၊ ငေါ့စာ.... ဒါတွေကို ဖတ်ဖူးသူ နည်းလိမ့်မည်။ အတော်နည်းပါလိမ့်မည် "ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ " ကို ဖတ်ကြည့်ပါ နတ်ဘုရားကြီး ဇုစ်မှစ၍ အိုလင်ပီယာတောင်တော်စံ ခေါမနတ်ဘုရားတို့၏ စရိုက်သဘာဝကို အလွန်သွက်လက်စွာ ထိထိမိမိ ကလိတိတိနှင့် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးပြထားသည်ကို ဖတ်ရှုရမည် ယခုစာအုပ်မှာ နတ်ဘုရားတို့အကြောင်းသာဖြစ်သည်။ ဟီးရိုးများအကြောင်း ရေးပြရန် ဆရာကြီးစိတ်ကူးရှိခဲ့သော်လည်း ရေးမသွားနိုင်ခဲ့ရှာ။ ရေးဟန်ကို သိနိုင်ရန် ကွန်မန့်လင့်ခ်ကိုသာ ဖွင့်ကြည့်ကြကုန် ... မှာယူနိုင်ပါပြီ တက္ကသိုလ်ဘုန်းနိုင် - ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ တန်ဖိုး - ၁၅၀၀၀ ကျပ် • စာမျက်နှာ - ၁၉၆ *စက္ကူဖြူ-ချော (Wood-free)
без подписи
မောင်သစ်ဆိုတာ တခြားတော့မဟုတ်ပါဘူး ဆရာမောင်ကိုယု ရဲ့ကလောင်ခွဲပါ။ သရော်စာတွေ အမြင်မတော်ရာတွေထောက်ပြဖို့ ဆရာရေးသားထားတဲ့ " ကျွန်တော်တွေးမိသလိုပြောပါမည် ( ၁ + ၂ ) ❗ ✅တအုပ်တန်ဖိုး - ၃၀၀၀ ကျပ်
မြသန်းတင့် နှစ်တစ်ရာ ကမ္ဘာ့ စုံထောက် ဝတ္ထုတိုများ ကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုကို ၁၈၄၁ ခုနှစ်တွင် အမေရိကန် စာရေးဆရာ အဂ္ဂါ အလန်ပိုးက စတင် ရေးသားခဲ့သည်ဟု ဆိုပါသည်။ ဝတ္ထု နာမည်မှာ 𝚃𝚑𝚎 𝙼𝚞𝚛𝚍𝚎𝚛 𝚒𝚗 𝚝𝚑𝚎 𝚁𝚞𝚎 𝙼𝚘𝚛𝚐𝚞𝚎 ဖြစ်ပြီး စုံထောက် ဇာတ်ကောင်က စီ၊ ဩဂတ်စတီ ဒူပင် ဖြစ်ပါသည်။ သည်ဝတ္ထုနှင့် သည်စုံထောက်တို့ကို ကမ္ဘာ့ ပထမဆုံး စုံထောက် ဝတ္ထုနှင့် ပထမဆုံးသော စုံထောက် ဇာတ်ကောင်ဟု ကမ္ဘာ့ စာပေ ပညာရှင်များက သတ်မှတ်ကြပါသည်။ ဤစာအုပ်ထဲတွင် အဂ္ဂါ အလန်ပိုး၏ စုံထောက် ဒူပင် ပါဝင်သော 𝚃𝚑𝚎 𝙿𝚞𝚛𝚕𝚘𝚒𝚗𝚎𝚍 𝙻𝚎𝚝𝚝𝚎𝚛 ' စာပျောက်မှု ' ဝတ္ထုတိုကို ပထမဆုံး ဝတ္ထုတို အဖြစ် ဖော်ပြထားပါသည်။ မြန်မာ စာဖတ် ပရိသတ်နှင့် ကျွမ်းဝင် ရင်းနှီးသည့် အဂ္ဂါ အလန်ပိုး အပြင် ဆရာ ဇေယျ၏ ' မြတ်လေး ရွှေဓားဗိုလ် ' မူရင်း စာရေးဆရာမကြီး ဗေရွန်းနက် အော်ဇီ၊ ဆရာကြီး ရွှေဥဒေါင်း၏ ဒေါက်တာ သောင်းထိုက် မူရင်း အင်္ဂလိပ် စာရေးဆရာကြီး အော်စတင် ဖရီးမင်း၊ ရှားလော့ဟုမ်း ပြီးလျှင် လူကြိုက် အများဆုံး စုံထောက် ဇာတ်ကောင် ဟာကျူလီ ပွိုင်ရိုးကို ဖန်တီးခဲ့သည့် အင်္ဂလိပ် စာရေးဆရာမကြီး အဂ္ဂါသာ ခရစ္စတီး၊ ဆရာကြီး ရွှေဥဒေါင်းက သူတော်စိန် အမည်ဖြင့် မြန်မာမှု ပြုခဲ့သည့် သူခိုး ဇာတ်ကောင် ' စိန့် ' ၏ ဖန်တီးရှင် လက်စလေ ရှာတာရိစ်၊ ဆရာ မိုးဝေ မြန်မာမှု ပြုခဲ့ဖူးသည့် အင်္ဂလိပ် စုံထောက် စာရေးဆရာ အဂ္ဂါ ဝေါလေ့စ်နှင့် အခြား စာရေးဆရာများ၏ ဝတ္ထုတို ပုဒ်ရေ ၂၄ ပုဒ် ပါဝင်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ရေးဖွဲ့ခဲ့ပြီး ယခု အချိန်ထိတိုင် ကမ္ဘာ့ ဂန္ထဝင် အမွေအနှစ် အဖြစ် မြတ်မြတ်နိုးနိုး တန်ဖိုးထား ဖတ်ရှုနေကြရသည့် စုံထောက် ဝတ္ထုတို ၂၄ ပုဒ်ကို ဆရာ မြသန်းတင့်၏ ခံ့ခံ့ထည်ထည် ပြန်ဆိုချက်။ ပထမ အကြိမ်ကို ဂုဏ်ထူး စာပေက ၁၉၈၉ ခုနှစ်တွင် သုံးတွဲခွဲ၍ ထုတ်ဝေခဲ့ပါသည်။ ပဉ္စမ အကြိမ် ဝူဖရီး စက္ကူ အဖြူ ( အခန့်ချုပ် ) 📖စာမျက်နှာ ၆၁၆ ✅တန်ဖိုး ၅၀၀၀၀ ကျပ်။ #geniusbookhouse #မြသန်းတင့် #စုံထောက်ဝတ္ထု #ကမ္ဘာ့စုံထောက်
без подписи
မုဆိုးကျော် မြိုင်ရာဇာတွတ်ပီရဲ့ အဘိုးဖြစ်သူ ပေါက်ပီရဲ့ဘဝမှတ်တမ်း ❗ ✅တန်ဖိုး - ၂၀၀၀၀ ကျပ်
ရာစုနှစ်ချီစစ်ပွဲ အဂ်လိပ်-အမေရိကန် ရေနံနိုင်ငံရေးနှင့် ကမ္ဘာ့အစီအစဥ်သစ် စပြောရရင် ဒီစာအုပ်ဟာ သွေးစွန်းနေတဲ့ အဆက်မပြတ် စစ်ပွဲတွေထဲ ရာစုနှစ်နဲ့ချီ ကမ္ဘာကြီး နှစ်မြှပ်နေတယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောပြတာပါ။ ဒီစစ်ပွဲတွေဟာ ဘာကို အခြေခံသလဲ။ ဘယ်သူတွေက ဖန်တီးနေတာလဲ..... ။ အမေရိကန်က အီရတ်မှာ အဖျက်စွမ်းအားကြီး လက်နက်တွေ ရှိပါတယ်လို့ UN အထိ တက်ပြောပြီး အီရတ်ထဲ ကျူးကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အီရတ်မှာ ဘာမှ မရှိတဲ့အခါ အီရတ်ကို ဒီမိုကရေစီ ယူဆောင်ပေးဖို့လို့ ပြောလာတဲ့အခါ အီရတ်စစ်အကြောင်း ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း သိသွားပါတယ်။ ကမ္ဘာကြီးက ဘာတွေ သိရှိသွားပါသလဲ။ ဒီနေရာမှာ ဟင်နရီကစ်ဆင်းဂျားစကားတစ်ခွန်းကို ရည်ညွှန်းပါမယ်။ စွမ်းအင်လောင်စာကို ထိန်းချုပ်နိုင်ရင် နိုင်ငံတွေကိုလည်း ထိန်းချုပ်နိုင်တယ်....တဲ့။ ဒါဟာ အီရတ်စစ်ကနေ ဒီကနေ့ ဒေါ်နယ်ထရန့်ခေတ် ဗင်နီဇွဲလားနဲ့ အီရန်ပြဿနာအထိ အမေရိကန်ရဲ့ ရေနံနိုင်ငံရေးနဲ့ ကမ္ဘာ့အစီအစဥ်ကို ထင်ဟပ်နေပါတယ်။ ကွာခြားတာက ဒီကနေ့ ထရန့်ခေတ်မှာတော့ အမေရိကန်ဟာ သူ့နိုင်ငံရေးမျက်နှာဖုံးတွေ ကွာကျသွားပြီး သူ့ရဲ့ ဗိုလ်ကျလွှမ်းမိုးရေး ကမ္ဘာ့အစီအစဥ်ကို ပေါ်တင်ပဲ ပြောဆိုလာတာပါ။ အဲ့ဒါတွေရဲ့ အခြေခံလမ်းညွန်မှုတွေက ဘယ်က စခဲ့ပါသလဲ။ ၁၉၀၄ ခုနှစ်၊ ဟယ်လ်ဖို့ မက်ကင်ဒါက သမိုင်းရဲ့ ပထဝီဆိုင်ရာ ဗဟိုချက်ဆိုတဲ့ စာတမ်းကို လန်ဒန်တော်ဝင် ပထဝီအသင်းကို တင်သွင်းခဲ့ပါတယ်။ နောက်ထပ် ရာစုနှစ်တစ်ခု ကြာပြီးတဲ့နောက်မှာတော့ အမေရိကန် လုံခြုံရေးအကြံပေး ဘရာဇီဇင်စကီးဟာ မက်ကင်ဒါရဲ့ ယူရေးရှားပထဝီနိုင်ငံရေးသီအိုရီနဲ့ မက်ကင်ဒါရဲ့ လုပ်ဆောင်မှုတွေကို လေးစားကြောင်း ပြောဆိုပါတယ်။ ဒါဟာ ဒီကနေ့အထိ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျုဟာကို ရှင်းရှင်းလင်းလင်း လမ်းညွှန်နေပါတယ်။ အဲ့ဒီ့လမ်းညွှန်မှုဟာ အီရတ်စစ်၊ ကိုဆိုဘိုနဲ့ ဗော်လကန်စစ်ပွဲတွေ၊ အဆုံးမရှိတဲ့ အာဖရိက ပြည်တွင်းစစ်တွေ၊ အာရှဘဏ္ဍာရေး အကြပ်အတည်းတွေ၊ ဆိုဗီယက်ပြိုကျပြီး အမေရိကန်ကောင်းမှုနဲ့ အာဏာ ရှင်စနစ်ပေါ်ပေါက်လာမှုတွေ၊ ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ပထဝီနိုင်ငံရေး၊ အာဏာနဲ့ ထိန်ချုပ်မှုတွေအထိ ဖြစ်လာခဲ့တာပါ။ ၁၉၄၅ ခုနှစ်၊ နေမဝင်ဗြိတိန် နေဝင်သွားပြီးတဲ့နောက် အမေရိကန်ရာစုနှစ်ဆိုသည့် စနစ် ထွက်ပေါ်လာပါတယ်။ အများစုက အမေရိကန်ရာစုနှစ်ဆိုတာကို လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ဒီမိုကရေစီတွေနဲ့ တည်ဆောက်ထားတယ်လို့ ထင်နေကြပေမဲ့ တကယ်ကတော့ အမေရိကန်ရာစုဆိုတာ အမေရိကန်သြဇာလွှမ်းမိုးမှုအပေါ် အခြေခံပြီး ဒေါက်တိုင်နှစ်ခုအပေါ် အခြေပြုထားတာပါ။ အဲ့ဒီ့ဒေါက်တိုင် နှစ်ခုက အမေရိကန်ရဲ့ စစ်ရေးပါဝါနဲ့ အမေရိကန်ဒေါ်လာငွေကြေးကဏ္ဍပါပဲ။ ဒီပါဝါနှစ်ရပ် ရောယှက်မှုစွမ်းအားဟာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အင်ဂျင်ရဲ့ အခြေခံကုန်စည်တစ်ခုနဲ့ ဆက်စပ်ထားပါတယ်။ အဲ့ဒါက ရေနံပါပဲ။ စစ်အေးကာလအတွင်း အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို သတ်မှတ်ပေးတာဟာ ရေနံပါ။ စစ်အေးအဆုံး သတ်သွားပေမဲ့ ဒီကနေ့အထိ အမေရိကန်ရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကလည်း ရေနံအဓိပ္ပါယ်ပါပဲ။ ဒီစာအုပ်က သာမန်ရေနံသမိုင်းအကြောင်း မဟုတ်ပါဘူး။ ရှင်လင်းတဲ့သမိုင်း၊ အဖြစ်အပျက်တွေကို စာအုပ်တိုင်းမှာ ရေးထားပြီးသားပါ။ ဒါပေမဲ့ အဲ့ဒီ့အဖြစ်အပျက်တွေရဲ့ အကြောင်းခံတွေကို ပြောပြတဲ့ စာအုပ်မျိုးကတော့ ရှားပါတယ်။ ဒီစာအုပ်က အဲ့ဒီ့ အကြောင်းခံတွေကို နားလည်နိုင်အောင် ရှင်းပြထားတာပါ။ အာဏာနဲ့ စစ်ပွဲ၊ ငွေကြေးနဲ့ စီးပွားရေးစစ်ပွဲ၊ ရေနံနဲ့ ဘဏ္ဍာရေး ဆက်နွယ်မှုတွေကို ရေးသားထားတာပါ။ သမိုင်းမှာ လူသိနည်းတဲ့ ရှု့ထောင့်တချို့ကို အလင်းပြဖို့ ရည်ရွယ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီး ဆန်းစစ်ဝေဖန်စရာ မေးခွန်းတွေ ပေါ်လာရင်ပဲ ရည်ရွယ်ရာ ရောက်ပြီလို့ ဆိုနိုင်မှာပါ။ ဒါကြောင့် ဖတ်ကြည့်စေချင်ပါတယ်။ တန်ဖိုး ၂၀၀၀၀ ကျပ် စာမျက်နှာ - ၄၆၁
без подписи
၂၀၂၂ ခုနှစ်၊ သြဂုတ်လ၊ သောကြာနေ့ မနက်ခင်း၊ ဆယ့်တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလို၊ နယူးယောက်ရဲ့ တောပိုင်းတစ်နေရာမှာရှိတဲ့ ရှာတား ကွာ အင်စတီကျူ က ဇာတ်ရုံမှာ စာရေးဆရာတွေကို ဘေးအန္တရာယ်တွေကနေ အကာအကွယ်ပေးဖို့ အရေးကြီးပုံအကြောင်း ဟောပြောဖို့ရာ ဇာတ်ခုံပေါ်ကို ရပ်ရှဒီ ဆင်းလာချိန်မှာပဲ လူငယ်တစ်ယောက်က ဓားတစ်လက်နဲ့ တိုက်ခိုက်တာကို သေလုနီးပါးထိအောင် ခံလိုက်ရပါတော့တယ်။ တိုက်ခိုက်ခံရမှုကြောင့် ညာဘက်မျက်လုံး ကွယ်သွားခဲ့ပြီး ကိုယ်တွင်း အင်္ဂါတွေအပါအဝင် လက်တွေမှာလည်း ထိခိုက်ဒဏ်ရာ အမြောက်အများရရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အသက်ရှင်ခဲ့ပါတယ်။ အဲဒီလို သူ့ကိုဓားနဲ့ အတိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းကို အစပြုလို့ ဆေးရုံပေါ် ရောက်သွားပုံနဲ့ ဆေးရုံပေါ်ကနေ ပြန်လည်ကျန်းမာလာပုံနဲ့အတူ သူ့ဘဝမှာ ပြန်လည်အမှတ်ရမိတာတွေ၊ သူ တွေးတောဆင်ခြင်မိတာတွေကို (Knife - Medition after an attempted murder ) ဆိုပြီး စာအုပ်အဖြစ် ရေးသားပြီး၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ထုတ်ဝေခဲ့တယ်။ အဲဒီ စာအုပ်ဟာ Sunday Times သတင်းစာရဲ့ အရောင်းရဆုံး စာအုပ်စာရင်းမှာ နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။ အဲဒီ စာအုပ်ကို “ဓားချက် - အသက်သေဆုံးလုနီးနီး တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ဆင်ခြင် အမှတ်ရမိသည်များ” ဆိုပြီး ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ ဒီစာအုပ်မှာ ရပ်ရှဒီ ကိုးကားညွှန်းဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ၊ အခြားအခြားသော အနုပညာရှင်တွေရဲ့ အမည်တွေ အပါအဝင် ဝတ္ထုတွေ၊ ရုပ်ရှင်တွေ၊ ပြဇာတ်တွေရဲ့ အမည်တွေ အမြောက်အများ ပါဝင်ပါတယ်။ အဲဒီအမည်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေက သူ့စာထဲမှာ ပါပြီးဖြစ်တာကြောင့် ဘာသာပြန်သူ အနေနဲ့ ထပ်ပြီးရှင်းပြတာမျိုး မလုပ်တော့ဘဲ သူ ညွှန်းဆိုထားတဲ့ မူရင်း နာမည်တွေကိုသာ အောက်ခြေမှတ်စုမှာ ဖော်ပြပေးလိုက်ပါတယ်။ သူညွှန်းဆိုထားတဲ့ အကြောင်းအရာတွေကို ပိုပြီးပြည့်ပြည့်စုံစုံ သိရှိခံစားလိုသူ စာဖတ်ပရိသတ်များ အနေဖြင့် Google မှာ၊ Youtube မှာ ရှာဖွေကြည့်ရှုနိုင်သလို၊ AI မှာ မေးမြန်းလိုက မေးမြန်းကြည့်နိုင်ကြောင်းပါ . . . ။ ▪️စာရေးသူ ✅တန်ဖိုး - ၂၅၀၀၀ ကျပ် #geniusbookhouse #ဓားချက်
без подписи
[ 20% OFF ] အထူးလျှော့ဈေးဖြင့် ၀ယ်ယူနိုင်မည့် ဆရာကြီးရွှေဉဒေါင်း၏ တသက်တာမှတ်တမ်း .... ❝ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် မှန်သည်ကိုသာ ရေးသားလို၏ ❞ ▪️ရွှေဥဒေါင်း(တသက်တာမှတ်တမ်းမှ) မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ၌ မားမားမတ်မတ်ရပ်နေသည့် အတ္ထုပ္ပတ္တိကား ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း ဖြစ်လေသည်။ လောကဇာတ်ခုံပေါ်၌ လူတို့သည် ဇာတ်လမ်းမျိုးစုံကိုကပြကြရသည် ဆိုသည့်အကြောင်းကို တသက်တာမှတ်တမ်း က ဖော်ပြနေသည်။ တစ်သက်တာမှတ်တမ်း၌ နိုင်ငံရေးလှုပ်ရှားမှုခေတ်ကိုဖော်ပြထားခြင်းမရှိသော်လည်း ၊ အတ္ထုပ္ပတ္တိရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်၏အခြေအနေကိုမူကျောထောက်နောက်ခံပြုထားသည်။ လူ့ဘဝ၌အဆိုးနှင့်အကောင်း ၊ အနိမ့်အမြင့် ၊ အရှုံးနှင့်အနိုင် ဟူ၍ ဆန့်ကျင်ဘက် သဘာဝနှစ်ခု ဒွန်တွဲလျက်ရှိရာ ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ၌ ဆန့်ကျင်ဘက် သဘာဝနှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။ တစ်သက်တာမှတ်တမ်း ၌ လောကလူတို့သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေသောရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ နိမ့်ချသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ မာန်မာနကြီးသောရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ထမင်းပြဿနာနှင့်ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ ဝမ်းရေးအတွက် ကျပန်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီး အဖြစ်နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လည်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ ခေါက်ရှာငှက် ပျံသကဲ့သို့ လူ့ဘဝ၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာဝသည် တစ်သက်တာမှတ်တမ်း၌ ပေါ်နေပေသည်။ ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့် အလုပ်များကိုမှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ ၊ အဆိုးဖြစ်စေ ၊ အကောင်းဖြစ်စေ ၊ ထုတ်ဖော်ရေးသားရာ၌ရဲရင့်သူပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။ (မြန်မာအတ္ထုပ္ပတ္တိသမိုင်းစာတမ်း / ပါရဂူ ) မှ --- ▪️ခန့်ချုပ်မူ - ၃၀,၀၀၀ ကျပ် ▪️၄ အုပ်တွဲမူ - ၃၅,၀၀၀ ကျပ် ပုံပါဈေးများမှာ 20% မလျှော့ရသေးသော မူရင်းဈေးများဖြစ်ပါတယ်။ _____ ● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့) 𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963 တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။ 🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။ ● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။ [ ငွေကြိုလွှဲစနစ်ဖြင့် ] ● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ) ● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့် ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫 ● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️ ● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။ ● မှာယူအားပေးမှုအတွက် 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙
без подписи
📚 သမိုင်းထဲက ရန်ကုန် 🖊 ထက်မြက်( မြန်မာပြန် ) 📍 မူရင်းစာရေးဆရာ ဘီအာပန်း(B.R.Pearn) ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ ၁၉၃၈ ခုနှစ်က ပြုစုခဲ့သော ရန်ကုန်သမိုင်း A History of Rangoon မှတ်တမ်းကို ဆရာထက်မြက် မြန်မာပြန်ဆိုသည့် စာအုပ်ဖြစ်သည်။ မူရင်းစာအုပ်ထွက်ပြီး နှစ်ပေါင်း ၉၀ ခန့်ကြာမှ မြန်မာလို ဖတ်ခွင့်ကြုံသော စာအုပ်လည်းဖြစ်၏။ မူရင်းစာရေးသူသည် ယခုစာအုပ်ကို ပြုစုရာတွင် အင်္ဂလိပ်ဘာသာဖြင့်ရေးသော စာအုပ်စာတမ်းများသာမက မြန်မာဘာသာ စာအုပ်များ၊ ရှေးဟောင်း သမိုင်းမှတ်တမ်းများသာမက မြန်မာပညာရှိအချို့ထံမှ အချက်အလက်များ ရယူကာ ပြည့်စုံစွာ ရေးထားကြောင်း သိရသည်။ 📍 သို့ဖြစ်၍ ရန်ကုန်မဖြစ်မီ ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်ကာလ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့မှ အစချီကာ ဒဂုံ(ဒဂုန်)မြို့ ပေါ်ထွန်းလာခြင်း၊ မွန်လူမျိုးများလက်ထက် ပဲခူး ဟံသာဝတီနှင့်အပြိုင် တည်ရှိနေသော ဒဂုန်၊ အလောင်းဘုရား တည်ဆောက် သမုတ်ခဲ့သော ရန်ကုန်၊ ၁၉၂၄ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကာလ ရန်ကုန်၊ သာယာဝတီမင်းလက်ထက် ရန်ကုန်၊ ၁၉၅၂ ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲကာလ ရန်ကုန်၊ အင်္ဂလိပ်တို့သိမ်းယူပြီး ခေတ်သစ်မြို့ပြစီမံကိန်း ဖော်ဆောင်ခဲ့သော ရန်ကုန်နှင့် ၁၉၃၈ မတိုင်မီအထိ ခေတ်သစ်ရန်ကုန် ဟူ၍ အစရှိသည့် အခန်းများခွဲကာ ဖတ်ရပါမည်။ 📍 ဒဂုန်(ရန်ကုန်)သမိုင်းကြောင်းနှင့် ရွှေတိဂုံစေတီတော်သမိုင်းတွင် အထင်ကရ ရှိခဲ့သော မွန်ဘုရင်မကြီးရှင်စောပုနှင့် စပ်လျဉ်း၍ စာအုပ်တစ်နေရာ၌ "ဘုရင်မကြီးသည် ဘုရားကြီးသို့ သူနေထိုင်ရာ ဘုရားအနောက်ဘက် သစ်မြို့နန်းမှနေ၍ အနောက်စောင်းတန်းမှတက်လျက် ဝတ်ပြုလေ့ရှိသည်။ ဘုရင်မကြီးသည် ရွှေတိဂုံစေတီတော်ကို ကြည်ညိုလွန်းသဖြင့် သက်တော် ၇၈ နှစ်အရွယ် သေအံ့မူးမူး၌ပင် သလွန်တော်ကို စံအိမ်တော်ပြတင်းအနီးသို့ ရွှေ့စေပြီး ဘုရားကိုအာရုံပြုရင်း အနိစ္စရောက်လေသည်။ ဒဂုန်တွင် ဘုရင်မကြီးရှင်စောပု စံနေတော်မူသော နေရာမှာ ရွှေတိဂုံစေတီတော်၏ အနောက်ဘက် ယခု ဦးဝိစာရကြေးရုပ်နှင့် တော်လှန်ရေးပန်းခြံနေရာ ဖြစ်သည်ဟု ယူဆကြသည်။ 📍 ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံနေရာတွင် ရှင်စောပုကုန်း ဟူ၍ ရှိခဲ့သည်။ ဘုရင်မကြီး၏သင်္ချိုင်းတော် အရိုးအိုးစေတီငယ်တစ်ဆူမှာ အစိုးရဂေဟာအနီး ဝင်ဆာလမ်းတစ်ဖက်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရှိသည်ဟု ဆိုကြသည်။ ထိုစေတီပျက်ကလေးကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က သတင်းစာဆရာဦးသိမ်းမောင်ကို မှော်ဘီဆရာသိန်းကြီး လိုက်ပြသဖြင့် တွေ့ခဲ့ဖူးသည်ဟု ရန်ကုန်ရာဇဝင်သမိုင်းက ဆိုလေသည် ဟူ၍ ဖော်ပြပါရှိသည်။ 📍 ရန်ကုန်နှင့်ပတ်သက်လျှင် ဖော်ပြပါ " ရန်ကုန်ရာဇဝင်သမိုင်း " စာအုပ်ကလွဲ၍ လောက်လောက် လားလား မရှိချိန်တွင် ယခုစာအုပ်သည် လေ့လာသိရှိလိုသူများအတွက် အပြည့်စုံဆုံးသော စာအုပ် ဖြစ်ပေသည်။ #Rangoon #ရန်ကုန်သမိုင်း #သမိုင်းစာအုပ်
без подписи
без подписи
без подписи