tgindex
Последний пост
12 авг.
Последнее чтение
13 авг.
Постов за неделю
4
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
953
+2 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
173
21 постов
Вовлечённость
18,2%
к подписчикам
Постов в день
0,6
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
65
1/48двое суток
74
1/72трое суток
80

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 🌿 အက်ဆေး ဖတ်ရတာ ကြိုက်နှစ်သက်သူများအတွက် ဆရာမိုးကျော်ဇင်ရဲ့ “ အခန်းထဲက သစ်ပင် အက်ဆေးများ “ စာအုပ် မှာယူနိုင်ပါပြီ 📚 အက်ဆေးဆိုတာ မွန်တိန်းက စခဲ့တာတွေ၊ essai တွေ၊ အစမ်းစာတွေ ဘာမှ မပြောလိုတော့ပါဘူး၊ မပြောအပ်တော့ပါဘူး။ ကျနော့်ဘဝမှာ အက်ဆေးဆိုတာနဲ့ စတင်တွေ့ဆုံံစေခဲ့သူတွေထဲ ဆရာမောင့်ရင့်မာနဲ့ ဆရာနေဝင်းမြင့်တို့ ကျေးဇူးတွေ ကြီးခဲ့ပါရဲ့။ နောက်တော့ ကဗျာဆရာတချို့ ရေးတဲ့ အက်ဆေးတွေ။ နောက်တော့ ပေါ်ပြူလာဂျာနယ်ထဲက ဆရာနေမျိုးရဲ့ ဘာမှ တန်ဆာဆင်မထားတဲ့၊ တစ်ခါတစ်ရံ အဝတ်အစားဆိုလို့ တစ်စတလေတောင် မတွေ့နိုင်တဲ့ အက်ဆေးတိုတိုလေးတွေကို စွဲမိပြန်ပေါ့။ တစ်စုံတစ်ယောက်ကတော့ ဆရာနေမျိုးရဲ့ ပေါ်ပြူလာဂျာနယ်ထဲက အက်ဆေးမျိုးတွေကို ရိုးရှင်းလွန်းခြင်း အစွန်းရောက်မှု လို့ မှတ်ချက်ပေးသံဟာ ကုန်းမြင့်တောင်ပေါ်ကနေ ဆင်းလာခဲ့ဖူးတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ နိုင်ငံတကာအက်ဆေးများကတော့ ကျွန်တော် မကြာမကြာ ပြန်ပြန်ဖတ်မိတဲ့ သမ္မာကျမ်းစာ။ ဒီလိုနဲ့ပဲ ကျွန်တော့်အက်ဆေးတွေဟာ အရင်က တစ်ခါတလေ ရခဲ့ ၊ ရေးခဲ့ဖူးတာတွေနဲ့ မတူတော့တာ သတိထားမိလာတယ်။ ဒီလိုနဲ့ပဲ ဟော့ဒီ ဒုတိယမြောက် အက်ဆေးသီးသန့်စာအုပ်မှာ စီးဆင်းမှုတူတဲ့ အက်ဆေးတွေကိုပဲ အတူနေထိုင်ခွင့်ရရေး ကြိုးစားထားပါတယ်။

  • ဆရာ မြသန်းတင့်၏ ရှားပါး လက်ရာ ပြဇာတ်။ ဖတ်ပြီးသူတိုင်း မေ့မရနိုင်သည့် စာအုပ်။ ဆန်စက် သူဌေး ဝဏ္ဏကျော်ထင်ဘွဲ့ရ ဦးထွန်းမင်း၏ အိမ်မှ အစေခံမလေး မိချို၏ ရင်နင့်စရာ ဘဝ ဇာတ်လမ်း။ ✍🏻 မြသန်းတင့် 📖 နေထွက်သော ည ◾ တန်ဖိုး - ၁၅၀၀၀ ကျပ်

  • ⭐ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ "ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ' စာအုပ် မှာယူနိုင်ပါပြီ 📚 ✍🏻 တက္ကသိုလ်ဘုန်းနိုင် 📖 ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ ◾ တန်ဖိုး - ၁၄၀၀၀ ကျပ် 🚚 Royal express ရောက်သည့် မြို့များအားလုံးကို အိမ်အရောက် ငွေချေစနစ်ဖြင့် မှာယူနိုင်သလို 🏦 KPay/ Wavepay/ AYApay/ CBpay/ UABpay banking တို့နဲ့ အဆင်ပြေသလို ငွေကြိုရှင်းစနစ်ဖြင့်လည်း မှာယူနိုင်ပါတယ်ခင်ဗျာ ✈️ စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း ၊ ဂျပန် ၊ ကိုရီးယား အစရှိသော ပြည်ပနိုင်ငံများသို့ Cargo Agent များနဲ့ ချိတ်ဆက်ပြီး ပို့ဆောင်ပေးပါတယ်ခင်ဗျာ စာချစ်သူများ စာအုပ်တွေ မှာယူလိုပါက 📚 Ph no - 09769933033 Viber no - 09429340085 Telegram - @ThuYein22 သို့ ဆက်သွယ် မှာယူနိုင်ပါတယ်ခင်ဗျာ။

  • ⭐ ဆရာမြသန်းတင့်ရဲ့ "နှစ်တစ်ရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ " စာအုပ် မှာယူရရှိနိုင်ပါပြီ 📚 ကမ္ဘာ့စာပေလောကတွင် ထင်ရှားကျော်ကြားခဲ့သောစုံ ထောက်/စိစစ်ရေးဝတ္ထုတိုများကို စာရေးဆရာ မြသန်းတင့် က စနစ်တကျ ဘာသာပြန်ဆို စုစည်းပေးထားသည့် "နှစ်တစ်ရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ" စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း စုံထောက်စာပေ ရေစီးကြောင်းတွင် အောင်မြင်မှုရရှိခဲ့သည့် ခေတ်အဆက်ဆက်မှ စုံထောက် ဇာတ်လမ်းဆန်းများကို စာရေးဆရာကြီး မြသန်းတင့်၏ ပြောင်မြောက်လှသော ဘာသာပြန် ရေးဟန်ဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ဖတ်ရှုရမည်ဖြစ်ပါသည်။ စုံထောက်၊ လျှို့ဝှက်ဆန်းကြယ်နှင့် စိစစ်ဖော်ထုတ်မှု ဇာတ်လမ်းများကို နှစ်သက်သူများ မဖြစ်မနေ သိမ်းဆည်းဖတ်ရှုသင့်သည့် ဂန္ထဝင် ဘာသာပြန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ ✍🏻 မြသန်းတင့် 📖 နှစ်တစ်ရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ ◾ စာမျက်နှာ - ၆၁၆ ◾ တန်ဖိုး - ၅၀၀၀၀ ကျပ်

  • ချစ်သူဆိုတာ ငါ့သမိုင်းမှာ အပြာရောင် အလံတစ်လက်ပဲဖြစ်တယ်။ ငြိမ်းချမ်းရေး... လွတ်လပ်ရေး... သူ့ လက်ကလေးနဲ့ပေးရင်... ယူချင်တယ် ✍🏼 တာရာမင်းဝေ 📖 ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး ▪️ တန်ဖိုး - ၁၅၀၀၀ ကျပ်

  • အဘိုးပေါက်ပီ၏ ဘဝမှတ်တမ်းစာအုပ်ကြီးဟာ တွတ်ပီစာအုပ်များရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်အုပ်လို့ပြောရင် ငြင်းဆိုမယ့်သူ နည်းမှာပါ။ ဘာကြောင့် စောင့်မျှော်ရကျိုး နပ်သလဲဆိုရင်တော့ အကောင်းဆုံးဇာတ်လမ်းဇာတ်အိမ်နဲ့ စာအုပ်ကြီးကို အကောင်းဆုံး ကွာလတီနဲ့ ပုံနှိပ်ထုတ်ဝေထားလို့ပါပဲ။ ကိုယ်ပိုင်စာအုပ်စင်မှာ ခန့်ခန့်ထည်ထည်သိမ်းဆည်းရမယ့် စာအုပ်၊ ဖတ်ပြီးရင်လည်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့် စာအုပ်၊ ရုပ်ပြဆိုတာ ဖျော်ဖြေရေးသာမက သမိုင်းမှတ်တမ်းတွေ စွန့်စားခန်းတွေနဲ့ လေ့လာမှတ်သားစရာတွေ အပြည့်ပါတယ်ဆိုတာကို သက်သေထူနိုင်တဲ့စာအုပ်။ ◾ ကာတွန်း ဆွေမင်း(ဓနုဖြူ) 📖 အဘိုးပေါက်ပီ၏ ဘဝမှတ်တမ်း ◾ စာမျက်နှာ - ၃၀၁ (စက္ကူဖြူချော) ◾ တန်ဖိုး - ၂၀၀၀၀ ကျပ်

  • ဆရာမနုနုရည်အင်းဝရဲ့ "မရဲတရဲ ဘာဝယ်မလဲရှင့်" စာအုပ် မှာယူနိုင်ပါပြီ 📚 နွေပူပူ၊ မိုးသည်းသည်း၊ နှင်းပြိုက်ပြိုက် ကျနေပါစေ၊ မနက် အရုဏ်တက်ပြီဆိုလျှင် ငရုတ် ကြက်သွန်အိတ်များ၊ ငါးပိ ငါးခြောက်၊ လက်ဖက် အကြော်စုံအိတ်လေးများ၊ ပဲကြီး ကုလာပဲ ပဲမျိုးစုံအိတ်လေးများ၊ ဗမာဆေး ဆေးရွက်ကြီးနှင့် အိမ်သုံး တိုလီမိုလီပစ္စည်းများ၊ ရေနံဆီ ဓါတ်ဆီ အုန်းဆီ , ပုံးနှင့် ပုလင်း ခြင်တွယ်စရာလေးများ တင်ဆောင်ထားပြီး တစ်ခါတလေ ကျွက်ကျွက်ညံစွာ၊ တစ်ခါတစ်ရံ ငိုက်မျဥ်းနေကြသော တောဈေးသည်များ တင်ဆောင်လာသည့် တောဈေးကားအိုကြီးသည် အိပဲ့အိပဲ့ ဘယ်ညာလှုပ်ယမ်းရင်း စက်သံမျိုးစုံ အော်မြည်ကာ မြို့ကလေးမှ တောရွာဈေးများဆီသို့ ထွက်ခွာသွားသော ပုံရိပ်လွှာကို ဝတ္ထု အဖွင့်မှာပင် မြင်တွေ့ရပါမည်။ ◾ တန်ဖိုး - ၁၂၀၀၀ ကျပ်

  • " စိုင်းခမ်းလိတ် သီချင်းပေါင်းချုပ် " မှာယူနိုင်ပါပြီ 📚 ထင်ရှားသော ရှမ်းအမျိုးသား ဂီတစာဆို ဆရာ စိုင်းခမ်းလိတ် ၏ တေးသီချင်းများစွာကို ထွက်ခဲ့ဖူးသော သီချင်းစာအုပ်များမှ ပြန်လည် တိုက်ဆိုင် စစ်ဆေးပြုပြင်ခြင်း၊ ကြွင်းကျန်နေသော သီချင်းများ ထပ်မံစုစည်းခြင်းစသည်ဖြင့် တစ်စုတစ်စည်းတည်း မူသန့်ဖြစ်အောင် မိသားစု၏ စီစဉ်မှုဖြင့် ထုတ်ဝေလိုက်သည့် စာအုပ် ဖြစ်သည်။ စိုင်းခမ်းလိတ်၏ တေးသီချင်းပေါင်း (အင်္ဂလိပ်ဘာသာဖြင့် ရေးသား ခဲ့သည့် တေးသီချင်း ၃ ပုဒ်အပါ) ပုဒ်ရေ ၄၄၀ ပါဝင်သည့် စက္ကူဖြူ ချောဖြင့် အခန့်ချုပ် စာအုပ်ဖြစ်ပါသည်။ 📖 စိုင်းခမ်းလိတ် သီချင်းများ ◾ တန်ဖိုး - ၅၅၀၀၀ ကျပ်

  • မှော်ဘီဆရာသိန်းရဲ့ “အရူးလွယ်အိတ်” စာအုပ် ပြန်မှာလို့ ရပါပြီ 📚 အရူးလွယ်အိတ်စာတမ်းကို ယခု ဒုတိယအကြိမ် ပြန်၍ ဖတ်မိသောအခါ ဆရာကြီး၏ စာများကို စာပေဗဟုသုတ အဖြစ်ဖြင့်သာမက မြန်မာစာပေသမိုင်းတွင် ခေတ်ဟောင်းနှင့် ခေတ်သစ်တို့ကို ဆက်ပေးနိုင်ခဲ့သော စာပေကွင်းဆက် တစ်ခု အဖြစ်ဖြင့်လည်း မြင်မိခြင်း ဖြစ်သည်။ ✍🏼 မှော်ဘီဆရာသိန်း 📖 အရူးလွယ်အိတ် ◾️ တန်ဖိုး - ၁၂၀၀၀ ကျပ်

  • “အောင်ချိမ့်”ရဲ့ “လေးစားစွာဖြင့် ...”စာအုပ်ဟာ ဆရာအောင်ချိမ့် ရေးခဲ့သမျှ အမှာစာတွေကိုချည်း စုစည်းထုတ်ဝေလိုက်တာပါ။ ဒီစာအုပ်ဟာ ဆရာအောင်ချိမ့် မကွယ်လွန်ကတည်းက ဆရာ့ ခွင့်ပြုချက်နဲ့ စီစဉ်နေခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ စာအုပ်များစွာမှာ သူရေးခဲ့တဲ့ အမှာစာတွေကို စုစုစည်းစည်း ဖြစ်ချင်တာရယ်၊ သူ့အမှာတွေထဲက တဆင့် သူ့ကဗျာ့သဘော တစ်စွန်းတစ်စကို တွေ့နိုင်မယ်လို့လည်း ယူဆမိလို့ပါပဲ။ ဒီ့အတွက် ခွင့်ပြုတဲ့ ဆရာအောင်ချိမ့်နဲ့ မိသားစု၊ ဝိုင်းဝန်းကူညီ ရှာဖွေပေးကြတဲ့မိတ်ဆွေ ကဗျာဆရာ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပါတယ်။ ။ “လေးစားစွာဖြင့်” (အမှာစာများ စုစည်း ထုတ်ဝေမှု) အောင်ချိမ့် ◾ တန်ဖိုး - ၁၅၀၀၀ ကျပ်

  • မဖြစ်မနေ ဖတ်ရှုသင့်သည့် ဂန္ထဝင်စာပေလက်ရာမွန်ကြီး " ဘဝအနှောင် " စာအုပ် မှာယူနိုင်ပါပြီ 📚 "ဘဝဆိုတာ ငါတို့ထင်သလို လှပမနေသလို၊ ငါတို့ ကြောက်ရွံ့နေသလိုလည်း ဆိုးရွားမနေပါဘူး..." ဆရာ တင်မောင်မြင့် ဘာသာပြန်ဆိုပြီး စာဖတ်သူတို့ အမြဲတမ်း တောင်းဆိုမျှော်လင့်နေကြတဲ့ ဒဗလျူ ဆမ်းမားဆက် မားမ် (W. Somerset Maugham) ၏ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီး "ဘဝအနှောင်" (Of Human Bondage) စာအုပ်ကြီး ပြန်လည်ထွက်ရှိလို့ လာပါပြီ။ စာအုပ်ကို ဘာကြောင့် မဖြစ်မနေ ဖတ်သင့်သလဲ ... ? 'ဘဝအနှောင်' ဟာ ပေါ့ပေါ့ပါးပါး ဖတ်ရုံ အချစ်ဝတ္ထုတစ်အုပ် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ မွေးဖွားစမှ အရွယ်ရောက်သည်အထိ ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ၊ အချစ်၊ အမုန်း၊ မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှုတို့ကို အစွဲအလန်းမဲ့၊ ဟန်ဆောင်မှုမဲ့ ယှဉ်ပြိုင်ရိုက်ကူးထားသည့် ရသစာပေလက်ရာမွန် ဖြစ်ပါတယ်။ ✍🏻 တင်မောင်မြင့် 📖 ဘဝအနှောင် ◾ စာမျက်နှာ - ၄၉၄ ◾ တန်ဖိုး: - ၃၅၀၀၀ ကျပ်

  • ဘယ်အချိန် ဖတ်ဖတ်၊ ဘယ်နှခါဖတ်ဖတ် မရိုးနိုင်တဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုရှည်ကြီး "လေရူးသုန်သုန်" 📚 ‘အို ဒါတွေကို မနက်ဖြန် မြိုင်သာယာ ရောက်မှ စဥ်းစားတော့မယ်၊ အဲဒီ အခါကျရင် ငါလည်း ခံနိုင်ရည် ရှိလာတော့မှာပါ၊ သူ့ကို ပြန်ပြီး သိမ်းသွင်းနိူင်မယ့် နည်းလမ်းတွေကို မနက်ဖြန်ကျမှ စဥ်းစားတော့မယ်၊ တကယ်တော့ မနက်ဖြန်ဟာ နေ့သစ် တနေ့ပဲ မဟုတ်လား' (စကားလက်) လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်က စ၍ ယနေ့ထက်တိုင် မရိုးနိုင်သေးသည့် ဒိုင်ယာလော့များ၊ ယနေ့ထက်တိုင် ငြိတွယ်နေသည့် ခံစားချက်များ၊ ဖတ်ပြီးသူတိုင်း တသသ မေ့မရနိုင်သည့် ဇာတ်လမ်း ဇာတ်အိမ်၊ ဇာတ်ကောင် စရိုက်။ လေရူးသုန်သုန် ဝတ္ထုသည် အမေရိကန် စာရေးဆရာမ မာဂရက် မစ်ချယ်၏ တအုပ်တည်းသော ဝတ္ထု ဖြစ်သည်။ ပထမ အကြိမ်ကို ၁၉၃၆ ခုနှစ်က ထုတ်ဝေခဲ့သည်။ အမေရိကန် ပြည်တွင်းစစ်ကို နောက်ခံ ကျောရိုးထား၍ ရေးဖွဲ့ထားသော အချစ်၊ လူမှုရေးနှင့် နိုင်ငံရေး ဝတ္ထုကြီး ဖြစ်သည်။ ◾ပထမတွဲ စာမျက်နှာ - ၇၅၈ ◾ တန်ဖိုး - ၅၀၀၀၀ ကျပ် ◾ ဒုတိယတွဲ စာမျက်နှာ - ၈၂၁ ◾ တန်ဖိုး - ၅၀၀၀၀ ကျပ် 🗒️ စုစုပေါင်း စာမျက်နှာ - ၁၅၇၉ မျက်နှာစက္ကူဖြူချော 💥 တစုံ - ၁၀၀,၀၀၀ ကျပ် 💥 တအုပ်ချင်း ခွဲမရောင်းပါခင်ဗျ

  • без подписи

  • The Thorn Birds သည် သာမန်အချစ်ဝတ္ထုမျိုး မဟုတ်ဘဲ လူသားဘဝ၏ ရှုပ်ထွေးလှစွာသော ရွေးချယ်မှုများကို နက်နက်ရှိုင်းရှိုင်း စူးစမ်းထားသော လက်ရာမွန်တစ်ခု ဖြစ်ပါသည်။ Colleen McCullough ၏ သဘာဝအလှအပ၊ ဩစတြေးလျ ကျေးလက်ဘဝနှင့် ဇာတ်ကောင်တို့၏ စိတ်ခံစားမှုကို ရေးဖွဲ့သော စာရေးသားမှုစွမ်းရည်ကလည်း ဤဝတ္ထုကို ထူးခြားစေခဲ့သည်။ လူတစ်ယောက်အဖို့ အကြီးမားဆုံးပျော်ရွှင်မှုဆိုသည်မှာ တစ်ခါတစ်ရံ သူ့အတွက်အကြီးမားဆုံး နာကျင်မှုရော ဖြစ်နိုင်သလားဆိုသည့် မေးခွန်းကို အလွန်နူးညံ့ပြီး ဝမ်းနည်းမှုတို့ကြားက လှပသောပုံစံဖြစ်ရအောင် ဖော်ပြနိုင်စွမ်းသော ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ပင် … ✍🏻 ဝါဝါတင့်ဆွေ 📖 ချစ်သောမဂ္ဂီ ◾ ပထမတွဲ - ၂၀၀၀၀ ကျပ် ◾ ဒုတိယတွဲ - ၂၀၀၀၀ ကျပ်

  • လယ်တီပဏ္ဋတ ဦးမောင်ကြီး(အမ်အေ)၏ ဂန္ထဝင်မြောက်လက်ရာ "တပင်ရွှေထီး ဝတ္ထုတော်ကြီး" 📚 လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ထင်ရှားသော ဝတ္ထုတစ်ပုဒ်အဖြစ် တပင်ရွှေထီးဝတ္ထုကို အသိအမှတ်ပြုကြသည်။ တပင်ရွှေထီးအမည်ရှိသော မြန်မာရာဇဝင်တွင် ထင်ရှားသည့် မြန်မာမင်းဘုရင်တစ်ပါး၏ ဘဝထုပ္ပတ်ကို အမျိုးသားဇာတိသွေး၊ ဇာတိမာန် နိုးကြားစေရေး ဦးတည် လျက် ရေးဖွဲ့ထားသော ဝတ္ထုကြီးတစ်ပုဒ် ဖြစ်သည်။ ဟံသာဝတီမင်း၏ သားတော် မင်းရဲကျော်စွာ စုတေ၍ ဝင်စားလာသည်ဟု အဆိုရှိသော တပင်ရွှေထီးအဖြစ် ဖွားတော်မမူခင်က ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများမှ အစပြုထားသည်။ ဝတ္ထုကြီးတွင် ငယ်မည်ရှင်ရဲထွတ်ခေါ် ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ အကြောင်းများကိုလည်း ဖတ်ရှုရမည်။ ဘုရင့် နောင်ကျော်ထင်နော်ရထာကို လက်ရုံးပြုလျက် စစ်ပွဲကြီးအမျိုးမျိုး ဖြတ် သန်းခဲ့ရာ ထိုစဉ်က မြန်မာတို့၏ စွမ်းရည်သတ္တိများကိုလည်း အထင် အရှားဖွဲ့ဆိုထားသောကြောင့် သေနင်္ဂဗျူဟာ ရာဇဝင်ဝတ္ထုကြီးဟုလည်း စာရေးသူဆရာ ဦးမောင်ကြီးက ညွှန်းဆိုထားပေသည်။ လေးတွဲပေါင်း တတိယအကြိမ် ရိုက်နှိပ်ခြင်းဖြစ်သည်။ ◾ တန်ဖိုး - ၄၀၀၀၀ ကျပ်

  • без подписи

  • без подписи

  • “သုံးပြည်ထောင် အတွဲ-၁ ၊ အတွဲ-၂၊ အတွဲ - ၃ “ 📚 ဆယ့်လေးရာစုနှောင်းပိုင်းမှ စတင်ထုတ်ဝေခဲ့သော စာရေးဆရာ လော်ကွမ့်ကျုံးရေးသားသည့် ““သုံးပြည်ထောင်””သည် တရုတ်ရှေးဂန္ထဝင် ဝတ္ထုရှည် လေးအုပ်ထဲမှ အကျော်ကြားဆုံး၊ လူသိအများဆုံး၊ ရာစုနှစ်ချီ လူကြိုက်များသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ယွမ်မင်းဆက်နှောင်းပိုင်းနှင့် မင်မင်းဆက်ဦးပိုင်းက စာရေးဆရာ လော်ကွမ့်ကျုံးသည် ချိန်ရှုပ် ( Chen Shou) ရေးသားပြုစုသော “သုံးပြည်ထောင် သမိုင်းမှတ်တမ်း”၊ ဖေဆုန်းကျီး(AZPei Songzhi) ရေးသားသည့် “သုံးပြည်ထောင်သမိုင်းမှတ်တမ်း ဋီကာဖွင့်ဆိုချက်များ”၊ ပါးစပ်ရာဇဝင်များ၊ ကျေးလက်ဒဏ္ဍာရီပုံပြင်များနှင့် ရိုးရာအဆိုအက . . . စသည်များကို စုစည်းကာ ဇာတ်အိမ်တည်၍ စာပေအနုပညာလက်ရာ အဖြစ် ဖန်တီးထားသော ဝတ္ထုရှည်တစ်အုပ်ဖြစ်ပေသည်။ ◾️ အတွဲ-၁ တန်ဖိုး - ၃၅၀၀၀ ကျပ် ◾️ အတွဲ-၂ တန်ဖိုး - ၄၅၀၀၀ ကျပ် ◾️ အတွဲ - ၃ တန်ဖိုး - ၅၈၀၀၀ ကျပ်

  • без подписи

  • တစ်ထောင့်တစ်ညပုံပြင်များ” ဟာ ရိုးရိုးဖျော်ဖြေရေးပုံပြင်စာအုပ်ဆိုတာထက် စာပေအနုပညာအရပါ အလွန်တန်ဖိုးရှိတဲ့ ကမ္ဘာ့အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ “ဇာတ်လမ်းအိမ်အတွင်းက ဇာတ်လမ်းများ" (Story-within-a-story) : ရေးဖွဲ့ထားခြင်းပဲ ဖြစ်ပါတယ်။ ပုံပြင်ပြောသူ ရှာရာဇတ်ဟာ သူမရဲ့အသက်ဘေးတင်မကဘဲ တိုင်းပြည်က အမျိုးသမီးတွေကို ကယ်တင်ဖို့ စကားလုံးတွေရဲ့ စွမ်းပကားကို အသုံးချခဲ့တာမျိုးကနေ အစပြုပါတယ်။ စာအုပ်ထဲက ပုံပြင်တွေဟာ လူသားတွေရဲ့ ဓလေ့စရိုက်၊ တရားမျှတမှုနဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို စိတ်ဝင်စားစရာ ကောင်းလောက်အောင် သီကုံးထားပါတယ်။ ရိုးရာပုံပြင်တွေအဖြစ် လူသိများပေမယ့် ဘာသာစကားအလှအပ၊ ရှေးခေတ်အရှေ့အလယ်ပိုင်းရဲ့ လူမှုစီးပွားဘဝတွေနဲ့ ဒဏ္ဍာရီတွေကို လေ့လာချင်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဘဝရဲ့ အဓိပ္ပာယ်နဲ့ လူ့သဘာဝကို ပုံပြင်တွေကတစ်ဆင့် အရသာခံကြည့်ဖို့ ဂန္ထဝင်စာအုပ်ကြီးတစ်အုပ်ပါ။ ✍🏻 ကျော်လှိုင်ဦး (မြန်မာပြန်) 📖 တစ်ထောင့်တစ်ည ပုံပြင်များပေါင်းချုပ် ◾ ပထမတွဲ - ၄၅၀၀၀ ကျပ် ◾ ဒုတိယတွဲ - ၄၅၀၀၀ ကျပ် 💥 တစုံ - ၉၀၀၀၀ ကျပ်