tgindex
မွန်ပြည်နယ်တွင်း သတင်းများ

မွန်ပြည်နယ်တွင်း သတင်းများ

Статистика

မွန်ပြည်နယ်အတွင်း နေ့စဥ်ဖြစ်ပေါ်နေသော သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်

Последний пост
19 янв. 2025 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
1 068
−3 за 2 дн.
Сутки
−3
−0,28%
Неделя
 
Месяц
 
Просмотров на пост
5 180
19 постов
Вовлечённость
485,0%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • Messages in this channel will be automatically deleted after 1 day

  • မွန်ပြည်နယ်တွင်းဖြစ်ပေါ်နေသော သတင်းများကို ယခုlink ချပေးထားသော channel တွင်သာ တင်ပေးမည်ဖြစ်သောကြောင့် joinထားပေးလို့ရပါတယ်ခင်ဗျား။ https://t.me/Monstatenews2025

  • မွန်(၄)ဖွဲ့ပူးပေါင်းပြီး စစ်‌ဆင်ရေးများလုပ်ဆောင်မည်ဖြစ်ကြောင်းကြေညာခြင်း ++++++++++++++++++++++++ ဇန်နဝါရီလ (၁၉)ရက် ၁။ ၂၀၂၅ ခု၊ ဇန္နဝါရီလ (၁၇) ရက်နေ့တွင် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့သည် လွတ်မြောက်နယ် တစ်နေရာတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၂။ ၎င်း အစည်းအဝေးတွင် တပ်ဖွဲ့ (၄) ဖွဲ့၏ ပူးတွဲ စစ်ဆင်ရေးလုပ်ငန်းများအတွက် “ ရာမည ပူးတွဲ စစ်ကြောင်း ” ကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်သွားမည်။ ၃။ ရာမည စစ်ကြောင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို သိရှိလိုပါက ရာမည စစ်ကြောင်း ပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိ မွန်ချမ်း နှင့် နိုင်မာဃ တို့ထံ ဆက်သွယ် နိုင်ပါသည်။ #MonStateDefenseForce

  • ၅:၅၈ pm စျေးချို (တက္ကသိုလ်ဘက်)သွားမယ့်လူငယ်တွေရှောင်ပါ အရမ်းစစ်နေပါတယ် အချို့လူငယ်လေးတွေကို‌ေခွးတိရစ္ဆာန်‌ေတွ ဖမ်းထားပါတယ်

  • без подписи

  • မော်လမြိုင်-မုဒုံကားလမ်း ရိုးဂိုးဘီးခွန်ဂိတ်မှာ လူငယ်အမျိုးသား အယောက် ၂၀ နီးပါးဖမ်းဆီးခံရ +++++++++++++++++++++++++ မုဒုံ၊ ဇန်နဝါရီလ - ၁၅ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံကားလမ်းမမှာရှိတဲ့ ရိုးဂိုးဘီးခွန်ဂိတ်မှာ စစ်ကောင်စီတပ်တွေက လူငယ်အမျိုးသား ၂၀ ဦးနီးပါးကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် ည ၈နာရီခွဲဝန်းကျင်အချိန်မှာ မော်လမြိုင်မြို့ကနေ မုဒုံမြို့ကို အသွား အဆိုပါ ရိုးဂိုးဘီးခွန်ဂိတ်ကို ဖြတ်သန်းသွားလာတဲ့ ခရီးသည်ယာဉ်ကို စစ်ကောင်စီတပ်တွေက တားစည်းစစ်ဆေးပြီးနောက်မှာ လူငယ်အယောက် ၂၀ နီးပါး ဖမ်းဆီးခဲ့တာပါ။ “ကားကတော့ express ကားပဲ၊ ယာဉ်လိုင်းနာမည်ကို သေချာမမြင်လိုက်ရဘူး၊ စစ်ပြီးကားပေါ်က ဆင်းခိုင်းနေတာတော့ မြင်လိုက်တယ်။ ကျွန်တော်တို့လည်း အကြာကြီးမကြည့်ရဲတာနဲ့ မြန်မြန်ပြန်ခဲ့လိုက်တာပဲ ” လို့ စစ်ကောင်စီတပ်တွေ စစ်ဆေးနေတာကို မျက်မြင်တွေ့ခဲ့သူတဦးက ပြောပါတယ်။ အဖမ်းခံရသူတွေက အသက် ၂၀ မှ ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး စစ်ကောင်စီတပ်တွေက ထိုသူတွေကို မော်လမြိုင်မြို့က အ.ဆ.ရ ၆ တပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ #ရာမညFM

  • без подписи

  • без подписи

  • без подписи

  • (၂၉.၁၁.၂၀၂၄)ရက်နေ့ ညနေ သံဖြူဇရပ်မြို့၊ ဝဲကလိတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပယော်ဟဲကျေးရွာရှိနေအိမ်များပျက်စီးနေပုံ

  • Crd Photo

  • စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သတင်းထောက် ကိုထက်မြက်သူ နေအိမ် ချိပ်ပိတ်ခံရ +++++++++++++++++++++++++++ ကျိုက်ထို၊ နိုဝင်ဘာလ - ၂၃ ရက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သတင်းထောက် ကိုထက်မြက်နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာမှာ ရှိတဲ့ ကိုထက်မြက်သူ နေအိမ်ကို နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းမှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လာရောက်ချိပ်ပိတ်ခဲ့တာပါ။ "နေအိမ်ကိုအကြမ်းဖက်အဖွဲ့နဲ့ပတ်သက်လို့လာပိတ်တာဆိုပြီး စာကပ်ချိတ်ပိတ်သွားတာ။ ပစ်ခတ်မှုဖြစ်ပြီးကတည်းက နေအိမ်မှာ လူတွေလည်းနေကြတာမတွေ့ရဘူး။ ထက်မြက်အမေကိုလည်း သူတို့(စကစ)ဘက်က အမှုဖွင့်ထားတယ်လို့ သိရတယ်"လို့ ဖြစ်စဉ်ကို သိရှိရတဲ့ ဒေသခံတဦးက Rehmonnya Fm ကို ပြောပါတယ်။ ကိုထက်မြက်သူရဲ့ နေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ပတ်သက်နေတဲ့နေအိမ်ဖြစ်တာကြောင့် ဝင်ရောက်ကျူးကျော်နေထိုင်၊ ရောင်းဝယ်တာမပြုလုပ်ဖို့ သတိပေးစာပါကပ်သွားတယ်လို့ သိရပါတယ်။ ထက်မြက်ရဲ့အမေဖြစ်သူ ဒေါ်စိုးစိုးခိုင်ကိူလည်း အကြမ်းဖက်မှုတွေနဲ့ဆက်စပ်နေတယ်ဆိုပြီး ကျိုက်ထိုနယ်မြေရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၄၉(က)/ ၅၂(က)/၅၄နဲ့ အမှုဖွင့်ခံထားရပါတယ်။ ဒေါ်စိုးစိုးခိုင်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေအိမ်မှာ နေထိုင်ခြင်းမရှိတော့ဘဲ ဘေးလွတ်ရာမှာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။ #ရာမညFM

  • Crd Photo

  • ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းရွာထိပ်မှာ အမျိုးသား ၁ ဦးပစ်သတ်ခံရ ++++++++++++++++++++++++++ ကျိုက်ထို၊ နိုဝင်ဘာ ၂၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာထိပ်မှာ အမျိုးသား ၁ ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ "သူအလောင်းကို သူများတွေက တွေ့ရမှ ပစ်သတ်ခံထားရတာကို သိရတယ်။ ညကဖမ်းဆီးခံရတယ်လို့တော့ ကြားတယ်။ ဘယ်သူလုပ်သွားလည်းဆိုတာတော့ မသိရသေးဘူး။"လို့ ပြောပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ဦးချစ်ကိုဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက် ည ၁၀ နာရီခန့်မှာ လက်နက်ကိုင်လူတစုက သူကိုနေအိမ်ကနေ လာရောက်ဖမ်းခေါ်သွားပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့မနက် ၇ နာရီခန့်မှာတော့ သူ့ရဲ့အလောင်းကို ကျေးရွာထိပ် ရော်ဘာတောစပ်အနီးမှာ ပစ်သတ်ခံထားရတာကို လမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဦးချစ်ကို ရုပ်အလောင်းမှာ သေနတ်နဲ့ အနီးကပ် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတာ ပြန်လည် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးသလို ဘာကြောင့် ပစ်သတ်ခဲ့တာကိုတော့ မသိရသေးပါဘူး။ ဒေသခံတွေ ပြောဆိုချက်အရ ဦးချစ်ကိုဟာ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကို Rehmonnya FM က ဆက်သွယ်မေးမြန်း ကြည့်ရာ အဲဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာမဟုတ်သလို ဦးချစ်ကို မည်သူမည်ဝါဖြစ်သလဲဆိုတာ မသိဘူးလို့ တုံ့ပြန်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဝါးဒက်ကွင်းကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားမှုရှိနေသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဝင်ထွက်သွားလာလေ့ရှိတဲ့နေရာဖြစ် တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ #ရာမညFM

  • без подписи

  • без подписи

  • без подписи

  • ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ နေအိမ် ၆ လုံးကို စစ်ကောင်စီ ချိပ်ပိတ်သိမ်းဆည်း +++++++++++++++++++++++++++ ပေါင်မြို့၊ နိုဝင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် ၆ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က အင်အား ၂၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ကားသုံးစီးဖြင့် ဥတ္တံတား (အတွင်း) ကျေးရွာထဲ ရောက်ရှိလာပြီး ရွာရှိ ဦးကျော်စွာ၊ ဦးအောင်ကျော်မိုး၊ ဒေါ်သန်းဦး။ ဦးစိန်သောင်း၊ ဦးဖိုးပျော့၊ ဦးစဦးတို့ နေအိမ်များကို ချိပ်ပိတ်လိုက်သည်။ အဆိုပါ နေအိမ်များသည် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ချိပ်ပိတ်ခံရတဲ့နေအိမ်တွေက သဲကုန်းကျေးရွာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူတွေရဲ့ နေအိမ်တွေ နေထိုင်ခဲ့တဲ့ နေအိမ်တွေလို့ သိရတယ်။ အဲ့ဒီအိမ်တွေမှာ ကျန်ရစ်ခဲ့ကြတဲ့ မိဘတွေနဲ့ မိသားစုဝင်တွေကို နေအိမ်ချိပ်မပိတ်ခင်တစ်ပတ်လောက်အလိုကတည်းက အဲ့ဒီနေအိမ်တွေကနေ ပြောင်းရွေ့ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာပြောသွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။ နေအိမ်များ ချိပ်ပိတ်ပြီးနောက်ပိုင်း ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ရက်ခြားတစ်ကြိမ်၊ သုံးရက်ခြားတစ်ကြိမ် လှည့်ကင်းများလုပ်ဆောင်နေကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နှင့် ၆ ရက်နေ့က ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာ၊ ညောင်ကုန်းကြီးကျေးရွာနှင့် သဲကုန်းကျေးရွာများတွင် ဒေသခံအမျိုးသား ၈ ဦးကို PDF အဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ပေါင်မြို့နယ် ဥတ္တံတား (အပြင်) ကျေးရွာက ဦးပြည့်ဖြိုးအောင်နှင့် ဦးစိုးထိုက်အောင် ဆိုသူတို့၏ နေအိမ်များကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သေးသည်။ #IMNA

  • 4:37 PM ဒေါင်းဇရပ် မီးပွိုင့်အကျော်၊ အမှတ် 565 တပ်ရှေ့အကျော်မှာ စခအင်အားအများနဲ့ ကား၊ ဆိုင်ကယ်ဘောက်စစ်နေ

  • 4:35 PM အာဟာ(၂)ဆိုင်ဘေးနား၊ ရွှေနတ်တောင် ဂေါက်ကွင်းထဲ အရှေ့တောင်တိုင်းထဲမှ ထွက်လာသော ကား 5စီး ဝင်သွား (ဂျန်ပါကား ၂စီး၊ Alphabet အဖြူ တစ်စီး)