tgindex
Последний пост
5 авг.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
29
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 831
−8 за 5 дн.
Сутки
−5
−0,18%
Неделя
 
Месяц
 
Просмотров на пост
502
29 постов
Вовлечённость
17,7%
к подписчикам
Постов в день
0,0
всего 29
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
453
1/48двое суток
519
1/72трое суток
559

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • သား ဒီအဖြစ်အပျက်ကိုလည်း သိထားသင့်တယ် တစ်ညနေမှာ သွေးရူးသွေးတန်း ဖြစ်နေပုံရတဲ့ လူတစ်ယောက်ဟာ ဘဏ်တစ်ခုထဲ ဝင်လာသတဲ့ ဘဏ်ပိတ်ခါနီးမို့ စာရေးမလေးတစ်ယောက်ပဲ ရှိတယ် ရှိသမျှ ပိုက်ဆံတွေ ပေးပါလို့ အဲဒီလူက ပြောတဲ့အခါ စာရေးမက အထုတ်ခပ်သေးသေး တစ်ခုကို ပေးတယ် ဒါအကုန်ပဲလား လို့ အဲဒီလူက တအံ့တဩ မေးတယ် ဟုတ်တယ် ဒါအကုန်ပဲလေ မယုံရင် ဝင်ကြည့် ရှင်ပြန်ရင် ကျွန်မ တံခါးပိတ်တော့မယ် လို့ ပြောသတဲ့ ဒါနဲ့ ဘဏ်ဓားပြဟာ စိတ်ပျက်သွားတဲ့ လေသံနဲ့ ဒါက ဘဏ်တစ်ခုမဟုတ်ဘူးလား လို့ မေးတဲ့အခါ အမျိုးသမီးက ဒါဘဏ်မဟုတ်မှန်း ရှင်မသိဘူးလား တဲ့ ဗျာ ဒါဆို ဒါက ဘာလဲ ဒါက ရှင့်ရဲ့ဘဝလေ ရှင့်ဘဝ ကဲ ကျွန်မ တံခါးပိတ်ရတော့မှာမို့ ရှင်ပြန်တော့နော် သားရေ ဘယ်သူမဆိုပေါ့ တစ်ကြိမ်တစ်ခါဖြစ်ဖြစ် သွေးရူးသွေးတန်း ဖြစ်စရာတွေ ကြုံတတ်ပါတယ် အဲဒီ ဘဏ်ဓားပြက ဖေဖေလား အဲဒီ စာရေးမလေးက မေမေ မဟုတ်လား လို့ သားမေးမှာ ဖေဖေသိတယ် ဘာကြောင့်လဲဆိုတော့ သားက ဉာဏ်ကောင်းတဲ့ ချာတိတ် သားကြီးပြင်းတဲ့ ခေတ်က ပုစ္ဆာတစ်ပုဒ်ရဲ့လှည့်စားချက်တွေအပြည့်နဲ့ ။ ▪️အောင်ခင်မြင့် ( သားဖတ်ဖို့ကဗျာ - ၃၂) #reviewsbybenevolent

  • 5 авг.268103

    လူတွေဟာ လူတွေပဲ အချင်းချင်းတွေ ဘာတွေ ညာတွေမရှိဘူး မင်း ခလုတ်တိုက်လဲလို့ မင်းခြေမ နာတာ မင်းနာတာပဲ ။ မင်းနာတာကို ငါက စုတ်သပ်ပြနေပေမဲ့ မင်းနာသလို ငါမနာဘူး ငါမနာပေမဲ့ မင်းနာတယ် ။ လူဟာ ဝေမျှခံစားလို့ မရဘူး ဘယ်လောက်များတဲ့ လူတွေအကြားမှာပဲ မင်းရောက်နေဦးတော့ မင်းဟာ မင်းပဲ ။ ▪️မြင့်သန်း #reviewsbybenevolent

  • ယခင်ကမူ လူများများကို သိချင်သည်။ မိမိကိုလည်း လူများများက သိအောင် လုပ်ခဲ့မိဖူးသည်။ ယခုမူ ဂေါတမဗုဒ္ဓ၏ သြဝါဒအတိုင်း မိမိကိုယ်မိမိ သိအောင် ကြိုးစားလျက်ရှိပြီဖြစ်၍ လူတွေကိုလည်း မသိလို။ မိမိအား လူများက သိခြင်းကိုလည်း မလိုလား။ မိမိကိုယ်မိမိ သဘာဝကျကျ သိဖို့ကိုသာ အရေးကြီးပါတော့သတည်း။ ▪️ရွှေဥဒေါင်း(တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ) #reviewsbybenevolent

  • မင်းမှာ ပန်းဥယျာဉ်နဲ့ စာကြည့်တိုက် ရှိရင်၊ မင်းမှာ လိုအပ်တာ ပြည့်ပြီ။ ▪️Attributed to Cicero #reviewsbybenevolent #translatedbybenevolent

  • 4 авг.317171

    သဘာဝတွင် အကြောင်းတရားမရှိဘဲ အကျိုးတရားမဖြစ်လာဘူး။ အကြောင်းတရားကို နားလည်သွားပါက အတွေ့အကြုံဖြင့် စမ်းသပ်စရာမလိုတော့ဘူး။ ▪️Leonardo da Vinci #reviewsbybenevolent

  • 4 авг.319141

    ဘဝမှာ နောက်ကျနေရင်တောင် စောင့်ခေါ်တတ်တဲ့ လက်ကလေးတစ်စုံကို ငါတို့မျှော်လင့်ခဲ့တယ် ။ ။ ▪️ မောင်ခက်လူ #reviewsbybenevolent

  • ခဏခဏ လဲရာက ပြန်ပြန်ထခဲ့ပါတယ် အဲ့ဒီအရာကို ကျွန်တော်ရမယ်ထင်ပြီး ယခုထိ မရခဲ့ပါဘူး။ ▪️အောင်ချိမ့် -(ငါ့စုဘူး) #reviewsbybenevolent

  • ဘယ်သူ့ကိုမှ ကျွန်တော်အပြစ်မတင်လိုပါ။ ကျွန်တော့်ကိုလည်း အပြစ်မမြင်မိကြရန် တောင်းပန်ပါသည်။ ပျားရည်စက်ကို သူ့လိုပဲ ကျွန်တော်လည်း ခုံမင်မိမှာ သေချာပါသည်။ ဘယ်သို့သော ဝဋ်နာကံနာများ ထိုးဆွနှိပ်စက်ပါစေ၊ မသိချင်ယောင်ဆောင် ရှောင်ပုန်းနေဖြစ်သည်။ နွေလွင်ပြင်ကို ဖြတ်ကျော်လာသူ လေညင်းကလေးရေ လာပါ အိမ်ထဲကြွပါဟု ဧည့်ဝတ်ကျေရန်သာ ပြင်ဆင်နေမိသည်။ ကိုယ်ပဲဖန်ဆင်းထားပြီး ကျွန်တော် ဒုက္ခရောက်နေသည့်အခါ ပြန်လည်ကယ်တင်ရန် ဝန်လေးနေတတ်သော၊ ချီတုံချတုံဖြစ်နေတတ်သော ဘယ်ဘုရားသခင်ကိုမဆို ကျွန်တော် မုန်းသည်။ ▪️သန်းတင့် (ဆိပ်ကမ်းရေဒီယို) #reviewsbybenevolent

  • ❝ တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ❞ အသက် ၂၉ နှစ်မှာ တောခိုတယ်။ အိန္ဒိယတိုက်ကြီး ကို အတ်တဝါဒကနေ အနတ်တဝါဒ အထိ တော်လှန်ပစ်တယ်။ ဝါဆိုလပြည့်နေ့မှာ ကြေညာချက် ထုတ်ခဲ့တယ်။ ▪️ကြည်ဇော်အေး #reviewsbybenevolent

  • ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့ စိတ်နဲ့ပဲ နေထိုင်တယ် တစ်ယောက်ယောက်က ငါ့ကို လာချစ်ပြီး တခြားတစ်ယောက် ပြောင်းချစ်ချင်လည်း ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူးပဲ။ တစ်ယောက်ယောက်က မတည်နိုင်တဲ့ ကတိတွေပေးပီး ဘဝထဲက ထွက်သွားလည်း ရတယ် ဘာမှမဖြစ်ဘူးပဲ။ မိဘက အလိုမလိုက်လည်း ရတယ် ဘာမှမဖြစ်ဘူး ရည်းစားက မချစ်တော့လည်း ရတယ် ဘာမှမဖြစ်ဘူး သူငယ်ချင်းက စိမ်းသွားရင်လည်း ရတယ် ဘာမှမဖြစ်ဘူး ငါ ဘာမှကို မဖြစ်သွားဘူး တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး ကမ္ဘာကြီးက အေးဆေးလည်နေတုန်း.. ▪️ဏေသစ် #reviewsbybenevolent

  • အသုဘအိမ်ဆိုပေမယ့် ဖဲနိုင်တဲ့သူက ပျော်နေတာပါပဲ ▪️မောင်လှမျိုး (ချင်းချောင်းခြံ) #reviewsbybenevolent

  • သင်ထားတဲ့ပညာရေးနဲ့ ဉာဏ်ပညာရှိမှုကို ဘယ်တော့မှ မရောထွေး‌မိစေနဲ့။မင်းမှာဆရာဝန်ဘွဲ့ကြီးရှိနေသေးရင်‌တောင် အတွေးတစ်ခုမှားတာနဲ့အရူးဖြစ်နေနိုင်သေးတယ်ဆိုတာ သိထားဖို့လိုတယ်။ ▪️Richard Feynman #reviewsbybenevolent #translatedbybenevolent

  • အချစ်ဆိုတာ ဝိညာဉ်တစ်ခုတည်း၊ ဒါပေမဲ့ခန္ဓာကိုယ်နှစ်ခုထဲမှာ တည်ရှိနေတာ။ ▪️Aristotle #reviewsbybenevolent #translatedbybenevolent

  • မင်းကအိပ်မပျော်တာတစ်ခုပဲ ငါကဘာမှကိုမပျော်တော့တာ ။ ။ ▪️အောင်ခိုင်မြတ် #reviewsbybenevolent

  • အချစ်ကို မရှာခင်တုန်းက သူမကို တွေ့ခဲ့တယ်၊ ပြီးတော့ သူမကို အချစ်ရဆုံးဖြစ်တဲ့အချိန်မှာ ဆုံးရှုံးလိုက်ရတယ်။ ▪️Charles Bukowski #translatedbybenevolent #reviewsbybenevolent

  • ငါဟာ ကွေ့ကောက်တဲ့ လမ်းများကို ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့သူတစ်ဦးပါ။ ▪️မောင်ချောနွယ် #reviewsbybenevolent

  • တနင်္လာဟာ ပြန်ပြန်ရောက်လာတယ် ငါသတိပြုမိတိုင်းမှာ တနင်္လာ ငါလွန်သွားခဲ့ရင်လည်း တနင်္လာ နေ့ထဲဝင်ရောက် ပျောက်ကွယ်တတ်တာလည်း တနင်္လာ ဘဝတစ်ခု အစပြုနေတာလည်း တနင်္လာ ကော်ဖီသောက်ပါ တနင်္လာ တစ်ယောက်ယောက်ကို စောင့်နေရတာလည်း တနင်္လာ တနင်္လာမှာ ဘယ်သူမှ ဘာမှမလုပ်ဘူးလား အချစ်ဟာ တနင်္လာမှာ ခြောက်တဲ့ သရဲလား တစ်စုံတစ်ယောက်ကို ချစ်ဖို့ဖြစ်လာခဲ့ရင် တနင်္လာနေ့မှာပဲ ချစ်ချင်ပါတယ် နှစ်ခါပြန်ချစ်ချင်ပါတယ် ။ ▪️ စိုင်းဝင်းမြင့် (ချစ်သော တနင်္လာ) #reviewsbybenevolent

  • မိုးတိမ်က ကိုယ့်ကို ရယ်သွမ်းသွေးတယ် တခုသော မွေးနေ့က ကိုယ့်ဆံပင်ကို နမ်းတယ် သတင်းအတိအကျ မသိရတဲ့ သတင်းက ကိုယ့်နှလုံးသားကို အစိုအခြောက်မြှောက်တယ် ။ နေမင်းကို သားရေကွင်းနဲ့ပစ်တဲ့ ကလေးလို သူ့ကိုယ်စား ဝမ်းနည်းကြောင်း သဝဏ်လွှာပါးပါမယ် ။ ▪️ခင်ဇော်မြင့် |မိုးနည်းရပ်ဝန်း (၂) #reviewsbybenevolent

  • ဒီနေ့ တနင်္ဂနွေ ဖြစ်သည်။ နှိုးစက်သံဖြင့် အိပ်ရာထရန် မလိုအပ်သော တနင်္ဂနွေ ဖြစ်သည်။ အရေးကြီးသော အီးမေးလ်တစ်စောင်စောင်များ ဝင်နေမလားဟု စစ်ရန် မလိုအပ်သော တနင်္ဂနွေ ဖြစ်သည်။ ဖျော်လက်စ ကော်ဖီခွက်ထဲ စက်ဝိုင်းများစွာ ပတ်နေနိုင်ခွင့်ရှိသော တနင်္ဂနွေ ဖြစ်သည်။ နေရောင်ဖြာကျလာသော အိမ်ခန်းထောင့်မှာ ခဏပဲဖြစ်ဖြစ် ထိုင်ငေးနိုင်ခွင့်ရှိသော တနင်္ဂနွေ ဖြစ်သည်။ ချစ်သူခင်သူတစ်ဦးဦးကို နေကောင်းလားဟု စိတ်အေးလက်အေး မေးနိုင်သော တနင်္ဂနွေ ဖြစ်သည်။ ဘုရားကျောင်းက လွင့်ပျံ့လာသော ခေါင်းလောင်းသံကို သာယာစွာ ကြားနိုင်ခွင့်ရှိသည့် တနင်္ဂနွေ ဖြစ်သည်။ ထို့နောက် ပြတင်းများကို ဖွင့်လိုက်မည်။ ကောင်းကင်က အပြာရောင် ဖြစ်နေလိမ့်မည်ထင်သည်။ တိမ်မျှင်စအချို့ ရှိမည်။ ဖြတ်သွားဖြတ်လာ အိမ်နီးချင်းတစ်ဦးဦးကို မျက်လုံးချင်း ဆုံလျှင် ပြုံးပြမည်။ မဆုံဘူးဆိုလျှင် သူ အရေးတကြီး ကိစ္စ တစ်ခုခု ရှိနေမှာပါဟု ဖြေတွေးလိုက်မည်။ ဝရံတာ ပန်းအိုးများအတွင်းက ပန်းပင်ငယ်လေးများထံ ခဏလောက် ငေးမည်။ နောက် စိတ်လိုလက်ရ ရှိလျှင် ကော်ဖီခွက် ဆေးမည်။ အနည်းငယ် ပျင်းရိနေလျှင် ဘေစင်ထဲ အသာချထားလိုက်မည်။ နောက် ကောက်ညင်းရနံ့ ပါဝင်သော ရှမ်းပြည်ထွက် လက်ဖက်ရည်ကြမ်း တစ်ခွက်သောက်မည်။ လက်ဖက်ရည်ခွက်အတွင်းက လျှံကျလာမည့် တောင်နေကြာပွင့်များအကြောင်း စဉ်းစားမည်။ မိုးရာသီ ရောက်နေပြီဆိုသည်ကို ခဏ မေ့ထားမည်။ ရေနွေးကြမ်းနှင့် မတင်းတိမ်လျှင် နောက်ထပ် ကော်ဖီကြမ်းတစ်ခွက် ဖျော်မည်။ သကြား မထည့်။ ဆိုင်ရောက်တိုင်း ‘သကြား မထည့်ဘူးနော်’ ဟု ပြောမိခြင်းကို ပြန်သတိရချင်ရမည်။ ထို့နောက် သကြားမပါသော ကော်ဖီကို ကိတ်ချိုချိုတစ်စိတ်နှင့် မကြာမကြာ တွဲစားမိခြင်းက အနည်းငယ် ရယ်မောဖွယ်ကောင်းကြောင်း ဆက်တွေးမည်။ ကယ်လိုရီတွက်ဆခြင်းသည် အသက်နှင့် အတူ အရိပ်လို လိုက်လာကြောင်း၊ စိတ်ရှိတိုင်း စားခွင့်ရှိသော အသက်အရွယ်တုန်းကလည်း ကိန်းဂဏန်းများကို တွက်ချက်၍ သိပ်မစားဖြစ်ခဲ့ကြောင်း ဆက်တွေးမည်။ မစားဖြစ်ခဲ့သော အစားများအကြောင်း တောင်စဉ်ရေမရ တွေးမည်။ မပြောဖြစ်ခဲ့သော စကားများအကြောင်းလည်း ဆက်တွေးမည်။ တွေးနေခွင့်လည်း ရှိသည်။ ဒီနေ့ တနင်္ဂနွေ ဖြစ်သည်။ နေကောင်းလားဟု မေးထားသော သူငယ်ချင်းက စာပြန်လာလျှင် ဖတ်လိုက်မည်။ ထို့နောက် သူ မေးသော မေးခွန်းလေးတချို့ ဖြေမည်။ များသောအားဖြင့်တော့ အဆင်ပြေရဲ့လား ဆိုတာ ဖြစ်လိမ့်မည်။ အဆင်ပြေပါတယ်. . . လောလောဆယ် အဆင်ပြေပါတယ်ဟု ဖြေလိုက်မည်။ လောလောဆယ်ဆိုသော စကားလုံးမှာ အထူးပြုစကားလုံးဖြစ်သည်။ ပစ္စုပ္ပန်တည့်တည့်၌ နေလျှင် တနင်္ဂနွေက ပျော်စရာ ကောင်းလိမ့်မည်။ မနက်ဖြန်ကို သတိမရပါနှင့်။ အလုပ်စားပွဲကို သတိမရပါနှင့်။ နှိုးစက်မြည်သံများကို သတိမရပါနှင့်။ အရေးကြီးသော စာများ၊ မက်ဆေ့ချ်များ၊ မီတင်များအတွက် မြည်လာတတ်သော နိုတီသံများကို သတိမရပါနှင့်။ စိတ်မပါဘဲ ပြုံးရသော အပြုံးများကို သတိမရပါနှင့်။ ခဏလောက် မေ့ထား၍ အသက်ရှူသံကို အာရုံစိုက်လျှင် ပျော်စရာ ကောင်းလိမ့်မည်။ အိမ်ထဲမှာ ရယ်သံနွေးနွေးများ ရှိလျှင် ပို၍ ပျော်စရာကောင်းလိမ့်မည်။ ဒီနေ့ တနင်္ဂနွေ ဖြစ်သည်။ ▪️စံပယ်ဖြူနု #reviewsbybenevolent

  • အတွေးအကြံကောင်းကို အတားအဆီးဖြစ်စေတဲ့အရာနှစ်ခုရှိတယ်။အဲ့ဒါကအလျင်စလိုပြုမှုနှင့် စိတ်အလိုလိုက်မှု သာဖြစ်တယ်။ အလျင်စလိုလုပ်မှုက မိုက်မဲမှုနှင့် ယှဉ်တွဲလေ့ရှိတယ်။ စိတ်အလိုလိုက်မှုကတော့ ဒေါသထွက်မှုနှင့်အတူ စိတ်ကိုကြမ်းတမ်းခက်ထန်ခြင်းတွေဖြစ်ပေါ်စေတတ်တယ်။ ▪️Thucydides #reviewsbybenevolent #translatedbybenevolent