tgindex
𝗭𝗼𝗱𝗶𝗮𝗰 𝗪𝗼𝗿𝗹𝗱

𝗭𝗼𝗱𝗶𝗮𝗰 𝗪𝗼𝗿𝗹𝗱

Статистика

𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 𝗆𝗒 𝗭𝗼𝗱𝗶𝗮𝗰 𝗪𝗼𝗿𝗹𝗱 . 𝖨 𝗁𝗈𝗉𝖾 𝗒𝗈𝗎’𝗅𝗅 𝖿𝗂𝗇𝖽 𝗉𝖾𝖺𝖼𝖾 𝖺𝗇𝖽 𝖼𝗈𝗆𝖿𝗈𝗋𝗍 𝗂𝗇 𝗆𝗒 𝗅𝗂𝗍𝗍𝗅𝖾 𝗎𝗇𝗂𝗏𝖾𝗋𝗌𝖾. 𝖮𝗐𝗇 - @WJP_Koe 𝗌𝖾𝖼 𝖼𝗁 - @nightspireWKoe

Последний пост
12 авг.
Последнее чтение
13 авг.
Постов за неделю
1
Всего постов
48
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 575
0 Са 5 дн.
Сутки
−3
−0,19%
Неделя
—
 
Месяц
—
 
Просмотров на пост
1 247
40 постов
Вовлечённость
79,2%
к подписчикам
Постов в день
0,1
всогО 48
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
264
1/48двое суток
302
1/72трое суток
326

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • " Zodiac Sign × color " Aries — ❤️ အနီရောင် ရဲရင့်ပြီး စိတ်အားထက်သန်ကြတယ်။ ကိုယ်လုပ်ချင်တာကို မကြောက်မရွံ့လုပ်တတ်လို့ အားအင်နဲ့ passion ကို ကိုယ်စားပြုတဲ့ အနီရောင်နဲ့တူတယ်။ Taurus — 💚 အစိမ်းရောင် တည်ငြိမ်ပြီး အေးဆေးကြတယ်။ သဘာဝ၊ အေးချမ်းမှုနဲ့ သက်တောင့်သက်သာရှိမှုကို ကြိုက်တတ်လို့ အစိမ်းရောင်နဲ့လိုက်ဖက်တယ်။ Gemini — 💛 အဝါရောင် တက်ကြွပြီး စကားပြောကောင်းကြတယ်။ စိတ်ဝင်စားစရာအသစ်တွေကို အမြဲရှာဖွေတတ်လို့ ပျော်ရွှင်တက်ကြွတဲ့ အဝါရောင်နဲ့ဆင်တူပါတယ်။ Cancer — 🤍 အဖြူရောင် နူးညံ့ပြီး ခံစားချက်နုတယ်။ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပေးတတ်လို့ သန့်ရှင်းနူးညံ့တဲ့ အဖြူရောင်နဲ့ဆင်တူပါတယ်။ Leo — 🧡 ရွှေရောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး spotlight ကို သဘောကျတတ်တယ်။ တောက်ပပြီး royal ဆန်တဲ့ vibe ရှိလို့ ရွှေရောင်က Leo နဲ့အရမ်းလိုက်ဖက်ပါတယ်။ Virgo — 🤎 အညိုဖျော့ရောင် လက်တွေ့ကျပြီး စနစ်တကျနေတတ်ကြတယ်။ ရိုးရှင်းပြီး သဘာဝဆန်တဲ့ vibe ရှိလို့ အညိုဖျော့ရောင်နဲ့တူပါတယ်။ Libra — 🩷 ပန်းရောင် ချစ်စရာကောင်းပြီး အလှအပကို တန်ဖိုးထားတတ်ကြတယ်။ Relationship တွေမှာ harmony ကို ကြိုက်တတ်လို့ နူးညံ့တဲ့ ပန်းရောင်နဲ့တူပါတယ်။ Scorpio — 🖤 အနက်ရောင် နက်ရှိုင်းပြီး mysterious ဖြစ်တတ်တယ်။ ကိုယ့်အကြောင်းကို လူတိုင်းကို မပြတတ်လို့ လျှို့ဝှက်ဆန်တဲ့ အနက်ရောင်နဲ့တူပါတယ်။ Sagittarius — 💜 ခရမ်းရောင် လွတ်လပ်ပြီး adventure ကိုကြိုက်နှစ်သက်ကြတယ်။ သာမန်ထက် ထူးခြားတဲ့အရာတွေကို စိတ်ဝင်စားတတ်လို့ ခရမ်းရောင်လို unique vibe ရှိပါတယ်။ Capricorn — 🩶 မီးခိုးရောင် တည်ငြိမ်ပြီး serious ဖြစ်တတ်ကြတယ်။ အလုပ်နဲ့ရည်မှန်းချက်ကို အာရုံစိုက်တတ်လို့ ရိုးရှင်းပြီး mature ဖြစ်တဲ့ မီးခိုးရောင်နဲ့လိုက်ဖက်ပါတယ်။ Aquarius — 💙 အပြာရောင် လွတ်လပ်တဲ့အတွေးအခေါ်ရှိပြီး သူများနဲ့မတူတဲ့အမြင်တွေရှိတတ်ကြတယ်။ အေးဆေးပြီး futuristic vibe ရှိလို့ အပြာရောင်နဲ့တူပါတယ်။ Pisces — 🩵 အပြာနုရောင် စိတ်ကူးယဉ်တတ်ပြီး ခံစားချက်နူးညံ့တတ်ကြတယ်။ Dreamy နဲ့ romantic vibe ရှိလို့ တိမ်ပြာကောင်းကင်လို အပြာနုရောင်နဲ့တူပါတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #writing_by_myself #do_not_copy #forward_only

  • “ Zodiac Signsတွေမနာလိုတဲ့အချိန် ” ♈ Aries “ဘယ်သူနဲ့ပြောနေတာလဲ?” မနာလိုတာမဟုတ်ဘူး၊ သိချင်တာပါတဲ့။ ♉ Taurus ဘာမှမပြောဘူး။ ဒါပေမယ့် မျက်နှာက အကုန်ပြောနေပြီ။ ♊ Gemini မနာလိုဘူးလို့ပြောရင်း မေးခွန်း ၁၀ ခုလောက်မေးပြီးပြီ။ ♋ Cancer မပြောဘူး တိတ်တိတ်လေး ဝမ်းနည်းနေမယ်။ ♌ Leo “အဲ့လူက ငါ့ထက်ဘာပိုကောင်းလို့လဲ?” ♍ Virgo မနာလိုဘူး။ အခြေအနေကိုပဲ analysis လုပ်နေတာ။ ♎ Libra ပြုံးပြုံးလေးနဲ့ နေမယ်။ အိမ်ရောက်မှ overthink မယ်။ ♏ Scorpio မမေးဘူး။ မပြောဘူး။ အကုန်သိအောင် စောင့်ကြည့်မယ်။ ♐ Sagittarius “သွားလေ၊ ငါဂရုမစိုက်ဘူး” ဒါပေမယ့် ဘယ်သူလဲတော့ သိချင်တယ်။ ♑ Capricorn မနာလိုတာအတွက် အချိန်မပေးဘူး။ ဒါပေမယ့် စိတ်ထဲမှာမှတ်ထားတယ်။ ♒ Aquarius မနာလိုဘူး။ အရင်လိုတော့စကားမပြောတော့ဘူး။ ♓ Pisces သူဘာမှမလုပ်သေးဘူး။ ကိုယ်ကတော့ ဖြစ်နိုင်သမျှအခြေအနေအားလုံးကို စိတ်ထဲမှာ ဖြစ်ပြီးသွားပြီ။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #writing_by_myself #do_not_copy #forward_only

  • ♈ Aries Aries တွေက ဒေါသထွက်လွယ်ပေမယ့် အငြိုးအတေးတော့ အကြာကြီးမထားတတ်ကြပါဘူး။ စိတ်ဆိုးနေတဲ့အချိန်မှာ စကားပြောပုံ နည်းနည်းကြမ်းသွားနိုင်ပေမယ့် စိတ်ပြေသွားရင် ဘာမှမဖြစ်ခဲ့သလို ပြန်ရယ်မောပြီး ဆက်ဆံတတ်ကြပါတယ်။ သူတို့က ပြဿနာကို ရှောင်နေမယ့်အစား မျက်နှာချင်းဆိုင် ဖြေရှင်းရတာကို ပိုသဘောကျတဲ့သူတွေပါ။ နောက်ကွယ်မှာ အတင်းပြောတာ၊ အကွက်ချတာထက် ရှိတာကို ရှိတဲ့အတိုင်း တိုက်ရိုက်ပြောဖို့ပဲ ရွေးချယ်တတ်ကြပါတယ်။ ♉ Taurus Taurus တွေက စိတ်ရှည်ပြီး သည်းခံနိုင်စွမ်းကောင်းတဲ့ ရာသီခွင်တွေထဲက တစ်ခုပါ။ ဒါပေမယ့် သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားရင်တော့ အရင်က အေးဆေးနေခဲ့တဲ့သူဆိုတာ မယုံနိုင်လောက်အောင် စိတ်ပြတ်တတ်ကြပါတယ်။ တစ်ခါ ယုံကြည်မှု ပျက်သွားပြီ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခု ချပြီးပြီဆိုရင် နောက်ပြန်လှည့်ဖို့ မလွယ်တော့ပါဘူး။ အခွင့်အရေးပေးနိုင်ပေမယ့် တစ်ခါတလေ အဲ့ဒီအခွင့်အရေးက တစ်ကြိမ်တည်းသာ ဖြစ်တတ်တာက Taurus တွေရဲ့ ထူးခြားချက်ပါ။ ♊ Gemini Gemini တွေက စကားပြောကောင်းပြီး လူအများနဲ့ လိုက်လျောညီထွေ ပေါင်းသင်းတတ်ကြပါတယ်။ စိတ်ဝင်စားစရာအသစ်တွေကို အမြဲရှာဖွေနေပြီး တစ်နေရာတည်းမှာ အကြာကြီးနေရတာကို သိပ်မကြိုက်ကြပါဘူး။ Mood အပြောင်းအလဲ မြန်တတ်လို့ တစ်ခါတလေ နားလည်ရခက်ပေမယ့် သူတို့အတွက်တော့ အဲဒါက ပုံမှန်ပါပဲ။ ပျော်ရွှင်မှုကို မျှဝေပေးတတ်သလို စိတ်ညစ်စရာတွေကိုလည်း ရယ်မောပြီး ကျော်ဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ♋ Cancer Cancer တွေက အပြင်ပန်းမှာ အေးဆေးနေပေမယ့် အတွင်းစိတ်က အရမ်းနူးညံ့တဲ့သူတွေပါ။ ကိုယ့်ချစ်တဲ့လူတွေကို ဂရုစိုက်ပေးရတာကို သဘောကျပြီး သံယောဇဉ်ကိုလည်း တန်ဖိုးထားကြပါတယ်။ စိတ်ထိခိုက်သွားရင် အပြင်မပြဘဲ တိတ်တိတ်လေး ခံစားနေတတ်ပြီး မေ့သွားသလို နေတတ်ပေမယ့် ဖြစ်ခဲ့တာတွေကိုတော့ အလွယ်တကူ မမေ့တတ်ကြပါဘူး။ ♌ Leo Leo တွေက ယုံကြည်မှုရှိပြီး ဘယ်နေရာရောက်ရောက် ကိုယ့်တန်ဖိုးကို ပြသနိုင်တဲ့သူတွေပါ။ ခေါင်းဆောင်တာဝန်ယူရတာကို သဘောကျပြီး ကိုယ့်လူတွေကိုလည်း ကာကွယ်ပေးတတ်ကြပါတယ်။ တစ်ခါတလေ ဂုဏ်ယူစိတ်ကြီးသလို ထင်ရပေမယ့် အသိအမှတ်ပြုခံရတာကို လိုချင်တဲ့စိတ်ကြောင့် ဖြစ်တတ်ပါတယ်။ ချစ်တဲ့သူတွေကိုတော့ အချိန်ရော စိတ်ရော အပြည့်ပေးတတ်ကြပါတယ်။ ♍ Virgo Virgo တွေက အသေးစိတ်ကို ဂရုစိုက်တတ်ပြီး အလုပ်တစ်ခုကို သေသေချာချာ လုပ်ချင်တဲ့သူတွေပါ။ အမှားနည်းနိုင်သမျှ နည်းအောင် ကြိုးစားတတ်လို့ တစ်ခါတလေ Overthinking ဖြစ်တတ်ကြပါတယ်။ အချစ်ရေးမှာလည်း စကားထက် အပြုအမူနဲ့ ဂရုစိုက်တာကို ပိုပြတတ်ပြီး ကိုယ့်ချစ်တဲ့သူ ကောင်းဖို့အတွက် အမြဲစဉ်းစားပေးနေတတ်ပါတယ်။ ♎ Libra Libra တွေက လူတိုင်းနဲ့ အဆင်ပြေချင်တဲ့ စိတ်ရှိပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို နှစ်သက်ကြပါတယ်။ ဆုံးဖြတ်ချက်ချရတဲ့အချိန်မှာ ရွေးချယ်စရာနှစ်ခုလုံးကို စဉ်းစားလွန်းလို့ အချိန်ကြာတတ်ပါတယ်။ Relationship တစ်ခုမှာလည်း တစ်ဖက်လူရဲ့ ခံစားချက်ကို ဦးစားပေးတတ်ပြီး မလိုအပ်တဲ့ ရန်ဖြစ်မှုတွေကို ရှောင်ချင်ကြပါတယ်။ ♏ Scorpio Scorpio တွေက ကိုယ့်ခံစားချက်ကို လွယ်လွယ်နဲ့ မဖော်ပြတတ်ကြပါဘူး။ လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူပေမယ့် ယုံကြည်သွားပြီဆိုရင် အပြည့်အဝ ရပ်တည်ပေးတတ်ကြပါတယ်။ သစ္စာဖောက်ခံရတာကိုတော့ အရမ်းနာကျင်တတ်ပြီး တစ်ခါစိတ်ပြတ်သွားရင် အရင်လို ပြန်ဖြစ်ဖို့ ခက်တတ်ပါတယ်။ ♐ Sagittarius Sagittarius တွေက လွတ်လပ်မှုကို အရမ်းတန်ဖိုးထားတဲ့သူတွေပါ။ အသစ်အသစ်သော နေရာတွေ၊ အတွေ့အကြုံတွေကို ရှာဖွေရတာ သဘောကျပြီး ချုပ်ချယ်ခံရတာကို မကြိုက်ကြပါဘူး။ စကားပြောတဲ့အခါလည်း ရိုးရိုးသားသားနဲ့ တိုက်ရိုက်ပြောတတ်လို့ တစ်ခါတလေ တခြားသူတွေ စိတ်ထိခိုက်သွားနိုင်ပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်တော့ မရှိတတ်ပါဘူး။ ♑ Capricorn Capricorn တွေက တာဝန်ယူစိတ်ရှိပြီး ကိုယ့်ရည်မှန်းချက်ကို မရမချင်း ကြိုးစားတတ်ကြပါတယ်။ အောင်မြင်မှုအတွက် စိတ်ရှည်ရှည်နဲ့ အချိန်ပေးနိုင်ပြီး အခက်အခဲတွေကိုလည်း အလွယ်တကူ အရှုံးမပေးတတ်ကြပါဘူး။ အပြင်ပန်းမှာ တည်ငြိမ်နေပေမယ့် ကိုယ့်လူတွေအပေါ်တော့ အရမ်းတာဝန်ယူတတ်ကြပါတယ်။ ♒ Aquarius Aquarius တွေက ကိုယ်ပိုင်အတွေးအခေါ်ရှိပြီး လူအများနဲ့ မတူတဲ့အမြင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ လွတ်လပ်မှုကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ခံရတာ မကြိုက်ကြပါဘူး။ စိတ်ခံစားချက်ကို ထုတ်မပြတတ်လို့ အေးစက်သလို ထင်ရပေမယ့် ယုံကြည်ရတဲ့သူတွေနဲ့ဆို အရမ်းပွင့်လင်းတတ်ကြပါတယ်။ ♓ Pisces Pisces တွေက စိတ်ကူးယဉ်ဆန်ပြီး စာနာစိတ်အရမ်းရှိတဲ့သူတွေပါ။ တခြားသူတွေရဲ့ ခံစားချက်ကို ကိုယ့်ခံစားချက်လို နားလည်ပေးနိုင်ပြီး လိုအပ်ရင် အားပေးကူညီပေးတတ်ကြပါတယ်။ ချစ်မိသွားရင် အပြည့်အဝ ပေးဆပ်တတ်ပေမယ့် စိတ်ထိခိုက်လွယ်တာကြောင့် တစ်ခါတလေ တိတ်တိတ်လေး ဝမ်းနည်းနေတတ်ကြပါတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #do_not_copy #writing_by_myself #forward_only

  • ဓမ္မစကြာအခါတော်နေ့ ဝါဆိုလပြည့်နေ့ -မြတ်စွာဘုရားရှင် သန္ဓေယူသောနေ့ -တောထွက်တော်မူသောနေ့ -တရားဦး ဓမ္မစကြာကို စတင်ဟောကြားတော်မူသောနေ့ -သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ ရ နေ့ထူနေ့မြတ်အခါသမယ၌ ပြုလုပ်သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုအပေါင်းတို့ကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲများ ကင်းဝေးကြပါစေ။ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #𝙲𝚁𝙳

  • " ရာသီခွင်အလိုက် ငွေသုံးပုံ၊ ငွေစုတတ်ပုံ " ♈ Aries – ရလာတာမြန်သလို သုံးတာလည်းမြန်တယ်။ စိတ်ပါရင် ချက်ချင်းဝယ်တတ်ပြီး ငွေစုဖို့ စည်းကမ်းတကျထားတတ်ကြတယ်။ ♉ Taurus – ငွေစုတတ်တဲ့ရာသီခွင်တွေထဲက တစ်ခု။ အရည်အသွေးကောင်းတာအတွက်တော့ ဈေးကြီးလည်း ပေးဝယ်ရဲတယ်။ ♊ Gemini – စိတ်ပြောင်းလွယ်လို့ အသစ်အဆန်းတွေဝယ်တတ်တယ်။ ငွေဝင်ပေါက်ရှာတတ်ပေမယ့် ငွေစုဖို့အတော်ခက်ခဲကြတယ်။ ♋ Cancer – မိသားစုနဲ့ အိမ်အတွက် ငွေသုံးတတ်တယ်။ မလိုအပ်ရင် မသုံးဘဲ အရေးပေါ်အတွက် စုထားတတ်ကြတယ်။ ♌ Leo – ကိုယ်နဲ့ချစ်တဲ့သူတွေအတွက် ရက်ရောတတ်တယ်။ Brand ကောင်းတာ၊ အရည်အသွေးကောင်းတာကို သဘောကျတတ်ကြတယ်။ ♍ Virgo – ဘတ်ဂျက်ဆွဲပြီး သုံးတတ်ကြတယ်။ အသုံးစရိတ်ကို စနစ်တကျထိန်းနိုင်တဲ့သူတွေ။ ♎ Libra – လှပတဲ့ပစ္စည်းတွေ၊ Fashion တွေအတွက် သုံးတတ်ကြတယ်။ Balanceလုပ်နိုင်ပြီး ငွေစီမံခန့်ခွဲတာတော်ကြတယ်။ ♏ Scorpio – ငွေကိစ္စကို လျှို့ဝှက်ထားတတ်ကြတယ်။ ရင်းနှီးမြှုပ်နှံဖို့ ငွေရှာဖို့ စိတ်ဝင်စားပြီး အနာဂတ်အတွက်စုဆောင်းတတ်ကြတယ်။ ♐ Sagittarius – ခရီးသွားတာ၊ အတွေ့အကြုံအသစ်တွေအတွက် အသုံး‌များကြတယ်။ ငွေစုတာထက် ဘဝကို ပျော်ပျော်ကြီးခံစားရတာနှစ်သက်ကြတယ်။ ♑ Capricorn – ငွေစီမံခန့်ခွဲရာမှာ အတော်ကောင်းမွန်တဲ့လူမျိုးတွေ။ ရေရှည်အတွက် ရည်မှန်းချက်ထားပြီး စုဆောင်းတတ်တယ်။ ♒ Aquarius – နည်းပညာ၊ ဝါသနာနဲ့ ဆန်းသစ်တဲ့အရာတွေအတွက် သုံးတတ်ကြတယ်။ စိတ်ဝင်စားရာပေါ်မူတည်ပြီး သုံးစွဲပုံလည်းပြောင်းတတ်ကြတယ်။ ♓ Pisces – စိတ်ခံစားချက်အလိုက် သုံးမိတတ်ကြတယ်။ တခြားသူတွေကို ကူညီဖို့လည်းငွေသုံးတတ်ပြီး ငွေစုဖို့အတွက်နည်းလမ်းလေးတော့ရှိဖို့လိုအပ်တယ်။ * It may not be 100% accurate * #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #forward_only #writing_by_myself #do_not_copy

  • йоС пОдписи

  • 12တန်းဆိုတာကိုမေ့ပြီး Ttမှာသာယာနေမိသူတစ်ဦး #𝗞𝗼𝗲

  • 6 июл.1 694626

    " အချစ်အကြောင်းadviceပေးခြင်း " ♈ Aries – "ကြိုက်ရင်သွားပြောလိုက်လေ။ Waiting လုပ်နေလို့ ဘာထူးမှာလဲ" ♎ Libra – "ခဏ... သူ့ကိုချစ်လား၊ မချစ်လား စဉ်းစားအုံးမယ်" ♈ Aries – "နင်ဆုံးဖြတ်ပြီးရင် သူက ကလေးနှစ်ယောက်အဖေဖြစ်နေပြီ" ♋ Cancer – "သူ 'စားပြီးပြီလား' လို့မမေးတာနဲ့တင် စိတ်မကောင်းဖြစ်နေပြီ..." ♊ Gemini – "သူ Busy ဖြစ်နေတာပါဟ... နင်က ဇာတ်လမ်းတွဲကို Season 3 ထိ ရေးနေပြီ" ♌ Leo – "သူက ငါ့ကိုမချစ်ရင် သူကအရှုံးသမားပဲ" ♏ Scorpio – "အေး... Ego ကတော့ NASA ထိရောက်နေတယ်" ♍ Virgo – "သူ Reply နောက်ကျတာ ၃ မိနစ် ၂၇ စက္ကန့်..." ♐ Sagittarius – "ဟယ်...Timer နဲ့များ စောင့်နေတာလား " ♓ Pisces – "သူ့ Smile လေးတစ်ခါလုပ်လိုက်တာနဲ့ မင်္ဂလာပွဲထိ စိတ်ကူးယဉ်ပြီးပြီ။" ♑ Capricorn – " Relationship မစခင် Wi-Fi Bill လေးအရင်ရှင်း" ♒ Aquarius – "Love ဆိုတာ Chemistry ပဲ..." ♊ Gemini – "Chemistry မဟုတ်ဘူး... နင့်ကိုနားလည်ဖို့ Dictionary လိုတာ" ♉ Taurus – "Date သွားမလို့ စားကောင်းတဲ့နေရာတွေရွေးရမယ်" ♈ Aries – "နင်က Partner ရှာတာလား... Buffet ရှာတာလား " Me : "နင်တို့ ၁၂ ယောက်က Love Advice ပေးတာထက် တစ်ယောက်ကိုတစ်ယောက်ဖဲ့တာက ပိုများနေတယ်" #𝗞𝗼𝗲 #do_not_copy #Zodiac_World #zodiac_sign@KoezodiacW #writing_by_myself #forward_only

  • 30 июн.1 649665

    "ကြည့်လို့မရတဲ့သူနဲ့ အမှတ်မထင်တွေ့မိတဲ့အချိန်" "ဪ... အသက်ရှင်နေသေးတာလား..ဆိုတဲ့မျက်နှာပေးနဲ့ကြည့်တဲ့အဖွဲ့" ♏ Scorpio ♒ Aquarius ♍ Virgo "အညစ်အကြေးတွေမနင်းချင်ဘူးဆိုပြီး ရှောင်သွားတဲ့အဖွဲ့" ♉ Taurus ♑ Capricorn ♎ Libra "ဒေါသထွက်နေပေမယ့် စိတ်ထိန်းထားတဲ့အဖွဲ့" ♈ Aries ♋ Cancer ♌ Leo "ဘာမှမဖြစ်ပါဘူး အေးဆေးပဲဆိုတဲ့ Face နဲ့ဖြတ်သွားတဲ့အဖွဲ့" ♐ Sagittarius ♊ Gemini ♓ Pisces #𝗞𝗼𝗲 #Zodiac_World #zodiac_sign@KoezodiacW #do_not_copy #writing_by_myself #forward_only

  • နောက်ရက်ကိုယ်လာတင်ပေးပါ့မယ် မျှော်နေတဲ့လူတွေရှိတာသိပေမယ့် ကိုယ်ကမအားတော့ ချန်နယ်ဘက်မလှည့်ဖြစ်ဘူးဖြစ်နေတာ #𝗞𝗼𝗲

  • ကိုယ့်ကလေးတွေလည်း ကိုယ်မရှိတဲ့အတောအတွင်းထွက်လိုက်ကြတာ #𝗞𝗼𝗲

  • 11 июн.1 873587

    ရာသီခွင်တွေရဲ့ Social အရည်အသွေး Aries ♈ လူမှုရေးမှာ အမြဲ Performance ကောင်းပြီး ထိပ်ဆုံးက ဦးဆောင်ချင်သူ။ Taurus ♉ မိတ်ဆွေဖွဲ့ရ ခက်ပေမဲ့ တစ်ခါရင်းနှီးသွားရင် ရေရှည် အားကိုးရဆုံးသူ။ Gemini ♊ ဘယ်သူနဲ့မဆို စကားလက်ဆုံကျနိုင်တဲ့ Social Queen/King အစစ်။ Cancer ♋ အပြင်ပန်း ဂရုစိုက်ပြပေမဲ့ တကယ်တမ်း စိတ်အချရဆုံး လူနည်းစုကိုပဲ အနားထားသူ။ Leo ♌ လူအများကြားထဲ ရောက်ရင် အလိုလို Aura ထွက်ပြီး အာရုံစိုက်ခံရသူ။ Virgo ♍ လူမှုရေးထက် အလုပ်ကိစ္စကိုပဲ စနစ်တကျ ပြောဆိုဆက်ဆံရတာ ပိုကြိုက်သူ။ Libra ♎ ရန်ပွဲတွေကို ပြေလည်အောင် ညှိနှိုင်းပေးနိုင်တဲ့ လူမှုရေး အကောင်းဆုံးပိုင်ရှင်။ Scorpio ♏ လူတကာနဲ့ ရောရောနှောနှော မနေတတ်ဘဲ လျှို့ဝှက်ချက် များလွန်းသူ။ Sagittarius ♐ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဉာဏ်ရွှင်လို့ ဘယ်အဖွဲ့ထဲရောက်ရောက် အမြဲမြိုင်ဆိုင်စေသူ။ Capricorn ♑ အကျိုးရှိမယ့် ပတ်သက်မှုမျိုး (Networking) ကိုပဲ ဦးစားပေး ပေါင်းသင်းသူ။ Aquarius ♒ သူငယ်ချင်း မိတ်ဆွေ အလွန်များပေမဲ့ ဘယ်သူ့ကိုမှ ရာနှုန်းပြည့် စိတ်မနှစ်သူ။ Pisces ♓ သူတစ်ပါး ခံစားချက်ကို စာနာနားလည်ပေးနိုင်စွမ်း အမြင့်မားဆုံး ဆက်ဆံရေးရှိသူ။ Zodiac signs များသည် 100% မမှန်ကန်နိုင်ပါ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #ZodiacSigns #SocialSkills #HoroscopeBurmese #𝐃𝐨_𝐍𝐨𝐭_𝐂𝐨𝐩𝐲 #𝑾𝒓𝒊𝒕𝒕𝒆𝒏_𝒃𝒚 myself #ShortContent

  • 6 июн.1 543598

    🌧 မိုးအေးအေးလေးမှာ ဖတ်ဖို့... Zodiac ဆိုင်းတွေရဲ့ "မိုးရွာရင် လုပ်တတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့်များ" ☕️ အပြင်မှာ မိုးတွေအေးပြီး ရွာနေပြီဆိုရင် စိတ်ကူးယဉ်တဲ့သူက ယဉ်၊ အိပ်တဲ့သူက အိပ်နဲ့... Zodiac တစ်ခုချင်းစီမှာ မိုးရွာတဲ့နေ့ဆို ထွက်ထွက်လာတတ်တဲ့ လုံးဝ (လုံးဝ) မတူညီတဲ့ အကျင့်ဆန်းလေးတွေ ရှိကြပါတယ်။ ကိုယ်တေရော ဘယ်လို အုပ်စုထဲပါလဲ ကြည့်လိုက်ရအောင်... ♈ Aries (မိဿရာသီဖွား) မိုးရွာလည်း သူတို့ရဲ့ Energy က ကျမသွားပါဘူး။ "မိုးရွာတာ အေးအေးလူလူ ရှိလှချည်လား" ဆိုပြီး အိမ်ထဲမှာ ပျင်းလာတာနဲ့ တက်ကြွလှုပ်ရှားပြီး အိမ်အလုပ်တွေ ထလုပ်တာ၊ ဒါမှမဟုတ် သီချင်းအကျယ်ကြီးဖွင့်ပြီး ကဲနေတတ်တဲ့ အုပ်စုပါ။ ♉ Taurus (ပြိဿရာသီဖွား) မိုးရာသီရဲ့ ဘုရင်/ဘုရင်မကြီးတွေပါ။ မိုးရွာပြီဆိုတာနဲ့ စောင်ပုံထဲကနေ လုံးဝမထတော့ပါဘူး။ အနားမှာ မုန့်ထုတ်တွေအပြည့်နဲ့ ဖုန်းကြည့်လိုက်၊ အိပ်လိုက်၊ မိုးအေးအေးလေးမှာ အနားယူရတာကို အပြည့်အဝ ဇိမ်ခံနေတတ်တဲ့သူတွေပေါ့။ ♊ Gemini (မေထုန်ရာသီဖွား) မိုးရွာရင် အိမ်ထဲမှာ ငြိမ်ငြိမ်မနေနိုင်ဘဲ Group Chat တွေထဲ သွားဆူတတ်ပါတယ်။ "မိုးရွာနေတယ်နော်၊ မင်းတို့ဆီရော ရွာလား" ဆိုပြီး သူငယ်ချင်းတွေဆီ လိုက်ဖုန်းဆက်၊ မန့်တွေလိုက်မန့်ပြီး အားလုံးကို လိုက်နှောက်ယှက်နေတဲ့ အလုပ်ရှုပ်သူလေးပါ။ ♋ Cancer (ကရကဋ်ရာသီဖွား) "မိုးအေးအေးလေးနဲ့ အကြော်ပူပူလေး စားချင်တယ်" လို့ အရင်ဆုံး အော်မယ့်သူပါ။ မီးဖိုချောင်ထဲဝင်ပြီး တစ်ခုခု ထချက်စားဖို့ စိတ်အားထက်သန်နေတတ်ပြီး အိမ်သားတွေကိုပါ မိုးရာသီ အစားအသောက်တွေနဲ့ ပြုစုရတာ သဘောကျတတ်ပါတယ်။ ♌ Leo (သိဟ်ရာသီဖွား) မိုးရွာတာကိုတောင် Aesthetic ဖြစ်ဖြစ် Content လုပ်ချင်တဲ့သူပါ။ ကော်ဖီခွက်လေးကို ကိုင်၊ မှန်ပြတင်းပေါက်က မိုးရေစက်တွေကို ရိုက်ပြီး "Rainy day vibes..." ဆိုပြီး လူမှုကွန်ရက်ပေါ် Story တင်ဖို့ စက္ကန့်မဆိုင်းတဲ့သူမျိုး ဖြစ်ပါတယ်။ ♍ Virgo (ကန်ရာသီဖွား) မိုးရွာရင် စိတ်အေးရမယ့်အစား "မိုးရေတွေ ဝရန်တာထဲ စင်ကုန်ပြီလား၊ အဝတ်လှန်းထားတာတွေ စိုကုန်ပြီလား" ဆိုပြီး စိုးရိမ်စိတ်တွေလွန်ကဲကာ အိမ်ပတ်ပတ်လည်ကို လိုက်စစ်ဆေးပြီး အလုပ်ရှုပ်နေတတ်တဲ့ စည်းကမ်းကြီးသူပါ။ ♎ Libra (တူရာသီဖွား) မိုးရွာတဲ့နေ့မှာ အိပ်ယာထဲက ထဖို့ တော်တော်လေး ဆုံးဖြတ်ချက် ခက်ခဲနေတတ်ပါတယ်။ "ထရင် ကောင်းမလား၊ ဆက်အိပ်ရင် ကောင်းမလား" ဆိုပြီး ပျင်းရိပျင်းတွဲနဲ့ စောင်ထဲမှာတင် အချိန်ကုန်သွားတတ်တဲ့ အလှပဂေးလေးတွေပေါ့။ ♏ Scorpio (ဗြိစ္ဆာရာသီဖွား) မိုးရွာပြီဆိုရင် အခန်းမီးမှိတ်၊ ပြတင်းပေါက်နားမှာ ထိုင်ပြီး မိုးရွာတာကို ငေးကြည့်နေတတ်ပါတယ်။ တကယ်က ဘာမှတွေးနေတာမဟုတ်ဘဲ ဇာတ်လမ်းတွဲထဲက မင်းသား/မင်းသမီးလိုမျိုး ခပ်မိုက်မိုက် ပုံစံ ဖမ်းနေတာပါ။ ♐ Sagittarius (ဓနုရာသီဖွား) "မိုးရွာတာ အပြင်မသွားရဘူး" ဆိုတဲ့ စည်းကမ်း သူတို့ဆီမှာ မရှိပါဘူး။ မိုးရွာထဲ ထီးလေးဆောင်းပြီးဖြစ်ဖြစ်၊ မိုးကာအကျီ ဝတ်ပြီးဖြစ်ဖြစ် အပြင်ထွက်လည်ဖို့၊ ဒါမှမဟုတ် မိုးရေထဲ လမ်းလျှောက်ဖို့ အခွင့်အရေး ရှာတတ်တဲ့ အလွတ်သမားလေးပါ။ ♑ Capricorn (မကာရရာသီဖွား ရာသီဥတုက ဘယ်လောက်ပဲ အိပ်လို့ကောင်းကောင်း သူတို့ကတော့ လက်ပ်တော့ပ်ကြီးဖွင့်ပြီး အလုပ်လုပ်နေတုန်း၊ စာဖတ်နေတုန်းပါပဲ။ "မိုးရွာရင် အာရုံစိုက်ရတာ ပိုကောင်းတယ်" ဆိုပြီး အလုပ်ထဲ စိတ်နှစ်ထားတတ်တဲ့ သွေးအေးလူသားကြီးပါ။ ♒ Aquarius (ကုံရာသီဖွား) မိုးရွာတဲ့နေ့တွေမှာ တခြားသူတွေနဲ့မတူဘဲ ဆန်းပြားတဲ့အရာတွေ လုပ်တတ်ပါတယ်။ ကွန်ပျူတာဂိမ်းကို အသေအလဲ ဆော့နေတာမျိုး၊ ဒါမှမဟုတ် သိပ္ပံကားတွေ၊ လျှို့ဝှက်ဆန်းပြားတဲ့ Documentary တွေကို အခန်းအောင်းပြီး မပြတ်တမ်း ကြည့်နေတတ်ပါတယ်။ ♓ Pisces (မိန်ရာသီဖွား) မိုးရေစက်တွေကို ကြည့်ပြီး ကိုယ်တိုင် Music Video (MV) ထဲက ဇာတ်လိုက်ဖြစ်နေသလိုမျိုး သီချင်းအေးအေးလေးတွေ နားထောင်ရင်း စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားတတ်တဲ့ ရိုမန်တစ်ဆန်လွန်းသူလေး ဖြစ်ပါတယ်နော်။ 💬 ရန်ကုန်မှာမိုးရွာနေလို့ လိုက်မလားတင်ပေးတာ ကြိုက်ကြလား 🌧 🔖 Zodiac signs များသည် 100% မမှန်ကန်နိုင်ပါ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #𝐃𝐨_𝐍𝐨𝐭_𝐂𝐨𝐩𝐲 #𝑾𝒓𝒊𝒕𝒕𝒆𝒏_𝒃𝒚 myself #𝑭𝒐𝒓𝒘𝒂𝒓𝒅 only #RainyDayLifestyle #ZodiacFunnies #HoroscopeBurmese #မိုးရွာရင်ဘာလုပ်လဲ

  • 3 июн.1 4626231

    🔮 "စိတ်ပညာအရ ဖော်ထုတ်လိုက်တဲ့ Zodiac တစ်ခုချင်းစီရဲ့ အတွင်းစိတ်အမှန်" 🔮 လူတိုင်းမှာ အပြင်ပန်းပြသထားတဲ့ မျက်နှာဖုံးတစ်ခု ရှိတတ်ကြပေမဲ့... ဒါကတော့ သူတို့ရဲ့ စိတ်ထဲ အနက်ရှိုင်းဆုံးမှာ ဝှက်ထားတဲ့ အမှန်တရားတွေပါ။ ♈ Aries (မိဿရာသီဖွား) အပြင်ပန်း: ဒေါသကြီးတယ်၊ အမြဲတမ်း တက်ကြွပြီး ဘာမဆို ထိပ်ဆုံးက ပါချင်ကြတယ်။ ပုန်းကွယ်နေတဲ့ စရိုက်: တကယ်တော့ သူတို့ဟာ ကလေးတစ်ယောက်လို အရမ်းနုနယ်ပြီး သူတစ်ပါးရဲ့ ငြင်းပယ်ခြင်း ခံရမှာကို အကြောက်ဆုံးပါ။ သူတို့ စိတ်ဆိုးလွယ်တာက စိတ်ဒဏ်ရာမရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတဲ့ ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ ♉ Taurus (ပြိဿရာသီဖွား) အပြင်ပန်း: အေးအေးဆေးဆေး နေတတ်တယ်၊ စိတ်ချရတယ်၊ ဇွဲကောင်းတယ်။ ပုန်းကွယ်နေတဲ့ စရိုက်: ပိုင်စိုးပိုင်နင်းနိုင်မှု (Possessive) အလွန်ပြင်းထန်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ ပိုင်နက် ဒါမှမဟုတ် သူတို့လူကို လာထိရင် "အေးဆေးတယ်" ဆိုတဲ့ ပုံရိပ်ကနေ ချက်ချင်း ရက်စက်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ♊ Gemini (မေထုန်ရာသီဖွား) အပြင်ပန်း: စကားပြောကောင်းတယ်၊ ဖော်ရွေတယ်၊ ပျော်ပျော်နေတတ်တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: "မျက်နှာနှစ်ဖက်ရှိတယ်" လို့ အပြောခံရဆုံးပါ။ တကယ်တော့ သူတို့က လူတွေနဲ့ ဝေးဝေးနေပြီး တစ်ယောက်တည်း အထီးကျန်ရတာကို သဘောကျတတ်တဲ့ ဆန့်ကျင်ဘက် စိတ်ခံစားချက်ကို တိတ်တဆိတ် ပိုင်ဆိုင်ထားကြပါတယ်။ ♋ Cancer (ကရကဋ်ရာသီဖွား) အပြင်ပန်း: စိတ်သဘောထားနုညံ့တယ်၊ ဂရုစိုက်တတ်တယ်၊ မိသားစုချစ်တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: စိတ်ကောက်၊ စိတ်ကောက်တာထက် ပိုဆိုးတာက သူတို့ကို စိတ်နာအောင်လုပ်ရင် ဘယ်တော့မှ မမေ့ဘဲ ကလဲ့စားချေဖို့ အခွင့်အရေးကို အမြဲစောင့်နေတတ်တဲ့ 'အဆိပ်ပြင်းတဲ့ အကောင်' မျိုး ဖြစ်သွားတတ်တာပါပဲ ♌ Leo (သိဟ်ရာသီဖွား) အပြင်ပန်း: ယုံကြည်ချက်ရှိတယ်၊ ခေါင်းဆောင်နိုင်တယ်၊ အာရုံစိုက်ခံရတာ ကြိုက်တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: အတွင်းစိတ်မှာ အားငယ်စိတ် အလွန်များပါတယ်။ သူတို့လုပ်ရပ်တစ်ခုအပေါ် လူတွေက အသိအမှတ်မပြုဘူးလို့ ခံစားရရင် ချက်ချင်း စိတ်ဓာတ်ကျပြီး အလိုလို အထီးကျန်သွားတတ်ပါတယ်။ ♍ Virgo (ကန်ရာသီဖွား) အပြင်ပန်း: အရာရာ ပြီးပြည့်စုံနေမှ ကြိုက်တယ် (Perfect), စနစ်ကျတယ်၊ စည်းကမ်းကြီးတယ်။ ပုန်းကွယ်နေတဲ့ စရိုက်: သူတို့ရဲ့ ဦးနှောက်ထဲမှာ အတွေးတွေ လွန်ကဲပြီး ရူးမတတ် ခံစားနေရတာကို လူမသိအောင် ဖုံးကွယ်ထားကြပါတယ်။ ပြီးတော့ သူတို့က လူတွေကို အကဲဖြတ် (Judge) ရတာကို တိတ်တဆိတ် အလွန်ဝါသနာပါပါတယ်။ ♎ Libra (တူရာသီဖွား) အပြင်ပန်း: မျှတတယ်၊ အေးချမ်းမှုကို လိုလားတယ်၊ အလှအပ ကြိုက်တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: ဆုံးဖြတ်ချက် မပြတ်သားတာထက် သူတို့က "လူတိုင်းရဲ့ အကြိုက်ကို လိုက်လုပ်ပေးရင်း" တကယ့် ဇာတ်ကောင်အမှန်ကို ပျောက်ဆုံးနေတတ်ပါတယ်။ အေးချမ်းချင်ယောင် ဆောင်နေပေမဲ့ စိတ်ထဲမှာတော့ အမြဲ မုန်တိုင်းထန်နေတတ်တာပါ။ ♏ Scorpio (ဗြိစ္ဆာရာသီဖွား) အပြင်ပန်း: လျှို့ဝှက်ချက်များတယ်၊ စွဲလမ်းမှုပြင်းတယ်၊ ဆွဲဆောင်မှုရှိတယ်။ ပုန်းကွယ်နေတဲ့ စရိုက်: လူတွေကို လုံးဝ (လုံးဝ) မယုံကြည်တာပါပဲ။ သင်က သူတို့နဲ့ ဘယ်လောက်ပဲ ရင်းနှီးတယ် ပြောပြော သူတို့ရဲ့ အစစ်အမှန် လျှို့ဝှက်ချက် ၁ ခုကိုတော့ သင့်ကို ဘယ်တော့မှ အသိပေးမှာ မဟုတ်ပါဘူး။ ♐ Sagittarius (ဓနုရာသီဖွား) အပြင်ပန်း: လွတ်လပ်မှုကို မြတ်နိုးတယ်၊ ခရီးသွားရတာ ကြိုက်တယ်၊ အကောင်းမြင်တတ်တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: တစ်ခုခုအပေါ် စိတ်ကူးပေါက်ရင် ပေါက်သလို ဖြတ်ခနဲ လုပ်တတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကနေ ထွက်ပြေးဖို့ အမြဲတမ်း ကြိုးစားနေတတ်တဲ့ အတ္တသမား မျက်နှာဖုံး ရှိပါတယ်။ ♑ Capricorn (မကာရရာသီဖွား) အပြင်ပန်း: အလုပ်ကြိုးစားတယ်၊ ရည်မှန်းချက်ကြီးတယ်၊ တည်ငြိမ်တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: ပိုက်ဆံနဲ့ အာဏာကို အလွန်အမင်း မက်မောပြီး သူတို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ဆိုရင် ဘယ်လို ပတ်သက်မှုမျိုးကိုမဆို သွေးအေးအေးနဲ့ ဖြတ်တောက် လွှတ်ချပစ်ရဲတဲ့ စရိုက်ရှိပါတယ်။ ♒ Aquarius (ကုံရာသီဖွား) အပြင်ပန်း: ဖန်တီးနိုင်စွမ်းရှိတယ်၊ တစ်ဦးတည်း ထူးခြားနေတတ်တယ်၊ သူငယ်ချင်းများတယ်။ ပုန်းကွယ်နေတဲ့ စရိုက်: စိတ်ခံစားချက် ကင်းမဲ့သူတွေ (Emotionless) လို့ ပြောရလောက်အောင်ကို သွေးအေးပါတယ်။ သူတို့ စိတ်ကုန်သွားတဲ့ လူတစ်ယောက်ကို ဘဝထဲကနေ ပုံရိပ်တစ်ခုလို ဖြတ်ထုတ်ပစ်ဖို့ စက္ကန့်ပိုင်းပဲ လိုပါတယ်။ ♓ Pisces (မိန်ရာသီဖွား) အပြင်ပန်း: စိတ်ကူးယဉ်ဆန်တယ်၊ သနားတတ်တယ်၊ နူးညံ့တယ်။ ပုန်းကွယ်နေတဲ့ စရိုက်: သားကောင် အဖြစ်ဟန်ဆောင်ရတာ (Victim Card ဆော့ရတာ) ကို အလွန် ကျွမ်းကျင်ပါတယ်။ သူတို့ကြောင့် ပြဿနာဖြစ်ရင်တောင် သူတို့ကိုယ်သူတို့ သနားစရာကောင်းအောင် ပုံဖော်ပြီး အပြစ်ကနေ လွတ်အောင် ရုန်းတတ်ကြပါတယ်။ 📌 zodiac signs တေဟာ 100% မမှန်ကန်နိုင်ပါ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #𝑾𝒓𝒊𝒕𝒕𝒆𝒏_𝒃𝒚 myself #𝐃𝐨_𝐍𝐨𝐭_𝐂𝐨𝐩𝐲 #ZodiacSigns #Horoscope #SecretPersonality #ZodiacFacts

  • 1 июн.1 16776

    ကျောင်းတတ်ရတဲ့ကလေးတေဖိုက်တင်းပါနော် မမွန်းကတော့ချန်နယ်နှခုမာအမြဲရှိနေမာပါ ကိုးကျောင်းတတ်တော့သူမအားတဲ့အချိန် ဆန်းသစ်တဲ့ zodiac signs အကြောင်းတေကို မမွန်းကဆက်တင်ပေးမှာပါ Rec လေးပဲပေးကြပါ အချိန်မှန်တင်ပေးမယ် #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝

  • 25 мая1 7916314

    " ရာသီခွင်တွေ စိတ်ပင်ပန်းနေချိန် ပြသတတ်တဲ့ပုံစံများ " ♈ Aries စိတ်တိုလွယ်လာပြီး တိတ်တစိတ်ပျောက်သွားတတ်တယ်။ ♉ Taurus ဘာမှမဖြစ်သလိုနေတတ်ပေမယ့် စိတ်ထဲမှာတော့ အကုန်ခံစားနေရတယ်။ ♊ Gemini အပြင်မှာရယ်နေပေမယ့် တကယ်တော့ စိတ်ရှုပ်နေတာများတယ်။ ♋ Cancer သေးသေးလေးကအစ အရမ်းခံစားလွယ်လာတတ်တယ်။ ♌ Leo  ပျော်နေသလိုပြနေပေမယ့် တစ်ယောက်ထဲဆိုခံစားနေတတ်တယ်။ ♍ Virgo အရာအားလုံးကို အလွန်အကျွံတွေးပြီး ကိုယ့်ကိုယ်ကိုဖိအားပေးတတ်တယ်။ ♎ Libra ဘယ်သူ့ကိုမှ မပင်ပန်းစေချင်လို့ ကိုယ့်ခံစားချက်ကိုဖုံးထားတတ်တယ်။ ♏ Scorpio တိတ်ဆိတ်သွားတတ်ပြီး လူတွေနဲ့အကွာအဝေးထားလာတတ်တယ်။ ♐ Sagittarius ပျော်နေသလိုလုပ်ပေမယ့် တကယ်တော့ အဝေးကိုထွက်ပြေးချင်နေတတ်တယ်။ ♑ Capricorn “အဆင်ပြေပါတယ်” ဆိုပြီး အလုပ်ထဲကိုပဲ ကိုယ့်ကိုယ်ကိုနှစ်ထားတတ်တယ်။ ♒ Aquarius လူတွေကိုရှောင်လာပြီး ကိုယ့်ကမ္ဘာထဲပဲနေချင်လာတတ်တယ်။ ♓ Pisces သီချင်းနားထောင်ရင်း အတိတ်တွေထဲ ပြန်မျောသွားတတ်တယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #do_not_copy #writing_by_myself #forward_only

  • 24 мая1 506552

    ကျောင်းကလဲတက်ရတော့မယ် ကျောင်းဖွင့်တာနဲ့ကိုယ်ကမအားတော့ဘူး မင်းတို့ အပ်မင်မွန်းနဲ့ချန်နယ်ကိုအပ်ထားခဲ့တယ် ကိုယ်လဲအချိန်ရရင်ရသလိုလာတင်မယ် ကိုယ်မရှိတဲ့အချိန် အပ်မင်မွန်းကပဲပို့စ်အသစ်တွေတင်ပေးလိမ့်မယ် မင်းတို့ကိုထားခဲ့ရမှာစိတ်မချဖြစ် #𝗞𝗼𝗲

  • 22 мая1 764547

    " ဘယ်ရာသီခွင်က ဘယ်ဂြိုလ်သားလဲ ဖတ်ကြည့်ရအောင် " Sun — ♌ Leo Sun ဟာ တောက်ပမှု၊ ယုံကြည်မှုနဲ့ ခေါင်းဆောင်နိုင်မှုကို ကိုယ်စားပြုတဲ့ celestial body ဖြစ်တယ်။ Leo ရာသီခွင်တွေက နေမင်းလိုပဲ ဘယ်နေရာရောက်ရောက်ထင်ရှားနေတတ်ပြီးကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို တခြားသူတွေကိုလည်း energy ပေးနိုင်တတ်ကြတယ်။Sun energy က pride နဲ့ self-expression ကိုလည်း ဖော်ပြတတ်တယ်။ Moon — ♋ Cancer Moon ဟာ ခံစားချက်၊ intuition နဲ့ နူးညံ့တဲ့စိတ်ခံစားမှုတွေကို ကိုယ်စားပြုတယ်။ Cancer ရာသီခွင်တွေက လမင်းလိုပဲ emotion နက်ရှိုင်းတတ်ပြီး ချစ်တဲ့သူတွေကို အရမ်းဂရုစိုက်တတ်ကြတယ်။ Moon energy က memories နဲ့ inner feelings တွေကိုလည်း ဆက်စပ်ထားတယ်။ Mars — ♈ Aries & ♏ Scorpio Mars ဟာ ခွန်အား၊ ဒေါသ၊ passion နဲ့ တိုက်ခိုက်လိုစိတ်ကို ကိုယ်စားပြုပါတယ်။ Aries တွေမှာ Mars energy က ရဲရင့်မှုနဲ့ အရှုံးမပေးချင်တဲ့စိတ်အဖြစ် ပေါ်လာတတ်ပြီး Scorpio တွေမှာတော့ တိတ်တိတ်လေးပြင်းထန်နေတဲ့ intensity အဖြစ် ပေါ်လာတတ်ပါတယ်။ Mars energy က strong will နဲ့ desire ကို ဖော်ပြတတ်ပါတယ်။ Venus — ♉ Taurus & ♎ Libra Venus ဟာ အချစ်၊ အလှအပ၊ romance နဲ့ attraction ကို ကိုယ်စားပြုတယ်။ Taurus တွေက comfort နဲ့ loyalty ကို တန်ဖိုးထားတတ်ပြီး Libra တွေက harmony နဲ့ charm ကို ပိုဖော်ပြတတ်ကြတယ်။ Venus energy က gentle vibe နဲ့ affection ကို ဆက်စပ်ထားတယ်။ Mercury — ♊ Gemini & ♍ Virgo Mercury ဟာ ဉာဏ်ရည်၊ communication နဲ့ thinking ကို ကိုယ်စားပြုတယ်။ Gemini တွေက စကားပြောကောင်းပြီး idea အသစ်တွေ မြန်မြန်ထွက်တတ်ကြတယ်။Virgo တွေကတော့ အသေးစိတ်စဉ်းစားတတ်ပြီး logic ကျကျကြည့်တတ်တယ်။Mercury energy က learning နဲ့ mind activity ကို ဖော်ပြပါတယ်။ Jupiter — ♐ Sagittarius Jupiter ဟာ luck၊ growth နဲ့ freedom ကို ကိုယ်စားပြုတယ်။ Sagittarius တွေက adventure ကိုနှစ်သက်ပြီး အသစ်"တွေကိုလေ့လာရတာကြိုက်တတ်ကြတယ်။Jupiter energy က expansion နဲ့ wisdom ကို ဆက်စပ်ထားပါတယ်။ Saturn — ♑ Capricorn Saturn ဟာ discipline၊ responsibility နဲ့ ambition ကို ကိုယ်စားပြုတယ်။ Capricorn တွေကကြိုးစားတတ်ပြီး ကိုယ့်ရည်မှန်းချက်ကို မရမချင်း လက်မလျှော့တတ်ကြဘူး။Saturn energy က patience နဲ့ hard work ကို ဖော်ပြပါတယ်။ Uranus — ♒ Aquarius Uranus ဟာ uniqueness၊ rebellion နဲ့ innovation ကို ကိုယ်စားပြုတယ်။ Aquarius တွေက တခြားသူတွေနဲ့မတူတဲ့အတွေးတွေရှိတတ်ပြီး rule တွေထဲမှာ ပိတ်မနေချင်တတ်ကြဘူး။ Uranus energy က freedom of thought နဲ့ originality ကို ဆက်စပ်ထားတယ်။ Neptune — ♓ Pisces Neptune ဟာ dreams၊ imagination နဲ့ deep emotions ကို ကိုယ်စားပြုတယ်။ Pisces တွေက စိတ်ကူးယဉ်ဆန်ပြီး ခံစားချက်နက်ရှိုင်းတတ်ကြတယ်။Neptune energy က fantasy နဲ့ spiritual feelings တွေကို ဖော်ပြပါတယ်။ Pluto — ♏ Scorpio Pluto ဟာ mystery၊ transformation နဲ့ obsession ကို ကိုယ်စားပြုတယ်။ Scorpio တွေက အတွင်းစိတ်နက်ရှိုင်းပြီး ပြင်းထန်တဲ့ aura ရှိတတ်ကြတယ်။Pluto energy က change နဲ့ rebirth ကိုဖော်ပြပါတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #forward_only #do_not_copy #writing_by_myself #inspired_by_originalidea

  • 20 мая1 29175

    အိမ်ကအဖေတို့များ မိုးလေးချိန်းတာကို သူ့မိန်းမကိုပြေးဖက် ဖက်စရာမရှိတဲ့ကိုယ်တို့မောင်နှမနှစ်ယောက်ဘီလိုက်ခ် : #𝗞𝗼𝗲

  • 17 мая1 780703

    " ဦးနှောက်ဖွံ့ဖြိုးလာစေရန် လုပ်သင့်တဲ့အရာများ " • စာဖတ်ပါ အသစ်အသစ်သောအကြောင်းအရာတွေဖတ်ရင် စဉ်းစားနိုင်စွမ်းတိုးလာပါတယ်။ • နေ့တိုင်းအရာအသစ်တစ်ခုလေ့လာပါ ဘာသာစကား၊ သီချင်းတီးခြင်း၊ skill အသစ်တွေက ဦးနှောက်ကို active ဖြစ်စေတယ်။ • Puzzle / Chess / IQ game တွေဆော့ပါ Logic နဲ့ memory ကိုတိုးစေတယ်။ • အိပ်ရေးဝဝအိပ်ပါ Sleep မလုံလောက်ရင် concentration နဲ့ memory ကျတတ်တယ်။ • လေ့ကျင့်ခန်းလုပ်ပါ Walking, running, stretching လို exercise တွေက ဦးနှောက်သွေးလည်ပတ်မှုကောင်းစေတယ်။ • Healthy food စားပါ ငါး၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ အသီးအနှံတွေက brain health အတွက်ကောင်းတယ်။ • Social media ကိုအလွန်မသုံးပါနဲ့ Short content အများကြီးကြည့်တာက attention span လျော့စေတတ်တယ်။ • Meditation / mindfulness လုပ်ပါ စိတ်တည်ငြိမ်ပြီး focus ပိုကောင်းလာစေတယ်။ • ကိုယ့်ဘာသာစဉ်းစားတဲ့အကျင့်လုပ်ပါ အရာတစ်ခုကို “ဘာကြောင့်လဲ” ဆိုပြီး တွေးတတ်ရင် critical thinking တိုးလာ‌စေတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #do_not_copy #writing_by_myself #forward_only #inspired_by_originalidea