tgindex
ပြည်သူ့ပန်းတိုင်-People's Goal

ပြည်သူ့ပန်းတိုင်-People's Goal

Статистика

PG is committed to fostering inclusivity, reconciliation, and transitional justice in Myanmar.

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
14
Всего постов
27
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
2 630
−4 за 3 дн.
Сутки
−3
−0,11%
Неделя
 
Месяц
 
Просмотров на пост
210
27 постов
Вовлечённость
8,0%
к подписчикам
Постов в день
2,0
всего 27
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
180
1/48двое суток
206
1/72трое суток
222

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ဤအမြင်သည် မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမျှ ချစ်ခြင်း၊ မုန်းခြင်း သို့မဟုတ် တိုက်ခိုက်လိုခြင်းကြောင့် မဟုတ်ဘဲ တော်လှန်ရေးခရီးရှည်တွင် မလိုအပ်သော ပွတ်တိုက်မှုများ လျော့နည်းစေရန် ရိုးသားသော စေတနာဖြင့် တင်ပြသော အကြံပြုချက်သာ ဖြစ်ပါသည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

  • "စစ်သားနဲ့ နိုင်ငံရေး ဘာဆိုင်သလဲ" 🔹လူသာ မြန်မာ့နွေဦးတော်လှန်ရေးသည် ဆယ်စုနှစ်များစွာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ စိန်ခေါ်နေသော သမိုင်းဝင်တိုက်ပွဲတစ်ရပ် ဖြစ်သည်။ ထိုတိုက်ပွဲတွင် အောင်မြင်မှုရရှိရန် စစ်ရေးတစ်ခုတည်းဖြင့် မလုံလောက်ဘဲ နိုင်ငံရေး၊ သံတမန်ရေး၊ သတင်းအချက်အလက်၊ နည်းပညာ စသည့် ကဏ္ဍပေါင်းစုံမှ ဟန်ချက်ညီညီ ချဉ်းကပ်နိုင်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ရန်ဘက်အင်အားစုအတွင်းမှ အပြောင်းအလဲဖြစ်လာနိုင်သည့် အခွင့်အလမ်းများကို မည်သို့အသုံးချမည်ဆိုသည့် ကိစ္စသည် တော်လှန်ရေး၏ အောင်မြင်မှုကို တိုက်ရိုက်သက်ရောက်စေသည့် အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ လက်ရှိတော်လှန်ရေးအသိုက်အဝန်းအတွင်းတွင် “စစ်သားဆိုတာ နိုင်ငံရေးနဲ့ မဆိုင်ဘူး၊ နိုင်ငံရေးမသိရဘူး၊ နိုင်ငံရေးအကြောင်း မပြောသင့်ဘူး” ဟူသော အယူအဆတစ်ခု တွင်ကျယ်နေသည်။ ယင်းအမြင် ဖြစ်ပေါ်လာခြင်းမှာ စစ်တပ်က “နိုင်ငံရေးကို ငါတို့ပဲလုပ်မယ်” ဟူသော အယူအဆဖြင့် အာဏာသိမ်းခဲ့သည့် သမိုင်းကြောင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ်နှင့် နိုင်ငံရေးကို မပေါင်းစပ်လိုခြင်းမှာ နားလည်နိုင်သည့် ခံစားချက်တစ်ခုဖြစ်သည်။ သို့သော် လက်ရှိတော်လှန်ရေး၏ လက်တွေ့အခြေအနေကို သေချာစွာ သုံးသပ်ကြည့်လျှင် ယင်းအယူအဆသည် တော်လှန်ရေးအတွက် အဟန့်အတားတစ်ရပ် ဖြစ်လာနိုင်သလားဆိုသည်ကို စဉ်းစားသင့်သည်။ စစ်တပ်အတွင်းတွင် အမိန့်ပေးစနစ်သည် တင်းကျပ်ပြီး နိုင်ငံရေးအသိပညာနှင့် အပြင်လောက၏ အမှန်တရားများကို အောက်ခြေစစ်သည်များ မသိရှိနိုင်စေရန် သတင်းအချက်အလက်များကို စနစ်တကျ ထိန်းချုပ်ထားသည်။ ထိုအမှောင်ထုကို ဖြတ်ကျော်၍ အမှန်တရားကို သိမြင်လာပြီး ပြည်သူဘက်သို့ ရပ်တည်လာသူများအနက် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်သူများမှာ CDM အရာရှိနှင့် စစ်သည် အနည်းစုသာ ရှိသည်။ သူတို့သည် အသက်နှင့်ဘဝကို စွန့်စား၍ ထွက်လာခဲ့ကြသူများဖြစ်သလို ယနေ့တိုင်လည်း (ဘက်နှစ်ဖက်စလုံး၏) စောင့်ကြည့်ခံရနိုင်မှု အန္တရာယ်များကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုသူများက တပ်တွင်းအခြေအနေမှန်၊ ဦးနှောက်ဆေးကြောခံရပုံနှင့် သတင်းအမှောင်ချစနစ်တို့ကို ထုတ်ဖော်ပြောဆိုသည့်အခါ တော်လှန်ရေးဘက်မှ အချို့က သံသယမျက်စိဖြင့် ကြည့်ကြပြီး “မင်းတို့က စစ်သားပဲ၊ နိုင်ငံရေးမပြောနဲ့” ဟု တုံ့ပြန်ကြသည်ကို တွေ့ရသည်။ ထိုသဘောထားသည် အတိတ်ဒဏ်ရာများ၏ အကျိုးဆက်ဖြစ်သော်လည်း တော်လှန်ရေးအတွက် အကျိုးရှိ၊ မရှိကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ ပထမအချက်မှာ သံသယကို ကျော်လွန်၍ အင်အားအဖြစ် အသုံးချတတ်ရန် ဖြစ်သည်။ တပ်ထဲမှ ထွက်လာသူများကို သတိထားစောင့်ကြည့်ခြင်းသည် သဘာဝကျသော်လည်း သံသယလွန်ကဲသွားပါက အမှန်တရားကို သိမြင်ပြီး ထွက်လာလိုသူများ၏ လမ်းကြောင်းကိုပါ ပိတ်ဆို့သလို ဖြစ်သွားနိုင်ပါသည်။ အမှန်တကယ် တိုက်ဖျက်ရမည့် ရန်သူမှာ အာဏာသိမ်းစစ်ခေါင်းဆောင်များဖြစ်ပြီး၊ ထိုစနစ်မှ လွတ်မြောက်လာသူများသည် တော်လှန်ရေးအတွက် အဖိုးတန်သည့် အင်အားစုအဖြစ် ပြောင်းလဲလာနိုင်သည်။ ဒုတိယအချက်မှာ တပ်တွင်းရှိသူများ၏ အတွေးအမြင် ပြောင်းလဲရန်အတွက် အတွင်းလူများ၏ အသံ လိုအပ်သည်။ စစ်တပ်ကို အပြင်မှ ဖိအားပေးရုံဖြင့်သာ ပြိုလဲသွားရန် မလွယ်ကူပါ။ အတွင်းမှ ယိုင်နဲ့လာစေရန် “ငါတို့ မှားနေပြီ” ဟူသော အသိတရား တပ်တွင်း၌ ပေါ်ပေါက်လာဖို့ လိုအပ်သည်။ ထိုအသိကို အပြင်လူများထက် (တပ်တွင် အတူတာဝန်ထမ်းဆောင်ခဲ့ဖူးသည့်) CDM စစ်သားများ၏ စကားက ပိုမိုထိရောက်စွာ ရိုက်ခတ်နိုင်သည်။ ထိုအသံကို ပိတ်ပင်လိုက်ခြင်းသည် တပ်တွင်းရှိ စစ်သည်များကို အမှောင်ထဲတွင် ဆက်လက်ထားရှိပေးသလို ဖြစ်သွားနိုင်သည်။ တတိယအချက်မှာ “စစ်သား နိုင်ငံရေးမလုပ်ရဘူး” ဆိုသည့် အဓိပ္ပာယ်ကို ရှင်းလင်းစွာ ခွဲခြားနားလည်ရန် ဖြစ်သည်။ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ရပ်သည် အာဏာသိမ်းခြင်း၊ အစိုးရဖွဲ့စည်းခြင်း၊ ပါတီနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မလုပ်သင့်ပါ။ သို့သော် တပ်မှထွက်လာပြီး အမှန်တရားကို ဖော်ထုတ်ပြောဆိုနေသူများကိုပါ “နိုင်ငံရေးမပြောနဲ့” ဟု တားမြစ်မည်ဆိုပါက ယင်းသည် အာဏာရှင်များ ကျင့်သုံးခဲ့သည့် သတင်းအမှောင်ချစနစ်ကို တစ်ဖန်ပြန်လည် အားဖြည့်ပေးသလို ဖြစ်သွားနိုင်သည်။ နိဂုံးချုပ်အားဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေးသည် လက်နက်ဖြင့် တိုက်ခိုက်ခြင်းတစ်ခုတည်းအပေါ် မူတည်မနေပါ။ စစ်တပ်အတွင်းရှိ အမိန့်ပေးစနစ်နှင့် ဦးနှောက်ပိတ်ခံထားရမှုကို ဖြိုခွဲနိုင်ရန်လည်း အရေးကြီးသည်။ ယင်းအတွက် တပ်တွင်းမှ ဖောက်ထွက်လာသူများ၏ အသံသည် အရေးပါသော သော့ချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် သံသယရှိသင့်သည့်နေရာတွင် သတိရှိစွာ စိစစ်သော်လည်း အမှန်တရားဘက်သို့ ရပ်တည်လာသူများကို သံသယတစ်ခုတည်းဖြင့် တွန်းဖယ်မပစ်ဘဲ စစ်အာဏာရှင်စနစ်ကို အတူဖြိုဖျက်မည့် မဟာမိတ်အင်အားစုများအဖြစ် ကျယ်ပြန့်သော နှလုံးသားဖြင့် လက်ခံပေါင်းစည်းနိုင်ကြရန် လိုအပ်သည်ဟု ယုံကြည်မိပါသည်။

  • “နောက်ကွယ်က ဖန်မီးအိမ်” https://youtu.be/jUa5oyHfzmU

  • без подписи

  • စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ပထမပတ် အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၇ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။ အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၇ ဦး) စစ်သား ၇ ဦး -ကရင်ပြည်နယ် (၁) -ရှမ်းပြည်နယ် (၆) *(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၇ ဦးအနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်သည်။)* စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၂၀ ဦး) စစ်သား ၁၉ ဦး -ချင်းပြည်နယ် (၆) -တနင်္သာရီတိုင်း (၄) -မကွေးတိုင်း (၉) ရဲ ၁ ဦး -တနင်္သာရီတိုင်း (၁) ++++++++ စစ်သားတွေက ငြိမ်းချမ်းရေးမျှော်ကြတယ်။ ပြည်သူတွေက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြတယ်။ အစိုးရတုကတော့ တရားဝင်မှုရဖို့ပဲ စိတ်ဝင်စားပါတယ်။ ပြည်သူတွေလည်း ဆင်းရဲဒုက္ခရောက်နေဆဲပါပဲ။ စစ်သားတွေလည်း ကတုတ်ကျင်းထဲ ထမင်းငတ်နေကြတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကတော့ ရာထူးနေရာအလိုက် အသီးသီး ချမ်းသာကုန်ကြပါပြီ။ တိုင်းပြည်ကိုနင်းချေပြီး ကုပ်သွေးစုပ်နေတာ ဘယ်သူတွေလဲ အောက်ခြေနင်းပြားတွေ သိသင့်ကြသလို ရုန်းထွက်ဖို့လည်း သတ္တိရှိသင့်ကြပါပြီ။ ++++++++ ကိုးကား - (၁.၈.၂၀၂၆ ) မှ (၇.၈.၂၀၂၆) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။ မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လ ပထမပတ် အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၃၇၉၅ ဦးထိရှိခဲ့ပါသည်။ ဆက်သွယ်ရန် ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက – - တယ်လီဂရမ် : [@PeopleGoal] - ဗိုက်ဘာ : +66 94 652 9985 #PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #ပြေးဟပရောဂျက်ယခုတစ်ပတ်

  • “ရဲရင့်သူတို့ လျှောက်သောလမ်း” https://youtu.be/Pnpx_Fj6nfI

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • “အခြေခံလျှပ်စစ်နှင့် အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်သင်တန်း ပုံရိပ်များ” ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာနမှ "အခြေခံလျှပ်စစ်နှင့် အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်သင်တန်း” အမှတ်စဉ် (၃) ကို ဇူလိုင်လ ၆ ရက် မှ စတင်ကာ ဖွင့်လှစ်သင်ကြားနေပါတယ်။ သင်တန်းမှာ စစ်သား/ရဲ CDM များ၊ အရပ်ဘက် CDM များ၊ PDF ရဲဘော်ဟောင်းများ၊ နိုင်ကျဉ်းဟောင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၁၄) ဦး တက်ရောက်လျက် ရှိပါတယ်။ သင်တန်း ရက်သတ္တပတ် (၅) ပတ် မြောက် သင်တန်းသားများရဲ့ စာတွေ့ လက်တွေ့ သင်ယူနေမှုများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ #ပြည်သူ့ပန်းတိုင် #ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာန #အခြေခံလျှပ်စစ်နှင့် အဲကွန်း၊ ရေခဲသေတ္တာ ပြုပြင်သင်တန်း

  • без подписи

  • တစ်ဖက်တွင်လည်း အာဏာသည် ယစ်မူးသာယာစေတတ်သည့် သဘောရှိ၍ ထိုအာဏာကို အကန့်အသတ်မရှိ ပေးအပ်ခြင်းသည် မည်သူ့အတွက်မဆို အန္တရာယ်ရှိသဖြင့် ၎င်းအာဏာကို အကောင်းဘက်သို့သာ ဦးတည်အသုံးချနိုင်စေရန် ချိန်ညှိထိန်းကွပ်မည့် အဖွဲ့အစည်းနှင့် ယန္တရားများ တည်ဆောက်ထားနိုင်ရန် လိုအပ်ရခြင်း ဖြစ်သည်။ အချုပ်ဆိုရလျှင် မြန်မာ့နိုင်ငံရေးကို အဆိုး/အကောင်း ပြောင်းလဲစေခဲ့သည်မှာ အာဏာမဟုတ်၊ လူဖြစ်သည်။ ပို၍ တိတိကျကျဆိုရလျှင် အာဏာကို ကိုင်ဆောင်ခဲ့သော လူ၏ 'ပကတိတန်ဖိုး’ပင် ဖြစ်သည်။ သို့ဖြစ်၍ တော်လှန်ရေးအောင်မြင်စေရန်နှင့် မိမိတို့တိုင်းပြည်၏ အနာဂတ်သမိုင်းကြောင်းကို အကောင်းဘက်သို့ ပြောင်းလဲတိုးတက်စေရန်အတွက် နိုင်ငံ့အာဏာများကို အပ်နှင်းရာ၌ အပေါင်းလက္ခဏာပြပကတိတန်ဖိုး မြင့်မားသူများကိုသာ ရွေးချယ်၍ လူမှန်နေရာမှန် တာဝန်ပေးအပ်သင့်သလို ထိုကဲ့သို့သောသူများအား စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်မည့် အခြေခံပညာရေးစနစ်ကောင်းတစ်ခု တည်ဆောက်ထားနိုင်ရန်မှာလည်း အလွန်အရေးကြီးကြောင်း သတိမူသင့်လှသည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

  • “လူသား၏ ပကတိတန်ဖိုးနှင့် အာဏာထပ်ညွှန်းကိန်းများကပြောသော မြန်မာ့နိုင်ငံရေး” 🔹လင်းသစ် (မဟာဝိဇ္ဇာ) မြန်မာ့နိုင်ငံရေး သမိုင်း‌ကြောင်းကို ပြောင်းလဲစေခဲ့သည့်အရာမှာ အာဏာဖြစ်သည်ဟု လူအများက ယုံကြည်ကြသည်။ မဝေးသေးသော သမိုင်းကို ပြန်ကြည့်လျှင်လည်း နေဝင်း၊ သန်းရွှေ စသော စစ်ခေါင်းဆောင်များသည် အာဏာ၏အခရာကျမှုကြောင့်သာ သမိုင်းကို ပြောင်းလဲနိုင်သကဲ့သို့ တွေ့မြင်ရသည်ပင်။ သို့သော် အာဏာသည် သမိုင်းကို ကိုယ်တိုင်မဖန်တီးနိုင်ပေ။ အာဏာကို ကိုင်တွယ်အသုံးပြုသူ၏ ပကတိတန်ဖိုးနှင့် သဘောထားလက္ခဏာကသာ သမိုင်းကို ပြောင်းလဲစေနိုင်ခြင်း ဖြစ်သည်။ အာဏာသည် လူတစ်ယောက်၏ စိတ်သဘောထားကို အကောင်း/အဆိုး ပြောင်းလဲပေးခြင်း မဟုတ်ဘဲ ရှိပြီးသား ကိုယ်ရည်ကိုယ်သွေးနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အဆပေါင်းများစွာ ချဲ့ထွင်ပေးသည့် ထပ်ညွှန်းကိန်း (Multiplier) သာ ဖြစ်ပေသည်။ လူတိုင်းတွင် ပကတိတန်ဖိုးများ ရှိကြသည်။ ဉာဏ်ရည်ဉာဏ်သွေး၊ မျှော်မြင်တွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း၊ တာဝန်ယူစိတ်၊ ကိုယ်ချင်းစာတရား၊ အကြင်နာတရား၊ တရားမျှတမှုကို တန်ဖိုးထားစိတ်နှင့် အများအကျိုးကို ဦးစားပေးလိုစိတ်တို့သည် လူတစ်ယောက်၏ ဆုံးဖြတ်ချက်နှင့် လူမှုဝန်းကျင်အပေါ်သက်ရောက်မှုကို ပုံဖော်ပေးသော အခြေခံတန်ဖိုးများ ဖြစ်ကြသည်။ သို့ရာတွင် ပကတိတန်ဖိုးတိုင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးချည်း ဖြစ်စေသည်တော့ မဟုတ်။ လူ့ဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သော ကိုယ်ရည်ကိုယ်သွေးများသည် အပေါင်းလက္ခဏာပြ ပကတိတန်ဖိုးများ ဖြစ်ကြပြီး အတ္တ၊ လောဘ၊ အကြောက်တရား၊ မုန်းတီးမှုနှင့် အခြားသူများကို လွှမ်းမိုးထိန်းချုပ်လိုစိတ်တို့သည် အနုတ်လက္ခဏာဆောင်သော ပကတိတန်ဖိုးများ ဖြစ်ကြသည်။ အပေါင်းနှင့် အနုတ်ကို အောက်ပါ စံနှုန်းများဖြင့် ခွဲခြားသတ်မှတ်ကြည့်နိုင်သည်။ • လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်း၊ • လူ့အဖွဲ့အစည်းကို တိုးတက်စေခြင်း၊ • ဖြောင့်မတ်သော ကိုယ်ကျင့်တရားရှိခြင်း၊ • မှန်ကန်သော စိတ်စေတနာကောင်းရှိခြင်း။ သို့သော် လူတစ်ယောက်၏ လူမှုသက်ရောက်မှုကို ပကတိတန်ဖိုးတစ်ခုတည်းက အလုံးစုံ မဆုံးဖြတ်နိုင်သေးပေ။ ထိုတန်ဖိုးများအပေါ် အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ လက်နက်အင်အား၊ အဖွဲ့အစည်း၊ လူထုယုံကြည်မှုနှင့် သတင်းမီဒီယာဩဇာ စသည့် ထပ်ညွှန်းကိန်းများ လာရောက်ပေါင်းစပ်သောအခါမှသာ သက်ရောက်မှုသည် အဆမတန် ကြီးမားလာသည်။ အကြမ်းဖျင်းအားဖြင့် လူမှုဖွဲ့အစည်း‌အပေါ်သက်ရောက်မှု = ပကတိတန်ဖိုး × ထပ်ညွှန်းကိန်း ဟု နားလည်နိုင်သည်။ သာဓကအားဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ပြောင်းလဲစေခဲ့သူနှစ်ဦး၏ ဖြစ်ရပ်များကို လေ့လာနိုင်ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် နိုင်ငံရေးအာဏာ၊ လက်နက်ကိုင်အင်အား၊ အုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံ၏ အရင်းအမြစ်အများစုကို ထိန်းချုပ်ထားခဲ့သည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ အမြင့်ဆုံး ထပ်ညွှန်းကိန်းအားလုံးနီးပါးကို လက်ဝယ်ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ထိုဖြစ်စဉ်တွင် အာဏာထပ်ညွှန်းကိန်းတို့က မင်းအောင်လှိုင်၏ အနုတ်လက္ခဏာပြပကတိတန်ဖိုးကို အဆသန်းပေါင်းများစွာ မြှင့်တင်ပေးခဲ့ပြီး ရလဒ်အားဖြင့် မြန်မာတနိုင်ငံလုံး ဘက်စုံပျက်စီးကာ ကပ်ဘေးစုံ ဆိုက်သည်အထိ ဖြစ်ခဲ့ရပေသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းမတိုင်မီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် အရပ်သားအစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အာဏာအပြည့်အဝ မရရှိခဲ့သော်လည်း ရနိုင်စွမ်းသည် အာဏာထပ်ညွှန်းကိန်းအနည်းငယ်မျှဖြင့်ပင် တိုင်းပြည်ကို ဘက်စုံ၊ ကဏ္ဍစုံ တိုးတက်ရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် လူမှုဝန်းကျင် သက်ရောက်မှု အပြောင်းအလဲများသည် အကောင်းဘက်သို့ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ဤသည်က နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်‌ဆန်းစုကြည်၏ ပင်ကိုယ်ပကတိတန်ဖိုးမြင့်မားမှုအပေါ် အာဏာထပ်ညွှန်းကိန်း သက်ရောက်မှု ရလဒ်များပင် ဖြစ်သည်။ အထက်ပါ ဖြစ်ရပ်နှစ်ခုသည် အာဏာထပ်ညွှန်းကိန်းအပေါ် အနှုတ်ပြပကတိတန်ဖိုးနှင့် အပေါင်းပြပကတိတန်ဖိုးတို့၏ အလုပ်လုပ်ပုံနှင့် ဆန့်ကျင်ဘက် သက်ရောက်မှုများအတွက် သက်သေပြချက်များပင် ဖြစ်သည်။ ဤသဘောတရားသည် ထပ်ညွှန်းကိန်းအလွန်မြင့်မားသော အာဏာဗဟိုချက်သို့ ရောက်ရှိလာသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ပင်ကိုယ်စွမ်းရည် ပကတိတန်ဖိုးမြင့်မားမှုနှင့် အပေါင်း/အနုတ်ဆန်သည့် ကိုယ်ကျင့်ရားသည် မည်မျှ အရေးကြီးကြောင်း သတိပေးချက်လည်း ဖြစ်သည်။ သို့ဖြစ်၍ သမိုင်းကြောင်းကို ပြောင်းလဲစေနိုင်သည့် နိုင်ငံ့အာဏာထပ်ညွှန်းကိန်းကို ဆက်ခံမည့်သူအား ရွေးချယ်ရာတွင် လုပ်ဆောင်နိုင်စွမ်းဟူသည့် ပကတိတန်ဖိုးစွမ်းရည်သည် အရေးကြီးသော်လည်း အဆိုး/အကောင်းကို ဘက်ပြောင်းပစ်နိုင်စွမ်းသည့် ကိုယ်ကျင့်တရားလက္ခဏာက ပို၍အရေးကြီးကြောင်း သတိပြုသင့်ကြပါသည်။ "အာဏာရလာသူတွင် မည်သည့်ပကတိတန်ဖိုးများ ရှိသနည်း" ဆိုသည်ကို မဖြစ်မနေ သတိပြုရမည်ဖြစ်သလို "ထိုအာဏာကို ထိန်းကျောင်းမည့် အဖွဲ့အစည်းများ ရှိသလား" ဆိုသည်ကိုလည်း မမေ့လျော့သင့်ပေ။

  • без подписи

  • "၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၉၀ ဦး ရှိခဲ့" ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၉၀ ဦး အလင်းဝင်ပူးပေါင်းလာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။ အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၄၅ ဦး)။ - စစ်သား ၄၀ ဦး။ - မကွေးတိုင်း (၂၂)၊ စစ်ကိုင်းတိုင်း (၁၄)၊ ချင်းပြည်နယ် (၁)၊ ကရင်ပြည်နယ် (၁)၊ မန္တလေးတိုင်း (၁)၊ တနင်္သာရီတိုင်း (၁)။ *(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၄၀ ဦးအနက် ၃၇ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)* - ပြည်သူ့စစ် ၅ ဦး။ - စစ်ကိုင်းတိုင်း (၁)၊ ချင်းပြည်နယ် (၂)၊ တနင်္သာရီတိုင်း (၂)။ လက်နက်ချသူများ (စုစုပေါင်း ၁၀ ဦး)။ - ရဲ ၁၀ ဦး - မန္တလေးတိုင်း (၁၀)။ စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၃၅ ဦး)။ - စစ်သား ၃၂ ဦး။ - ချင်းပြည်နယ် (၈)၊ တနင်္သာရီတိုင်း (၁)၊ ကရင်ပြည်နယ် (၁၂)၊ ကရင်နီပြည်နယ် (၉)၊ မကွေးတိုင်း (၂)။ *(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၃၂ ဦးအနက် ၇ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)* - ရဲ ၂ ဦး - မန္တလေးတိုင်း (၂)။ - ပြည်သူ့စစ် ၁ ဦး။ - မကွေးတိုင်း (၁)။ သတင်းကိုးကား - တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာများ။ မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၇၆၈ ဦးထိရှိခဲ့ပါသည်။ ဆက်သွယ်ရန် ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက – - တယ်လီဂရမ် : [@PeopleGoal] - ဗိုက်ဘာ : +66 94 652 9985 #PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #၂၀၂၆ #ဇူလိုင်

  • မဟာမိတ်တွေအနေနဲ့ အပစ်ရပ်လိုက်လို့ တော်လှန်ရေး တစ်ခုလုံးရပ်တန့်သွားတာမဟုတ်ဘူး https://youtu.be/fh4vYZQTSkA