TAZE တန့်ဆည်မြို့နယ်မြေပြင် / ဝေဟင် သတင်းစုံ
Статистикаမြေပြင်သတင်းများ ဝေဟင် ဖြတ်သန်းမှု့များကို ကူညီပေးပို့ကြပါအုံးနော်။
- Последний пост
- 13 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 2
- Всего постов
- 52
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 113
- 1/48двое суток
- 129
- 1/72трое суток
- 139
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
ထိုင်းရောက်အမ ရေဘေးအတွက်လှူသောပစ္စည်းများ တန့်ဆည်အရှေ့ခြမ်းရေဘေးသင့်ပြည်သူများထံသို့ ပို့ပေးခဲ့ပါပြီ
တန့်ဆည်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များစာရင်း 9.8.2026 ရက်နေ့ SURI မှ 30,000 ကျပ် ဘရူနိုဂျီ မှ 50,000 ကျပ် Henry မှ 100,000 ကျပ် လမ်းပြကြယ် ဆရာတော် 50,000 ကျပ် ကိုကျော်ရဲကို မှ 100,000 ကျပ် Seven မှ 50,000 ကျပ် ထွန်းနိုင်လင်း မှ 300,000 ကျပ် ရီဝေဇင် မှ 30,000 ကျပ် နှင်းနွယ် မှ 100,000 ကျပ် ကိုနိုင်လင်းအောင်+မစုမြတ်အောင် မှ 50,000 ကျပ် နှလုံးသားရှိတဲ့ အရက်သမား မှ 30,000 ကျပ် Infinity Group
ဒီပဲယင်းတွင် ချောင်းဖြတ်ကူးသည့် ကောက်စိုက်သမ ၆ ဦး ရေစီးထဲ မျှောပါသေဆုံး၊ သဖန်းဆိပ်ဆည် ရေပိုလွှဲဖွင့်ထား၍ မူးမြစ်ဘေးကျေးရွာများ ရေဘေးသတိပြု နေထိုင်ရန် အသိပေး ရန်ကုန်၊ ဩဂုတ် ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာအုပ်စုတွင် ကောက်စိုက်သမ ၁၀ ဦးသည် ချောင်းဖြတ်ကူးနေစဉ် ရုတ်တရက် ချောင်းရေတိုးလာသဖြင့် ကောက်စိုက်သမ ၆ ဦး ရေစီးထဲ မျှောပါသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ မြောက်ဘက်ရှိ ကံချောင်းအတွင်းသို့ ကောက်စိုက်ပြန်လာသည့် ကောက်စိုက်သမ ၁၀ ဦး ချောင်းဖြတ်ကူးစဉ် ရုတ်တရက် ချောင်းရေတိုး၍ ရေလှိုင်းကြီးများ စီးဝင်လာသဖြင့် ရေနှင့်အတူ မျောပါသွားခဲ့သည်။ အဆိုပါ ရေထဲမျှောပါသွားသူ ၁၀ ဦးအနက်မှ ၆ ဦးမှာ အသက်ဆုံးရှုံးခဲ့ရပြီး ကျန် ၄ ဦးမှာ လွတ်မြောက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့သော်လည်း ကျန်ရုပ်အလောင်း ၁ ခုကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ "ရုပ်အလောင်း ၅ လောင်းကို ပြန်လည်ဆယ်ယူရရှိပြီးဖြစ်ပါတယ်။ တစ်လောင်းကို ဆက်လက် ရှာဖွေဆဲပါ။ ကျွန်တော်တို့ တော်လှန်ရေးဒေသနေ ပြည်သူတွေအနေနဲ့ သဘာဝဘေး ကြုံရလို့ ဝမ်းနည်းရတာကတမျိုး စစ်တပ်က ဘာမဆိုင်ညာမဆိုင် ဗုံးကျဲမှာကြောက်နေရတာကတမျိုးဖြစ်နေပါတယ်" ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ထို့ပြင် ကန့်ဘလူမြို့နယ်ရှိ သဖန်းဆိပ်ဆည်သည် မိုးရေချိန်များပြားမှုကြောင့် ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်နေသဖြင့် ဆည်အတွင်းမှ ရေများကို အဆက်မပြတ် ရေတံခါးများဖွင့်လှစ်၍ လွှတ်ထုတ်နေရသည်။ သို့ဖြစ်ပါ၍ သဖန်းဆိပ်ဆည် အောက်ဘက်ရှိ ကျေးရွာများနှင့် မူးမြစ် (နတ်မူး) ဘေးတစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားရနိုင်ခြေ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြု ကြိုတင်ပြင်ဆင်ကြရန် နှိုးဆော်ထားသည်။ လက်ရှိတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အညာဒေသရှိ မူးမြစ်တစ်လျှောက်နှင့် ဆည်အောက်ဘက် ကျေးရွာနေ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပြောဆိုထားသည်။
без подписи
ဝရငယ် နဘက်ကြီးမူးဘောင် နှစ်ဘောင်လုံးရေကျော်ပီး အေနာက်ဘက်ဘောင်တွင် လက်ရှိသုံးနေရာလောက်ကြိုးစပြုနေပါပီ.အရှေ့ဘက်ဘောင်ကတော့ လက်ရှိ တနေရာကြိုးကြသွားပါပီ ရေကလုံးဝထိမ်းမနိုင်တော့ပါ မူးဘောင်လမ်းပိုင်းအား လက်ရှိတွင်ဆိုင်ကယ်မှအစ အသုံးပြုမရတော့ပါ အနောက်ဘက်ဘောင်မှာတော့ တတ်နိုင်သလောက် ကြိုးပေါက်မသွားအောင် ပြုပြင်လျက်ရှိပါတယ် ပြည်သူအားလုံးဂရုစိုက် နေထိုင်ပေးကြပါ။ Ko Soe
“ရွှေဘိုခရိုင်အတွင်း၌ နေထိုင်ကြသော မိဘပြည်သူများခင်ဗျာ” ကျွန်းလှနယ် သဖန်းဆိပ်ဆည်ကြီး၏ ကန်ရေပြည့်မှတ်မှာ ၅၄၅ ပေခန့်သာ ဝင်ဆံ့ပြီး ယခုလက်ရှိ ရေပမာဏသည် ၅၄၃.၇၅ ပေသို့ ရောက်ရှိနေပါသဖြင့် ဆည်ကြံ့ခိုင်မှုရှိစေရန်အတွက် ၆.၈.၂၀၂၆ ယနေ့တွင် ရေလွှတ်နှုန်း (၈၀၀၀၀ကျူ့ဆက်) ကုဗပေ/စက္ကန့် အထိ လွှတ်ထားပါသည်။ ထိုသို့ လွှတ်ထားသော ရေများသည် ကာဘိုးဆည်အတွင်းသို့ ယနေ့ညပိုင်း (သို့မဟုတ်) မနက်ဖြန်နက်ပိုင်းအချိန်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ ကာဘိုးဆည် မူးမြစ် (နတ်မူးမြစ်) ရေတံခါးများအားလုံး ဖွင့်လှစ်ထားသောကြောင့် အထက်မှ စုန်ဆင်းလာသော ရေများသည် အထိန်းအကွပ်မရှိ အောက်ဘက်သို့ ဆက်လက်ဆင်းလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မူးမြစ် (နတ်မူးမြစ်) ရေသည် ယခုလက်ရှိ ရေပြင်ထက် ပို၍ တက်လာနိုင်သဖြင့် မူးမြစ် (နတ်မူးမြစ်) ဘေးကျေးရွာများတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို သတိပြုဂရုစိုက်ကြရန်နှင့် မွေးမြူရေးတိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများကို ရေလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ကြပါရန် အသိပေးကြေညာအပ်ပါသည်။ ကျွန်တော်တို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပင်မသတင်းဌာနအနေဖြင့်လည်း ရေထုတ်လွှတ်မှုပမာဏများကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပြန်ကြားသွားမည်ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း ရေဘေးအန္တရာယ် အသိပေးထုတ်လွှင့်ချက်များကို အမြဲမပြတ် နားစွင့်ပေးကြပါရန် ထပ်မံအသိပေးအပ်ပါသည်။ ပင်မ သတင်းဌာန(ရွှေဘိုခရိုင်) Aug 6 , 5:09 PM
#ပသုံးလုံးအလုပ်သဘောတရားများ ပအဖ / ပလဖ / ပကဖ တို့၏ ဘယ်သူက ဘယ်သူ့အောက်ကနေ ဘယ်လိုအလုပ်လုပ်သင့်သလဲ ==================================== ပထမဆုံး နားလည်ထားရမည့်အချက်မှာ ပအဖ၊ ပလဖ၊ ပကဖ တို့သည် အာဏာပြိုင်ဖက်အဖွဲ့များ မဟုတ်ဘဲ အခန်းကဏ္ဍမတူသော ပြည်သူ့အဖွဲ့အစည်း သုံးခုဖြစ်ကြောင်း ဖြစ်ပါသည်။ အဖွဲ့သုံးခုကို သီးခြားလွတ်လပ်စွာ မမြင်သင့်ဘဲ ပအဖကို အုပ်ချုပ်ရေးအခြေခံအုတ်မြစ်အဖြစ်ထားပြီး ပလဖနှင့် ပကဖက ထောက်ပံ့ပေးရမည့် စနစ်တစ်ခုအဖြစ် နားလည်ထားရပါသည်။ အကျဉ်းချုပ်အားဖြင့် ပအဖသည် ဆုံးဖြတ်သူ ပလဖသည် ထိန်းသိမ်းအကောင်အထည်ဖော်သူ ပကဖသည် နောက်ဆုံးအဆင့် ကာကွယ်သူ ဖြစ်ပါသည်။ ------------------------------------ ၁။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ------------------------------------ ပအဖသည် ဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရမည့် အဖွဲ့ဖြစ်ပါသည်။ ထို့ကြောင့် ပလဖနှင့် ပကဖ နှစ်ဖွဲ့စလုံးသည် ပအဖ၏ အုပ်ချုပ်ရေးမူဝါဒနှင့် ဆုံးဖြတ်ချက်များအောက်တွင် အလုပ်လုပ်သင့်ပါသည်။ ပအဖ၏ အလုပ်မှာ ပြည်သူ့လိုအပ်ချက်များကို စုဆောင်းနားထောင်ခြင်း စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း အဖွဲ့အစည်းများအကြား တာဝန်ခွဲဝေပေးခြင်း အငြင်းပွားမှုများကို အုပ်ချုပ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း တို့ဖြစ်ပါသည်။ ပအဖသည် လက်နက်မကိုင်ရသော်လည်း အုပ်ချုပ်ရေးအာဏာအမြင့်ဆုံးကို ကိုင်ထားသောအဖွဲ့ဖြစ်ပြီး ဆုံးဖြတ်ချက်များ၏ သက်ရောက်မှုသည် ပလဖနှင့် ပကဖ၏ အလုပ်လုပ်ပုံအထိ ရောက်ရှိပါသည်။ ------------------------------------ ၂။ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ------------------------------------ ပလဖသည် ပအဖ၏ ဆုံးဖြတ်ချက်များကို မြေပြင်အဆင့်တွင် ထိန်းသိမ်းအကောင်အထည်ဖော်ပေးသော လုံခြုံရေးအဖွဲ့ဖြစ်ပါသည်။ ထို့ကြောင့် ပလဖသည် ပအဖအောက်တွင် တာဝန်ယူအလုပ်လုပ်ရမည့် အဖွဲ့ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ပိုင်ခွင့် မရှိပါ။ ပလဖ၏ အဓိကတာဝန်မှာ ရပ်ရွာလုံခြုံရေးထိန်းသိမ်းခြင်း အငြင်းပွားမှုများကို အကြမ်းဖက်မှုမဖြစ်အောင် ကြိုတင်တားဆီးခြင်း လိုအပ်လျှင် စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းကို စည်းကမ်းအတိုင်း ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။ ပလဖသည် စည်းမျဉ်းချမှတ်ခြင်း၊ အရေးကြီးဆုံးဖြတ်ချက်ချမှတ်ခြင်းများကို ကိုယ်တိုင် မလုပ်ရပါဘဲ ပအဖ၏ လမ်းညွှန်မှုအောက်တွင်သာ ဆောင်ရွက်ရပါသည်။ ------------------------------------ ၃။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ------------------------------------ ပကဖသည် အန္တရာယ်အမြင့်ဆုံးအခြေအနေများတွင်သာ ပါဝင်သင့်သော နောက်ဆုံးအဆင့် ကာကွယ်ရေးအဖွဲ့ဖြစ်ပါသည်။ အလုပ်လုပ်ပုံအရ ပကဖသည် ပအဖ၏ အုပ်ချုပ်ရေးမူဝါဒအောက်တွင် ပလဖနှင့် ညှိနှိုင်းကာ အလုပ်လုပ်ရပါသည်။ ပကဖ၏ အာဏာသည် လက်နက်ပါဝင်သော အာဏာဖြစ်သောကြောင့် အသက်အန္တရာယ်အထိ သက်ရောက်နိုင်ပါသည်။ ထို့ကြောင့် ပကဖသည် ပလဖအပေါ် အာဏာပိုင်သဖွယ် မဖြစ်စေရန် ပအဖကို ကျော်လွန်အုပ်ချုပ်ခြင်း မပြုရပါ။ ပကဖ၏ အလုပ်မှာ ပြည်သူ့အသက်အန္တရာယ်ကို ကာကွယ်ခြင်း လုံခြုံရေးစနစ် မထိန်းနိုင်တော့သည့်အချိန်တွင် ထောက်ပံ့ခြင်း ဖြစ်ပြီး နေ့စဉ်အုပ်ချုပ်ရေးအဖွဲ့ မဟုတ်ပါ။ ==================================== နိဂုံးချုပ် ==================================== ပအဖ = ဆုံးဖြတ်သူ / ဦးဆောင်သူ ပလဖ = ထိန်းသိမ်းသူ / အကောင်အထည်ဖော်သူ ပကဖ = နောက်ဆုံးအဆင့် ကာကွယ်သူ အဖွဲ့တစ်ဖွဲ့စီက မိမိအခန်းကဏ္ဍကို ကျော်လွန်ပါက အာဏာရှုပ်ထွေးမှုနှင့် ပြည်သူ့ယုံကြည်မှု ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ အာဏာထက် အခန်းကဏ္ဍကို ရှင်းလင်းစွာ ခွဲခြားနားလည်နိုင်မှသာ ပြည်သူမကြောက်ရသော စနစ်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ #လွတ်လပ်စွာကူးယူခွင့်ရှိပါသည် #ခွင့်တောင်းစရာမလိုပါ ကိုအေကေ #စွမ်းရည်မြှင့်သင်တန်းအပတ်စဉ်(1)
ပြည်သူ့ကျိန်စာ သင့်နေသော စကစ မင်းအောင်လှိုင်ခွေးတပ်သည် 3.8.2026 ခုနစ် မနက် 5:16မိနစ်အချိန်ခန့်တွင် မှော်ဘီလေတပ်မှ ပျံတက်လာသော တရုတ်ထုတ် FTC-2000G Jf တစ်စီးဟာ လေ့ကျင့်ပျံသန်းနေစဥ် ငှက်တစ်ကောင်ဖြင့် တိုက်မိ၍ ငှက်ကောင်သည် Jf၏ အင်ဂျင်ပိုင်းသို့ ဝင်ရောက်သွားခဲ့ရာ အင်ဂျင်မီးလောင်သွားပြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် ကျေးရွာအနီးတွင် အောက်သို့ထိုးကျသွားပြီး မီးလောင်ပျက်စီးသွားကြောင်း မင်္ဂလာ သတင်းကောင်း ပါးအပ်ပါတယ်ခမျာ။
ရေစကြို ရေစကြိုနယ်ဖြတ်၍ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ ပျံသန်း။ #WaiHin Jul 27, 10:59 AM 📬သတင်းပို့ရန် @WaiHinAirScout_Bot
⚠️ရေစကြို ရေစကြိုနယ်အလယ်ကြောဖြတ်၍ မကွေးလေတပ်တက် Jet Fighter (1)စီး တောင်အရပ်သို့ ပျံသန်း။ 10:57, Jul 27 #EAR #SCIN
⚠️မြောင် မြောင်နယ်အလယ်ကြောဖြတ်၍ မကွေးလေတပ်တက် Jet Fighter (1)စီး အနောက်တောင်အရပ်သို့ ပျံသန်း။ 10:57, Jul 27 #EAR #SCIN
ချောင်းဦး ⚠️ ချောင်းဦးနယ်ဖြတ်၍ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ ပျံသန်း။ #WaiHin Jul 27, 10:57 AM 📬သတင်းပို့ရန် @WaiHinAirScout_Bot
ထီးလင်း⚠️ ထီးလင်းနယ်အလယ်ကြောဖြတ်၍ နေပြည်တော်လေတပ်တက်၂စီးမြောက်ဂျက်ဖိုက်တာ ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။ #WaiHin Jul 27, 10:57 AM 📬သတင်းပို့ရန် @WaiHinAirScout_Bot
ထီးလင်း⚠️ ထီးလင်းနယ်အနောက်မြောက်ခြမ်းတနေရာတွင် နေပြည်တော်လေတပ်တက်ဂျက်ဖိုက်တာ ၁စီး ပျံသန်းဝဲနေ။ #WaiHin Jul 27, 10:56 AM 📬သတင်းပို့ရန် @WaiHinAirScout_Bot
ပေါက်⚠️ ပေါက်နယ်အနောက်ခြမ်းဖြတ်၍ နေပြည်တော်လေတပ်တက်၂စီးမြောက်ဂျက်ဖိုက်တာ ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။ #WaiHin Jul 27, 10:53 AM 📬သတင်းပို့ရန် @WaiHinAirScout_Bot
⚠️ထီးလင်း ထီးလင်းနယ် တောင်ခြမ်းဖြတ်၍ ဧလာလေတပ်တက် Jet Fighter (1)စီး အနောက်မြောက်အရပ်သို့ ပျံသန်း။ 10:53, Jul 27 #EAR #SCIN
ပေါက်⚠️ ပေါက်နယ်တောင်ခြမ်းဖြတ်၍ နေပြည်တော်လေတပ်တက်၂စီးမြောက်ဂျက်ဖိုက်တာ ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။ #WaiHin Jul 27, 10:52 AM 📬သတင်းပို့ရန် @WaiHinAirScout_Bot