tgindex
Western News

Western News သတင်းဌာနသည် မတရားမှုများနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာဂုဏ်သိက္ခာနှင့် အညီ စောင့်ကြည့် စုံစမ်းဖော်ထုတ်တင်ပြသည့် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
95
Всего постов
129
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
12 авг.
Подписчики
29 022
−68 за 5 дн.
Сутки
−20
−0,07%
Неделя
 
Месяц
 
Просмотров на пост
1 072
40 постов
Вовлечённость
3,7%
к подписчикам
Постов в день
13,6
всего 129
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1 346
1/48двое суток
1 542
1/72трое суток
1 663

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ■ ဘင်္ဂလားဒေ့ရှ်ပေးပို့သည့် နေရပ်စွန့်ခွာသူစာရင်းတွင် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူ ၄,၂၀၀ ကျော် ပါဝင်ဟု စစ်ကောင်စီပြော Western News| ဩဂုတ် ၁၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ပေးပို့ထားသည့် နေရပ်စွန့်ခွာသူအမည်စာရင်းများကို စိစစ်ရာတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄,၂၄၁ ဦးကို တွေ့ရှိထားကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသည့် လူဦးရေ ၈၂၈,၈၂၄ ဦးပါ အမည်စာရင်းအနက် ၄၂၆,၅၄၅ ဦး ထက်ဝက်ကျော်ကို ဇူလိုင်လ ၃၁ ရက်အထိ စိစစ်ပြီးဖြစ်ပြီး ယင်းစိစစ်မှုအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄,၂၄၁ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ပြောဆိုထားခြင်းဖြစ်သည်။ စိစစ်ပြီးသူများအနက် ရခိုင်ပြည်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၃၀၈,၇၉၇ ဦးရှိပြီး ရခိုင်ပြည်အတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ ၁၁၃,၅၀၇ ဦးရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ စိစစ်ချက်အရ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူ ၄,၂၄၁ ဦးသည် စိစစ်ပြီးသူ ၄၂၆,၅၄၅ ဦး၏ တစ်ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ လက်ရှိစိစစ်ပြီးသည့်စာရင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသည့် စုစုပေါင်း ၈၂၈,၈၂၄ ဦး၏ ထက်ဝက်ကျော်သာရှိပြီး ကျန်ရှိသည့် အမည်စာရင်းများကို စစ်ကောင်စီက ဆက်လက်စိစစ်နေကြောင်းလည်း ပြောသည်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ရခိုင်ပြည်တွင် အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိသူများကို ၎င်းတို့၏ဆန္ဒအလျောက် လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားထားသည်။ သို့သော် ရခိုင်ပြည်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှသာ ဘင်္ဂလားဒေ့ရှ်နှင့် ညှိနှိုင်းပြီး ပြန်လည်လက်ခံရေးကို ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ထုတ်ပြန်ထားသည်။ နှစ်နိုင်ငံအကြား ယခင်ကလည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်များ ချုပ်ဆိုခဲ့ပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် ပြန်လည်လက်ခံရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာသူ မရှိခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်။ #WesternNews #WN #ဘင်္ဂလားဒေ့ရှ် #စစ်ကောင်စီ #မွတ်ဆလင်အရေး #နေရပ်ပြန်ရေး #ပြန်လည်လက်ခံရေး #အကြမ်းဖက်သမားများပါဝင်နေ #ရခိုင်ပြည်

  • без подписи

  • без подписи

  • ■ မြန်မာနိုင်ငံ ရေဘေးအရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ WFP စတင် Western News| ဩဂုတ် ၁၅ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူများအကြား အစားအစာပြတ်လပ်မှုအန္တရာယ် ပိုမိုဆိုးရွားလာနိုင်သဖြင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း ဩဂုတ်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။ ဇူလိုင်လ ၃၀ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာကျိုးပေါက်ပြီး ကျေးရွာများနှင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် အာဟာရပြည့် စကွတ်များ ဖြန့်ဝေခြင်းဖြင့် WFP က ရေဘေးတုံ့ပြန်ရေးလုပ်ငန်းကို စတင်ခဲ့ကြောင်း သိရသည်။ WFP က ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ပြည်သူများကို ကူညီပံ့ပိုးပေးနေသည့် ဒေသခံမိတ်ဖက်အဖွဲ့များထံ အာဟာရပြည့် စကွတ် မက်ထရစ်တန်ချိန် ၂၀ ပေးပို့ထားပြီး လူဦးရေ ၁၀,၀၀၀ အတွက် လုံလောက်ကြောင်း သိရသည်။ လက်ရှိတွင် ယင်းအကူအညီများကို ဖြန့်ဝေပေးနေပြီဟု ဆိုသည်။ WFP မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Michael Dunford က ရေကြီးမှုများသည် အခြားအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများအတွက် အခက်အခဲများကို ပိုမိုဆိုးရွားစေကြောင်း ပြောသည်။ "ရေကြီးတာက ထပ်ခါတလဲလဲဖြစ်နေကျ ဘေးအန္တရာယ်တစ်ခုဆိုပေမယ့်၊ ဒီနှစ်မှာတော့ တခြားအကျပ်အတည်းမျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်" ဟု Mr. Michael Dunford က ပြောသည်။ ရေဘေးကြောင့် နေအိမ်များ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးခြင်း၊ သောက်သုံးရေများ ညစ်ညမ်းခြင်းနှင့် ဈေးဆိုင်များ ပုံမှန်မလည်ပတ်နိုင်ခြင်းတို့ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုထားသည်။ "စားဝတ်နေရေးအတွက်ကို အနိုင်နိုင်ရုန်းကန်နေရတဲ့ မိသားစုတွေဟာ အခုဆိုရင် နေအိမ်တွေ ရေမြုပ်၊ သီးနှံတွေပျက်စီး၊ သောက်သုံးရေတွေ ညစ်ညမ်းသွားတဲ့အပြင် ဈေးဆိုင်တွေလည်း မလည်ပတ်နိုင်တော့တာမျိုးတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ WFP အနေနဲ့ လတ်တလော စားနပ်ရိက္ခာအကူအညီတွေပေးနိုင်ဖို့ အမြန်ဆုံး လှုပ်ရှားဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ရေကြီးတာက ဆက်ပြီးကြာနေမယ်ဆိုရင်တော့ အခြေအနေတွေ အလျင်အမြန် ဆိုးရွားသွားနိုင်ပါတယ်။" ဟု ပြောကြားခဲ့သည်။ WFP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု အခြေအနေကို ဆက်လက်စာရင်းကောက်ယူ အတည်ပြုနေပြီး ရေဘေး၏ သက်ရောက်မှုများကိုလည်း စောင့်ကြည့်အကဲဖြတ်နေကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးကျပ်တည်းမှုများ၊ စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှုများနှင့် သဘာဝဘေးအန္တရာယ်များ ပေါင်းစုံဖြစ်ပေါ်နေမှုကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့်မှာ ဆာလောင်မွတ်သိပ်မှုနှင့် ရင်ဆိုင်နေရကြောင်း WFP က ဆိုသည်။ ရေဘေးသင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း လိုအပ်ချက်များကို အကဲဖြတ်ဆန်းစစ်နေပြီး ရရှိသည့်အချက်အလက်များ၊ သွားလာခွင့်အခြေအနေများနှင့် ရန်ပုံငွေရရှိနိုင်မှုအပေါ် မူတည်ကာ အကူအညီအလိုအပ်ဆုံးဒေသများတွင် စားနပ်ရိက္ခာထောက်ပံ့မှုများ တိုးချဲ့ဆောင်ရွက်ရန် အသင့်ရှိကြောင်း WFP က ပြောသည်။ ထို့အပြင် ရေဘေးသင့်မိသားစုများထံ အချိန်မီ အဟန့်အတားမရှိ သွားရောက်ကူညီခွင့်ရရှိရေးနှင့် အရေးပေါ်ရန်ပုံငွေများ ရရှိရေးသည် အရေးကြီးကြောင်းလည်း WFP က တိုက်တွန်းထားသည်။ #WesternNews #WN #မြန်မာနိုင်ငံအနှံ့ #ရေကြီးရေလျှံဖြစ်ပွားနေ #ပြည်သူသိန်းချီရေဘေးသင့်နေ #အကူအညီများလိုအပ်နေ #ရေကြီးမှုရက်ရှည်နေ #WFP

  • 14 авг.1 589192
  • 14 авг.1 688122

    ■ လေးကေ့ကော်ဒေသရှိ စစ်ဘေးရှောင်များ အတွက် မော်ဒယ်လုလုအောင် ကျပ်သိန်း (၄၀) လှူဒါန်း Western News | ဩဂုတ် ၁၄ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ လေးကေ့ကော်မြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် မော်ဒယ် လုလုအောင်က ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဘေးရှောင်စခန်းများ၌ လိုအပ်လျက်ရှိသော စားသောက်ကုန်များနှင့် ရိက္ခာခြောက်များ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း (၄၀) (ကျပ် ၄,၀၀၀,၀၀၀ိ/-) ကို ၎င်းက ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လှူဒါန်းမှုအတွက် လေးကေ့ကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေး ကော်မတီက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့စွဲဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ မှတ်တမ်းတင်ဂုဏ်ပြုခဲ့သည်။ မော်ဒယ် လုလုအောင်သည် စစ်ဘေးဒုက္ခသည်များနှင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအတွက် တတ်အားသမျှ ပါဝင်ကူညီလှူဒါန်းလေ့ရှိသူတစ်ဦး ဖြစ်သည်။ မော်ဒယ် လုလုအောင်သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ၆ လအောက် နို့စို့အရွယ် ကလေးငယ်များအတွက် Arakanese Ladies အဖွဲ့မှတစ်ဆင့် ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ နို့မှုန့်နှင့် အာဟာရမုန့်များ လှူဒါန်းခဲ့သည်။ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်များနှင့် ကျေးရွာများဆီသို့ ဂျက်ဖိုက်တာများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပုံစံမျိုးစုံဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ထိုသို့ လေကြောင်းမှ ရမ်းသန်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးရမှုများနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးရမှုများ ရှိနေသည်။ #WesternNews #လေးကေ့ကော် #ကရင်ပြည်နယ် #စစ်ဘေးရှောင် #လုလုအောင် #မြန်မာ့သတင်း

  • 14 авг.1 4032
  • 14 авг.1 4123

    ■ တပတ်ကျော်ကြာသည့်အထိ အညာရေးဘေး ဆက်လက်ကြုံနေရဆဲ Western News | ဩဂုတ် ၁၄ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း (၂၀) ခုတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ စစ်ကိုင်းတိုင်းတွင် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှ ရေစတင်ဖောက်ချခဲ့ခြင်းနှင့်အတူ ဆည်အောက်ဘက်ရှိ မြို့နယ် (၁၃) ခုတွင် လွန်ခဲ့သည့် ဩဂုတ်လ (၆) ရက်နေ့မှစ၍ ယနေ့အထိ ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရသည်။ ယခုတွင်လည်း အဆိုပါမြို့နယ်များတွင် ရေအနည်းငယ်မျှသာ ကျဆင်းသွားပြီး ရေကြီးရေလျှံမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ရေဘေးကူညီရေး လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ဆရာနောင် (ငြိမ်းချမ်းရေးစာသင်ခန်း) က ပြောသည်။ “ရွာတွေမှာတော့ ရေတွေ နည်းနည်းကျသွားတဲ့ အခြေအနေတော့ ဖြစ်တယ်။ လုံးဝဆင်းသွားတဲ့ အနေအထားမျိုးတော့ မဟုတ်တော့ ဒေသခံတွေကတော့ ဘေးလွတ်ရာတွေမှာပဲ ဆက်ပြီးတော့ နေရသေးတယ်” ဟု ၎င်းက ဆိုသည်။ ယခုလိုအခြေအနေများကြောင့် သိန်းနှင့်ချီသည့် ရေဘေးသင့်ပြည်သူများသည်လည်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ပိတ်မိနေသူအချို့ရှိသည်ဟု ဆရာနောင်က ဆက်လက်ပြောကြားသည်။ "လောလောဆယ်မှာတော့ တချို့နေရာမှာ ပိတ်မိနေသူတွေလည်း ရှိတယ်။ တချို့တွေကျတော့လည်း လွတ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ၊ ရွာတွေမှာ သွားနေကြတာ ရှိတယ်။ ပြီးတော့ နီးစပ်တဲ့ရွာတွေက ထမင်းထုပ်တွေပေးပြီးတော့ ရွာအချင်းချင်း ကူညီလုပ်ပေးကြတာတော့ ရှိတယ်။ စစ်ရှောင်စခန်းတွေနဲ့ စားဝတ်နေရေးခက်ခဲတဲ့နေရာတွေမှာဆိုရင်တော့ စားဝတ်နေရေး တော်တော်လေး ဒုက္ခရောက်တယ်။ ကူညီမယ့်သူရှိရင်တောင် ကျနော်တို့က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် သွားပို့ဖို့တောင် တော်တော် ဒုက္ခရောက်နေကြတယ်" ဟု Western News ကို ပြောသည်။ ထို့အပြင် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ ရေဘေးသင့်ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုပါ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း ဆရာနောင်က ဆိုသည်။ “ရေကြီးတာကြာလာတော့ ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်လတ်လာတယ်။ ပြီးတော့ ရေသန့်ပေါ့နော်၊ လတ်တလောမှာ အဲဒါတွေ အရေးတကြီး လိုအပ်နေတယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလည်း တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်တယ်။ ဆေးခန်းတွေကိုလည်း မသွားနိုင်၊ ဆရာဝန်တွေလည်း မလာနိုင်ဆိုတော့ ကျန်းမာရေးပိုင်းမှာလည်း တော်တော် ခက်ခဲနေတယ်"ဟုပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ယခုလို ရေကြီးရေလျှံမှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ လူဦးရေ စုစုပေါင်း (၄၅၂,၁၆၃) ဦးခန့် ရေဘေးသင့်နေပြီး သေဆုံးသူ (၂၀) ဦးထက်မနည်း ရှိသည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားကြသည်။ ထို့အပြင် လက်ရှိ ရေဘေးသင့်နေသည့် ဒေသများသည် စိုက်ပျိုးရေးလုပ်ငန်း အများဆုံးလုပ်ကိုင်သည့် ဒေသဖြစ်၍ လယ်ယာမြေနှင့် သီးနှံ့စိုက်ခင်းအများအပြား ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ထိုကဲ့သို့ သဘာဝဘေးဒဏ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်နေရချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဘေးသင့်နေသည့် နေရာများအပါအဝင် နိုင်ငံတစ်ဝန်းလုံး၌ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ ရေကြီးရေလျှံမှုဒဏ်ကို ခံနေရသည့် ဒေသများတွင်လည်း စစ်တပ်က လေကြောင်းမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများကိုပါ ထပ်မံလုပ်ဆောင်နေခြင်းကြောင့် ထိခိုက်သေဆုံးသူ အရပ်သားပြည်သူဦးရေမှာ ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ယင်းအပြင် ပြည်သူလူထု ဆိုးရွားစွာ ရင်ဆိုင်နေရသည့် ရေဘေးနှင့် လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုများ၊ ခြိမ်းခြောက်ဟန့်တားမှုများကို တမင်တကာ ပြုလုပ်လျက်ရှိသည်။ #WesternNews #အညာရေဘေး #စစ်ကိုင်းတိုင်း #မန္တလေးတိုင်း #မကွေးတိုင်း #ဧရာဝတီတိုင်း #မြန်မာ့သတင်း #MyanmarNews

  • 14 авг.1 30551
  • 14 авг.1 30864

    ■ IIMM စွပ်စွဲချက်များကို ALP ပယ်ချ၊ AA ကလည်း အခြေအမြစ်မရှိဟု တုံ့ပြန် Western News | ဩဂုတ် ၁၄ ကုလသမဂ္ဂအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် အာရက္ခတပ်တော် AA တို့ကို ရခိုင်ပြည်အတွင်း လူ့ခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ပြောဆိုထားသည်။ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိဆိုသည့် ဖော်ပြချက်ဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို IIMM က စတင်စုံစမ်းစစ်ဆေးနေကြောင်း ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ပြောကြားထားသည်။ သို့သော် IIMM ၏ ပြောကြားချက်တွင် ALP ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၊ ထိခိုက်ခဲ့သည့် လူ သို့မဟုတ် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည် စသည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက IIMM အနေဖြင့် ALP အပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ရှိ၊ မရှိ လေ့လာစုံစမ်းနေခြင်းကို သိရှိရသည့်အတွက် အံ့ဩမိကြောင်း ပြောသည်။ ALP သည် လူသားအားလုံးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး လူတိုင်းကို တန်းတူညီမျှစွာ ဆက်ဆံကာ ရခိုင်ပြည်အတွင်း နေထိုင်သူများ အေးအတူပူအမျှ နေထိုင်နိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။ “ကျမတို့မှာ ဘာမှ စိုးရိမ်စရာ၊ ကြောင့်ကြစရာမရှိဘူး။ လူသားမျိုးနွယ်စုတွေအပေါ်မှာ ဘယ်လိုမှ ကျမတို့က ခြိမ်းခြောက်တာ၊ ရက်စက်တာ၊ မတော်မတရားလုပ်တာ မရှိဘူး။ ကျမတို့ လိပ်ပြာသန့်တယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။ ALP အနေဖြင့် ဥပဒေဘောင်အတွင်း နေထိုင်ပြီး အဖွဲ့အစည်းအတွင်းတွင်လည်း ကိုယ်ပိုင်ဥပဒေများရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုပါက ပြုလုပ်နိုင်ကြောင်း ၎င်းက ပြောသည်။ “စစ်ရင်စစ်ပေါ့။ ကျမတို့မှာ ဘာမှ စိုးရိမ်စရာ၊ ကြောင့်ကြစရာမရှိဘူး” ဟု ၎င်းက ထပ်မံပြောဆိုခဲ့သည်။ အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း IIMM ၏ အစီရင်ခံစာနှင့် စွပ်စွဲချက်များအပေါ် အပြင်းအထန် ပယ်ချထားသည်။ IIMM က AA သည် ရခိုင်ပြည်ရှိ မွတ်ဆလင်များအပေါ် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ဗလီများကို ဖျက်ဆီးကာ ထိုနေရာများတွင် မွတ်ဆလင်မဟုတ်သူများကို ပြန်လည်နေရာချထားရန် အသုံးပြုနေကြောင်း စွပ်စွဲထားသည်။ ထို့အပြင် ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် မူဆလင်များကို နယ်မြေတစ်ခုလုံးမှ ဖယ်ရှားခဲ့ခြင်းကြောင့် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံထွက်ပြေးခဲ့ရကြောင်းလည်း IIMM က ဖော်ပြထားသည်။ အဆိုပါစွပ်စွဲချက်များသည် မြေပြင်အခြေအနေကို စနစ်တကျလေ့လာစုံစမ်းထားခြင်းမရှိဘဲ အွန်လိုင်းပေါ်ရှိ သတင်းအချက်အလက်များနှင့် ပဋိပက္ခအခြေပြု ဝါဒဖြန့်မှုများအပေါ် အခြေခံထားခြင်းဖြစ်သည်ဟု ဦးခိုင်သုခက တုံ့ပြန်ထားသည်။ “အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး မြေပြင်ကပကတိအခြေအနေကို စနစ်တကျ အသေအချာလေ့လာစုံစမ်းမှုမရှိဘဲ တစ်ဖက်သတ်စွပ်စွဲတိုက်ခိုက်နေမှုတွေဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောသည်။ IIMM ၏ ထိုသို့သော စွပ်စွဲချက်များသည် ရခိုင်ဒေသအတွင်းရှိ လူမှုအသိုင်းအဝိုင်းများအကြား စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူမည်ဟုလည်း ဦးခိုင်သုခက ပြောထားသည်။ ALP နှင့် AA တို့၏ တုံ့ပြန်ချက်များသည် IIMM ၏ စုံစမ်းစစ်ဆေးမှုနှင့် အစီရင်ခံစာတွင် ဖော်ပြထားသည့် စွပ်စွဲချက်များကို အသီးသီး ပယ်ချထားခြင်းဖြစ်သည်။ သို့သော် IIMM ၏ စုံစမ်းစစ်ဆေးမှုသည် ရခိုင်ပြည်အတွင်း မွတ်ဆလင်များအပါအဝင် အရပ်သားများအပေါ် ကျူးလွန်ခဲ့သည်ဟုဆိုသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ #WesternNews #WN #ရခိုင်ပြည် #မွတ်ဆလင်အရေး #စွပ်စွဲချက်များ #IIMM #ALP #AA

  • 14 авг.1 2785

    ■ မြောက်ဦးမှာ နေအိမ်ဖယ်ရှားခံရသူတွေ နေထိုင်စားသောက်ရေး အခက်ကြုံနေရ (ရုပ်သံ) Western News | ဩဂုတ်လ ၁၄ ရခိုင်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတချို့မှာ ဒီနှစ်ဆန်းပိုင်းကစလို့ လမ်းဧရိယာတွေ တိုးချဲ့နေတာဖြစ်ပြီး လမ်းဧရိယာနယ်နိမိတ်အတွင်းက ကျူးကျော်နေအိမ်တချို့ကို ဖယ်ရှားတာတွေလည်း ရှိနေပါတယ်။ မြောက်ဦးမြို့နယ်၊ လေးမြို့စားရပ်ကွက်မှာဆိုရင်လည်း လမ်းဧရိယာ တိုးချဲ့နေတာကြောင့် နေအိမ်တချို့ ဖြိုဖျက်ခံလိုက်ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ #WesternNews #မြောက်ဦး #ရခိုင်သတင်း #နေအိမ်ဖယ်ရှားခံရမှု #မြန်မာ့သတင်း #WesternNews #MraukU #ArakanNews #MyanmarNews

  • 14 авг.1 2773

    ■ ရေကြီးရေလျှံခဲ့သည့် မြေပုံတွင် မြေပြိုမှုများနှင့်ပါ ရင်ဆိုင်နေရ (ရုပ်သံ) Western News | ဩဂုတ်လ ၁၄ ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်းရှိ ရက်ချောင်း၊ စညှင်းနှင့် လေးတောင်ကျေးရွာတို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်ခဲ့ကြရခြင်း ဖြစ်သည်။

  • без подписи

  • без подписи

  • 14 авг.1 3548
  • 14 авг.1 54041

    ■ စဉ့်ကူးနှင့် ဖာပွန်တို့တွင် လေကြောင်းတိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး Western News | ဩဂုတ်လ ၁၄ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနှင့် လေကြောင်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၈ နာရီ ၁၉ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီသည် အနောက်တောင်ဘက်ရှိ ဆင်သေရွာဘက်သို့ ဒရုန်းတစ်စီးဖြင့် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အသက် (၆၀) အရွယ် အမျိုးသမီး ဒေါ်ဝင်းမော် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ရွှေဂုဏ်တိုင်ရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က ရွှေဘယက်ရွာအတွင်းသို့ တိုက်ခိုက်ရေးဒရုန်းဖြင့် ဗုံး (၆) လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသလို ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေအိမ်များရှိရာ ကျေးရွာများကို ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ ထီးသဘလူးထကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်နေ့၊ K-8 ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်တပ်သည် ပထမအကြိမ်တွင် K-8 ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ပေါင် (၅၀၀) ဗုံး (၂) လုံး ကျဲချခဲ့ပြီးနောက် K-8 ဂျက်တိုက်လေယာဉ် (၂) စင်းဖြင့် ထပ်မံဝဲပျံကာ ဗုံးကြဲတိုက်ခိုက်မှု (၃) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၆) နှစ်အရွယ် ပထမတန်းကျောင်းသား ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ရကြောင်း သိရသည်။ ယင်းအပြင် အရပ်သားနေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အခြားနေအိမ် (၁၄) လုံးနှင့် စာသင်ကျောင်းအဆောက်အအုံတစ်ခုလည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အလားတူ ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ကိုင်းခုံကျေးရွာတို့ကို ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးသွားသည်။ စစ်ကောင်စီတပ်က ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်အတွင်းသို့ စစ်ကော်မရှင်၏ လေတပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးသီး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ #WesternNews #ရခိုင်သတင်း #ဂွမြို့နယ် #ကျိန္တလီ #အာရက္ခတပ်တော် #AA #မြန်မာ့သတင်း #ArakanNews #GwaTownship #Kaintali #MyanmarNews #AA #StateOfMyanmar

  • 14 авг.1 8139