tgindex
ONE NATION NEWS

ONE NATION NEWS

Статистика

ONN is Arakan “Arakkha"Rakhine"news outlet that monitors and investigates injustices and human rights.

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
80
Всего постов
83
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
13 авг.
Подписчики
3 473
−10 за 4 дн.
Сутки
−8
−0,23%
Неделя
 
Месяц
 
Просмотров на пост
260
40 постов
Вовлечённость
7,5%
к подписчикам
Постов в день
11,4
всего 83
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
232
1/48двое суток
265
1/72трое суток
286

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • စစ်တွေခရိုင်အကျဉ်းထောင်မှ ထွက်ပြေးလာသည့် မုဒိမ်းမှုတရားခံ ကျော်ဝင်းချေကို ဖမ်းဆီးပေးခဲ့သည့် အုပ်ချုပ်ရေးမှူးအား ULAမှ ဂုဏ်ပြုငွေ ထောက်ပံ့ One Nation News/သြဂုတ် ၁၅၊ ၂၀၂၆ အာရက္ခပြည်၊စစ်တွေခရိုင်အကျဉ်းထောင်တွင် မုဒိမ်းမှုဖြင့် အကျဉ်းကျခံနေရစဉ် ထွက်ပြေးခဲ့သည့် ကျော်ဝင်းချေကို ပြန်လည်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည့် ပြင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းတင်အောင်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၂ မိနစ်ခန့်တွင် စစ်တွေခရိုင်အတွင်းရှိ အချုပ်ထောင်တစ်ခုမှ မုဒိမ်းမှုဖြင့် အကျဉ်းကျခံနေရသူ ကျော်ဝင်းချေနှင့် ဘိုသန်းဝင်း (အသက် ၄၄ နှစ်) တို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ၎င်းတရားခံ ကျော်ဝင်းချေကို ပြီးခဲ့သည့် ဇူလိုင်လ (၂၆) ရက်နေ့ ည (၉) နာရီခန့်တွင် အဉ္ဇနပူရခရိုင်၊ မြေပုံမြို့နယ်၊ ပြင်ဝန်းကျေးရွာ၌ ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးဆန်းတင်အောင်၏ လက်ရဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ဒီလပ်လက်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုကြောင့် မုဒိမ်းမှုတရားခံ ကျော်ဝင်းချေကို လက်ရဖမ်းဆီးကာ သက်ဆိုင်ရာထံ အပ်နှံပေးခဲ့သည့် ပြင်ဝန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းတင်အောင်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အထူးဂုဏ်ပြုသည့်အနေဖြင့် ဩဂုတ်လ (၁၄) ရက်နေ့ ညနေ (၃) နာရီ မိနစ် (၃၀) အချိန်တွင် ဂုဏ်ပြုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။ စစ်တွေခရိုင်အတွင်းရှိ အချုပ်ထောင်တစ်ခု၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကျော်ဝင်းချေသည် ဝီရဌာနီမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာမှဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်စဉ် အသက် (၃၄) နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဖြစ်သည်။ ထို့အပြင် အချုပ်မှ ထွက်ပြေးလွတ်မြောက်နေသည့် ရသေ့တောင်မြို့နယ်၊ ကြံတိုင်းအောင်ရွာမှ မုဒိမ်းမှုတရားခံ ဘိုသန်းဝင်းကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနက လိုအပ်သည့် နည်းလမ်းများဖြင့် အစွမ်းကုန် ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ Photo - Arakan Princess Media

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • (၅၉) နှစ်မြောက် ဆန်ပြဿနာအရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားကို အာရက္ခဒေသတွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျင်းပ One Nation News/ သြဂုတ် ၁၄၊ ၂၀၂၆ မြန်မာဆိုရှယ်လစ်လမ်းစဥ်(မဆလ) တစ်ပါတီအာဏာရှင်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှု ပြယုဂ်တစ်ခုဖြစ်သည့် စစ်တွေဆန်ပြဿနာအရေးအခင်း (၅၉) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ယမန်နေ့ သြဂုတ်လ (၁၃) ရက်နေ့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အာရက္ခဒေသက နယ်မြေတချို့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ၁၉၆၇ ခုနှစ်က အာရက္ခပြည်တွင် ဆန်ရရှိရေးနဲ့ စားနပ်ရိက္ခာအခက်အခဲများ ဖြေရှင်းရန် တောင်းဆိုခဲ့ကြသော အာရက္ခပြည်သူများအပေါ် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် ဆန်ပြဿနာနှင့် ၎င်းဖြစ်စဥ်အတွင်း အသက်ဆုံးရှုံးခဲ့သူများကို ပြန်လည်အောက်မေ့ဖွယ်အဖြစ် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန်ပြဿနာနေ့သည် အာရက္ခပြည် ခေတ်သစ်သမိုင်းတွင် ပြည်သူများ၏ စားဝတ်နေရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုဘဝဆိုင်ရာ အခက်အခဲပြဿနာများနဲ့ ဆက်စပ်နေသည့် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်း သိရသည်။ နှစ်စဥ် ဆန်ပြဿနာနေ့ရောက်တိုင်း အောက်မေ့ဖွယ်အခမ်းအနားများကို ကျင်းပပြုလုပ်ကြပြီး ဆန်ပြဿနာဖြစ်စဥ်နဲ့ပက်သတ်၍ သမိုင်းကြောင်းများကို ပြန်လည်ပြောပြခြင်း၊ ကျဆုံးခဲ့သူများကို အောက်မေ့ဖွယ်ဂုဏ်ပြုခြင်းနဲ့ အောက်မေ့ဖွယ်အစီအစဥ်များကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအပြင် ဆန်ပြဿနာနေ့ အခမ်းအနားသည်  အတိတ်ကဖြစ်ရပ်များကို ပြန်လည်သတိရရုံသာမက အာရက္ခပြည်၏ သမိုင်းစာပေနဲ့ ယဥ်ကျေးမှုအမွေအနှစ်များကို နောင်လာမည့် မျိုးဆက်သစ်လူငယ်များ နားလည်သိရှိကာ ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကျင်းပသည့် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုဖြစ်ကြောင်း သိရသည်။ ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

  • ဂွမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၈)ဦးသေဆုံး One Nation News/သြဂုတ် ၁၄၊ ၂၀၂၆

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ဂွမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၈)ဦးသေဆုံး One Nation News/သြဂုတ် ၁၄၊ ၂၀၂၆ အာရက္ခဒေသအတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့ ဩဂုတ် ၁၃ ရက် ညသန်းခေါင်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ကိုင်းခုံကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန်ထားသည်။ ယမန်နေ့ ဩဂုတ်လ ၁၃ ရက် ညဉ့် ၁၁ နာရီခွဲခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့အကြမ်းဖက်စစ်တပ်၏  ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၆၀) အရွယ် ဒေါ်ခင်မိုးရွှေ၊ အသက် (၄၅) နှစ်အရွယ် ဒေါ်ခင်စန္ဒာထွန်း၊ အသက် (၄၆) နှစ်အရွယ် ဦးထွန်းလင်း၊ အသက် (၃၆) နှစ်အရွယ် မဖြိုးဖြိုးကျော်၊ အသက် (၃၅) နှစ်အရွယ် မောင်မင်းဝေခန့်၊ အသက် (၂၆) နှစ်အရွယ် မဝင်းအိကျော်၊ အသက် (၁၂) နှစ်အရွယ် မောင်ဉာဏ်လင်းသန့်နှင့် အသက် (၇) နှစ်အရွယ် မောင်နေလင်းသန့် စုစုပေါင်း အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးမှာ နေအိမ်အတွင်း၌ပင် သေဆုံးခဲ့ကြောင်း အေအေ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် အပြစ်မဲ့အရပ်သားနေအိမ် ၅ လုံးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးလည်း ပျက်စီးခဲ့ပြီး ထပ်မံထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အလားတူ ယမန်နေ့ည ညဉ့် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်တွင် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်ဟု အာရက္ခတပ်တော် ကAA ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်ထိန်းချုပ်ရာ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ အမှတ် (၂) ရပ်ကွက်အား အကြမ်းဖက်စစ်တပ်မှ ပြီးခဲ့သည့်  သြဂုတ်လ (၁၂) ရက်နေ့က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၆) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့ တစ်ရက်တည်းတွင်ပင် အကြမ်းဖက် စစ်ကော်မရှင်သည် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို  ညဉ့် (၉) နာရီ အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) မှ သတင်းထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်နှင့် မြေပြင်တိုက်ပွဲများအတွင်း စစ်ရေးအရ ထိခိုက်မှုများရှိနေသည့် အကြမ်းဖက်စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အာရက္ခဒေသအတွင်း ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အချိန်ပြည့် သတိထားကြရန် အာရက္ခတပ်တော် AAက သတိပေးထားသည်။ ပုံ/AA Info Desk

  • မူဆလင်လူမျိုးများအပေါ် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု (IIMM) ၏ စွပ်စွဲချက်သည် အာရက္ခတပ်တော် (AA) အပေါ် လုံးဝအခြေအမြစ်မရှိသော စွပ်စွဲချက်ဟု ဦးခိုင်သုခ ပြော One Nation News/ သြဂုတ်လ ၁၄၊ ၂၀၂၆ အာရက္ခတပ်တော် (AA) သည် မူဆလင်လူမျိုးများအပေါ် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ စွပ်စွဲချက်သည် အာရက္ခတပ်တော် (AA) အပေါ် လုံးဝအခြေအမြစ်မရှိသော စွပ်စွဲချက်ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) ၏ ပြောခွင့်ရ ဦးခိုင်သုခက မီဒီယာများကို တုံ့ပြန်ဖြေဆိုထားသည်။ (IIMM) ၏ စွပ်စွဲထုတ်ပြန်ချက်ထဲတွင် အာရက္ခတပ်တော် (AA) သည် ရက္ခိုင်ပြည်ရှိ မူဆလင်အမျိုးသမီးများကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါ အခြေပြုအကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပြီး ဗလီများကိုလည်း ဖျက်ဆီးကာ ၎င်းနေရာများတွင်  မူဆလင်မဟုတ်သူများကို ပြန်လည် နေရာချထားရေးအတွက် အသုံးပြုနေကြောင်း၊ ထိုသို့လုပ်ဆောင်မှုများသည် ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် ပိုမိုများပြားလာကြောင်း စွပ်စွဲဖော်ပြထားသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်က အကြမ်းဖက်မြန်မာ့စစ်တပ်၏ နယ်မြေရှင်းလင်းရေးခေါင်းစဥ်နှင့် အကြမ်းဖက်မြန်မာ့  စစ်ရာဇဝတ်မှုများကို ပြန်လည်အမှတ်ရစေသည့် ပုံစံနှင့် အာရက္ခတပ်တော် (AA )သည် မူဆလင်များ နေထိုင်ရာ ဒေသတခုလုံးမှ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားခဲ့သောကြောင့် မူဆလင်ဒုက္ခသည် အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်တဖန် ထွက်ပြေးဝင်ရောက်လာခဲ့ကြောင်း (IIMM) မှ စွပ်စွဲထားသည်။ ၎င်းတိုက်ခိုက်မှုအတွင်း ကျူးလွန်သူများသည် မူဆလင်များကို အုပ်စုတခုလုံးအဖြစ် ပစ်မှတ်ထားရာမှာ မြန်မာစစ်တပ်က အသုံးပြုခဲ့သည့် ဘာသာရေးအရ စော်ကားနှိမ့်ချသည့် အသုံးအနှုန်းများ ကို မကြာခဏ အသုံးပြုခဲ့ကြကာ "ဘင်္ဂါလီ" သို့မဟုတ် "ကုလား" ကဲ့သို့သော အသုံးအနှုန်းများ ပါဝင်ကြောင်း IIMM က စွပ်စွဲ ထုတ်ပြန်ထားသည်။ ထိုသို့ (IIMM) ၏ စွပ်စွဲချက်သည်  မြေပြင်ကပကတိအခြေအနေကို စနစ်တကျအသေအချာ လေ့လာစုံစမ်းမှုမရှိဘဲ အွန်လိုင်းပေါ်က ကြားသမျှ ပဋိပက္ခအခြေပြုငွေကြေးရှာအတ္တဝါဒီ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းများ၏ လုပ်ကြံဝါဒဖြန့်အ ချက်အလက်များအပေါ် အခြေခံပြီး တဖက်သတ်စွပ်စွဲတိုက်ခိုက်နေမှုများဖြစ်ကာ ဒေသတွင်းစည်းလုံးညီညွှတ်မှုကို ပျက်ပြားစေသည့် စွပ်စွဲချက်များသာ ဖြစ်သည်ဟု  အာရက္ခတပ်တော် ၏ ပြောခွင့်ရ ဦးခိုင်သုခ က မီဒီယာများ၏မေးမြန်းချက်ကို ပြန်လည်တုံ့ပြန်ဖြေဆိုထားသည်။ ထို့သို့ စွပ်စွဲချက်များကိုလည်း အာရက္ခဒေသနေလူ့အဖွဲ့အစည်းတခုလုံး၏ တည်ငြိမ်မှုနှင့် စည်းလုံးညီညွတ်မှုကိုပျက်ပြားအောင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်ကြခြင်းအဖြစ် မှတ်ယူထားမည်ဟု ဦးခိုင်သုခ မှ ဖြေဆိုထားကြောင်း သိရသည်။

  • без подписи