ARAKKHA MEDIA
СтатистикаArakkha Media (AK-Media) is a US based non-profit news and media organization. Arakkha Media provides true and unbiased news and information.
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 79
- Всего постов
- 131
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 118
- 1/48двое суток
- 135
- 1/72трое суток
- 145
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဂွမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၈)ဦးသေဆုံး AK Media Live သြဂုတ် ၁၄၊ ၂၀၂၆ အာရက္ခဒေသအတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့ ဩဂုတ် ၁၃ ရက် ညသန်းခေါင်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ကိုင်းခုံကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန်ထားသည်။ ယမန်နေ့ ဩဂုတ်လ ၁၃ ရက် ညဉ့် ၁၁ နာရီခွဲခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့အကြမ်းဖက်စစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၆၀) အရွယ် ဒေါ်ခင်မိုးရွှေ၊ အသက် (၄၅) နှစ်အရွယ် ဒေါ်ခင်စန္ဒာထွန်း၊ အသက် (၄၆) နှစ်အရွယ် ဦးထွန်းလင်း၊ အသက် (၃၆) နှစ်အရွယ် မဖြိုးဖြိုးကျော်၊ အသက် (၃၅) နှစ်အရွယ် မောင်မင်းဝေခန့်၊ အသက် (၂၆) နှစ်အရွယ် မဝင်းအိကျော်၊ အသက် (၁၂) နှစ်အရွယ် မောင်ဉာဏ်လင်းသန့်နှင့် အသက် (၇) နှစ်အရွယ် မောင်နေလင်းသန့် စုစုပေါင်း အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးမှာ နေအိမ်အတွင်း၌ပင် သေဆုံးခဲ့ကြောင်း အေအေ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် အပြစ်မဲ့အရပ်သားနေအိမ် ၅ လုံးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးလည်း ပျက်စီးခဲ့ပြီး ထပ်မံထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အလားတူ ယမန်နေ့ည ညဉ့် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်တွင် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်ဟု အာရက္ခတပ်တော် ကAA ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်ထိန်းချုပ်ရာ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ အမှတ် (၂) ရပ်ကွက်အား အကြမ်းဖက်စစ်တပ်မှ ပြီးခဲ့သည့် သြဂုတ်လ (၁၂) ရက်နေ့က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၆) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့ တစ်ရက်တည်းတွင်ပင် အကြမ်းဖက် စစ်ကော်မရှင်သည် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို ညဉ့် (၉) နာရီ အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) မှ သတင်းထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်နှင့် မြေပြင်တိုက်ပွဲများအတွင်း စစ်ရေးအရ ထိခိုက်မှုများရှိနေသည့် အကြမ်းဖက်စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အာရက္ခဒေသအတွင်း ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အချိန်ပြည့် သတိထားကြရန် အာရက္ခတပ်တော် AAက သတိပေးထားသည်။ Photo - AA Info Desk
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ဘင်္ဂလီများအပေါ် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု (IIMM) ၏ စွပ်စွဲချက်သည် အာရက္ခတပ်တော် အပေါ် လုံးဝအခြေအမြစ်မရှိသော စွပ်စွဲချက်ဟု ဦးခိုင်သုခ ပြော AK Media Live သြဂုတ် ၁၄၊ ၂၀၂၆ အာရက္ခတပ်တော် (AA) သည် ရိုအမည်ခံ ဘင်္ဂလီများအပေါ် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ စွပ်စွဲချက်သည် အာရက္ခတပ်တော် (AA) အပေါ် လုံးဝအခြေအမြစ်မရှိသော စွပ်စွဲချက်ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) ၏ ပြောခွင့်ရ ဦးခိုင်သုခက မီဒီယာများကို တုံ့ပြန်ဖြေဆိုထားသည်။ (IIMM) ၏ စွပ်စွဲထုတ်ပြန်ချက်ထဲတွင် အာရက္ခတပ်တော် (AA) သည် အာရက္ခပြည်ရှိ ဘင်္ဂလီအမျိုးသမီးများကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါ အခြေပြုအကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပြီး ဗလီများကိုလည်း ဖျက်ဆီးကာ ၎င်းနေရာများတွင် အစ္စလာမ် ဘာသာဝင်မဟုတ်သူများကို ပြန်လည် နေရာချထားရေးအတွက် အသုံးပြုနေကြောင်း၊ ထိုသို့လုပ်ဆောင်မှုများသည် ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် ပိုမိုများပြားလာကြောင်း စွပ်စွဲဖော်ပြထားသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်က အကြမ်းဖက်မြန်မာ့စစ်တပ်၏ နယ်မြေရှင်းလင်းရေးခေါင်းစဥ်နှင့် အကြမ်းဖက်မြန်မာ့ စစ်ရာဇဝတ်မှုများကို ပြန်လည်အမှတ်ရစေသည့် ပုံစံနှင့် အာရက္ခတပ်တော် (AA )သည် ဘင်္ဂလီများ နေထိုင်ရာ ဒေသတခုလုံးမှ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားခဲ့သောကြောင့် ဘင်္ဂလီဒုက္ခသည် အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်တဖန် ထွက်ပြေးဝင်ရောက်လာခဲ့ကြောင်း (IIMM) မှ စွပ်စွဲထားသည်။ ၎င်းတိုက်ခိုက်မှုအတွင်း ကျူးလွန်သူများသည် ဘင်္ဂလီများကို အုပ်စုတခုလုံးအဖြစ် ပစ်မှတ်ထားရာမှာ မြန်မာစစ်တပ်က အသုံးပြုခဲ့သည့် ဘာသာရေးအရ စော်ကားနှိမ့်ချသည့် အသုံးအနှုန်းများ ကို မကြာခဏ အသုံးပြုခဲ့ကြကာ "ကုလား" ကဲ့သို့သော အသုံးအနှုန်းများ ပါဝင်ကြောင်း IIMM က စွပ်စွဲ ထုတ်ပြန်ထားသည်။ ထိုသို့ (IIMM) ၏ စွပ်စွဲချက်သည် မြေပြင်ကပကတိအခြေအနေကို စနစ်တကျအသေအချာ လေ့လာစုံစမ်းမှုမရှိဘဲ အွန်လိုင်းပေါ်က ကြားသမျှ ပဋိပက္ခအခြေပြုငွေကြေးရှာအတ္တဝါဒီ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းများ၏ လုပ်ကြံဝါဒဖြန့်အ ချက်အလက်များအပေါ် အခြေခံပြီး တဖက်သတ်စွပ်စွဲတိုက်ခိုက်နေမှုများဖြစ်ကာ ဒေသတွင်းစည်းလုံးညီညွှတ်မှုကို ပျက်ပြားစေသည့် စွပ်စွဲချက်များသာ ဖြစ်သည်ဟု အာရက္ခတပ်တော် ၏ ပြောခွင့်ရ ဦးခိုင်သုခ က မီဒီယာများ၏မေးမြန်းချက်ကို ပြန်လည်တုံ့ပြန်ဖြေဆိုထားသည်။ ထို့သို့ စွပ်စွဲချက်များကိုလည်း အာရက္ခဒေသနေလူ့အဖွဲ့အစည်းတခုလုံး၏ တည်ငြိမ်မှုနှင့် စည်းလုံးညီညွတ်မှုကိုပျက်ပြားအောင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်ကြခြင်းအဖြစ် မှတ်ယူထားမည်ဟု ဦးခိုင်သုခ မှ ဖြေဆိုထားကြောင်း သိရသည်။ #everyonehighlightsfollowers #ArakanArmy #AA #IIMM #UKhaingThukha #Bengali #Maungdaw #Buthidaung #Arakan #BurmesePolitics #Allegations #HumanRights #SocialHarmony #highlightseveryone
без подписи