Coastal News Agency
Статистика- Последний пост
- 16 июл. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Coastal News Agency pinned «เนื่องจากเหตุผลทางเทคนิค เราจำเป็นต้องสร้างช่องทางใหม่ ด้วยเหตุนี้เพื่อหลีกเลี่ยงปัญหาในอนาคต ผู้ใช้งานจะสามารถรับลิงก์ช่องทางใหม่ได้เฉพาะผ่านบอทของเราเท่านั้น ช่องทางเดิมจะไม่สามารถใช้งานได้อีกต่อไป และอาจถูกลบในภายหลัง»
เนื่องจากเหตุผลทางเทคนิค เราจำเป็นต้องสร้างช่องทางใหม่ ด้วยเหตุนี้เพื่อหลีกเลี่ยงปัญหาในอนาคต ผู้ใช้งานจะสามารถรับลิงก์ช่องทางใหม่ได้เฉพาะผ่านบอทของเราเท่านั้น ช่องทางเดิมจะไม่สามารถใช้งานได้อีกต่อไป และอาจถูกลบในภายหลัง
ကျောက်ဖြူက ရေတပ်ဌာနချုပ်အနီး နဲ့ အမှတ် ၃၂ ရဲတပ်ရင်းအပါဝင် နေရာ ၅ နေရာမှာတိုက်ပွဲပြင်းထန်နေ CNA ၊ဟိန်းထက်။ ဇူလိုင်လ ၊ ၁၆ ။ ကျောက်ဖြူမြို့နယ် အတွင်းက ရေတပ်ဌာနချုပ်အနီး နဲ့ အမှတ် ၃၂ ရဲတပ်ရင်း အပါဝင် နေရာ ၅ နေရာမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ကျောက်ဖြူစစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ အရင်တုန်းက အမှတ် ၃၂ ရဲတပ်ရင်း အနီး နဲ့ ရေတပ်ဌာနချုပ်နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ကပ်သပြေကျေးရွာ အနီးမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းရှိတဲ့ နေရာ ၅ နေရာမှာ ဒီရက်ပိုင်းနှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွါးနေတာဖြစ်တယ်လို့ ကျောက်ဖြူမြို့က အမည်အဖော်လိုတဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ခု ကပြောပါတယ်။ "တိုက်ပွဲတွေက အရင်တုန်းကတော့ အမှတ် ၃၂ တပ်ရင်းအနီးမှာ ဆက်တိုက်ဖြစ်နေတာတွေ ရှိတယ်။အခုတော့ ဓည၀တီရေတပ်ဌာနချုပ် နဲ့ ၂ မိုင်းလောက်ဝေးတဲ့ ကပ်သပြေကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။တိုက်ပွဲဖြစ်နေတာကတော့ နေရာ ၅ နေရာမှာ ဖြစ်နေတာ။စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်။တိုက်ပွဲကတော့ တော်တော် ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ စစ်ကောင်စီကလည်း လက်နက်ကြီး၊ဒရုန်းတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ် "လို့ သူကပြောပါတယ်။ လက်ရှိတိုက်ပွဲ ဖြစ်နေတဲ့ နေရာ ၅ ခုကတော့ ဓည၀တီရေတပ်ဌာနချုပ် နဲ့ ၂ မိုင်းလောက်ဝေးတဲ့ ကပ်သပြေကျေးရွာအနီးအပါအဝင် စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီး၊ တရုတ်အစိုးရပိုင် Power China သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံအနီး၊ ကုန်းတွင်းသဘာ၀ဓာတ်ငွေ့ လက်ခံသိုလှောင် ပို့ဆောင်ရုံ (OGT) အနီး နဲ့ မလကျွန်း ကျေးရွာတဝိုက် က ကာကင်းစခန်းတွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်ပြီးတော့ လက်ရှိမှာ ဓည၀တီရေတပ်ဌာနချုပ် အနီးက စစ်ကောင်စီ ရဲ့ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ တစ်ပတ်လောက်အထိ ရှိလာနေပြီးဖြစ်တယ်လို့ သူကဆက် လက်ပြောဆိုပါတယ်။ အဲဒီလို နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်လာတာ နဲ့အတူ စစ်ကောင်စီတပ်တွေဘက်ကလည်း အကျအရှုံးများစွာနဲ့ ရင်ဆိုင်နေရသလို တပ်သားတချို့ဟာလည်း လက်နက်ချ အလင်းဝင်တာ၊ထွက်ပြေးတာ တွေလည်း ဆက်တိုက်ရှိနေတယ်လို့ လည်း ပြောပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ လေယာဉ်ပစ်ကူပေးတာတွေကို ရာသီဥတုအခြေအနေတွေကြောင့် ပစ်ကူပေးတာတွေကိုမလုပ်နိုင်တဲ့ အတွက် လက်ရှိ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကာကင်းစခန်းတွေမကျရှုံးစေရေးအတွက်ကိုတော့ အဆင့်မြင့်နည်းပညာတွေ နဲ့ အသုံးပြုထားတဲ့ ဒရုန်းတွေကို အမြောက်အများ အသုံးပြုပြီးတော့ ခုခံတိုက်ခိုက်တာတွေကို လုပ်ဆောင်နေရတယ်လို့လည်းဆိုပါတယ်။ "စစ်ကောင်က အခုလေကြောင်းက လေယာဉ် နဲ့ ပစ်ကူပေးတာတွေကို မလုပ်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ရာသီဥတုက လေယာဉ် နဲ့ ဗုံးကြဲလို့ မရတဲ့ အခြေအနေ ဖြစ်နေတာကြောင့်။ဒါပေမယ့် ဒရုန်းတွေကတော့ နည်းပညာမြင့်ဒရုန်းတွေ နဲ့ တိုက်ခိုက်နေတာတွေ ရှိတယ်။ဒီဒရုန်းတွေကို မောင်းဖို့အတွက်ကိုလည်း တရုတ်ဘက်က ကူညီပေးထားတာတွေရှိတယ်လို့သိရတယ်။ဒါပေမယ့် မိုးအရမ်းများရင်တော့ ဒီဒရုန်းတွေကလည်း သိပ်အဆင်မပြေဘူးလို့ သိရတယ်"လို့ သူကဆိုပါတယ်။ အဲဒီလို စစ်ကောင်စီဘက်က လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်တာကို မလုပ်ဆောင်နိုင်ခင်မှာ အာရက္ခတပ်တော်အနေ နဲ့ ကပ်သပြေကျေးရွာ အနီးမှာ ရှိတဲ့ ကာကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရင် နောက်ထပ်ကာကင်းစခန်းတွေ အပါအဝင် ရေတပ်ဌာနချုပ်ကိုလည်း မကြာခင်မှ အပြီးသတ် သိမ်းပိုက်နိုင်မှာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပြောဆိုထားပါသေးတယ်။ လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ပြားတဲ၊ မင်းတက်တောင်၊ စက်မှုလက်မှုသင်တန်းကျောင်းတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သလို စစ်ကောင်စီရဲ့ အရာရှိတချို့ နဲ့ စစ်သုံးများစွာကိုလည်း ဖမ်းဆီး ရမိထားတယ်လို့ သိရပါတယ်။ https://rcnanews.com/news_mm/6901/
နောင်ချိုမြို့မှာ တိုက်ပွဲပြင်းထန်လာတဲ့ အတွက် အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးတွေကို ရွှေ့ပြောင်းထားရတယ်လို့ TNLA ထုတ်ပြန် CNA ၊ ဇူလိုင်လ ၊ ၁၆ ။ နောင်ချို့မြို့မှာ စစ်ကောင်စီတပ်တွေ နဲ့ တအာင်းတပ်မတော် TNLA တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အတွက် မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ခက်ခဲလာတာကြောင့် ဇူလိုင်လ ၁၅ ရက်နေ့ ကတည်းကပင် အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို လုံခြုံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားပြီးတော့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ PSLF/TNLA က အသိပေးထားပါတယ်။ စစ်ကောင်စီဟာ မေလကစပြီးတော့ ဇူလိုင်လအလယ်လောက်အထိ နောင်ချို့မြို့အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဦးတည်ပြီးတော့ မြေပြင်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုင်တာတွေကို လုပ်ဆောင်လာခဲ့သလို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ အဆိပ်ငွေ့ဗုံးတွေ နဲ့ ကြဲချတိုက်ခိုက်တာတွေကို နေ့စဉ်လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီလို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာတာနဲ့ အတူ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွါးတဲ့ နေရာတွေအပြင် တိုက်ပွဲဖြစ်ပွါးတာ မရှိတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ နဲ့ လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက အဲဒီလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့တဲ့ အတွက် နောင်ချို့မြို့ ဧရိယာအတွင်းမှာ နေထိုင်နေကြတဲ့ အရပ်သားတွေဟာ မြို့တွင်းကထွက်ခွါပြီးတော့ မြို့ပြင်မှာ နေထိုင်တာတွေကိုလည်းလုပ်ဆောင်ခဲ့ပေမယ့် အဲဒီလို့ မြို့ပြင်မှာနေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်တာတွေကို လည်း ထပ်မံ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို အရပ်သားပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်လာတဲ့ အတွက် ဒေသခံပြည်သူတွေဟာ နေစရာပျောက်ဆုံးသွားခဲ့ရပြီးတော့ လက်ရှိမှာတော့ နီးစပ်ရာ မြို့၊ရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဒုက္ခသည်စခန်းတွေကို ဆက်လက် ထွက်ခွါကာ စစ်ဘေးရှောင်နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။ အဲဒီလို စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် မေလကပင် ဇူလိုင်လ ၁၅ ရက်နေ့အထိ နောင်ချိုမြို့အပါအဝင် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တွေမှာ အရပ်သားပြည်သူ (၂၃) ဦးသေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရသူ (၈၈)ဦးထိရှိခဲ့သလို ဘုန်းကြီးကျောင်း (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်း နဲ့ နေအိမ် (၂၂၀) လုံး ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီတပ်တွေ နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ နောင်ချို့မြို့အတွင်းမှာ မေလကနေပြီးတော့ ဇူလိုင်လ (၁၅)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ (၃၁၉)ကြိမ်အထိရှိခဲ့ပြီးတော့ အဲဒီတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၁၀၆)ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်တာ (၁၆၂)ကြိမ် ၊လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ (၄၆၉၂)ကြိမ် နဲ့ အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်မှု (၁၈၆) ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေ နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ နောင်ချိုမြို့အတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွါးနေတဲ့ အတွက် မိဘပြည်သူတွေ အနေ နဲ့ တိုက်ပွဲကြား ကြားညှပ်မပိတ်မိစေဖို့အတွက် လုံခြုံရေးသတိထားပြီးတော့ နေထိုင်သွားလာကြဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်တွေကိုလည်း လိုက်နာကြဖို့ကို တအာင်းတပ်မတော် TNLA က သတိပေးထားပါတယ်။ တိုက်ပွဲဖြစ်ပွါးတာ မရှိတဲ့ ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို မကြာခဏဆိုသလို လုပ်ဆောင်တာတွေ ရှိနေတဲ့ အတွက် ပြည်သူတွေ အနေ နဲ့ သတိဝီရိယ နဲ့ နေထိုင်သွားလာဖို့ကိုလည်း တအာင်းတပ်မတော် TNLA ကတိုက်တွန်းပြောဆိုထားပါတယ်။ https://rcnanews.com/news_mm/6898/
အမ်း-ပဒါန်း စစ်မြေပြင်က အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား အောင်သက်ထွန်း ထွက်ဆိုချက် CNA ၊ရုပ်သံ ။ ဇူလိုင် ၊ ၁၅ ။ "ကျနော်က ရည်ရွယ်ချက် ရှိရှိ နဲ့ ရောက်လာတာ မဟုတ်ပါဘူး။ညဘက်ကြီး ဘော်ဒါတွေ အိမ်က ပြန်လာချိန်မှာ ကျနော်ကို ပေါ်တာဆွဲခံရတာပါ" အပြည့်အစုံကို ရုပ်သံတွင် ဆက်လက်ကြည့်နိုင်ပါသည်။ https://youtu.be/lmrAEf5nifc
https://youtu.be/vzCjzcygB-o
без подписи
မဲဆောက် ရောက် မြန်မာတွေကို ထိုင်းရဲတွေက ခြိမ်းခြောက်ပြီးငွေညှစ်ယူနေတယ်လို့ HRW ထုတ်ပြန် CNA၊ဇူလိုင် ၊၁၅ ။ ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့အတွင်းကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေကမကြာခဏဆိုသလို စစ်ဆေး ဖမ်းဆီးပြီးတော့မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းယူနေတာတွေရှိနေတယ်လို့ ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာလူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ - Human Rights Watch ကသတင်းထုတ်ပြန်လာပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံသား အများစုဟာ အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းက မဲဆောက်မြို့ အပါအဝင် နေရာအသီးသီးမှာလာရောက်ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။ အဲဒီလို လာရောက်ခိုလှုံနေသူတွေကို ထိုင်းရဲတွေကဖမ်းဆီးစစ်ဆေးတဲ့နေရာကနေပြီးတော့ ခြိမ်းခြောက်မှုတွေ နဲ့ လာဘ်ငွေတွေကနေတဆင့်အကျိုးအ မြတ်များစွာရရှိနေတယ်လို့ HRW ကဆိုထားပါတယ်။ ဒါ့အပြင် ထိုင်းအာဏာပိုင်တွေကမြန်မာနိုင်ငံသားများတွေကို "သက်ရှိ ATM စက်များ" ဆိုပြီးတော့ ခေါ်ဝေါ်ကြတဲ့အထိ ဖြစ်လာနေတယ်လို့ HRW ထုတ်ပြန်ချက် ကဆိုပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း မှာ မြန်မာနိုင်ငံသားတွေဟာဖမ်းဆီးထိန်းသိမ်းခံရတာ နဲ့ နှင်ထုတ်ခံရနိုင်တဲ့ အန္တရာယ်တွေ နဲ့လည်းရင်ဆိုင်နေကြရတဲ့အတွက် သတိထားပြီးတော့ သွားလာနေရတဲ့ အခြေအနေထိရှိနေတယ်လို့လည်း HRW ကဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခ အကျပ်အတည်းတွေ များစွာထဲကနေထွက်ပြေးလာတဲ့နောက်မှာထိုင်းနိုင်ငံအတွင်းမှာ ဘေးဖယ်ခံရပြီးတော့ အမြတ်ထုတ်ခံနေရတယ်လို့ခံစားနေကြရတယ်လို့ မြန်မာအချို့က Human Rights Watch ကို ပြောကြားထားတယ်လို့လည်း ဆိုထားပါတယ်။ IOM ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပိုင်းနောက် ၂ဝ၂၃ ခုနှစ် တစ်နှစ်တည်းမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းကိုလာရွှေ့ပြောင်းနေထိုင်သူ ၁.၃ သန်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်ထိရှိလာနေပြီးတော့ အဲဒီထဲက ၁.၇ သန်းလောက်ဟာအထောက် အထားမဲ့ ဖြစ်နေတယ်လို့လည်း နိုင်ငံတကာအဖွဲ့အစည်း -IOM က ခန့်မှန်းထားပါတယ်။
■ စစ်ကောင်စီထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စစ်တွေမှာ စားဝတ်နေရေးအခက်အခဲကြောင့် မိသားစုလိုက် အဆုံးစီရင်မှုတွေရှိလာနေ CNA ၊ ဟိန်းဆက် ။ ဇူလိုင်လ ၊ ၁၅ ။ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီးတော့ သွားလာခွင့်၊လုပ်ကိုင်စားသောက်ခွင့် နဲ့ အလုပ်အကိုင်ရှားပါးမှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်တွေမြို့မှာ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် မိသားစုလိုက် အဆုံးစီရင်ကာ သေဆုံးမှုတွေ အထိ ရှိလာနေတယ်လို့ စစ်တွေ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် ရခိုင်မှာတကျော့ပြန်တိုက်ပွဲတွေစတင်ဖြစ်ပွါးလာခဲ့တာ ဖြစ်ပြီးတော့ အဲဒီကတည်းကပင် စစ်ကောင်စီဟာ ရခိုင်က မြို့နယ်တွေကို ငါးဖမ်းထွက်ခွင့်၊ကုန်စည်သယ်ယူခွင့်၊ လောင်စာဆီသယ်ယူခွင့် ၊ဆေးဝါးသယ်ယူခွင့် အပြင်တစ်မြို့ နဲ့ တစ်မြို့ကို စစ်ဘေးရှောင် သွားလာခွင့်တွေကိုတားမြစ်ကန့်သတ်တာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် ရခိုင်ဒေသခံ အများစုဟာ ကုန်စေ◌ျးနူန်းမြင့်တက်တာ၊မြို့တွင်းမှာပိတ်မိနေတာ၊ အလုပ်အကိုင်ရှားပါးတာ စတာတွေကို ရင်ဆိုင်ခံစားခဲ့ကြရတာလည်းဖြစ်ပါတယ်။ အဲဒီနောက် ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ခဲ့ပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ အာရက္ခတပ်တော်က ရခိုင်က မြို့နယ် ၁၇ ခု ရှိတဲ့ အထဲက မြို့နယ် ၁၄ ခုကို စစ်ကောင်စီလက်ကနေပြီးတော့ အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ် တွေသာကျန်ရှိတော့တာဖြစ်ပြီးတော့ အဲဒီမြို့တွေကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဟာ လက်ရှိမှာလည်း အဲဒီကျန်ရှိနေသေးတဲ့ မြို့တွေက ဒေသခံတွေကို တခြားမြို့တွေကို စစ်ဘေးရှောင်ထွက်ခွင့်မပေးဘဲ ဆက်လက်ပိတ်လှောင်ထားဆဲ ဖြစ်တာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်မရှိတာ၊ကုန်စေ◌ျးနူန်းမြှင့်တက်တာတွေ နဲ့ ဆက်တိုက်ရင်ဆိုင်နေကြရပြီးတော့ စားဝတ်နေရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်လာနေရတဲ့ အတွက် စစ်တွေမြို့မှာ ဆိုရင် မိသားစုလိုက် မိမိကို မိမိ အဆုံးစီရင်ကာ သေဆုံးတဲ့ အထိရှိလာနေတာ ဖြစ်တယ်လို့ စစ်တွေမြို့ ဒေသခံ တစ်ဦးက CNA ကို ပြောပါတယ်။ "လူတွေက အလုပ်အကိုင်လည်း မရှိ၊ကုန်းစေ◌ျးနူန်းတွေကလည်းမြင့်တော့ စားဝတ်နေရေးတော်တော်ခက်ခဲလာကြတယ်။ဇွန်လ ၂၉ ရက်နေ့က ဖြစ်သွားတဲ့ အဖြစ်အပျက်ဆိုရင် ကြားမိတာ နဲ့ ကျနော် တော်တော် ကြေကွဲရတယ် ကလေးတွေကို အဆိပ်ထည့်ပြီးတော့ နောက်ဆုံးထမင်းဆိုပြီးတော့ ကျွေးတယ်လို့သိရတယ်။သူတို့ မိသားစု ထမင်းလည်း မစားရတာ ၃ ရက်ရှိပြီလို့ပြောတယ်။ အဲဒီနေ့တုန်းက ဆန်ရတာ နဲ့ ကလေး ၃ ယောက် ကို နောက်ဆုံးထမင်းဆိုပြီး အဆိပ်ထည့်ကျွေးတယ် သူတို့လင်မယားကတော့ ထမင်းမလောက်လိုက်တော့ ကြိုးဆွဲချပြီးတော့ မိသားစုလိုက်အဆုံးစီရင်သွားတယ်"လို့ သူကပြောပါတယ်။ သတင်းအပြည့်အစုံကို Website တွင်ဆက်လက်ဖတ်နိုင်ပါပြီ။ https://rcnanews.com/news_mm/6891/
ခွေးတကောင် တယောတလက်နဲ့လူ CNA ၊ဆောင်းပါး။ ဇူလိုင်လ ၊ ၁၅ ။ ညရဲ့ အမှောင်ထုကိုခွင်းပြီး လက ထိန်ထိန်သာလို့ပါ။ အေးချမ်းတဲ့အချိန်မှာ လရဲ့ အလင်းရောင်ကြောင့် ထပ်ဆင့်အေးမြခြင်းကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ မအေးချမ်းကြပါဘူး။ စစ်ဖြစ်လို့ အသက်ဘေးလွတ်ရာကို ပြေးလာကြရသူတွေ ဖြစ်ပါတယ်။ ရွာမှာတိုက်ပွဲတွေဖြစ်လို့ အထုပ်ထမ်းပြီး ထွက်ပြေးလာကြသူတွေ။တချို့က အဝတ်တထည်ကိုယ်တခုနဲ့ပဲ ထွက်ပြေးလာကြသူတွေ။ ညကတိတ်ဆိတ်ခြင်းကို အားပြုနေချိန်မှာတော့ ဘေးလွတ်ရာ ထွက်ပြေးလာကြတဲ့ အသက်ကြီးပိုင်း လူကြီးတွေက ပူပင်စရာတွေ တပုံတပင်နဲ့ ရှိနေကြမှာပါ။ ညကတိတ်ဆိတ်ငြိမ်သက်နေပေမယ့် သူတို့ရင်ထဲမှာတော့ ဆိတ်ငြိမ်တဲ့အရသာကို အပြည့်အဝရရှိကြမယ်မထင်ပါဘူး။ ဒီရွာသူရွာသားတွေက စစ်ဖြစ်လို့ ပြေးလာကြရသူတွေ ဖြစ်ပါတယ်။ ကလေး ပုစုခရုလေးတွေလည်း ပါရဲ့။ အသက်ကြီး အဘိုး အဘွားတွေလည်း ပါရဲ့။ မိသားစု စည်းစည်းလုံးလုံး နေခဲ့ကြတဲ့ ရွာလေးကို စွန့်ပြီး ခရီးဆက်လာကြတာပါ။ ရွာကနေ စ,ထွက်တဲ့နေ့ကစပြီး ဒီနေ့ဆို ဘယ်နှရက်မြောက် ရှိပြီဆိုတာတောင် မမှတ်မိကြသူ တွေရှိ တယ်။ သူတို့တွေ သတိထားမိကြတာက ရွာပေါင်းများစွာ ကျော်ဖြတ်လာခဲ့ကြတယ်ဆိုတာပါပဲ။ ကျော်ဖြတ်ခဲ့တဲ့ရွာတွေက လူမရှိတဲ့အတွက် ဆက်ပြီးဆက်ပြီး ခရီးဆက်နေကြရတာ ဖြစ်ပါတယ်။ ရွာတရွာမှာ လူနေတာရှိရင် ဒါမှမဟုတ် ရွာမဟုတ်တဲ့နေရာမှာ သူတို့လိုပဲစစ်ရှောင်နေကြတာကိုတွေ့ရင် အဲ့ဒီနေရာမှာ အချိန်နည်းနည်းကြာကြာ ခရီးတထောင့်ကို နားကြမှာ ဖြစ်ပါတယ်။ အခုတော့ ကျော်ဖြတ်လာတဲ့ရွာတွေ၊ ချောင်းတွေ၊ တောတွေနေရာမှ လူတယောက်တလေ မှတောင်မတွေ့ကြရလို့ အရှေ့ကိုရောက်နိုင်သလောက် ရောက်အောင်ဆက်ပြီး လျှောက်လှမ်း နေကြတာ ဖြစ်ပါတယ်။စစ်ဘေးရှောင်ခဲ့ဖူးကြတဲ့ အတွေ့အကြုံရှိတဲ့ သူတွေက သူတို့ကိုကြီးကြပ် ပေးကြပါတယ်။အသွားအလာ၊ အနေအထိုင်၊ အစားအသောက်အတွက် စီမံပေးကြပါတယ်။ စစ်ရှောင်လာသူတွေထဲ ကျန်းမာရေး စောင့်ရှောက်ပေးတာလဲ လုပ်ပေးပါတယ်။ ဆောင်းပါးအပြည့်အစုံကို Website တွင် ဝင်ရောက်ဖတ်နိုင်ပါပြီ။ https://rcnanews.com/articles_mm/6888/
■မိုးကုတ်မြို့ကို စစ်ကောင်စက ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား (၆)ဦး ထိခိုက်ဒဏ်ရာရ CNA ၊ ဇူလိုင် ၊ ၁၃ ။ တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းက ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို စစ်ကောင်စီက မနေ့ က ဇူလိုင်လ ၁၃ ရက်နေ့ ည(၁၀း၃၀)နာရီအချိန်မှာ ဂျက်ဖိုက်တာ နဲ့ ပန်းမထိပ်အနီးကို ပေါင် (၅၀၀) ဗုံး (၁)လုံး နဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦး၊ အမျိုးသမီး (၁)ဦး နဲ့ အမျိုးသား (၃)ဦး စုစုပေါင်းပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီးတေ့ နေအိမ် (၆)လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီညပိုင်းတိုက်ခိုက်မှုကို ထပ်မံ မလုပ်ဆောင်ခင်မှာ စစ်ကောင်စီဟာ ဇူလိုင်လ ၁၃ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဟာ TNLA ထိန်းချုပ်မှုအောင်မှာ ရှိနေတဲ့ ကျောက်မဲမြို့ကိုလည်း လေကြောင်းကနေတဆင့် ဗုံး(၄)လုံး ကိုလည်း ကချတိုက်ခိုက်ခဲ့တာ ရှိပြီးတော့ အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး တော့ နေအိမ် (၂)အိမ် နဲ့ ဇလပ်ဝါအချိုခြောက်စက်ရုံကိုလည်း ဗုံးထိမှန်ပျက်စီးခဲ့တာ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီဟာ ဇွန်လ (၂၉)ရက်နေ့ ကနေပြီးတော့ ဇူလိုင်လ (၁၃)ရက်နေ့မနက်ပိုင်းအထိ လေကြောင်းကနေတဆင့် ကျောက်မဲမြို့့ကို(၆)ကြိမ်၊ နောင်ချိုမြို့အတွင်း ကသုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့အတွင်းကို (၁)ကြိမ် နဲ့ သီပေါမြို့အတွင်းကို (၁)ကြိမ် စုစုပေါင်း (၉)ကြိမ်လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာလည်း ရှိခဲဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ အဝင် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနဲ့ ပြည်သူလူထု (၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတိုလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတာလည်း ရှိခဲ့ရတယ်လို့ TNLA ကဆိုထားပါတယ်။ အဲဒီလို စစ်ကောင်စီက အရပ်သားပြသူတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွင် ဒေသခံမိဘပြည်သူများအနေ နဲ့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ https://rcnanews.com/news_mm/6885/
■ ရခိုင်မှာ ပဋိပက္ခတွေ ပြင်းထန်လာပြီးနောက်ပိုင်း မွတ်ဆလင် တစ်သိန်းခွဲ ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးလာတယ်လို့ UN ထုတ်ပြန် CNA ၊ဇူလိုင် ၊ ၁၂ ။ ရခိုင်ဒေသမှာ ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့ အတူ မွတ်ဆလက်တွေကို ပစ်မှတ်ထား အကြမ်းဖက်ခံရတာတွေ ကြောင့် ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ မူဆလင် တစ်သိန်းခွဲ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံ ထွက်ပြေး လာတယ်လို့ ကုလသမဂ္ဂအဖွဲ့ UN က မနေ့က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာပြီး အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ မွတ်ဆလင် တစ်သန်းနီးပါးရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားစခန်းတွေကို နောက်ထပ် လူထောင်ပေါင်းများစွာဟာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အိမ်နီးချင်းနိုင်ငံကို အကြီးမားဆုံး ထွက်ခွာမှုဖြစ်ပြီးတော့ ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်လာတဲ့ အကြီးမားဆုံး ရွေ့လျားမှုတစ်ခုလို့ UNHCR ပြောခွင့်ရ Babar Baloch က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပဋိပက္ခကနေ ထွက်ပြေးလာတဲ့ အရပ်သားတွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ ခိုလှုံခွင့်ရရှိရေး စီမံဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ဆော်သြနေပါတယ်” လို့ သူက ဆိုထားပါတယ်။ သတင်းအပြည့် အစုံကို အောက်ဖော်ပြ Link တွင် ဆက်လက်ဖတ်နိုင်ပါသည်။ https://rcnanews.com/news_mm/6882/
ကျောက်ဖြူမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ လက်နက်ကြီးတွေ နဲ့ အပြန်အလှန်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေ CNA ၊ ဟိန်းဆက်။ ဇူလိုင်လ ၊ ၁၁ ။ ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက် လက်နက်ကြီးတွေ နဲ့ အပြန်အလှန်ပစ်ခတ်နေပြီးတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ကတည်းကပင် ကျောက်ဖြူမြို့နယ် အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ပြန်လည်ဖြစ်ပွါးလာနေတာ ဖြစ်ပြီးတော့ ဒီနေ့မှာတော့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးတွေ နဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးက ပြောပါတယ်။ "လက်နက်ကြီးတွေ နဲ့ အပြန်အလှန်တစ်နေကုန်ပစ်နေတာ။တချက်မှကို မနားသေးဘူး ညနေ ၇ နာရီလောက်ထိ ဆက်တိုက်ပစ်နေကြတာ။တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ။တိုက်ပွဲက ၁၀ ရက်နေ့က ပြန်စလာတာ အဲဒီနေ့တုန်းက ဒီလောက် မဖြစ်ဘူး ဒီနေတော့ တော်တော် ဖြစ်နေကြတာ"လို့ သူကပြောပါတယ်။ အဲဒီလို အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်း အတွင်းကို ကျရောက်ပေါက်ကွဲပြီးတော့ စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးတာရှိသလို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာလည်း ပြိုင်းစေ့ကေကျေးရွာ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိတယ်လို့ သိရှိထားရကြောင်း သူက ဆက်လက်ပြောဆိုပါတယ်။ "စစ်ကောင်စီ ၃၂ တပ်ရင်းထဲကို လက်နက်ကြီးကျလို့ စစ်သားတွေ သေတယ်ဆိုတာတော့ တိတိကျကျ သိထားရတာ ဖြစ်တယ်။စစ်ကောင်စီကလည်း လက်နက်ကြီး နဲ့ ပစ်လို့ ပြိုင်းစေ့ကေရွာထဲကို ကျလို့ အရပ်သားတွေ သေတာရှိတယ်လို့လည်း သိရတယ်။ ပြိုင်းစေ့ကေသတင်းကတော့ ကျနော် အနေ နဲ့လည်း အတည်မပြုနိုင်သေးဘူး လောလောဆယ်မှာ ဖြစ်ဖို့ဘက်ကို များတယ်"လို့ သူကပြောပါတယ်။ ရခိုင်မှာ အာရက္ခတပ်တော်ဟာ မြို့နယ် ၁၇ ခု ရှိတဲ့ အထဲက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သလို နောက်ထပ်ကျန်ရှိနေသေးတဲ့ ကျောက်ဖြူ၊မာန်အောင် နဲ့ စစ်တွေ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ အဲဒီလိုကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နေရာမှာ အာရက္ခတပ်တော် အနေ နဲ့လည်း အကန့်အသတ်တွေ နဲ့ တိုက်ပွဲတွေကို ဖော်ဆောင်ကာ တိုက်ခိုက်နေရတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။ https://rcnanews.com/news_mm/6879/
မာန်အောင်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြပြီး စစ်မှုထမ်းခေါ်ဖို့ပြင်ဆင်နေ CNA ၊မြတ်သူ။ ဇူလိုင်လ ၊ ၁၁ ။ မာန်အောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို အကြောင်းပြပြီးတော့ စစ်မှုထမ်းခေါ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ မာန်အောင်မြို့နယ် အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကို ပြင်ဆင်နေတာ ရှိနေပြီးတော့ အဲဒီရွေးကောက်ပွဲ အတွင်းမှာ လုံခြုံရေးတာဝန်ကို ထမ်းဆောင်ဖို့ အတွက်ဆိုကာ ဒေသခံတွေကို စစ်သင်တန်းတက်ရမယ်ဆိုပြီးတော့ အခုလို ရပ်ကွက်အလိုက် ၊ကျေးရွာအုပ်စု အလိုက် လူဦးရေ ဘယ်လောက်ပေးရမယ်ဆိုပြီးတော့ အတင်းခေါ်ယူလာတာ ဖြစ်တယ်လို့ မာန်အောင်ဒေသခံ တစ်ဦးက ပြောပါတယ်။ "အခုက ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲမှာ လုံခြုံရေးလုပ်ဖို့ အတွက်ဆိုပြီးတော့ တောင်းလာတာဖြစ်တယ်။ပြည်သူတွေက ဒီကိစ္စကို သိပ်ပြီးတော့ သဘောမကျတာတွေများတယ်။ကြောက်လည်းကြောက်ကြတယ် ပြည်သူတော်တော်များများက။ရွေးကောက်ပွဲက အခုမှလုပ်တာလည်း မဟုတ်ဘူး အရင်တုန်းကလည်း လုပ်နေတာပဲ လုံခြုံရေးအတွက် ဆိုပြီးတော့ စစ်သင်တန်းတက်ရတဲ့ အဆင့်ထိမရှိပါဘူး။ပြီးတော့ ကျနော်တို့ မာန်အောင်မှာက အေးအေး ဆေးဆေးပဲ ရှိနေတာ အခုဟာက စစ်မှုထမ်းအတွက် တဖက်လက် နဲ့ ခေါ်တာလို့ မြင်တယ်"လို့ သူကပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီ အနေ နဲ့ အသက် ၁၈ နှစ်ကနေပြီးတော့ အသက် ၆၅ နှစ် အထိ အငယ်ဆုံးကျေးရွာအုပ်တစ်စုကို လုံခြုံရေး အတွက် စစ်သင်တန်းတက်ရောက်မယ့်သူ ၃၀ ကနေပြီးတော့ အကြီးဆုံးကျေးရွာအုပ်စု တစ်ခုကို လူဦးရေ ၇၀ ထိ ပေးရမယ်လို့ တောင်းခံထားတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းဥပေဒပြဌာန်းပြီးနောက်ပိုင်းမှာလည်း ရပ်ရွာလုံခြုံရေး အတွက်ဆိုပြီးတော့ ပထမတစ်ကြိမ် စစ်သင်တန်းတက်ရောက်ဖို့ ပြည်သူတွေကို အတင်းဖိအားပေးခေါ်ယူခဲ့တာလည်း ရှိခဲ့ပြီးတော့ ပြည်သူတွေက စစ်မှုထမ်း ကိစ္စကို ကန့်ကွက်ခဲ့တဲ့ အတွက် အဲဒီတစ်ကြိမ်စစ်မှုထမ်းခေါ်ယူမှုဟာလည်း အထမမြောက်ဖြစ်ခဲ့ရပါတယ်။ တဖက်မှာလည်းစစ်ကောင်စီဟာ မာန်အောင်ကို ပို့ထားတဲ့ စစ်အင်အားတွေကို ကျောက်ဖြူတိုက်ပွဲအတွင်းကိုပို့ဆောင်ထားခဲ့ရတဲ့ အတွက် လက်ရှိမာန်အောင်မှာ စစ်အားအား နည်းနေတဲ့ အတွက် အခုလို ရွေးကောက်ပွဲကို အကြောင်းပြ ပြီးတော့ စစ်အင်အားဖြည့်တင်းနိုင်ဖို့ အတွက်ဒီစစ်မှုထမ်းကိစ္စကို ထပ်မံ ခေါ်ယူနေတာလည်း ဖြစ်နိုင်တယ်လို့ မာန်အောင်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ "အခုဟာက အရင်ကထက် ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေရတယ်။ပြည်သူတွေကတော့ ဘယ်သူမှ မလုပ်ချင်ကြဘူး။အခုသူတို့က ရွေးကောက်ပွဲအတွက်လို့ ပြောပေမယ့် တိုက်ပွဲထဲကို မပို့ဘူးလို့ ဘယ်သူကမှ မပြောနိုင်ဘူး။သူတို့လက်ထဲကို ရောက်သွားရင် အကုန်လုံးက သူတို့ခိုင်းတာကိုပဲ လုပ်ရမှာတော့သေချာတယ်။ ပြီးတော့ ဒီမှာက တပ်အင်အားကလည်း မရှိတဲ့ အနေအထားဖြစ်နေပြီးဆိုတော့။ဒီကခေါ်ပြီးတော့ ဒီမှာ တစ်ခုခု ဖြစ်လာရင် တိုက်ခိုင်းမယ်ဆိုတာမျိုးလည်း လုပ်ခိုင်းနိုင်တယ်။နော်ကတစ်ခု ကျောက်ဖြူကိုလည်း ပို့ရင်ပို့နိုင်တာပေါ့ ။အခု ဒီစစ်မှုထမ်းပြန်ခေါ်လာတာကိုတော့ ဒေသခံတွေ တော်တော်စိုးရိမ်နေကြတယ်"လို့ သူကဆိုပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ စစ်သင်တန်းတက်ရောက်ဖို့ ထပ်မံခေါ်ယူနေတဲ့ အပေါ်မှာ လိုလားမှုတွေ မရှိသလို အရင်တုန်းကထက် အတင်းအဓမ္မလုပ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ နောက်ထပ်မာန်အောင်ဒေသခံ တစ်ဦးက ဆိုပါတယ်။ https://rcnanews.com/news_mm/6875/
ရခိုင်မှာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းဖွင့်လှစ်ထား CNA ၊ ဇူလိုင် ၊ ၁၁ ။ ရခိုင်မှာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနကနေပြီးတော့ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းကို ဖွင့်လှစ်ထားတယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ ဒီ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အနေ နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကတည်းကပင် ဖွင့် လှစ်ထားခဲ့တာဖြစ်ပြီးတော့ သင်တန်းဟာ ၈ လတာ ကြာမြင့်မှာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ဒီသင်တန်းကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနအနေ နဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ဖို့ နဲ့ ရခိုင်မှာ ရှိနေတဲ့ အာရက္ခပြည်သားတိုင်း လက်လှမ်းမီနိုင်တဲ့ ပဏာမကျန်းမားရေးစောင့်ရှောက်မှုတွေကို ရရှိနိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။ ဒီသင်းတန်းမှာ လက်ရှိ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၀၀ ဝန်းကျင်လောက်ထိတက်ရောက်သင်ကြားနေတာတွေရှိပြီးတော့ သင်တန်းပြီးဆုံးတဲ့ အထိ တက်ရောက်ကြတဲ့ သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ နဲ့ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဝန်ထမ်းလိုအပ်ချက်တွေ နဲ့ အတူ အလုပ်ခန့်အပ်တာတွေကိုလည်း လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းဆင်းတွေ အနေ နဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုတွေ အနေ နဲ့ ကူးစက်မြန် နဲ့ ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေး၊ ဘေးအန္တရာယ်နဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲရေး၊စီမံချက်ဝင်ရောဂါတိုက်ဖျက်ရေး၊မကူးစက်နိုင်တဲ့ ရောဂါများကို ကာကွယ်ကုသရေး၊ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ကျန်းမာရေး၊ကျန်းမာရေးအသိပညာမြှင့်တင်ရေး အပါအဝင် ရပ်ရွာလူထုတွေ နဲ့ တိုက်ရိုက်ထိတွေ့တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် ရခိုင်မှာရှိနေတဲ့ လူငယ်လူရွယ်တွေကို ပညာရေးဆိုင်ရာ အခွင့်အလမ်း နဲ့ အလုပ်အကိုင်အခွင့် အလမ်းကို တပြိုင်တည်းဆောင်ရွက်ပေးနိုင်ဖို့ အတွက် ဒီလို ပြည်သူ့ကျန်းမာရေးကြီးကြပ် သင်တန်းတွေ အပြင် ဘက်စုံအကျိုး ဖြစ်ထွန်းတဲ့ သင်တန်းတွေကို အခြေအနေ နဲ့ အခွင့်အရေးပေးမှုတွေအရ ထပ်မံ ဖွင့်လှစ်တာတွေကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆိုထားပါတယ်။ တဖက်မှာလည်း ရခိုင်ဒေသ အတွင်းမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ထပ်ပြီးလိုအပ်နေသေးတာကြောင့် ပြည်သူတွေ အပေါ်မှာ စေတနာရှိတဲ့ ဘယ်လူမျိုးမဆို ၊ လာရောက်ပူးပေါင်းဖို့ကိုလည်း အာရက္ခပြည်သူ့အစိုးရအနေ နဲ့ ဖိတ်ခေါ်ထားပါသေးတယ်။ https://rcnanews.com/news_mm/healthy_mm/6872/
■ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်မဲမြို့မှာ နေအိမ် ၄ ဆောင်ပျက်စီးပြီး ပြည်သူ ၁ ဦးသေ ၅ ဦးဒဏ်ရာရ CNA ၊ ဇူလိုင်လ၊ ၁၁ ။ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ဒီနေ့မနက် ၃ နာရီကျော်လောက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့အတွင်းက ကော်လီဟိုတယ်၊ မြိုမရဲစခန်း နဲ့ ခရိုင်ရဲရုံးဘက်တိုတွင်ဗုံး (၃)လုံးကျရောက်ပေါက်ကွဲတာ ရှိခဲ့ပြီးတော့ အမျိုးသား (၁)ဦး သေဆုံးခဲ့ရပြီးတော့ ပြည်သူ ၅ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် ၄ ဆောင်ဟာလည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပဲ ယမန်နေ့ကလည်း မိုးကုတ်မြို့ အတွင်းက ပန်မထိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး နဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၂)ဦး သေဆုံးခဲ့ရပြီးတော့ ဒေသခံ ပြည်သူ ၈ ဦးဒဏ်ရာ ရရှိပြီးတော့ နေအိမ် (၇)ဆောင်ဟာလည်း ထိမှန်ပျက်စီးသွားခဲ့ရသေးတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဟာ (၂)ပတ်တာကာလအတွင်းမှာ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်၊ နောင်ချိုမြို့အတွင်းက သုံးဆယ်ကျေးရွာကို (၁)ကြိမ်၊ မိုးကုတ်မြို့ကို (၁)ကြိမ် နဲ့ သီပေါမြို့ကို (၁)ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ထိလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်အတွင်းမှာ ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦး သေဆုံးခဲ့ရပြီး ပြည်သူလူထု (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၅၀)ဆောင် ၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းဟာလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီလို စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ အတွက် မိဘပြည်သူတွေ အနေ နဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့ အတွက် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီးတော့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာတွင် ဝင်ရောက်ဖတ်နိုင်ပါပြီ -- https://rcnanews.com/news_mm/6866/
စစ်ကောင်စီ ရဲ့ အဆင့်မြင့်ကိုယ်စလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်ချင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကို မင်းအောင်လှိုင်တောင်းဆို CNA ၊ ဇူလိုင် ၊ ၁၁ ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အခွန်ကိစ္စ နဲ့ ပေးပို့ခဲ့တဲ့ စာကို အကြောင်းပြုပြီးတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က သူတို့ရဲ့ အဆင့်မြင့်ကိုယ်စလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွတ်ချင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကို တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုကို ကုန်သွယ်ခွန်ကောက်ခံမယ့် ကိစ္စ နဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတ ထရမ့် ဆီကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြန်လည်အကြောင်းကြားခဲ့တဲ့ စာထဲမှာ ထည့်သွင်းတောင်းဆိုထားတာလည်းဖြစ်ပါတယ်။ အမေရိကန်ကတော့ အခုလမယ့် ြသဂုတ်လ ၁ ရက်နေ့ ကပင် မြန်မာနိုင်ငံ ကတင်ပို့လာတဲ့ ကုန်တွေအားလုံးကို အခွန် ၄၀ ရာခိုင်နူန်းကောက်ခံမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံ အနေ နဲ့လည်း အခွန်မရှောင်ဖို့ နဲ့ အခွန်ရှောင်တာကို တွေ့ခဲ့ရင် အခွန်နူန်းထားကို ထပ်မံ တိုးကောက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က သတိပေးထားပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ အမေရိကန်သမ္မတ ထရမ့် အနေ နဲ့ အရင်တုန်းကို မြန်မာပို့ကုန်တွေ အနေ နဲ့ အခွန် ၄၄ ရာခိုင်နူန်းကောက်ခံဖို့ အတွက် မူလလျာထားချက်ကို ၄၀ ရာခိုင်နူန်းပြင်ဆင်သတ်မှတ်ပေးတဲ့ အပေါ်မှာ ကျေးဇူးတင်တယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိသတ်မှတ်လိုက်တဲ့ မြန်မာက ပို့တဲ့ ပို့ကုန် အခွန် ၄၀ ရာခိုင်နူန်းကောက်ခံမယ့်ကိစ္စကို မြန်မာက ပို့ကုန်တွေအတွက် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ကောက်ခံဖို့နဲ့ အမေရိကန်ကနေပြီးတော့ မြန်မာကိုတင်သွင်းလာတဲ့ ပို့ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ကနေ အခွန် ၁၀ ရာခိုင်နှုန်းထက်ပိုမကောက်ခံဖို့ ကိုညှိနှိုင်းဖို့ကို လိုလားပြီးတော့ လိုအပ်ရင် ဒီကီစ္စ နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ အဆင်မြင့် ကိုယ်စလှယ်အဖွဲ့တွေကို အမေရိကန်ကို ချက်ချင်းစေလွတ်ချင်တယ်လို့ သူက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုထားလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အမေရိကန် အနေ နဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့တာတွေကိုလည်း ဖြေလျော့ရုပ်သိမ်းပေးဖို့ အတွက်ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုထားပါသေးတယ်။ https://rcnanews.com/news_mm/6863/
အဲဒါကြောင့် ပဲ "အာဏာသိမ်းပြီး ၁၈ လ လောက်ကြာတဲ့အထိ စစ်ကောင်စီကို တိုက်ရိုက်တိုက်ပွဲဆင်တာ မျိုးမလုပ်ခဲ့ဘဲ အင်အား၊ မဟာမိတ်နဲ့ အရင်းအမြစ်စုဆောင်း တာတွေကို ဦးစားပေးနေခဲ့တာပါ။ စစ်ဆင်ရေး ၁၀၂၇ မှာ အဓိကဦးဆောင်ပါခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ရခိုင်မှာ ထိုးစစ်တွေစတဲ့အခါ သူ့ရဲ့စစ်ဆင်ရေးတွေကို စစ်ဆင်ရေး ၁ဝ၂၇ နဲ့ ချိတ်ဆက်တာ၊ နွေဦးတော်လှန်ရေးရဲ့ ကျွဲကူးရေပါဆိုပြီး ဝါဒဖြန့်တာမျိုးကို ရှောင်ရှားခဲ့တာ ထင်ရှားတယ်"လို့ ဆိုထားပါတယ်။ အာရက္ခတပ်တော်ဟာ မြန်မာ့ပဋိပက္ခရဲ့ အရှေ့မြောက်၊ အရှေ့တောင် နဲ့ အနောက်ပိုင်းစင်္ကြံသုံးခုစလုံးကို ခြေရာပေါက်နိုင်ရုံသာမကဘဲ ဗမာတွေ ရဲ့ အညာကိုလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုး နိုင်စွမ်းရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ထဲက EAO ဖြစ်တယ်လို့လည်း SP Myanmar က မှတ်ချက်ပေးထားပါတယ်။ ဒါ့အပြင် အာရက္ခတပ်တော်ဟာ ရခိုင်ကို အခြေပြုပြီးတော့ ဧရာဝတီ၊ မကွေး နဲ့ ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်တဲ့ ထူးထူးခြားခြား EAO ဖြစ်ပြီး တော့ အာရက္ခတပ်တော် ရဲ့ ခေါင်းဆောင်တွေဟာ မျိုးဆက်သစ် မင်းပျိုမင်းလွင်တွေဖြစ်သလို ကျန်လူငယ်လက်နက်ကိုင်အဖွဲ့ တော်တော်များများကိုလည်း သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိတဲ့ အစ်ကို ကြီး-ညီလေးဆက်ဆံရေးနဲ့ "အပြောနည်းနည်း၊ အလုပ်များများနဲ့" လက်နက်ကိုင် မဟာမိတ်ကွန်ရက် အကြီးဆုံးတည်ဆောက်ထားနိုင်တဲ့ တခုတည်းသော EAO လည်း ဖြစ်သည်လို့ ISP Myanmar က ဆိုထားပါတယ်။ https://rcnanews.com/news_mm/6860/
အာရက္ခတပ်တော်က စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို လက်နက်ရိက္ခာ နဲ့ စစ်သင်တန်းတွေ ထောက်ပံ့ပေးထား CNA ၊ သတင်း။ ဇူလိုင်၊ ၁၀။ မြန်မာနိုင်ငံတဝန်းလုံးက မြို့ပေါင်း ၆၁ ခုမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော် က လက်နက်ရိက္ခာ နဲ့ စစ်သင်တန်းတွေကို ထောက်ပံ့ပေးထားတာ ရှိတယ်လို့ ISP Myanmar က ထုတ်ပြန်ဖော်ပြလာပါတယ်။ အဲဒီအချက်အလက်တွေကို ISP Myanmar က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ "အို... မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်" သုံးသပ်ချက်ထဲမှာ အခုလို ထည့်သွင်းဖော်ပြထားတာ လည်း ဖြစ်ပါတယ်။ အာရက္ခတပ်တော်ဟာ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ အတွင်းစစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက အနည်းဆုံး ၂၃ ဖွဲကို လက်နက်ရိက္ခာ ဒါမှမဟုတ် စစ်သင်တန်း စတဲ့ အရင်းအမြစ်တွေကို တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အဝထောက်ပံ့နေတာ တွေ့ရတယ်လို့ ISP Myanmar က ဆိုထားတာပါ။ အဲဒီတပ်ဖွဲ့ တွေဟာ မြန်မာနိုင်ငံတဝန်းမှာ ရှိတဲ့ မြို့ ၆၁ ခုအတွင်းထဲမှာ စစ်ရေးလှုပ်ရှားတာတွေကို လုပ်ဆောင်တာတွေ ရှိနေပြီးတော့ ဒီထဲက ၁၈ ဖွဲ့ကတော့ ရခိုင် နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူး နဲ့ ဧရာဝတီတို့မှာ အာရက္ခတပ်တော် နဲ့ အတူပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားတာတွေကို လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ISP Myanmar ရဲ့ထုတ်ပြန်ချက် အရ အာရက္ခတပ်တော်ရဲ့ ထောက်ပံ့မှုတွေကို ရရှိထားတဲ့ အဖွဲ့တွေကတော့ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီထဲက PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တပ်တွေဟာ အာရက္ခတပ်တော် ရဲ့ စစ်ရေးကွပ်ကဲမှုစနစ် နဲ့ ချိတ်ဆက်ထားတဲ့ မဟာမိတ်တပ်တွေဖြစ်ကြပြီးတော့ ကျန်တဲ့ တပ်ဖွဲ့တွေ ဖြစ်တဲ့ BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နဲ့ BLDF တပ်ဖွဲ့တွေ ဟာ အာရက္ခတပ်တော် ရဲ့ ထောက်ပံ့မှုတွေကို တစိတ်တပိုင်း ဒါမှမဟုတ် အပြည့် အဝ ထောက်ပံ့တာတွေကို ရရှိထားတဲ့ မဟာမိတ်တပ်တွေ ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။ ISP Myanmar အနေ နဲ့ ဒီအချက်အလက်တွေကို ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပြီးတော့ ဒေတာရမှုအကန့်အသတ် နဲ့ နည်းနာပိုင်းမူတွေ ကွဲလွဲမှုတစုံတရာကြောင့် ကွဲလွဲမှုတွေတချို့ ရှိတာလည်းရှိနိုင်တယ်လို့ သူကဆိုထားပါတယ်။ ISP Myanmar ရဲ့ သုံးသပ်ချက်အရ လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ရခိုင်က နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီးတော့ ရခိုင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရှိနေပြီးတော့ တဖက်မှာလည်း ဒီ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက စပြီးတော့ ရခိုင်ပြင်ပက မကွေး၊ ပဲခူး နဲ့ ဧရာဝတီတိုင်းတွေကိုကို စစ်ရေးတိုးချဲ့ဖော်ဆောင်လာတာတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။ တဖက်မှာလည်း အာရက္ခတပ်တော် ရဲ့မဟာဗျူဟာကို ခြုံကြည့်မယ်ဆိုရင် မြေကျယ်ကျယ်ယူ၊ ခြံစည်းရိုးမြင့်မြင့်ခတ်၊ စိတ်ချရတဲ့ အစောင့်တွေထား (an extended yard, a high fence, and reliable gatekeepers) ဖြစ်ပုံရပြီးတော့ ရခိုင်ကနေ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ စတဲ့ ဖြန့်ထွက်နယ်မြေစိုးမိုး၊ သဘာဝရိုးမအပြင် မဟာမိတ်အကာအကွယ်တွေကို တံတိုင်းမြင့်မြင့်ခတ်၊ အားကိုးရတဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေကို ကြားခံအဖြစ် နေရာချထားဆိုတဲ့ မဟာဗျူဟာက အလုပ်ဖြစ်နေပုံရနေပေမယ့် ဒီမဟာဗျူဟာရဲ့ အဆုံးသတ်ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းကိုတော့ အာရက္ခတပ်တော်က ရှင်းရှင်းလင်းလင်း နဲ့ ရှေ့နောက်ညီညီ ယတိပြတ်ထုတ်ပြောတာမျိုး မရှိသေးဘူး"လို့ ISP Myanmar က ဝေဖန်ထောက်ပြထားတာကိုလည်း တွေ့နေရပါတယ်။ အာရက္ခတပ်တော်ဟာ နိုင်ငံရေးအရ ကတိကဝတ် ပြုရမယ့် အပြောများများ မဟာမိတ်မျိုးကို ရှောင်ရှားလိုပြီးတော့ ညီနောင်မဟာမိတ်လို စစ်ရေးမဟာမိတ်နဲ့ အလုပ်များများ ဂျူနီယာလက်နက်ကိုင် မိတ်ဖက်တွေကိုသာ လိုလားတယ်ဆိုတဲ့ ဟာမျိုးကိုလည်း တွေ့နေရတယ်လို့ ISP Myanmar ကဆက်လက် သုံးသပ်ထားပါသေးတယ်။ အဲဒါကြောင့် လက်ရှိ အာရက္ခတပ်တော် ရဲ့ မဟာဗျူဟာရွေးချယ်မှုတွေဟာ နိုင်ငံရေးမဟာမိတ်က ဆုံးဖြတ်တဲ့ အချိန်ဇယား ပြက္ခဒိန်တွေကြောင့်ဆိုတာတွေကိုမဟုတ်ဘဲ သူ့အခြေအနေပေးထားချက် အချက်အလက်ပြည့်စုံမှုအပေါ်မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက် နေတယ်ဆိုတာကိုလည်း ISP Myanmar အနေ နဲ့ ရှုမြင်ထားတယ်လို့ ဆိုထားပါတယ်။
မာန်အောင်မှာ လူသတ် ဓားပြတိုက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦး နဲ့ ဒေသခံ တစ်ဦးကို လက်ရှိအချိန်ထိ မဖမ်းဆီးနိုင်သေး CNA ၊ ဇူလိုင် ၊ ၁၀ ။ သတင်း ၊ မြတ်သူ။ မာန်အောင်မြို့နယ်အတွင်း လူသတ်၊ဓားပြတိုက်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး နဲ့ ဒေသခံ တစ်ဦးကို လက်ရှိအချိန်ထိ ဖမ်းဆီးတာမလုပ်နိုင်သေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ ညနေက ကိုညီသူငယ် ရဲ့ ညီဝမ်းကွဲဇနီးမောင်နှံဟာ င/ပုကုန်းကျေးရွာ ဆေးခန်းမှာ ဆေးခန်းပြပြီးနောက် သူတို့နေထိုင်ရာ မာန်အောင်မြို့နယ်၊ ဘဲချောင်းကျေးရွာသို့ အပြန် ဒိုးတန်းကုန်းကျေးရွာ နဲ့ ဖက်ယားကျေးရွာ အကြားက လယ်ကွင်းပြင်မှာ လူသုံးဦး ရဲ့ ဓားပြတိုက်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီဓားပြတိုက်မှု ဖြစ်စဉ်ကို လယ်ကွင်းပြင်မှာ ရှိနေတဲ့ အကိုဖြစ်သူ ကိုညီသငယ်ကို တွေ့ရှိခဲ့ပြီး ဓားပြတွေ နဲ့ အပြန်အလှန်စကားပြောကာ ကြားဝင်ဖြေရှင်းပေးရာကနေပြီးတော့ ကိုညီသငယ်မှာ ဓားပြ တွေ ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီလို ဓားပြတိုက် လူသတ်သွားတဲ့ သူ ၃ ဦးကတော့ င/ပုကုန်းကျေးရွာ ဒေသခံ တစ်ဦး နဲ့ မာန်အောင်မြို့ ကမုံတောင် တပ်စခန်းက ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖြစ်ပြီးတော့ လက်ရှိအချိန်ထိ သူတို့ ၃ ဦးကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ မာန်အောင်မြို့ခံတစ်ဦးက CNA ကိုပြောပါတယ်။ "လူသတ်တရားခံတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်။ ဟိုတနေ့တုန်းကတော့ ညောင်းကုန်းကျေးရွာက ဒေသခံ တွေက စစ်တပ်က တစ်အိမ်တစ်ယောက်ထွက်ရှာပေးရမယ်လို့ ဆိုပြီးတော့ တစ်ရက်ရှာတယ်လို့ ပြောတယ်။မတွေ့သေးဘူး။ ၂ယောက်ကတော့ စစ်တပ်က ထွက်ပြေးနေတာ နောက်တစ်ယောက်ကတော့ င/ပုကုန်းရွာခံဖြစ်တယ်လို့ သိရတယ်။စစ်တပ်က ထွက်ပြေးနေတဲ့ နှစ်ယောက်ကတော့ သူတို့ ထွက်ပြေးနေတာ သင်္ကြန်တုန်းကတည်းက ထွက်ပြေးနေတာလို့ သိရတယ်"လို့ သူကပြောပါတယ်။ အဲဒီလိုလူသတ်ဓားပြတိုက်မှုတွေကို ကျူးလွန်ထားတဲ့ သူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးတဲ့ အတွက် ဒေသခံ တွေ အနေ နဲ့လည်း တောတောင်တွေကို သွားရောက်တဲ့ အခါမှာ အကြောက်တရားတွေ နဲ့ သွားနေရပြီးတော့ ဒီလူသတ်တရားခံတွေကို အမြန်ဆုံးဖမ်းဆီးပေးတာတွေကို လုပ်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။ https://rcnanews.com/news_mm/6857/