Ebooks
Статистика- Последний пост
- 10 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 2
- Всего постов
- 25
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 682
- 1/48двое суток
- 781
- 1/72трое суток
- 842
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
ကမ္ဘာ့အဆင့်မီ Harvard University က Thesis တွေကို ဖတ်ဖူးချင်ကြလား… 🎓📚 ကမ္ဘာ့ထိပ်တန်း Harvard University က ကျောင်းသားတွေ၊ သုတေသီတွေ ရေးသားထားတဲ့ Thesis (ဘွဲ့ယူစာတမ်း) တွေကို ဖတ်ကြည့်ချင်ပေမဲ့ "Harvard ကျောင်းသား မဟုတ်ရင် ဖတ်လို့ ရပါ့မလား" သို့မဟုတ် "ကြေးကြီးလွန်းလို့ ဝယ်ဖတ်ရမှာလား" လို့ တွေးမိဖူးပါသလား။ တကယ်တော့ Harvard University ဟာ သူတို့ရဲ့ ကျောင်းသားတွေနဲ့ သုတေသီတွေရဲ့ စာတမ်းပေါင်း မြောက်မြားစွာကို ကမ္ဘာတစ်ဝန်းက လေ့လာလိုသူတိုင်း အခမဲ့ (Free) ဒေါင်းလုဒ်ဆွဲ ဖတ်ရှုနိုင်အောင် Open Access Repository အဖြစ် ဖွင့်လှစ်ပေးထားပါတယ်။ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ စာတမ်းရေးနေသူတွေ၊ Research Methodology ပုံစံကောင်းတွေကို လေ့လာချင်သူတွေ ဒါမှမဟုတ် ကမ္ဘာ့အဆင့်မီ သုတေသနတွေကို စိတ်ဝင်စားသူတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ --- ### 🌐 Harvard Thesis များကို အခမဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် တရားဝင် Website: 👉 Website Link: [https://dash.harvard.edu/](https://dash.harvard.edu/) *(DASH - Digital Access to Scholarship at Harvard)* --- 💡 လေ့လာနည်း လွယ်လွယ်ကူကူ - 1. အထက်ပါ Link ထဲသို့ ဝင်ပါ။ 2. Search box တွင် မိမိ စိတ်ဝင်စားသည့် ခေါင်းစဉ် (Subject)၊ ကီးဝေါ့ဒ် (Keyword) သို့မဟုတ် စာရေးသူအမည်ကို ရိုက်ထည့်ပြီး ရှာဖွေပါ။ 3. မိမိဖတ်ချင်သည့် Thesis/Dissertation ကို တွေ့ပါက "View/Open" သို့မဟုတ် "PDF" ကို နှိပ်ပြီး အခမဲ့ ဒေါင်းလုဒ်ဆွဲ၍ ဖတ်ရှုနိုင်ပါတယ်။ ဆရာ/ဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများနဲ့ Research စိတ်ဝင်စားသူ မိတ်ဆွေတွေအတွက် အသုံးဝင်စေဖို့ Save ထားပြီး Share ပေးလိုက်ပါဦးနော်။ ✨ #HarvardUniversity #Thesis #ResearchPaper #OpenAccess #StudyInspiration #EducationMM #FreeLearning #thesistoolkittraining
без подписи
New Cambridge Element, History of the Humanities by Herman Paul, out now! Read for free for the next 2 weeks at https://cup.org/4bmwmzq
без подписи
Elsevier ရဲ့ ScienceDirect AI လို Commercial AI Tools တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ Open Research AI Ecosystem တစ်ခု တည်ဆောက်ဖို့နဲ့ Open-and-Free Science ကို AI ခေတ်မှာ ဆက်လက်အသက်သွင်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ Sci-Hub ဟာ လက်ရှိဥပဒေတွေနဲ့ မကိုက်ညီတာကြောင့် Alexandra Elbakyan ဟာ နှစ်ပေါင်းများစွာ တရားစွဲဆိုမှုတွေ၊ ဒေါ်လာသန်းပေါင်းများစွာ လျော်ကြေးအမိန့်တွေ၊ Domain ပိတ်သိမ်းမှုတွေကို ရင်ဆိုင်ခဲ့ရတာလည်း အမှန်တရားတစ်ခုပါပဲ။ ကျွန်မရဲ့ အမြင်ကို ပြောရမယ်ဆိုရင်တော့… “The future of science may not be determined by who owns information… but by who can access it and who can wisely use it.” အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Ethics နဲ့အညီ Journal Paper တွေကို ဝယ်ဖတ်ချင်ရင်တောင် International Payment စနစ်၊ Credit Card၊ MasterCard စတဲ့ ငွေပေးချေမှုအခက်အခဲတွေကြောင့် အလွယ်တကူ လက်လှမ်းမမီနိုင်သေးတဲ့ အခြေအနေတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း Intellectual Property Rights ကို လေးစားရမယ်ဆိုတဲ့ အမြင်ကလည်း အရေးကြီးပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်အရာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုတာကို အဖြူအမည်းနဲ့ ဆုံးဖြတ်လို့မရဘဲ Academic Community တစ်ခုလုံး ဆက်ပြီး အဖြေရှာရမယ့် မေးခွန်းတစ်ခုလို့ ကျွန်မတော့ ယူဆပါတယ်။ (တော်ကြာ.... ကျမကို Ethics နဲ့မညီတာတွေ မျှဝေ ရေးသားနေပါတယ်လို့ စွပ်ဆွဲ ခံရမှာကိုလဲ ကြောက်ရပါသေးတယ် 😁) ငါတို့က Ethics နဲ့ မညီတာ ဘာမှ မလုပ်ဘူးဆိုသူတွေအတွက်၊ Sci-Bot ကို Ethics အရ မသုံးချင်သူတွေအတွက်တော့ ရှောင်ရှားနိုင်အောင် Link ကို Comments မှာ ထည့်ပေးထားပါတယ်။ 😉 Written by: TgN (Mechanical) #AlexandraElbakyan #SciHub #SciBot #AcademicFreedom #EngineeringJudgment #ScienceAccess #ArtificialIntelligence #OpenScience Link: sci-bot.ru
ကျမတို့လို Academic လောကက လူတွေအတွက် Paywall တံတိုင်းတွေကို ဖြိုဖျက်ပေးခဲ့တဲ့ Sci-Hub ရဲ့ မိခင်ကြီး Alexandra Elbakyan အကြောင်းကို ကျမ မကြာသေးခင်ကမှ ရေးခဲ့ဖူးပါသေးတယ်။ ဟိုးအရင် ၂၀၁၁ ခုနှစ် Sci-Hub ကို စတင်တည်ထောင်ခဲ့စဉ်ကတည်းက သူမရဲ့ အဓိကခံယူချက်က “Science should not stop at borders.” ဆိုတာပါပဲ။ ပညာရှာဖွေမှုဆိုတာ ပထဝီဝင်အနေအထား၊ နိုင်ငံရေး၊ စီးပွားရေးပိတ်ဆို့မှု (Sanctions)၊ ဒါမှမဟုတ် ငွေကြေးတွေကြောင့် ကန့်သတ်မခံရသင့်ဘူးဆိုတာကို သူမက လက်တွေ့ကျကျ ပြသခဲ့သူပါ။ အခုတော့ သူမရဲ့ Mission ဟာ နောက်ထပ်အဆင့်တစ်ခုကို တက်သွားပြန်ပါပြီ။ ပြီးခဲ့တဲ့ April 2026 မှာပဲ Sci-Hub ရဲ့ သုတေသနစာတမ်းပေါင်း ၈၈ သန်းကျော် ရှိတဲ့ Massive Archive ကြီးကို အခြေခံတည်ဆောက်ထားတဲ့ Sci-Bot ဆိုတဲ့ AI-powered Scientific Research Assistant ကို Alpha Version အနေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ခါတော့ သူမရဲ့ Game ကစားပုံက လုံးဝပြောင်းလဲသွားခဲ့ပြီလို့ ပြောရမှာပါ။ အရင်လို PDF တွေကို လိုက်ရှာ၊ Download ဆွဲပြီး တစ်စောင်ချင်း ဖတ်နေရုံ မဟုတ်တော့ပါဘူး။ ကျွန်မတို့ သိလိုတဲ့ Scientific Question တစ်ခုကို Natural Language နဲ့ ရိုက်ထည့်လိုက်ရုံနဲ့ AI က သန်းပေါင်းများစွာသော Research Paper တွေကို စက္ကန့်ပိုင်းအတွင်း ရှာဖွေ၊ ခွဲခြမ်းစိတ်ဖြာပြီး Direct Citations တွေနဲ့အတူ စနစ်တကျ အဖြေထုတ်ပေးနိုင်လာပါတယ်။ ရှင်းအောင် ဥပမာပေးရရင်… အရင်တုန်းက… Research Question တစ်ခုရလာရင် Google Scholar မှာ ရှာမယ်။ ပြီးရင် Paper ၂၀၊ ၃၀ လောက် Download ဆွဲမယ် ။ Abstract တွေ ဖတ်မယ်။ Relevant ဖြစ်တာတွေကို Full Paper ဖတ်မယ်။ References တွေကို ထပ်လိုက်ဖတ်မယ်။ Literature Review တစ်ခုရေးဖို့ ရက်ပေါင်းများစွာ၊ တစ်ခါတစ်လေ သတင်းပတ်ပေါင်းများစွာ အချိန်ယူရပါတယ်။ အခုတော့… Sci-Bot ကို မေးခွန်းတစ်ခု ရိုက်ထည့်လိုက်ရုံနဲ့… AI က Research Literature သန်းပေါင်းများစွာထဲက အချက်အလက်တွေကို စုစည်းပေးတယ်။ အကျဉ်းချုပ် (Summary) ရေးပေးတယ်။ ဘယ် Research Paper တွေကို အခြေခံထားတယ်ဆိုတာကိုလည်း Citation နဲ့တကွ ပြန်ပြပေးပါတယ်။ တစ်နည်းပြောရရင်… AI က Paper တစ်စောင်တည်းကို ဖတ်နေတာ မဟုတ်ဘူး… Research Literature သန်းပေါင်းများစွာကို ဖတ်ပြီး အနှစ်ချုပ် ပြန်ပြောပေးနေတာပါ။ Sci-Bot ထွက်လာတာနဲ့ ထုံးစံအတိုင်း ကျမတို့ Academic လောကဟာ အမြင်နှစ်ဖက် ထပ်ပြီး ကွဲပြားကြ ပြန်ပါတယ်။ တစ်ဖက်က Ethics အရ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ Sci-Hub ဟာ Copyright Law ကို ချိုးဖောက်တယ်။ Publishers တွေရဲ့ Intellectual Property Rights ကို ထိခိုက်စေတယ်။ ဒီလို မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဘယ်လို ရည်ရွယ်ချက်ကောင်းနဲ့ပဲဖြစ်ဖြစ် ငါတို့က လက်မခံနိုင်ဘူး..... ဒါဟာ Peer Review စနစ်နဲ့ ထုတ်ဝေသူ (Publishers) တွေကို ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမှာ မေးခွန်းကြီးတစ်ခု ရှိနေပါသေးတယ်။ Research (သုတေသန) ကို ဘယ်သူတွေ Funding ပေးသလဲ? သုတေသနအများစုဟာ ပြည်သူတွေရဲ့ အခွန်ငွေ (Public Money/Taxpayer funds) နဲ့ လုပ်ဆောင်ကြတာပါ။ Research Paper တွေကို ဘယ်သူတွေ ရေးသလဲ? Researchers တွေ ရေးကြပါတယ်။ Peer Review ကို ဘယ်သူတွေ လုပ်သလဲ? Researcher တွေကပဲ Peer Reviewers တွေအဖြစ်၊ Editors တွေအဖြစ် အများစုက အခမဲ့ (Free) ဆောင်ရွက်ပေးကြတာပါ။ ဒါပေမယ့်… ကိုယ်တိုင်ရေးထားတဲ့ Paper ကို ပြန်ဖတ်ချင်ရင်… တစ်စောင်ကို USD 30–50 ပေးရတတ်ပါတယ်။ တက္ကသိုလ်တွေကလည်း အဲဒီ Journal တွေအတွက် Subscription Fees တွေကို နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ ပေးနေရပါတယ်။ ဒီစနစ်က တရားမျှတပါသလား? ဒါမှမဟုတ်… Public Money နဲ့ ထုတ်လုပ်ထားတဲ့ Knowledge ဟာ Public Access ဖြစ်သင့်ပါသလား? ဒီ Debate ဟာ ၁၀ နှစ်ကျော်တိုင်အောင် အဖြေမရသေးတဲ့ / အငြင်းပွားနေကြဆဲ မေးခွန်းတစ်ခု အဖြစ်ရှိနေဆဲပါ။ ဒါကြောင့် Sci-Hub နဲ့ Sci-Bot အကြောင်း ပြောတဲ့အခါ… “ကောင်းတယ်”၊ “မကောင်းဘူး” ဆိုပြီး တစ်ဖက်တည်းက ကြည့်လို့မရပါဘူး။ Knowledge Access နဲ့ Intellectual Property Rights ကြားက Balance ကို Academic Community တစ်ခုလုံး ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ Sci-Bot ဟာလည်း အခုအချိန်မှာ Perfect မဟုတ်သေးပါဘူး။ Alpha Version ဖြစ်တဲ့အတွက် Follow-up Conversation မရသေးပါဘူး။ Publishers တွေရဲ့ Security Measures တွေ တိုးမြှင့်ထားတာကြောင့် နောက်ဆုံးထွက် Research Paper အချို့ကို AI က Access မရသေးပါဘူး။ AI ကပေးတဲ့ Answer ကိုလည်း Blindly ယုံပြီး မသုံးသင့်ပါဘူး။ Original Papers တွေကို ပြန်ဖတ်ပြီး Verify လုပ်တာက Research Ethics အရ မဖြစ်မနေ လိုအပ်ပါတယ်။ AI ဟာ Researcher ကို အစားထိုးတာ မဟုတ်ပါဘူး။ Researcher ကို ပိုမြန်၊ ပိုထိရောက်အောင် ကူညီပေးတဲ့ Assistant တစ်ယောက်သာ ဖြစ်ပါတယ်။ Sci-Bot ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။
ဓမ္မမိတ်ဆွေများသို့… အသိပေးအပ်ပါသည်။ အောက်ဖော်ပြပါ နောက်ဆုံးအကြိမ် ပုံနှိပ်ထားသည့် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်စာအုပ်များကို Mahasi App တွင် အပတ်စဉ် တင်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ - မာလုကျပုတ္တတရားတော်၊ - မဟာစည်ပုံတော်ဗိမာန်တရားတော်၊ - ပုရာဘေဒသုတ်တရားတော် - တုဝဋကသုတ်တရားတော် တရားတော်စာအုပ်များ ရယူနိုင်ရန် မဟာစည်အက်ပ် ကို အောက်ပါ link မှ ရယူနိုင်ပါသည်။ https://app.mahasi.org.mm/download/index.html မဟာစည်အက်ပ် အသုံးပြုပုံကို အောက်ပါ link တွင်ဖော်ပြထားပါသည်။ https://youtu.be/TIoCZ8okUBg?si=R0MwVbkyg0KlIboP
без подписи
ဆရာကြီးဒေါက်တာအောင်မြင့်ဦး ဖေ့ဘွတ်တွင် ရေးသားမျှဝေထားသော စကားသံစဉ်လေ့လာမှုမိတ်ဆက် 🗣🎶🫧🗣🎶🫧🗣🎶🫧 [မှူးတေဇ စုစည်းတင်ဆက်သည်။] စကားသံစဉ်လေ့လာမှုမိတ်ဆက် ၁ https://www.facebook.com/share/p/1AXfgNvC6A/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၂ https://www.facebook.com/share/p/18mP55VvSQ/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၃ https://www.facebook.com/share/p/1BNqTm62Gd/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၄ https://www.facebook.com/share/p/1CacXXnS5K/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၅ https://www.facebook.com/share/p/14driCLGZio/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၆ https://www.facebook.com/share/p/1BPufwmrXw/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၇ https://www.facebook.com/share/p/1BXspkSAQN/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၈ https://www.facebook.com/share/p/1Jnh4zghir/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၉ https://www.facebook.com/share/p/1CXwUb3ybL/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၁၀ https://www.facebook.com/share/p/18rHMvrTMz/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၁၁ https://www.facebook.com/share/p/1GvZLRFSDK/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၁၁ အဆက် https://www.facebook.com/share/p/17pMwJYY65/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၁၂ https://www.facebook.com/share/p/1Dqcr2okCq/ စကားသံစဉ်လေ့လာမှုမိတ်ဆက် ၁၂ အဆက် https://www.facebook.com/share/p/1EYhQcqhmi/ #ဒေါက်တာအောင်မြင့်ဦး #စကားသံစဉ်လေ့လာမှုမိတ်ဆက်
အကြောင်းအရာဆိုတာ လက်တွေ့မှာ တကယ် ပြဿနာရှိနေတဲ့ကိစ္စမျိုး ဖြစ်သင့်ပါတယ်။ - မြန်မာနိုင်ငံမှာ ဘယ်ပြဿနာ အများဆုံး ရှိနေလဲ? - လက်ရှိ လူ့အဖွဲ့အစည်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး မှာ ဘာတွေ ပြောင်းလဲနေလဲ? အကြောင်းအရာ ဥပမာ အနေနဲ့(ဘာသာရပ်အလိုက်): - ပညာရေးမှာဆိုရင် ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ် ပညာရေး ခွဲခြားမှု (Digital Divide) - စီးပွားရေးမှာဆို လူငယ်များ၏ အလုပ်လက်မဲ့ပြဿနာ နှင့် အင်တာနက် စီးပွားရေး - ကျန်းမာရေးမှာဆို စိတ်ကျန်းမာရေး ပြဿနာများနှင့် ဆိုရှယ်မီဒီယာ ဆက်စပ်မှု - ပတ်ဝန်းကျင်မှာဆိုရင် ရန်ကုန်မြို့တွင် အမှိုက်ပြဿနာ နှင့် လူငယ်များ၏ ပါဝင်မှု အဲ့လိုမျိုး စဉ်းစားရပါမယ်။ ၃. သုတေသန ကွက်လပ် (Research Gap) ကိုရှာပါ ကိုယ် တကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို Google Scholar, ResearchGate, သို့မဟုတ် မြန်မာ သုတေသန စာတမ်းတွေမှာ အရင်ဆုံး ရှာဖွေပြီး ဖတ်ကြည့်ပါ။ - ဘယ်အကြောင်းကို လေ့လာထားပြီးပြီ? - ဘယ်အပိုင်းကို မလေ့လာရသေးဘူး ဒါမှမဟုတ် မြန်မာနိုင်ငံမှာ မလုပ်ရသေးဘူး? အစရှိသဖြင့်ပေါ့။ ၄. အကြောင်းအရာကို ထပ်ချုံ့ပါ (Narrowing Down) ကျယ်ပြန့်လွန်းတဲ့ အကြောင်းအရာက သုတေသနကို ခက်ခဲစေပါတယ်။ “ရာသီဥတု ပြောင်းလဲမှု” ဆိုရင် အရမ်းကျယ်ပြန့်ပြီး “ဧရာဝတီတိုင်း ကျေးရွာများတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးရေး အထွက်နှုန်း ကျဆင်းမှု” ဆိုတာမျိုးက ပိုပြီးသင့်တော်ပါတယ်။ ၅. လုပ်နိုင်စွမ်း (Feasibility) ကိုစစ်ဆေးပါ - ဒေတာ ရမလား? - လူဦးရေ နမူနာ ရမလား? - အချိန် (၃ လ၊ ၆ လ၊ ၁ နှစ်) အတွင်း ပြီးနိုင်မလား? - ကုန်ကျစရိတ် ဘယ်လောက်လိုမလဲ? အကြောင်းအရာ ရွေးချယ်ဖို့ အဓိက စည်းမျဉ်း ၅ ချက် 1. စိတ်ဝင်စားရမယ် 2. လက်တွေ့ ပြဿနာ ရှိရမယ် 3. သုတေသန ကွက်လပ် ရှိရမယ် 4. လုပ်နိုင်စွမ်း ရှိရမယ် 5. ပရိုဂရမ်/ဘွဲ့အဆင့်နဲ့ ကိုက်ညီရမယ် သုတေသန ခေါင်းစဉ် ရေးသားနည်း ကို အသေးစိတ် ဆက်ပြောပြပါမယ်။ သုတေသန ခေါင်းစဉ်ဟာ သုတေသနတစ်ခုလုံးရဲ့ မျက်နှာစာ ဖြစ်ပါတယ်။ ကောင်းရင် စာဖတ်သူကို စိတ်ဝင်စားစေပြီး၊ ဆိုးရင်တော့ ပထမဆုံး အဆင့်မှာပဲ စိတ်ပျက်သွားစေ နိုင်ပါတယ်။ သုတေသန ခေါင်းစဉ်ရဲ့ အဓိက လက္ခဏာ ၇ ချက် 1. ရှင်းလင်းပြီး နားလည်လွယ်ခြင်း - ဖတ်ရုံနဲ့ ဘာလုပ်မှန်း ချက်ချင်း သိရမယ်။ 2. တိကျခြင်း - အဓိက အချက်တွေ (ဘာကို၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူ) ပါရမယ်။ 3. တိုတိုရှင်းရှင်း - စကားလုံး ၁၀-၁၅ လုံးကြား အကောင်းဆုံး (အများဆုံး ၂၀ လုံး မပိုသင့်)။ 4. သော့ချက်စကားလုံး ပါဝင်ခြင်း - ရှာဖွေရေးမှာ တွေ့လွယ်အောင်။ 5. ဆွဲဆောင်မှု ရှိခြင်း - စိတ်ဝင်စားစရာ ဖြစ်အောင်။ 6. တင်းကျပ်မှု မရှိခြင်း - ရှုပ်ထွေးတဲ့ စကားလုံး အလွန်အကျွံ မသုံးပါနဲ့။ 7. ဘာသာစကား မှန်ကန်ခြင်း - အသံထွက်၊ သဒ္ဒါ မှန်ရမယ်။ ခေါင်းစဉ် ရေးသားနည်း (အဆင့်ဆင့်) အဆင့် ၁: အဓိက အချက်များ ခွဲခြားပါ အောက်ပါ အချက်တွေထဲက ဘယ်ဟာ ပါသင့်လဲ စဉ်းစားပါ။ - လေ့လာမည့် ပြဿနာ / ရည်ရွယ်ချက် - ပစ်မှတ်အုပ်စု (ဥပမာ - ကျောင်းသား၊ လယ်သမား၊ အမျိုးသမီး) - နေရာ (ရန်ကုန်၊ ကျေးလက်၊ မြန်မာနိုင်ငံ) - အချိန်ကာလ (၂၀၂၃-၂၀၂၅၊ COVID ကာလ) - နည်းလမ်း (လေ့လာချက်၊ သုံးသပ်ချက်၊ သက်ရောက်မှု) အဆင့် ၂: ရေးကြည့်ပါ ပထမဆုံးအဆင့် အနေနဲ့ အကြမ်းရေးပါ။ ဥပမာ၊ မြန်မာနိုင်ငံရှိ ကျောင်းသားများ၏ အွန်လိုင်း ပညာရေး အကြောင်း ဆိုတာမျိုးပေါ့။ အဆင့် ၃: ပြန်လည်အချောသပ်ပါ (Refine) ပညာရေးနဲ့ပတ်သက်တဲ့ ဥပမာအနေနဲ့ - “COVID-19 ကာလအတွင်း ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းသားများ၏ အွန်လိုင်း သင်ယူမှု စိန်ခေါ်မှုများနှင့် ဆက်စပ်သော အချက်များ” စီးပွားရေးနဲ့ပတ်သက်ရင် - “မြန်မာနိုင်ငံ လူငယ်များ၏ အလုပ်အကိုင် ရှာဖွေမှုတွင် ဆိုရှယ်မီဒီယာ၏ သက်ရောက်မှု (၂၀၂၃-၂၀၂၅)” ကျန်းမာရေးနဲ့ ပတ်သက်ရင် - “ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းသားများတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှုနှင့် စိတ်ကျန်းမာရေး ဆက်စပ်မှု” ရှောင်သင့်တဲ့ ခေါင်းစဉ်များ - “ပညာရေး အကြောင်း” (အရမ်းကျယ်) - “ဆိုရှယ်မီဒီယာ၏ အကျိုးသက်ရောက်မှု” (ဘယ်သူ၊ ဘယ်နေရာ မသိ) - “လေ့လာချက်တစ်ခု” (ဘာအကြောင်း မသိ) အခြားအကြံပြုချက်တွေကတော့ - Colon (:) ကို သုံးပါ - အဓိက အကြောင်းနဲ့ အသေးစိတ်ကို ခွဲဖော်ပြဖို့ အဆင်ပြေပါတယ်။ ဥပမာ - “ဒစ်ဂျစ်တယ် ပညာရေး၏ အကျိုးသက်ရောက်မှု : ကျေးလက်ဒေသ ကျောင်းသားများကို အခြေခံ၍” - ရှောင်သင့်တဲ့ စကားလုံးများ: “လေ့လာမှု တစ်ခု၊ သုံးသပ်ချက်၊ ချဉ်းကပ်မှု” စသည်တို့ကို မလိုအပ်ရင် မထည့်ပါနဲ့။ - ခေါင်းစဉ်ကို ၃-၄ ကြိမ် ပြင်ဆင်ပါ။ ဆရာ သို့မဟုတ် သူငယ်ချင်းကို ပြပါ။ ဒေါက်တာနေဝင်းအောင် (ဖွံ့ဖြိုးမှုပညာ)
ကိုယ်ကသာ ရှေ့ရောက်နေတာ အချို့သော မဟာဘွဲ့ရှင်လောင်းတွေက အရင်သုတေသနစာတမ်းဟောင်းတွေလည်း မဖတ်။ နမူနာပုံစံတွေ ရှိ မရှိလည်း မသိ။ သီအိုရီကို ကျေညက်နေလားဆိုတော့လည်း ခေါင်းစဉ်ပဲ ကြားဖူးတဲ့အဆင့်။ အဟေဟေ။ ပြီးရင် အရပ်ကူပါ လူဝိုင်းပါ။ ကိုယ်က အတိုင်ပင်ခံလုပ်ပေးရမယ်ဆိုတော့ ရေးထားတဲ့ခေါင်းစဉ်က ပါရဂူဘွဲ့စာတမ်းကိုမှ အခြေခံသီအိုရီတွေကနေ သီအိုရီအသစ်ဖော်ထုတ်မဲ့ ခေါင်းစဉ်မျိုး။ ကျွန်တော် အကြံပေးချင်တာက သာမန် မဟာဘွဲ့အတွက် သုတေသနစာတမ်း ရေးသားတဲ့အခါ ကိုယ်တကယ်လုပ်နိုင်တာ၊ ကိုယ်တကယ် ကျွမ်းကျင်တဲ့ ဘာသာရပ်အပေါ်မှာပဲ လုပ်ပါ။ စွန့်ဦးတီထွင် ပါရမီရှင် သိပ်မလုပ်ချင်ပါနဲ့ဗျ။ ပြီးရင် ခေါင်းစဉ်ကြီးကို ရှယ်ပေးထားပြီး စာက မဖတ်ဆိုတာကြီးက အကြံပေးရသူအဖို့ ခေါင်းကို ဆင်နင်းတာထက် ဆိုးပါတယ်။ သုတေသနခေါင်းစဉ်ကို ဘယ်လိုရွေးချယ်ကြမလဲ သုတေသနခေါင်းစဉ် ရွေးချယ်တာ တကယ်ကို အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်ပါတယ်။ ခေါင်းစဉ်ကောင်းတစ်ခုကြောင့် သုတေသနတစ်ခုလုံး အသက်ဝင်ကောင်းမွန်နိုင်သလို၊ ဆိုးရင်တော့ ကြိုးစားရှာဖွေမှုတွေ အများကြီး အလဟဿ ဖြစ်သွားနိုင်ပါတယ်။ ၁. ပထမဆုံး - ကိုယ်တိုင်စိတ်ဝင်စားမှုရှိရပါမယ် ခေါင်းစဉ်ရွေးတဲ့အခါ အရေးအကြီးဆုံးက “ငါ ဒီအကြောင်းကို တကယ် စိတ်ဝင်စားလား?” ဆိုတာပါ။ စိတ်မဝင်စားရင် သုတေသန လုပ်နေရင်း ပျင်းလာပါမယ်၊ စိတ်ဓာတ်ကျ လာပါမယ်။ ဥပမာ: တကယ်လို့ ပညာရေးဝန်ထမ်း သို့မဟုတ် ကျောင်းသားဆိုရင် “မြန်မာနိုင်ငံရဲ့ အွန်လိုင်း ပညာရေး” ဆိုတာ စိတ်ဝင်စားရင် အဲ့ဒီကနေ စပြီးစဉ်းစားပါ။ ဒါပေမဲ့ တကယ် စိတ်မဝင်စားရင် အတင်းမလုပ်နဲ့။ ၂. လက်ရှိ အသိပညာ ကွက်လပ်ကို ရှာပါ (Gap Identification) သုတေသန ကောင်းတစ်ခုဆိုတာ အသစ်တစ်ခု ထည့်ပေးနိုင်တဲ့ အရာဖြစ်သင့်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် စိတ်ဝင်စားတဲ့ အကြောင်းအရာကို အရင်ဆုံး စာတွေ ဖတ်ကြည့်ပါ။ သုတေသနဟောင်းတွေ ရှာဖွေလေ့လာပါ။ - ဘယ်ဟာကို လူတွေ အများကြီး လုပ်ပြီးပြီ? - ဘယ်ဟာ မလုပ်ရသေးဘူး ဒါမှမဟုတ် မြန်မာနိုင်ငံ အခြေအနေနဲ့ မလုပ်ရသေးဘူး? ဆိုတာမျိုးပေါ့ ၃. ခေါင်းစဉ်ကို ကြည့်ကောင်းအောင် ပုံစံချပါ သုတေသနကောင်းတစ်ခုရဲ့ ခေါင်းစဉ်မှာ အောက်ပါ အချက်တွေ ပါဝင်သင့်ပါတယ်: - ရှင်းလင်းမှု - ဖတ်ရုံနဲ့ နားလည်ရမယ်။ ရှုပ်ထွေးမနေရဘူး။ - တိကျမှု - အလွန်ကျယ်လွန်းလည်း မကောင်း၊ အလွန်ကျဉ်းလွန်းလည်း မကောင်း။ - သော့ချက်စကားလုံး - ရှာဖွေရေးမှာ တွေ့လွယ်အောင် ပါရမယ်။ “မြန်မာနိုင်ငံမှာ ပညာရေး” (အရမ်းကျယ်လွန်း) ဆိုတာထက် “COVID-19 ကာလအတွင်း ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းသားများ၏ အွန်လိုင်း သင်ယူမှု စိန်ခေါ်မှုများနှင့် ဆက်စပ်သော အချက်များ”ဆိုတာမျိုးက ပိုကောင်းပါတယ်။ ၄. လက်တွေ့ လုပ်နိုင်မှု (Feasibility) ကို စဉ်းစားပါ (ဒါ အရေးအကြီးဆုံးအချက်ပါ။) ခေါင်းစဉ်ရွေးတဲ့အခါ - ဒေတာ ရမလား? (စစ်တမ်း၊ အင်တာဗျူး၊ မှတ်တမ်း စသည်) - အချိန်နဲ့ ငွေကြေး လုံလောက်မလား? - ကျင့်ဝတ်ဆိုင်ရာ ပြဿနာ ရှိမလား? ဆိုတာတွေကို ကိုယ့်ဘာသာ အရင်မေးပါ။ နိုင်ငံရေး အလွန်ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာကို ကျောင်းသားအဆင့်မှာ လုပ်ချင်ရင် ဒေတာ ရဖို့ ခက်ခဲနိုင်ပါတယ်။ ၅. ခေါင်းစဉ်ကို အချောသပ်ပြင်ဆင်မှု လုပ်ပါ (Refining) ရေးထားတဲ့ ခေါင်းစဉ်ကို ၃-၄ ခါ ပြင်ရလေ့ရှိပါတယ်။ သူငယ်ချင်း ဒါမှမဟုတ် ဆရာကို ပြပြီး သူတို့ရဲ့ အမြင်ကို ရယူပါ။ - စကားလုံး အရေအတွက် လျှော့ပါ (များလွန်းရင် မကောင်း) - “လေ့လာချက်” ဆိုတဲ့ စကားလုံး ထည့်လို့ရပါတယ် - နေရာ၊ အချိန်၊ လေ့လာမဲ့ အုပ်စု ထည့်ပါ နောက်ဆုံး အကြံပြုချက်အနေနဲ့ကတော့ - ပထမဆုံး ခေါင်းစဉ်ကို ရေးပြီး အနည်းဆုံး ၁ ပတ်လောက် ထားလိုက်ပါ။ ပြီးရင် ပြန်ကြည့်ပါ။ ပိုကောင်းတဲ့ ဗားရှင်း ထွက်လာတတ်ပါတယ်။ - ကိုယ်ယူမဲ့ ဘွဲ့၊ မဟာသိပ္ပံ၊ ဒါမှမဟုတ် ပါရဂူ အဆင့်နဲ့ ကိုက်ညီရပါမယ်။ - နောက်ဆုံးအနေနဲ့ ခေါင်းစဉ်က သုတေသန ရလဒ်ကို ကိုယ်စားပြုနိုင်ရပါမယ်။ သုတေသန အကြောင်းအရာ (Research Topic) ရွေးချယ်ခြင်း အကြောင်း အသေးစိတ် ဆက်ပြီး ပြောပြချင်ပါတယ်။ ခေါင်းစဉ်နဲ့ အကြောင်းအရာ နှစ်ခုဟာ ဆက်စပ်နေပေမယ့် အကြောင်းအရာ ရွေးတာက ပိုပြီး ကျယ်ပြီး အရေးကြီးပါတယ်။ ခေါင်းစဉ်က အကြောင်းအရာကို ပုံဖော်ထားတဲ့ အမည်ပဲ ဖြစ်ပါတယ်။ သုတေသန အကြောင်းအရာ ရွေးချယ်နည်း (အဆင့်ဆင့်)ကို နည်းနည်းရှင်းပြချင်ပါတယ်။ ၁. စိတ်ဝင်စားမှု + အားသာချက်ကို စဉ်းစားပါ အကြောင်းအရာ ရွေးတဲ့အခါ ပထမ မေးရမှာက - - ငါ ဘာကို တကယ် စိတ်ဝင်စားလဲ? - ငါ ဘယ်ဘာသာရပ်မှာ အသိပညာ ပိုရှိလဲ? - ဘယ်အကြောင်းအရာမျိုးကို ရေရှည် လေ့လာချင်လဲ? ပညာရေးနဲ့သက်ဆိုင်တဲ့သူဆိုရင် “ပညာရေး” ထဲက ထပ်ခွဲပြီး ပိုတိကျတဲ့ အကြောင်းအရာကို ရှာပါ။ ဥပမာ- - အွန်လိုင်း ပညာရေး - ဆရာများ၏ သင်ကြားနည်း - ကျောင်းသားများ၏ စိတ်ဓာတ်ကျမှု ၂. လက်တွေ့ ပြဿနာ (Real-world Problem) နဲ့ ဆက်စပ်ဖို့ လိုပါတယ်
ဗာလာဝတာရကျမ်း ____ ဗာလာဝတာရကျမ်းအကြောင်း အနှစ်ချုပ်ပြောပြစမ်းပါဟုဆိုလာလျှင် ပါဠိပုဒ်ရုပ်ပြီးပုံတို့ကို အကျဉ်းချုံးပြဆိုသော ပါဠိရုပ်ကျဉ်းတွက်ပုံပြကျမ်းဟု ဆိုရပါလိမ့်မည်။ ကစ္စည်းကျမ်း၏ ဥဒါဟရုဏ်ပြယုဂ်များကို အစဉ်အတိုင်းယူ၍ ပါဠိပုဒ်ရုပ်ပြီးပုံတို့ကို အကျဉ်းပြဆိုထားသည်။ ပဒရူပသိဒ္ဓိနည်းကို မှီး၍ ကစ္စည်း,ရူပသိဒ္ဓိတို့ကို အကျဉ်းချုပ်ပြသောကျမ်းဟုလည်း ဆိုနိုင်သည်။ စာသင်ပျိုနု သောတုနုနယ် ကလေးငယ်များအတွက် စီစဉ်ထားသော ကျမ်းငယ်တစ်စောင် ဖြစ်သည်။ ဗာလ = ကလေးသူငယ်၊ အဝတာရ = သက်ဝင်ကျက်စားရာ၊ ဗာလာဝတာရ = စာသင်ငယ်တို့ လေ့ကျက်ရာကျမ်းဟု အဓိပ္ပါယ်ရသည်။ ဗာလာဝတာရကျမ်းကို မော်လမြိုင်မြို့ တောင်ပေါက်ဆရာတော်ကြီး ဦးစီးကျင်းပသော သဒ္ဓမ္မပါလပထမအဆင့်စာမေးပွဲ၌ ပြဌာန်းစာအဖြစ် သတ်မှတ်ထားပြီး ဝေဠုဝန်ဂိုဏ်းကြီး၏ လက်စွဲ အခြေပြုသဒ္ဒါကျမ်းတစ်စောင်ဖြစ်ခဲ့ကြောင်း ဣစ္ဆာသယပိဋကတ်စာပုံနှိပ်တိုက်မူ ယင်းကျမ်း၏ နိဒါန်း စာအရ သိရသည်။ တောင်ပေါက်ဆရာတော်ကြီးသည် ဗာလာဝတာရနိဿယ ကျမ်းဖြစ်သော ဗာလာဝတာရဂဏ္ဌိပဒတ္ထဝိနိစ္ဆယသာရကျမ်း ကိုလည်း ရေးသားပြုစုခဲ့သည်။ ထို့ကြောင့် ဗာလာဝတာရကျမ်းသည် မော်လမြိုင်ဖက်၌ အသုံးများသော, ပါဠိအခြေခံအတွက် အဓိကကျသော ကျမ်းစာအဖြစ် နာမည်ကျော်ကြားခဲ့ဖူးသည်။ ယခုအခါ၌ကား မြန်မာပြည်၌ အသုံးပြုမှု မရှိတော့သည်အထိ တိမ်မြုပ်သွားပေပြီ။ ကျမ်းစာအုပ်ပင် ရှာရခက်သွားပြီ ဖြစ်၏။ အရှင်ဇောတိကာလင်္ကာရ (ဖောင်းပြင်)
без подписи
ဗာလာဝတာရ ဂဏ္ဌိပဒတ္ထဝိနိစ္ဆယသာရ - ဒုတိယအုပ် (တောင်ပေါက်ဆရာတော် ) ၂၂ မီဂါဘိုက် https://mega.nz/#!A8xhmKxL!NC7PhG_WbT2oqzPkfO5-OUSafbL0OMCLv9K95CdcZGo
без подписи
без подписи
https://waiyanhpone.substack.com/p/a65
Good news for Libraries and Librarians!! မြန်မာပညာရပ်ခေါင်းစဉ်များ (Myanmar Subject Headings) အသုံးပြုရန် ဖိတ်ကြားအပ်ပါသည်။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) က ပြုစုထားသော “မြန်မာပညာရပ်ခေါင်းစဉ်များ (Myanmar Subject Headings)” စာရင်းကို ယခုအခါ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ဤစာရင်းတွင် မြန်မာနှင့် အင်္ဂလိပ် ပညာရပ်ခေါင်းစဉ်များအပြင် DDC နံပါတ်များကိုလည်း OneSearch Application ဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ရန် စီစဉ်ထားပြီး PDF Format ဖြင့်ပါ ရယူအသုံးပြုနိုင်ပါသည်။ စာကြည့်တိုက်ပညာရှင်များ၊ သုတေသီများနှင့် ဝါသနာရှင်များအနေဖြင့် လက်တွေ့အသုံးပြုပေးပြီး အောက်ပါအချက်များအတွက် အကြံပြုချက်များ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ • ထပ်မံထည့်သွင်းသင့်သော ခေါင်းစဉ်အသစ်များ • ရှိပြီးသား ခေါင်းစဉ်များအတွက် ပြင်ဆင်ရန် အကြံပြုချက်များ • စမ်းသပ်အသုံးပြုစဉ် တွေ့ကြုံရသည့် အခက်အခဲများ ရယူရန် Link https://zawaunghtut.github.io/MLA_Subject_Heading/ အကြံပြုချက်ပေးပို့ရန် – [MLA Contact: Daw Ni Ni Sein gmail: niniseinlib@gmail.com သင်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကြံပြုချက်များသည် မြန်မာပညာရပ်ခေါင်းစဉ်များကို ပိုမိုပြည့်စုံကောင်းမွန်သော စနစ်တစ်ခုဖြစ်လာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါသည်။ လေးစားစွာဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA)