ကဗျာ
Статистика- Последний пост
- 11 мая 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အလှတရားတွေကိုငါဟာရှာဖွေရင်း အတွေးမြစ်ပြင်ကျယ်ထဲ နစ်မွန်း အချစ် အမုန်း နာကျည်းခြင်းနဲ့ ခွင့်လွှတ်ခြင်းတရား ငါ မနာရသေးဘူး။ နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှု သိစိတ်နဲ့မသိစိတ်ကြားကလူသား သံယောဇဉ်လား ချစ်ခြင်းလား ငါမဝေခွဲတတ်။ ဝေါဟာရများနဲ့ ဘာသာဗေဒ ဘဝရဲ့ အဓိပ္ပာယ် ချစ်ခြင်းရဲ့ဖွင့်ဆိုမှု တရားနဲ့မတရားမှုကြားက လစ်ဟင်းမှုလိုပါပဲ။ ငါအဖြေမရှာနိုင်သေးဘူး။ ပင်လယ်ရဲ့လှပခြင်းဆိုတာ လှေမှောက်ခဲ့တဲ့ တံငါသည်သား တွေ့နိုင်ပါ့မလား။ တိမ်စိုင်တွေနဲ့ မိုးစက်တို့တေးသံ ခေါင်တိုင်မလုံတဲ့ တဲအိမ်ကလေးဆီက မိသားစုတွေ နားဆင်နိုင်ပါ့မလား။ လောကရဲ့သာယာခြင်းများမှာလည်း နာကျင်စရာအပြည့်ပါပဲ။ လူထဲကလူတွေပါပဲ ဘာသာကွဲ လူမျိုးကွဲ အသားရောင်ကွဲ ဝါဒကွဲ အကွဲကွဲအပြဲပြဲ ပဋိပက္ခ ဖိနှိပ်မှုများ ပုန်ကန်ခြားနား လွတ်မြောက်လိုစိတ်အပြည့်နဲ့လူသား။ ငါနားမလည်တာက လူထဲကလူတွေပါပဲ။ အတ္တလား လောဘလား ငါတို့ရဲ့ ဗီဇလား အယဉ်ကျေးဆုံးလူသားများ အရိုင်းဆန်ဆုံး သားရဲများ မိခင်ကမ္ဘာရဲ့ သားမိုက် အင်း ငါလည်းပဲ လူတွေထဲက လူတစ်ယောက်ပါပဲလေ -ထက်အရုဏ်
ဒဏ်ရာတွေမှာ သက္ကရာဇ်တွေထည့်ထည့်ပေါင်း မဟောင်းသေးပါတဲ့။ အစွန်းရောက်နစ်ဝင်ခြင်းတွေမှာ လွင့်မြောနေတဲ့ ပုလဲလုံးတွေအစီအရီ ငါ့ရင်မှာပြည့်လို့ပေါ့။ ကြည့်စမ်းပါဦး ကျကျနနလှပနေတဲ့ ငါ့ကျောပြင် သူတစ်ပါးဖိနပ်ရာတွေနဲ့ နက်နက်စိုက်ထားတဲ့ ဓားမြှောင်တွေနဲ့ ကြည့်စမ်းပါဦး ဝင့်ဝင့်ကြွားကြွား တင့်တယ်နေတဲ့ ငါ့သမိုင်းစာအုပ် သူတစ်ပါးလက်ရေးတွေနဲ့ ရွံတယ်ဟေ့ ရွံတယ် ခေတ်ရိုးကျိုးနေတဲ့ ဒိုင်ယာရီစာအုပ်လေး ငါရွံတယ်။ အဆုံးထိတွန်းချပြီးမှ ကမ်းတဲ့လက်တွေငါရွံတယ်။ အနက်ဆုံးထိဆွဲချသွားမယ့် ကပ်တွယ်ခြင်းတွေငါရွံတယ်။ အို... ဘုရားသခင် ၊ ကိုယ့်ကိုကိုယ်ချစ်၍တိုင်တည်ခြင်းများ ငါရွံတယ်။ ရွံဖွယ်ခေတ်ကြီးမှာ ကမ္ဘာကြီးလှပါစေ။ ပျက်သုဉ်းခြင်းများမှာ ကမ္ဘာကြီးအေးချမ်းပါစေ။ ကမ္ဘာ့သမိုင်းစာမျက်နှာ လူ့လက်ရေးများကင်းပါစေ။ -ရဲနီမျိုး
ကျွန်တော်ကတော့ ကဗျာတွေရေးခဲ့လိုက်တာပါပဲ ခင်ဗျားနှလုံးသားက အလုံအလောက်ခမ်းနားရဲ့လား လူပြိန်းကြိုက် စာသားတွေမရေးတတ်ခဲ့ဘူး ဒါကြောင့် ကျွန်တော်ဟာ လူမုန်းများတဲ့ကဗျာဆရာဖြစ်လာပါလိမ့်မယ်။ လောကကို ပြောင်တင်းတင်း ဆန့်ကျင်မယ် ပုန်ကန်မယ်။ ငါ့ကဗျာတွေငါ့လက်နက်ပဲ အကြောင်းတိုက်ဆိုင်လို့ နာသင့်သူနာစေသတည်း။ ငါ့ကဗျာတွေက ငါ့တရားပဲ အကြောင်းတိုက်ဆိုင်လို့ ကျွတ်ထိုက်သူ ကျွတ်စေသတည်း။ ငါ့ကဗျာတွေ ကဗျာမစစ်ဘူးထင်ပါသလား ကျုပ်ပြောခဲ့ပါတယ် ခင်ဗျားနှလုံးသားက လုံလောက်အောင် ခမ်းနားပါရဲ့လား။ -ထက်အရုဏ်
https://us05web.zoom.us/j/5688478803?pwd=aYsZXX9BSKRT3nFaGMshk8Dk9i1Ius.1
15 minutes နေရင် meeting စပါမယ် ဗျ
အခမဲ့ဓာတ်ပုံပညာမျှဝေခြင်း မနက်ဖြန် ၂၁.၃.၂၀၂၅ ရက်နေ့ မနက်၁၀နာရီခွဲ အချိန် Zoom meeting နဲ့ ပညာဒါန မျှဝေပေးသွားမှာ ဖြစ်ပါတယ် မြန်မာနိုင်ငံက ဓာတ်ပုံပညာကိုလေ့လာနေသောလူငယ်များ အားလုံး အတွက် အရမ်းကို အကျိုးရှိတဲ့ online meeting လေးဖြစ်ပါတယ် ဓာတ်ပုံပညာကို တကယ်စိတ်၀င်စားပြီး တကယ့်ကို photographer တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မနက်ဖြန် meeting ကို လာကိုလာသင့်ပါတယ် ဗျ အခု သင်ပေးမဲ့သင်ခန်းစာ အားလုံးသည် အခမဲ့ ဖြစ်ပါတယ် အားလုံး ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုပဲ အခမဲ့ ပညာဒါန မျှဝေပေးသွားမှာပါ ဓာတ်ပုံပညာရှင်များ/ ဓာတ်ပုံဝါသနာရှင်များ/ ဓာတ်ပုံကို တကယ့်ကို ရိုက်တတ်ချင်တယ် professional အဆင့်ထိ သွားချင်တယ်ဆိုရင် ကျွန်တော့ သက်ခန်းစာများကို သေသေချာချာ ဂရုတစိုက် ကြည့်သင့်ပါတယ် https://t.me/YGNphotogroup ဒီ channel မှာလည်း ဓာတ်ပုံနဲ့ ပက်သက်တဲ့ အကြောင်းအရာများကို နေ့စဉ်မပျက် တင်ပေးသွားမှာဖြစ်လို့ join ပေးကြပါ အချိန်/နေရာမရွေး ဓာတ်ပုံပညာကို လေ့လာနိုင်ပါတယ် Yangon Photo Group Founder -Swan Htet Thu ဓာတ်ပုံ ပညာရှင် များဖြစ်ကြပါစေ။
မနက်ဖြန် မနက် ၁၀ခွဲ online meet ရှိပါတယ် ခင်ဗျာ ဓာတ်ပုံနဲ့ ပက်သက်တာ မှန်သမျှ သိချင်တာ အကုန်မေးမြန်းလို့ရပါတယ် Zoom link ကို အောက်မှာ ချထားပေးပါမယ် Meeting id- 568 847 8803 Password -nJNE6u https://us05web.zoom.us/j/5688478803?pwd=aYsZXX9BSKRT3nFaGMshk8Dk9i1Ius.1
မင်္ဂလာပါ၊ ကျွန်တော့်နာမည်က စွမ်းထက်သူ ပါ။ ကျွန်တော်က ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံပညာကို ချစ်မြတ်နိုးသူတစ်ယောက်ပါ။ ကျွန်တော်ရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေကို လူတိုင်းကိုမျှဝေချင်လို့ Social Media ပေါ်မှာ ဓာတ်ပုံပညာကို အခမဲ့သင်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်ရဲ့ သင်ခန်းစာတွေမှာ ဖုန်းနဲ့ဓာတ်ပုံရိုက်ခြင်းရဲ့ အခြေခံကနေ စတင်ပြီး လူတိုင်းလွယ်လွယ်ကူကူနဲ့ နားလည်လက်ခံနိုင်အောင် ရှင်းပြသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံပညာကို စိတ်ဝင်စားသူတိုင်း၊ လေ့လာချင်သူတိုင်း ကျွန်တော့်နဲ့အတူ လိုက်ပါလာပါ။ ဓာတ်ပုံရဲ့အလှတွေ၊ အနုပညာတွေကို အတူတူမျှဝေကြရအောင်! --- Comment လေးမှာ မန့်ခဲ့ပေးပါဗျ စိတ်၀င်စားခဲ့ရင် ဒီ link လေးကို joinခဲ့ပေးကြပါ အချိန်နဲ့နေရာမရွေး ဓာတ်ပုံပညာ လေ့လာနိုင်ပြီ!
ပင်လုံးကျွတ် လွတ်အောင်လှပါသတဲ့ စိမ်းစိုစိုရွက်ညှာငယ်ကြားမှာပ ပန်းဆီရောင် စီခြယ်ပွင့်ပါတဲ့ တင့်တယ် ကုက္ကိုယ်...။ အေးရိပ်မြုံ မျက်စုံရယ်သာချမ်း နှစ်မျိုးလုံးပေးစွမ်းပါပေမယ့် ပန်သူမဲ့ မြေခရသော်လည်း ပင်မှာဝေချိန် အစွမ်းကုန်လှပေရော့ ပင်ကုက္ကိုလ်ပန်း။ #ထက်အရုဏ်
Hello အားလုံးဘဲမဂ်လာပါရှင့် သော် ပြိုင်ပွဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်လို့ပါ စာပေရိပ်မြုံteamရဲ့ စာရေးဆရာ/ဆရာမများထဲမှ ဆရာတစ်ဦးဖြစ်တဲ့ ‘ဆရာဇွဲခေတ်နှောင်း’၏ မွေးနေ့အမှတ်တရအနေနဲ့ စာပေရိပ်မြုံရဲ့ subscriber များထဲမှာ ‘ကဗျာအရေးအသား’ဝါသနာပါသူတွေအတွက် 16/3/2025မှစတင်၍19/3/2025အထိစာမူလေးများကိုနောက်ဆုံးပေးပို့ရမည် ယှဥ်ပြိုင်ရမည့်ကဗျာခေါင်းစဥ်လေးအား စာပေရိပ်မြုံမှ ယခုပွဲစီစဥ်သူ -သော်မှ နေ့လည်၁၂နာရီတွင်ပေးပို့ပေးမည် ‘ပြိုင်ပွဲစည်းကမ်းချက်များ’ -ကိုယ်ပိုင်စာတို၊ကဗျာများသာဖြစ်ရမည်။(အခြားကလောင်ရှင်များထံမှကူးယူခြင်းစသဖြင့် ငြိစွန်းပါက ပြိုင်ပွဲမှထုတ်ပယ်မည်) -သတ်ပုံအများအပြားမှားယွင်းပါကပြိုင်ပွဲမှပယ်ရှားခြင်း (သို့) အကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်သွားမည်။ -ပေးထားသောခေါင်းစဉ်နှင့်ဆီလျော်စွာ လက်တန်းရေးရမည်ဖြစ်သည်။ ပထမဆုရရှိသူကို အကဲဖြတ်မည့် ဒိုင်လူကြီးများ ၏ ဆုံးဖြတ်ချက် နှင့် react, comment တို့ကိုပါ ကြည့်၍ ဆုံးဖြတ်ပေးသွားမည်ဖြစ်ပါသည်။ အကဲဖြတ်ဒိုင်များ၏ voting 1ခုသည် စာဖတ်သူများ၏ react 10ခုနှင့်ညီမျှပါသည်။ ဒုတိယဆုနဲ့တတိယဆုရရှိသူများအား react ,comment နှင့် ဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး comment များမှာလည်း စာပေရိပ်မြုံ channel အား join ထားသူ subscribers များဖြစ်မှသာ အမှတ်ရမည်ဖြစ်ပါသည်။ ပထမဆုအနေဖြင့်ဆုတော်ငွေ10000နှင့်Tarot 1 que free ဒုတိယဆုအနေဖြင့်ဆုတော်ငွေ6000နှင့်Tarot 1 que free တတိယဆုအနေဖြင့် ဆုတော်ငွေ 5000နှင့်Tarot 1 que freeတို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက စာပေရိပ်မြုံteam၏ အဆုံးအဖြတ်အတိုင်းသာလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ‘Channel joinရန်’ https://t.me/kabyrsoneyat https://t.me/readerspalace1 စာမူပေးပို့ရန် @Blance896 @chuesandithaw
စူးစူးဝါးဝါးအော်သံနဲ့အတူ ပြေးထွက်လာခဲ့ ပုံရိပ်ထင်နေတဲ့ ငါမှာဒဏ်ရာဒဏ်ချက်တွေနဲ့၊ ရေတစ်ခွက်ကို မော့သောက်လိုက်တော့ လည်မျိုပေါ်က ခေတ်တွေကတင်းခံနေတယ်။ မှောင်မိုက်တဲ့ညတာများမှာ ငါ့အတွက် မျက်လုံးကိုထည့်သိမ်းထားစရာ ပုလင်းမဲကြီး အဆင်သင့်ရှိတယ်။ လူ့အဖွဲ့အစည်း စိတ်ဓာတ်များထဲ "မေတ္တာတရား" လို့ရှာကြည့်တော့ Error 404 တဲ့။ ရင်သားတို့ကိုတပ်မက်တဲ့ခေတ်မှာ လက်ဖဝါးနုနုကိုသာစွဲလမ်းခဲ့သူများကို တွေ့ချင်ရင် အလင်းဆိုင်ရဲ့ ချောင်အကျဆုံးဝိုင်း သို့သွားပါ။ ချစ်ခြင်းမေတ္တာအတွက် အသပြာဖြင့် ပေးချေလိုပါက ၁ ကိုနှိပ်ပါ ဂုဏ်အာဏာဖြင့် ပေးချေလိုပါက ၂ကိုနှိပ်ပါ မေတ္တာကိုမေတ္တာနှင့်လဲမည့်သူများ ၃ စားမရပါတဲ့။ အလင်းဆိုင်ရဲ့ ချောင်ကျကျဝိုင်းလေးတွေ လူစည်နေလေရဲ့ ရေဒီယို အသံအက်အက်ကလေးမှ တေးသံ "သူအလုပ်လုပ်တဲ့အိမ်က မြို့ကျောင်းတက်သူဌေးသမီးကို ရင်မှာမြိုသိပ် ကြိတ်ကြိတ်ကာ ချစ်ရှာနေတော့တယ်..." တဲ့။ #ထက်အရုဏ်
ကဗျာမရေးနဲ့ဦး ညီလေးရေ ကဗျာနဲ့စကားပြေမကွဲပြား မော်ဒန်ကိုစာတိုရောနေတဲ့ခေတ်မှာ ကဗျာမရေးနဲ့ဦး ညီလေးရေ...။ ညီလေးရေ ကဗျာလောကကြီးမှာ နှလုံးသားမရှိဘဲ ကလောင်သွေးနေကြတယ် မင်းနှလုံးသားနဲ့ ရေးချင်ရင်တော့ ကဗျာမရေးနဲ့ဦး ညီလေးရေ...။ ညီလေးရေ... ကဗျာလောကကြီးဟာလေ အစုစု အဖွဲ့ဖွဲ့နဲ့ တစ်ရွာနှစ်စင်ထောင် တစ်ခုခုဆို ရုံးရုံး အုန်းအုန်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင် ကဗျာမရေးနဲ့ဦး ညီလေးရေ...။ ညီလေးရေ... နှစ်ကြောင်းသုံးကြောင်းရေးပြီး ကဗျာအမည်မခံတတ်ရင် ညီလေးရေ ကဗျာမရေးနဲ့ဦး။ #ထက်အရုဏ်
ချစ်ရပါသောမမမွန်ရေ... ဘာရယ်တော့မဟုတ်ပါဘူး နှုတ်ခမ်းလေးစူပြီး မျက်စောင်းလေးထိုးလိုက်ရုံပါပဲ ဒီ့ကောင်ဘယ်ရင်အုံမှာ သူပုန်ထလာတယ်။ စိတ်တိုတဲ့ဟန်ပန်လေးလုပ်ဦးမလား မမမွန် ကြောင်ပေါက်လေးလို လက်လေးကုပ်ပြီးတော့လေ ထိန်းမနိုင်တဲ့ဘယ်ရင်အုံကအချစ်သူပုန် တစ်နယ်ချင်းသိမ်းလာတာဆိုတာ ဒီညအိပ်မက်တွေမှာလည်း မမမွန်အကြောင်းပဲထင်ပါရဲ့။ #ထက်အရုဏ်
ပင်လယ်ပြာပြာ ပြည့်တန်ဆာကို နောက်တစ်ကြိမ် နားထောင်ဖြစ်တယ် ဗင်းဆင့် ဗန်ဂိုးရဲ့ စတာရီနိုက် ပန်းချီကို ခံစားမယ်။ မင်းပြုံးနေတဲ့ပုံလေး ဒါဗင်ချီကို ပြမယ်တွေးတော့ မိုနာလီဆာဟာ ငိုမဲ့မဲ့ပေါ့။ ကျွန်တော့်နှလုံးသားလေးဟာ တိုက်တန်းနစ်ကြီးလို မင်းမျက်ဝန်းတွေထဲ နစ်ဆင်းနေတာလေ။ ကဗျာတွေထဲဘဝကို နှစ်မြှုပ်ကြည့်တော့ မင်းကိုချစ်တဲ့အကြောင်းတွေ ပုန်ကြွလာတယ် ထိန်းမနိုင် သိမ်းမရပါပဲ။ #ထက်အရုဏ်
без подписи
ဘ၀ရဲ့အလှဟုဆိုခဲ့သော် နက်ရှိင်းလှသော ဒြပ်မဲ့ဒဏ်ရာများကို ညွှန်ပြရပါလိမ့်မယ် မမမွန်။ ဖြစ်ပျက်သံသရာရဲ့ အနိစ္စသဘောထဲ နာကျင်ခြင်းတရားမပါခဲ့ဟန်ပေါ်ပါတယ် နာကျင်ရင်း ထပ်၍နာကျင်ရင်း... လွမ်း။ လွမ်းနေရပါတယ် မမမွန် မမမွန်ကြားမိရင် ရီမောမိပါလိမ့်မယ် ကိုယ်နဲ့မဆိုင်၊မပိုင်ခဲ့သောအရာကိုပဲ တမ်းတမ်းတတ လွမ်းဆွတ်နေတဲ့ ကျွန်တော့်အဖြစ်ကို မမမွန်သိခဲ့သော် ရီမောမိပါလိမ့်မယ်။ ဒါပေမယ့်မမမွန် သိတဲ့အတိုင်းပါပဲ လူတိုင်းဟာ သူ့စိတ္တဇနဲ့သူ ယစ်မူးနေကြတာပါပဲ ဆရာရွှေစွန်ညိုပြောခဲ့သလိုပေါ့။ #ထက်အရုဏ်
без подписи
ကော်ဖီတစ်ခွက်ဟာ ညနေနေရီဝေချိန်ကို လွမ်းဆွေးစွာ ငေးမော...။ နွေကွယ်ရင် လထွက်လာပါလိမ့်မယ်.. တဖန် မနက်ဖြန်ဟူသော ခေါင်းစဉ်သစ်အောက်မှာ နေသူရိန်ပြန်ထွန်းလင်းပါတယ် ဘာများထူးခြားသွားလဲ... ငါတို့ရဲ့ဘ၀များမှာ အမှားများ ထပ်ထပ်ထူးခြားသွားပေမယ့် တရားများကို လျစ်လျူရှုမိနေတုန်းပဲမဟုတ်လား...။ တစ်နေ့ပြီးတစ်နေ့ကို တငွေ့ငွေ့နဲ့ ငါတို့ကုန်ဖြုန်းလာခဲ့တာ... ကော်ဖီတွေဟာ အေးစက်ကုန်ခဲ့ပါပြီ။ အေးစက်ပျစ်ခဲနေတဲ့ ကော်ဖီကိုကြည့်ရင်း အနာရင်းနေခဲ့တဲ့ ငါတို့အတိတ်တွေရယ် ဖူးရောင်နေတဲ့ ပစ္စုပ္ပန်ရယ် အမာရွတ်တွေပြည့်နေတဲ့ အနာဂတ်ရယ်...။ ဖျားနာနေတဲ့ကမ္ဘာကြီးမှာ ငါတို့ဟာလည်း ကူးစက်ခံနေရဆဲပါ....။ မိုးပေါက်တွေရဲ့ မြေခမှုမှာ အရင်လို ပျော်စရာတွေရှာမရတော့ဘူး။ အင်းလေ တိမ်လွှာတွေငိုကြွေးနေလို့ဖြစ်မှာ....။ ကော်ဖီတစ်ခွက်ဟာအေးစက်လို့နေခဲ့ပါပြီ ထိုကော်ဖီကိုပဲ နှစ်ခြိုက်စွာ သောက်သုံးနိုင်ဖို့ ငါသင်ယူရဦးမည်။ #ထက်အရုဏ်
https://t.me/hanzay109
အချိန်တစ်ခု ကာလတစ်ခု ခေတ်တစ်ခု စနစ်တစ်ခုမှာ တစ်ခုခုဟာ ယိုယွင်း အနာဟာ ရင်းနေခဲ့ပြီ။ အမှားတစ်ရာ ပြန်အဖြေရှာ သမိုင်းအဆက်ဆက် ပြေးလိုက်ကြည့်မယ်ဆို ကြောက်ခေတ်တွေ တသီကြီးပဲ။ ဂီတသံတွေ အရင်လိုမသာယာတော့ဘူး... နီရိုး တွေရဲ့တယောသံ ပိုပိုကျယ်လာတယ်။ စက်ပစ္စည်းတွေက လူလိုတွေးခေါ်လာနိုင်တယ် လူတွေကတော့ လူမဆန်တော့ဘူး...။ စီးပွားရေးတက္ကသိုလ်မှာ နိုင်ငံရေးကိုထည့်သွင်း သင်သင့်တယ် ငါပြောချင်တာ မင်းသိမယ်...။ #ရဲနီမျိုး