- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 70
- Всего постов
- 105
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 34
- 1/48двое суток
- 38
- 1/72трое суток
- 42
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
⭕️ ဆေးကုသခွင့်မရလို့ ရွှေဘိုထောင်က နိုင်/ကျဉ်းတစ်ဦး ကင်ဆာရောဂါနဲ့ ကွယ်လွန် #ရွှေဘိုထောင် #နိုင်ကျဉ်း #ကင်ဆာ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
⭕️ ထိုင်းကို အလုပ်လုပ်ဖို့သွားတဲ့ မြန်မာလုပ်သား ၅၂ ဦး ပွဲစားကိုစောင့်နေစဉ် အဖမ်းခံရ #ထိုင်းနိုင်ငံ #ရွှေ့ပြောင်းလုပ်သား #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
без подписи
ဒီးမော့ဆိုအနောက်ခြမ်းမှာ ကြက်သွန်နီတစ်ပိဿာ ၈၀၀၀ ကျပ်အထိရှိလာ
ဒီးမော့ဆိုအနောက်ခြမ်းမှာ ကြက်သွန်နီတစ်ပိဿာ ၈၀၀၀ ကျပ်အထိရှိလာ ဖက်ဒရယ် FM | ဩဂုတ်လ ၁၄ ရက် ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းက ဈေးတွေမှာ အခုတစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာ ၈၀၀၀ ကျပ်အထိရှိလာတယ်လို့ ဈေးရောင်းသူတွေထံကနေ သိရပါတယ်။ ကြက်သွန်နီတစ်ပိဿာကို ၄၀၀၀ ကျပ် ရှိနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စတင်ဈေးတက်လာတာဖြစ်ပြီး အခုသီတင်းပတ်အတွင်းမှာတော့ တစ်ပိဿာကို ၈၀၀၀ ကျပ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ “အရင်တစ်ပတ်က ကြက်သွန်နီတစ်ပိဿာကို ၇၀၀၀ ကျပ်နဲ့ရသေးတယ်။ ဒီတစ်ပတ်တော့ ၈၀၀၀ အထိဝယ်နေရပြီ။ ကုန်သည်တွေတော့ ဒီထက်ဈေးတက်လာဖို့ရှိသေးတယ်လို့ ပြောတယ်“ လို့ ဒီးမော့ဆိုအနောက်ခြမ်းမှာ ဈေးရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းမှာ ရွှေအပ်ဆန် တစ်အိတ် (၂၂ ဝိတ်) ၁၂၀၀၀၀ ကျပ်၊ ရွှေရင်အေးဆန် တစ်အိတ် (၂၂ ဝိတ်) ၁၂၀၀၀၀ ကျပ်၊ 502 ဆန်တစ်အိတ် (၂၂ ဝိတ်) ၁၂၀၀၀၀ ကျပ်၊ ရာမွှေးဆန် တစ်အိတ် (၂၂ ဝိတ်) ၁၂၀၀၀၀ ကျပ်၊ ဗမာဆန်တစ်အိတ် (၃၀ ဝိတ်) ၁၄၀၀၀၀ ကျပ်နဲ့ ဆန်ကွဲ တစ်အိတ် (၃၀ ဝိတ်) ၁၁၀၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေကတော့ ဆီ ၁ ပိဿာဘူး ၁၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၁၂၀၀၀ ကျပ်၊ ဘိုစားပဲသီး ၁ ပိဿာ ၆၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ ပိဿာ ၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ၃၀၀၀ ကျပ်၊ ခရမ်းသီး ၁ ပိဿာ ၆၀၀၀ ကျပ်၊ အားလူ ၁ ပိဿာ ၆၀၀၀ ကျပ်၊ ဂျင်း (ချင်း) ၁ ပိဿာ ၈၀၀၀ ကျပ်၊ တီလားဗီးယား ငါးခြောက် ၁ ပိဿာ ၁၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက် ၁ ပိဿာ ၂၀၀၀၀ ကျပ်၊ ကုလားအော် ငရုတ်သီးခြောက် ၄၀၀၀၀ ကျပ်လို့ သိရပါတယ်။ ကုန်ခြောက်ဈေးနှုန်းတွေအနေနဲ့ကတော့ ရေချိုငါးပိ ၁ ထုပ် ၁၅၀၀ ကျပ်၊ ထိုင်းငါးသေတ္တာဘူး ၁ ဘူး ၃၀၀၀ ကျပ်၊ မြန်မာငါးသေတ္တာဘူး ၁ ဘူး ၂၅၀၀ ကျပ်၊ ကုလားပဲ ၁ ပိဿာ ၉၀၀၀ ကျပ်၊ ဝမ်းဘဲခေါက်ဆွဲ ၁ ထုပ် ၅၀၀၀ ကျပ်၊ မားမားပုစွန်ချဉ်စပ် ၁ ထုပ် ၁၀၀၀ ကျပ်၊ မုန့်ဖက်ခြောက် ၁ ထုပ် ၁၅၀၀ ကျပ်၊ အသားတု ၁၈၀၀၀ ကျပ်၊ ကြက်ဥ ၁ ကတ် ၁၈၀၀၀ ကျပ်၊ ဆား ၁ ထုပ် ၁၅၀၀ ကျပ်နဲ့ စားဆီ ၁ ပိဿာ ၁၈၀၀၀ ကျပ် ဖြစ်ပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ဈေးကတော့ ပြီးခဲ့တဲ့ အပတ်တွေအတွင်း ၁၁၀၀၀ ကျပ်အထိ ဈေးတက်သွားပေမယ့် ဒီအပတ်အတွင်းမှာတော့ ဓာတ်ဆီရော ဒီဇယ်ရော ၁ လီတာ ၉၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ အထက်ပါ ဖော်ပြခဲ့တဲ့ ကုန်ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ ရေးသူ - ခွါညို ဓာတ်ပုံ - FFM #ကုန်ဈေးနှုန်း #ဒီးမော့ဆိုအနောက်ခြမ်း #ကြက်သွန်နီ #ဈေးတက် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _____ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
⭕️ ရေကြည်နဲ့ သာပေါင်းက နေရာ ၅ ခုမှာ တိုက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အလောင်းနဲ့ လက်နက်တချို့ ရရှိ #ရေကြည် #သာပေါင်း #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
ဖက်ဒရယ်FMရဲ့ ၁၄ ရက်နေ့ အပွေးမြင်အပင်သိ တွေးဆင်ခြင်သတင်းအမှန်သိ အစီအစဉ်ကနေကြိုဆိုပါတယ်။ ဒီနေ့ စိစစ်တင်ဆက်ပေးချင်တဲ့ သတင်းကတော့ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က Snow Queen တယ်လီဂရမ်ချန်နယ်က ဖြန်ချိနေတဲ့ “ ရခိုင်ဒေသခံတွေရဲ့ တောင်းဆိုချက်ကြောင့် သံတွဲမြိုနယ် ကျောက်ကြီးကျေးရွာရှိ AA ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး AAတပ်ဖွဲဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ် ပြီးတော့သတင်းဖြန့်ဝေနေပါတယ်။ #factcheck #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
⭕️ စဉ့်ကူးမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံး #ဆင်သေကျေးရွာ #စဉ့်ကူး #စစ်တပ်ဒရုန်း #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
August 14, 2026| Friday Radio Production📻 ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် (သောကြာနေ့) နားဆင်ရမည့် အကြောင်းအရာများ- 🎙ဖက်ဒရယ် FM နေ့စဉ်သတင်း 🎙“အဖိုးတန်တဲ့ နှလုံးသား”ဆိုတဲ့ ပုံပြင် 🎙နွေဦးကဗျာ "ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်” 🎙တအာင်း-ပအိုဝ်းနေ့စဉ်သတင်းအစီအစဉ် 🎙အပွေးမြင် အပင်သိ တွေးဆင်ခြင် သတင်းအမှန်သိ အစီအစဉ် 🎙ရခိုင်ဘာသာသတင်း (BNA သတင်းဌာနနှင့် ဖက်ဒရယ်FM ပူးပေါင်းတင်ဆက်သည့်အစီအစဉ်) #DailyRadioProduction #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
ထိုင်းကို အလုပ်လုပ်ဖို့သွားတဲ့ မြန်မာလုပ်သား ၅၂ ဦး ပွဲစားကိုစောင့်နေစဉ် အဖမ်းခံရ
ထိုင်းကို အလုပ်လုပ်ဖို့သွားတဲ့ မြန်မာလုပ်သား ၅၂ ဦး ပွဲစားကိုစောင့်နေစဉ် အဖမ်းခံရ ဖက်ဒရယ် FM | ဩဂုတ်လ ၁၄ ရက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်နည်းလမ်းနဲ့ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၅၀ ကျော်ကို ကန်ချနဘူရီခရိုင်၊ နောင်လူကျေးရွာအုပ်စုမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က အဆိုပါနေရာအနီးမှာ ထိုင်းအာဏာပိုင်တွေ ကင်းလှည့်နေစဉ် အမှောင်ရိပ်ထဲ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ၊စုစုပေါင်း ၅၂ ဦးပါဝင်ပြီး သူတို့ဟာ ပွဲစားကိုစောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့နဲ့တွေ့ပြီး ဖမ်းဆီးခံရတာလို့ ဆိုကြပါတယ်။ သူတို့ကို နမ့်ကရိက်ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်စစ်ဆေးတဲ့အခါ ခရီးသွားလာခွင့် အထောက်အထား၊ နိုင်ငံကူးလက်မှတ် တစုံတရာမပါကြဘူးလို့လည်း ဆိုပါတယ်။ ဖမ်းဆီခံရသူတစ်ဦးရဲ့ ထွက်ဆိုချက်အရ ၅၂ ဦးမှာ မြန်မာနိုင်ငံ နေရာအနှံ့က လူတွေပါဝင်ပြီး မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသကနေ လာခဲ့ကြတာလို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ပြည်တွင်းကနေ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာ အလုပ်ရှာဖွေလုပ်ကိုင်မှုတွေ မြင့်တက်လာသလို ဖမ်းဆီးခံရမှုတွေလည်း ဆက်တိုက်ရှိနေတာ ဖြစ်ပါတယ်။ ရေးသူ- မော်တခဲ ဓာတ်ပုံ - Khaosod #ထိုင်းနိုင်ငံ #ရွှေ့ပြောင်းလုပ်သား #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
ဆေးကုသခွင့်မရလို့ ရွှေဘိုထောင်က နိုင်/ကျဉ်းတစ်ဦး ကင်ဆာရောဂါနဲ့ ကွယ်လွန်
ဆေးကုသခွင့်မရလို့ ရွှေဘိုထောင်က နိုင်/ကျဉ်းတစ်ဦး ကင်ဆာရောဂါနဲ့ ကွယ်လွန် ဖက်ဒရယ် FM | ဩဂုတ်လ ၁၄ ရက် ဆေးကုသခွင့်မရတာ၊ စောင့်ဆိုင်းရတာတွေကြောင့် ရွှေဘိုထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး ကင်ဆာရောဂါနဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) က သတင်းထုတ်ပြန်လာပါတယ်။ ကွယ်လွန်သူ အကျဉ်းသူ အမျိုးသမီးဟာ အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ပုဒ်မ ၅၂ (က) နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ဖမ်းဆီးမခံရခင်ကတည်းက ဗိုက်အောင့်ဝေဒနာ ခံစားနေရသူဖြစ်ပြီး မကွယ်လွန်ခင် ၃ လခန့်အလိုမှ အပြင်ဆေးခန်းမှာ ဆေးကုခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ “လုံလောက်တဲ့ဆေးဝါးကုသမှု မပေးတာ၊ ဆေးဝါးကုသခွင့် တောင်းခံမှုတွေ ကြန့်ကြာနေသရွေ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကတော့ ခြိမ်းခြောက်နေဆဲဖြစ်တယ်” လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) ရဲ့ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။ ကွယ်လွန်သူဟာ ထောင်ထဲရောက်စဥ်အတွင်း အဟာရ ပြည့်ပြည့်ဝဝမရတာ၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မရှိတာကြောင့် ပါးစောင်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အမျိုးသမီးဆိုင်ရာရောဂါတွေ ခံစားခဲ့ရပြီး အချိန်မှီ ဆေးဝါးကုသခွင့်မရရှိတဲ့အတွက် ရောဂါကျွမ်းပြီး ကွယ်လွန်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “လတ်တလောမှာတော့ မြင်းခြံထောင်၊ ရွှေဘိုထောင်၊ ညောင်ရွှေထောင်၊ မြစ်ကြီးနားထောင်၊ အိုးဘိုထောင်နဲ့ အင်းစိန်ထောင်တို့မှာ ကင်ဆာ ဖြစ်ပွားနေတဲ့သူ ၈ ဦး ရှိတယ်။ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ဆေးဝါးကုသမှု ရရှိနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင်နဲ့တကွ တာဝန်ရှိသူတွေ အကျဉ်းထောင်အာဏာပိုင်တွေကို ထိရောက်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်” လို့ WOPP ရဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။ အဲ့ဒီ ၈ ဦးဟာလည်း အချိန်မီ ဆေးဝါးကုသခွင့်မရတာ၊ ပြင်ပဆေးရုံကို သွားရောက်ကုသခွင့် ပိတ်ပင်ခံရတာနဲ့ ရက်အကန့်အသတ်မရှိ စောင့်ဆိုင်းနေရတာ စတဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ ခံနေရတယ်လို့ ဆိုပါတယ်။ ရေးသူ- သုပီ ဓာတ်ပုံ - လူမှုကွန်ရက်(ပုံအဟောင်း) #ရွှေဘိုထောင် #နိုင်ကျဉ်း #ကင်ဆာ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
без подписи
без подписи
တောင်သာမှာ ဂတ်စ်ပိုက်လိုင်းစောင့်စခန်းက အာဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်မောင်သိန်း ပစ်ခတ်ခံရပြီး သေဆုံး
တောင်သာမှာ ဂတ်စ်ပိုက်လိုင်းစောင့်စခန်းက အာဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်မောင်သိန်း ပစ်ခတ်ခံရပြီး သေဆုံး ဖက်ဒရယ် FM | သြဂုတ်လ ၁၄ ရက် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးရွာက ဂတ်စ်ပိုက်လိုင်းစောင့်စခန်းမှာ အရပ်ဝတ်နဲ့ လှုပ်ရှားနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ် မောင်သိန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Taung Tha People’s Defense Force- (TTA-PDF) က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်က ဝဲလောင်ရဲစခန်းကို အေးရွာ ဂတ်စ်ပိုက်လိုင်းအထိုင်ဂိတ်က အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ သွားလာလှုပ်ရှားနေကြောင်း သတင်းရတဲ့အတွက် ကင်းပုန်းဝပ်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီမှာ အေးရွာ ဂတ်စ်ပိုက်လိုင်းအထိုင်ဂိတ်စောင့် အာဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်မောင်သိန်းကို တားဆီးပြီး အရှင်ဖမ်းနိုင်ဖို့ကြိုးစားခဲ့ပေမဲ့ ဒုဗိုလ်မောင်သိန်းက လက်ပစ်ဗုံးနဲ့ပစ်ပြီး ပြန်လည်ခုခံတာကြောင့် အသေပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း လက်ပစ်ဗုံးတစ်လုံး၊ ငွေသားအချို့ နဲ့ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့ပြီး TTA-PDF ရဲဘော်တွေ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ရေးသူ- သုပီ ဓာတ်ပုံ- TTA-PDF #တောင်သာမြို့နယ် #အေးရွာ #ဒုဗိုလ်မောင်သိန်း #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio
နာဂလွတ်လပ်ရေးနေ့ဟာ နာဂလူမျိုးတွေရဲ့ အမျိုးသားရေးလက္ခဏာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် ကြိုးပမ်းလာခဲ့တဲ့ သမိုင်းကြောင်းနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နာဂလူမျိုးတွေဟာ ကိုယ်ပိုင်ရိုးရာဓလေ့၊ ယဉ်ကျေးမှုနဲ့ လူမှုအုပ်ချုပ်ရေးစနစ်တွေကို အစဉ်အလာအားဖြင့် ထိန်းသိမ်းလာခဲ့ကြပြီး မိမိတို့ရဲ့ နယ်မြေနဲ့ အမျိုးသားရေးအရေးကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိခဲ့ကြပါတယ်။ နာဂအမျိုးသားရေးလှုပ်ရှားမှုဟာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက စတင်အမြစ်တွယ်လာခဲ့ပြီး နောက်ပိုင်းမှာ Naga National Council (NNC) ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။ NNC ဟာ နာဂလူမျိုးတွေရဲ့ နိုင်ငံရေးအနာဂတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းခဲ့တဲ့ အရေးပါတဲ့ အမျိုးသားရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှာ NNC ရဲ့ ဦးဆောင်သူတွေက နာဂလူမျိုးတွေရဲ့ လွတ်လပ်ရေးကို ကြေညာခဲ့တယ်လို့ နာဂအမျိုးသားရေးဘက်က မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီနေ့ဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ ဩဂုတ်လ (၁၅) ရက်နေ့မတိုင်မီ တစ်ရက်အလို ဖြစ်ပြီး နာဂလူမျိုးတွေရဲ့ သီးခြားနိုင်ငံရေးအနာဂတ်ကို ဖော်ဆောင်လိုတဲ့ ဆန္ဒကို ထင်ဟပ်စေတဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။ နာဂလွတ်လပ်ရေးကြေညာမှုနဲ့အတူ နာဂလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ အမျိုးသားရေးအခွင့်အရေးတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ အဓိကအကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ နာဂအမျိုးသားရေးလှုပ်ရှားမှုဟာ နိုင်ငံရေးအရသာမက လက်နက်ကိုင်ပဋိပက္ခတွေအထိပါ ရှုပ်ထွေးလာခဲ့ပြီး နာဂလူမျိုးတွေအကြားမှာလည်း အသက်၊ သွေးနဲ့ ချွေးတွေကို ပေးဆပ်ခဲ့ရတဲ့ သမိုင်းကာလတွေ ရှိခဲ့ပါတယ်။ နာဂလွတ်လပ်ရေးနေ့ဟာ လွတ်လပ်ရေးကြေညာခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုကို အမှတ်တရပြုတဲ့နေ့သာမက နာဂလူမျိုးတွေရဲ့ အမျိုးသားရေးအခွင့်အရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူတွေကို ပြန်လည်အောက်မေ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် နှစ်စဉ် ဩဂုတ်လ (၁၄) ရက်နေ့ရောက်တိုင်း နာဂလူမျိုးတွေအတွက် အမျိုးသားရေးနဲ့ သမိုင်းဆိုင်ရာ အရေးပါမှုရှိတဲ့နေ့အဖြစ် နာဂလွတ်လပ်ရေးနေ့ကို အောက်မေ့ကျင်းပလာကြတာ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ (၈၀) နှစ်မြောက် နာဂလွတ်လပ်ရေးနေ့မှာ နာဂလူမျိုးတွေရဲ့ အမျိုးသားရေးအခွင့်အရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းပေးဆပ်ခဲ့ကြသူအားလုံးကို လေးစားစွာ အောက်မေ့ဂုဏ်ပြုအပ်ပါတယ်။
"(၈၀) နှစ်မြောက် နာဂလွတ်လပ်ရေးနေ့" ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှာဆိုရင် နာဂလွတ်လပ်ရေးနေ့ဟာ (၈၀) နှစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
без подписи