tgindex
Последний пост
12:03
Последнее чтение
15 авг.
Постов за неделю
123
Всего постов
129
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
10 212
−14 за 5 дн.
Сутки
−5
−0,05%
Неделя
 
Месяц
 
Просмотров на пост
714
40 постов
Вовлечённость
7,0%
к подписчикам
Постов в день
17,6
всего 129
Упоминаний
7
каналов
Охват размещения
по 6 постам
1/24сутки в ленте
762
1/48двое суток
873
1/72трое суток
941

Медиана по постам, которые мы застали свежими и померили через сутки.

Посты

  • 12:033478

    တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • 12:0333521

    လေးမျက်နှာမှာ ရေပြန်တိုးလာနေ ဩဂုတ် ၁၇ - ၂၀၂၆ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်တာကို ပြုပြင်နေချိန်အတွင်း အထက်ဘက် ဒေသတွေမှာ မိုးကောင်းပြီး မြစ်ရေကြီးကာ ဒေသတွင်းမှာလည်း မိုးဆက်တိုက် ရွာသွန်းမှုတွေ ကြောင့် ရေပြန်တိုးလာနေum အရင်က ရေမဝင်ခဲ့တဲ့ နေရာတွေမှာပါ ရေကြီးနေတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေနဲ့ ‌ဒေသခံတွေက ပြောပါတယ်။ “ရေက ပထမတခေါက် တက်တာထက်ကို ပိုပြီးများလာတယ်။ အရင်တုန်း က ပြောင်းရွှေ့စရာ မလိုတဲ့သူတွေတောင် အခု အားလုံး ပြောင်းနေကြ ပါပြီ။ မယင်းတံတားလည်း ရေမြုပ်သွားပြီ။ ငဝန်မြစ်ရဲ့ ရေမျက်နှာပြင် မြင့်လာတာနဲ့ အမျှ အရင်ရက်တွေက ရေဝင်၊ ရေလွှမ်းနေရာတွေရဲ့ ရေအမြင့်ပြောင်းလဲမှုကလည်း မြန်လာတယ်။ မိုးကလည်း ဆက်တိုက် ကောင်းနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာ ဟင်္သာတမြို့နယ်နယ်နဲ့ လေးမျက်နှာမြို့နယ်အစပ်ရှိ နိဗ္ဗာန် - ခမောက်စု လမ်းပိုင်း၊ ရထားသံလမ်း အကျော်ရှိ ရေပြင်မှာ ကားတွေ သွားလာဖို့ ခက်သွားပြီ ဖြစ်သလို မယင်း တံတားနားက ပြွန်ပေါက်တံတား သုံးခု လုံးလည်း ရေကျော်နေကာ အိုင်သပြုမြို့ အတွင်းမှ ရွှေ့ပြောင်း ကြသူ‌တွေ ထပ်မံရှိလာပြီလို့ သိရပါတယ်။ “ရေကအခုက ပြန့်ကျဲပြီး ရေပြင်အကျယ်ကြီး ဖြစ်လာတာ။ အပေါ်ရေက လည်း တောက်လျှောက်ကျ၊ မိုးကလည်း ကောင်းတာနဲ့လေ။ ရေအမြင့်က မနေ့ကပေါင်လောက်၊ ဒီနေ့ ခါးလောက် ဖြစ်လာတယ်။ လေးမျက်နှာ သွားတဲ့လမ်း၊ ခမောက်စုဘက် လမ်းရေကျော်နေတာက ကားကြီးတွေ တောင် ဝင်ဖို့ခက်နေတယ်။ ရေထပ်တိုးနိုင်ခြေရှိနေတော့ ခမောက်စု အောက်ရွာက လူတွေကတော့ တော်တော် သတိထားဖို့ လိုမယ်” လို့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ငါးသိုင်းချောင်း၊ ရေကြည်မြို့နယ်ဘက်ကနေ လေးမျက်နှာ မြို့နယ် ကိုလာတဲ့ ရွှေကျောင်းကုန်း တံတား ကားလမ်းပေါ်နဲ့ လမ်းဆုံ ဘက်မှာ ရေကျော်နေသလို ခိုထောင်ရွာနဲ့ ငှက်သိုက်ရွာကြား ရိုးပေါက်မှ တဆင့် ပုသိမ်မုံရွာလမ်း (အနောက်ခြမ်း) နဲ့ င၀န်မြစ်ကြား ကျေးရွာတွေ အတွင်းကို အုပ်ပုံရိုးချောင်း ထန်းစင်လှချောင်းတွေ အတိုင်း ရေတိုး လာနေတယ်လို့ သိရပါတယ်။ သစ်ဖြူပင်၊ ကွင်းပေါက်၊ သပြေတန်း၊ ယင်းရှည်၊ ငပိဆိပ်၊ ဘွဲ့ငူ၊ ချောင်းဖျား၊ အညာတန်း၊ ဘုရားငုပ်တို၊ ပန်းတင်ကုန်း၊ ဂျိုးချောင်း၊ ကံဦး၊ လွှဲပိုင်း၊ သင်္ကန်းငူ၊ ကွမ်းသီးချောင်း၊ ဒိုးတန်း၊ ကမ်းနားစု၊ ဖတ်သလက်၊ စီပင်၊ သရက်ကုန်း၊ ဝါးတဲစု တောင်ဘက် တခြမ်းလုံးနဲ့ ဒရယ်ကူဘက် သာပေါင်း မြို့နယ်အပိုင်ထဲ အထိကို တောက်လျှောက် ရေတွေ ရောက်လာ နိုင်ပြီး ဒေသခံတွေ အနေနဲ့ မိမိတို့ရွာ အနိမ့်ပိုင်းဖြစ်နေပါက ကြိုတင်ပြ င်ဆင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ “အခုက မိုးကောင်းတာအပြင် မြစ်ရေကလည်း မြင့်တက်လာတော့ ကျိုးနေတဲ့ တာကပဲ ရေတွေဝင်လာတာ။ တာကတော့ တာဝန်ရှိသူတွေ ကြိုးစားပြီး အမြန်ဆုံး အဆင်ပြေဖို့အတွက်ကို လုပ်ဆောင်နေတယ်။ အခုက ရေကြီးတဲ့နေရာက ဒီတနေရာတည်း မဟုတ်တော့ဘူး၊ တခြား ဒေသ တွေမှာလည်း ရေကြီးနေတာဆိုတော့ အလှူရှင်တွေက သိပ်မလာ တော့ဘူး။ ရေကအခု ၁ ပေကျော်ကျော်လောက် ပြန်တက်လာတာ။ နဂိုကျသွားတဲ့ ရေထက်ကို ထပ်တက်လာတာ။ တချို့နေရာတွေဆို မော်တော်ဘုတ်တွေသွားဖို့ တော်တော် အခက်အခဲ ဖြစ်သွားပြီ” လို့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ အလှူရှင်တွေအနေနဲ့ ရေပြင်ကိုဆင်းပြီး လှူဒါန်းတဲ့အခါ အသက်ကယ် အင်္ကျီတွေနဲ့ မဖြစ်မနေ ဝတ်ဆင်ဖို့လိုပြီး အသက်ကို အဓိက ကယ်ဆယ် ပေးမှာက အသက်ကယ်အင်္ကျီတွေသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာ ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ကလည်း ဧရာဝတီတိုင်း အတွင်း ဆိပ်သာ၊ မြန်အောင်၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ် ရေမှတ် အထက်ကို ၁ ပေကနေ ၁ ပေခွဲကျော်အထိ ကျော်လွန်နေပြီး မြန်အောင်မြို့၊ အမှတ် (၁) ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာ ကနေလည်း မြစ်ရေကျော်နေလို့ အတွင်းပိုင်းကနေ သဲအိတ်တွေ ကာထားရတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက သောင်းနဲ့ချီ ရေနစ်မြုပ် ပျက်စီးနေပြီး ရေမြုပ်ချိန် ရက်ပေါင်း ၂၀ နီးပါး ကြာနေပြီ ဖြစ်တဲ့ အတွက် စပါးခင်းအများစု ပုပ်ဆွေး ပျက်စီးနေပြီး ထိရောက်တဲ့ အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ မရရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ရေကြည် စတဲ့ လေးမြို့နယ် မှာတင် ပုံမှန် မိုးစပါးစိုက်ပျိုးနိုင်တဲ့ စိုက်ဧက စုစုပေါင်း သုံးသိန်းကျော် ရှိနေပြီး လေးမျက်နှာမြို့နယ် တခုတည်းမှာတင် စိုက်ပျိုးဧက နှစ်သောင်း နီးပါး အထိ ရေလွှမ်းနေကာ တိုင်းတတိုင်းလုံး ဆိုပါက စိုက်ဧက သောင်းချီ ရေနစ်မြုပ် ပျက်စီးသွားပြီလို့ သိရပါတယ်။ Photo - အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း / CJ Crd – VOM --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist

  • 12:0327411

    без подписи

  • 11:4634262

    ယူကရိန်း တိုက်ခိုက်မှု ရုရှားမှာ ၆ ဦး သေဆုံး၊ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား သြဂုတ် ၁၇ - ၂၀၂၆ ရုရှားနိုင်ငံ Belgorod ဒေသကို ညဘက်မှာ ယူကရိန်းကနေ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အဲဒီဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူး Alexander Shuvaev က ပြောကြား ပါတယ်။ ဒဏ်ရာရသွားသူတွေထဲမှာ အသက် ၁၄ နှစ် အရွယ် ကလေးတဦးလည်း ပါဝင်တယ်လို့ Alexander Shuvaev က တနင်္လာနေ့မှာ Telegram ကနေ တဆင့် ရေးသားခဲ့တာပါ။ စနေနေ့ညတုန်းက ယူကရိန်းဟာ ရုရှားနိုင်ငံဘက်ကို ဒရုန်း အစီးရေ ၈၂၂ စင်းလောက် ပစ်ခတ်ခဲ့ပြီး မော်စကိုမြို့ကို ၆၀၀ လောက် ပစ်မှတ်ထား ခဲ့တာလို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရုရှားမြို့တော်ဟာ "မကြာသေးမီကာလတွေ အတွင်း အဆိုးရွားဆုံး ဒရုန်း တိုက်ခိုက် တခု" ကို ကြုံတွေ့ခဲ့ရတာလို့လည်း သူက ဆိုပါတယ်။ စနေနေ့ည တိုက်ခိုက်မှုတွေ အတွင်း ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Rostov ဒေသမှာ လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ အဆိုပါဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Belgorod မှာ အရပ်သား ခရီးသည်တင် ဘတ်စကား ထိမှန်လို့ အမျိုးသမီးတဦး သေဆုံးခဲ့ရသလို၊ မော်စကို ဒေသမှာလည်း ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၈၃ နှစ်အရွယ် အဘိုးအို တဦး သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ တဘက်မှာလည်း ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မကြာခဏ တိုက်ခိုက် ခံနေရတဲ့ Sumy ဒေသမှာ ညဉ့်နက်ပိုင်း ရုရှားဒရုန်း တိုက်ခိုက် မှုတွေကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေ က ပြောပါတယ်။ စနေနေ့ညက ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း အနည်းဆုံး လူ ၇ ယောက် သေဆုံးပြီး ၃၉ ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။ ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို အပြည့်အဝ စတင် ကျူးကျော်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ယူကရိန်းနယ်မြေရဲ့ ငါးပုံတပုံခန့်ကို ထိန်းချုပ်ထားတာပါ။ ယခု သီတင်းပတ်အတွင်း ဒေသ ၁၃ ခု တိုက်ခိုက်ခံခဲ့ရပြီး၊ ရုရှားဘက်က တိုက်ခိုက်ရေးဒရုန်း ၁၅၅၀ ကျော်၊ လမ်းညွှန်စနစ်ပါ ဗုံးသီး ၁၅၆၀ နီးပါးနဲ့ ဒုံးကျည် ၆၂ စင်း ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ၁၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စွမ်းအင်ကုမ္ပဏီ Naftogaz က တနင်္လာနေ့မှာ ပြောပါတယ်။ စစ်ဖြစ်နေတဲ့ နှစ်ဘက်စလုံးကတော့ အရပ်သားတွေကို ပစ်မှတ်ထား နေတယ်လို့ အပြန်အလှန် စွပ်စွဲနေကြတာဖြစ်ပါတယ်။ ref: bbc photo: getty / reuters --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • 11:463081

    без подписи

  • 11:4630921

    без подписи

  • 10:294194

    ရွှေစျေး ငွေစျေး သြဂုတ် ၁၇ - ၂၀၂၆ ရွှေစျေး - ၁၀၁ သိန်း ၁ သောင်း ဒေါ်လာ - ၄၄၁၀ ရည်ညွှန်းရွှေစျေး - သိန်း ၇၀ နဲ့ ၅ သောင်း ဓါတ်ဆီ - 92 - ၃၆၅၀ / 95 - ၃၇၇၀ ဒီဇယ် - ၄၀၂၀ ------------ မနေ့ကစျေး ရွှေစျေး - ၁၀၁ သိန်း ဒေါ်လာ - ၄၄၁၀ ရည်ညွှန်းရွှေစျေး - သိန်း ၇၀ နဲ့ ၅ သောင်း ဓါတ်ဆီ - 92 - ၃၆၅၀ / 95 - ၃၇၇၀ ဒီဇယ် - ၄၀၂၀ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • 10:254282

    ရန်ကုန် ရပ်ကွက်စျေး တခုက နေ့စဥ်ကုန်စျေးနှုန်းများ (သြဂုတ် ၁၇ - ၂၀၂၆) --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • 05:4371592

    NUG ဖမ်းဆီးထားတဲ့ BNRA တပ်ရင်းမှူး သုဘရာဇာ နဲ့ သခင်ဒေါင်းညို တို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းထွက်ပေါ်၊ NUG က တရားဝင် ထုတ်ပြန်ခြင်းမရှိသေး သြဂုတ် ၁၇ - ၂၀၂၇ NUG ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA အဖွဲ့ရဲ့ တပ်ရင်းမှူး သုဘရာဇာ နဲ့ သခင်ဒေါင်းညို တို့ ထွက်ပြေးလွတ်မြောက် သွားကြောင်း မနေ့က သတင်းထွက်ပေါ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ပင်လည်ဘူးနယ်မှာ ဆေးကုသခံယူ နေစဥ်ထွက်ပြေး သွားတာလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပြီး သီးခြား အတည်ပြု နိုင်ခြင်း မလုပ်နိုင်သေးသလို ဒီသတင်းနဲ့ ပတ်သက်ပြီး NUG က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပါ။ သုဘရာဇာ နဲ့ သခင်ဒေါင်းညို တို့ကို ဖေဖေါ်ဝါရီလထဲမှာ ယင်းမာပင် ခရိုင် တပ်ရင်း ၂၈ က စွမ်းသူမောင် (ခ) ဗိုလ်စွမ်းက အဲဒီတုန်းက ဖမ်းဆီး ထိန်းသိမ်း ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ NUG က တပ်အင်အား အလုံးအရင်းနဲ့ စစ်ကိုင်း ပုလဲဒေသက BNRA အဖွဲ့ ကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်ဟာ BNRA နဲ့ NUG အောက်ခြေ တပ်ဖွဲ့တွေ အကြား ပွတ်တိုက်မှု တချို့ ရှိရာကနေ ဗိုလ်နဂါး နဲ့ တပ်ဖွဲ့ဝင်တချို့ဟာ ပြစ်မှုကျူးလွန်ထားတာ ၇ ခုရှိတယ်ဆိုပြီး NUG က ထုတ်ပြန်ကာ စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗိုလ်နဂါးဟာ သူ့မိသားစုနဲ့အတူ တပ်ဖွဲ့ဝင်တချို့ဟာ စစ်တပ်နဲ့ ပူးပေါင်းခဲ့ကြောင်း MRTV ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • 05:436291

    без подписи

  • 05:4362141

    без подписи

  • 04:2868012

    သမ္မတပူတင် ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင် ရုရှားကို ထွက်ခွာ ဩဂုတ် ၁၇ - ၂၀၂၆ ရုရှား သမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင် သမ္မတ အနေနဲ့ ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ဟာ ရုရှား နိုင်ငံကို ဒီကနေ့ မနက် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ နဲ့ ရုရှားအစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာပါ။ ဒါ့အပြင် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 04:286512

    без подписи

  • 04:2665411

    https://youtu.be/ohpfBAogV7A

  • ထိုင်းလွှတ်တော်မှာ ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်ကို CRPH က ကျေးဇူးတင်စာ ပေးအပ်၊ CRPH နဲ့ ထိုင်းလွှတ်တော်အမတ်တွေ တွေ့ဆုံ သြဂုတ် ၁၆ - ၂၀၂၆ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းလွှတ်တော် အမှတ်တွေ ဖြစ်ကြတဲ့ Mr. Anusorn Tamajai၊ Mr. Chonlathan "Ice" Supphaiboonlerd နဲ့ Mr. Krokiat Korsoongsak တို့အား သြဂုတ် ၁၄ ရက်နေ့က ဘန်ကောက်မြို့ အောက်လွှတ်တော်မှာ တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း CRPH က သတင်း ထုတ်ပြန်ထားပါတယ်။ ထိုင်းအမတ် Mr. Anusorn Tamajai ဟာ ဦးမင်းအောင်လှိုင် ဘန်ကောက် ခရီးစဥ် အတွင်း လွှတ်တော်ကို လာရောက်ချိန် တဦးတည်း အော်ဟစ် ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီက အမတ်တဦး ဖြစ်ပါတယ်။ တွေ့ဆုံရာမှာ Mr. Anusorn Tamajai ရဲ့ မကြာသေးခင်က ထုတ်ဖော် ပြောကြားမှုတွေနဲ့ ရပ်တည်ချက်တို့ အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး CRPH ရဲ့ ကျေးဇူးတင်ကြောင်း စာကို ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေ၊ အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက် နိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ ဖေါ်ပြထား ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

  • без подписи