- Последний пост
- 14:33
- Последнее чтение
- 15 авг.
- Постов за неделю
- 198
- Всего постов
- 576
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 555
- 1/48двое суток
- 636
- 1/72трое суток
- 685
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ငါးသိုင်းချောင်း နဲ့ ရေကြည်မှာ ရေထပ်တိုးလို့ အကူအညီလိုနေသေး ဩဂုတ် ၁၇ ၊ ၂၀၂၆ CC (VOM) ဧရာဝတီတိုင်း ၊ ငါးသိုင်းချောင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ ရေထပ်တိုးတဲ့အတွက် ကုန်းမြင့်တွေအထိရေရောက်လာလို့ အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီရေးလုပ်နေသူတွေဆီက သိရပါတယ်။ ငါးသိုင်းချောင်းမှာဆိုရင် ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာတင် ရေတပေလောက်ထပ်တိုးလာတဲ့အတွက် အိမ်တွေကနေ ရွှေ့ပြောင်းသူတွေရှိလာသလို ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့နေရာတွေကလူတွေ ပါ နေရာပြောင်းရွှေ့ရတာမျိုး ရှိလာတယ်လို့သိရပါတယ်။ "မြစ်ရေတက်တယ် ၊ အထက်ကရေကျတယ်။မိုးရွာတယ်။ နှစ်ရက်ကို နှစ်ပေနီးပါးလောက်တက်တယ်။ ငါးသိုင်သချောင်းက ရေထွက်ပေါက်နည်းတယ်။ မြေနိမ့်ပိုင်းအကုန်အဝင်တယ်။ ရေကတိုးတယ်။ ဆေးရုံတို့ဘက်တွေ ဝင်နေပြီ။ ကုန်းမြင့်တွေလည်းဝင်နေတယ်။ ရွာတွေဘက်ကတော့ ငဝန်မြစ်ရေတက်သမျှအကုန်ဝင်တယ်။ ဒီရက်ပိုင်းရေစီးကလည်းသန်တယ်။ မြို့ကရေထွက်ပေါက်နည်းတော့ အဲဒီဒဏ်တော့ခံရမယ့်သဘောရှိလား ။ မြို့ပေါ်မှာကို တထပ်အိမ်တွေမြုပ်ကုန်တာမျိုးရှိတယ်။ မနေ့ကဝင်သွားတဲ့ တိုးချဲ့ ၆ ရပ်ကွက်ဆိုရင် အိမ်တထပ်လောက်မြုပ်သွားပြီ။အခုက ရေကျော်နေရာတွေလည်းရှိတော့ ပစ္စည်းတွေက ကားနဲ့ ပစ္စည်းကဲ့ရတယ်။ အဲဒီတော့ ကားအမြင့်ပိုင်းမှအဆင်ပြေမယ်။ " လို့ မြေပြင်ကူညီရေး လုပ်နေသူတယောက်က ပြောပါတယ် ။ ငါးသိုင်းချောင်းမြို့နယ်ထဲက ကျေးရွာတွေဘက်မှာလည်း ရေကြီးမှုတွေ ဖြစ်နေပြီး အကူအညီတွေ လိုအပ်နေကြောင်း ၊ မြို့အခြေအနေက အနိမ့်ပိုင်းတွေ ရေနစ်မြုပ်မှုများတဲ့အတွက် စက်လှေသုံးပြီးမှသွားလို့ရသလို တချို့နေရာတွေက ကားအမြင့်ပိုင်း ကားကြီးတွေသုံးမှသွားလာလို့ အဆင်ပြေတယ် သိရပါတယ်။ ငါးသိုင်းချောင်း - ရေကြည်လမ်းပိုင်းမှာလည်း ရေကျော်နေတဲ့နေရာတွေရှိတဲ့အတွက် ကားအမြင့်ပိုင်းတွေ သွားလာသင့်တယ်လို့ ဆိုပါတယ်။ ရေကြည်မြို့နယ်မှာလည်း မြို့ပေါ်အပါအဝင် ကျေးရွာဘက်မှာပါ နေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေကြီးနေ တဲ့အပြင် ရေဘေးသင့်သူတချိူ့မှာ ကျန်းမာရေးမကောင်းတာကြောင့် အစားအသောက်နဲ့ သောက်ရေသန့်ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ " ဇရပ်လှအုပ်စုထဲက ရွာတွေမှာ အိမ်တွေမြုပ်တာအထိရှိတယ်။အဲဒီအတွက် အဆင့်ထိုးနေရတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေလည်း နေမကောင်းဖြစ်နေတယ်ပြောတယ်။ အစားအစာ ၊ဆေးဝါး ၊ နေစရာ နဲ့ သွားရေလာရေးအတွက် ဒုက္ခရောက်နေကြတယ်။ အကူအညီတွေလိုအပ်နေတယ်။ အဲဒီဘက်တွေကို ရောက်အောင်သွားဖို့တော့ ကြိုးစားနေတယ်။ အဲဒီဘက်က ရေကြီးမှုပိုခံရတာပေါ့။ " လို့ ရေကြည်မြို့နယ် ကူညီကယ်ဆယ်ရေးပြုလုပ်နေတဲ့ ဒေသခံက ပြောပါတယ်။ လက်ရှိ ရေကြည်မြို့နယ်မှာ မြို့ပေါ်လေးရပ်ကွက် နဲ့ ကျေးရွာ ၂၇ ရွာမှာ ရေကြီးနစ်မြုပ်နေပြီး ရေဘေးသင့်နေတယ်လို့ သိရပါတယ် ။ " လေးမျက်နှာ တာကျိုးပေါက်တာက ငါးသိုင်းချောင်း ၊ ရေကြည် အကုန်လုံး ဒဏ်ခံရတယ်။ ပျက်စီးရတယ်။ တာအပေါက်အသေးလေးကနေ ခုလိုဖြစ်ကုန်တာ။ လေးမျက်နှာရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ညံ့ဖျင်းမှုတွေ အလေးမထားမှုတွေ ကပေါ်ကရော်လုပ်မှု ဘာကိစ္စ မှမရှိဘူးဆိုပြီး အပေါက်သေးလေးကနေ လုပ်လိုက်တာ အခုရေကြည်ကပါဆိုင်နေပြီ။ ဒီလိုပဲ မြစ်ရေကလည်းနှစ်တိုင်းတက်နေမယ် ဒီငဝန်တာကြီးကရော ဘယ်လောက်ထိကြံ့ကြံ့ ခံမလဲ ၊ ဆည်မြောင်းဌာနတွေက တာတွေကိုပဲ အသစ်လုပ်နိုင်မလား ၊ တာကအချိန်မရွေးနိမ့်ကျသွားနိုင်တယ်။ ဆည်မြောင်းက ဒီတာတွေကို နိုင်နိုင်နင်းနင်းလုပ်နိုင် လား ၊ လုပ်နေသလားပေါ့။ အဲဒါတွေသာ နှစ်တိုင်း ဒီလိုကျိုးနေရင် ဘဝတွေက ခါးသထက်ခါးပြီပေါ့။ ဒါအပြစ်တင်ပြောနေတာမဟုတ်ဘူး။ဖြစ်နေတာကိုပြောနေတာ။ ဘယ်ရွာက ဘယ်တာအကုန်လက်ညှိုးထိုးပြလို့ရတယ်။ အဲတော့လေးမျက်နှာတာကလုံသွားပြီဆိုရင် ကျန်တဲ့ တာတွေကရော စိတ်ချရသလား ၊မကျိုးပါဘူးလို့အာ မခံလား ။" လို့ ရေကြည်ဒေသခံက ပြောပါတယ်။ အခု လေးမျက်နှာမြို့နယ်မှာ ရေပြန်တိုးလာတဲ့အတွက် အဲဒီကဆင်းလာမယ့်ရေတွေက နောက်ရက်တွေမှာ ငါးသိုင်းချောင်း ၊ရေကြည်ကို ဝင်ရောက်လာမှာဖြစ်လို့ ရေထပ်တိုးလာပြီး ရေကြီးမှုပိုဆိုးလာဖို့ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - လူမှုကူညီရေး အသင်းများ #Voiceofmyanmar #VOM #ဧရာဝတီတိုင်း #ငါးသိုင်းချောင်း #ရေကြည် #ရေထပ်တိုး #အကူအညီ
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ရန်ကုန် - မော်လမြိုင် နဲ့ ရန်ကုန် - ဘားအံလမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ နှစ်ယောက်သေ သုံးယောက် ဒဏ်ရာရ ဩဂုတ် ၁၇ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း နဲ့ ရန်ကုန် - ဘားအံလမ်းပိုင်းမှာ ဒီကနေ့ ဩဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး လူနှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် - မော်လမြိုင်လမ်း မိုင်တိုင်အမှတ် ( ၈/၃) မှာ မနက် ၇ နာရီကျော်လောက်က တက္ကစီ အငှားယာဉ်နဲ့ ကုန်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး တက္ကစီပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။ ရန်ကုန် - သထုံ - ဘားအံလမ်းမှာက မနက် ၁၀ နာရီလောက်မှာ ခရီးသည်တင် Express ကားနဲ့ လိုက်ထရပ်ကားတို့တိုက်မိပြီး အမျိုးသားသုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ် ။ " သထုံမြို့နယ်အပိုင်ထဲမှာ ဖြစ်တာပါ။ လိုက်ထရပ်ကားက လမ်းဘေးမှာရပ်ထားတာ ။ အဲဒါကို Express ကားက ဝင်တိုက်တာပါ။ ပွတ်တိုက်သလို ဖြစ်သွားတာပါ။ လိုက်ထရပ်ကားပေါ်က သုံးယောက် ဒဏ်ရာရတာပါ။သထုံဆေးရုံကိုပို့လိုက်တယ်။ " လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင်တယောက်ကပြောပါတယ်။ ဩဂုတ် ၁၆ ရက်နေ့ကလည်း ရန်ကုန် - သထုံ - ဘားအံလမ်းပိုင်းမှာ ရွှေခြင်္သေ့ခရီးသည်တင် Express ကားက လိုက်ထရပ် နဲ့ ဖောကားကို ဝင်တိုက်မိပြီး Express ကားပေါ်က ယာဥ်နောက်လိုက်အမျိုးသားသေဆုံးခဲ့ကာ လိုက်ထရပ်ကားပေါ်က အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဝေါမြို့အလွန်မှာ ခရီးသည်တင် Express ကားတစီး လမ်းချော်ပြီး ကားလမ်းဘေးရေမြောင်းထဲ ထိုးကျမှု ရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာ ဇန်နဝါရီကနေ ဇွန်လအထိ ယာဥ်တိုက်မှုပေါင်း ၁၆၈၆ ခုဖြစ်ပွားခဲ့ပြီး လူ ၉၃၂ ယောက်သေဆုံးကာ ၂၃၇၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ် ။ ဓာတ်ပုံ - မီးသတ် / မင်းသားကြီး လူမှုကူညီရေး အသင်း #Voiceofmyanmar #VOM #ရန်ကုန် #မော်လမြိုင် #သထုံ #ဘားအံ #ယာဥ်တိုက်မှု #သေဆုံး #ဒဏ်ရာရ
без подписи
без подписи
без подписи
без подписи
ခိုတိန်ရွာ ကျားဖြန့်ကုမ္ပဏီက ထွက်ပြေးလာသူ တချို့အပြင် တခြားနေရာဘက်က ကျားဖြန့်တွေ ၁၀၅ မိုင်မှာ ရောက်ရှိနေ ဩဂုတ် ၁၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာမ ကျေးရွာအုပ်စု၊ ခိုတိန်ရွာ ကျားဖြန့်ကုမ္ပဏီက ထွက်ပြေးလာသူ တချို့အပြင် တခြားနေရာဘက်က ကျားဖြန့် အများအပြားပါ ၁၀၅ မိုင်မှာ ရောက်ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ခိုတင်က ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်သူ တချို့ အခု ၁၀၅ မိုင်ရောက်နေကြတယ်လို့ သိရတယ်။ ၁၀၅ မိုင်မှာလည်း ကျားဖြန်လုပ်တဲ့ နေရာတွေ အရမ်းများတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။ သိမ်းထားတဲ့ နေအိမ် အဆောက်အဦးတွေ၊ ဂိုဒေါင်တွေမှာ ထည့်ထားပြီး နေခိုင်းတယ်လို့ သူက ပြောပါတယ်။ "တရုတ်နိုင်ငံသားတွေကို တင်ထားတဲ့ SSPP စစ်ကားတွေ ဩဂုတ်လ ၁၄ ရက်နေ့ည တီးမ ဘက် လေယာဉ် ဗုံးကြဲတဲ့ည လေယာဉ်တွေ ဝဲနေချိန် စစ်ကား ၆ စီး၊ ၈ စီး လောက် ဖြစ်မယ်။ နမ့်ဖတ်ကာကနေ ဖြတ်ပြီး နမ့်ခမ်းလမ်းဘက် တက်သွားတယ်" လို့ မျက်မြင် ဒေသခံ တယောက်က ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုနဲ့ ကျားဖြန့်စခန်းက လူတွေ ထွက်ပြေးမှုဟာ ဆက်စပ်မှုရှိမရှိ အတည်မပြုနိုင်ပေမယ့် လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာဟာ SSPP တပ်စခန်းနဲ့ နီးသလို ခိုတိန်ရွာက ကျားဖြန့်ရုံကိုလည်း SSPP တပ်ဖွဲ့က လုံခြုံရေးယူပေးတာသိရတာကြောင့် တည်နေရာ ပေါက်ကြားပြီ အထင်နဲ့ ကြောက်လန့်ပြီး ထွက်ပြေးကုန်တာ လို့ယူဆရတယ်လို့ သူက ပြောပါတယ်။ MNDAA ထိန်းချုပ်ရာ နေရာတွေမှာလည်း အခုနောက်ပိုင်း ကျားဖြန့် လုပ်ငန်းတွေ ရှိလာကြောင်း သတင်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Photo Crd# #voiceofmyanmar #VOM #ခိုတိန်ရွာ #ကျားဖြန့်
без подписи
без подписи
ဒါကြောင့် ပထမအဆင့်အနေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများတဲ့ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုလုပ်ငန်းတွေကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အချက်နဲ့ ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ မနက် ၅ နာရီအတွင်း တယူနစ်ကို မူလ ကျပ် ၉၀၀ နှုန်းမှ ၆၀၀ ကျပ်နှုန်းအဖြစ် လျှော့ချ ဓာတ်အားရယူသုံးစွဲခွင့် ဆောင်ရွက်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေ အပြင် မန္တလေးတိုင်း၊နေပြည်တော် နဲ့ ပဲခူးက စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကိုတော့ LNG ဓာတ်ငွေ့စက်ရုံကနေ ၂၄ နာရီ လျှပ်စစ်မီးဖြန်ဖြူးပေးနေပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်နူန်းကောက်ခံမှုကို ဖေဖော်ဝါရီလကတည်းက စတင်လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #ရန်ကုန်တိုင်း #စက်မှုလုပ်ငန်း #ညပိုင်းလည်ပတ်ပါကမီတာခလျှော့ကောက်မယ်
ညဘက် လျှပ်စစ်မီတာခ လျှော့ချကောက်ခံမှု လုပ်ငန်းရှင်တွေအတွက် ထူးခြားမှုမရှိ ဩဂုတ် ၁၇ ၊ ၂၀၂၆ GG (VOM) ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း လုပ်ငန်း လည်ပတ်မယ့် ရန်ကုန်တိုင်းထဲက စက်မှုလုပ်ငန်းတွေကို မီတာခ တယူနစ်၉၀၀ကနေ ၆၀၀ ကျပ်ထိလျှော့ချကောက်ခံပေးမယ့် အစီအစဥ်က စက်ရုံလုပ်ငန်းအများစုအတွက်တော့ သိသာတဲ့ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိ စက်ရုံအများစုဟာ ဝန်ထမ်းတွေခန့်အပ်ထားပြီး လစာစနစ်နဲ့ လည်ပတ်နေရတာဖြစ်ပြီး ညဘက်စက်ရုံလည်ပတ်မယ်ဆိုပါက ဝန်ထမ်းတွေကို အချိန်ပိုကြေးအဖြစ်လုပ်အားခနှစ်ဆပေးရခြင်း ၊ အချိန်ပိုခေါ်ယူဖို့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို တင်ပြရခြင်း ၊ အလုပ်သမားတွေအတွက် ညဘက်လုံခြုံရေးတာဝန်ယူရခြင်း စတဲ့ အခက်အခဲတွေရှိတာကြောင့် ညပိုင်းမှာစက်ရုံလည်ပတ်ဖို့က အဆင်မပြေဘူးလို့ သိရပါတယ်။ ဒါကြောင့် စက်ရုံအများစုက ညဘက် စက်ရုံလည်ပတ်ပြီး လုပ်ငန်းလုပ်ဖို့အဆင်မပြေတဲ့အတွက် ညပိုင်းမှာ မီတာခတွေလျှော့ချပေးခြင်းက စက်မှုဇုန်လုပ်ငန်းရှင်တွေအတွက်တော့ ထူးခြားမှုသိပ်မရှိဘူးလို့ သိရပါတယ် ။ " ညဘက်အလုပ်လုပ်ပြီဆိုရင် အလုပ်သမားဥပဒေအရ ခွင့်မပြုထားတာလည်းပါသလို ညနေ ၅ နာရီကျော်ရင် အချိန်ပိုတင်ပြရတာတို့ ၊ လုပ်သားခနှစ်ဆပေးရမှာတို့ရှိတယ်။ လခစား သမားတွေနဲ့ဆိုရင်တော့အဆင်မပြေဘူး ။ပုတ်ပြတ်သမားတွေတော့မပြောတတ်ဘူး ။သူတို့ကျ ဒါလုပ်ရင် ဒါအပြတ်ရမယ်ဆိုတော့ နေ့ ၊ ညဆင်းချင်ဆင်းမှာပေါ့။ စက်မှုဇုန် တွေမှာကတော့ ညနေ ၄ နာရီ ၅နာရီကျော်သွားရင် အချိန်ပိုကြေးနှစ်ဆပေးရတယ်။ နောက်ပြီးညသန်းခေါင် နာရီဘယ်လောက်ထက် မပိုရဘူးဆိုတဲ့ကိစ္စကရှိတယ်။ တချို့ကိစ္စတွေကျတော့ အလုပ်သမားဥပဒေနဲ့ညိနေတာတွေလည်းရှိတယ်။ " လို့ စက်မှုဇုန်တခုရဲ့တာဝန်ရှိသူ က ပြောပါတယ်။ လက်ရှိမှာ ည ၁၁ နာရီကနေ မနက်နက် ၅ နာရီအတွင်း လုပ်ငန်းလည်ပတ်ရင် မီတာခ ၆၀၀ ပဲကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်ပြီး စက်မှုဇုန်တာဝန်ရှိသူတွေကို အသိပေး ညွှန်ကြားတာမျိုးမရှိသေးကြောင်း ၊ ဒီကနေ့ မှာတော့ ရန်ကုန်တိုင်း YESC ရုံးချုပ်မှာ တိုင်းလျှပ်စစ်ဌာန အပါအဝင် တာဝန်ရှိသူတွေနဲ့ စက်မှုဇုန်တာဝန်ရှိသူတွေ တွေ့ဆုံးသွားဖို့ရှိတယ်လို့ သိရပါတယ်။ " တစုံတရာ ညွှန်ကြားတာမရှိသေးဘူး ။ ဒါပေမယ့် ဒီနေ့ အလုံက YESC ရုံးချုပ်ကို စက်မှုဇုန်ဥက္ကဌတွေ တက်ရောက်ဖို့စာလာလို့ တက်ရမယ်။ ဒီနေ့ပြောမလားတော့ မသိဘူး ။ ဘာကြောင့်လျှော့ပေးတယ် ၊ ဘယ်လိုတွေရှိတယ်ဆိုတာ ဒီနေ့မှ သိရမယ့် အခြေအနေရှိတယ်။အခု ၉၀၀ ကောက်နေတာကလည်း မီးစက်နဲ့ဒီဇယ်သုံးပြီး လည်ပတ်ရတာထက်တော့ အဆင်ပြေတယ်ပြောလို့ရပါတယ်။ စက်ရုံအလုပ်ရုံတွေက ခုချိန်မှာ ကိုက်လို့ မြတ်လို့လုပ်နေတာမျိုးလည်းမဟုတ်ကြဘူး ။ အော်ဒါကလည်းအရမ်းကောင်းကြီးမဟုတ်သလို အဆိုးကြီးလည်းမဟုတ်ဘူး ။ အကုန်လုံးအဆင်ပြေအောင်သာလည်ပတ်နေရကြရတာပါ ။ " လို့ သူက ဆက်ပြောပါတယ်။ လက်ရှိရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ဇုန်တွေထဲက စက်ရုံတချို့မှာ အလုပ်သမားနဲ့ အလုပ်ရှင်အကြားအငြင်းမှုတွေ ဖြစ်ပွားနေရာ အဲဒီ အငြင်းပွားမှုတွေထဲမှာ ညပိုင်း အချိန်ပိုခေါ်ယူတဲ့ကိစ္စတွေ ၊ အချိန်ပိုကြေး တိုးပေးဖို့ တောင်းဆိုတဲ့ကိစ္စတွေ ရှိနေတယ်လို့ သိရပါတယ် ။ " အလုပ်သမားတွေကလည်း ညဘက်ကို နေ့တိုင်း ဘယ်သူမှ အချိန်ပိုမဆင်းချင်ကြဘူး ။ အခုကာလ ပိုဆိုးတာပေါ့လေ ။ညဘက် အသွားအပြန်လုံခြုံရေးကလည်းရှိသေးတယ်။ အချိန်ပိုခေါ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေကလည်းရှိတယ်။ အချိန်ပိုခေါ်ပြီဆိုရင် အလုပ်သမားကလည်း လုပ်ခလစာရဲ့နှစ်ဆကိုလိုချင်တာ သဘာဝပဲ။ အချိန်ပိုကြေး ပေးတာမှာ အဆင်မပြေမှုတွေကလည်း ဖြစ်နေတော့ ညပိုင်းစက်ရုံလည်ပတ်ဖို့က ခက်ပါတယ်။ " လို့ လုပ်ငန်းရှင်တယောက်က မှတ်ချက်ပြု ပြောပါတယ် ။ နေ့လည်ပိုင်း ဝန်အားသုံးစွဲမှုများပြားတဲ့ စက်မှုလုပ်ငန်းကြီးတွေအနေနဲ့ ညပိုင်းကို ပြောင်းရွှေ့လုပ်ကိုင်ပြီး ဓာတ်အားသုံးစွဲပါက ညဘက်မှာ ဓာတ်အားစနစ်တည်ငြိမ်မှုရှိနိုင်တဲ့အပြင် နေ့ပိုင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူတွေကို ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်အနေနဲ့လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်း စတဲ့ သုံးဦးသုံးဖလှယ် အကျိုးကျေးဇူး ရရှိစေမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ နိုင်ငံတကာမှာလည်း Smart Grid စနစ်ကို အသုံးပြုနေကြပြီး အခုလို အချိန်ဖြင့် ဓာတ်အားခကောက်ခံတဲ့ (Time of Use- TOU) ကို အသုံးပြုနေကြပြီဖြစ်တာကြောင့် ဝန်ကြီးဌာန အနေနဲ့လည်း လက်ရှိအခြေအနေပေါ် မူတည်ပြီး ပထမ အဆင့်အနေနဲ့ စတင် စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ လက်ရှိ မိုးရာသီကာလမှာ ရေဝင်ရောက်မှု ကြောင့် ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေကနေ အပြည့်အဝ ဓာတ်အားထုတ် လုပ် ပေးနိုင်ပေမယ့် မဟာဓာတ်အားလိုင်းတွေရဲ့ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက် ရှိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားအသုံးများတဲ့ နေ့အချိန်ပိုင်းမှာ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
без подписи
без подписи
လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်း ရေစီးဝင်မှုကို ထိန်းချုပ်နိုင်နိုင်ဖို့နဲ့ ငဝန်မြစ်ရေကာတာကို ကာကွယ်နိုင်ဖို့ ကမ်းထိန်းအိတ်တွေချခြင်း၊ တာပေါင်မြေဖို့ခြင်း၊ Geobag တွေ အသုံးပြုခြင်းနဲ့ Steel Sheet Pile ရိုက်သွင်းခြင်း စတဲ့ လုပ်ငန်းတွေကို တာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ကလည်း ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကနေ ၁ ပေခွဲကျော်အထိ ကျော်လွန်နေပြီး မြန်အောင်မြို့၊ အမှတ် (၁) ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာကနေလည်း မြစ်ရေကျော်နေလို့ အတွင်းပိုင်းကနေ သဲအိတ်တွေကာထားရတယ်လို့ သိရပါတယ်။ မြန်အောင်တာမိုင် ၆/၃ နဲ့ ၆/၄ ကြား အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၇၆၅)ပေရှိ တာခြေထောက် မြေထိန်းကွန်ကရစ်နံရံ ကြံ့ခိုင်ရေးကိုလည်း လုပ်ဆောင်နေရတယ်လို့ ဌာနဆိုင်ရာက သတင်းထုတ်ပြန်ထားပြီး ဇလွန်မြို့၊ ညောင်ပင်သာရွာက ရေကာတာကိုလည်း သဲအိတ်တွေနဲ့ ကာရံနေရတယ်လို့ သိရပါတယ်။ မြန်အောင်နဲ့ ဇလွန်ရေကာတာ ကျိုးပေါက်ခဲ့ပါက လက်ရှိ ရေဘေးကြုံနေတဲ့ မြို့နယ်တွေအပြင် အနီးပတ်ဝန်းကျင် မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အင်္ဂပူ၊ ကွင်းကောက်မြို့နယ်တွေလည်း ရေကြီးနစ်မြုပ်မယ့် အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက သောင်းနဲ့ချီ ရေနစ်မြုပ်ပျက်စီးနေပြီး ရေမြုပ်ချိန် ရက်ပေါင်း ၂၀ နီးပါး ကြာနေပြီဖြစ်တဲ့အတွက် စပါးခင်းအများစု ပုပ်ဆွေး ပျက်စီးနေပြီး ထိရောက်တဲ့ အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ မရရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ရေကြည် စတဲ့ လေးမြို့နယ်မှာတင် ပုံမှန် မိုးစပါးစိုက်ပျိုးနိုင်တဲ့ စိုက်ဧက စုစုပေါင်း သုံးသိန်းကျော် ရှိနေပြီး လေးမျက်နှာမြို့နယ် တခုတည်းမှာတင် စိုက်ပျိုးဧက နှစ်သောင်းနီးပါးအထိ ရေလွှမ်းနေကာ တိုင်းတတိုင်းလုံးဆိုပါက စိုက်ဧက သောင်းချီ ရေနစ်မြုပ် ပျက်စီးသွားပြီလို့ သိရပါတယ်။ Photo - အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း / CJ #voiceofmyanmar #VOM #ဧရာဝတီတိုင်း #ရေကြီးမှု