tgindex
Mental Note

ကဗျာ မမည်တဲ့ စာတိုပေစတွေပါ

Последний пост
21 дек.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
367
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
892
21 постов
Вовлечённость
243,1%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • https://t.me/+iyz4zX3399syYWJl

  • https://t.me/+iyz4zX3399syYWJl

  • မင်ဒီညgpလေးဖွဲ့ပေးပါ့မယ်နော် စကားမပြောချင်တဲ့ လူတွေကမပါလို့ရတယ်နော်။

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ချစ်ခြင်းမေတ္တာနဲ့မထိုက်တန်သူဆိုတာ တကယ်ရှိတယ် ချစ်သူရည်းစားချစ်ခြင်းမှမဟုတ်ဘူး မိတ်ဆွေသူငယ်ချင်းကြားကမေတ္တာကအစ မထားအပ်တဲ့ လူတန်းစားတရပ်ကသပ်သပ်ရှိတယ် အပယ်ခံထားရတိုင်း ပတ်ဝန်းကျင်မှားတာပါလို့ ကျွန်တော်တော့မမြင်ဘူး လူ့အသိုင်းဝိုင်းမှာဝင်မဆံ့နိုင်တဲ့ ကိစ္စရပ်ဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ ပြဿနာတွေကြောင့်‌ဆိုဘယ်လိုလုပ်မလဲ ငယ်ငယ်က ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ ရှေးတုန်းက ‌သမားတော်တစ်ယောက်ဟာ တောထဲဆေးပင်တူးရင်း မျောက်တစ်ကောင် ဦးခေါင်းဒဏ်ရာကြီးရနေတာတွေ့လို့ ဂရုဏာဝင်ပြီး ခေါ်ယူဆေးကုသပေးခဲ့တယ်။ သက်သာပြီး ပျောက်ကင်းစပြုတော့ မျောက်တို့သဘာဝအတိုင်း အငြိမ်မနေမှာစိုး၍တကြောင်း သမားတော်ကြီးရဲ့ ရင်သွေးဟာ ငယ်လွန်းသေးတာကြောင့်တကြောင်း ဒီမျောက်ကို ပြန်လွှတ်ခဲ့တယ်။ ဒါပေမဲ့ဒီမျောက်ဟာ ဘယ်လိုနှင်နှင်ကပ်တွယ်ပြီး နေစရာစားစရာမရှိတဲ့အတွက် ငြိမ်ငြိမ်လေး ကျွေးတာစားကာနေပါ့မယ်ဆိုတဲ့ကတိကို ပေးလိုက်တယ်။ (မျောက်ကစကားပြောတတ်သလားဆို ‌ငယ်စဉ်ကပုံပြင်တွေထဲမှာ လူတွေနဲ့တိရိစ္ဆာန်တွေလည်း စကားပြောနိုင်ကြပါတယ်) ဆက်ရရင် ဒီမျောက်နဲ့ကလေးငယ်ကိုထားခဲ့ပြီး ဆေးထွက်ရှာဖို့ကြုံလာပြန်တယ်။ စိတ်မချပေမဲ့ သွားရမှာမို့ ဒီကလေးနားကိုမဆော့ဖို့ အတန်တန်မှာကာ ထွက်သွားခဲ့တယ်။ ဒီဆေးဆရာကြီးပြန်လာတော့ မျောက်ကုတ်ထားတဲ့ဒဏ်ရာတွေနဲ့ ငိုနေတဲ့ကလေးငယ်ကိုတွေ့တော့ ရိုက်ပုတ်ရင်း ထိုမျောက်ကို မောင်းထုတ်လိုက်တယ်တဲ့။ ပုံပြင်ကတော့ ဒါလေးပဲ။ ကလေးငယ်လေးတွေဖတ်ဖို့ ရုပ်ပြနဲ့ထုတ်ထားတာမို့ ရည်ရွယ်ချက်တော့ ကြီးကြီးရှိပုံမပေါ်ပါဘူး။ ဒါပေမဲ့ ဘာသိရသလဲဆိုတော့ မေတ္တာနဲ့မထိုက်တန်လို့ စွန့်ပစ်ခံထားရသူကို ‌လိုတာထက်ပိုတဲ့မေတ္တာထပ်ပေးမိတော့ ကိုယ်လည်းနစ်နာရသလို ထပ်မံစွန့်ပစ်ရတဲ့အတွက် ကောင်းခဲ့သည့်အရာတွေထက် မကောင်းတဲ့လူလို့သာသတ်မှတ်ခံရလိမ့်မယ်။ တူမလေးတစ်ယောက်ရှိတယ် အခုမှမူကြိုတက်ခါစအရွယ်။ ကလေးကမိဘတွေထိန်းသိမ်းမှုကောင်းတာရော စိတ်ရင်းအခံလေးကြောင့်ရော လူတွေကိုစာနာသနားတတ်ပြီး အရွယ်လေး‌နဲ့မလိုက် ကိစ္စတော်တော်များများမှာ သူကစလျော့လေ့ရှိတယ်။ တစ်နေ့သူမူကြိုကပြန်လာတော့ ကိုယ့်နားပြေးလာပြီး သူဒီနေ့ဘယ်သူမှမပေါင်းတဲ့ကောင်မလေးကို မုန့်ဝယ်ကျွေးခဲ့ကြောင်း သိပ်သနားဖို့ကောင်းကြောင်း သူကသူငယ်ချင်းလုပ်ပေးမယ်ဆိုတဲ့အကြောင်း ‌ပြောပြတယ်။ ဒီတော့ကိုယ်လည်းမေးတယ် သူ့ကိုဘာလို့မပေါင်းကြတာလဲ သဲလေးသိလားဆိုတော့ ဟင့်အင်းတဲ့။ ကိုယ်လည်းဘာမှဆက်မပြောတော့ဘဲ သိပ်မကြာဘူးတစ်ပတ်လောက်နေတော့ ကလေးက ဒဏ်ရာရလာတယ် တစ်အိမ်လုံးအသဲနှလုံးလေးဆိုတော့ အကုန်စိတ်ပူတာပေါ့။ ကိုယ်သူ့ကိုအနားလေးအသာခေါ်ရင်းမေးကြည့်တယ်။ ဘယ်သူလုပ်တာလဲသဲလေးဆိုတော့ အဲ့ဒီကလေးမလေးတဲ့။ ဘာကြောင့်လဲကိုယ်မေးတော့ သမီးကသူ့ထက်စာအရင်ပြလို့တဲ့ နောက်ပြီးဟင်းကိုသူမစားတဲ့ဟင်းထည့်လာတာလည်း မကြိုက်ဘူးတဲ့။ ငိုမဲ့မဲ့နဲ့ကလေးငယ်လေးကို စိတ်ဒဏ်ရာမပေးလိုပေမဲ့ ထပ်မမှားအောင် သူငယ်ချင်းတွေသူ့ကိုမပေါင်းတဲ့ အကြောင်းရင်းခုရော သဲလေးသိပြီလားလို့မေးတော့ ခပ်မြန်မြန်လေးခေါင်းငြိမ့်ရှာတယ်။ ကျွန်တော်ပြောပြခဲ့တာတွေက မေတ္တာထားမိရုံပဲရှိသေးတာပါ။ ချစ်မိရင်ပိုဆိုးပါတယ်။ ချစ်ပါတယ်ဆိုပြီး ညှင်းပန်းတတ်တဲ့ အောက်တန်းစားတွေ၊ သူကလွဲရင် ဘယ်သူနဲ့မှ အရောမဝင်စေလိုချုပ်နှောင်တတ်တဲ့ အတ္တသမားတွေ၊ သူ့ဆန္ဒသာသိပြီး တစ်ဖက်ရဲ့စိတ်ကို အလေးမထားတဲ့ တစ်ဘို့ထဲသမားတွေ နောက်ဆုံးကတော့ ကံအကျိုးပေးကြောင့် နာခဲ့ရတဲ့ဘဝကို အကြောင်းပြကာအရာရာမှာ အလျော့ပေးခိုင်း အခွင့်ရေးပေးခိုင်းတဲ့ နစ်နာသူဇာတ်ဖန်တီးသူတွေ ဒီလိုလူတွေနဲ့ချစ်မိရင်တော့ အချိန်မီရုန်းထွက်သင့်ပါတယ်။ တကယ်ပါ မေတ္တာနဲ့မနိုင်တဲ့လူတန်းစားတွေကို ဥပေက္ခာကလွဲဘာမှမပေးသင့်။ #Mental_Note

  • မနက်က သူငယ်ချင်းတစ်ယောက် သူ့ကောင်လေးနဲ့ ကတောက်ကဆဖြစ်ကာ အိမ်ရောက်လာတယ်။ ဒီတစ်ခါကိစ္စက အတော်ကြီးတဲ့ပုံ ဘာကြောင့်ဒီလိုပြောသလဲဆို သမီးရည်းစားနှစ်ဘက်လုံးက ကိုယ့်သူငယ်ချင်းအရင်းတွေမို့ အကြောင်းသိတွေ။ ပုံမှန်ဆို ကောင်လေးဘက်က လိုက်လာရင်းချော့နေကြ။ ဒီတစ်ခါ သူမတစ်ယောက်ထဲမို့ ကိုယ်မေးကြည့်မိတယ် ဘာဖြစ်သလဲပေါ့။ "ရန်ဖြစ်ရင်းငါစိတ်တိုပြီး သူပတ်နေကျနာရီလေး ခွဲလိုက်မိတယ်"တဲ့။ "ငါအသစ်ဝယ်ပေးမယ်ပြောတာကိုမရဘူး ဒါလေးကို တအားစိတ်ဆိုးနေတယ်"တဲ့။ သူအဲ့လိုပြောနေတဲ့အချိန်မှာပဲ စာကြည့်ခန်းထဲမှာ အဘိုးဟာ ကိုယ့်တစ်သက်လောက်ရှိပြီဖြစ်တဲ့ မှင်ထည့်သုံးရတဲ့ သူ့ဘောပင်လေး ဘယ်သူယူကိုင်မှန်းမသိ ထားတဲ့နေရာမှာမရှိဘဲ ပျောက်သွားလို့ သောင်းကျန်းနေလေရဲ့။ ကိုယ်လည်း စကားစလိုက်တယ် "အဘိုးက သိပ်သဘောကောင်းပြီး သိပ်ကြင်နာတတ်တာ"။ သူဘာမှပြန်မပြောသေးခင်မှာ ဆက်ပြောလိုက်တယ်။ "နောက်ပြီးအဘိုးက အလှူအတန်းရက်ရောသလို ဘယ်သူ့မဆိုကျွေးချင်မွေးချင်ပြီး နှမျောခြင်း၊ ကပ်စေးနဲခြင်း မရှိတာလည်း နင်ရောသိတယ်မလား"ဆိုတော့ ဘာကိုဆိုလိုချင်မှန်းမသိစွာနဲ့ ခေါင်းငြိမ့်တယ်။ တကယ်လည်းအဘိုးဟာ အိမ်လာတဲ့ ဧည့်သည်တိုင်း သူ့မှာရှိသမျှချကျွေးတတ်ပြီး မရှိရင်တောင် သူ့ပင်စင်လစာကလေးနဲ့သွားဝယ်ကျွေးတတ်သူ။ အလှူအတန်းဆိုရင်လည်း ဘယ်တော့မှမငြင်းသလို အပတ်စဉ်ဆွမ်းလောင်းတာ၊ အဖိတ်၊ဥပုဿ်တိုင်း မယ်သီလရှင်တွေကို ‌ဆွမ်းဆန်စိမ်းလောင်းတာ သူ့ဝင်ငွေအနည်းငယ်လေးနဲ့လုပ်နေကြပင်။ အခုအဘိုးဒေါသထွက်နေတယ် ဘာလို့လဲနင်သိလားလို့မေးတော့ နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ခေါင်းခါတယ်။ အဘိုးငယ်ငယ်က အဖေလိုချစ်ခင်ရတဲ့ ဆရာဆီက ဆုရထားတဲ့ ဘောပင်လေးပျောက်သွားလို့လေ။ ဒီဘောပင်လေးဟာ ငါ့တစ်သက်လောက်ရှိပြီ တခြားလူတွေအတွက် တန်ကြေးမရှိပေမဲ့ သူ့အတွက်တော့ အဖိုးမဖြတ်နိုင်ရာပဲ။ ဒီဟောင်းနွမ်းနေတဲ့ ဘောပင်လေးမှလာနှမျောနေတယ်လို့ ငါတို့ပြောလို့မရဘူး။ ဘာလို့ဆိုသူတန်ဖိုးထားတဲ့အရာမို့လေ။ ကိုယ်ဒီလိုပြောတော့ ဘာကိုဆိုလိုချင်လည်း အနည်းငယ်သဘောပေါက်လာသယောင် ခပ်တွေတွေမျက်ဝန်းတွေနဲ့ ပြန်ကြည့်တယ်။ ကိုယ်လည်း ပြောချင်တဲ့အကြောင်းအရာကို ရောက်ရှိလာပြီမို့ သူ့မျက်နှာကိုစေ့စေ့ကြည့်ရင်း ဆက်ပြောလိုက်တယ်။ "ဒီမှာ သူငယ်ချင်း လူတိုင်းမှာ အထိမခံနိုင်တဲ့အပိုင်း သည်းမခံနိုင်တဲ့အခြေအနေဆိုတာ ရှိကြတယ် တစ်ယောက်နဲ့တစ်ယောက်မတူညီပေမဲ့ပေါ့။ ဒါကိုသွားထိပြီး ဒီလောက်ဖြစ်ရသလားဆိုပြီး သွားပြောလို့မရဘူး။ ဒါလူတိုင်းမှာရှိနိုင်တဲ့ ခြွင်းချက်ပဲ။ ငါ့မှာလည်းရှိသလို နင့်မှာလည်းရှိမှာပဲမဟုတ်လား။" စိတ်ရှည်ရှည်နဲ့ရှင်းပြချက်အဆုံးမှာတော့ အတော်လေး သဘောပေါက်လက်ခံသွားတယ်။ "ငါမှားသွားတယ်သူငယ်ချင်းတဲ့ အဲ့နာရီအကြောင်း‌နင်ပြောမှ တွေးမိတာ။ သူ့အဖေမဆုံးခင်က မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ပြောဖူးတယ်။ ငါတောင်းပန်ရမယ်ထင်တယ်တဲ့"ရှင်းပြရကျိုးနပ်ပြီမို့ ကျွန်တော်လည်း အပြုံးနဲ့ပဲတုန့်ပြန်လိုက်တယ်။ ကျွန်တော်တို့ဘဝတွေမှာလေ အရာရာကို အလျော့ပေးတဲ့လူတွေဟာ အမြဲမှားနေလို့မဟုတ်ဘူး ဒီဆက်ဆံရေးအပေါ်တန်ဖိုးထားလို့။ အဲ့ဒီလူတွေ ထိလွယ်ရှလွယ်ဖြစ်တဲ့အခါတွေမှာလည်း ကျွန်တော်တို့က ပြန်လည်နားလည်ပေးသင့်တယ်မလား။ ဒီဆက်ဆံရေးတွေတည်မြဲချင်တယ်ဆိုရင်လေ...။ #Mental_Note

  • "ဦးလေးမောင် မူးနေပြီထင်တယ် ပြန်ပို့လိုက်ပါဦး" ဆိုင်ရှင်ကိုတိုး အသံကြားမှ ပစ္စုပ္ပန်ဆီ သတိပြန်လည်လာရတယ်။ လိုက်ပို့ဖို့ပြင်‌နေတဲ့ ကောင်လေးကို လက်ကာပြရင်း သောက်လက်စ အရက်ခွက်ကို အစသတ်ကာ ပိုက်ဆံလေးတချို့ခုံပေါ်တင်ရင်း ဆိုင်ထဲကထွက်ခဲ့တယ်။ မျက်ရည်မပါတဲ့ ငိုကြွေးမှုတွေကိုတော့ ဘယ်သူမှမမြင်ကောင်းပါရဲ့လေ။ #Mental_Note

  • "အချစ်ဦးပေမဲ့လည်းလေ ပေါင်းဖို့ကံပါမလာတော့ ကြိုးစားပေမဲ့လည်း အချည်းနှီးပါ" သီချင်းစာသားလေးက နားထဲကကြားရုံလေး ဆိုပေမဲ့ ရင်ထဲလှိုက်ဝင်သွားတာ သိမ့်ခနဲပဲ။ စိတ်ဟာအတိတ်ဆီသို့ပြန်လည်ရင်း.... သူမနာမည်က မိုးနှောင်း။ တစ်ခါကြည့် တစ်သက်မှတ်မိစေမယ့် အလှမျိုး မဆိုသာပေမဲ့ သိပ်ကျက်သရေရှိပြီး ကြည့်ကောင်းတဲ့ အမျိုးသမီးလေးပါပဲ။ ကြောင်လေးတွေ ခွေးလေးတွေကို ချစ်တတ်တယ်။ ပန်းပင်စိုက်ရတာဝါသနာပါပြီး ပန်းမခူးတတ်တဲ့ အမျိုးသမီးလေးရယ်ပေါ့။ ‌ မိုးတွေ ခပ်ကျဲကျဲရွာတဲ့ အခုလိုနေ့တစ်နေ့ပဲ။ ကျွန်တော်တို့စတွေ့ပုံဟာ ထူးထူးခြားခြားမဟုတ်ခဲ့ပါဘူး။ မြို့ပြမှာ ကျောင်းလာတက်ရင်း အဆောင်ကြေးလေးကာမိဖို့ရယ် အတွေ့အကြုံလေးရယ် လိုချင်တာမို့ အလုပ်တစ်ခုကို အင်တာဗျူးသွားဖြေရင်း သူမနဲ့ဆုံခဲ့ရတယ်။ Form ဖြည့်ဖို့ အခက်အခဲဖြစ်နေတဲ့ကျွန်တော့်ကို သူမ အပိုပါတဲ့ ဖောင်တိန်လေး ကမ်းပေးရင်း ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ခန့်အပ်မယ့်သူရှိပြီးသား အင်တာဗျူးကို ကျွန်တော်ရောသူမရော မအောင်ခဲ့ပါဘူး ထားပါ။ ကျွန်တော်နဲ့သူမ နောက်တစ်ကြိမ်ဆုံဖြစ်တာက ဘာသာစကားသင်တန်းတစ်ခုမှာ။ ကျွန်တော် သူမကိုနှုတ်ဆက်တော့ ချက်ချင်းမမှတ်မိဘဲ တွေတွေလေးတွေးပြီးမှ ကျွန်တော့်ကိုပြုံးပြတယ်။ နောက်တော့ အဲ့ဒီကစ ကျွန်တော်တို့တတွေ ရင်းနှီးခဲ့ကြတယ်ဆိုပါတော့ဗျာ။ နှောင်းကလေ သိပ်ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးဆိုတာ တဖြည်းဖြည်း ပိုသိလာရတယ်။ ခေတ်မီခြင်းတွေထက် ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေကိုပိုမြတ်နိုးတဲ့ ‌ကောင်မလေး။ သူမ တစ်ခါကပြောဖူးတယ် ဘဝမှာဘာမှထပ်မရရင်တောင် ဘာမှတော့ပျောက်ပျက်မသွားစေလိုဘူးတဲ့။ စာအုပ်တွေကို ချစ်တဲ့ကျွန်တော်တို့ အပတ်စဉ်ပိတ်ရက်တိုင်း စာကြည့်တိုက်မှာ အချိန်ကုန်လေ့ရှိတယ်။ သူမကြိုက်တတ်တဲ့ ကော်ဖီခါးခါးကို ကျွန်တော်ဖျော်ပြီးယူသွားပေးတတ်သလို ကျွန်တော်ကြိုက်တတ်တဲ့ သရေစာမုန့်ကလေးတွေကို သူမကိုယ်တိုင်လုပ်ပြီးလည်း မကြာခနကျွေးတတ်သေးတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ အနေနီး အကြိုက်တူတာမို့ စိတ်ချင်းချည်ရင်း မေတ္တာသက်ဝင်ခဲ့ကြပါတယ်။ မင်းခန့်မောင်ဆိုတဲ့ ကျွန်တော့်ကို သူမကမောင်လို့ အမြတ်တနိုးခေါ်သလို သူမကိုလည်း နှောင်းဆိုတဲ့နာမ်စားလေးကို တယုတယခေါ်ခွင့်ရခဲ့တယ်ပေါ့။ နှောင်းဟာ အတော်အသင့်ချမ်းသာပြည့်စုံတဲ့အသိုင်းဝိုင်းကဖြစ်သလို တစ်ဦးတည်းသောသမီးမို့ အတော်လေး အချစ်ခံခဲ့ရပုံပါပဲ။ ဆယ်ကျော်သက်အရွယ်ကလေးမလေးကို ဆယ်ကျော်သက်ရွယ်ကောင်လေးပေးခဲ့တဲ့ချစ်ခြင်းမေတ္တာမှာ ပြီးပြည့်စုံမှုတွေမပါတာမို့ မကြာခနစိတ်အားငယ်ရပါတယ်။ ကျွန်တော်ဟာ အိမ်မှာအကြီးဆုံးသား အဖေနဲ့အမေ့ကိုပြန်ငဲ့ရသလို အငယ်တွေကိုလည်း ပစ်ပယ်ထားလို့မရတဲ့အနေအထားမို့ ကျွန်တော့်ဘက်က သူမအပေါ်ပျက်ကွက်ခဲ့တာတွေ သိပ်များမယ်ထင်ပါတယ်။ ဒါတွေကြောင့်လည်း ကျွန်တော်သူမဘက်က ပေးတဲ့အကြင်နာတွေကိုခံယူဖို့ တစ်ခါတလေ မဝံ့မရဲဖြစ်ရပါတယ်။ နှောင်းနဲ့ မေတ္တာသက်ဝင်တဲ့ကာလတစ်လျောက်မှာ တစ်ခါလေးတောင် မပြည့်စုံတဲ့ ကျွန်တော့်အပေါ် ငြိုငြင်ခြင်းမရှိခဲ့သလို သူမဘက်ကတော့ ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖြည့်စည်းပေးခဲ့တာပါ။ ကျွန်တော့်ဘက်ကရော နှောင်းအပေါ်မချစ်ခဲ့ဘူးလားလို့ မေးခွန်းထုတ်လာခဲ့ရင် အဲ့ဒီနေ့ရက်တွေမှာ တစ်ခါတစ်ခါဆို နှောင်းမျက်နှာလေး ငေးကြည့်နေရင်း ပိုင်ဆိုင်ရခြင်းကိုကျေးဇူးတင်ပြီး ခွဲခွာရမှာစိုးရိမ်တကြီး မျက်ရည်ကျရသည်ထိ ဆယ်ကျော်သက်အရွယ် ပထမဆုံးကျွန်တော့်အချစ်က လေးနက်ခဲ့ပါတယ်။ ချစ်သူသက်တမ်းသုံးနှစ်ပြည့်တဲ့နေ့မှာ နှောင်းအိမ်ကို ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရပါတယ်။ နှောင်းမိဘတွေက တကယ်ကို မထင်မှတ်ထားတဲ့နွေးထွေးမှုပျူငှာမှုတွေနဲ့ ကြိုဆိုပေးကြပါတယ်။ ကျွန်တော်တို့ကိုသဘောတူကြောင်းရယ် စေ့စပ်ပေးပြီး ကျွန်တော်တို့နှစ်ယောက်ကို နိုင်ငံခြားမှာဆက်လက်ပညာသင်စေလိုကြောင်း စကားဖောင်ဖွဲ့ဆိုလာခဲ့ပါတယ်။ ကျွန်တော့်ဘဝအတွက် အပျော်ဆုံးနဲ့ စိတ်အညစ်ဆုံးဆိုတဲ့ခံစားချက်နှစ်ခုကို တပြိုင်နက်ခံစားလိုက်ရတာပါပဲ။ ကျွန်တော့်ဝင်ငွေလေးသာမရှိရင် ကျွန်တော့်ညီလေးညီမလေးတွေ အဆင်ပြေနိုင်ပါ့မလား။ အဖေ့ထီးပြင်ဖိနပ်ချုပ်ဆိုင်ကရတဲ့ ငွေလေးဟာ အမေ့ဆေးဖိုးလုံလောက်ပါ့မလား။ တစ်ဖက်မှာလည်းချစ်ရသူနဲ့ သာယာတဲ့လမ်း တကယ်ကိုဒုက္ခများစေတာပါပဲ။ ကျွန်တော်ဟာမမီတဲ့ပန်းကို ခူးခွင့်ရပြီးခါမှ မပန်ရက်အောင် မတန်တာမို့ ပြန်လှည့်ခဲ့တဲ့ကောင်ပါပဲ။ ကျွန်တော် သူမနဲ့လိုက်ဖို့ကို ရင်နာနာနဲ့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမမျက်ဝန်းမှာလဲ့နေတဲ့ မျက်ရည်တွေကို ကျွန်တော်မမြင်ရက်ပေမဲ့ သုတ်မပေးမိခဲ့ပါဘူး။ ထိုကိစ္စတွေ ဖြစ်ပျက်ပြီးနောက် နှောင်းဟာ ကျွန်တော်ရှိရာမြို့လေးကအပြီးတိုင်ထွက်ခွာသွားခဲ့ပါတယ်။ ကျွန်တော် နှောင်းကို ဘယ်မှာမှထပ်ရှာမရခဲ့သလို ကျွန်တော့်ဆီလည်း နှောင်းနဲ့ပတ်သတ်တဲ့ ဘာသတင်းအစအနမှ သဲ့သဲ့တောင်မကြားရတော့ပါဘူး။ စိတ်နာတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ။ နာကျည်းရတဲ့ရပ်ဝန်း မုန်းတီးရတဲ့ ဒေသက အပြီးတိုင် ပျောက်ကွယ်လိုက်တာမျိုး။

  • Short noteလေးတွေ Fbက saveရင် မကြည်မှာစိုးလို့ တိုက်ဆိုင်တာလေး saveလို့ရအောင်ပါနော်🤍

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи