မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
Статистикаမြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏သတင်းချန်နယ်ဖြစ်ပါသည်
- Последний пост
- 9 нояб. 2023 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
နိုဝင်ဘာ၉ 🔺နေ့လည်၁နာရီခန့်က ထွေအုပ်ရုံးအနောက်ဖက်၊စာတိုက်ရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်။ 🔺မနေ့ညက ကိုင်း(တ)က ပျူနဲ့စခတွေ ထနောင်းတိုင်ရွာ၊နတ်လည်ရပ်က ရွာသားတစ်ဦးအိမ်က ငွေ၆သိန်းကျပ်နဲ့ဆိုင်ကယ်တစ်စီး အဓမ္မယူ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၇ 🔺နံနက်ပိုင်းက မြင်းခြံမြို့မှပျူခေါင်းဆောင် သီတာယုမွန် ပါလာတဲ့ကား ဗုံးချခံခဲ့ရပြီး သီတာယုမွန် ခြေခုံရိုးခြေဖမိုး ဗုံးဆံထိမှန် ဒဏ်ရာရခဲ့ပြီး အခြားပျု၃ကောင်လည်း ဒဏ်ရာရခဲ့၊ မန္တလေးမှာ ဆေးကုနေတယ်လို့ သိရ။ edit-မြင်းခြံမြို့၊အမှတ်၁၂ရပ်ကွက်၊အမှတ်၂ရပ်ကွက်မှာ စကစအုပ်ကြီးက ည၆မှမနက်၆ထိ မထွက်ရဘူးလို့ လိုက်ကြေညာခဲ့။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၇ 🔺မြင်းခြံတရားရုံး ကို ရခများမှ လုံခြုံရေးယူမပေးနိုင်တော့ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားရုံးယနေ့မှစပိတ်ထားရပြီး တရားရုံးဝန်ထမ်းတွေ ဝန်ထမ်းအိမ်ယာမှ ရှောင်နေကြပြီလို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၇ 🔺ပျူသီတာယုမွန် ကား မိုင်းဆွဲခံရတယ်လို့ သတင်းထွက်နေ(အတည်မပြုနိုင်သေး)။ နံနက်စောက ပျားရွာဘက် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့။ မြင်းခြံခရိုင်၊မြို့နယ် မတရားရုံးမှာ ရှိတဲ့သူတွေပြန်ခိုင်းပြီး မတရားရုံးပိတ်ခဲ့တယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၆ 🔺နံနက်က နဘူးအိုင်ရွာအထွက်၊မီးသတ်ရုံးနားမှာ စစ်တဲ့အဖွဲ့ထဲ ဆုံရွာက ပျူတွေပါတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၆ရက် 🔺ဆီမီးခုံမြို့အရှေ့ဘက် ညောင်ပင်ဇရပ်အနီးမှာ စခ၁၀ခန့်စစ်နေ 🔺နဘူးအိုင်ရွာအနောက်ဖက် မီးသတ်ရုံးအနီးမှာ ရခ၁၅ကောင်ခန့် စစ်နေ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂၈ရက် 🔺ယမန်နေ့ညနေပိုင်းက မြင်းခြံအထွက်၊နန်းမြင့်တိုးဂိတ်စောင့်နေတဲ့ စခတွေကို ဒေသခံPDFမှ တိုက်ခိုက်ခဲ့ပြီး တောင်သာဘက်မှထွက်လာတဲ့ စခကားပါ အအုန်းခံရတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂၅ 🔺ညနေပိုင်းက နဘူးအိုင်ရွာမှာ စခ၂၀ခန့်ရောက်နေပြီး ညပိုင်းမှာ အမျိုးသားတွေကို လိုက်ဖမ်းနေတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂၁ရက် 🔺၁၇ရက်နေ့က သိမ်ရွာမှပျူ အောင်နိုင်ဝင်း ကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Myingyan Pitohui-9 (MP-9)အဖွဲ့တို့မှ ရှင်းလင်းခဲ့တယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂၀ရက် 🔺မနက်၁၀နာရီခန့်က ဇင်ရော်ဆီဆိုင်အနီး စခ၊ပျူတွေ စစ်နေချိန် အုန်းခံရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၉ရက် 🔺ရွာသာယာနဲ့ထိန်ပန်းရွာဘက်က လာတဲ့ စခ၊ပျူတွေ မန်ကျီးစုရွာကို မီးရှို့နေ။အနောက်ဖျားပိုင်းက စရှို့နေတာလို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၉ 🔺ကံလှ(ညောင်ဝန်း)ရွာ အနောက်ဖက် သင်္ချိုင်းကုန်းနားမှာ စခတွေ ကင်းပုန်းဝပ်နေ။ 🔺ကားကြီးကွင်းမြောက်ဖက်မှာ ပျူတွေ ယောက်ျားလေး၊ဆိုင်ကယ်၂ယောက်ပူးစီးသူများကို အလစ်ငိုက်ဖမ်းနေ၊ကေဒါထောင့်မှာလည်း ပျူများရှိနေ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၈ရက် 🔺ပြောင်းပြာတံတား၊မော်မော်ထိပ်မှာ လူငယ်အရွယ်တွေကို ဆိုင်ကယ်များတားပြီး ဖုန်း၊အိတ်တွေ စစ်နေ။(10:00am) #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၇ 🔺ဖြူတွင်းကုန်းက စခအချို့ ထော်လာဂျီ၂စီး၊ကားဖြူတစ်စီးနဲ့ မြို့သာစက်မှုဇုန်ဘက်ရောက်နေ။ (10:25pm) #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၇ရက် 🔺မြို့သာဘက်က လာတဲ့စခတွေ ဖြူတွင်းကုန်းရောက်နေ။ဖောကားတစ်စီး၊ကားသေးအဖြူတစ်စီး။၃၀ခန့်။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၆ရက် 🔺မြင်းခြံမြို့မှ ပျူ၊စခတွေ ရေလည်ကျွန်းဘက် စစ်ကြောင်းထိုးနေချိန်မှာ မြင်းခြံမြို့ပေါ်၌ ၃ရက်ဆက်တိုက် အုန်းသံကြားနေရ။ ၁၄ရက်နေ့က မြေစာရင်းရုံးနား အုံးခဲ့ပြီး ၁၅ ရက်နေ့မှာ မြေစာရင်းရုံးနားမှာဘဲ သတိပေးခဲ့တာလို့ သိရပါတယ်။ယနေ့ ၁၆ရက်နေ့၊ည၇နာရီခန့်မှာ ခရိုင်ထွေအုပ်၊အုပ်ချုပ်ရေးမှူး(ထွေအုပ်ရုံးမြောက်ဖက်နား)အိမ်နား အုံးခဲ့တယ်လို့ သိရပါတယ်။၃ကြိမ်လုံးကို Thway Thauk Revolution Forceမှ လုပ်ခဲ့တာလို့ သိရပါတယ်။ _(8:25pm)ခန့်မှာတော့ အုံးသံထပ်ကြားရပြီး ဘယ်အဖွဲ့က လုပ်တယ် မသိရသေး။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၆ရက် 🔺မြင်းခြံမြို့ပေါ် ၂ရက်ဆက်တိုက် အုံးသံကြားရ။ edit -8:27pmခန့် တစ်ကြိမ် ထပ်ကြားရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၅ရက် 🔺မနေ့ည၇နာရီခန့်က ကုလားကန်ကွေ့ဇရပ်မှာ ကင်းပုန်းလာဝပ်တဲ့ စွန်းလွန်းကပျူတွေ မိုင်းဆွဲခံရတယ်လို့ သိရ။အဆွဲခံရတဲ့ထဲမှာ စွန်းလွန်းက ပျူသိန်းတိုးရဲ့ညီ ပါတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တို၁၀ရက် 🔺နံနက်၅နာရီခန့်က လေးတန်းရွာ၊အလည်ကျောင်းက စခတွေ ကန်ဘောင်ကနေ အနောက်ဖက်၊ကျောက်ကန်ဘက်ဆင်းသွားတာလို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၆ရက် 🔺ညောင်ပင်ရွာ၊ကိုင်း(တ)၊ဇီးတောရွာ ပတ်လည်မှလယ်ကွက်များ ဒေါင့်သစ်ရွာအနောက်ဖက်၊ထနောင်းပင်စုရွာမြောက်ဖက်မှ လယ်ကွက်များမှာ CPပြောင်းများ မစိုက်ဖို့ ကိုင်း(တ)မှ ပျူခေါင်းဆောင်အေးနိုင်မှ တားမြစ်ထားတယ်လို့ သိရ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ