မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
Статистикаမြင်းခြံလူထုလှုပ်ရှားမှုကော်မတီ ကိုယ်စားပြု ချယ်နယ်ဖြစ်သည်။
- Последний пост
- 3 дек. 2022 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဒီဇင်ဘာ၃ရက် 🔺ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ သေနတ်၄လက် ပေးလိုက်မိတဲ့ ဗလုံကျေးရွာ စကစခန့်အုပ်ကြီး ဖမ်းဆီးခံနေရ။ ယခင်က ဒေသခံPDFတွေရဲ့ တိုက်ခိုက်ခံခဲ့ရပြီး သေနတ်၉လက်ဆုံးရှုံးခဲ့ရတဲ့ စံပြကျေးရွာအုပ်ကြီးကိုလည်း စခများမှ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်နှစ်၉၀ထိ ချခဲ့တယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၂၃ 🔺မနက်က အမှတ်(၈)စကစအုပ်ကြီး(နိုနိုအဖေ) ပစ်ခတ်ခံခဲ့ရပြီး လေးအိမ်တန်းနဲ့မြို့ထဲမှာ စခတွေ ခြေရှုပ်နေ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၁၉ရက် 🔺ယမန်နေ့က မိုင်းရှာတဲ့စခများမှ ထန်းတောကြီးရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့။ကားလမ်းဘေးရှိ ၎င်းပိုင်လယ်ယာထဲ တောင်ယာ(ဝါခင်း)လုပ်နေစဉ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ခြေထောက်နှင့်မျက်နှာကို ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တာလို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၁၆ရက် ဆီမီးခုံသတင်း 🔺ယနေ့မနက်၉နာရီမှစ၍ ဆီမီးခုံမြို့၊အရှေ့ဘက်အဝင် စာသင်ကျောင်းရှေ့ဂိတ်မှာ စခများမှ လမ်းသွားလမ်းလာ၊မြို့ထဲဝင်ထွက်သွားလာသူများကို ဂိတ်ဘေး(လမ်းမဘေး)မှာ လက်နောက်ပစ်တန်းစီထိုင်ခိုင်းကာ အစစ်ဆေးကြမ်းနေတယ်လို့ သိရပါတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၁၂ရက် 🔺မနက်၄နာရီခန့်က ယုံထိုးရွာ မြသိန်းတန်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် သံဃာ၆ပါးနှင့် ဝေယျာဝစ္စလုပ်တဲ့ အမျိုးသား၂ဦးကို စခများမှ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၉ရက် 🔺စခတွေရဲ့ ပစ်သတ်ခံရသူအလောင်းကိုကြည့်ပြီး မိခင်ဖြစ်သူသေဆုံး -မနေ့က ညနေပိုင်းပျားရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည၆နာရီခန့်မှာ ပျားရွာအရှေ့ပိုင်းကနေအိမ်တွေကစပြီး စခတွေမီးရှို့ခဲ့ပါတယ်။မနက်စော နွားလှည်းပြန်ကောက်တဲ့ ကိုဇော်မျိုးနိုင်ကို စခများမှ ပစ်သတ်ခဲ့။သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်ပြီး မိခင်ဖြစ်သူပါ သေဆုံးခဲ့။ရွာထဲဝင်မရလို့ မီးလောင်အိမ်အရေအတွက် အတိအကျမရသေး ခန့်မှန့် မီးလောင်အိမ်၅၀ဝန်းကျင်ခန့်ရှိပြီး တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ကိုဇော်မျိုးနိုင်မှာ သားသမီးကလေး၄ဦးကျန်ရစ်ခဲ့တယ်လို့သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၉ရက် 🔺မနေ့ညက မီးရှို့ခံရသည့် ပျားရွာမှ ထွက်ပြေးပုန်းရှောင်နေရသည့် ဒေသခံရွာသား ဇော်မျိုးနိုင် ယနေ့ မနက်စောက ရွာပြန်နွားလှည်းကောက်ယူစဉ် စခတွေရဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၈ရက် 🔺၆ရက်နေ့၊နေ့လည်၁၁နာရီ၄၀မိနစ်ခန့်က နဘူးအိုင်ရွာမှ ထွက်ခွာလာတဲ့စခကားကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ (မြင်းခြံမြို့နယ်) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ၄ကောင်ဂန့်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ https://m.facebook.com/story.php?story_fbid=138395308969308&id=100083965181803
နိုဝင်ဘာ၆ရက် မြင်းခြံမြို့ နိုဝင်ဘာ၁ရက်နေ့က ပျူအုပ်ကြီးတွေ စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ် ပျူအုပ်ကြီးလက်နက်ဖြုတ်သိမ်းခံရပြီး နောက်လိုက်ပျူတွေ ထွက်ပြေး နိုဝင်ဘာ၁ရက်နေ့ညပိုင်းက အမှတ်၁၉ရပ်ကွက်မှာ လမ်းထွက်ထိုင်နေတဲ့ မူးယစ်သုံးထားတဲ့လူငယ်၃ဦးကို ကင်းလှည့်နေတဲ့ ပျူအုပ်ကြီးနဲ့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေက အမှတ်၃ရပ်ကွက် ပျူအုပ်ကြီးအေးမင်းဖြိုးကို ဖုန်းဆက်လှမ်းခေါ်ခဲ့ရာမှ အုပ်ကြီးအချင်းချင်း စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ပျူအေးမင်းဖြိုးက သီတာယုမွန်ရဲ့လက်ရုံးတစ်ဦးဖြစ်ပြီး အမှတ်၁၉ပျူအုပ်ကြီးနဲ့နောက်လိုက်တွေဆီက သေနတ်တွေကို ပြန်သိမ်းခဲ့တယ်လို့ သိရပါတယ်။အမှတ်၁၉ပျူအုပ်ကြီးရဲ့နောက်လိုက်ပျူတွေကတော့ ကြောက်လန့်ပြီး ရပ်ကွက်ထဲမနေရဲတော့ဘဲ ထွက်ပြေးကုန်ကြတယ် လို့သိရပါတယ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၅ရက် 🔺ထနောင်းတိုင်ရွာစာသင်ကျောင်းတပ်စွဲနေတဲ့ စခလက်ချက်နဲ့ ကျောင်းတက်နေတဲ့ ၈တန်းကျောင်းသူတစ်ဦး ကိုယ်ဝန်ရနေ။မိဘတွေက ကြောက်ပြီး မပြောရဲဖြစ်နေပြီး ထနောင်းတိုင်စကစခန့် အုပ်ကြီးလည်း စခတွေကို မပြောရဲဘူးဖြစ်နေတယ်လို့ သိရ။ထနောင်းတိုင်စာသင်ကျောင်းမှာ တပ်စွဲတဲ့စခတွေ တပ်ရုတ်တာ တပတ်ခန့်ကြာပြီဖြစ်။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၃ရက် 🔺မနက်က အမှတ်၁ရပ်ကွက်မှ သေနတ်ကိုင်ပျူ ဂျပ်ပြား အပစ်ခံရပြီး ဂန့်သွားတယ်လို့သိရ။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၁ရက် 🔺ကေဒါထောင့် ရခ၊ဘဲဥတွေ ဆိုင်ကယ်ဖမ်းနေ။ရခေတွက တောင်ဖက် ဦးတင်ဝမ်းဆေးဆိုင်၊မြောက်ဖက်ရွှေဘုံသာထိပ်ကနေစောင့်ပြီး ဘဲဥတွေက ကေဒါထောင့်မှာ ဖမ်းနေ(3:40pm) 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
နိုဝင်ဘာ၁ရက် 🔺မနေ့က ကျားတိုင်ရွာစာသင်ကျောင်းထဲမှာသေနတ်ကိုင်ပြီး စခတွေနဲ့အတူ လမ်းကြောင်းလိုက်ကာ ပြည်သူတွေကို ဖမ်းဆီး၊နှိပ်စက်စစ်ကြောနေသူ၊တပ်စွဲနေတဲ့စခတွေက ဗိုလ်ကြီးလို့ ခေါ်နေတဲ့ အောင်ကို ဆိုသူအား အရက်ဆိုင်မှာသောက်စားဖဲရိုက်နေစဉ် MP-9အဖွဲ့မှ ပစ်ခတ်ခဲ့ရာ ဂန့်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂၃ရက် 🔺မန်ကျည်းစု၊ထိန်ပန်း၊တောင်ပုံ၊ဘလဲ့ တကြောကရွာတွေ မီးဖြတ်ထားပြီး မီတာကြေးကောက်ခံဖို့ဖိအားပေးနေ -editလုပ်ထားပါသည် 🔺ကိုင်း(မ)ရွာမှာ စခတွေ မီတာကြေးကောက်နေ 🔺မန်ကျည်းစုကစခတွေ မနက်စောထဲက ရသာရွာစာသင်ကျောင်းထဲရောက်နေ 🔺၂၁ရက်နေ့က ကျွဲခြံရွာထဲ စခတွေအင်အားအများအပြားနဲ့ ဝင်ခဲ့ပြီး ရွာသူ၊ရွာသားများကို ဖမ်းစုပြီး ရွာအုပ်ကြီးရွေးပေးဖို့ နဲ့ ကျောင်းဖွင့်ဖို့အတွက် ပြောခဲ့ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၂၁ရက် 🔺စခတွေ ကျွဲခြံရွာ ဝင်နေပြီး တောင်ရွာမှ တစ်ရွာလုံးနီးပါးဖမ်းထား။လိုချင်တဲ့သူ၃ဦးကို ရှာပေးဖို့၊မတွေ့ရင် မိသားစုတွေကို မြို့ပေါ်ဖမ်းခေါ်မယ်လို့ ခြိမ်းခြောက်ပြီး ရွာထဲမှာ ဓားစာခံဖမ်းဆီးထား။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၅ရက် 🔺ပင်လယ်ရွာမှ မီးကော်မတီဥက္ကဌ ဦးကျော်သင်းက ပင်လယ်ရွာမှမီတာစာရွက်များ မြင်းခြံမြို့ပေါ်သွားယူကာ မီတာကြေးစာရွက်များကို တိုးတိုးတိတ်ဝေနေပြီး နဘူးအိုင်သွားဆောင်ခိုင်းနေ 🔺အမှတ်၁ရပ်ကွက်က ပျူ-ဂျပ်ပြားက အတိုးကြီးစားငွေရှင်တွေဆီက ပိုက်ဆံရယူကာ ချေးထားသူ(အမျိုးသမီး)များကို ထိပ်တုံးခတ်ဖမ်းဆီးထားခြင်း၊ထိပ်တုံးခတ်ဖမ်းဆီးခံရသူများကို သေနတ်ဖြင့်ချိန်ကာ ပစ်သတ်ပစ်ရမလား ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ 🔺မြင်းခြံဟိုတယ်ကို စခအကောင်ကြီးကြီးက ၆နှစ်စာချုပ်နဲ့ငှားရမ်းထားပြီး ကာစီနိုဝိုင်းဖွင့်ထား။ပျူသီတာယုမွန်မှ အခကြေးယူကာ လုံခြုံရေးပေးနေတယ်လို့သိရ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အောက်တိုဘာ၁၃ရက် 🔺မနေ့ညက သားကျင်ရွာစာသင်ကျောင်းတပ်စွဲတဲ့စခတွေ ကင်းပတ်ချိန် TGYRနဲ့မဟာမိတ်အဖွဲ့များမှ ပဒေသာမိုင်း၁၁လုံးဆွဲ တိုက်ခိုက်ခဲ့ပြီး မနက်၄နာရီကျော်အချိန်မှာ သာ မိုင်းဆွဲတိုက်ခိုက်ရာနေရာမှာ စစ်ကြောင်းထိုးလာတဲ့ စခအုပ်စုကို ပဒေသာမိုင်း၁၂လုံးဆွဲ ထပ်မံတိုက်ခိုက်ခဲ့။ စခထိခိုက်မှု မသိရသေးဘူးလို TGYRမှ ထုတ်ပြန်ခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ https://www.facebook.com/109646328519429/posts/132055949611800/
အောက်တိုဘာ၁၁ 🔺မနေ့ည၁၀နာရီခန့်က ဆီမီးခုံ-ငါန်းဇွန်လမ်းပေါ်မှာ စခကား၊မိုင်းဆွဲခံရပြီး ကားတစ်စီးပျက်ဆီး စခတွေကဘေးဝန်းကျင်ရမ်းပစ်ခဲ့ပြီး ရှေ့ဆက်မသွားရဲတော့ဘဲ နီးရာရွာကစာသင်ကျောင်းမှာ ညအိပ်နေခဲ့တယ်လို့ သိရ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ https://m.facebook.com/story.php?story_fbid=184201540782549&id=100075781134545
အောက်တိုဘာ၁၁ရက် 🔺၉ရက်နေ့၊နေ့လည်ပိုင်းက မြင်းခြံ၊နဘူးအိုင်လမ်းပိုင်းမှာ ညောင်ကားယားရွာဘက် မီးရှို့ပြန်လာတဲ့ စခကားတန်းကို ဖရဲသီးသတင်းအရ MGN-35ပြောက်ကျားတပ်ဖွဲ့မှ မဟာမိတ်အဖွဲ့များနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ၆ကောင်သေ ၂ကောင်ထိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ https://m.facebook.com/story.php?story_fbid=179912457885334&id=100075997421409
အောက်တိုဘာ၆ရက် 🔺မနေ့ည၁၀နာရီခန့်က စံပြရွာမှ တမ္ပဝတီလ္ဘက်ရည်ဆိုင်နဲ့နေအိမ်ကို စခတွေ မီးရှို့ခဲ့။စကစခန့်အုပ်ကြီးနဲ့ဆွေမျိုးသားချင်းတွေအပါအဝင် နေအိမ်၁၁အိမ်ခန့် ချိတ်ပိတ်။နွေဦးတော်လှန်ရေးတက်တူးထိုးထားသူကို စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့။ 🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ