tgindex
Последний пост
24 апр.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 512
−6 за 3 дн.
Сутки
−3
−0,12%
Неделя
 
Месяц
 
Просмотров на пост
5 238
20 постов
Вовлечённость
208,5%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • 24 апр.1 0908

    без подписи

  • 24 апр.1 1103

    ဖားကန့်စစ်ရှောင်စခန်းတွင်လက်နက်ကြီးကျ၊ ကလေးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ ဖားကန့် - ဧပြီ၂၄၊ ၂၀၂၆။ ဖားကန့်မြို့နယ်၊နမ္မဖြစ်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် ယမန်နေ့ည ၁၀ နာရီခွဲချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့်ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ န မ္မဖြစ်RCM စစ်ရှောင်စခန်းတွင် စစ်ကော်မရှင်ပူးပေါင်းတပ်ပစ်ခတ်သည့် လက်နက်ကြီးသည် စာကျက်နေသည့်ကလေးအနီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် မိသားစုသုံးဦး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည်ဟုနီးစပ်သူအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။ “စစ ်ရှောင်စခန်းမှာနေတဲ့သားအမိသုံးယောက်လုံးထိသွားတာ အကြီးဆုံးကပွဲချင်းပြီးသေသွားတယ် အငယ်ကောင်နဲ့ အမေဖြစ်သူကလည်းထိခိုက်မှုများတယ်။အကြီးကောင်က စာကျက်နေတာဆိုတော့ ခဲတံကိုင်ပြီးမှကိုဆုံးသွားတာ ကျွန်တော်တို့အကုန်လုံးတစ်စက်မှအခဲမကျေပါဘူးအရမ်းလိမ်မာတဲ့ ကလေးလေးပါ” ဟုပြောသည်။ အသက် (၁၃) နှစ်အရွယ်ရှိမောင်ဆွတ်ဂျတ်အောင်ဆိုသူသေဆုံးခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူနှင့် ညီဖြစ်သူမှာ ခြေထောက်တွင်လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိထားသဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ကျရောက ်ပေါက်ကွဲခဲ့သည့်လက်နက်ကြီးမှာ ခြောက်ဆယ်ပြောင်းတိုအမျိုးအစားဖြစ်ပြီး စစ်ကော်မရှင်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကအသုံးများကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “စကစဘက် ကပစ်တာလို့တော့ကြားပေမဲ့အဲ့လက်နက်အမျိုးအစားက ပြည်သူ့စစ်တွေပဲသုံးတဲ့ဟာမျိုးဟုတ်တယ်။ သေနတ်ကြီးလည်းမဟုတ်တဲ့ဟာမျိုးဟိုတလောက အောင်သာယာဘက်တွေကို ပစ်ထည့်တာတွေလည်း ဒါမျိုးပဲဟုတ်တယ်။ အမျိုးအစားနာမည်ကတော့၄၀ ထက်လည်းကြီးတယ်ဆိုတော့ ၆၀ အမျိုးအစားထဲကပြောင်းတိုလို့ပဲပြောရမှာ” ဟု ပြောသည်။ စစ်ကော်မရ ှင်ပူးပေါင်းတပ်သည်ဖားကန့်တပ်မကုန်းမှ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုပိုမိုပြုလုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိအချိ န်တွင်ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကြားစစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း သိရသည်။ စစ်ကော်မရှင ်ပူးပေါင်းတပ်သည်တပ်မကုန်းမှ လက်နက်ကြီး မကြာခဏရမ်းသမ်းပစ်ခက်လေ့ရှိပြီး ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ကလည်းတပ်မကုန်းမှပစ်ခတ်သည့် လက်နက်ကြီး မှော်စီစာကျေးရွာရှိ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သောကြောင့်အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ သတင်း -Zami, Dureng ပုံ - ၂၀၂၆၊ဧပြ ီ ၂၃ ရက်နေ့ည နမ္မဖြစ် စစ်ရှောင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သည်များကိုတွေ့ရစဉ်

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • တူရကီသားနှင့်ထိုးသတ်သည့် အောင်လအင်ဆန်ဒိုင်ပွဲရပ်​ဖြင့် ရှုံးနိမ့် ဒန်ဗာ - စက်တင်ဘာ ၇၊ ၂၀၂၄။ One Championship သိုင်းပေါင်းစုံထိုးသတ်ပွဲတွင် တူရကီဖိုက်တာနှင့် ယနေ့နံနက်ပိုင်းက ထိုးသတ်ခဲ့သည့် အောင်လအင်ဆန်သည် ဒုတိယအချီ ၂ မိနစ်ကျော်တွင် အလှဲထိုးခံရပြီး ရှုံးနှိမ့်သွားသည်။ ပွဲအစ ပထမအချီတွင်ပင် အာဒိုဂန်က ချုပ်ကွက်များဖြင့်အသာစီးယူနိုင်ခဲ့ပြီး ဒုတိယအချီ ၂ မိနစ်ကျော်တွင် အလှဲထိုးအနိုင်ယူခဲ့ခြင်းဖြစ်သည်။ တူရကီဖိုက်တာအာဒိုဂန်မှာ ယနေ့ထိုးသတ်သည့် ပွဲစဉ်အပါအဝင် MMA ပြိုင်ပွဲပေါင်း ၁၀ ပွဲထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ အောင်လအင်ဆန်သည် One Championship နှင့် ဆယ်စုနှစ်တစ်ခုကြာလက်တွဲကာ MMA ပွဲစဉ်များတွင်ထိုးသတ်ခဲ့ပြီး သက်တမ်းတစ်လျှောက်အလှဲထိုးရှုံးနှိမ့်ထားခြင်းမရှိသော်လည်း ယနေ့ညပွဲတွင် အလှဲထိုး (Knock Out) ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ One Champion ပြိုင်ပွဲ၏ One 168 ခေါင်းစဉ်နှင့်ကျင်းပသည့်ပွဲစဉ်ကို အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့ရှိ Ball Arena အားကစားရုံတွင်ကျင်းပနေခြင်းဖြစ်သည်။ အောင်လအင်ဆန်နှင့် ရှမေးလ်အာဒိုဂန်တို့ မစ်ဒယ်ဝိတ်တန်းနေရာတွင် ယှဉ်ပြိုင်ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ပွဲမစမှီရက်ပိုင်းအလို ဝိတ်တန်းချိန်တွယ်ရာတွင် ဝိတ်တန်းမပြည့်မှီသည့်အတွက် Catchweight တန်းနေရာတွင် ထိုးသတ်ခဲ့သည်။ အသက် ၃၉ နှစ်အရွယ် အောင်လအင်ဆန်မှာ ယနေ့ပွဲစဉ်အပါအဝင် MMA ပြိုင်ပွဲပေါင်း ၄၄ ပွဲထိုးသတ်ရာတွင် ပွဲ ၃၀ နိုင် ၁၄ ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။ သတင်း - Thu Ta

  • без подписи

  • без подписи

  • без подписи

  • без подписи

  • စစ်ကောင်စီတပ်​က ပစ္စည်းခိုးပြီးမီးရှို့သဖြင့် ခင်ဦးမြို့နယ်တွင် ရွာရှစ်ရွာထက်မနည်း မီးလောင်ပျက်စီး ခင်ဦး - စက်တင်ဘာ ၅၊ ၂၀၂၄။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က လေးရက်ဆက်တိုက် လိုက်လံမီးရှို့ခဲ့သောကြောင့် ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာရှစ်ရွာခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ မဒေါင်းလှကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက အဆိုပါကျေးရွာအနီးရှိ ရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 media ကိုပြောသည်။ “မဒေါင်းလှပျူရွာပတ်ပတ်လည်ရှို့တာ။ ဒီနေ့လည်းရှို့နေတာ တိုက်ခံရလို့ရှို့တာမျိုးလည်းမဟုတ်ဘူး သူတို့(စစ်ကောင်စီ)က ရှို့ချင်လို့ကို သက်သက်မဲ့ရှို့တာပါ။ ခင်ဦးနဲ့ ကန့်ဘလူအစပ်ကရွာတွေကို ရှို့တာ အခုလည်းစစ်ကြောင်းဆက်ထိုးနေတော့ ဆက်ရှို့မဲ့အနေအထားရှိတယ်။ မီးမရှို့ခင်မှာ သူတို့ယူချင်တာတော့ယူတာ ထုံးစံအတိုင်းပဲ သူတို့ရဲ့အစဉ်အလာတော့မချိုးဖောက်သေးပါဘူး မယူဘူးဆိုတဲ့နေရာတော့မရှိပါဘူး။ ယူချင်တာယူပြီး ရှို့တာ” ဟုပြောသည်။ အင်အား ၁၈၀ ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က လိုက်လံမီးရှို့နေခြင်းဖြစ်ပြီး အဆိုပါ မဒေါင်းလှကျေးရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ငကြိုင်းကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ စောကြီးကျေးရွာ၊ သနပ်စိန်ကျေးရွာ၊ ဖန်းခါးကုန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ နှဲတွင်းကျေးရွာနှင့် ဆီဆုံလေးကျေးရွာတို့မှ အိမ်ခြေ ၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဆက်လက်စစ်ကြောင်းထိုးနေပြီး လိုက်လံမီးရှို့နေသောကြောင့် ဒေသခံများကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “မနေ့ကတော့ ပေါက်တောတော့သွားတယ်၊ ဒါပေမဲ့ မိုင်းထိလို့ပြန်ဆုတ်လာတယ်။ ဒီနေ့ နေ့လယ်ကျတော့ နှဲတွင်းလည်းရှို့တယ် ဆီဆုံလေးရောရှို့တယ်။ အခုလည်း အဲ့နားဝန်းကျင်က ရွာတွေကိုလျှောက်ရှို့မယ်လို့ သတင်းတွေထွက်နေတာပဲ။ အခုစစ်ကြောင်းထိုးတာက ပျူတွေလည်း ပါတယ် ဝါသဝလက်အောက်ခံပျူတွေအများဆုံးပါတာပဲ” ဟုပြောသည်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းဆက်ထိုးနေသောကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာရှစ်ရွာအပါအဝင် ကျေးရွာပေါင်း ၁၆ ရွာခန့်မှ ဒေသခံတစ်သောင်းကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ တဲစုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ သတင်း - Dureng ပုံ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့သည့် ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာ

  • без подписи

  • မန္တလေးမှ မြစ်ကြီးနားသို့ ခရီးသည်တင်ယာဉ်ငယ်အချို့ ပြန်လည်ပြေးဆွဲ၊ ယာဉ်စီးခဈေးနှုန်းမြင့်မားပြီး ခရီးသွားချိန်ကြန့်ကြာသည်ဟုဆို မြစ်ကြီးနား - စက်တင်ဘာ ၅၊ ၂၀၂၄။ တိုက်ပွဲများကြောင့်ပိတ်ထားရသည့် မြစ်ကြီးနား - မန္တလေးလမ်းတွင် နေရာအချို့ကို ကွင်းရှောင်လမ်းများမှ သွားနေရပြီး လမ်းခရီးမှာ နှစ်ညအိပ်သုံးရက်ခန့်ကြာမြင့်ကြောင်း သိရသည်။ လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လမ်းပိုင်းနေရာအချို့ကို ပိတ်ထားရခြင်းဖြစ်ကာ ကွင်းရှောင်လမ်းမှသွားရသဖြင့် အချိန်ကြာမြင့်နေခြင်းဖြစ်သည်ဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။ “နန့်စီးအောင်ကတော့ ဖွင့်တယ်ဗျ၊ အင်းတော်နဲ့ စီပိန်းကြားကို ကွင်းရတာ။ သွားတာရက်ကပုံမှန်အားဖြင့်တော့ သုံးရက်လောက်ကြာမှာ။ တကယ်လို့တိုက်ပွဲကြောင့် ကွင်းလို့မရဘူးဆိုရင်တော့ မပြောတတ်ဘူး” ဟုပြောသည်။ မြစ်ကြီးနား - မန္တလေးယာဉ်စီးခမှာ ယာဉ်လိုင်းအမျိုးအစားအလိုက် ကျပ်တစ်သိန်းသုံးသောင်းမှ တစ်သိန်းခွဲအထိ ပေါက်ဈေးရှိကြောင်း ခရီးသည်တင်ယာဉ်မောင်းများထံမှသိရသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ မြစ်ကြီးနား - မန္တလေးကားလမ်းကို ၁၀ ရက်နီးပါးကြာပိတ်ခဲ့ပြီးနောက် ခရီးသည်တင်ကားများကို ကွင်းလမ်းမှသွားလာခွင့်ပြုသော်လည်း ကုန်းကားများသွားလာမှုကို လက်ရှိအချိန်ထိပိတ်ထားဆဲဖြစ်သည်။ ထို့အပြင် ဗန်းမော်မှ မန္တလေးသို့သွားလာရန်အတွက်လည်း ကွင်းလမ်းများမှသွားလာရသည့်အပြင် လမ်းခရီး အခက်ခဲကြောင့် ကားခနှုန်းထားများလည်းမြင့်တက်သွားကြောင်း အခြားယာဉ်မောင်းတစ်ဦးကဆိုသည်။ “အရင်တုန်းကတော့ ဗန်းမော်ကဈေးချိုတယ် နေ့ချင်းပေါက်တယ်လေ။ တကောင်းလမ်းအတိုင်းမောင်းရတာကိုး။ လမ်းအကောင်းမောင်းရတာပေါ့။ အခုကတော့တောကြိုတောင်ကြား ဇက်တွေ(စက်လှေ) ကူး။ တစ်ခါတလေ အခန့်မသင့်ရင် ထွန်စက်တွေနဲ့ဆွဲ။ လမ်းလည်းဝေးသွားတယ်။ အဲဒီလိုအနေအထားဖြစ်တဲ့အတွက် ဈေးတွေပိုသွားတာပေါ့” ဟုဆိုသည်။ ဗန်းမော် - မန္တလေးကားခ နှစ်သိန်းခွဲဝန်းကျင်ရှိပြီး မန္တလေးသို့ရောက်ရှိနိုင်ရန် ၃ ရက်ခန့်ကြာမြင့်ကြောင်းသိရသည်။ မြစ်ကြီးနား - မန္တလေးလမ်းတွင် ခရီးသည်တင်ကားအသေးများသာ ကွင်းရှောင်လမ်းများမှ ပြေးဆွဲနေပြီး ခရီးသည်တင်ကားကြီးများမှာ လက်ရှိအချိန်အထိ ပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ကချင်ပြည်နယ်မှ မန္တလေးသွားလမ်း စစ်ကိုင်းတိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် တော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ သတင်း - Thu Ta ဓါတ်ပုံ - ပုံဟောင်းဖြစ်သည်။

  • без подписи